Leonine Publishing Area

Leonine Publishing Area သဘောကျရတဲ့ စာအုပ်ကလေးတွေ ဖန်တီးပေး?

16/09/2022

My SA Nodeလေးအတွက် form link လေးပါ​နော် မင်မင်တို့ Form လေးကို 4ရက် ချထားပေးမှာပါ form ပိတ်ပြီး မင်မင်တို့ စစ်ပြီးတာနဲ့ ပို့ဆောင်ပေးသွားမှာမို ခဏလေးစောင့်​ပေးကျပါအုံး​နော်🤍✨

https://forms.gle/8QCchyqz5Jma2cjk9

16/09/2022

ငယ်လေးတို့ရေ မင်တို့ဘက်မှာမီးပျက်နေလို့ My SA Node အတွက် ‌Formတင်ပေးမယ့်အချိန်ကို ဒီနေ့ည(၇)နာရီ မှ (၈)နာရီသို့အချိန်လေးရွေ့ပြောင်းလိုက်ရပါတယ်ရှင်🤍✨

Hello ငယ်လေးတို့ရေ မင်မင်တို့လက်ထဲ အခုဆို My SA Node လေးကရောက်ရှိလာပါပြီနော် မနက်ဖြန်ည(၇)နာရီ ကျရင် မင်မင်တို့ form လေးတ...
15/09/2022

Hello ငယ်လေးတို့ရေ မင်မင်တို့လက်ထဲ အခုဆို My SA Node လေးကရောက်ရှိလာပါပြီနော် မနက်ဖြန်ည(၇)နာရီ ကျရင် မင်မင်တို့ form လေးတစ်ခုချပေးသွားပါ့မယ် SAမရသေးပဲ ကျန်တဲ့
ငယ်လေးတို့က ဖောင်လေးတချက်လောက်ဖြည့်ပေးကျပါအုံးနော် Instock လေးကတော့ အခုလက်ရှိမှာ မထားတော့ပဲ စာအုပ်တွေပြန်ထုတ်လို့ရခဲ့ရင်တော့ မင်မင်တို့ပြန်ရောင်းချပေးသွားပါ့မယ် အခုစာအုပ်လေးက ယခင်ရထားပြီးသားစာအုပ်လေးနဲ့အနည်းငယ်လေးတော့ ကွဲလွဲနေတာလေး နားလည်ပေးပါနော် စက္ကူအသားမတူတဲ့အတွက် အခုစာအုပ်လေးတွေက ပထမထုတ်ထားတဲ့ စာအုပ်လေးတွေထက် အနည်းငယ်ထူသွားပါတယ် မနက်ဖြန် ည(၇)နာရီ form လေးဝင်ဖြည့်ပေးကျပါအုံးနော်🤍✨

မေတ္တာရိပ်မြုံ စာအုပ်လေး ccမရသေးတဲ့ငယ်လေးတို့ကလဲ page cbမှာ confrim လာလုပ်ပေးလို့ရပါတယ် cc ဆက်ပြီးသမျှကိုတော့ မင်မင်တို့ deliအပ်ထားပြီးပြီမို့ ရောက်လာဖို့ ခဏလောက်စောင့်ပေးကျပါအုံးနော် ငယ်လေးတို့🤗🤍

မင်မင်တို့ဆီကို မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ စာအုပ်လေးတွေ ရောက်ရှိနေပါပြီ။     ဒါကြောင့် မနက်ဖြန်ကစပြီး Confirm call ...
25/08/2022

မင်မင်တို့ဆီကို မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ စာအုပ်လေးတွေ ရောက်ရှိနေပါပြီ။

ဒါကြောင့် မနက်ဖြန်ကစပြီး Confirm call လေးတွေခေါ်သွားတော့မှာဖြစ်ပါတယ်။

ဒီနေရာမှာ စာအုပ်မှာယူထားသူတွေကို တစ်ခုမေတ္တာရပ်ခံချင်တာကတော့၊ လိပ်စာပြောင်းတာတွေ ၊ နာမည်ပြောင်း ဖုန်းနံပါတ်ပြောင်းတာတွေ ၊ အုပ်ရေတွေ ၊ ငွေလွှဲပြီးကြောင်းမလွှဲပြီးကြောင်း ၊ Prepaid ယူထားတာလား COD ယူထားတာလား စသည်ဖြင့် မင်မင်တို့ Confirm call လေးတွေ ဆက်တဲ့အခါမှာ တစ်ခါတည်း သေချာလေးပြောပြစေချင်ပါတယ်။

နောက်မှ cb မှာလာပြောမယ်ဆို အလျင်မမီဖြစ်ပြီး အချက်အလက်လေးတွေမှားယွင်းကုန်မှာစိုးတဲ့အတွက် မင်မင်တို့ ဖုန်းဆက်တဲ့အခါ သေချာလေး စဉ်းစားဖြေကြားပေးဖို့ မေတ္တာရပ်ခံပါတယ်နော်။

နောက်တစ်ခုကတော့ အခု မင်မင်တို့ မေတ္တာရိပ်မြုံကို ပို့ဆောင်မှု စတင်တော့မှာဖြစ်ပြီး My SA Node လေးတွေကလည်း လကုန်လောက်ဆိုရင် လက်ထဲရောက်လာတော့မှာဖြစ်ပါတယ်။

အဲဒီ့နှစ်အုပ်လုံးကို ထုပ်ပိုးပို့ဆောင်တာတွေ အကုန်စီစဉ်ဆောင်ရွက်ပြီးတဲ့အခါမှ ခက်ရချည်ရဲ့ဗျာ စာအုပ်လေးကို ငွေပြန်အမ်းဖို့ စတင်နိုင်မှာဖြစ်တဲ့အကြောင်းလေး ပန်ကြားချင်တာပါ။ငွေပြန်အမ်းတဲ့အခါလည်း စေ့စေ့စပ်စပ်နဲ့ လုပ်ပေးမှာဖြစ်တဲ့အတွက် စိတ်မပူဖို့နဲ့ စောင့်ရစေတဲ့အတွက် တောင်းပန်ကြောင်းလေး ဝယ်ယူသူတို့ကို ပြောကြားလိုပါတယ်။

