Wai Yan - MarTech

Wai Yan - MarTech 🔔 MarTech Expert | Helping Youth and Support IT & Marketing Community | Author @ waiyanthwin.com He has over 14 years of experience in his career.

Wai Yan Thwin is a MarTech Specialist and the Co-Founder of Newness – Digital Agency. He is passionate about sharing his knowledge on technology, digital marketing, and other topics through his blog and other channels.

Exclusive Video ဆို Only F** ပဲ ပြေးမြင်ကြတယ်မလား? သဘောတရားကတော့ အတူတူပါပဲ။ သူက တော့ တစ်မျိုးလေးရေးထားတာပေါ့။မင်း Fan တွ...
29/07/2025

Exclusive Video ဆို Only F** ပဲ ပြေးမြင်ကြတယ်မလား?

သဘောတရားကတော့ အတူတူပါပဲ။ သူက တော့ တစ်မျိုးလေးရေးထားတာပေါ့။

မင်း Fan တွေက မင်းဆီက Exclusive Video တွေကို Request လုပ်ပြီး ဝယ်လို့ရတယ်ပေါ့။

ဉပမာ - အခု မွေးနေ့တွေ အတွက်ဆို ဝန်ဆောင်မှုပေးနေတဲ့ ဆော်လေးတွေ ရှိတယ်မလား နာမည်ခေါ်ပြီး HBD သီချင်းဆိုပေးတာလေ။ ဒါမျိုးဆို သူငယ်ချင်း အချင်းချင်း Suprise ဆုတောင်းချင်ရင် အဲလူတွေဆီ ပိုက်ဆံပေးပြီး မှာရတယ်။

ခုလဲ အဲလိုပါပဲ။ ကျနော့်က ရုပ်ရှင် သရုပ်ဆောင်ဆိုရင် ကိုဝေယံ ဆီက ကျနော့် နာမည်လေးနဲ့ မွေးနေ့ဆုတောင်းတဲ့ video လေး လိုချင်လို့ဆို မှာလို့ရမယ့် Feature မျိုးပေါ့။

အသေးစိတ်ကတော့ comment မှာ Blog Link ချထားပေးမယ်။

ဟိုနေ့ကမှ tiktok ကို ချီကျူး Post တင်လိုက်လို့ ထင်တယ်===Facebook Live မှာလဲ Product တွေကို Pin လို့ရလာတာ ရုတ်တရက်တွေ့လို...
26/07/2025

ဟိုနေ့ကမှ tiktok ကို ချီကျူး Post တင်လိုက်လို့ ထင်တယ်
===

Facebook Live မှာလဲ Product တွေကို Pin လို့ရလာတာ ရုတ်တရက်တွေ့လိုက်တော့ အံသြသွားသေးတယ်။

TikTok Live ကတော့ ပိုကောင်းတာပေါ့နော်။ Pin လို့လဲရသလို၊ အချိန်အကန့်အသတ်အတွင်း လုဝယ်ရတဲ့ Flash Sale လို Feature တွေ Product တစ်ခုချင်းစီအတွက် Pin လိုက်တာနဲ့ impression ဘယ်လောက်တက်လာတယ်။ ဘယ် နှစ်ခု add-to-cart ထည့်တာက အစ အကုန်ပြပေးထားတော့ TikTok Live Dashboard ကို မမှီသေးတာတော့ အမှန်ပဲ

အပြိုင်တော့ လိုက်လုပ်လာတာလား လာတော့မှာလားပေါ့.....

Thai မှာ e-commerce platform တွေကို အသုံးပြုနေတဲ့သူတွေကို ကာကွယ်ပေးဖို့၊ ထိုင်းလုပ်ငန်းတွေ အွန်လိုင်း Digital စီးပွားရေး...
13/07/2025

Thai မှာ e-commerce platform တွေကို အသုံးပြုနေတဲ့သူတွေကို ကာကွယ်ပေးဖို့၊ ထိုင်းလုပ်ငန်းတွေ အွန်လိုင်း Digital စီးပွားရေးမှာ တရားမျှ တတဲ့ ယှဉ်ပြိုင်မှု ဖြစ်ဖို့အတွက် TISI Watch ဆိုတဲ့ AI စနစ်သုံး System တစ်ခုရှိတယ်။

