Popular News Journal

Popular News Journal Right decisions come from wide vision. Myanmar-based digital news outlet established in 2009.

http://www.popularmyanmar.com Official page of Popular News Journal published in Myanmar since 29th Jan, 2009.

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရ...
26/07/2025

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြသည်။

ထိုသို့ စမ်းသပ်စစ်ဆေးကုသပေးနေမှုကို သဲဖြူတောရဆရာတော်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများကကြည့်ရှု၍ မျက်စိဝေဒနာရှင်များအား နံနက်စာအအေးနှင့် မုန့်များပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြသည်။

ထို့ပြင် သဲဖြူဆရာတော်ကြီးနှင့် တိုင်းဝန်ကြီးချုပ်တို့သည် စမ်းသပ်စစ်ဆေးကုသပေးနေသည့် မျက်စိပါရဂူဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများအားဂုဏ်ပြုငွေများပေးအပ်ပြီး မျက်စိခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များနှင့် ဆေးများပေးအပ်ပြီး မျက်စိအကြီးစားခွဲစိတ်နေမှုကိုကြည်ရှုခဲ့ကြသည်။

အဆိုပါ စက္ခုဒါနအလှူတော်အား ယနေ့ ဇူလိုင် ၂၆ ရက်မှ ဇူလိုင် ၃၀ ရက်အထိ မျက်စိဝေဒနာရှင်များအား ၅ ရက်ကြာ စမ်းသပ်စစ်ဆေးကုသပေးသွားမည်ဖြစ်ကာ ယနေ့ ပထမနေ့တွင် စမ်းသပ်လူနာ (၃၈၄)ဦး၊ အကြီးစားခွဲစိတ်လူနာ(၄၁)ဦး၊ အသေးစားခွဲစိတ်မှု(၄)ဦး(စုစုပေါင်းလူနာ ၃၃၉ ဦး)အားကုသပေးခဲ့သည်။

ထိုင်းနှင့်က​မ္ဘောဒီးယားတို့တိုက်ပွဲမရပ်ပါက အ​မေရိကန်က ကုန်သွယ်​ရေးစာချုပ်မချုပ်လို"ထိုင်းနဲ့ စစ်ပွဲကိုရပ်ဖို့ ကမ္ဘောဒီး...
26/07/2025

ထိုင်းနှင့်က​မ္ဘောဒီးယားတို့တိုက်ပွဲမရပ်ပါက အ​မေရိကန်က ကုန်သွယ်​ရေးစာချုပ်မချုပ်လို

"ထိုင်းနဲ့ စစ်ပွဲကိုရပ်ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ ခုတင်ပဲဆွေးနွေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး နဲ့ စစ်ပွဲတွေ ကို ခုချက်ခြင်း ရပ်ဖို့ ထိုင်းခေတ္တဝန်ကြီးချုပ်ကိုလည်း ခုပဲ ဖုန်းခေါ်ပြီးတောင်းဆိုနေပါတယ်။

"အ​မေရိက,က လက်ရှိမှာ နှစ်နိုင်ငံစလုံးနဲ့ ကုန်သွယ်‌ ရေးဆိုင်ရာတွေကို ညှိနှိုင်း​နေတဲ့ အချိန်နဲ့လာပြီး တိုက်ဆိုင် နေတယ်။

"ဒါပေမယ့် သူတို့က စစ်တိုက်နေကြရင်တော့ ဘယ်နိုင်ငံနဲ့မှ စာချုပ်မချုပ်ချင်ပါဘူး။ ကျွန်​တော် သူတို့ကိုပြောပြီးပြီ။

"ထိုင်းနဲ့ခုပဲဖုန်းဆက်တယ်။ ကမ္ဘောဒီးယားနဲ့လည်းဖုန်းပြော ပြီးပြီ။ ထိုင်းကပြောချင်တာ​တွေ​ပေါ် မူတည် ပြီးတော့ စစ်ရပ်စဲရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို သူတို့ ဖုန်း ပြန်ဆက်မယ်လို့ မျှော်လင့်ပါတယ်။

