Aryone Oo Journal

Aryone Oo Journal အနုပညာနှင့် ပက်သက်သော သတင်းများစုံလင်စွာ ခံစားမှု

အမိုက်စားဖျော်ဖြေမှုတွေနဲ့ Full-scene AI Imagine Master ဖြစ်တဲ့ OPPO Reno14 Series 5G နဲ့အတူ တောက်ပခဲ့ကြတဲ့ OPPO Reno14 ...
19/07/2025

အမိုက်စားဖျော်ဖြေမှုတွေနဲ့ Full-scene AI Imagine Master ဖြစ်တဲ့ OPPO Reno14 Series 5G နဲ့အတူ တောက်ပခဲ့ကြတဲ့ OPPO Reno14 Series Music Party
=================================================

ရန်ကုန်၊ဇူလိုင် ၁၉

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က 3.5x Telephoto Camera နဲ့ AI Flash Photography တို့ ပါရှိသလို Full-scene AI Imagine Master ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ကောင်းမွန်လှတဲ့ Camera Technology နဲ့ ထွက်ရှိလာတဲ့ OPPO Reno14 Series 5G ကို သုံးစွဲသူတွေအားလုံး လက်တွေ့ကျကျ စမ်းသပ်အသုံးပြုနိုင်စေဖို့ OPPO Reno14 Series Music Party ကို ဇူလိုင် ၁၄ ရက်နေ့က Yangon Convention Centre (YCC) မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ OPPO Reno14 Series Music Party ကို OPPO Reno Series Product Ambassador ဖြစ်သူ ပိုင်တံခွန်၊ OPPO မိသားစုဝင်အနုပညာရှင် တွေဖြစ်ကြတဲ့ Lu Hpring ၊ ယွန်းဝတီလွင်မိုး ၊ လင်းအောင်ခေတ်နဲ့ Lara Devora တို့ တက်ရောက်ခဲ့ကြပါတယ်။ OPPO Reno14 Series Music Party ဟာ OPPO မိသားစုဝင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော ယွန်းဝတီလွင်မိုးရဲ့ Comeback အဖြစ် ပထမဆုံးပြန်လည်တက်ရောက်ခဲ့တဲ့ ပွဲဖြစ်ပြီး OPPO Reno14 Series 5G ကို ဆောင်ပုဒ်တွေထဲက တစ်ခုဖြစ်တဲ့ Party Bestie ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Party vibe ကို အပြည့်အဝရရှိစေခဲ့တဲ့ ပွဲတစ်ပွဲလဲ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ OPPO ရဲ့ Powerful ဖြစ်လွန်းတဲ့ OPPO Reno14 Series 5G ကို စိတ်ကြိုက်လက်တွေ့စမ်းသပ်စေခဲ့ပြီး အနုပညာရှင်များ၊ အဆိုတော်များရဲ့ လူငယ်ဆန်ဆန် အမိုက်စား Performance တွေကလဲ လာရောက်သူတွေကို စိတ်အပန်းပြေပျော်ရွှင်စေနိုင်ခဲ့ပါတယ်။

OPPO Reno14 Series Music Party ကို Fan Meeting Session နဲ့ Music Party Session ဆိုပြီး ကဏ္ဌ ၂ ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Fan Meeting Session မှာဆိုရင် ပိုင်တံခွန်၊ Lu Hpring ၊ ယွန်းဝတီလွင်မိုး၊ လင်းအောင်ခေတ်နဲ့ Lara တို့က ၎င်းတို့ရဲ့ အမာခံပရိသတ်တွေနဲ့အတူ ပျော်ရွှင်စရာဂိမ်းများစွာကို ဆော့ကစားခဲ့ကြပါတယ်။ ဆော့ကစားခဲ့ကြတဲ့ ဂိမ်းများတွင် ပိုင်တံခွန်က OPPO Reno14 5G ရဲ့ AI Flash Photography ကို အသုံးပြုပြီးသော်လည်းကောင်း၊ လင်းအောင်ခေတ်နဲ့ ယွန်းဝတီလွင်မိုး တို့က 4K Underwater Videography ကို အသုံးပြု၍သော်လည်းကောင်း၊ ဒါအပြင် Lu Hpring နဲ့ Lara Devora တို့က AI Vlog Voice နဲ့ ဆက်နွယ်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းတွေကိုလည်းကောင်း၊ အားလုံးအတူတူ ဆော့ကစားခဲ့ကြပါတယ်။ OPPO Reno14 Series 5G ဟာဆိုရင် ဈေးတန်းတူ စမတ်ဖုန်းများအကြား အချိန်မရွေး၊ နေရာမရွေး အရည်အသွေးကောင်းတဲ့ ဓာတ်ပုံ၊ Video တွေကို အံ့သြဖွယ်ရာ ရိုက်ကူးနိုင်တဲ့ အတွေ့အကြုံတွေနဲ့အတူ ပွဲကို ရောက်ရှိလာသူ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ပျော်ရွှင်စေခဲ့ပါတယ်။ ပျော်ရွှင်စရာဂိမ်းများဆော့ကစားလို့ အပြီးမှာတော့ အနုပညာရှင်များက ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီနဲ့ အတူတူ မိတ်ဆက်၊ လက်မှတ်ရေးထိုးပေးပြီး တပျော်တပါး အမှတ်တရဓာတ်ပုံတွေကို ရိုက်ကူးခဲ့ကြပါတယ်။

ယခုမိတ်ဆက်ခဲ့တဲ့ OPPO Reno14 Series 5G ဟာ Party Bestie ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Party အတွက် အထူးရည်ရွယ်ထားသလို ဒီဇိုင်းအားဖြင့် ကြည့်မယ်ဆိုရင်လဲ ခေတ်မှီဆန်းသစ်နေမှုကို အတိုင်းသားမြင်ရမှာ ဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno14 5G နဲ့ OPPO Reno14 Pro 5G တို့မှာပါရှိတဲ့ 3.5x Telephoto Camera က အဝေးက အရာဝတ္တုနဲ့ ပုံရိပ်တွေကိုလဲ အနီးကပ်ဆုံး ရှိနေတယ်လို့ ခံစားစေနိုင်တဲ့အထိ ပုံရိပ်ရဲ့ ကောင်းမွန်မှုကို ပေးစွမ်းမှာဖြစ်သလို၊ 3.5x Telephoto Camera နဲ့ AI Software အကူအညီဖြင့် 120x အထိ Digital Zoom အနေနဲ့ အလှဆုံးဖြစ်အောင် ပုံရိပ်တွေကို အနီးကပ်ဆုံးဖြစ်အောင် ရိုက်ကူးပေးနိုင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် Party ပွဲတွေမှာ အထူးခြားဆုံး အသုံးဝင်မဲ့ AI Vlog Voice Enhancer ဟာ Stage Show ၊ Party လိုမျိုး စည်ကားပြီးဆူညံတဲ့ ပွဲတွေမှာတောင် ကိုယ်အကြိုက်ဆုံး အနုပညာရှင်ရဲ့ သီချင်းတွေ ၊ ကိုယ်အနှစ်သက်ရဆုံး သီချင်းတွေကို ဘေးက ဆူညံသံတွေ မပါစေဘဲ အကြည်လင်ဆုံး ဖမ်းယူနိုင်မှာဖြစ်ပါတယ်။

