MyanmarPyi News

MyanmarPyi News သတင်း မှန်ရမည် မြန်ရမည်

23/09/2025
ရုရှားနိုင်ငံထုတ် MI-38 ဘက်စုံသုံးရဟတ်ယာဉ်များ နေပြည်တော်သိုရောက်ရှိစွမ်းဆောင်ရည်မြင့် MI-38 ရဟတ်ယာဉ်များသည် ယခင်အသုံးပြ...
23/09/2025

ရုရှားနိုင်ငံထုတ် MI-38 ဘက်စုံသုံးရဟတ်ယာဉ်များ နေပြည်တော်သိုရောက်ရှိ

စွမ်းဆောင်ရည်မြင့် MI-38 ရဟတ်ယာဉ်များသည် ယခင်အသုံးပြုလျက်ရှိသော MI-17 ရဟတ်ယာဉ်များထက်စွမ်းဆောင်ရည် ၂ ဆကျော်မြင့်မားပြီး တစ်နာရီပျမ်းမျှ ၃၀၀ကီလိုမီတာ(300Kmh) ပျံသန်းနိုင်ပြီး ကီလိုမီတာ ၁၀၀၀ကျော်အထိ မရပ်မနားပျံသန်းနိုင်ပါသည်။ ထိုအပြင် ရာသီဥတုဆိုးရွာချိန်မှာလည်းပျံသန်းမှုပြုလုပ်နိုင်ပါသည်။
-
အဓိကအားသာချက်ကတော့ ညအချိန်စစ်ဆင်ရေးကိုထိရောက်စွာဆောင်ရွင်နိုင်ခြင်းဖြစ်ပြီး အဆိုပါ MI-38 များ၏ မဟာဗျူဟာသက်ရောက်မှု အနေဖြင့် ATR နှင့် Y-8 လေယာဉ်များ သွားလာရန် မဖြစ်နိုင်သောနေရာများအထိ မဟာဗျူဟာမြောက်ပျံသန်းအသုံးပြုနိုင်ကြောင်းသိရှိရပါသည်။

29/08/2025

Tnlaလက်နက်ချနိုင်ဖွယ်
ရှိကြောင်း သတင်းထွက်ပေါ်။

ပအို၀်PNO/PNAသဘောမျိုး။

29/08/2025

MNDAA သူပုန်တို မိုင်းခွဲဖျက်ဆီးခဲ့သည့် လားရှိးမြိုရှောင်တံတားပြုပြင်ပြီးစီးခဲ့။
-
ကားကြီး ကားသေး အားလုံးဖြတ်နိုင်ပါပြီ။ ❤️

29/08/2025

Alpha ဘိလပ်မြေစက်ရုံကို တပ်မတော်က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်။

တစ်လှိင်းပြီး တစ်လှိင်းလာမယ်။

PDF တွေအနေနဲ့
အလင်းဝင်မှာလား..?
အ‌ေ_သခံမှာလား..?ကြိုက်ရာရွေး။

ခုချိန်ထိ ရွေးချယ်ခွင့်ရှိသေးတယ်နော်။

မှိင်း​ဝေ

29/08/2025

“သမိုင်းမှတ်တမ်းဆိုး ရေးထိုးကြသူများ”

◾️အခြေအနေကတော့…KNU အပေါ်မှာ တပ်က စိတ်ရှည်သည်းခံမှု အတိုင်းအတာ ကုန်ဆုံးသွားတဲ့သဘောလို ယူဆရမှာပါ။ NCA သမိုင်းမှာ သမိုင်းကြောင်း ကောင်းခဲ့သလို DSA လိုနေရာကိုတောင် တကူးတက ဖိတ်ခေါ်ပြသကြည့်ရှုစေခဲ့တာက တပ်နဲ့ KNU ကြား ဘယ်လောက်တောင် နီးနီးစပ်စပ်ရှိခဲ့သလဲဆိုတာ မြင်နိုင်ပါတယ်။ခုတော့ ဒီလိုကောင်းမွန် တဲ့ ဆက်ဆံရေး တစ်ခုက ဥက္ကဋ္ဌသစ်တွေလက်ထက်မှာ ရာဇဝင်ထဲမှာပဲ ထားရစ်ခဲ့ရတော့မယ့် သဘောပဲ။ ဖထီး မူးတူးစေးဖောကိုယ်တိုင် ကြိုးစားပမ်းစား တည် ဆောက်ထားတဲ့ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဟာ သိပ်ကြာရှည်မခံခဲ့တာကတော့ ဝမ်းနည်း စရာပဲ။
----