"ရှုပ်ထွေးတဲ့အခြေအနေကို ရိုးရှင်းအောင် ကျွန်တော်ကြိုးစားနေပါတယ်။ စစ်ပွဲမှာ လူအများအပြား သေဆုံးနေကြတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယကြားက ပဋိပက္ခကို အောင်အောင်မြင်မြင် ရပ်စေ နိုင်ခဲ့တာကို ကျွန်တော် အရမ်းသတိရပါတယ်" ဟု ထရမ့်ပ် က ထရုဆိုရှယ် ပေါ်တွင် ရေးသားထားသည်။

Source: ထရမ့်၏ ထရုဆိုရှယ် လူမှုကွန်ယက်

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် လဝကတို့ ပူးပေါင်းလုပ်ဆောင်နေပင်စင်ထုတ်...
26/07/2025

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် လဝကတို့ ပူးပေါင်းလုပ်ဆောင်နေ

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ ထုတ်ပေးနေခြင်းလည်း ဖြစ်သည်။

ထိုသိူ့ထုတ်ပေးရာတွင် အထူးသဖြင့် အသက်အရွယ်ကြီးပြီဖြစ်သည့်အဖိုးအဖွားများ၊ သွားလာခက်ခဲသူများအတွက် အိမ်တိုင်ရာရောက် (Home Service) ဖြင့် UID လုပ်ငန်းကိုအဆင်ပြေဆုံးအောင် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

ထို့အပြင် မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များတွင် One-Stop Service ဖြင့် UID လျှောက်ထားမှုကို ဆောင်ရွက်ပေးနေကာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက်ဆိုင်ရာဘဏ်များတွင် တိုက်ရိုက်ဝင်ရောက်ကာ Biographic နှင့် Biometric အချက်အလက်များကိုကောက်ယူပြီး UID နံပါတ်များ ထုတ်ပေးနေကြောင်း သိရှိရသည်။

UID လျှောက်ထားရာတွင် မည်သည့်မြို့နယ်မှထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ထားသည်ဖြစ်စေ၊ မည်သည့်မြို့နယ်၌မဆို နေထိုင်သူဖြစ်စေ လက်ရှိနေထိုင်ရာမြို့နယ်လဝကရုံးတွင် လျှောက်ထားနိုင်သည်ဟု ဆိုသည်။

လက်ရှိအချိန်အထိ၊ ဇူလိုင် ၂၄ ရက်နေ့အထိ မြန်မာ့စီးပွားရေးဘဏ် (၁၉၅) ခုတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ကျား ၂၂,၉၆၂ ဦး၊ မ ၂၈,၆၉၈ ဦး စုစုပေါင်း ၅၁,၆၆၀ ဦးအား UID ထုတ်ပေးပြီးဖြစ်ကြောင်းလည်း သိရသည်။

UID ရရှိပြီးသူများအနေဖြင့် မိမိ၏ကိုယ်ရေးနှင့်ဇီဝဆိုင်ရာအချက်အလက်များကို e-ID စနစ်တွင် တိကျမှန်ကန်စွာ သိမ်းဆည်းထားသဖြင့် အခြားမသက်ဆိုင်သူများမှ ထိုအချက်အလက်များကို မတရားအသုံးပြုခြင်း၊ အတုအပပြုလုပ်ခြင်းများမှ ကာကွယ်နိုင်သည်ဟု ဆိုသည်။ ထို့အပြင် နောင်တွင် ထုတ်ပေးမည့် National ID ထုတ်ပေးရာတွင်လည်း UID ရရှိပြီးသူများကိုသာ ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာထားသည်။