Fan Meeting Session အပြီးမှာတော့ အတောက်ပဆုံး OPPO Reno14 Series Music Party ကို ဆက်လက်ကျင်းပခဲ့ပါတယ်။ OPPO Reno14 Series Music Party ရဲ့ အဖွင့်ကိုတော့ ပရိသတ်အချစ်တော် Band အဖွဲ့ဖြစ်တဲ့ Eternal Gosh အဖွဲ့ က စတင်ဖျော်ဖြေပေးခဲ့ပြီးနောက်မှာတော့ လူငယ်အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Square Lake Pirates က ဆက်လက်ဖျော်ဖြေပေးခဲ့ပါတယ်။ Square Lake Pirates ရဲ့ ဖျော်ဖြေမှု ပထမပိုင်းအပြီးမှာတော့ MHTV နဲ့ Square Lake Pirates အဖွဲ့တို့က OPPO Reno14 Series 5G ရဲ့ အလှဆုံး ဒီဇိုင်းကို သူတို့ရဲ့ အတွေးအထင်အမြင်နဲ့ ပတ်သက်ပြီး ဝေမျှပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Square Lake Pirates ရဲ့ ဒုတိယပိုင်း ဖျော်ဖြေမှု နဲ့အတူ ပရိသတ်ကို ဖျော်ဖြေခဲ့ပြီး အဆိုပါ ဖျော်ဖြေမှု အပြီးမှာတော့ လူငယ်အဆိုတော် ချမ်းမြေ့မောင်ချိုရဲ့ ပထမဖျော်ဖြေမှုနဲ့အတူ ပရိသတ်တွေက ပျော်ရွှင်ခဲ့ကြပါတယ်။ အဆိုတော် ချမ်းမြေ့မောင်ချို ရဲ့ ပထမပိုင်းဖျော်ဖြေမှု အပြီးမှာတော့ Myanmar Mobile & Tech Review - MMTR နဲ့ အဆိုတော် ချမ်းမြေ့မောင်ချိုတို့က AI Flash Photography နဲ့ ပတ်သက်လို့ အတွေးအမြင် ခံစားချက်တွေကို မျှဝေခဲ့ကြပါတယ်။ အဆိုပါ ဝေမျှမှုအပြီးမှာတော့ ချမ်းမြေ့မောင်ချိုရဲ့ ဒုတိယပိုင်း ဖျော်ဖြေမှုကို ဆက်လက်ခံစားခဲ့ကြပြီး အဲ့ဒီနောက်မှာတော့ ပရိတ်သတ်အချစ်တော် လူငယ် Vlogger Lara Devora နဲ့ Technity တို့က AI Vlog Voice Enhancer အကြောင်းကို ပရိသတ်ထံ ဝေမျှခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အဆိုတော် ရှိုင်းရဲ့ ပထမပိုင်း ဖျော်ဖြေမှုက ပရိသတ်တွေကို ပိုပြီး စည်ကားလာစေခဲ့ပါတယ်။ ထို့နောက် အဆိုတော်ရှိုင်းနဲ့အတူ Lil Lucas တို့က AI Recompose နဲ့ 3.5x Telephoto Camera တို့အကြောင်းကို သူတို့ အတွေ့အကြုံနဲ့အတူတူ ပရိသတ်ထံ ဝေမျှခဲ့ကြပါတယ်။ အဆိုပါ အစီအစဉ်အပြီးမှာတော့ အဆိုတော် ရှိုင်း ရဲ့ ဒုတိယ ဖျော်ဖြေမှုနဲ့ ဆက်လက် ဖျော်ဖြေခဲ့ကြပြီး အဲဒီနောက်မှာတော့ အဆိုတော် Lu Hpring က HoneyBee နဲ့ အတူတူ 4k Resolution အရည်အသွေးရှိတဲ့ 4k Videography နဲ့ 4k Underwater Videography တို့အကြောင်းကို ပရိသတ်တွေအတွက် အတူတူ ဝေမျှခဲ့ကြပါတယ်။ ဒီလိုစိတ်ဝင်စားစရာ ဝေမျှမှုအပြီးမှာတော့ အဆိုတော် Lu Hpring က ပရိသတ်တွေ သဘောကျနှစ်ခြိုက်စေမဲ့ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပြီး အဆိုပါ ဖျော်ဖြေမှုအပြီးမှာတော့ မင်းသားချော လင်းအောင်ခေတ်နဲ့ Techviewspro တို့က AI Mind Space ၊ Gemini Live တို့အကြောင်း ပရိသတ်ကို အရှင်းလင်းဆုံး ဝေမျှခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပရိသတ်အချစ်တော် အဖွဲ့ဖြစ်တဲ့ Eternal Gosh က ပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေနဲ့အတူ ဖျော်ဖြေပေးရင်း OPPO Reno14 Series Music Party ကို အဆုံးသတ်ခဲ့ပါတယ်။

OPPO Reno14 Series 5G ဟာ ဈေးတန်းတူစမတ်ဖုန်းများအကြား Flagship Technology ပါရှိလာတဲ့ 3.5x Telephoto Camera နည်းပညာ၊ အလင်းအားအကောင်းဆုံးဖြစ်တဲ့ AI Flash Photography ၊ ခေတ်ဆန်ပြီး သုံးစွဲသူတွေ သဘောကျတဲ့ Iridescent Mermaid Design ၊ ခေတ်မီပြီး တိုးတက်လာတဲ့ AI လုပ်ဆောင်ချက်တွေ ၊ Battery Capacity ပိုင်း မှာဆိုရင်လဲ OPPO Reno14 Series ရဲ့ ဈေးအသက်သာဆုံးဖြစ်တဲ့ OPPO Reno14F 5G မှာတောင် 6000 mAh အထိ ပါဝင်လာပြီး IP69 အဆင့်ရှိ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိမှု အစရှိတဲ့ ဘက်ပေါင်းစုံအတွက် ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာကြောင့် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝမှာ ပိုပြီးလွယ်ကူပေါ့ပါးအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

OPPO Reno14 Series 5G ရဲ့ ဈေးနှုန်းတွေကတော့ OPPO Reno14 Pro 5G - ၂,၉၉၉,၉၀၀ ကျပ် ၊ OPPO Reno14 5G - ၂,၃၉၉,၉၀၀ ကျပ် ၊ OPPO Reno14 F 5G - ၁,၅၄၉,၉၀၀ ကျပ် တို့ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ အရောင်အားဖြင့်ကတော့ OPPO Reno14 Pro 5G ကို Opal White နဲ့ Titanium Grey နှစ်ရောင် ၊ OPPO Reno14 5G ကို Opal White နဲ့ Luminous Green နှစ်ရောင်၊ Reno14 F 5G ကို Opal Blue နဲ့ Luminous Green နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။


ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကို ရရှိစေရန် TikTok Feed ကို ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်ချိန်ညှိနိုင်မည့် လုပ်ဆောင်ချက်မ...
17/07/2025

ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကို ရရှိစေရန် TikTok Feed ကို ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်ချိန်ညှိနိုင်မည့် လုပ်ဆောင်ချက်များ
၁၇၊ ဇူလိုင်၊ ၂၀၂၅၊ ရန်ကုန် ။ ။ TikTok သည် ပျော်စရာကောင်းသော အတွေ့အကြုံ ရရှိစေရန် For You feed ကို အသုံးပြုသူများ စိတ်ကြိုက်ပြင်ဆင်နိုင်ရန် လုပ်ဆောင်ပေးလျက်ရှိပါသည်။ App ကို ဖွင့်သည့်အခါ မြင်ရသည့် ပထမဆုံးမျက်နှာပြင် For You feed သည် အသုံးပြုသူတစ်ဦးချင်းစီ၏ စိတ်ဝင်စားမှုနှင့် အံဝင်ခွင်ကျဖြစ်စေသော ဗီဒီယိုများကို စဉ်ဆက်မပြတ် မွမ်းမံပြင်ဆင်ပေးလျက်ရှိပါသည်။ စမတ်ကျသော အကြံပြုချက်စနစ်ဖြင့် လုပ်ဆောင်ထားသောကြောင့် App ကို သင် အသုံးပြုပုံအပေါ်မူတည်ပြီး သင့်စိတ်ကြိုက်အကြောင်းအရာများနှင့် ကိုက်ညီသော ဗီဒီယိုများ၊ Creator များနှင့် ခေတ်စားနေသည့် Trend များကို ပြသပေးမည်ဖြစ်ပါသည်။
အသုံးပြုသူတွေအတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းမှာ For You feed ၏ ထူးခြားချက်တစ်ခုဖြစ်ပါသည်။ TikTok က သင့်အနေဖြင့် မည်သည့်အကြောင်းအရာကို ကြည့်ရှုသည်၊ Like Share Comment ပေးသည်၊ သို့မဟုတ် ရှာဖွေသည် စသဖြင့် ထည့်သွင်းစဉ်းစားပြီး အဆိုပါ အချက်အလက်များကို အသုံးပြုကာ အကြံပြုချက်အသစ်များကို ချိန်ညှိပေးပါသည်။ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဗီဒီယိုတစ်ခု အဘယ်ကြောင့် သင့် feed တွင် ပေါ်လာသည်ကို သိလိုပါက Share Panel ထဲရှိ “ဘာကြောင့် ဤဗီဒီယိုပေါ်လာသလဲ” ကို နှိပ်ပြီး သိရှိနိုင်ပါသည်။ ဤ Feature မှ တစ်ဆင့် ဗီဒီယိုသည် သင်တခြားကြည့်ရှုထားသည့် ဗီဒီယိုများနှင့် ဆင်တူခြင်း ရှိ မရှိ၊ သင့်ဒေသတွင် ရေပန်းစားနေသည် သို့မဟုတ် မကြာသေးမီက လွှင့်တင်ထားသည် စသည်တို့ကို ရှင်းပြထားပါသည်။
TikTok သည် သင်၏ အသုံးပြုကြည့်ရှုမှုအတွေ့အကြုံကို ပို၀င်အသက်၀င်ပုံဖော်နိုင်စေမည့် Tool များစွာကိုလည်း ပံ့ပိုးပေးထားပါသည်။ နှစ်သက်သော အကြောင်းအရာများကို "Like" လုပ်ခြင်း၊ စိတ်ဝင်စားမှုများနှင့် ထပ်တူထပ်မျှ အကြောင်းအရာများဖန်တီးသည့် Creator များကို "Follow" လုပ်ခြင်း၊ မိမိ အကြိုက်နှင့် ထပ်တူမကျသည့် ဗီဒီယိုများကို "Not Interested" လုပ်ခြင်း၊ လက်ရှိစိတ်ဝင်စားမှုများနှင့် ကိုက်ညီသော အကြောင်းအရာများကို ရှာဖွေခြင်း၊ သီးခြားအသုံးအနှုန်းများနှင့် သက်ဆိုင်သည့်အကြောင်းအရာကို ရှောင်ရှားရန် သော့ချက် (Keyword) စာလုံးများကို စစ်ထုတ်ခြင်း၊ ပိုမိုထိန်းချုပ်မှုရှိသောအတွေ့အကြုံအတွက် "Restricted Mode" ကိုဖွင့်ထားခြင်း၊ ဗီဒီယိုအကြံပြုချက်များကို ပြန်လည်သတ်မှတ်ရန် သင်၏ For You feed ကို "Refresh" လုပ်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ပါ၀င်ပါသည်။
အကြောင်းအရာရှာဖွေတွေ့ရှိမှုအပေါ် အသုံးပြုသူထိန်းချုပ်မှုကို ချဲ့ထွင်ရန် မကြာသေးမီက TikTok သည် For You feed ကို ကူညီပေးသည့် လုပ်ဆောင်ချက်အသစ်နှစ်ခုကို မကြာသေးမီက မိတ်ဆက်ပေးခဲ့ပါသည်။
• "Manage Topics" မှ တစ်ဆင့် ရေပန်းစားနေသော ဖန်တီးမှုအနုပညာ၊ ခရီးသွား၊ သဘာဝနှင့် အားကစားကဲ့သို့သော လူကြိုက်များသည့် Theme ဆယ်ခုကျော်ထဲမှ စိတ်ကြိုက်အကြောင်းအရာကို သင်၏ feed တွင် ပိုမိုမြင်နိုင်အောင် စိတ်ကြိုက်ချိန်ညှိနိုင်မည်ဖြစ်ပါသည်။ ၎င်းသည် သင့်အကြိုက်နှင့် မကိုက်ညီသည့် အကြောင်းအရာများကို ကန့်သတ်ကာ သင်နှစ်သက်သောအရာကို ပိုမိုရှာဖွေတွေ့ရှိရန် ကူညီပေးမည်ဖြစ်သည်။
• "Smart Keyword Filters" သည် AI နည်းပညာဖြင့် သော့ချက် (Keyword) စာလုံးစစ်ထုတ်မှုကို မြှင့်တင်ပေးမည်ဖြစ်ပါသည်။ ဤအဆင့်မြှင့်ထားသော လုပ်ဆောင်ချက်သည် စစ်ထုတ်ရန် သတ်မှတ်ထားသော စကားလုံးများကို ပိတ်ဆို့ခြင်းအပြင် ဆက်စပ်စကားလုံးများနှင့် အဓိပ္ပါယ်တူစကားလုံးများကိုပါ ဖော်ပြပေးပြီး ပိုမိုတိကျစွာစစ်ထုတ်နိုင်အောင် လုပ်ဆောင်နေပါသည်။ အသုံးပြုသူများအနေဖြင့် စစ်ထုတ်ထားသော စကားလုံးများကို အချိန်မရွေး ပြန်လည်သုံးသပ်ပြီး ချိန်ညှိနိုင်ပါသည်။ နောက်ပိုင်းတွင် စစ်ထုတ်နိုင်သည့် စာလုံးအရေအတွက်ကို တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ပိုမိုလျင်မြန်တိကျစေရန် Keyword စာလုံးများကို အစုလိုက် ထည့်သွင်းနိုင်အောင်လည်း လုပ်ဆောင်လျက်ရှိပါသည်။
အထက်ပါ လုပ်ဆောင်ချက်များကို လေ့လာပြီး စိတ်ကြိုက်ချိန်ညှိအသုံးချခြင်းဖြင့် သင်၏ TikTok အသုံးပြုမှု အတွေ့အကြုံကို စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီး အသုံးပြု Scroll လုပ်သည့်အချိန်တိုင်း For You feed တွင် သင် အမှန်တကယ်နှစ်သက်သည့်အကြောင်းအရာများသာ ထင်ဟပ်နေမည်ဖြစ်ပါသည်။

ရွှေညဝါဆရာတော် ၏ အန္တိမအဂ္ဂိစျာပန သဘင် ဆင်ယင်ကျင်းပ ပြုလုပ်ရန်ကုန် ဇူလိုင် ၁၆ရွှေညဝါဆရာတော် အရှင်ပညာသီဟ ၏ အန္တိမအဂ္ဂိစျာ...
16/07/2025

ရွှေညဝါဆရာတော် ၏ အန္တိမအဂ္ဂိစျာပန သဘင် ဆင်ယင်ကျင်းပ ပြုလုပ်

ရန်ကုန် ဇူလိုင် ၁၆

ရွှေညဝါဆရာတော် အရှင်ပညာသီဟ ၏ အန္တိမအဂ္ဂိစျာပန ကို မှော်ဘီမြို့နယ် ရွှေညဝါတောရကျောင်းတိုက် တွင် ယနေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဆရာတော် သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် နံနက် ၂ နာရီ ၄၅ မိနစ် တွင် အသည်းရောဂါ နှင့် ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံတွင် ဆေးကုသမှု ခံယူရင်း ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ပျံလွန်တော် မူချိန်တွင် သက်တော် ( ၆၀ ) ၊ ဝါတော် ( ၄၀ ) ရှိပြီဖြစ်သည်။

ဆရာတော် ၏ စျာပန အခမ်းအနားသို့ ရဟန်းရှင်လူ များပြားစွာ လာရောက်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရပါသည်။

လူအယောက် (၅၀၀၀)ကျော်ကို ထမင်းဟင်းစတုဒီသာအဝကျွေးမွေးလှူဒါန်းတဲ့ ဒေါက်တာ ဦးဝင်းမြင့်နှင့် အဂ္ဂမဟာသီရိသုဓမ္မသိဂီ ဒေါ်ခိုင်ခ...
13/07/2025

လူအယောက် (၅၀၀၀)ကျော်ကို ထမင်းဟင်းစတုဒီသာအဝကျွေးမွေးလှူဒါန်းတဲ့ ဒေါက်တာ ဦးဝင်းမြင့်နှင့် အဂ္ဂမဟာသီရိသုဓမ္မသိဂီ ဒေါ်ခိုင်ခိုင်ဦး(မြတ်မေတ္တာမွန်)

ဒေါက်တာဦးဝင်းမြင့်နှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦး(မြတ်မေတ္တာမွန် - MMTM Petrol) တို့ဟာ ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့ စတုဒီသာ အလှူအဖြစ် လူ(၅၀၀၀) ကျော်စာ ထမင်းဟင်းစတုဒိသာအနေနဲ့ ကြက်သားဟင်း၊ သီးစုံပဲကုလားဟင်း၊ သရက်ချဉ်သုတ်၊ ပုစွန်ခြောက်ကြော်တို့ဖြင့် ကျွေးမွေးခဲ့ပါတယ်....





