KMT Computer Knowledge Sharing

KMT Computer Knowledge Sharing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KMT Computer Knowledge Sharing, Digital creator, Dagon.

ကွန်ပျုတာ မြန်ဆန်ဖို့ဆိုရင် လုပ်ဆောင်သင့်သည့် နည်းလမ်းများ------------------------------------------------------------လိ...
05/12/2022

ကွန်ပျုတာ မြန်ဆန်ဖို့ဆိုရင် လုပ်ဆောင်သင့်သည့် နည်းလမ်းများ
------------------------------------------------------------
လိုအပ်တဲ့ အချိန်မှာ ပြန်ဖတ်လို့ရအောင် Like & Share လုပ်ထားလိုက်ပါဦးနော်။
Computer ကို မြန်မြန်လေးအသုံးပြုနိုင်စေဖို့ System Speed မြန်အောင် လုပ်ဆောင်တဲ့ နည်းလေးတွေကို တင်ပေးလိုက်ပါတယ်။
System Speedကို မြန်ဆန်စေရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။
(၁) ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန်စေပါသည်။
(၂) File Size ကြီးမားသောပုံများကို Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။
(၃) Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြုစေပါသည်။
(၄) Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။
(၅) Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။
(၆) Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။
(၇) ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသုံးမပြုပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။
Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက်နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။
(၈) Software တစ်ခုကိုအသုံးပြုရန်အတွက် Run ပြီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။
(၉) Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ်လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် Window+R (သို့မဟုတ်) Run တွင် msconfig ဟုရိုက်ပြီး Startup Tab ကိုနှိပ်ပါ ။
အဲဒီနောက်တွင် မိမိကွန်ပြူတာ / Laptop Brand အမျိုးအစားနာမည်များမှလွဲပြီး ကျန်သောအခြားအရာများကို Mouse ဖြင့် Select (အမှတ်လေးလိုက်လုပ်ပေး) လုပ်ပေးပါ။ ထို့ နောက် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။
(မှတ်ချက်- အကယ်လို့ မိမိ အသုံးပြုနေသော Laptop မှာ Lenovo ဖြစ်ပါက Lenovo နဲ့စသော စာသားများပါသည်များကို အမှတ်မခြစ် (မရွေးချယ် ၊ Select) မပြုလုပ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည်မိမိကွန်ပြူတာအတွက်အရေးကြီးပါသည်။
ထိုအရာများကို အမှတ်လုပ်ပြီး Disable လုပ်ခဲ့မယ်ဆိုရင်တော့ အင်တာနက်တို့ ၊ Bluetooth တို့ အပြင် အခြားသော Fn+F1 => F9 ကီးခလုတ်တွေအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။တနည်းအားဖြင့် Function Keys များလို့ ခေါ်ဝေါ်ပါတယ်။
(၁၀) ကွန်ပျူတာတွင်း ဖုန်များဝင်ရောက်ခြင်းကိုကာကွယ်ပေးရပါမည်။ ဖုန်များသည် ကွန်ပျူတာ Cooling Fan ကိုနှေးကွေးလာစေကာကွန်ပျူတာ CPU ကိုတဖြည်းဖြည်းချင်း ပူလာစေပါသည်။
ထိုသို့ပူလာသည်နှင့်အမျှ ကွန်ပျူတာ၏ ပုံမှန်စနစ်တကျလုပ်ဆောငမှုများကို ထိခိုက်လာစေကာ System Speed ကိုနှေးကွေးလေးလံလာစေနိုင်ပါသည်။ ကွန်ပျူတာ CPU အတွင်းရှိဖုန်များကိုဖယ်ရှားရန်အတွက် ဖုန်စုပ်စက်များကို လုံးဝအသုံးမပြုရပါ။ နူးညံ့သောအဝတ်စများ၊ ကွန်ပျူတာဖုန်သုတ်သည့် အဝတ်စများကိုသာ အသုံးပြုရပါမည်။