သိသလောက် Beta Run နေတာ (၅) လလောက်တော့ရှိပြီ။ အခု ပထမဆုံးအကြိမ် report ထွက်လာတယ်ပေါ့။

ဒီစနစ်က online platforms တွေမှာ ရောင်းနေတဲ့ စံသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ထုတ်ကုန်တွေကို AI နည်းပညာသုံးပြီး စောင့်ကြည့်ရှာဖွေပေးတယ် လို့ပြောတယ်။

အခု စမ်းသပ်ကာလ Data Report အရ

- သံသယဖြစ်ဖွယ် ပစ္စည်းများရဲ့ link ၁၂၅,၀၀၀ ကျော် ဖမ်းမိ
- ၂,၈၀၀ ကျော် listings တွေကို ပယ်ဖျက်ခဲ့ပြီး
- ၇၇၇ ခု တရားရေးကိစ္စတွေ စတင်ခဲ့ (အဓိကအားဖြင့် e-commerce platform ကြီး တော်တော်များများပါတယ် လက်ရှိ အဲ platform တွေကလဲ စည်းကမ်းတွေ တင်းကျပ်လာနိုင်တယ်)

TISI Watch (AI) က ဘယ်လိုအလုပ်လုပ်လဲ ဆိုရင်

- ၂၄ နာရီ ဆက်တိုက် လုပ်ဆောင်ပေးတဲ့ System တစ်ခုပေါ့
- Thailand Industrial Standards Institute (TISI) စည်းမျဉ်းတွေကို ချိုးဖောက်မည့် ပစ္စည်းများကို scan လုပ်ပြီး သုံးသပ်ပေးတယ်
- E-commerce လုပ်ငန်းတွေအတွက် တရားမျှတတဲ့ ယှဉ်ပြိုင်မှုကို သေချာစေရန် ရည်ရွယ်ပါတယ်

အဓိက ဖမ်းမိတဲ့ ထုတ်ကုန်အမျိုးအစားများ:

- အစားအစာအတွက် ပလပ်စတစ်ပစ္စည်းများ
- ကလေးအရုပ်များ
- မော်တော်ဆိုင်ကယ် အိတ်ဇော Pipe များ
- လျှပ်စစ် strips
- Power bank များ
- Certifcate မရှိတဲ့ မော်တော်ဆိုင်ကယ်ဦးထုပ်များ

ဒီစနစ်က စိတ်ဝင်စားဖို့ကောင်းတာ သူက အနာဂတ်မှာ

- ပစ္စည်းအတုတွေ များများ ရှာဖွေတွေ့ရှိနိုင်အောင် စွမ်းရည်ချဲ့ထွင်ဖို့
- လိုင်စင်အတုတွေ စစ်ဆေးနိုင်ဖို့
- ဥပဒေကနေ လွတ်နေတဲ့ တရားမဝင် ပစ္စည်းများကို ထိန်းချုပ်ဖို့

အဲလို နေရာတွေအတွက် သေချာ လုပ်နေတယ်လို့ကြေညာထားတယ်။

Photo Credit : tisi.go.th

09/07/2025

July 15 က စပြီး ပြောင်းသွားမယ့် YouTube Monetization Policy အသစ် တစ်ခုတွေ့ထားပါတယ်

Read More > Comment

Facebook မှာ Recent ad Activity ဆိုတဲ့ Tab လေးပေါ်လာတာ ဒီနေ့ သတိထားမိတယ် 👍Desktop Version ဆို ကိုယ့် ညာဘက်ခြမ်း Menu တွေ...
05/07/2025

Facebook မှာ Recent ad Activity ဆိုတဲ့ Tab လေးပေါ်လာတာ ဒီနေ့ သတိထားမိတယ် 👍

Desktop Version ဆို ကိုယ့် ညာဘက်ခြမ်း Menu တွေထဲမှာ ပထမ screenshot လို့တွေ့ရမယ်။

အဓိကက တော့ ကိုယ် click လိုက်မိတယ် Engage ဖြစ်ခဲ့တဲ့ News Feed ပေါ်က ads တွေကို ပြန်ရှာလို့ရတာပဲ။

