Myanmar News Light

Myanmar News Light လွတ်လပ်၍ အမှီခိုကင်းသော အွန်လိုင်း?

13/10/2021

National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၂ ရက်ထုတ်လွှင့်မှုများ Replay

ပြည်သူတော်လှန်ရေးစစ်သည်စစ်မြေပြင် စည်းမျဥ်းစည်းကမ်းများ.......!!!
12/10/2021

ပြည်သူတော်လှန်ရေးစစ်သည်
စစ်မြေပြင် စည်းမျဥ်းစည်းကမ်းများ.......!!!

11/10/2021

မုံရွာမြို့ မှာ ဒီမနက်ပိုင်းမှာ သပိတ်စစ်ကြောင်း မစတင်မှီ ပစ်ဖောက်ဖြိုခွင်းခံလိုက်ရပါတယ် အဆိုပါ ပစ်ဖောက်ဖြိုခွင်းခံရတာနဲ့ ပက်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာ ဖမ်းဆီးခံရတာ မရှိဘူးလို့လဲ သိရပါတယ်။

စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူကို ကရင်နီဂျန်ဇီအထူးတပ်ဖွဲ့ဖမ်းဆီးမဇ္စျိမထွန်းထွန်းဝင်းဒီးမော့ဆိုမြို့နယ်အတွင်း စုံစမ...
02/10/2021

စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူကို ကရင်နီဂျန်ဇီအထူးတပ်ဖွဲ့ဖမ်းဆီး

မဇ္စျိမ
ထွန်းထွန်းဝင်း

ဒီးမော့ဆိုမြို့နယ်အတွင်း စုံစမ်းထောက်လှမ်းမှုများလုပ်သည်ဟု သင်္ကာမကင်းဖြစ်စရာရှိသော စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူတစ်ဦးကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း မဇ္ဈိမကိုပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ ၊ဘုရားဖြူရပ်ကွက်ရှိ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း အဆရ(၁၀) မှာ အသက် ၃၇ အရွယ်ရှိ ဒုတပ်ကြပ် သိန်းဇော်ကို ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီး စုံစမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဂိတ်မှာ မင်္သကာလို့ သူကိုဖမ်းပြီး စစ်တာ အဲမှာ သူကိုမိတာ။ ဒလန်လာလုပ်တာနေမယ်။ အိတ်ထဲမှာသူ ယူနီဖောင်း နဲ့ ဖုန်းတွေ့တယ်။ အဆရ (၁၀) တပ်ရင်းကလို့ပြောတယ်။ ထပ်မေးတော့ လွိုင်ကော်အခြေစိုက် ဒကစ တပ်ကနေ့ ထွက်ပြေးလာတာလို့ပြောတယ်။ သူက ဖမ်းမိပြီး စစ်တော့မှာ ဖြေတာ ။ သူအလိုလိုဖြေတာမဟုတ်ဘူး “ ဟု သိန်းဇော်ကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့ က မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိသည့် ဒုတပ်ကြပ်သိန်းဇော်ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။ယနေ့မနက်ပိုင်းအချိန်ကလည်း ကုန်းသာကျေးရွာ နဲ့ သေးဆူလဲကကျေးရွာ ကြားတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်း နင်းမိကြောင့် အသက် ၄၀အရွယ် မဌေးဌေးဆိုသည့်အမျိုးသမီးတဦး ညာဘက်ခြေထောက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

02/10/2021

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နဲ့ တွေ့ဆုံဆွေးနွေးထားတာကို နားဆင်ကြရမှာဖြစ်ပါတယ်။


02/10/2021

Breaking News
အောက်တိုဘာ ၂ ရက် ယနေ့ ညနေ ၃ နာရီကျော်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်တော်သာရပ်ကွက်၌ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းမှုကြောင့် ပစ်ခတ်မှုများ ဖြစ်ပွားကာ လူသေဆုံးတာတွေရှိနေတယ်လို့ ကနဦး သတင်းရရှိသည်။
အဆိုပါဖြစ်စဥ်နှင့် ပက်သက်၍ သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြမည်ဖြစ်ပြီး ယခုလက်ရှိ ပေ ၈၀ လမ်းရှိ မေတ္တာဦးဆေးရုံကို ဝိုင်းထားကြောင်း သတင်းရရှိသည်။

Send a message to learn more

02/10/2021

National Unity Government (NUG)၏ PVTV Channel မှ ထုတ်လွှင့်မှုများကို ပြန်လည်ထုတ်လွှင့်ရင်း စစ်ကိုင်းဒေသကြီးအတွင်းက သတင်းအတိုများ စုစည်းတင်ချက်ပေးလျှက်ရှိပါတယ်။

01/10/2021

National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၉ ရက်ထုတ်လွှင့်မှုများ ပြန်လည်ထုတ်လွှင့်မှု

30/09/2021

National Unity Government (NUG)၏ PVTV Channel မှ စက်တင်ဘာလ ၂၉ ရက်ထုတ်လွှင့်မှုများ ပြန်လည်ထုတ်လွှင့်မှု

Address

Botataung

Alerts

Be the first to know and let us send you an email when Myanmar News Light posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar News Light:

Share