09/06/2021
မင္းျပားၿမိဳ႕နယ္၊ ခေမာင္းေတာေက်း႐ြာမွ ကေလးငယ္ႏွစ္ဦး ေရနစ္ေသဆုံး
Western News - ဇြန္လ ၉ ရက္
ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ခေမာင္းေတာေက်း႐ြာတြင္ ယေန႔ ဇြန္လ ၉ ရက္ ေန႔လည္ပိုင္းက ကေလးႏွစ္ဦး ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ေသဆုံးသြားသည့္ ကေလးငယ္ႏွစ္ဦးမွာ ခေမာင္းေတာေက်း႐ြာမွ ဦးမိုးမိုးေက်ာ္၏သား ေမာင္မိုးထက္ေက်ာ္ အသက္(၅) ႏွစ္ႏွင့္ ဦးတင္ေက်ာ္ဟန္၏သား ေမာင္နားတက္ေခ် အသက္(၃)ႏွစ္တို႔ျဖစ္သည္။
ေသဆုံးသြားသည့္ ၎ကေလးငယ္ႏွစ္ဦးမွာ ယေန႔နံနက္ပိုင္းမွ စတင္ကာေပ်ာက္ဆုံးေန၍ လိုက္ရွာၾကစဥ္ ညေန ၃ နာရီခန႔္တြင္ ႐ြာ၏အေရွ႕ဖက္ ေရေျမာင္းထဲတြင္ေရနစ္ေသဆုံးလွ်က္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ခေမာင္းေတာ ေက်း႐ြာမွ ကိုေမာင္ေမာင္သန္းက Western News ကိုသည္။
“ကေလးမိဘေတြကေတာ့ ဒီေန႔ နံနက္ ၁၁ နာရီအခ်ိန္ကေန စၿပီးေပ်ာက္ဆုံးေနတာလို႔ေျပာတယ္။ ဆိုေတာ့ လိုက္ရွာၾကတဲ့အခါ ႐ြာရဲ႕ ေရွ႕ဖက္မွာရွိတဲ့ ေျမာင္းထဲမွာ ေရနစ္ေသဆုံးေနတာကို ရွာေတြ႕ခဲ့တယ္။ ကေလးေတြ ေသဆုံးတဲ့ေနရာနဲ႔ ႐ြာနဲ႔က တစ္မိုင္နီးပါးေလာက္ေဝးတယ္။ အဲဒီေနရာမွာက လူေတြလည္းမေနၾကဘူး” ဟုေျပာသည္။
ေသဆုံးသြားသည့္ ေမာင္မိုးထက္ေက်ာ္ႏွင့္ ေမာင္နားတက္ေခ်တို႔ မိခင္ႏွစ္ဦးမွာ ညီအစ္မအရင္း ေတာ္စပ္ၾကၿပီးအဆိုပါကေလးငယ္ႏွစ္ဦးအား ခေမာင္းေတာေက်း႐ြာသခ်ၤုင္းတြင္ ယေန႔ညေန ၅ နာရီအခ်ိန္ခန႔္က သၿဂႋဳဟ္လိုက္ၿပီျဖစ္ေၾကာင္းလည္းသိရသည္။
Western News=WN
မင်းပြားမြို့နယ်၊ ခမောင်းတောကျေးရွာမှ ကလေးငယ်နှစ်ဦး ရေနစ်သေဆုံး
Western News - ဇွန်လ ၉ ရက်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ခမောင်းတောကျေးရွာတွင် ယနေ့ ဇွန်လ ၉ ရက် နေ့လည်ပိုင်းက ကလေးနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
သေဆုံးသွားသည့် ကလေးငယ်နှစ်ဦးမှာ ခမောင်းတောကျေးရွာမှ ဦးမိုးမိုးကျော်၏သား မောင်မိုးထက်ကျော် အသက်(၅) နှစ်နှင့် ဦးတင်ကျော်ဟန်၏သား မောင်နားတက်ချေ အသက်(၃)နှစ်တို့ဖြစ်သည်။
သေဆုံးသွားသည့် ၎င်းကလေးငယ်နှစ်ဦးမှာ ယနေ့နံနက်ပိုင်းမှ စတင်ကာပျောက်ဆုံးနေ၍ လိုက်ရှာကြစဉ် ညနေ ၃ နာရီခန့်တွင် ရွာ၏အရှေ့ဖက် ရေမြောင်းထဲတွင်ရေနစ်သေဆုံးလျှက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ခမောင်းတော ကျေးရွာမှ ကိုမောင်မောင်သန်းက Western News ကိုသည်။
“ကလေးမိဘတွေကတော့ ဒီနေ့ နံနက် ၁၁ နာရီအချိန်ကနေ စပြီးပျောက်ဆုံးနေတာလို့ပြောတယ်။ ဆိုတော့ လိုက်ရှာကြတဲ့အခါ ရွာရဲ့ ရှေ့ဖက်မှာရှိတဲ့ မြောင်းထဲမှာ ရေနစ်သေဆုံးနေတာကို ရှာတွေ့ခဲ့တယ်။ ကလေးတွေ သေဆုံးတဲ့နေရာနဲ့ ရွာနဲ့က တစ်မိုင်နီးပါးလောက်ဝေးတယ်။ အဲဒီနေရာမှာက လူတွေလည်းမနေကြဘူး” ဟုပြောသည်။
သေဆုံးသွားသည့် မောင်မိုးထက်ကျော်နှင့် မောင်နားတက်ချေတို့ မိခင်နှစ်ဦးမှာ ညီအစ်မအရင်း တော်စပ်ကြပြီးအဆိုပါကလေးငယ်နှစ်ဦးအား ခမောင်းတောကျေးရွာသင်္ချုင်းတွင် ယနေ့ညနေ ၅ နာရီအချိန်ခန့်က သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းလည်းသိရသည်။
Western News=WN