◾️မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ်နဲ့ ကြေညာခံရတာက သာမန်အားဖြင့် ကြည့်ရင် မသိသာဘူးထင်နိုင်ပေမယ့် နိုင်ငံရေး ဂုဏ်သိက္ခာအရကြည့်မယ် ဆိုရင်တော့ …အတော်လေး ပုံရိပ်ထိခိုက်ပါတယ်။ ခပ်ရှင်းရှင်းပြောရရင်… အဖွဲအစည်းအတွက် နာမည်ပါသေတဲ့ ပြစ်မှုမျိုးလို ယူဆရမှာပါ။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဆိုရင် ပိုလိုတောင် ကျယ်ပြန့်ပါသေးတယ်။ အကြမ်းဖက်ဖို စည်းရုံးသိမ်းသွင်းတာ၊ တိုက်တွန်း တာ၊ အကြမ်း ဖက်အဖွဲအစည်းအပေါ်မှာ ထောက်ခံတာ၊ အားပေးတာနဲ့ ဝါဒဖြန့်တဲ့ ကိစ္စတွေမှာတောင် အနည်းဆုံး ပြဏ်ဒဏ်က ထောင်ဒဏ် ၃နှစ်ကနေ ၇ နှစ်၊ ၁၀ နှစ်၊ လူသေစေတဲ့အထိ အကြမ်းဖက်ရင် ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်အထိပါ ဒီဥပဒေက အကျုံးဝင်ပါတယ်။
---------

◾️အဆိုးဆုံးကတော့ အကြမ်းဖက်ဥပဒေနဲ့ငြိစွန်းရင် နိုင်ငံရေးပြစ်မှု ဆိုပြီး ခေါင်းစဉ်တပ်လို မရတာပါပဲ။ ခုလက်ရှိ KNUက ပြောနေသလို တပ်က အာဏာသိမ်းလို တုန့်ပြန်ရတယ်ဆိုတာက ယေဘုယျကြည့်ရင် နိုင်ငံရေးခေါင်းစဉ်လို ထင်စရာရှိပေမယ့် KNU မြေပြင်မှာ လုပ်နေတာတွေက အကြမ်းဖက်လူသတ်၊နေအိမ်မီးရှိတဲ့ ဖြစ်စဉ်တွေမို မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာလို မရပါဘူး။ ပိုဆိုးတာက အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို ကရင်ပြည်နယ်မှာ ဘယ်နည်းနဲ့မှ လက်မခံဘူးဆိုပြီး ရွေးကောက်ပွဲကို ဆန့်ကျင် ကြောင်း ပေါ်ပေါ်ထင်ထင်ပြောလာခဲ့တာပါ။ ဒါက ရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းက အကာအကွယ်ပေးရေးဆိုတဲ့ဥပဒေနဲ့ သေချာပေါက် ငြိပါတယ်။
---

◾️KNU ရဲ့သမိုင်းက စောကွယ်ထူးဝင်းနဲ့ စောတောနီးတို လက်ထက်ရောက်မှ ဂုဏ်သိက္ခအရ NUG နဲ့ CRPH တိုလို အဖွဲအစည်းတွေနဲ့ တတန်းတည်း ထားခံလိုက်ရ တာကတော့ …စိတ်မကောင်းစရာပဲ။ ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးရတဲ့ ခေတ်မျိုးမှာ တစ်ချိုသမိုင်း တွေက ကိုယ်စားရေးလိုမှ မရဘဲ။ NCA မှာ ဂုဏ်သိက္ခာရှိရှိ လက်မှတ်ထိုးပါဝင်ခဲ့ရတဲ့ KNU သမိုင်းက ခုတော့…မြောင်းထဲရောက်သွားခဲ့ရပြီလိုသာ ဆိုရတော့မှာပါပဲ။

(နရီမိုး)