မင်မင်တို့မှာ ဝန်ထမ်းအင်အား အများကြီးမရှိတာမို့လို့ ပို့ဆောင်မှု အချိန်ကြန့်ကြာရတာတွေအတွက် ထပ်လောင်းတောင်းပန်ရင်း ကြိုတင် အသိပေးပါရစေ။🙇

15/08/2022

Leonine စာအုပ်တိုက်မှ မထုတ်ဝေရသေးသော စာရေးသူအချို့နှင့် ပူးပေါင်းလက်တွဲမှုများ ရပ်စဲခြင်း။

မင်မင်တို့တိုက်လေးက My SA Node နဲ့ မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ စာအုပ်လေးတွေ အပြီးသတ်ရိုက်နှပ်ဆောင်ရွက်ပြီးတဲ့အခါ ၊ လက်ရှိ ပို့ဆောင်ဖို့ ကျန်နေသေးတဲ့ စာအုပ်လေးအချို့ကိုပို့ဆောင်ပြီးတဲ့အခါမှာ အပြီးတိုင်ပိတ်သိမ်းတော့မှာပါ။

ဒါကြောင့် လက်တွဲထားခဲ့တဲ့ စာရေးသူများနဲ့လည်း နှစ်ဦးနှစ်ဖက် သဘောတူပြေလည်စွာနဲ့ ထုတ်ဝေမှုလေးတွေ ရပ်စဲလိုက်ပြီးပဲ ဖြစ်ပါတယ်။

စာအုပ်လေးတွေထပ်ပြီးမထုတ်ပေးနိုင်တော့တာ စိတ်မကောင်းပေမယ့် အခုတော့ နှုတ်ဆက်ရမယ့် အချိန်နီးလာခဲ့ပါပြီ။

လက်တွဲပေးခဲ့တဲ့ စာရေးသူများ အားလုံးကိုလည်းအမြဲကျေးဇူးတင်လျက်ပါနော်။

15/08/2022

My SA Node နဲ့ပတ်သတ်တာလေးတွေ ရှင်းပြချင်လို့ပါ။ 🙇‍♀️

My SA Node စာအုပ်လေးကို ၁၂ လပိုင်းမှာ Preorder ကောက်ခဲ့ပါတယ်။အဲဒီ့နောက် ကောက်ခံထားတဲ့အရေအတွက်အတိုင်းအားလုံးအပြီးအစီး ထုတ်ဝေပြီးစီးခဲ့ပြီးတော့ တစ်ဝက်ကို ဝယ်ယူသူတွေလက်ထဲပို့ဆောင်ပေးခဲ့ပါတယ်။ကျန်တစ်ဝက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ ပိတ်မိသွားခဲ့ပါတယ်။

ပို့လိုက်တဲ့ တစ်ဝက်မှာကိုမှ ကုဒ်နံပါတ် ရှေ့ရောက်နေရဲ့သားနဲ့ ဘာလို့ အရင်မရောက်လာရတာလဲဆိုတဲ့ ငယ်လေးတို့အတွက် အရင် ရှင်းပြပေးချင်ပါတယ်။

မင်မင်တို့အရင်က Ninja Van Deli ကို သုံးခဲ့တာပါ။မင်မင်တို့ confirm call တွေဆက်အတည်ပြုပြီးနောက်မှာ confirm လည်းဖြစ် ၊ အိမ်အရောက်ပို့ယူတာလည်းဖြစ် ၊ Ninja Van Deli လည်း ရောက်နိုင်တဲ့ မြို့တွေ ၊ မြို့နယ်တွေကိုအရင်ဆုံးရွေးထုတ်ပြီး ပို့ပေးဖြစ်သွားတာပါ။Ninja Van Deli ရောက်တဲ့မြို့တွေကို အရင် ပို့ပေးမိလိုက်တာမို့ ကုဒ်နံပါတ်အစဉ်လိုက်တိုင်းမဟုတ်ပဲဖြစ်သွားပါတယ်။အဲဒီ့ပုံစံအတိုင်း အုပ်ရေ ၆၀၀ ကျော်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီ့နောက်မှာမှ ကားဂိတ်ကနေယူမယ့်သူတွေရယ် ၊ အိမ်အရောက်ပို့ယူထားရဲ့သားနဲ့ Ninja Van Deli မရောက်တဲ့ မြို့တွေကသူတွေရယ်က ကုဒ်နံပါတ် ရှေ့ရောက်နေပေမယ့်လည်း အရောက် နောက်ကျနေခဲ့ရတာမျိုး ဖြစ်သွားတာပါ။

အဲဒီ့နောက် စာအုပ်တွေ ပိတ်မိသွားပြီး နောက်ပိုင်း ၄ လပိုင်း တစ်လလုံးတိုက်ပိတ်ခဲ့ပြီး ၅ လပိုင်းမှာလည်း စာအုပ်တွေများပြန်ထုတ်လို့ရမလားဆိုတဲ့ မျှော်လင်ချက်နဲ့ ဆက်စောင့်ခဲ့ပါတယ်။

၆ လပိုင်းအရောက်မှာတော့ ပြန်ထုတ်လို့မရမယ့် အတူတူ နောက်ထပ်ပဲ ထပ်ထုတ်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး စာရေးသူဆီ ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။ဝယ်ယူထားသူတွေဆီလည်း ထပ်မံထုတ်ပေးမှာမို့ စောင့်ပေးကြပါဦးဆိုပြီး ကြေညာပေးခဲ့ပါတယ်။Instock ပါ ထားပေးပါမယ်ဆိုပြီး ပြောထားခဲ့တာပါ။ပြီးတာနဲ့ ပုံနှိပ်တိုက်တစ်ခုမှာ နောက်ထပ် ထုတ်ဝေမယ့် စာအုပ်တစ်အုပ်နဲ့ အတူတူ တွဲပြီး အပ်နှံဖြစ်ခဲ့ပါတယ်။

စာရေးသူဆီကိုလည်း စာအုပ်လေးတွေအပ်ပြီးကြောင်း သိပ်မကြာချင်ထွက်လာတော့မှာဖြစ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။စာရေးသူဟာလည်း အခြေအနေအရပ်ရပ်ကို ထောက်ထားငဲ့ညှာပြီး သဘောတူစောင့်ဆိုင်းပေးခဲ့ပါတယ်။