UID လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ထားသည့် ပုံစံ (၁) ကိုဖြည့်စွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့်အတူ မြို့နယ်လဝကရုံးသို့ သွားရောက်လျှောက်ထားနိုင်ပြီး၊ လုပ်ငန်းများကိုနေ့ချင်းပြီးအောင်မြင်စွာဆောင်ရွက်ပေးနေသည်။ လုပ်ငန်းအတွင်း အဆင်မပြေမှုများရှိပါက မြို့နယ်ဦးစီးမှူးများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်းမြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပ...
26/07/2025

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၁၉)ဦး ၊ အီသီယိုးပီးယားနိုင်ငံသား(၁)ဦးနှင့် အိန္ဒိယနိုင်ငံသား(၁)ဦး (စုစုပေါင်း ၂၂ ဦး)ကိုဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန်လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကိုစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၃၂၁)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၉,၀၆၀)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပ‌ဒေ ‌ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂၆၁)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

Photo-MWD

အမှတ်(၄)ခရိုင်ပတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်...
26/07/2025

အမှတ်(၄)ခရိုင်ပတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်

အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း - ခံတက္ကုန်း - နှမ်းခင်း - ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်သူများ သွားလာရေးလွယ်ကူစေရန်အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း - ခံတက္ကုန်း - နှမ်းခင်း - ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၁/၂.၈၃မိုင် X ၁၂’X ၉")ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါလမ်းပိုင်းကို လမ်းအရှည် (၀/၂)မိုင်အား ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ (၈၇.၈၇၃)
ကျပ်သန်းဖြင့်လည်းကောင်း၊ လမ်းအရှည်(၀/၅ .၁၅)မိုင်အား တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ(၂၂၅.၄၃၇)ကျပ်သန်း
ဖြင့်လည်းကောင်း ၊လမ်းအရှည် (၀/၃.၆၈)မိုင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(ဒေသဖွံ့ဖြိုးရေး) ရန်ပုံငွေ (၁၆၁.၉၈၁)ကျပ်သန်းတို့ဖြင့်လည်းကောင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလမ်းပိုင်းကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းဆောင်ရွက်ပြီးစီးပါကလမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်ပြီး ကျေးရွာအုပ်စု(၃)ခု ၊ကျေးရွာပေါင်း(၈)ရွာတို့အတွက် ပညာရေး၊ ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကိစ္စရပ်များအတွက် ပိုမိုအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်းဘွဲ့မြို့နယ်နှင့် ဘားအံမြို့တို့တွင် သံလွင်မြစ်ရေမြင့်တက်၍ ရေဝင်ရောက်မှုများဖြစ်ပေါ်နေကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြိ...
26/07/2025

လှိုင်းဘွဲ့မြို့နယ်နှင့် ဘားအံမြို့တို့တွင် သံလွင်မြစ်ရေမြင့်တက်၍ ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ဘားအံမြု့တို့တွင် ယနေ့ ဇူလိုင် ၂၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော ရွှေပြည်တော်ရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့ရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာသဖြင့် နံနက် ၈ နာရီခန့်မှစတင်ကာ ရေဝင်ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရေဝင်ရောက်နေသည့် နေအိမ်များအတွင်းနေထိုင်သူများအား ရွှေဂွန်းနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းသော ရွှေဂွန်းအထက်ဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဘားအံမြို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်ခဲ့ရာ နံနက် ၆ နာရီခန့်မှစတင်၍ မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် အမှတ် (၁)ရပ်ကွက်၊ အုတ်ဖိုလမ်းရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှ လူမှုကူညီရေးအသင်းဝင်များနှင့်အတူ ရေဝင်နေသည့်နေအိမ်များ၌နေထိုင်သူများအား ရေဘေးလွတ်ကင်းသော အမှတ်(၁)ရပ်ကွက်၏ ရပ်ကွက်ရုံးသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင် ၂၆ ရက်ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ၃ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့်ထပ်မံမြင့်တက်ကာ မြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။

26/07/2025

ကံတက်ပရိတ်သတ်ရှေ့မှာချင်းတိုင်းရင်းသားလေးကိုပွဲထုတ်လာတဲ့ ချယ်ရီသင်းရုပ်ရှင်ရိုက်ဦးမည်ဟုဆို...