စာရေးဆရာမောင်သာချို၏ အရိုးပြာအိုးအား ဂူသွင်းမြုပ်နှံစဥ်
12/07/2025

စာရေးဆရာမောင်သာချို၏ အရိုးပြာအိုးအား ဂူသွင်းမြုပ်နှံစဥ်

စာရေးဆရာ မောင်သာချို ၏ စျာပန သို့ စာပေပရိသတ်များစွာ လိုက်ပါပို့ဆောင်ခဲ့ရန်ကုန် ဇူလိုင် ၁၂ကွယ်လွန်သူ ဒေါက်တာညွန့်သောင်း (...
12/07/2025

စာရေးဆရာ မောင်သာချို ၏ စျာပန သို့ စာပေပရိသတ်များစွာ လိုက်ပါပို့ဆောင်ခဲ့

ရန်ကုန် ဇူလိုင် ၁၂

ကွယ်လွန်သူ ဒေါက်တာညွန့်သောင်း ( ပါမောက္ခဌာနမှူး ( ငြိမ်း ) မြန်မာစာဌာန၊တောင်ကုတ်တက္ကသိုလ်) စာရေးဆရာ မောင်သာချို ၊ ဂျက် ကွမ်းခြံကုန်း ၏ စျာပန ကို ယနေ့ နေ့လယ် ၃ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။

ဆရာမောင်သာချို ၏ နောက်ဆုံးခရီးသို့ စာရေးဆရာများ ၊ အနုပညာရှင်များ ၊ စာဖတ်ပရိသတ်များ များစွာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ဆရာ မောင်သာချို ဂျက်ကွမ်းခြံကုန်း သည် ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၁၀ ရက် ၊ နံနက် ၇ နာရီ ၅၀ မိနစ်တွင် မြောက်ဒဂုံမြို့နယ် ၊ ပင်လုံဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်သက်ဆွေ ၊ သမီးဒေါက်တာ မေတာရာဖူး နှင့် သား ကိုခွန်တေဇ တို့ ကျန်ရစ်ခဲ့သည်။

Samsung ၏ စွမ်းဆောင်ရည်အမြင့်မားဆုံးနှင့် ပါးလွှာပေါ့ပါးမှုအရှိဆုံး နောက်ဆုံးပေါ် Galaxy Z Fold7 နှင့် Galaxy Z Flip7 ခေ...
10/07/2025

Samsung ၏ စွမ်းဆောင်ရည်အမြင့်မားဆုံးနှင့် ပါးလွှာပေါ့ပါးမှုအရှိဆုံး နောက်ဆုံးပေါ် Galaxy Z Fold7 နှင့် Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းများအား Galaxy Unpacked အခမ်းအနားကြီးနှင့်အတူ မိတ်ဆက်
==================================================

ရန်ကုန် ဇူလိုင် ၁၀

- ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Samsung Electronics Co.,Ltd သည် ၎င်း၏ စွမ်းဆောင်ရည်အမြင့်မားဆုံး နောက်ဆုံးပေါ် Galaxy Z Fold7 နှင့် Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းများအား ယမန်နေ့ည (ဇူလိုင်လ ၉ ရက်) တွင် ကျင်းပ ပြုလုပ်ခဲ့သည့် Galaxy Unpacked အခမ်းအနားကြီးမှ တဆင့် ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသော Samsung ချစ်သူများထံ မိတ်ဆက်ပြသခဲ့သည်။ Samsung ၏ အမြင့်မားဆုံးသော AI စွမ်းဆောင်ရည်များ ထည့်သွင်းပေးထားသည့် ပါးလွှာပေါ့ပါးမှု အရှိဆုံး ခေါက်ချိုးစမတ်ဖုန်းများ ဖြစ်သော Galaxy Z Fold7 နှင့် Galaxy Z Flip7 ခေါက်ချိုး စမတ်ဖုန်းများအား မြန်မာနိုင်ငံမှ အသုံးပြုသူများအနေနှင့် ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင်လ (၂၉) ရက်နေ့ အတွင်း များပြားလှသော အထူးခံစားခွင့်များ နှင့်အတူ Pre Order မှာယူသွားနိုင်မည်လည်း ဖြစ်သည်။

“Galaxy Unpacked – July, 2025 အခမ်းအနားကြီးမှာ မိတ်ဆက်သွားတဲ့ နောက်ဆုံးပေါ် Galaxy Z Fold7 နဲ့ Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းတွေဟာ Galaxy AI လုပ်ဆောင်ချက်တွေကို စွမ်းဆောင်ရည်မြင့်မားလှတဲ့ hardware, software ပိုင်းတွေ၊ ပါးလွှာပေါ့ပါးမှုအရှိဆုံး စွဲမက်ဖွယ်ဒီဇိုင်းတည်ဆောက်မှုတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့အတွက် ခေါက်ချိုး စမတ်ဖုန်းတွေအတွက် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးသွားနိုင်တော့မှာပါ။ အခုအသစ်မိတ်ဆက်လိုက်တဲ့ Samsung Galaxy Foldables စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်အမြင့်မားဆုံး၊ မျက်နှာပြင် ကြီးမားကျယ်ပြန့်မှုအရှိဆုံး၊ ဉာဏ်ရည်အမြင့်မားဆုံးနဲ့ ကိုင်တွယ်အသုံးပြုရ အပေါ့ပါး အလွယ်ကူဆုံး အစရှိတဲ့ Ultra အသုံးပြုမှု အတွေ့အကြုံတွေကို အကန့်အသတ်မရှိ ပေးအပ်သွားနိုင်မှာ ဖြစ်ပါတယ်။” ဟု Samsung Electronics ၏ President and Acting Head of the Device eXperience (DX) ဖြစ်သူ TM Roh မှ ပြောကြားခဲ့သည်။

စမတ်ဖုန်း အသုံးပြုမှုအတွေ့အကြုံအား နောက်တစ်ဆင့် မြှင့်တင်ပေးသွားနိုင်မည့် ပါးလွှာပေါ့ပါးမှု အရှိဆုံးနှင့် စွမ်းဆောင်ရည်အမြင့်မားဆုံး Galaxy Z Fold7 ခေါက်ချိုး စမတ်ဖုန်း

215 g အလေးချိန်သာရှိသည့် နောက်ဆုံးပေါ် Galaxy Z Fold7 ခေါက်ချိုးစမတ်ဖုန်းသည် Galaxy S25 Ultra ထက်ပင် ပိုမိုပေါ့ပါးမည် ဖြစ်ကာ ခေါက်ထားပါက 8.9 mm အထူနှင့်၊ ဖြန့်ထားပါက 4.2 mm အထူသာ ရှိမည် ဖြစ်သည့် အတွက် Galaxy Z Fold စမတ်ဖုန်းများအနက် အပါးလွှာဆုံးနှင့် အပေါ့ပါးဆုံး စမတ်ဖုန်း ဖြစ်လာခဲ့သည်။ ထို့အပြင် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံကို ရရှိခံစားနိုင်စေရန်အတွက် Galaxy Z Fold7 ခေါက်ချိုးစမတ်ဖုန်းတွင် ပိုမိုကြီးမားကျယ်ပြန့်သည့် 8” Dynamic AMOLED 2x အဓိကမျက်နှာပြင် (ယခင်မျိုးဆက်ထက် 11% အထိပိုမိုကျယ်ပြန့်လာ) နှင့် 6.5” Dynamic AMOLED 2x Cover မျက်နှာပြင်များ ကိုလည်း ထည့်သွင်းတည်ဆောက် ပေးထားသည်။

ကင်မရာရိုက်ကူးမှု အပိုင်းတွင်လည်း Samsung သည် ၎င်း၏ Pro-Grade ကင်မရာစွမ်းဆောင်ရည်များအား Galaxy Z Fold7 တွင် ထည့်သွင်းပေးထားပြီး Galaxy Z Series စမတ်ဖုန်းများအနက် ပထမဦးဆုံးအကြိမ်အဖြစ် 200MP Wide Camera နှင့်အတူ ၄ ဆအထိ Detail ပိုမိုမြင့်မားပြီး 44% အထိ ပိုမိုအလင်းရောင် ရရှိသည့် ပုံရိပ်များကို ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် 10MP 100° wide-angle camera ကိုလည်း အဓိက မျက်နှာပြင်တွင် ထည့်သွင်းပေးထားပြီး မျိုးဆက်သစ် ProVisual Engine၊ Night Video လုပ်ဆောင်ချက်နှင့် 10-bit HDR ပုံရိပ်အရည်အသွေးများကိုလည်း ထည့်သွင်းပေးထားသည်။