အဲဒီ့နောက်မှ ပုံနှိပ်တိုက်က အကြောင်းကြားလာတာက SA နဲ့ တွဲပြီး အတူအပ်ထားတဲ့ စာအုပ်ကိုသာ ရိုက်နှိပ်ပေးထားပြီး ကျန်တဲ့စာအုပ်တွေကို ရိုက်နှိပ်ပေးဖို့ အချိန်နောက်ထပ်ကြာကြာစောင့်ဆိုင်းပေးရမယ်ဆိုတာပါပဲ။မင်မင်တို့အနေနဲ့ကျတော့ အစက သေချာပေါက်ရိုက်နှိပ်ပေးမှာ အကုန်အဆင်ပြေချောမွေ့နေပြီလို့ပဲ သိထားခဲ့လို့ စာရေးသူကိုရော စာအုပ်မှာယူသူတွေကိုပါ သေချာပေါက် ရတော့မယ်ဆိုပြီး အာမခံထားခဲ့တာပါ။ခုလို ရဖို့ကို အကြာကြီး အလှည့်ကျတဲ့ထိ ထပ်စောင့်ရမယ် ဆိုတာသိလိုက်ရတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ထပ်မံညှိနှိုင်းခဲ့ရပါတယ်။

၇ လပိုင်းလောက်ထွက်လာမယ် မှန်းထားပြီးတော့မှ အဆင်မပြေဖြစ်သွားတဲ့အခါ နောက်ထပ် ပုံနှိပ်တိုက်တစ်တိုက်ကို ထပ်ရှာရပါတော့တယ်။စာရေးသူဘက်ကနေလဲ အက်ထမင်တို့ဘက်က ပြောထားတာကိုယုံပြီး စောင့်ပေးခဲ့တာပါ။

ခုဆိုရင် ထပ်မံရိုက်နှိပ်ပေးဖို့ပုံနှိပ်တိုက်အပ်နှံတာကို မင်မင်တို့ ထပ်မံလုပ်​ဆောင်သွားမှာပါ။ မနက်ဖြန် ပုံနှိပ်တိုက်နဲ့ စကားပြောပြီးတာနဲ့ စာအုပ်ထုတ်တာကို ချက်ချင်း စတင်တော့မှာပါ ။ သို့သော် ဒီတစ်ခါမှာတော့ မင်မင်တို့က အုပ်ရေကို လိုအပ်နေခဲ့တဲ့ အရေအတွက်အတိုင်း ကွက်တိပဲ ထုတ်သွားတော့မှာပါ။

တကယ်လို့ မှာယူထားတဲ့ ငယ်လေးတို့အနေနဲ့ အချိန်အရမ်းကြာအောင် စောင့်ဆိုင်းရတဲ့အတွက် မယူချင်တော့ဘူး Refund ပဲ ပြန်ပေးပါဆိုရင်လည်း မင်မင်တို့က အဆင်ပြေအောင်ပြန်လုပ်ပေးပါမယ်နော်။

အခုလို မင်မင်တို့ဘက်ကနေ ကတိတွေအထပ်ထပ်ပေးပြီးကာမှ မတည်နိုင်ပဲ ခဏခဏ ရွှေ့ဆိုင်းပြီး စာဖတ်သူတွေကို စိတ်ပျက်စေခဲ့တဲ့အတွက် စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုရော စာရေးသူကိုပါ အနူးအညွတ် တောင်းပန်အပ်ပါတယ်နော်။

My SA Node နဲ့ပတ်သတ်ပြီး မင်မင်တို့အနေနဲ့ အကုန်အပြီးသတ်ပြီးတဲ့ထိဆောင်ရွက်ပေးသွားမှာပါ။ဒါကြောင့်စာဖတ်သူတို့ဘက်ကလည်း ခဏ​လောက် သည်းခံပြီး စောင့်ဆိုင်းပေးပါဦးလို့ မေတ္တာရပ်ခံပါရစေ။

တကယ်လို့ မ​စောင့်နိုင်တော့ဘူး စာအုပ်လေးကိုမယူတော့ဘူး refund ပဲယူတော့မယ်ဆိုတဲ့ ငယ်လေးတွေရှိရင်လည်း သေချာစီစဉ်ပေးသွားပါမယ်။အဲ့လိုမှမဟုတ် စာအုပ်ကိုပဲ စောင့်ယူချင်ပါတယ်ဆိုရင် မင်မင်တို့အနေနဲ့ စာအုပ်လေးကိုအကောင်းဆုံးရလာအောင် ပုံနှိပ်တိုက်နဲ့ သေချာကြိုးစားပြီး ညှိနှိုင်း အပ်နှံပေးထားပါပြီ။

အကြိမ်ကြိမ် ကတိတွေအထပ်ထပ်ပေးပြီးကာမှ ပျက်ကွက်တာတွေအတွက် အနူးအညွှတ်ထပ်ခါထပ်ခါတောင်းပန်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် ဒီတစ်ခါ နောက်ဆုံးအခွင့်အရေးလေးအဖြစ်နဲ့ ကျေးဇူးပြုပြီး သည်းခံ စောင့်ကြည့်ပေးပါလို့ မေတ္တာရပ်ခံ တောင်းပန်ပါရစေနော်။

ခက်ရချည်ရဲ့ဗျာ စာအုပ် ငွေပြန်အမ်းခြင်းနှင့် စပ်လျဉ်း၍ စာရေးသူဘက်မှ ထုတ်ပြန်ထားသော ကြေညာချက်အား တုံ့ပြန်ရှင်းလင်းချက်။   ...
08/08/2022

ခက်ရချည်ရဲ့ဗျာ စာအုပ် ငွေပြန်အမ်းခြင်းနှင့် စပ်လျဉ်း၍ စာရေးသူဘက်မှ ထုတ်ပြန်ထားသော ကြေညာချက်အား တုံ့ပြန်ရှင်းလင်းချက်။

ပထမဆုံးအချက်အနေနဲ့ Bookmark နဲ့ပတ်သတ်ပြီး Bookmark တွေဟာ ရရှိနေပြီးပြီဖြစ်တာကြောင့် စာရေးသူဟာ bookmark တွေပေါ်မှာ လတ်မှတ်ရေးထိုးထားပြီးသားဖြစ်ပါတယ်။ဒါကြောင့် စာရေးသူဘက်မှ BM အတွက် ကျသင့်ငွေကို ထည့်သွင်းမလျော်ပေးနိုင်ဘူးလို့ ဆိုလာခဲ့ခြင်းအပေါ်မှာ ပြန်လည်ညှိနှိုင်းရပါမယ်။

