SPORT Channel

SPORT Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SPORT Channel, News & Media Website, Dagon.
(1)

23/10/2025

ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ဆုဖလားလမ်းကြောင်းပေါ်က အာဆင်နယ်ကို ဘယ်လိုမြင်မိကြလဲ....

ချန်ပီယံလိဂ်ဘောလုံးပွဲဟိုက်လိုက်ဗီဒီယိုများကို Telegram Channelမှာ နေ့စဉ်ဝင်ရောက်ကြည့်နိုင်ပါတယ်ဗျ။👇👇👇Telegram Link- htt...
23/10/2025

ချန်ပီယံလိဂ်ဘောလုံးပွဲဟိုက်လိုက်ဗီဒီယိုများကို Telegram Channelမှာ နေ့စဉ်ဝင်ရောက်ကြည့်နိုင်ပါတယ်ဗျ။👇👇👇

Telegram Link- https://t.me/vitekalay

အာဆင်နယ်ဟာ ဒီရာသီ ပြီးပြည့်စုံမှု အရှိဆုံး အသင်းပါ …‘ အာဆင်နယ်ကို ဒီရာသီ title contender အဖြစ် မြင်လား? Yes လို့ ကျွန်တေ...
22/10/2025

အာဆင်နယ်ဟာ ဒီရာသီ ပြီးပြည့်စုံမှု အရှိဆုံး အသင်းပါ …

‘ အာဆင်နယ်ကို ဒီရာသီ title contender အဖြစ် မြင်လား? Yes လို့ ကျွန်တော် ချက်ချင်းဖြေရပါမယ်။ ကျွန်တော် နှစ်တိုင်း ဒီလိုပဲ ပြောနေတယ်လို့ ခင်ဗျား တုန့်ပြန်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီနှစ်မှာ ဘယ်အခက်အခဲမဆို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း တကယ် ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မနှစ်တုန်းက သူတို့ဟာ ကိုင်ဟာဗက်ဇ်၊ ဘူကာယို ဆာကာတို့ နာသွားရင် အဲ့ဒီဒဏ်ကို မခံနိုင်ခဲ့ပါဘူး။ ဒီနှစ်တော့ သူတို့မှာ မာဒူအီးကီ၊ အက်ဇေး၊ မာတင်နယ်လီ၊ ထရော့ဆာ့ဒ်တို့ပါ ရှိနေပါပြီ။

အနောက်မှာလည်း သူတို့ဟာ မော်စ်ကဲရာ၊ လူးဝစ် စကယ်လီတို့လို အစားထိုးစရာတွေ ရှိနေပါပြီ။ သူတို့ဟာ ပြီးပြည့်စုံမှု အရှိဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ‘ 🗣️ အာဆင်ဝင်းဂါး

"ကျွန်တော် လီဗာပူးကို ရောက်လာစတုန်းက ဘယ်သူမှ ဒီအသင်းကို မကြိုက်ကြဘူး ၊ ကစားသမားတွေကိုရော အရာအားလုံးကိုပေါ့ ။ လီဗာပူးအသင်...
22/10/2025

"ကျွန်တော် လီဗာပူးကို ရောက်လာစတုန်းက ဘယ်သူမှ ဒီအသင်းကို မကြိုက်ကြဘူး ၊ ကစားသမားတွေကိုရော အရာအားလုံးကိုပေါ့ ။ လီဗာပူးအသင်းကိုယ်တိုင်တောင်မှ သူတို့အသင်းကို သူတို့ သဘောမကျဘူးဖြစ်နေတာ"

"ဒါပေမယ့် ကျွန်တော်ကတော့ ဒီလိုမမြင်ခဲ့ဘူး ။ လီဗာပူးမှာ ကစားသမားကောင်းတွေ ရှိတယ် ၊ အစွမ်းကုန်ကြိုးစားပေးနေသူတွေ ရှိတယ် ၊ ဟန်ဒါဆင် ၊ အိုရီဂီ ၊ ဘန်တီကီ . . . သူတို့တွေကို ကျွန်တော် ကြိုက်တယ် ။ သူတို့က မကောင်းတာမဟုတ်ဘူး ၊ အကောင်းဆုံးပုံစံကို သူတို့ မပြသနိုင်ကြသေးတာ"

"လီဗာပူးကို ရွေးချယ်ခဲ့ကတည်းက ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိနေမှာမဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်ထားပြီးသားပါ ။ ဒါပေမယ့် ဒီအသင်းရဲ့ အလားအလာ ၊ ဒီကစားသမားတွေရဲ့ အလားအလာကောင်းတွေကို ကျွန်တော်မြင်ခဲ့တယ် ။ ဒါကြောင့် ကျွန်တော် လီဗာပူးကို သူတို့တွေနဲ့ တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပါပဲ"