စဉ်းစားမိတာကတော့ Dark Post တွေ နဲ့ run ရင်ရော ads တွေက active ဖြစ်အုံးမလားပေါ့ 🤯

TikTok Shop Live ကိုတော့ Meta Live က ခြေဖျားတောင် မမှီတော့ပါဘူး (လုံးဝ) ကျန်ခဲ့ပြီ Platform တွေ ထဲမှာ အကြိုက်ဆုံး Live D...
22/06/2025

TikTok Shop Live ကိုတော့ Meta Live က ခြေဖျားတောင် မမှီတော့ပါဘူး (လုံးဝ) ကျန်ခဲ့ပြီ

Platform တွေ ထဲမှာ အကြိုက်ဆုံး Live Dashboard ပဲ

FB Live Dashboard က current viewer လို ပျင်းစရာ metric ကိုပြနေတဲ့အချိန်မှာ TikTok က add to cart ဘယ်နှစ်ယောက်ထည့်ထားတယ်က အစ။ Live Product တစ်ခုစီက Impression တစ်ခုစီပါ detail ပြထားတာက တကယ် Next Level ဖြစ်သွားပြီ

မလိုဘူး ငါ့ကို ပုံမှန် အတိုင်းပဲ ဆက်ဆံပေးပါ pls 😜
20/06/2025

မလိုဘူး ငါ့ကို ပုံမှန် အတိုင်းပဲ ဆက်ဆံပေးပါ pls 😜

အွမ်းး.... ပြောင်းပြန်တွေးကြည့်ရအောင် Blue Mark မဝယ်ရင်  နည်းနည်း ချမယ်ပေါ့ :P
13/06/2025

အွမ်းး.... ပြောင်းပြန်တွေးကြည့်ရအောင်

Blue Mark မဝယ်ရင် နည်းနည်း ချမယ်ပေါ့ :P

ကျနော် Startup ၅ ခု Failed ခဲ့ဖူးပါတယ်...=====ဒီညနေ Startup တစ်ချို့ကို Marketing နဲ့ပတ်သတ်တဲ့ workshop တစ်ခုမှာ ပြောဖို...
24/05/2025

ကျနော် Startup ၅ ခု Failed ခဲ့ဖူးပါတယ်...
=====

ဒီညနေ Startup တစ်ချို့ကို Marketing နဲ့ပတ်သတ်တဲ့ workshop တစ်ခုမှာ ပြောဖို့ အတွက် Slide

ဒီ Slide ကို အဓိက လုပ်ဖြစ်တာက နောက်လူတွေကို ဘယ်လို အမှားတွေကနေ သင်ခန်းစာ ယူသင့်လဲ ဆိုတာ သိစေချင်တာ။

ဒီ Slide လုပ်နေရင်း တစ်ခါတည်း တွေးမိတာ သသူတို့ Experience/ ကိုယ့် Experienceမှာ ဒီ အကြောင်း Season 2 အနေနဲ့ podcast လုပ်မလားပဲ

(လုပ်ချင်တာပဲရှိသေးတယ်နော် ဘယ်တော့ လုပ်ဖြစ်မလဲကတော့ အဲ Page ကနေ စောင့်ကြည့်ကြ) :D

လူတွေက တစ်ဖြည်းဖြည်းနဲ့ ပိုပြီး သက်တောင့်သက်သာ ဖြစ်တဲ့ Product တွေ Service ကို သုံးလာကြတယ်နော်။ဒါကြောင့်လဲ ကျားကြီး ခြေရ...
18/05/2025

လူတွေက တစ်ဖြည်းဖြည်းနဲ့ ပိုပြီး သက်တောင့်သက်သာ ဖြစ်တဲ့ Product တွေ Service ကို သုံးလာကြတယ်နော်။

ဒါကြောင့်လဲ ကျားကြီး ခြေရာကြီး ဆိုတဲ့ စကား မှန်တယ်။ အဲတော့ product owner တွေ service သမားတွေကလဲ နေ့စဉ်နဲ့ အမျှ ပိုကောင်းတဲ့ ဟာတွေကို တီထွင်နေကြရတယ်။