ဒုတိယအချက်ကတော့ စာရေးသူဘက်မှ နေပြီး book cover များဟာ စာရေးသူကိုအသိမပေးပဲ တိုက်ဘက်မှ ကိုယ့်သဘောနဲ့ကိုယ် ဆွဲထားကြောင်းပြောလာခဲ့ပါတယ်။ဆွဲကြတဲ့အချိန်တုန်းက စာရေးသူကိုယ်တိုင် Artist ဆီမှာ ကိုယ်တိုင်သွားဆွဲပြီးမှ လာပြခဲ့တာပါ။

တတိယအနေနဲ့ production process စတင်တာဟာ စာအုပ်ပုံနှိပ်ထုတ်ဝေချိန်မှသာ မဟုတ်ပဲ စာစီချိန် ၊ Art များအပ်ချိန် ၊ စာပြင်ချိန် ၊ Gift များ ထုတ်လုပ်ချိန်ကတည်းက စတင်ခြင်းဖြစ်တာကြောင့် ထုံးစံများအရ စာပေမူပိုင်ခွင့်ကို ထိုအချိန်မှစ၍ တိုက်ဘက်ကနေ လက်ဝယ်ရထားတာဖြစ်ပါတယ်။သို့သော် အခု စာရေးသူဘက်မှ စတင် ဖျက်သိမ်းချင်တာဖြစ်သော်ငြား တိုက်ဘက်မှ ကုန်ကျခဲ့သည်မှအပ ပိုလျှံလျော်ကြေးတောင်းခြင်းတစ်ခုမှ မရှိခဲ့သေးပါ။

ဒါကြောင့် တိုက်နဲ့ စာရေးသူကြား မှာယူသူစာရင်း ငွေကြေးစာရင်း ပြန်အမ်းငွေစာရင်း စသည့်ဖြင့် စာရင်းရှင်းတမ်းများ မပြီးပြတ်သေးခင်အချိန်အတွင်း အခြား တိုက်တစ်ခုခုနှင့် လက်တွဲ လုပ်ဆောင်ပိုင်ခွင့်မရှိသေးပါ။

စာရင်းရှင်းတမ်းများ ပြီးပြတ်သည်နှင့် တပြိုင်နက် စာရေးသူဟာ စာပေမူပိုင်ခွင့်ကို ပြန်လည်ပိုင်ဆိုင်သွားပြီဖြစ်ကြောင့် မည်သည့်တိုက်နှင့်မဆို စိတ်တိုင်းကျစွာ ထုတ်ဝေနိုင်ပါတယ်။ယခုတိုက်မှ မည်သည့်အကြောင်းကိုမျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပါ။

အကယ်၍ စာရေးသူဘက်မှ ရှေ့နေဖြင့် ဥပဒေလမ်းကြောင်းအတိုင်း တရားဝင်တွေ့ဆုံဆွေးနွေးမည်ဆိုပါကလည်း တိုက်ဘက်မှ လက်ခံကာ ရှေ့နေဖြင့် ပြန်လည်ဆွေးနွေးမှာဖြစ်ပါတယ်။

08/08/2022

ခက်ရချည်ရဲ့ဗျာ စာအုပ်နှင့်ပတ်သတ်၍ Leonine Publishing Area မှ ရှင်းလင်းကြေညာချက်နှင့် စာဖတ်သူများထံအနူးအညွတ်တောင်းပန်ခြင်း။

၇ ရက်နေ့မှာ မင်မင်တို့ တင်ထားတဲ့ post ထဲ မင်မင်တို့ဟာ Quality ကောင်းတဲ့ ပုံနှိပ်တိုက်နဲ့ ခက်ရချည်ရဲ့ဗျာ စာအုပ်ကို ပုံနှိပ်ရန် သဘောတူညီမှုရရှိခဲ့ပြီး ၉ လပိုင်း အပြီးသတ်ထုတ်ဝေပို့ဆောင်သွားပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ကြားထဲကနေ ကူညီပေးသူတွေလည်း ရှိခဲ့ကြပါတယ်။

သို့သော် ထိုနေ့ညမှာ စာရေးသူဘက်မှနေပြီး တင်ခဲ့သော Facebook post တစ်ခုကို ဖတ်ရှူကြအပြီးမှာ ပုံနှိပ်တိုက်ဘက်ဆီ သတင်းရောက်သွားခဲ့ပါတယ်လို့ သိရပါတယ်။

မင်မင်တို့ဟာ ငွေပမာဏ အများကြီး လက်ထဲကိုင်နိုင်တဲ့ တိုက်အကြီးကြီးမဟုတ်တဲ့အတွက် မင်မင်တို့တတ်နိုင်တဲ့ ငွေပမာဏလေးနဲ့ အဆင်ပြေအောင် ညှိယူဖို့ ကူညီပေးတဲ့လူက
တဆင့် ပုံနှိပ်တိုက်ဘက်ကိုတောင်းပန်ခဲ့ရာမှာ ပုံနှိပ်တိုက်ဘက်ကလည်း ကြားထဲက ကူပြောပေးသူကို ယုံကြည်သောအားဖြင့် လက်ခံပေးခဲ့ပါတယ်။

ဒါကြောင့် ကံကောင်းထောက်မစွာဖြင့် မပြည့်ဝတဲ့ ငွေကြေးကလေးနဲ့ မင်မင်တို့ Quality ကောင်းတဲ့ ပုံနှိပ်တိုက်ကို အပ်နှံဖို့ အဆင်ပြေသွားခဲ့ပါတယ်။ မနေ့ကပဲ Founder ကိုယ်တိုင် ကြားထဲက ကူညီပေးတဲ့လူနဲ့ အပြင်မှာ သွားရောက်တွေ့ဆုံပြီး ညှိနှိုင်းဖြစ်ခဲ့ကြတာပါ။