ထို့အပြင် ယခင် မျိုးဆက်ထက် 10% ပိုမိုမာကျောသည့် Advanced Armor Aluminum အား Frame နှင့် Hinge များတွင် ထည့်သွင်းပေးထားသည့်အပြင် Corning® Gorilla® Glass Ceramic 2 အသုံးပြု ထားသည့် Cover မျက်နှာပြင်၊ 50% အထိ ပိုမိုအထူရှိသည့် Ultra-Thin Glass (UTG) နှင့် Titanium Plate Layer များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အဓိကမျက်နှာပြင်များ နှင့်အတူ Galaxy Z Fold7 ခေါက်ချိုး စမတ်ဖုန်း အား ပိုမိုကျစ်လစ်ပြီး အမြင့်မားဆုံးသော အကြမ်းခံနိုင်မှု ရရှိစေရန် ဒီဇိုင်းရေးဆွဲ တည်ဆောက် ထားသည်။

Galaxy Z Fold7 ခေါက်ချိုးစမတ်ဖုန်းတွင် Samsung ၏ စွမ်းဆောင်ရည် အမြင့်မားဆုံး Snapdragon 8 Elite for Galaxy Processor အားထည့်သွင်းပေးထားသည့်အတွက် ယခင်မျိုးဆက်နှင့်နှိုင်းယှဉ်ပါက NPU တွင် 41% အထိ၊ CPU တွင် 38% အထိနှင့် GPU တွင် 26% အထိ ပိုမိုအားကောင်းလာမည် ဖြစ်ပြီး အမြင့်မားဆုံးသော စွမ်းဆောင်ရည်နှင့် AI လုပ်ဆောင်ချက်များအား အကန့်အသတ်မရှိ အသုံးပြုသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် ဓာတ်ပုံနှင့်ဗီဒီယိုများအား မိမိစိတ်တိုင်းကျ ပြင်ဆင်နိုင်စေရန်အတွက် Pro-Grade Creative Editing လုပ်ဆောင်ချက်များဖြစ်သည့် Side-by-Side Editing, Photo Assist, Sketch to Image, Instant Slow-Mo, Portrait Studio, Generative Edit, Suggest Erases နှင့် Audio Eraser များကိုလည်း Galaxy Z Fold7 တွင် ထည့်သွင်းပေးထားသည်။

အလားတူပင် Samsung သည် ၎င်း၏ နောက်ဆုံးပေါ် Software Update ဖြစ်သည့် One UI 8 အား Android 16 Operating System နှင့်အတူ Galaxy Z Fold7 တွင်ထည့်သွင်းပေးထားသောကြောင့် Gemini Live, Circle to Search၊ Personalized Now Bar & Now Brief, Drawing Assist & Writing Assist အစရှိသည့် နာမည်ကျော် စွမ်းဆောင်ရည် အမြင့်မားဆုံး Ultra AI လုပ်ဆောင်ချက်များအား မြန်ဆန့်ချောမွှေ့မှုအပြည့်ဖြင့် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

Edge-to-Edge FlexWindow အသစ်နှင့် စွမ်းဆောင်ရည်အမြင့်မားဆုံး AI လုပ်ဆောင်ချက်များ ပါရှိ လာသည့် ကျစ်လှစ်လှပသော Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်း

အိတ်ကပ်ထဲအလွယ်တကူ သယ်သွားနိုင်သည့် ကျစ်လစ်လှပ၍ စွမ်းဆောင်ရည် မြင့်မားမှုအရှိဆုံး Pocket-Sized Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းအား ယခင်မျိုးဆက်များထက် ပိုမိုကြီးမားလာပြီး Vision Booster ပါရှိလာသည့် 4.1” Super AMOLED FlexWindow နှင့် 6.9” Dynamic AMOLED 2x အဓိက မျက်နှာပြင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး မျက်နှာပြင် ၂ ခုလုံးတွင် Peak Brightness 2,600 nits နှင့် 120Hz Refresh Rate စွမ်းဆောင်ရည်များအား ထည့်သွင်းပေးထားသည်။

Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းသည် 188 g အထိပေါ့ပါးပြီး ခေါက်ထားသည့်အချိန်မှာပင် 13.7 mm အထူသာ ရှိသည့် အတွက် ပါးလွှာပေါ့ပါးမှုအရှိဆုံး Galaxy Z Flip မျိုးဆက် စမတ်ဖုန်းတစ်လုံးဖြစ်လာခဲ့သည်။ ထို့အပြင် Galaxy Z Flip7 အား ယခင်မျိုးဆက်များထက် ပိုမိုကျစ်လစ်မာကျောမှုရှိစေရန် မျက်နှာပြင် ၂ ခုလုံးအား Corning® Gorilla® Glass Victus® 2 အသုံးပြုတည်ဆောက်ထားပြီး Armor FlexHinge နှင့် Armor Aluminum Frame များကိုလည်း ထည့်သွင်းပေးထားသည်။

ထို့အပြင် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များကို မြန်ဆန်ချောမွှေ့မှုအပြည့်ဖြင့် လုပ်ဆောင်နိုင်စေရန် အတွက် Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းများအား နောက်ဆုံးပေါ် Software Update ဖြစ်သည့် One UI 8 အား Android 16 Operating System နှင့်အတူ ထည့်သွင်းပေးထားပြီး Gemini Live (FlexWindow မှာပါ အသုံးပြုနိုင်), Now Bar, Now Brief နှင့် Stretch Clock အစရှိသည့် နောက်ဆုံးပေါ် AI လုပ်ဆောင်ချက်များအား မျိုးဆက်သစ် 3nm Exynos 2500 Processor, 4,300 mAh Battery များနှင့်အတူ ထည့်သွင်းတည်ဆောက်ပေးထားသည်။
ကင်မရာပိုင်းဆိုင်ရာတွင်လည်း Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းများတွင် Flagship အဆင့် ကင်မရာ လုပ်ဆောင်ချက်များ နှင့် Samsung ၏ အမြင့်မားဆုံးသော Selfie ကင်မရာ စွမ်းဆောင်ရည်များကို ထည့်သွင်း ပေးထားသည်။ 50MP Wide နှင့် 12MP Ultra-Wide ကျောဖက်ကင်မရာ ၂ လုံး၊ Night Video, 10-bit HDR ပုံရိပ်အရည်အသွေး, Real Time Filters, Flex Cam, Zoom Slider, Dual Preview နှင့် Portrait Studio အစရှိသည့် ကင်မရာပိုင်းဆိုင်ရာ ထိပ်တန်း လုပ်ဆောင်ချက်များနှင့်အတူ Galaxy Z Flip7 စမတ်ဖုန်းသည် အသုံးပြုသူများ အတွက် စိတ်တိုင်းကျ ကျေနပ်မှု အရှိဆုံး ရိုက်ကူးမှုအတွေ့အကြုံများကို ပေးအပ်သွားနိုင်မည် ဖြစ်သည်။

Galaxy Watch 8 နှင့် Galaxy Watch8 Classics စမတ်နာရီများ

Samsung ၏ Galaxy Unpacked အခမ်းအနားကြီးတွင် Galaxy Z Fold7 နှင့် Galaxy Z Flip7 စမတ်ဖုန်းများ အပြင် Galaxy Watch8 နှင့် Galaxy Watch8 Classics စမတ်နာရီ များ ကိုလည်း မိတ်ဆက်ခဲ့သည်။

Samsung ၏ နောက်ဆုံးမျိုးဆက် Galaxy Watch8 နှင့် Galaxy Watch8 Classic တို့အား ယခင်မျိုးဆက်ထက် 11% ပိုမိုပါးလွှာစေရန် သေသပ်လှပစွာ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားပြီး အသုံးပြုသူများ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်အလက်များအား တိကျမှုအရှိဆုံး တိုင်းတာနိုင်မည့် BioActive Sensor Smartwatch များအနက် ပထမဆုံးပါရှိလာသည့် Antioxidant Index အပြင် Vascular Load, Running Coach, High Stress Alert နှင့် Energy Core အစရှိသည့် လုပ်ဆောင်ချက်များ အား Gemini AI, Wear OS 6, One UI 8 နှင့် Now Bar အစရှိသည့် နောက်ဆုံးပေါ် စွမ်းဆောင်ရည်များ နှင့်အတူ ပေါင်းစပ်ဖန်တီးပေးထားခြင်း ဖြစ်သည်။