ရာသီဥတုကြောင့် ရပ်ထားရသည့် ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲသည့် ခရီးသည်တင် အမြန်ရေယာဉ်များ ပြန်ပြေးဆွဲတနင်္သာရီ...
26/07/2025

ရာသီဥတုကြောင့် ရပ်ထားရသည့် ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲသည့် ခရီးသည်တင် အမြန်ရေယာဉ်များ ပြန်ပြေးဆွဲ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ်များကို ပြေးဆွဲမှုရပ်နားထားရာမှ ဇူလိုင်လ(၂၆)ရက်ကစပြီး ပုံမုန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၃) ရက်က စတင်ပြီး ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်သည့်အတွက် ကျွန်းစု - မြိတ် ခရီးစဉ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များက လွဲပြီး ကုန်တင်စက်လှေများ အပျော်စီးစက်လှေများနှင့် ကျန်ကမ်းရိုးတန်းသွား ခရီးသည်တင်အမြန်ရေယာဉ်များအားလုံးကို ထွက်ခွာခွင့်မပြုကြောင်းကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်ကို နေ့စဉ်အမြန်ရေယာဉ် အတက်/အဆင်း (၂) ခေါက် နှင့် ကုန်တင်စက်လှေ အတက်/အဆင်း(၁)ခေါက်ပြေးဆွဲနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရာသီဥတုကောင်း မွန်လာပြီဖြစ်သည့်အတွက် ဇူလိုင်(၂၆)ရက်မှ စတင်ပြီး ပုံမုန်အတိုင်း ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

Carabao Futsal Champion Cup 2025 ပြိုင်ပွဲတွင် Winner Generations အသင်း ချန်ပီယံ ဆွတ်ခူးCarabao Futsal Champion Cup 2025...
26/07/2025

Carabao Futsal Champion Cup 2025 ပြိုင်ပွဲတွင် Winner Generations အသင်း ချန်ပီယံ ဆွတ်ခူး

Carabao Futsal Champion Cup 2025 ပြိုင်ပွဲတွင် Winner Generations အသင်း ဗိုလ်စွဲကာ ချန်ပီယံဆုဆွတ်ခူးရရှိခဲ့ကြောင်း ယနေ့ ဇူလိုင်လ (၂၇) ရက်တွင် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်သည်။

ဗိုလ်လုပွဲကို ယမန်နေ့ ဇူလိုင်လ (၂၆)ရက် မွန်းလွဲပိုင်းက MIUFC နှင့် Winner Generations FC တို့ ယှဉ်ပြိုင်ကစားခဲ့ရာ Winner Generations FC က ပင်နယ်တီ အဆုံးအဖြတ် (၄)ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲ၏ ချန်ပီယံဆု ရရှိခဲ့သော Winner Generations FC ကို အာရှ‌ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် (၇၅)သိန်းကို ပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်း‌‌‌ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က ချန်ပီယံ ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးဆု ရရှိခဲ့သော YRG FC အသင်းကို Century Beverage Co.Ltd မှ Managing Di rector ဦးစိုင်းဝင်းအောင် က အမှတ်တရ ဆုဖလားနှင့် ဆု ကြေးငွေ ကျပ် (၅) သိန်းကို ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေက ပြိုင်ပွဲ၏ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော Winner Gene rations အသင်းမှ ကျော်ရဲသွေးကို အမှတ်တရ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် (၅) သိန်းကို ပေးအပ်ခဲ့သည်။

ထိုနောက် ရန်ကုန်တိုင်း‌‌‌ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန် ကြီး ဦးဌေးအောင်က ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သော Winner Generations FC မှ ထွဋ်ထွဋ်လွင် ကို အမှတ်တရဆုနှင့် ဆုကြေးငွေ ကျပ် (၅) သိန်းကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ပြိုင်ပွဲတွင် စတုတ္ထဆု ရရှိခဲ့သော TG United FC အသင်းကို ရန်ကုန်တိုင်း‌‌‌ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး က ဆုကြေးငွေကျပ် (၁၅) သိန်းကို ပေးအပ်ခဲ့သည်။