28/08/2025

တကယ်တော့ ဂုတ်တွင်းနဲ့ ဂုတ်ထိပ်ဆိုတာက စစ်ဗျူဟာအရကြည့်ရင် စပ်ကြားမြေပုံစံမျိုး ဖြစ်တယ်။ ကျောက်မဲမှာ စကခ ရှိသလို နောင်ချိုမှာလည်း ခြေလျင်တပ်တွေရှိပေမယ့် တံတားစောင့်လုံခြုံရေး စခန်းတွေကို အကာအကွယ်မပေးနိုင်တာ တွေ့ရတယ်။ ။ သိပ်မကြာခင် နှစ်ပိုင်းတုန်းကလည်း ဂုတ်တွင်းစခန်းကို Cut out လုပ်ပြီး တိုက်သွားလို အရာရှိ အပါအဝင် ၇ ဦးလောက် အသက်ပေးခဲ့ကြရသေးတဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးတယ်။
_
ဂုတ်တွင်း တံတားကို ၂ ကြိမ်၊ ဂုတ်ထိပ် တံတားကို တစ်ကြိမ် TNLA က ဗုံးခွဲခဲ့တဲ့ ရာဇဝင်လည်း တွင်သွားခဲ့ပြီ။ ရှမ်းမြောက် လောက်ကိုင်မှာ စစ်ဖြစ်တော့ စစ်ကူမပိုနိုင်အောင် ဒီနေရာတွေမှာ Cut out လုပ်ခံခဲ့ရတာတွေနဲ့ နောင် ဒီလို အရေးကြီးတဲ့နေရာတွေကို ထိန်းချုပ်ဖိုအတွက် စီမံချက်တွေ လိုလာခဲ့ပြီ။ အရေးကြီးတာက တံတားစောင့်လုံခြုံရေးကို ကာဖို အဝေးစည်း အနေနဲ့ နောင်ချိုထိပ်နဲ့ ကျောက်မဲ ဘက်ကမ်းထိပ်တွေမှာပါ Drop ချဖို လိုလာခဲ့ပြီ။
__
မှတ်မိကြဦးမယ် ထင်ပါတယ်။ ဂုတ်တွင်းအဆင်းက တိုးဂိတ်ကို တအာင်းတပ်တွေ ဝင်စီးပြီး အရပ်သားတွေ မီးပုံရှိခံခဲ့ရတဲ့ ဖြစ်စဉ်တွေက သိပ်အဝေးကြီးမှ မဟုတ်သေးဘဲ။
____
မနေ့ကတော့ ဒီလို အရေးကြီးတဲ့ တံတားကို တပ်က ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့တာ တွေ့ရတယ်။ တံတားကနေ ကျောက်မဲ အထိတော့ နယ်မြေဆက်ရှင်းရန် ကျန်ပေါ့လေ။ ဘာပဲပြောပြော တံတားရှင်းရင်းနဲ့ တအာင်း Dead body တွေ ရလိုက်တာက ဦးထုပ်လေး ၇ လုံးအတွက် သွေးကြွေးရလိုက်သလိုပါပဲ။ တချိုသူတွေကတော့ တံတားလေး တစ်စင်းအတွက်လို ပြောချင်ပြောမှာပေါ့။ အသက်တွေရင်းထားရတယ်ဆိုတဲ့ တန်ဖိုးကို ဒီမောင်တွေမှ နားမလည်ကြဘဲ။
-
(နရီမိုး)