(၁၁) ကွန်ပျူတာကို System Restore Function ကိုဖွင့်ထားခြင်းသည် CPU ၏ စွမ်းဆောင်မှုကိုအသုံးပြုမှုများပြားစေပါသည်။ ထို့ကြောင့် System Restore ကိုပိတ်ထားသင့်ပါသည်။ System Restore ကိုပိတ်ထားရန်အတွက် My Computer ၊ Properties သို့ဝင်ရောက်၍ ၎င်းမှ System Restore Tab သို့ဝင်ရောက်ကာ Turn off system restore on all drives ကို Select လုပ်၍ ပိတ်ထားနိုင်ပါသည်။
(၁၂) Search Indexing ကို Disable ပြုလုပ်ထားခြင်းသည် ကွန်ပျူတာ System Speed ကို မြန်ဆန်စေပါသည်။ Search Function ကိုပိတ်ထားရန်အတွက် My Computer မှ Window တင်ထားသည့် C Drive ကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ Allow indexing Services to index this disk ကို uncheck ပေး၍ Apply ပေးရပါမည်။
(၁၃) Error Checking Utility ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ Error Checking Utility ကိုအသုံးပြုရန်အတွက် ကွန်ပျူတာအတွင်းဖွင့်ထားသော File များကိုပိတ်ရပါမည်။
My Computer မှ Drive တစ်ခုကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools Tab သို့ဝင်၍ Check now ကို Click ၍ Scan for and attempt recovery of bad sectors ကို Check ပေး၍ Start ကို နှိပ်ရပါမည်။
(၁၄) ကွန်ပျူတာအတွင်းရှိ Spyware များသည် ကွန်ပျူတာသုံးစွဲသူ၏ Personal Data များကို ခွင့်ပြုချက်မရှိပဲခိုးယူရုံသာမက ကွန်ပျူတာသုံးစွဲရာတွင် ကွန်ပျူတာကိုနှောင့်နှေးစေပြီး မကြာခဏရပ်တန့့်စေခြင်းခြင်းများကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ပျူတာအတွင်းရှိ Spyware များကိုရှင်းလင်းပေးရပါမည်။
(၁၅) Window တင်ရာတွင် NTFS အမျိုးအစား File Type ကိုအသုံးပြုရပါမည်။ FAT32 ကို အသုံးမပြုရပါ။ မိမိအသုံးပြုနေသည့် Window တွင်မည်သည့်အမျိုးအစားကိုအသုံးပြုထားသည်ကို သံသယဖြစ်ပါက Window တင်ထားသည့် C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်၍ကြည့်ရှုနိုင်ပါသည်။
အကယ်၍ FAT32 ဖြစ်နေပါက NTFS File Type သို့ပြောင်းလဲပေးရပါမည်။ ထိုသို့ပြောင်းလဲရန်အတွက် ပထမဆုံးအရေးကြီးသည့် Data များကို Back Up ပြုလုပ်ထားရပါမည်။ ထို့နောက် Start \ Run တွင် CMD ဟုရိုက်နှိပ်၍ Prompt တွင် CONVERT C: /FS:NTFS ဟုရေး၍ Enter ပေးရပါမည်။
ထို့နောက် ခေတ္တ စောင့်ပေးရပါမည်။ NTFS ကိုအသုံးပြုခြင်းအားဖြင့် Security မြင့်မားခြင်း၊ Folder ပမာဏကို ကြီးမားစွာအသုံးပြုနိုင်ခြင်းနှင့် Computer System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ခြင်းနှင့် အခြားအကျိုးရလဒ်များကို ရရှိစေပါသည်။
(၁၆) ကွန်ပျူတာကို တစ်လလျှင်အနည်းဆုံးတစ်ကြိမ်ခန့် Disk Cleanup ပြုလုပ်ပေးသင့်ပါသည်။ Disk Cleanup ပြုလုပ်ပေးခြင်းဖြင့် Temporary Files များကိုဖယ်ရှားပေးနိုင်ပြီး ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်ပြီး Disk Cleanup Bottom ကိုနှိပ်၍ ပြုလုပ်နိုင်ပါသည်။
(၁၇) ကွန်ပျူတာအတွင်းမလိုအပ်သည့် Program များကိုဖယ်ရှားပေးရပါမည်။
ဖယ်ရှားရာတွင် Window တွင်ပါရှိသည့် Add or Remove Program မှတစ်ဆင့်ဖယ်ရှားနိုင်သကဲ့သို့ Your Uninstaller ကဲ့သို့ Uninstaller တစ်မျိုးမျိုးကိုအသုံးပြု၍ဖယ်ရှားနိုင်ပါသည်။ Software ကို အသုံးပြု၍ဖယ်ရှားပါက Add or Remove Program ကိုအသုံးပြု၍ဖယ်ရှား၍ ပျက်သွားခြင်း မရှိသည့် Registry အတွင်းရှိ File များကိုပါ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။
to original writer
Computer Knowledge Sharing