ပြိုင်ပွဲ၏ တတိယဆု ရရှိခဲ့သော YRG FC အသင်းကို ရန်ကုန်တိုင်း‌‌‌ဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းက တစ်ဦးချင်း ဆုတံဆိပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်း‌‌‌ဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် ဆုကြေးငွေကျပ် (၂၅)သိန်းကိုလည်းကောင်း၊ ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော MIU FC အသင်းကို ရန်ကုန် တိုင်း‌‌‌ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဘိုဌေး က တစ်ဦးချင်း ဆုတံဆိပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်း‌‌‌ ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဆုကြေးငွေ ကျပ်သိန်း (၅၀) ကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

26/07/2025

ဆရာထွန်းနေစိုး၏ သတင်းပညာမျှဝေဟောပြောပို့ချ...

သံလွင်မြစ်ရေ တက်လာ၍ ဘားအံမြို့ ရပ်ကွက် ၁နှင့် ၅ မှ လူနေအိမ်များရေဝင်ရောက်၊ ကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်ထားရကရင်ပြည်နယ်၊ ဘားအ...
26/07/2025

သံလွင်မြစ်ရေ တက်လာ၍ ဘားအံမြို့ ရပ်ကွက် ၁နှင့် ၅ မှ လူနေအိမ်များရေဝင်ရောက်၊ ကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်ထားရ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမှာ ယနေ့ ဇူလိူင်လ (၂၆) ရက်၊ နံနက်ပိုင်းမှစတင်ကာ လူနေရပ်ကွက်များအတွင်း ဝင်ရောက်လာခြင်းကြောင့် ပြောင်းရွှေ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြေပြင်ကယ်ဆယ်ရေးအဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက် လူနေအိမ်များအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် အဆိုပါရပ်ကွက်အတွင်းရှိ ဒေသခံ ရာနှင့်ချီကို ကူညီပြောင်းရှေ့ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ဒေသခံများအတွက် ကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်ပေးထားပြီး ရေဝင်ရောက်နေသည့် ရပ်ကွက်များအတွင်းရှိ ဒေသခံများကို ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေရကြောင်း သိရသည်။

"အောင်နန်းမှာ ကယ်ဆယ်စခန်း(၂)ခု ဖွင့်ထားပါတယ်။ လောလောဆယ် ရေဝင်နေတဲ့ နှစ်ရပ်ကွက်ပေါင်း လူရာနဲ့ချီတော့ရှိမယ်။ စာရင်းတော့ အတိအကျမဟုတ်ဘူးပေါ့"ဟု ၎င်းက ရှင်းပြသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၃)ပေခွဲ အကျော်တွင်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့် မြင့်တက်လာနိုင်သည်ဟု မိုး/ဇလက အသိပေးထားသည်။

26/07/2025

ကိုဗစ်ချေးငွေချေးထားပြီး အဆက်အသွယ်မရရှိသည့် လုပ်ငန်းရှင်ပေါင်း (၄၀၀)ကျော်ကို အရေး ယူရန်ပြင်ဆင်နေ

ကိုဗစ်-၁၉ ကုစားမှု ချေးငွေထုတ်ချေးထားပြီး အဆက်အသွယ်မရရှိသည့် လုပ်ငန်းရှင်ပေါင်း(၄၀၀)ကျော်အထိ ရှိသည့်အတွက် ကော်မတီမှ စီမံခန့်ခွဲမှုအရ အရေးယူရန်စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ်ဇွန်လ မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ နိုင်ငံတော် စာရင်းအမှတ် MD-012672 နိုင်ငံတော်၏ လှည့်ပတ် ရန်ပုံငွေကျပ် ဘီလီယံ (၅၀) အပါအဝင် ကျပ် (၁၂၅) ဘီလီယံ၊ (၆၂.၅) ရာခိုင်နှုန်း ပြန်လည်ပေးဆပ်ပြီး ပေးဆပ်ရန် ကျပ် (၇၅) ဘီလီယံ ကျန်ရှိနေကြောင်း သိရသည်။