ဒါပေမဲ့ အထက်မှာဖော်ပြခဲ့သလို ပုံနှိပ်တိုက်ကိုသွားရောက်သတင်းပေးတဲ့လူတွေ ရှိပြီး ဘာအကြောင်းအရာတွေကိုပြောကြလဲမသိပေမဲ့ ပုံနှိပ်တိုက်ဘက်က မင်မင်တို့ စာအုပ်တိုက်နဲ့ လက်တွဲအလုပ်မလုပ်နိုင်တော့ဘူးဆိုပြီး ငြင်းဆိုလာခဲ့ပါတယ်။ ကြားထဲက ကူပြောတဲ့လူရှိနေသော်ငြား လက်မခံတော့ပါတဲ့။

ဒါကြောင့် အခု မင်မင်တို့ စာရေးသူနဲ့ စာဖတ်သူတို့ကို ၇ ရက်နေ့က ကတိပေးထားခဲ့တဲ့ ဒီပုံနှိပ်တိုက်မှာ အပ်ပေးပါမယ်ဆိုတဲ့ ကိစ္စက ကျရှုံးသွားပြီဖြစ်ပါတယ်။

စိတ်မကောင်းဖြစ်ပြီး အားလည်းနာမိပေမယ့် မင်မင်တို့မှာ ဒီ့ထက်ပိုပြီး လုပ်ပေးနိုင်တဲ့အားအင်မရှိတော့ပါဘူး။ မျက်နှာမပြရဲလောက်အောင် စာဖတ်သူတွေကို အားနာပြီး အနူးအညွတ်တောင်းပန်ပါတယ်။

သွားရောက်သတင်းပေးတဲ့လူတွေက ဘယ်သူတွေလဲ မင်မင်တို့ လုံးဝ မသိပါဘူး။ ထို့အတူ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှလည်း စွပ်စွဲလိုခြင်းမရှိပါ။ ဒီကိစ္စဟာ ပုံနှိပ်တိုက်ကို သေချာနားမချနိုင်တဲ့ မင်မင်တို့ရဲ့ မှားယွင်းညံ့ဖျင်းမှုနဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်။

မျှော်လင့်ချက်လေးတွေ ပျက်စီးသွားရတဲ့အတွက်လည်း အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။

ဒါကြောင့် စာရေးသူဘက်က ပြောကြားထားခဲ့တဲ့ အတိုင်း Leonine Publishing Area နှင့် စာရေးသူ မတိမ်ပြာ ရဲ့ ခက်ရချည်ရဲ့ဗျာ စာအုပ်ထုတ်ဝေရန် လက်တွဲမှုကို အပြီးအပိုင် ဖျက်သိမ်းပေးသွားပါမယ်။စာရေးသူအနေနဲ့ အခြားတိုက်နှင့် ထုတ်ဝေလိုသည်ဖြစ်စေ ကိုယ်တိုင်ထုတ်ဝေလိုသည်ဖြစ်စေ ၊ ထုတ်ဝေထားနှင့်ခဲ့ပြီးသော Gift များနှင့် ပတ်သတ်၍ဖြစ်စေ စတဲ့ အသေးစိတ်ဆွေးနွေးမှူများကို ထပ်မံပြောဆိုသွားပါမယ်။

စိတ်ပျက်စေခဲ့တဲ့အတွက် စာရေးသူကိုရော စာဖတ်သူတို့ကိုပါ အနူးအညွတ်တောင်းပန်အပ်ပါတယ်။

နောက်ထပ်အကြောင်းအရာတစ်ခုကတော့ အချို့တွေ ပေါ်ပေါ်ထင်ထင် ပြောကြားနေကြသလို Leonine မှာ တိုက်အခွဲမရှိပါ။ပြောကြားနေကြတဲ့ Leonine တိုက်အခွဲဆိုတဲ့ တိုက်ဟာလည်း မဟုတ်ကြောင်း ဖြေရှင်းချက်တင်ထားပါတယ်။အထင်အမြင်လွဲမှားမှုသာဖြစ်ပါတယ်။နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ။

နောက်ဆုံးအချက်အနေနဲ့ မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ စာအုပ်လေးက ရခါနီးပြီဖြစ်ပြီး အသစ်ရိုက်နှိပ်ပေးထားတဲ့ My SA Node ပို့ဆောင်ရန်ကျန်ရှိတွေ နဲ့တကွ လက်ထဲရောက်အောင်ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားပါရစေ။

နိဂုံးချုပ်အနေနဲ့ကတော့ အခုလို ခက်ရချည်ရဲ့ဗျာ စာအုပ်ထုတ်ဝေမှုကို ဖျက်သိမ်းရတဲ့အခြေအနေထိရောက်စေခဲ့တဲ့အတွက် မင်မင်တို့ Admin Team တစ်ခုလုံးက စာရေးသူ မတိမ်ပြာနှင့် စာဖတ်ပရိတ်သတ်များ အားလုံးကို အနူးအညွတ်တောင်းပန်ကြောင်း ပြောကြားလိုပါတယ်။

အဆုံးထိ အချိန်ပေး ဖတ်ရှူပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

စိတ်မကောင်းစွာဖြင့်...



#ခက်ရချည်ရဲ့ဗျာစာအုပ်ထုတ်ဝေမှုရပ်စဲခြင်း

ဒီ Post လေးကတော့ မင်မင်တို့ Leonine Publishing Area အနေနဲ့ ခက်ရချည်ရဲ့ဗျာ စာအုပ်လေးနဲ့ပတ်သတ်ပြီး ထုတ်ပြန်ဖြေရှင်းချက်ဖြစ...
07/08/2022

ဒီ Post လေးကတော့ မင်မင်တို့ Leonine Publishing Area အနေနဲ့ ခက်ရချည်ရဲ့ဗျာ စာအုပ်လေးနဲ့ပတ်သတ်ပြီး ထုတ်ပြန်ဖြေရှင်းချက်ဖြစ်ပါတယ်။

ပထမဦးစွာ မင်မင်တို့တိုက်ရဲ့ အခြေအနေလေးကို စာဖတ်သူ စာအုပ်ဝယ်ယူသူတို့နားလည်အောင် သေချာရှင်းပြပါရစေ။

မရှင်းပြခင်မှာလည်း အခုလိုပြောရတဲ့အကြောင်းဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်းမရှိသလို ခုတုံးလုပ်အပြစ်ပုံချတာမဟုတ်ကြောင်းကိုလည်း ကြိုတင်တောင်းပန်ပါရစေ။