Security ပိုင်းဆိုင်ရာအနေဖြင့်လည်း Samsung သည် ၎င်း၏ AI စနစ်သုံး KEEP (Knox Enhanced Encrypted Protection) လုံခြုံရေးစနစ် အသစ်အား Galaxy Z Fold7 နှင့် Galaxy Z Flip7 စမတ်ဖုန်းများတွင် ထည့်သွင်းပေးထားသည်။

နောက်ဆုံးထွက် Galaxy ထုတ်ကုန်သစ်များအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်မှ ၂၉ ရက်အတွင်း အောက်ပါအတိုင်း Pre-Order အထူးဈေးနှုန်းများ၊ အထူးခံစားခွင့်များနှင့်အတူ ကြိုတင်မှာယူသွားနိုင်မည်။
Galaxy Z Fold7 [Blue Shadow, Silver Shadow, Jetblack နှင့် Mint (Online Exclusive)] - ၇,၉၅၀,၀၀၀ ကျပ်၊
Galaxy Z Flip7 [Jetblack, Blue Shadow, Coralred နှင့် Mint (Online Exclusive)] - ၄,၉၃၀,၀၀၀ကျပ်၊
Galaxy Watch8 [Graphite နှင့် Silver] – ၁,၅၂၀,၀၀၀ ကျပ် (44mm) နှင့် ၁,၅၂၀,၀၀၀ ကျပ် (40mm)
Galaxy Watch8 Classic 46mm [Black နှင့် White] – ၁,၉၉၉,၀၀၀ ကျပ်

Pre Order ကြိုတင်မှာယူနိုင်မှုနှင့် အထူးအကျိုးခံစားခွင့်များ

RAM 256 GB ရှိသည့် Galaxy Z Fold7 (သို့မဟုတ်) Galaxy Z Flip7 ဝယ်ယူခြင်းအတွက် စုစုပေါင်း မြန်မာငွေကျပ် ၇၀၀,၀၀၀ ဝန်းကျင် တန်ဖိုးရှိ အောက်ပါလက်ဆောင် ၂ မျိုး
RAM 512 GB သို့ Storage နှစ်ဆ အခမဲ့မြှင့်တင်ပေးခြင်း
Galaxy Z Fold7 စမတ်ဖုန်းအတွက် Silicone Case နှင့် Galaxy Z Flip7 စမတ်ဖုန်းအတွက် Silicone Case with Ring အား လက်ဆောင်ထည့်သွင်းပေးခြင်း
လက်ရှိကိုင်ဆောင်နေသည့် ဖုန်းနှင့် လဲလှယ်နိုင်သည့် အဟောင်းပေး အသစ်ယူ Trade In အစီအစဉ် (သတ်မှတ်ထားသော ဖုန်းအမျိုးအစားဖြင့်သာ လဲလှယ်နိုင်)
Samsung Care+ ၀န်ဆောင်မှုကို Pre-order customers များအတွက် ဝယ်ယူပြီးသည့်နေ့မှ ၆လအတွင်း ၁၀၀% သက်သာခွင့် တစ်ကြိမ်
၁၈ လအတွင်း Main Screen မတော်တဆ ထိခိုက်ခြင်းအတွက် ၇၀% နှင့် Cover Screen (သို့မဟုတ်) Screen Protector မတော်တဆ ထိခိုက်ခြင်းအတွက် ၁၀၀% သက်သာခွင့်များအား တစ်ကြိမ် ခံစားခွင့်
ATOM ဆင်းမ်ကတ် အသုံးပြုသူများ အတွက် ၆ ကြိမ်အထိ အခမဲ့ Bundle Benefits များ ရရှိနိုင်ခြင်း
Samsung Showroom များတွင် AYA Bank, AYA PAY, CB Bank, Blue Season, Rent2Own တို့နှင့် ချိတ်ဆက်ဝယ်ယူပါက ၆ လအထိ အတိုးမဲ့အရစ်ကျ ဝယ်ယူနိုင်ခွင့် စသည်တို့အပြင်Galaxy Z Fold7 (သို့) Galaxy Z Flip7 နှင့်အတူ Galaxy Watch8 Classic (သို့) Galaxy Watch8 (သို့) Galaxy Buds3 / Buds3 Pro အား တွဲဖက်ဝယ်ယူပါက ၂၀% အထိ သက်သာခွင့်ကို ထပ်မံရရှိသွားမည်ဖြစ်သည်။

Samsun ၏ နောက်ဆုံးပေါ် Galaxy Z Fold7၊ Galaxy Z Flip7 နှင့် Galaxy Watch8 ထုတ်ကုန်သစ်များအား Pre Order မှာယူလိုသူများအနေနှင့် [http://smsng.co/galaxy-zfold7-zflip7-pre-order-now] ၌ စာရင်းသွင်းမှာယူသွားနိုင်မည် ဖြစ်သည်။ အသေးစိတ် ထပ်မံသိရှိလိုပါက မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ၊ Samsung Myanmar ၏ တရားဝင် Website နဲ့ Facebook စာမျက်နှာများ၌ ဝင်ရောက်ကြည့်ရှုမေးမြန်း နိုင်ပါသည်။




--

08/07/2025

IRON CROSS ရဲ့ဖခင်ကြီးနဲ့ IRON CROSS
အဖွဲ့သားများ🎸🎸🎸

MPT က ဝန်ထမ်းများ စည်းလုံးညီညွတ်မှုနှင့် ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် ဒုတိယအကြိမ်မြောက် ‘TeamFit: Unite & Mo...
08/07/2025

MPT က ဝန်ထမ်းများ စည်းလုံးညီညွတ်မှုနှင့် ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် ဒုတိယအကြိမ်မြောက် ‘TeamFit: Unite & Move’ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပ
================================================

ရန်ကုန်၊ ဇူလိုင် ၈

MPT က ‘TeamFit: Unite & Move’ အစီအစဉ်၏ တစ်စိတ် တစ်ပိုင်း အဖြစ် ယမန်နှစ်က အောင်မြင်စွာကျင်းပခဲ့သည့်အပေါ် အခြေခံပြီး ဒုတိယ အကြိမ်မြောက် ဖူဆယ် ဘောလုံး ပြိုင်ပွဲကို ဇူလိုင်လ(၅)ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် ကစားကွင်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲသည် ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကျန်းမာကြံ့ခိုင်မှုနှင့် ကိုယ်စိတ်ကျန်းမာစွာ ရှိမှု၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ခိုင်မာစေရန်နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု တိုးတက်စေရန်အတွက် MPT ၏ ဌာနကြီး (၅) ခုမှ ဝန်ထမ်းများအတူတကွပါဝင်ကာ စုစုပေါင်း အသင်း (၈) သင်းဖြင့် ထပ်မံဆောင်ရွက်လိုက်ခြင်း ဖြစ်ပါသည်။

ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာကြံ့ခိုင်စွာရှိမှု နှင့် တက်ကြွသောလူနေမှုပုံစံရှိနေခြင်းက ခိုင်မာကောင်းမွန်သည့် အဖွဲ့အစည်း တစ်ခုအတွက် အရေးကြီးကြောင်း MPT ကကောင်းစွာယုံကြည်ထားပါသည်။ ၎င်းက အပြုသဘော ဆောင်သော လုပ်ငန်းခွင်ကို ပျိုးထောင်ပေးကာ နောက်ဆုံးအနေဖြင့် နိုင်ငံတစ်ဝန်းရှိ တန်ဖိုးထားရသော သုံးစွဲသူ များသို့ ဝန်ဆောင်မှုပေးရာတွင် အကောင်းဆုံးကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။

