Future Wave Training

  • Home
  • Future Wave Training

Future Wave Training Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Wave Training, .
(374)

တစ်ခါတလေ ကိုယ့်ဘဝကိုယ် ပြန်ကြည့်တဲ့အခါ ဘီးတစ်ခုထဲမှာ ပတ်ပြေးနေတဲ့ ကြွက်တစ်ကောင်လို မခံစားရဘူးလား? ဘယ်လောက်ပဲ ကြိုးစားပြေ...
12/12/2025

တစ်ခါတလေ ကိုယ့်ဘဝကိုယ် ပြန်ကြည့်တဲ့အခါ
ဘီးတစ်ခုထဲမှာ ပတ်ပြေးနေတဲ့ ကြွက်တစ်ကောင်လို မခံစားရဘူးလား?

ဘယ်လောက်ပဲ ကြိုးစားပြေးနေပါစေ၊
နေရာဟောင်းကိုပဲ ပြန်ရောက်နေသလိုမျိုး။

ဒါကို စီးပွားရေးနဲ့ ဘဏ္ဍာရေးလောကမှာ
"ကြွက်ပြေးလမ်း (The Rat Race)" လို့ ခေါ်ပါတယ်။

✦✦✦
🟠 ကြွက်ပြေးလမ်းဆိုတာ ဘာလဲ?

ရိုးရှင်းပါတယ်။
လူတွေဟာ ပိုက်ဆံအတွက် မဖြစ်မနေ အလုပ်ရှာကြရတယ်၊
အလုပ်လုပ်ကြရတယ်၊ ပြီးတော့ အဲဒီပိုက်ဆံကို
အသုံးစရိတ်တွေ (Expenses) နဲ့ တာဝန်ဝတ္တရားတွေ (Liabilities) အတွက် မဖြစ်မနေ ပြန်သုံးလိုက်ကြတယ်။

ငွေကုန်တော့ နောက်ထပ်ဝင်ငွေရဖို့ မဖြစ်မနေ အလုပ်ပြန်လုပ်ရပြန်တယ်။
အလုပ်လုပ်လိုက်၊ ရှာလိုက်၊ သုံးလိုက်၊ ကုန်လိုက်၊​ ပြန်ရှာလိုက်နဲ့
ဒီလို ပတ်ချာလည်နေတဲ့ အကြွေး၊ အလုပ်၊ အသုံးစရိတ် ဆိုတဲ့
သံသရာထဲကနေ ဘယ်တော့မှ မထွက်နိုင်တာကိုပဲ
"ကြွက်ပြေးလမ်း" လို့ သတ်မှတ်တာပါ။

✦✦✦
🟠 ဘယ်အချိန်အထိ ဒီလိုလည်နေမှာလဲ⁉️
🟠 တသက်လုံး အလုပ်ထဲမှာပဲ ဘ၀ကုန်ဆုံးသွားမလား⁉️

ကျွန်တော်တို့ရဲ့ အချိန်တွေ၊ ကျန်းမာရေးတွေနဲ့ ကိုယ်ပိုင်ဘဝတွေဟာ ဒီကြွက်ပြေးလမ်းထဲမှာပဲ တစ်စိမ့်စိမ့် ကုန်ဆုံးသွားတတ်ကြပါတယ်။

လူအများစု သတိမထားမိဘဲ
အလုပ်လုပ်ရင်း အသက်ကြီးသွားကြတဲ့ ဖြစ်စဉ်ကတော့ -

🔸 ၂၅ နှစ် မှာ အလုပ်ခွင်ဝင် - အလုပ်လုပ်တယ်။

🔸 ၃၅ နှစ် မှာ ရာထူးတက်တော့ ဝင်ငွေတိုးတယ်။
ကားအသစ်၊ အိမ်အသစ် ဝယ်လိုက်တယ်။
ပြီးတော့ အိမ်ထောင်ကျတယ်။
အသုံးစရိတ် (Liabilities) တွေ ပိုများလာတယ်။

🔸 ၄၅ နှစ် မှာ ဝင်ငွေများလာပေမယ့်
ပိုကောင်းတဲ့ လူနေမှုပုံစံကို လိုချင်တော့
အကြွေးတွေနဲ့ အသုံးစရိတ်က ပိုတိုးလာတယ်။