ဉပမာ - Grab ဆို အရင်က Grab Taxi ပဲ ရှိတာအခုဆို Food, Transport, Express, Mart ဆိုပြီး category တွေ ပါလာသလို Taxi တောင်မှ Bike, SUV, Van, Premium, For Ladies, Pet အခုနောက်ဆုံး မိတ်ဆက်ထားတာဆို Grab Executive ထိ စုံစိနေတာပဲ။ ကိုယ်နဲ့ ပိုပြီး သက်သောင့်သက်သာ ဖြစ်တဲ့ category ကိုရွေး ရုံပဲ (ကျားကြီး ခြေရာကြီးနဲ့ တော့သွားချိတ်တာပေါ့)

မေ ၁၄ ကလဲ Uber က (Asia မှာတော့ မရှိတော့ပါဘူး) Route Share ဆိုတာမျိုးထွက်လာတာ တွေ့လိုက်တယ်။ သူ Service က ထူးဆန်းတယ် အဌားကား ဝန်ဆောင်မှု ဆိုတဲ့ category ကနေ ပုံပြောင်းထွက်လာတယ်။

Route Share ကို တိုတိုနဲ့ လိုရင်းပြောရရင် ကျနော်တို့ ရုံးသွားသလိုပဲ လမ်းကြုံ တဲ့သူတွေကို တင်ခေါ်သွားသလိုပဲ။ ဉပမာ - အင်းစိန် လမ်းတစ်လျှောက် နေတဲ့သူတွေကို ခေါ်သွားတာမျိုးပေါ့။ Uber Route Share က အဲလိုပဲ

Mon-Fri (6-10am & 4-8pm) အတွင်း သမိုင်း လမ်းစုံကနေ လှည်းတန်းထိ သွားတဲ့ ကားကို လူ ၃ ယောက်က အတူတူမျှစီးတဲ့သဘောပဲ။ UberX ထက်လဲ 50% သက်သာမယ်လို့ ကြေညာထားတယ်။

ပြောချင်တာက ဒီလို Category ဆိုရင် Taxi တောင် မဟုတ်တော့ဘူး Bus ကားလို ဖြစ်နေပြီ အဲတော့ သက်တောင့်သက်သာ ဖြစ်ချင်တဲ့သူတွေက စီးကြမှာပဲ။ မေးစရာရှိတာ မင်းဟာက Bus လိုပဲ ဆိုတော့ ကြာမှာဆိုတော့ မထူးဖူး လို့ မေးစရာရှိတယ် ကျနော်စဉ်းစားမိတဲ့အဖြေပေါ့ Uber က ပြောထားမပြောထားတော့ မသိဘူး။ Bus က မှတ်တိုင်တိုင်း ရပ်တယ်လေ မင်းက အလွန်ဆုံး ၃ မှတ်တိုင်ပဲ ရပ်တာလေ အဲတော့ Bus Lane လို့သတ်မှတ်ထားတဲ့ လမ်းက မောင်းတာ မဟုတ်တဲ့အတွက် Bus ထက်လဲ မြန်မယ်၊ သက်တောင့်သက်တာလဲ ဖြစ်မယ်။

ဒီ မှာ ပြောချင်တာက ခုမှ လာမှာပါ။ တစ်ခါတစ်လေ ကျနော်တို့ တွေက စဉ်းစားတာက ကိုယ့် Category ထဲမှာပဲ စဉ်းစားနေမိပြီလားပေါ့။ ကိုယ်စဉ်းစားမမိတဲ့ စျေးကွက်တွေ၊ Solution တွေ အများကြီး ကျန်သေးလားပေါ့။ ဒီခေတ်က Audience အစုံ၊ Target အစုံ မှ မယူထားရင် overall ကို မြင်ဖို့ ခက်လာတာ ။ မြင်မိ တွေးမိတဲ့ လုပ်ငန်းရှင်ကတော့ ရှယ်ပဲပေါ့။ ☺️

30/04/2025

Facebook ရဲ့ Review Team က တစ်ခုခုလွဲနေတာ သေချာတယ်။

Post တွေက လုံးဝ Community Standard နဲ့ မညီပါဘူးဆိုတာ သိလို့ Report လုပ်ရင်

သူတို့က မဟုတ်ပါဘူး ဆိုပြီး Post ကို ဖြုတ်မချဘူး။ 🙃
....