သင် မ သိ သေး တဲ့ Keyboard Function Keys များ ====================================မဂ်လာပါခင်ဗျာ 🙏🏽♦️ ဒီနေ့မှာတော့ ကွန်ပျု...
05/12/2022

သင် မ သိ သေး တဲ့ Keyboard Function Keys များ
====================================
မဂ်လာပါခင်ဗျာ 🙏🏽
♦️ ဒီနေ့မှာတော့ ကွန်ပျုတာ အခြေခံသင်တန်းမှာပါဝင်တဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့ Function Keys များအကြောင်းကို ဝေမျှပေးထားပါတယ်။ Function Keys များသိထားမယ်ဆိုရင် ကွန်ပျုတာသုံးပြီးတော့ အလုပ်လုပ်ရာတွင် ပိုမို မြန်ဆန်လာမှာ ဖြစ်ပါတယ်။ Function Keys အများစုသည် Keyboard ၏ အပေါ်ဘက်တွင် ရှိတက်ပါတယ်။ ပုံတွင် တချက်ကြည့်ပေးပါ။ လက်တော့တွေမှာဆိုရင် Function Keys ကို ဒီအတိုင်းနှိပ်ရတာ ရှိသလို Keyboard မှာရှိတဲ့ Fn ဆိုတဲ့ Key လေးနဲကတွဲနှိပ်မှ အလုပ်လုပ်ပါတယ်။ Desktop မှာဆိုရင်တော့ ပြသာနာမရှိပါဘူး။
♦️ လေ့လာနေတဲ့ ဝါသနာတူ သူငယ်ချင်းတွေ သိသွားအောင်လည်း Share ထားလိုက်ဦးနော်။
F1
F1 သည် အဓိကတော့ ကွန်ပြုတာကို အကူအညီတောင်းတာဖြစ်ပါတယ်။ ကွန်ပြုတာနှင့် ပတ်သတ်ပြီး သိချင်တာရှိရင် မေးမြန်းနိင်ပါတယ်။ ဥပမာ Google နဲ့ဆင်ပါတယ်။ ဒါပေမယ့် Google သိလိုတဲ့ အကြောင်းအရာ အလုံးစုံကို ရှာနိင်ပေမယ့် F1 ကတော့ ကွန်ပြုတာတစ်လုံးနှင့် သတ်ဆိုင်သည်များကိုသာ ရှာဖွေနိင်ပါတယ်။ သတိထားစရာတချက်ကတော့ Windows 7 မှာဆိုရင် F1 (Help) ကို Offline အနေနဲ့ အသုံးပြုနိင်ပေမယ့် Windows 10 မှာတော့ Online အနေဖြင့်သာ အသုံးပြုနိင်ပါတယ်။ Online သာ အသုံးပြုလို့ ရတဲ့အတွက် သိချင်တာကို များများစားစားသိလို့ ရပြီးတော့ မကောင်းတဲ့အချက်ကတော့ ကွန်ပြုတာမှာ အင်တာနက် မချိပ်ဆက်ထားရင် တခုမှ မေးမြန်းနိင်မှာ မဟုတ်ပါဘူး။ ဟုတ်ပီ။ F1 ကို Help လို့ခေါ်တယ်။
F2
F2 သည် Folder သော်လည်းကောင်း၊ Icon သော်လည်းကောင်း နာမည်ပြောင်းလိုသည့်အခါတွင် သုံးပါတယ်။ ပုံမှန်အားဖြင့် Folder တစ်ခုကို နာမည်ပြောင်းတော့မယ်ဆိုရင် ၎င်း Folder ပေါ်တွင် Right Click နှိပ်ပြီး Rename ကိုရွေးရပါတယ်။ အဆင့်တွေများတာပေါ့။ မြန်မြန်ဆန်ဆန်လုပ်ချင်တယ်ဆိုရင်တော့ ၎င်း Folder ကို Select ပေး။ ပြီးရင် F2 နှိပ်လိုက်
ဒါဆိုရင် Rename ပြောင်းလို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ F2 သည် Folder (or) File တစ်ခုခုကို နာမည်ပြောင်းလိုသည့်အခါတွင် အသုံးပြုပါတယ်။
F3
F3 သည် Search Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Search Box ကိုသွားချင်တယ်ဆိုရင် F3 ကိုနှိပ်ပြီးသွားနိုင်ပါတယ်။