MPT-KSGM JO ၏ အမှုဆောင်အရာရှိချုပ်ဌာနကြီးမှ Mr. Mikinori NAITO က “ ‘TeamFit: Unite & Move’ ရဲ့ ဒုတိယအကြိမ်မြောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျွန်တော်တို့ ဆက်လက်ပြီးအောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့ပြီး စိတ်အားထက်သန်မှုတွေကို မြင်တွေ့ရတဲ့အတွက် အထူးပဲဂုဏ်ယူမိပါတယ်။ ဒီဖူဆယ်ဘောလုံးပြိုင်ပွဲက MPT ကို ခိုင်မာစည်လုံးတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်စေတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေဖြစ်တဲ့ တက်ကြွတဲ့ လုပ်ငန်းခွင်ဓလေ့ကို မြှင့်တင်ပေးနိုင်မှု၊ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးမှု၊ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ခိုင်မာစေမှုတွေကို အမှန်တကယ် ပုံဖော်ပေးနေတာဖြစ်ပါတယ်။ ဒီနေ့ပြိုင်ပွဲမှာ ကျွမ်းကျင်မှု၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့ ကြိုးပမ်းမှုအားထုတ်မှု အရည်အသွေးတွေကိုပြသခဲ့ပြီး ချန်ပီယံ ဆုဖလားကို ဆွတ်ခူးသွားခဲ့တဲ့ COO-1 ဖူဆယ်ဘောလုံးအသင်းကို ထပ်မံပြီးဂုဏ်ပြုလိုပါတယ်။ ဒီနှစ်မှာလည်း ကျင်းပတဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒုတိယအကြိမ်အဖြစ် ဆက်လက်အောင်မြင်အောင် ကူညီထောက်ပံ့ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT သည် “TeamFit:Unite & Move” အစီအစဉ်မှတစ်ဆင့် ယောဂနှင့် Zumba ကဲ့သို့သော ကျန်းမာရေး လုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြင့် ကိုယ်စိတ်ကျန်းမာစွာရှိမှုနှင့်တက်ကြွသော လူနေမှုပုံစံကို မြှင့်တင်ခြင်းတို့ကို အသိအမှတ်ပြုပြီး ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှုကို အလေးထားဆောင်ရွက်လျက်ရှိကာ ယင်းကတစ်ဆင့် တူညီသည့်ရည်ရွယ်ချက်သို့ ရောက်ရှိရန်အတွက် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုကို ပျိုးထောင်ပေးပြီး အဆုံးတွင် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ပေးစေနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရသော အရည်အသွေးမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန်နှင် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးကူညီနိုင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၊ မြန်မာဘရူဝါရီလီမိတက်၏ ဝန်ထမ်းများနှင့် စီးပွားမိတ်ဖက်များအား  ကူညီထောက်ပံ့ပေးမှုများရ...
08/07/2025

ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ၊ မြန်မာဘရူဝါရီလီမိတက်၏ ဝန်ထမ်းများနှင့် စီးပွားမိတ်ဖက်များအား ကူညီထောက်ပံ့ပေးမှုများ

ရန်ကုန် ဇူလိုင် ၈

မြန်မာဘရူဝါရီလီမိတက် (MBL) သည် တာဝန်သိသော ထုတ်လုပ်သူ တစ်ဦးအနေဖြင့် လုပ်ဆောင်နေသည့် မဏ္ဍိုင်ကြီး လေးခုထဲ၌ အများပြည်သူနှင့် ထိတွေ့ဆက်ဆံရေးကဏ္ဍလည်း ပါဝင်ပါသည်။ အဆိုပါကဏ္ဍတွင် မြန်မာပြည်သူလူထု၏ လိုအပ်ချက်များ ဖြစ်သော ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း နှင့် သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးစသည့် ကိစ္စများကို ကရုဏာရှေးရှုမြန်မာမှု (Myanmar Care) အစီအစဉ်ဖြင့် ကျွန်တော်တို့၏ စီးပွားမိတ်ဖက်များနှင့် အတူတူပူးတွဲ ချိတ်ဆက် လုပ်ဆောင်လျက် ရှိပါသည်။

၂၈.၃.၂၀၂၅ နေ့တွင် လှုပ်ခတ်ခဲ့သော အင်အား ၇.၇ ပြင်းအားရှိ ငလျင်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် မြို့ရွာများစွာတွင် ထိခိုက်သေကြေ ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။

ထို့ကြောင့် ကရုဏာရှေးရှုမြန်မာမှု (Myanmar Care) အစီအစဉ်ဖြင့် ငလျင်ဖြစ်ပြီးစ ကာလတွင် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ကျောက်ဆည်မြို့တို့ရှိ ငလျင်ဒဏ်ခံ ပြည်သူများအတွက် သောက်သုံးရေ၊ လျှပ်စစ်မီး၊ အမိုးအကာနှင့် တကိုယ်ရေ သန့်ရှင်းရေးအတွက် ဆပ်ပြာများကို MBL မှ လှူဒါန်းခဲ့ပါသည်။ ထို့နောက် ၆.၆.၂၀၂၅ နေ့ရက်တွင် ငလျင်ဒဏ်ခံ ပြည်သူများ သုံးစွဲနိုင်ရန်အတွက် ဆီ၊ ဆန်၊ လျှပ်စစ်ပန်ကာ၊ လျှပ်စစ်မီးအိမ်၊ ဂတ်စ်မီးဖို၊ နှင့် ငွေသားတို့အား မန္တလေးမြို့ရှိ အိမ်ထောင်စု ၁၆၀ အား လှူဒါန်းခဲ့ပါသည်။

ယနေ့တွင် ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသော မန္တလေးနှင့် နေပြည်တော်‌ဒေသရှိ မြန်မာဘရူဝါရီလီမိတက် ဝန်ထမ်းများ၊ စီးပွားမိတ်ဖက် ဖြန့်ဖြူးရေး ကိုယ်စားလှယ်များ နှင့် ဆိုင်ရှင်ကြီးများအား ပြန်လည်ထူထောင်ရေးအတွက် MBL ကုမ္ပဏီ၊ ဝန်ထမ်းများနှင့် ဖြန့်ဖြူးရေးကိုယ်စားလှယ်ကြီးများမှ စုစုပေါင်း ငွေကျပ်သိန်း ၄၀၀၀ အား ကူညီထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

Care #သဘာဝဘေးအန္တရာယ် #ငလျင် #မြန်မာဘရူဝါရီလီမိတက် #ပြန်လည်ထူထောင်ရေး

သိန်းပေါင်း (၈၀၀၀) ကျော်ကို မွေးနေ့အလှူအဖြစ် လှူဒါန်းလိုက်တဲ့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ‌ဒေါ်ခိုင်ခိုင်ဦး (မြတ်မေတ္တာမွန်...
07/07/2025

သိန်းပေါင်း (၈၀၀၀) ကျော်ကို မွေးနေ့အလှူအဖြစ် လှူဒါန်းလိုက်တဲ့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ‌ဒေါ်ခိုင်ခိုင်ဦး (မြတ်မေတ္တာမွန်- MMTM Petrol)
ဒေါက်တာ ဦးဝင်းမြင့်(မြတ်မေတ္တာမွန်- MMTM Petrol)ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ‌ဒေါ်ခိုင်ခိုင်ဦး ရဲ့ မွေးနေ့အလှူအဖြစ် ကျပ်သိန်း (၈၀၀၀) ကျော် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။ ပါချုပ်ဆရာတော်ဘုရားကြီးအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့အပြင် နဝကမ္မအလှူတော်ငွေ ကျပ်သိန်း (၁၀၀၀)၊ ကတ္တရာလမ်းခင်းလှူခြင်းအတွက် ကျပ်သိန်း (၁၃၀၀) တို့ကိုလည်း လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့ ပန်းတောရပ်ကွက်က ငလျင်ဒဏ်ကြောင့် ပျက်ဆီးခဲ့ရတဲ့ မင်္ဂလာစေတီကို ပြန်လည်ပြုပြင်ရန် ကျပ်သိန်း (၆၀၀၀) ကိုလည်း လှူဒါန်းခဲ့ပါတယ်။ မင်္ဂလာစေတီဟာ နရပတိစည်သူမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်စေတီတော် ဖြစ်ပါတယ်။ #သီရိသုဓမ္မသိင်္ဂီဒေါ်ခိုင်ခိုင်ဦး #မွေးနေ့ကုသိုလ်ပြုအလှူ #ကျပ်သိန်း၈၀၀၀ကျော်လှူဒါန်း Petrol

Full-scene AI Imagine Master ဆိုတဲ့အတိုင်း နေ့အချိန်ရော ညအချိန်အတွက်ပါ ပြီးပြည့်စုံတဲ့ နောက်ဆုံးပေါ် Photography နည်းပညာ...
07/07/2025