🔸 ၆၅ နှစ် မှာ အငြိမ်းစားယူချိန် ရောက်တော့လည်း
ဘဏ္ဍာရေးအရ လွတ်လပ်မှု (Financial Freedom) မရှိသေးဘဲ
"အလုပ်ကနေ မထွက်နိုင်သေး" တဲ့ အဖြစ်မျိုး ရောက်သွားတတ်ပါတယ်။

(သင်ရာ...? သင့်ရဲ့လက်ရှိလုပ်ဆောင်နေပုံက ငွေကြေးအရ လွတ်လပ်မှုကို ဦးတည်နေတာလား၊ ဒါမှမဟုတ် ကြွက်ပြေးလမ်းမှာ လည်ရင်း ပိတ်မိနေတဲ့ဘက်ကို ဦးတည်နေတာလားဆိုတာကို ဆန်းစစ်ကြည့်ပါ။)

✦✦✦
🟠 သင့်မှာ ဘာဗျူဟာမှ မရှိသေးဘူးလား ⁉️
🟠 ကြွက်ပြေးလမ်းကနေ ထွက်ဖို့ ဘာလုပ်ရမလဲ ⁉️

ဒီလမ်းကနေ လွတ်မြောက်ဖို့အတွက် အဓိကနည်းဗျူဟာက
"ဝင်ငွေများအောင် ပိုက်ဆံပိုရှာမယ်၊ အလုပ်ပိုလုပ်မယ်" ဆိုတာမဟုတ်ဘဲ၊

"ပိုက်ဆံက သင့်အတွက် အလုပ်လုပ်ပေးတဲ့
Passive Income ကို တည်ဆောက်ခြင်း" ဖြစ်ပါတယ်။

ဒီအတွက် လုပ်ရမှာကတော့ -

၁။ ငွေကြေးပညာရေး (Financial Education) ကိုသင်ယူပါ။
ငွေရေးကြေးရေးရဲ့ အခြေခံစည်းမျဉ်းတွေ၊ ပိုင်ဆိုင်မှု (Assets) နဲ့ တာဝန်ဝတ္တရား (Liabilities) ကို ခွဲခြားတတ်တဲ့ အသိပညာကို အရင်ဆုံးယူပါ။

၂။ ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာ (Investment Strategy)
ရရှိတဲ့ငွေကို အသုံးစရိတ်အတွက် အကုန်မသုံးဘဲ၊ ပိုက်ဆံပြန်ရှာပေးနိုင်တဲ့ ပိုင်ဆိုင်မှု (Asset) တွေကို ဝယ်ယူဖို့ နည်းဗျူဟာချပါ။

၃။ လေ့လာ-လေ့ကျင့်-လက်တွေ့လုပ်ပါ (လ ၃ လုံး)
Money, Business & Accounting ဆိုတဲ့ (MBA) ကို လေ့လာပါ။
Passive Income တွေဟာ သင့်ရဲ့ လစဉ်အသုံးစရိတ် (Monthly Expenses) ကို ကျော်လွန်သွားတဲ့အခါ... သင်ဟာ ကြွက်ပြေးလမ်းကနေ လွတ်မြောက်သွားပြီ လို့ ဆိုနိုင်ပါတယ်။

✦✦✦
🐀 ကြွက်ပြေးလမ်း (Rat Race) ကနေ ဘယ်လို လွတ်မြောက်မလဲ?
🚨 လွတ်မြောက်ရေး လမ်းကြောင်းကို စတင်ပါ‼️

ဒီလို အရေးကြီးတဲ့ ငွေရေးကြေးရေး ဗျူဟာတွေ၊ ပိုင်ဆိုင်မှု (Asset) တွေကို ဘယ်လိုတည်ဆောက်ရမလဲ၊ ကြွက်ပြေးလမ်းကနေ လွတ်မြောက်ဖို့ ဘယ်လိုစဉ်းစားပုံမျိုးရှိရမလဲဆိုတဲ့ အသိပညာတွေကို သင်ယူဖို့အတွက်...