ဖြစ်နိုင်ချေရှိတာ သူတို့ AI ကို Train ခဲ့တယ်ဆိုရင်တောင် Train တဲ့ချိန်မှာသုံးခဲ့တဲ့ Language တွေမှာ လိုအပ်ချက်ရှိပုံပဲ။

မဟုတ်ဘူး Human Reviewer ဆိုရင်တော့ အဲ Reviewer က ဘာသာစကား မကျွမ်းတာ မဟုတ်ရင် လဘ်စား ထားတာ ဖြစ်မယ် :P

ထိုင်းက Cell Broadcast စနစ်ကို မေလထဲ မှာ စမ်းသပ်လိမ့်မယ်နော်====အရေးပေါ် သတိပေးချက် ပေါ့။ တစ်ခြားနိုင်ငံတွေမှာ ဆို Alert...
23/04/2025

ထိုင်းက Cell Broadcast စနစ်ကို မေလထဲ မှာ စမ်းသပ်လိမ့်မယ်နော်
====

အရေးပေါ် သတိပေးချက် ပေါ့။ တစ်ခြားနိုင်ငံတွေမှာ ဆို Alert ရောက်လာတာ သဘာဝဘေး ဖြစ်တဲ့ ငလျင်တို့ ၊ရေကြီးတာတို့ပေါ့။

ထိုင်းက Telecom တွေက March ငလျင်ဖြစ်မှ စ အကောင်ထည်ဖော်နေကြတာ။

အဲတော့

မေလ - (၂ )ရက်နေ့ က "အဆင့်(၁)" အဓိက အဆောက်အဦး Level လောက်ပဲ ရေးထားတဲ့ ဘန်ကောက်အစိုးရ အဆောက်အဦးတွေ ထင်တာပဲ (ကိုယ်လဲ မဖတ်တက်တော့အောက်က ဟာကိုကြည့်)

မေလ - (၇) ရက်နေ့ က "အဆင့်(၂)" အဓိက District Level ပေါ့။

မေလ -​(၁၃) ရက်ကတော့ "အဆင့်(၃)" အဓိက Province Level ဆိုတော့ တော်တော်များများပါတယ်။

အဓိက ဝင်လာရင် မလန့်ကြဖို့ပေါ့ ဒါက Testing လုပ်တာဆိုတော့လေ။ တစ်ခြားနိုင်ငံတွေမှာတော့ Cell Broadcast လုပ်တယ်ဆိုတာ တစ်ချိန်းတည်း Tower တိုင်တွေကနေ Alert တွေကောက်ပို့လိုက်တာ အဲတော့ ဘေးနား လူ (၃-၄) ဉီးထိုင်နေတယ်ဆိုသိသာတယ် Emergency အသံတစ်ခုနဲ့ တန်းရောက်လာတာ။

အဲအပေါ်က (၃) ရက်မှာစမ်းမယ့် Message က

"ทดสอบแจ้งเตือนภัย Cell Broadcast จากกรมป้องกันและบรรเทาสาธารณภัย (ปภ.) โปรดอย่าตื่นตระหนก"
"This is a test message from Department of Disaster Prevention and Mitigation (DDPM). No action required."

Technical အရ ပြောရရင်တော့ ဖုန်းတိုင်း မရလောက်ဘူး
===
- Andriod ဆို 12 အထက်၊ iOS ဆို 18 အထက်မှ အလုပ်လုပ်မယ်ပြောတယ်။ iOS ကတော့ ဘယ်လို ဖွင့်ရလဲ ဟိုနေ့က တင်တဲ့ post မှာ ကျနော် ပြထားတယ်။

Address

Botataung

Website

https://www.udemy.com/course/digital-marketing-essential-101/, https://medium.com/@WaiYanMa

Alerts

Be the first to know and let us send you an email when Wai Yan - MarTech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wai Yan - MarTech:

Share