
27/07/2025
🌴🌳🌊 OPPORTUNITY 🌊🌳🌴
အသက် ၁၈ နဲ့ ၃၅ နှစ်ကြား ထူးချွန်တဲ့ မြန်မာလူငယ်များကို မကြာမီပြုလုပ်မဲ့ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းအစီအစဉ်မှာ ပါဝင်တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
'Brighter Youth for Better Climate (BYBC)' သင်တန်းဆိုတာ ထူးချွန်တဲ့ မြန်မာလူငယ် အယောက် ၃၀ အား ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်များမှာ အနာဂတ်ခေါင်းဆောင်များဖြစ်လာရန် လိုအပ်တဲ့အသိပညာနဲ့ အရည်အချင်းများမြှင့်တင်ပေးရန် ရည်ရွယ်တဲ့ ၆ လကြာ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
ဒီသင်တန်းမှတဆင့် လေ့လာသင်ယူခွင့်ရမဲ့အရာများကတော့ -
🌞 မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အခွင့်အလမ်းများနဲ့ စိန်ခေါ်မှုများအကြောင်း ကျွမ်းကျင်သူများဦးဆောင်မဲ့ ဆွေးနွေးပွဲများ
📚 ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များကို ပြည်ပတက္ကသိုလ်များတွင် ပညာဆက်လက်ဆည်းပူးရန် တက္ကသိုလ်ဝင်ခွင့်နဲ့ ပညာသင်ဆုလျှောက်လွှာပြင်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်သင်ကြားမှုများ
🌍 မိမိရပ်ရွာအသိုက်အဝန်းမှာ ရာသီဥတုဆိုင်ရာ ပရောဂျက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်မှုများ နဲ့
🤝 ရာသီဥတုဘာသာရပ်များဆိုင်ရာ ပညာတော်သင်များ၊ ပညာတော်သင်ဟောင်းများနဲ့ ချိတ်ဆက်နိုင်တဲ့ အခွင့်အလမ်းများ ဖြစ်ပါတယ်။
ဒီသင်တန်းဟာ အခမဲ့အစီအစဥ်တစ်ရပ်ဖြစ်ပြီး ၂၀၂၅ စက်တင်ဘာလလယ်မှ ၂၀၂၆ မတ်လလယ်အထိ အွန်လိုင်းမှတဆင့် ပို့ချသွားမှာဖြစ်ပါတယ်။ အရည်အချင်းပြည့်မီပြီး စိတ်အားထက်သန်သော မြန်မာလူငယ်များအားလုံး လျှောက်ထားနိုင်ပါတယ်။
သင်တန်းအစီအစဉ် အသေးစိတ်နဲ့ အရည်အချင်းသတ်မှတ်ချက်များကို အောက်ပါ လင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
လျှောက်လွှာများကို သြဂုတ် ၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားတင်သွင်းရမှာဖြစ်ပါတယ်။
➡ လျှောက်ထားရန် link - https://forms.office.com/e/MbXFvRdbea
BYBC သင်တန်းအစီအစဉ်ကို Chevening Scholarship Programme မှ ပံ့ပိုးထားပြီး မြန်မာ Chevening ပညာတော်သင်ဟောင်းများ (MCA) အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
⚠️ သတိပြုရန် - BYBC သင်တန်းတွင် ရွေးချယ်ခံရခြင်း၊ ပါဝင်တက်ရောက်ခြင်းသည် Chevening ပညာသင်ဆု လျှောက်ထားရွေးချယ်မှုလုပ်ငန်းစဥ်တစ်လျှောက်မှာ မည်သည့် အာမခံချက်မျိုးကို မျှ ပေးမည်မဟုတ်ကြောင်း အသိပေးလိုပါတယ်။
We’re looking for brilliant young people from Myanmar (aged 18 – 35) for our upcoming training programme on climate and environmental issues.
The 'Brighter Youth for Better Climate (BYBC)' training programme is an intensive six-month programme designed to empower, educate and upskill 30 talented Myanmar young people with the necessary knowledge and skills to be future leaders in climate and environmental fields.
What you'll gain:
🌞 Expert seminars on the opportunities and challenges in climate change in Myanmar
📚 Support in preparing applications for further study in climate and environmental fields
🌍 Skills to develop community climate projects
🤝 Networking opportunities with climate scholars and alumni
This training programme is free of charge and will be delivered virtually from mid-September 2025 to mid-March 2026. It is open to all enthusiastic Myanmar young people who meet the eligibility criteria.
Further details on the training programme and eligibility can be found in the application link below.
Applications are now open until Wednesday, 6 August!
➡ Apply here: https://forms.office.com/e/MbXFvRdbea
The BYBC training programme is supported by the Chevening Scholarship programme and implemented by the Myanmar Chevening Alumni (MCA) association.
⚠️ Participation and selection for the BYBC does not guarantee selection, shortlisting, or any advantage in the Chevening Scholarship.