မင်မင်တို့ စာအုပ်တိုက်ဟာ စတင်တည်ထောင်ကတည်းက ထုတ်ဝေခဲ့တဲ့ စာအုပ်အများစုကို ရွှေလာဘ် စာပေရဲ့ ပုံနှိပ်တိုက်ဆီမှာ အပ်နှံခဲ့တာပါ။

ပုံနှိပ်တိုက်က ထွက်လာတဲ့ quality ကိုလည်းစိတ်ချယုံကြည်ခဲ့တာမို့ ခက်ရချည်ရဲ့ဗျာအပါအဝင် ရှေ့မှာ Preorder ကောက်ထားခဲ့တဲ့ နတ်ပန်းချီ ၊ Poison ၊ မောင်ရှင်းပြပါရစေမောင့်သက်လယ် ၊ ညလေညင်း ၊ မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ စတာတွေကိုပါ ရွှေလာဘ်ပုံနှိပ်တိုက်ဆီ အပ်နှံခဲ့ပါတယ်။

အဲဒီ့အချိန်မှာ ၃ လပိုင်းဖြစ်ပါတယ်။ My SA Node စာအုပ်လေးတွေလည်း ပုံနှိပ်ထုတ်ဝေပြီးသွားခဲ့ပြီဖြစ်ပြီး တစ်ချို့တစ်ဝက်ကို ပို့ဆောင်မှုတောင်စတင်နေခဲ့ပါပြီ။

မင်မင်တို့အနေနဲ့ နတ်ပန်းချီ ၊ Poison ၊ ညလေညင်း ၊ မောင်ရှင်းပြပါရစေမောင့်သက်လယ် နဲ့ မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ စာအုပ်တို့ကို တပြိုင်နက်တည်း တစ်သုတ် အရင်ပုံနှိပ်မယ် ပြီးတာနဲ့ ခက်ရချည်ရဲ့ဗျာကို ဆက်တိုက်ပုံနှိပ်မယ်ဆိုပြီး သဘောတူစီစဉ်ခဲ့ပါတယ်။

အစီအစဉ်အရဆိုရင် ငါးလပိုင်းလောက် အပြီးအစီးထွက်လာခဲ့မယ် မှန်းထားတာပါ။

သဘောတူညီခဲ့ကြတဲ့နေ့က မထင်မှတ်ပဲ အားလုံးသိကြတဲ့ ရွှေလာဘ်စာပေတိုက်ရဲ့ပြဿနာဖြစ်သွားခဲ့ပါတယ်။အဆစ်အနေနဲ့ ရွှေလာဘ်စာပေတိုက်ထဲ ထည့်သိမ်းထားခဲ့တဲ့ My SA Node စာအုပ်တွေပါ ပိတ်မိသွားခဲ့ပါတယ်။

မင်မင်တို့ အခြေအနေတွေဆိုးရွားသွားမယ်မှန်းမတွေးမိပဲ ဆက်စာင့်ကြည့်ခဲ့သော်လည်း ပုံနှိပ်တိုက်ရော စာပေတိုက်ရောက ပြန်မလည်ပတ်လာတော့ပါဘူး။

၎ လပိုင်းရောက်တဲ့အခါမှာ မင်မင်တို့တိုက်အပါအဝင် တိုက်တော်တော်များများ အနားယူကြပါတယ်။Leonine ဟာလည်း ၄ လပိုင်း တစ်လလုံး ပိတ်ခဲ့ရပါတယ်။

အဲဒီ့ပိတ်ထားတဲ့ အချိန်အတောအတွင်း မင်မင်တို့ဟာ အပေါ်မှာဖော်ပြထားတဲ့ စာအုပ်တွေကိုရိုက်နှိပ်ဖို့ပုံနှိပ်တိုက်အသစ် အသည်းအသန်ရှာရပါတော့တယ်။ဒါပေမဲ့ အခြေအနေတွေအရ အားလုံး တစ်ပြိုင်တည်းရိုက်နှိပ်ပေးဖို့နေနေသာသာ လက်တောင်မခံကြတာတွေအများကြီး ကြုံတွေ့ခဲ့ရပါတယ်။

ပုံနှိပ်တိုက်တွေ့သွားပြန်တော့ အကုန်တစ်ခါတည်းမရပဲ တစ်အုပ်ပြီးမှ တစ်အုပ်ရိုက်နှိပ်ရတာကြောင့် ထင်ထားတာထက် အနည်းငယ် ကြန့်ကြာသွားပြီး တဖြည်းဖြည်း ၆လပိုင်းဆီရောက်သွားခဲ့ပါတယ်။

မင်မင်တို့ စာအုပ်တိုက်အနေနဲ့ ခက်ရချည်ရဲ့ဗျာကို နံပါတ်စဉ်ကျော်ပြီး ထုတ်ဝေပေးလို့အဆင်မပြေပါဘူး။ဒါကြောင့် Order ကောက်ခဲ့တဲ့အစဉ်လိုက်အတိုင်း တစ်အုပ်ပြီးတစ်အုပ်ရိုက်နှိပ်ပို့ဆောင်ပေးခဲ့ပါတယ်။ဒီကြားထဲ ခက်ရချည်ရဲ့ဗျာ နောက်ပိုင်း နောက်ထပ် စာအုပ် Order ထပ်မံကောက်ခံခြင်းကိုလည်းမပြုလုပ်ထားပါဘူး။ကြာပန်းဖြူယောင်ဆောင်မယ်ဟေ့ စတဲ့ စာအုပ်အချို့အတွက် ကြိုတင်ကြေညာချက်ပဲ ထုတ်ဖြစ်ခဲ့တာပါ။

ဒီအတောအတွင်းမှာ ခက်ရချည်ရဲ့ဗျာ Preorder ဦးရေ ၂၀၀၀အတွက် Box ရယ် Gifrနီးပါးအတွက်အစုံလိုက်ရယ် အကုန်ထုတ်လုပ်ထားနှင့်ခဲ့ပါတယ်။

ခက်ရချည်ရဲ့ဗျာဟာ မှာယူသူများတဲ့စာအုပ်ပါ။မင်မင်တို့အနေနဲ့ Quality ကောင်းကောင်းထွက်စေချင်တဲ့အတွက် ပုံနှိပ်တိုက်ကိုလည်း ရွေးချယ်ရခက်ပါတယ်။အခုဆို မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ စာအုပ်ရယ် My SA Node ရယ်က အပြီးသတ်နေပါပြီ။ပြီးတာနဲ့ ခက်ရချည်ရဲ့ဗျာ ကိုစာအုပ်ချည်း သီးသန့်စရိုက်ပေးလို့ရနေပါပြီ။