28/08/2025

လွန်ခဲ့တဲ့ ၁ နှစ်လောက်က NUG ရဲ့စေခိုင်းချက်နဲ့ မန္တလေး-မြစ်ကြီးနား မိန်းကားလမ်းမကြီးကို တိုက်ပွဲတွေဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ PDF တွေက လမ်းပိတ်ထားပြီး ရှောင်ကွင်းလမ်းကနေ သွားခိုင်းတယ်။
-
ရှောင်ကွင်းလမ်းထဲဝင်လာတဲ့ ဆီကားတွေ၊ ကုန်တင်ယာဉ်တွေ၊ ခရီးသည်ယာဉ်တွေကို ဂိတ်အဆင့်ဆင့်(ဝါးတားဂိတ်) ဖွင့်ပြီး ဆက်ကြေးကောက်ကြတယ်။ တောင်းတဲ့ဆက်ကြေးကလည်း မတန်တဆတောင်းတယ်။
-
ဒါကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် တက်သွားတယ်။ ကုန်စီးဆင်းမှုကြန့်ကြာသွားတယ်။ ပြည်သူတွေ ဒုက္ခရောက် ကြရတယ်။ အခုဆို မိုးတွေရွာနေတော့ ကားတွေ ဗွက်ထဲနစ်ကြရတယ်။
-
ပြည်သူတွေ အဆင်ပြေနေတာကို မမြင်ချင်တဲ့ NUG ရဲ့ လုပ်ရပ်ကို ချေဖျက်ဖိုနဲ့ ပြည်သူတွေ အဆင်ပြေစေဖို အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေက လမ်းကြောင်းဖွင့်ဖို PDF ဂိတ်အဆင့်ဆင့်ကို ချေမှုန်းပြီး လမ်းရှင်းနေပါတယ်။
-
အခုဆို သပိတ်ကျင်း-ရွှေဘိုလမ်းကြောင်း၊ ရွှေဘို-အင်းတော်လမ်းကြောင်းက ပွင့်သွားပြီး ကုန်စည်တွေလည်း အဆက်မပြတ် စီးဆင်းနေပြီဖြစ်ပါတယ်။
-
ဒါကြောင့် ပြည်သူတွေ ဝမ်းသာပျော်ရွှင်နေကြတာပါ။

28/08/2025

🏆🏆🏆 နေဝန်းနီသူရဲကောင်းများက ဂုတ်တွင်းလမ်းပိုင်းတကြောလုံးကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့။
-
Congratulations ပါ

ပလက်၀ဒေသမှာAAအကြမ်းဖက်တွေရဲ့မုဒိ_မ်းကျင့် ရေနစ်သ_တ_်ရန်ကြိုးပမ်းမှုမှာလွတ်မြောက်လာသူချင်းအမျိုးသမီး။ပလက်၀မှာသတင်းအမှောင်...
27/08/2025

ပလက်၀ဒေသမှာ
AAအကြမ်းဖက်တွေရဲ့
မုဒိ_မ်းကျင့် ရေနစ်သ_တ_်ရန်
ကြိုးပမ်းမှုမှာလွတ်မြောက်လာသူ
ချင်းအမျိုးသမီး။

ပလက်၀မှာ
သတင်းအမှောင်ချခံထားရပြီး
ချင်းလူမျိုးတွေကိုAAက လူ့အခွင့်ရေး
ချိုးဖောက်နေ။

27/08/2025

ရနောင်း ၊ ကော့သောင်းလိုင်း ရေကြောင်းက တရားဝင် စဖွင့်ထားပါပြီ ။ တင်သွင်းခွင့်ပြုထားတဲ့ ပစ္စည်းမှန်သမျှ container , စက်လှေနဲ့ custom duty အပြည့်အဝ ဆောင်ထားပြီး စာရွက်စာတမ်းတွေ အကုန်ပြည့်စုံရင် သယ်လို့ရပါပြီ ။
ဖြစ်ပေါ်လာတဲ့ အကူးအပြောင်း အခြေအနေပေါ်မှာ လူတွေ စိုးရိမ်စိတ်မြင့်အောင် ဖွပြီး စျေးတွေတက်၊အခွင့်ကောင်းယူ အမြတ်ထုတ်ဖို့ လုပ်နေတဲ့ ဝိသမလောဘသားတွေအတွက်တော့ စိတ်မကောင်းပါဘူး။
ဒီအခြေအနေအတိုင်းသာ ရှေ့တောက်လျှောက်လည်း လမ်းကြောင်းတရားဝင် ဆက်ဖွင့်ထားရင် ဘာ ပစ္စည်းမှ ပြတ်ဖို့လည်း မရှိနိုင်တော့ပါဘူး။ အဲ့တော့ panic ဖြစ်စရာမလို ။ မကြာခင်ပစ္စည်းတွေ အကုန်ပြန်ရောက်မှာပါ ။

crd

Address

Botataung

Website

Alerts

Be the first to know and let us send you an email when MyanmarPyi News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share