Full-scene AI Imagine Master ဆိုတဲ့အတိုင်း နေ့အချိန်ရော ညအချိန်အတွက်ပါ ပြီးပြည့်စုံတဲ့ နောက်ဆုံးပေါ် Photography နည်းပညာနဲ့ ထွက်ရှိလာတော့မဲ့ OPPO Reno14 Series 5G

သာမန်ထက် ပိုမိုတောက်ပတဲ့ AI Flash Photography နည်းပညာနဲ့ အတူ အံ့အားသင့်စေမဲ့ OPPO Reno14 Series 5G ဟာ မြန်မာနိုင်ငံဈေးကွက်ထဲကို မကြာခင် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ OPPO က သုံးစွဲသူအများစု အကြိုက်တွေ့စေမဲ့ OPPO Reno Series တွေထဲကမှ Full-scene AI Imagine Master ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နေ့အချိန်အတွက်ရော ၊ ညအချိန်အတွက်ပါ ပြီးပြည့်စုံလောက်အောင် ကောင်းမွန်ဆန်းသစ်တဲ့ Photography နည်းပညာတွေ နဲ့ AI လုပ်ဆောင်ချက်များစွာ ပါရှိတဲ့ OPPO Reno14 Series 5G ကို မြန်မာနိုင်ငံဈေးကွက်သို့ မကြာခင် မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

OPPO Reno14 Series 5G အနေနဲ့ OPPO Reno14 Pro 5G ၊ OPPO Reno14 5G နဲ့ OPPO Reno14 F 5G တို့ ထွက်ရှိလာမှာဖြစ်ပြီး OPPO ရဲ့ နောက်ဆုံးပေါ် AI Flash Photography နည်းပညာနဲ့ ထူးခြားဆန်းသစ်တဲ့ Iridescent Mermaid Design တို့ကို ပေါင်းစပ်ကာ AI Livephoto 2.0၊ AI Editor၊ IP69 အဆင့်အထိ ခံနိုင်ရည် စသဖြင့် ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်သာမက ယခင်က သုံးစွဲသူတွေ ကြိုက်နှစ်သက်ကြတဲ့ OPPO Find X8 က Telephoto Camera ကိုပါ ယခု OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G တို့မှာ ထည့်သွင်းပေးလာတာကြောင့် သုံးစွဲသူတွေအနေနဲ့ Flagship Technology ကို ထိတွေ့ခံစားနိုင်တော့မှာဖြစ်ပါတယ်။

ထူးခြားကောင်းမွန်တဲ့ အနုပညာ လက်ရာ နဲ့ ခေတ်သစ်အလှအပတို့ကို အတောက်ပဆုံး ပေါင်းစည်းထားတဲ့ OPPO Reno14 Series 5G ရဲ့ ဒီဇိုင်း

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO က OPPO Reno Series တွေရဲ့ ဒီဇိုင်းတွေကို လူငယ်ဆန်ပြီး ပိုပြီးဆန်းသစ်တောက်ပတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတာကြောင့် OPPO Reno14 Series 5G မှာဆိုရင် ယခု နှစ်ပိုင်းတွေမှာ ပိုပြီး ရေပန်းစားထင်ရှားလာတဲ့ Mermaidcore ဒီဇိုင်းကို ထည့်သွင်းကာ Iridescent Mermaid Design ပုံစံနဲ့ အသက်သွင်းဖန်တီးလာတာဖြစ်ပါတယ်။
OPPO Reno14 Pro 5G နှင့် OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင် One-piece Sculpted Glass နဲ့ အတူ Aerospace-grade Aluminium ကို ပူးတွဲထည့်သွင်းအသုံးပြုထားတဲ့အတွက် ခံနိုင်ရည်အားဖြင့် သာမန်ထက်ပိုမိုမာကြောတဲ့ ခံနိုင်ရည်ကို ရရှိမှာဖြစ်ပါတယ်။ OPPO Reno14 Series 5G မှာဆိုရင် IP66, IP68 နှင့် IP69 အဆင့်အမီ ဖုန်မှုန့်နှင့်ရေစိုခံနိုင်မှု သတ်မှတ်ချက်တွေအတိုင်း တည်ဆောက်ထားတဲ့အပြင် Platinum-grade anti-corrosion coating ဖြင့် ထိန်းသိမ်းထားတဲ့ USB interface ပါရှိတာကြောင့် အဆိုးရွားဆုံးအခြေအနေတွေမှာတောင် အကြာရှည်ဆုံး ခံနိုင်စွမ်းရှိစေမှာဖြစ်ပါတယ်။

OPPO Reno14 Pro 5G ကို Opal White နဲ့ Titanium Grey နှစ်ရောင် ၊ OPPO Reno14 5G ကို Opal White နဲ့ Luminous Green နှစ်ရောင်၊ Reno14 F 5G ကို Opal Blue နဲ့ Luminous Green နှစ်ရောင်ဆိုပြီး အသီးသီး ထွက်ရှိလာမှာဖြစ်ပါတယ်။

ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား အမှောင်ဆုံးအချိန်တွေမှာတောင် ကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိစေနိုင်မဲ့ အလင်းအားအကောင်းဆုံး Flash

OPPO Reno14 Series မှာဆိုရင် OPPO အနေနဲ့ AI Flash Photography ကို စတင် မိတ်ဆက်လာမှာဖြစ်သလို OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင် နည်းပညာတိုးတက်မှုမြင့်မားတဲ့ Triple-Flash System ကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ Main Camera နဲ့ Ultra-wide Camera တို့မှာဆိုရင် Dual Flash Units ပါဝင်တဲ့အတွက် အနီးကပ်အလင်းဖြန့်ပေးတဲ့အခါမှာလဲ ပိုပြီး ထူးခြားစွာ အလင်းလက်ဆုံး တောက်ပတဲ့ အလင်းရောင်စွမ်းဆောင်ရည်ရှိမှာဖြစ်ပါတယ်။ OPPO Reno14 F 5G မှာ ဆိုရင်လဲ အနီးကပ်အားဖြင့် အလင်းဖြန့်မှုအတွက် တိကျတဲ့ Dual-flash System ပါဝင်ပြီး၊ ယခင်မျိုးဆက်ထက် ၂ ဆ ပိုမိုတောက်ပတဲ့ အလင်းစွမ်းအားနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက Flash Unit အနေနဲ့ ပြန်ကြည့်မယ်ဆိုရင်လဲ စျေးကွက်အတွင်းမှာ ပထမဦးဆုံးအသုံးပြုထားကာ တိကျတဲ့ Focus Flash ဖြစ်သလို Telephoto Camera အတွက်ပါ ပြင်ဆင်ကာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒီ Flash System ဟာဆိုရင် ဓာတ်ပုံရရှိတဲ့အခါမှာ အလင်းအား တောက်ပမှု ၁၀ ဆအထိ မြင့်တက်လာနိုင်ခြင်းကြောင့် အနီးကပ်ဆွဲချိန်ကြည့်ရင်တောင် မိမိဖမ်းယူမဲ့ ပုံရိပ်ကို ပေါ်လွင်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။

OPPO Reno14 Pro 5G မှာဆိုရင် Ultra-Clear Low-Light Camera System ကို ထည့်သွင်းထားပြီး၊ 50MP ကင်မရာသုံးလုံး ဖြင့် ဖန်တီးထားသောကြောင့် Ultra-wide မှ Wide အထိ ရိုက်ကူးနိုင်မှာဖြစ်သလို ၊ 3.5x periscope Telephoto မှ တစ်ဆင့် အလင်းနည်းတဲ့ အချိန်တွေမှာတောင် အကြည်လင်ဆုံး ဓာတ်ပုံများကို ရိုက်ကူးနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ဒါအပြင် OPPO Reno14 Pro 5G မှာ တင်သာမက OPPO Reno14 5G မှာပါ OPPO Reno14 Pro 5G နဲ့ တူညီတဲ့ 50MP 3.5x Telephoto Camera ပါဝင်လာတဲ့အတွက် Portrait နှင့် Zoom ရိုက်ကူးမှုအမျိုးမျိုးအတွက် အရည်အသွေးမြင့်တဲ့ ပုံရိပ်အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

-sceneAIImagineMaster

Address

Botataung

Alerts

Be the first to know and let us send you an email when Aryone Oo Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aryone Oo Journal:

Share