ပထမအသုတ်ရတာနဲ့ ချက်ချင်းပို့ဆောင်ပေးမယ်လို့လည်းစီစဉ်ထားပြီးပါပြီ။စာအုပ်ကို ၃ လပိုင်း ၂၇ ရက်ကနေ စတင် သီးသန့်ရိုက်နှိပ်လို့ရနေပါပြီ။order ကောက်ခံခဲ့တာ တိုက်ပိတ်ထားခဲ့တဲ့ ၄ လပိုင်းကို ဖယ်ထားမယ်ဆိုရင် အခု ၈လပိုင်းထဲဝင်သည်ထိဆို စုစုပေါင်း ၄ လခန့်ကြာမြင့်သွားခဲ့ပါတယ်။

ဒီလိုကြာမြင့်နေတာဟာ မင်မင်တို့ရဲ့ လိုအပ်မှုပါ။မင်မင်တို့အမှားပါ။ဒီ့အတွက်စာဖတ်သူတို့နဲ့ စာရေးသူကိုလည်း အကြိမ်ကြိမ်တောင်းပန်ခဲ့ပါတယ်။အခုလည်းထပ်ပြီး အမှားအတွက်တောင်းပန်ပါရစေ။

ဒီလို ၄လတာ အရှုပ်အထွေးတွေများခဲ့တဲ့အတောအတွင်း စာရေးသူ မတိမ်ပြာအား Leonine တိုက်Founder မှ စာမူခ တပိုင်းတစကိုလည်း ပေးချေခဲ့ပြီး ဖြစ်ပါတယ်။ပါဝင်တဲ့ Inner Art ၊ Cover Art နဲ့ အခြားArt များအတွက်လည်း ငွေများ ပေးချေပြီး ဖြစ်ပါတယ်။

စာဖတ်သူတို့ကို စောင့်ဆိုင်းစေရတဲ့အတွက် မျက်နှာပူပြီး အားနာပြီး မင်မင်တို့ Admin အဖွဲ့ဟာ နေ့စဉ်နေ့တိုင်း စာအုပ်ပို့ဆောင်မှုနဲ့အခြားလုပ်ငန်းဆောင်တာတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ မင်မင်တို့ဟာ ခက်ရချည်ရဲ့ဗျာကို Quality ကောင်းကောင်းနဲ့ တစ်လအတွင်း အပြီးသတ် ပုံနှိပ်ပေးမယ့် ပုံနှိပ်တိုက်ကို ရှာတွေ့သွားပြီဖြစ်ပါတယ်။ဒါကြောင့် ၈လပိုင်းအကုန်ကို အပြီးအစီးပုံနှိပ်ပြီး ၉လပိုင်းမှာစတင်ပို့ဆောင်ပေးသွားပါမယ်ဆိုတဲ့အကြောင်း ပုံနှိပ်တိုက်နဲ့ သဘောတူပြီး ဖြစ်ပါတယ်။

အခုချိန်မှာတော့ စာရေးသူဘက်က တိုက်ရဲ့ အချိန်ကြာမြင့်မှုကြောင့် Cancle မယ့်အကြောင်း ဆွေးနွေးလာခဲ့ပါတယ်။

မင်မင်တို့တိုက်အနေနဲ့ကတော့ စာရေးသူနဲ့ တတ်နိုင်သမျှ ညှိနှိုင်းသွားဦးမှာဖြစ်ပြီး စာဖတ်သူတွေကိုလည်း အနည်းငယ်မျှ ထပ်မံသည်းခံစောင့်ဆိုင်းပေးနိုင်မလားလို့ မေတ္တာရပ်ခံပြရစေ။


နိဂုံးချုပ်အနေနဲ့ အချိန်ကြာမြင့်စွာစောင့်ဆိုင်းပေးခဲ့ရသောစာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အနူးအညွတ်တောင်းပန်ပါတယ်။ စာရေးသူမတိမ်ပြာကိုလည်း စာအုပ်တိုက်ရဲ့ လိုအပ်ချက်များ၊ အမှားများကြောင့် စိတ်ရောလူရောပင်ပန်းစေမိတဲ့အတွက် ထပ်လဲတောင်းပန်အပ်ပါတယ်။



#ခက်ရချည်ရဲ့ဗျာ

ငယ်လေးတို့ရေ မင်မင်တို့က ငယ်လေးတို့သိချင်နေတဲ့ တချို့အချက်ကလေးတွေကို ပြောပြချင်လို့ပါနော် 🧡ညလေညင်း ၊ မောင်ရှင်းပြပါရစေမေ...
08/07/2022

ငယ်လေးတို့ရေ မင်မင်တို့က ငယ်လေးတို့သိချင်နေတဲ့ တချို့အချက်ကလေးတွေကို ပြောပြချင်လို့ပါနော် 🧡

ညလေညင်း ၊ မောင်ရှင်းပြပါရစေမောင့်သက်လယ် နဲ့ Poison စာအုပ်လေးတွေကို Confirm call ဆက်ပြီးသူမှန်သမျှဆီ မင်မင်တို့က Deli တွေ အပ်လိုက်ပြီးပါပြီ 💗

တကယ်လို့ Confirm call လည်းမရသေး ၊ စာအုပ်လည်းမရောက်သေး ဖြစ်နေတယ်ဆိုရင်တော့ မင်မင်တို့ အခုပေးထားတဲ့ ဒီ Link လေးမှာ form လေးတစ်ချက်လောက် ဝင်ဖြည့်ပေးဖို့ မေတ္တာရပ်ခံပါရစေနော် 🙇‍♀️

ဒီ Link လေးပါ 👇👇

https://docs.google.com/forms/d/e/1FAIpQLSeXKJ0BOrSVkoLUOGkULcm45xyCCIJoxhycibEm2pcM7puaBg/viewform