F4
F4 သည် Address Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Address Bar ထဲကို သွားလိုသည့်အခါတွင် F4 ကိုနှိပ်ပြီးသွားနိင်ပါတယ်။
F5
F5 ကိုတော့ တော်တော်များသိမယ်ထင်ပါတယ်။ Refresh လုပ်တာဖြစ်ပါတယ်။ ကွန်ပြုတာနည်းနည်း လေးလာပြီဆိုရင် F5 မကြာခဏနှိပ်လေ့ရှိကြပါတယ်။
F6
F6 ကိုတော့ အသုံးနည်းလှပါတယ်။ မပြောရင်တော့ ရပါတယ်။ ဒါပေမယ့် အကုန်ပြောမယ်လို့ ရည်ရွယ်ထားတဲ့အတွက် ထည့်ပြောရခြင်းဖြစ်ပါတယ်။ ဒီကောင်ကို သုံးဖို့အတွက် My Computer သို့မဟုတ် Browser တစ်ခုခုကို ဖွင့်ထားရပါမယ်။ ပြီးရင်တော့ F6 ကိုနှိပ်ကြည့်ပါ။ Cursor လေးပြောင်းနေတာကို တွေ့ရပါလိ့မ်မယ်။ နှိပ်တဲ့အခါမှာလည်း ၃လေး
ချက် ၄ချက်လောက် နှိပ်ကြည့်ပါ။
F7
F7 ကိုတော့ Spelling Check လုပ်သည့်အခါတွင် သုံးပါတယ်။ Spelling Check လုပ်သည့် Feature ကတော့ Word ပါသည့်အတွက်ကြောင့် Word ကို ဖွင့်ပြီး F7 နှိပ်မှ အလုပ်လုပ်
ပါမယ်။
F8
F8 သည် Word တွင်သာ အလုပ်လုပ်တဲ့ Keys တစ်ခုဖြစ်ပါတယ်။ Word မှာ စာကြောင်းတစ်ကြောင်းကို Select ပေးလိုသည့်အခါတွင် F8 ကို ၂ချက်နှိပ်ပေးပါ။ ၃ချက်နှိပ်ရင် စာပိုဒ်တစ်ခုလုံးကို Select ပေးသွားမှာ ဖြစ်ပါတယ်။
F9
F9 သည်လည်း Refresh လုပ်တာဖြစ်ပါတယ်။ ထူးခြားတာက Word တွင်သာ အလုပ်လုပ်ပါတယ်။ လက်ရှိစာရိုက်နေတဲ့ အချိန်မှာ Word သုံးရတာလေးနေတယ်ဆိုရင် F9 နှိပ်ပြီး Refesh နှိပ်နိုင်ပါတယ်။
F10
F10 သည် Menu Bar ကိုခေါ်သည့်အခါတွင် အသုံးပြုပါတယ်။ လက်ရှိဖွင့်ထားသော Program တစ်ခုခု၏ Menu Bar ကိုခေါ်လိုသည့်အခါတွင် F10 နှိပ်ပြီးခေါ်နိင်ပါတယ်။
F11
F11 သည် လက်ရှိသုံးနေတဲ့ Browser ဖြစ်စေ၊ My Computer ဖြစ်စေ Full Screen လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။ Full Screen ကနေ ပြန်ထွက်ချင်တယ်ဆိုရင် F11 ပြန်နှိပ်ပြီး ထွက်နိင်ပါတယ်။
F12
F12 သည် Save လုပ်တာ ဖြစ်ပါတယ်။ လက်ရှိရိုက်နေတဲ့ Word / Excel / Power Point ကို Save လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။
♦️ အဆုံးထိ ဖတ်ရူ့ပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေအတွက်လည်း အသိသုတွေ ရရှိမယ်လို့လည်း ယုံကြည်ပါတယ်။
=================
သင်တန်းကြေး "အခမဲ့" အွန်လိုင်း ကွန်ပျုတာသင်တန်းအကြောင်းကို စိတ်ဝင်စားပါက ဒီလင့် ( https://www.facebook.com/learn4u2019/posts/496104711789323
) မှ တဆင့် လေ့လာကြည်ပါ။
to original writer