" ကိုဗစ်ကာလအပြီး စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ ထုတ်ချေးထားတာဖြစ်ပါတယ်။ တော်တော်များများလည်း ပြန်ပေးကြပါတယ်။ တချို့ကလည်း အလီလီပေးကြတယ်။ တချို့ကျတော့ အရင်းမပေးဘဲ အတိုးပဲပေးကြတယ်။ တချို့ကျတော့ အရင်းလည်းမဆပ်အတိုးလည်းမပေးဘူး။ ဆက်သွယ်လို့လည်း မရဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ (၄၀၀) ကျော်ရှိပါတယ်။ စီမံခန့်ခွဲမှုနည်းအရ အရေးယူဖို့ ပြင်ဆင်နေပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း (၁) နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများထုတ်ချေးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် (၁၅) ဘီလီယံမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာက ဏ္ဍသို့ ထုတ်ပေးခဲ့သည့် လုပ်ငန်း (၈၇၉) ခုကို ပမာဏ ကျပ် (၁၃.၁၃၂၅) ဘီလီယံ၏ နိုင်ငံတော်စာရင်းအမှတ် MD 012 672 သို့ ပေးသွင်းမှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လထိ ကျ ပ် (၃.၃၆၇၅) ဘီလီယံ ၊ ရာခိုင်နှုန်းအနေဖြင့် (၂၂.၄၅) ရာခိုင် နှုန်း ပြန်လည်ပေးဆပ်ပြီးဖြစ်၍ ပေးဆပ်ရန် ကျပ် (၁၁.၆၃ ၂၅) ဘီလီယံ ၊ ရာခိုင်နှုန်းအနေဖြင့် ၇၇.၅၅ ရာခိုင်နှုန်း ကျန်ရှိနေကြောင်း သိရသည်။

ကိုဗစ် ၁၉ ချေးငွေကို ၂၀၂၀ ပြည့်နှစ်ကစတင်ပြီး ခွင့်ပြုကာလ (၃) နှစ် နှင့် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၂၀ ၂‌၅ ခုနှစ်တွင် ချေးငွေ သတ်မှတ်ကာလမှာ ကျော်လွန်နေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Address

Botataung

Alerts

Be the first to know and let us send you an email when Popular News Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Popular News Journal:

Share

Category

Right decisions come from Wide Vision.

ကိုယ်နေထိုင်သော နိုင်ငံ့အရေးမှာ နိုင်ငံသားကောင်းဖြစ်ရန်၊ စီးပွားရေး အမြင်သစ် အတွေးသစ်များရရှိရန်၊ Democratic Institution တွေအကြောင်း သေချာသိရန်၊ လူမှုနယ်ပယ်များကိုလည်း မျက်ခြည်မပြတ်ရန်၊ လူငယ်များ ပညာရေးနှင့်ပတ်သက်၍ အသိဥာဏ် ဗဟုသုတကြွယ်ဝစေရန်အတွက် ကဏ္ဍအသီးသီးမှ ကျွမ်းကျင်ပညာရှင်များ အပြုသဘောဆောင် မျက်မှောက်ခေတ်အရေး၊ အနာဂတ်အတွေးများနှင့် ထောက်ပြသုံးသပ်ထားသည့်အပြင် စိတ်ဝင်စားဖွယ်နောက်ဆုံးရ သတင်းများ၊ ဆောင်းပါးများ၊ ကာတွန်းများ၊ ဘာသာပြန် တင်ဆက်မှုများပါဝင်သည့် Popular News Website ဖြစ်ပါသည်။