မေတ္တာရိပ်မြုံလေးထဲဝယ် မောင်နဲ့ငါ စာအုပ်လေးအတွင် Confirm call တွေကိုတော့ အပေါ်မှာပြောထားတဲ့သုံးအုပ်ရဲ့ လက်ကျန်စာရင်းလေးတွေအပြီးသတ်ပြီးတာနဲ့ တန်းဆက်ပေးသွားတော့မှာပါ။ ၂၀ ရက်နေ့နောက်ပိုင်းဆို စာအုပ်လေးက ထွက်လာတော့မှာမို့ ခဏလေးစောင့်ပေးကြပါဦးနော် ✨

My SA Node လေးကိုလည်း နောက်တစ်ကြိမ် ပြန်ရိုက်နေပါပြီ။တကယ်လို့ ငယ်လေးတို့က စောင့်ဖို့အဆင်မပြေတော့လို့ refund လေးပြန်ယူချင်တယ်ဆိုရင်တော့ မင်မင်တို့ရဲ့ page cb လေးမှာ Order ကောက်တုန်းက prepaid ပေးထားတဲ့ Code နံပါတ်လေးနဲ့တကွ ပြန်လည်ထုတ်ယူလို့ရပါတယ်ဆိုတဲ့အကြောင်း ပြောပြချင်ပါတယ်။ 🥺

ရှေ့ရက်တုန်းက မင်မင်တို့ အချက်အလက်တွေသိမ်းထားတဲ့ Laptop လေးပျက်သွားတာကြောင့်နှောင့်နှေးမှုလေးတစ်ချို့ ဖြစ်ပွားခဲ့တဲ့အတွက် အရမ်းပဲ အားနာပါတယ်နော်။အခုတော့မင်မင်တို့ အဆင်ပြေပြေနဲ့ပြန်လည်ပတ်အောင် ကြိုးစားနေကြပါပြီ။စိတ်ရှည်ရှည်နဲ့ စောင့်နေပေးကြသူတွေကိုလည်း ကျေးဇူးအထူးပါ 💓

ကောင်းသောညပါ ငယ်လေးတို့ရေ 🌌



#ညလေညင်း
#မောင်ရှင်းပြပါရစေမောင့်သက်လယ်

#မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ

14/06/2022

မင်္ဂလာပါ ငယ်လေးတို့ရေ
My SA Node စာအုပ်ပို့ဆောင်မှုလေးနဲ့ပတ်သတ်ပြီး ပြောပြချင်လို့ပါ 🔔

မင်မင်တို့ လက်ရှိမှာ Preorder တင်ထားပြီး ပို့ဖို့ကျန်တဲ့သူတွေဆီကို ပို့ဖို့ စီစဉ်နေပါပြီနော် 🙆

ပုံနှိပ်တိုက်အသစ်လေးနဲ့ ထပ်မံအပ်နှံထားတာ ဖြစ်တဲ့အတွက်ကြောင့် စာအုပ်လေး ထွက်လာတာနဲ့ Preorder စာရင်းမှာ မပို့ရသေးပဲ ကျန်နေခဲ့သူတွေကို ပို့ပေးသွားမှာပါ ✨

ပို့ဆောင်ဖို့ကျန်နေသေးတဲ့ သူတွေအကုန်ပို့ပေးပြီးတာနဲ့ မင်မင်တို့ တိုက်လေးကနေပြီး My SA Node စာအုပ်လေးအတွက် " instock " လေး ထပ်မံ ကောက်ပေးသွားဦးမှာပါ 💝

ဒါကြောင့် In stock ဝယ်ယူချင်တဲ့ ငယ်လေးတို့က မင်မင်တို့ကို ခဏလေး အချိန်ပေးပြီး စောင့်ဆိုင်းပေးကြပါဦးနော် 💗

အခက်အခဲတွေ အများကြီး ရှိခဲ့တာမို့လို့ ကြန့်ကြာသွားရတာကိုလည်း မင်မင်တို့က အားနာတဲ့အတွက်ကြောင့် အမြန်ဆုံး ငယ်လေးတို့လက်ထဲရောက်အောင် ကြိုးစားပေးနေပါပြီ 🌸

ဒါကြောင့် ယုံယုံကြည်ကြည်နဲ့ စောင့်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်နော် 🍀

ကောင်းသောညပါ ငယ်လေးတို့ရေ...🌌



08/06/2022

Hello " ညလေညှင်း၊ Poison ၊ မောင့်သက်လယ် " စာအုပ်မှာထားတဲ့ငယ်လေးတို့ရေ တစ်ခုလောက်မေတ္တာရပ်ခံချင်ပါတယ်🙏

- Confirm Call ခေါ်တဲ့အခါ ဖုန်းကိုင်ပေးဖို့ပါ။ ချက်ချင်းမကိုင်အားရင်တောင် Missed call ဝင်တာလေးတွေပြန်ခေါ်ပေးဖို့ပါ ( ပြင်မှတ်ဖို့ ပြန်ခေါ်တာကို သုံး၊လေးရက် စောင့်ပေးပါတယ်နော် 🥺 )

- ဖုန်းဝင်တဲ့အခါစာအုပ်ဖိုးအတွက် " Prepaid, COD, Sg '' ဘာလဲဆိုတာ သေချာလေးဖြေပေးပါ။ ကြိုပြီးမှတ်ထားပေးပါနော်။

- ခေါ် တဲ့အချိန်မှာလည်း " ပေါင်းယူမယ့်စာအုပ် - ညလေညှင်း၊ သက်လယ်၊ Posion '' တွေကိုသေချာပြောပေးပါ။ CC ဆက်တဲ့ Admin တွေလည်း သေချာမေးပေးပြီး ချက်ချင်းမမှတ်မိရင်စောင့်ပေးတာ ကလေးတွေအသိပါပဲ🥺( Confirm Call ပြီးရင် Deli တန်းအပ်တာမလို့ လိပ်စာပြောင်းတာ၊ စာအုပ်ပေါင်းယူဖို့တွေ ထပ်လာပြောတာ အဆင်မပြေလို့ပါ )

Confirm Call တွေကဆက်နေတုန်းပါဘဲ အကုန်ပြီးရင် ဆက်သွယ်မရတာတွေ၊ Return List တွေကိုထပ်တင်ပေးပါမယ်🖤 Leonine ကနေဝယ်ယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် 🖤

Address

Dagon

Telephone

+959257987467

Website

Alerts

Be the first to know and let us send you an email when Leonine Publishing Area posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Leonine Publishing Area:

Share

Category