🗣️Jurgen Klopp

"ဘောလုံးသမား အယောက် ၁၀၀ မှာ ၉၉ ယောက်လောက်က ဒီဘောလုံးကို ထိန်းနိုင်မှာပါ ။ ဒါပေမယ့် ဘယ်သူမှ ဘရူနို ဖာနန်ဒက်စ်လို ချက်ချင်...
21/10/2025

"ဘောလုံးသမား အယောက် ၁၀၀ မှာ ၉၉ ယောက်လောက်က ဒီဘောလုံးကို ထိန်းနိုင်မှာပါ ။ ဒါပေမယ့် ဘယ်သူမှ ဘရူနို ဖာနန်ဒက်စ်လို ချက်ချင်းပေးပို့နိုင်တာမျိုးကိုတော့ ဘယ်သူမှလုပ်နိုင်မယ်မထင်ပါဘူး"
Roy Keane

"ကျွန်တော့ရဲ့ သွင်းဂိုးလား ၊ ဘရူနို ရဲ့ ဖန်တီးမှုအကြောင်းပဲ ပြောရအောင်ပါ ။ သူက ကျွန်တော် ဂိုးသွင်းရတာ လွယ်ကူအောင် ဖန်တီးပေးသွားခဲ့တာလေ"
Harry Maguire

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ယူအသင်းအတွက် အခုနှစ်ဘောလုံးရာသီမှာ ပထမဆုံး ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဘရူနိုဟာ ဒီနှစ်ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးမှု ၂၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ် ။

21/10/2025

(1-2)ဆိုတဲ့ရလဒ်လေးတစ်ခုက ကမ္ဘာနှစ်ခုကိုခြားနားစေခဲ့တယ်....

19/10/2025

ကိုယ်စီပြဿနာတွေရှိနေကြတဲ့ လီဗာပူလ်းနဲ့ယူနိုက်တက်မှာ တစ်ပူပေါ်တစ်ပူဆင့်မှာက ဘယ်သူလဲ

ဒေါ့မွန်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုးကို သွင်းပေးနိုင်ခဲ့တဲ့ ဟာရီကိန်းကတော့ ကလပ်ကစားသမားဘ၀မ...
19/10/2025

ဒေါ့မွန်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုးကို သွင်းပေးနိုင်ခဲ့တဲ့ ဟာရီကိန်းကတော့ ကလပ်ကစားသမားဘ၀မှာ သွင်းဂိုး ၄၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီ သွင်းဂိုး ၄၀၀ ကိုတော့ ဘိုင်ယန်မြူးနစ်အတွက် ၁၀၄ ဂိုး၊စပါးအတွက် ၂၈၀ ဂိုး၊ လက်စတာအတွက် ၂ ဂိုး၊ မီဝေါလ်အတွက် ၉ ဂိုးနဲ့ လေတန်အတွက် ၅ ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်းဟာ ဒေါ့မွန်နဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး ဂိုးသွင်းခဲ့ခြင်းအပြင် တစ်ပွဲလုံးမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အချက်အလက်တစ်ခု ထုတ်ပြောရမယ်ဆိုရင် ဒေါ့မွန်နဲ့ပွဲမှာ အဝေးဘောပေးပို့မှု ၁၁ ကြိမ်အထိ အောင်မြင်ခဲ့ပြီး ဒါ့ဟာ သူကစားခဲ့တဲ့လိဂ်ပွဲတွေအားလုံးထဲမှာ အများဆုံး မှတ်တမ်းလည်းဖြစ်ပါတယ်။ ကိန်းဟာ ဒီရာသီမှာ နိုင်ငံနဲ့ကလပ်အသင်းအတွက် စုစုပေါင်း ၁၄ ပွဲမှာ ၂၂ ဂိုးအထိသွင်းထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီဟာ နိုင်ငံတကာဘောလုံးသမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ဒါ့အပြင် သူဟာ ကစားသ...
15/10/2025

လီယွန်နယ်မက်ဆီဟာ နိုင်ငံတကာဘောလုံးသမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ကစားသမားဘဝ ဂိုးဖန်တီးမှု အကြိမ် (၄၀၀) ပြည့်မြောက်ဖို့ ၂ ဂိုးသာ လိုအပ်ပါတော့တယ်။

6⃣0⃣ - 🇦🇷 Messi 🆕
5️⃣8️⃣ - 🇧🇷 Neymar
5️⃣8️⃣ - 🇺🇲 Donovan
5️⃣3️⃣ - 🇭🇺 Puskás
5️⃣1⃣ - 🇭🇺 Kocsis
4️⃣9️⃣ - 🇧🇪 De Bruyne
4️⃣4⃣ - 🇶🇦 Afif
4⃣1⃣ - 🇨🇴 James
4️⃣0⃣ - 🇧🇷 Pelé
4️⃣0⃣ - 🇨🇴 Valderrama