Computer Knowledge

ကွန်ပျူတာတွေမှာအသုံးပြုတဲ့ RAM အကြောင်း……………RAM ဆိုတာ Random Access Memory ဖြစ်ပါတယ်။Read/Write Memory, Volatile Memory ...
04/12/2022

ကွန်ပျူတာတွေမှာအသုံးပြုတဲ့ RAM အကြောင်း
……………
RAM ဆိုတာ Random Access Memory ဖြစ်ပါတယ်။
Read/Write Memory, Volatile Memory (or) Short time Memory လို့လည်းခေါ်ကြပါတယ်။ RAM ဆိုတာ ကွန်ပျူတာဖွင့်နေစဉ်အတွင်းမှာ data အချက်လက်တွေကို ယာယီမှတ်ထားပေးတာပါ။
ကွန်ပျူတာပိတ်လိုက်တာနဲ့ မှတ်ခဲ့သမျှ data တွေ အကုန်ပျက်ကုန်ပါတယ်။ RAM ဟာဆိုရင် Hard Drive နဲ့ CPU ရဲ့ ကြားခံဖြစ်ပါတယ်။
တစ်နည်းအားဖြင့် CPU ကလက်ရှိအလုပ်လုပ်နေတဲ့ Data တွေ၊ Program တွေကို RAM က store လုပ်ပေးရပါတယ်။ အဲဒါကိုရှင်းအောင်ပြောရမယ်ဆိုရင် CPU ကသူအလုပ်လုပ်ချင်တဲ့ Data တွေကို Hard Drive ဆီကနေလှမ်းပြီး Access လုပ်ရပါတယ်။ CPU ရဲ့ Speed ကအရမ်းမြန်ပါတယ်။ Hard Drive ရဲ့ Speed က အရမ်းနှေးပါတယ်။
ဒါကြောင့် သူတို့နှစ်ခု Matchဖြစ်အောင် RAM က ကြားကနေဝင်ကူညီရတာပေ့ါ။ ဘယ်လိုကူညီတာလဲဆိုတော့ CPU က ယခုလောလောဆယ် သူအသုံးပြုနေတဲ့ Data တွေကို Hard Drive ဆီကိုသွားမယူတော့ပဲ လက်ရှိအသုံးပြုမယ့် Data တွေကို RAM ပေါ်မှာ ဆွဲတင်ထားလိုက်ပါတယ်။ အဲဒီနောက် CPU က သူလိုချင်တဲ့ Data တွေကို Hard Drive ဆီကနေလှမ်းမယူတော့ပဲနဲ့ RAM ဆီကနေပဲ လှမ်းယူအသုံးပြုပါတယ်။ ဒါကြောင့် မိမိလုပ်နေတဲ့ အလုပ်တွေလည်း နှောင့်နှေးကြန့်ကြာမှုမရှိတော့ဘူး။
RAM ရဲ့ Memory ပမာဏ ကို တိုင်းတာတဲ့ အခါမှာ Byte(B) နဲ့ တိုင်းတာပါတယ်။ ဉပမာ 1GB ,2GB ,4GB ,8GB ,16GB ,32GB, အစရှိသဖြင့်ဖြစ်ပါတယ်။ Byte များလေ ယာယီသိမ်းနိုင်တဲ့ ပမဏများလေဖြစ်ပါတယ်။ Ram ရဲ Speed ကိုတော့ Hz နဲ့တိုင်းတာပါတယ်။ ဥပမာ 1600MHz, 3200MHz....အစရှိသဖြင့်ဖြစ်ပါတယ်။
Ram တစ်ချောင်းဝယ်တော့မယ်ဆိုရင် Memory အပြင် Speed ကိုပါထည့်စဉ်းစားပေးရပါမယ်။ Ram တစ်ချောင်းထဲစိုက်တာဆို ကိစ္စမရှိပါဘူး။ နှစ်ချောင်းစိုက်ရင်တော့ Speed တူတာမစိုက်မိရင် နိမ့်တဲ့ Speed နဲ့ပဲသွားနေမှာ ဖြစ်ပါတယ်။ နိမ့်တဲ့ Speed နဲ့ သွားနေတဲ့အတွက် Speed အပြည့်မတက်လို့ စက်လေးနေတက်ပါတယ်။ မိမိကွန်ပျူတာမှာရှိတဲ့ RAM ရဲ့ Speed ကိုသိချင်တယ်ဆိုရင်တော့ Window Key နဲ့ R တွဲ နှိပ်လိုက်ပါ။ Run Box လေးကျလာရင် dxdiag လို့ရိုက်ပြီး ကြည့်လို့ရပါတယ်။
RAM မှာ အမျိုးအစားများစွာ ရှိပါတယ်။
---------------------
DRAM (Dynamic random access memory), နဲ့ SDRAM (Synchronous dynamic random access memory) စသဖြင့် မတူညီတဲ့ အခေါ်အဝေါ်များစွာ ရှိပါတယ်။ အခေါ်အဝေါ်နဲ့ အမျိုးအစားများ ကွဲပြားနေပေမယ့် RAM ရဲ့ အခြေခံအလုပ်က တူညီပါတယ်။
RAM အမျိုးအစားတွေကတော့ DDR4, DDR3, DDR2, DDR ဖြစ်ပြီး အများဆုံး တွေ့ရတဲ့ RAM အမျိုးအစားကတော့ DDR4 ဖြစ်ပြီးတော့ စက်အဟောင်းများမှာတော့ DDR, DDR2, DDR3 များကို အသုံးပြုထားကြပါတယ်။ Generation တစ်ခုချင်းစီမှာ Physical ပိုင်းအရ ပြောင်းလဲမှုများလည်းရှိပါတယ်။
Video, Game ကဏ္ဌမှာတော့ VRAM (Video RAM) ကို အသုံးပြုကြပါတယ်။ VRAM ဟာဆိုရင် Graphic Chip အတွက် Ram ဒါမှမဟုတ် Graphics Card မှာ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ GDDR လို့ ခေါ်ကြပါတယ်။ ယနေ့ခေတ် Graphics Card အများစုမှာ GDDR 5 ကို အသုံးပြုကြပြီး အချို့မှာတော့ GDDR5X ကို အသုံးပြုလာကြပြီဖြစ်ပါတယ်။
သင် RAM ပမာဏ ဘယ်လောက်လောက်လိုအပ်မလဲ?
------------------------
ယနေ့ခေတ်မှာ တော့ Smart Phone တွေအများစုမှာတောင် RAM 4GB နဲ့အထက်ပါလာပါပြီ။ Computer အသုံးပြုသူအများစု အနေနဲ့ကတော့ အထွေထွေသုံးအတွက်ဆိုရင် အနည်းဆုံး 4GB လောက်လိုအပ်ပါမယ်။ Operating System တွေမှာ သူ့တို့လိုအပ်ချက်နဲ့သူတို့ရှိပါတယ်။
ဥပမာအနေနဲ့ဆိုရင် Windows 10 ကို RAM 1GB ရှိတာနဲ့ run လို့ရပါတယ်။ Run လို့ရတာပါ။ RAM 1GB ထဲနဲ့ သုံးဖို့ဆိုရင်တော့ တော်တော်လေးကိုနှေးကွေးနေပါလိမ့်မယ်။ သင်ဟာ Word file ၆ ခု လောက်ကို တစ်ပြိုင်နက်ဖွင့်ထားတယ်၊ Chrome tab လေး၊ ငါးခုလောက်ကို အမြဲဖွင့်ထားမယ်ဆိုရင်တော့ RAM အနည်းဆုံး 8GB လောက်လိုအပ်ပါမယ်။ Performance Boost လုပ်ချင်ရင်တော့ RAM တိုးလိုက်တာက အမြန်ဆုံးနဲ့ အလွယ်ကူဆုံးပါပဲခင်ဗျာ။
to original writer
Computer Knowledge

Address

Dagon

Website

Alerts

Be the first to know and let us send you an email when KMT Computer Knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share