"တည်ငြိမ်မှုမရှိတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော် အချိန်တွေ အများကြီး ရှိနေခဲ့ရတယ်လို့ ခံစားမိပါတယ် ။ ဒါကြောင့် ကျွန်တော့ပုံစ...
15/10/2025

"တည်ငြိမ်မှုမရှိတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော် အချိန်တွေ အများကြီး ရှိနေခဲ့ရတယ်လို့ ခံစားမိပါတယ် ။ ဒါကြောင့် ကျွန်တော့ပုံစံကောင်းကိုလည်း တည်တည်ငြိမ်ငြိမ်ပြသနိုင်ဖို့ ပိုပြီး ခက်ခဲခဲ့တာပါ ။ အခု ဘာစီလိုနာအသင်းမှာတော့ ကျွန်တော့ရဲ့ ကစားပုံက ပိုပြီး တည်ငြိမ်မှု ရှိလာခဲ့ပါတယ် ။ ကိုယ်ဘယ်လိုကစားမယ် ၊ ကိုယ်ဘယ်လို လေ့ကျင့်မယ် ၊ ဘယ်လိုနေထိုင်မယ်ဆိုတာတွေက အရင်ကထက် ပိုကောင်းလာခဲ့ပါတယ်"

🗣️Rashford

15/10/2025

ယိုကာရက်ဇ်နဲ့ အီဆက်တို့ကျေးဇူးကြောင့် ဆွီဒင်နည်းပြတို့ ရာထူးကပြုတ်သွားခဲ့ပြီ....

ဂါနာဆိုတာ အာဖရိကအသင်းတွေထဲမှာ နောက်ပေါက်အသင်းလို့ ဆိုရမှာပါ။ ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားပြိုင်ပွဲကျမှ ခြေစစ်ပွဲအောင်ခဲ့တဲ့အသင...
13/10/2025

ဂါနာဆိုတာ အာဖရိကအသင်းတွေထဲမှာ နောက်ပေါက်အသင်းလို့ ဆိုရမှာပါ။ ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားပြိုင်ပွဲကျမှ ခြေစစ်ပွဲအောင်ခဲ့တဲ့အသင်းဖြစ်ပေမဲ့ အဲဒီနှစ်မှာပဲ အံ့အားသင့်စရာကောင်းတဲ့ မာကျောမှုကို ပြသနိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ အုပ်စုကနေ တက်ရောက်နိုင်ခဲ့ပြီး ၁၆ သင်း ရှုံးထွက်အဆင့်မှာတောင် လက်ရှိချန်ပီယံ ဘရာဇီးလ်လိုအသင်းနဲ့ ဆုံခဲ့လို့သာ ထွက်ခဲ့ရတာပါ။ ဒါတောင် ဘရာဇီးလ်ကို အတော်လေး လုပ်ရကိုင်ရခက်အောင် ကစားပြနိုင်ခဲ့ပါသေးတယ်။

၂၀၁၀ ကတော့ အားလုံးအတွက် မေ့မရနိုင်ခဲ့တဲ့နှစ်ပါ။ တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂါနာအသင်းဟာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး အာဖရိကအသင်းတွေထဲ အမြင့်ဆုံး တက်လှမ်းနိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။တကယ်တော့ ဂါနာအတွက် ဆီမီးအဆင့်ကို ရောက်ဖို့တောင် ထိုက်တန်ခဲ့တဲ့ ခြေစွမ်းရှိခဲ့ပါတယ်။ ဆွာရက်ဇ်ရဲ့ ဂိုးစည်းပေါ်က လက်နဲ့ပုတ်ထုတ်လိုက်တာကြောင့် ရတဲ့ပင်နယ်တီကို အဆာမိုဂျန် လွဲချော်ခဲ့လို့ အာဖရိက တစ်တိုက်လုံး ကြေကွဲခဲ့ရပါတယ်။

၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ အုပ်စုကပြုတ်ခဲ့သလို၊ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာတော့ ခြေစစ်ပွဲမအောင်ခဲ့ပါဘူး။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာလည်း အုပ်စုကနေ ထွက်ခဲ့ရတဲ့ ဂါနာတို့ဟာ အခုတော့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်သွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ လူအင်အားကလည်း အတော်လေးကို တောင့်တင်းတယ်လို့ ဆိုနိုင်ပါတယ်။ တိုက်စစ်ပိုင်းမှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ အယူးနဲ့ ဝီလျံတို့အပြင် ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘုန်းမောက်ရဲ့ ဆီမီညိုနဲ့ စပါးရဲ့ ကူဒက်စ်တို့လည်း ရှိနေတာကြောင့် ဒီတစ်ကြိမ်မှာတော့ ဘယ်လောက်အထိ အမြင့်ပျံပြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Address

Dagon

Website

Alerts

Be the first to know and let us send you an email when SPORT Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share