ကျွန်တော်တို့ရဲ့ အထူးအစီအစဉ်ဖြစ်တဲ့ Cashflow 101 (Online သင်တန်း) ကို မိတ်ဆက်ပေးပါရစေ!

Rich Dad Poor Dad စာအုပ်ရေးသူ - နာမည်ကြီး ဘဏ္ဍာရေးပညာရှင် Robert T. Kiyosaki ရဲ့ အတွေးအခေါ်များကို အခြေခံပြီး တီထွင်ထားတဲ့ Cashflow 101 Game ကို အသုံးပြုပြီး...

✔️ သင့်ရဲ့ ငွေရေးကြေးရေးအခြေအနေကို ပြောင်းလဲပစ်နိုင်ပါမယ်။

✔️ ကြွက်ပြေးလမ်းကနေ ထွက်ဖို့အတွက် လိုအပ်တဲ့ နည်းဗျူဟာ၊
ရင်းနှီးမြှုပ်နှံမှု အမြင်တွေကို လက်တွေ့ကျကျ သင်ယူရရှိနိုင်ပါမယ်။

✔️ ပိုင်ဆိုင်မှုနဲ့ ပေးရန်တာဝန်တွေ (Assets & Liabilities) ရဲ့ ခြားနားချက်ကို Cashflow 101 မှာ လေ့လာသင်ယူ ကစားရင်း နားလည်နိုင်ပါလိမ့်မယ်။

✦✦✦
🟠 သင်ဟာ ငွေအတွက် တသက်လုံး အလုပ်လုပ်နေသူလား⁉️
🟠 ဒါမှမဟုတ် ငွေက သင့်အတွက် အလုပ်လုပ်ပေးနေသူလား⁉️

သင့်ဘ၀ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကြွက်ပြေးလမ်းထဲမှာ မကုန်ဆုံးစေချင်ဘူးဆိုရင်၊

ဒီ Cashflow 101 သင်တန်းဟာ သင့်ရဲ့ ပထမဆုံး လွတ်မြောက်ရေး ခြေလှမ်း ဖြစ်ပါလိမ့်မယ်။

Future Wave Training ရဲ့ Cashflow 101 သင်တန်းကို တက်ရောက်ပြီး
ကြွက်ပြေးလမ်းက လွတ်မြောက်တဲ့ နည်းဗျူဟာ များကို လေ့လာဖို့
အခုပဲ စာရင်းသွင်းလိုက်ပါခင်ဗျာ။

အသေးစိတ် အချက်အလက်များ သိရှိလိုပါက - ဒီ Link မှာ ကြည့်လိုက်ပါ။
https://www.facebook.com/share/p/1C5v3fwgyz/

ကြွက်ပြေးလမ်းကလွတ်အောင်ထွက်ပါ
PHOO KYAW ZIN - FUTURE WAVE
CASHFLOW 101 - FINANCIAL EDUCATION

#တွေးမိတက်ရေး

ကြွက်ပြေးလမ်းက လွတ်အောင်ထွက်ပါ ‼️
12/12/2025

ကြွက်ပြေးလမ်းက လွတ်အောင်ထွက်ပါ ‼️

လူတွေဟာ စာအုပ်ကောင်းတွေပါပဲ (ဖတ်တတ်ဖို့ပဲ လိုတယ်)ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စာအုပ်ကောင်းတွေထက် ပိုပြီး အဖိုးတန်တဲ့ "စာ...
12/12/2025

လူတွေဟာ စာအုပ်ကောင်းတွေပါပဲ (ဖတ်တတ်ဖို့ပဲ လိုတယ်)

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စာအုပ်ကောင်းတွေထက် ပိုပြီး အဖိုးတန်တဲ့ "စာအုပ်တွေ" အများကြီးရှိနေပါတယ်။

အဲဒါတွေကတော့ ကျွန်တော်တို့ နေ့စဉ်တွေ့ဆုံနေတဲ့ "လူတွေ" ပါပဲ။

လူတွေကို ဖတ်တတ်ရင် သူတို့ဟာလည်း စာအုပ်ကောင်းတွေလိုပါပဲ…

စာအုပ်တစ်အုပ်ကို ဖတ်ဖို့ စာလုံးတွေ၊ ဝါကျတွေ လိုအပ်သလို၊ လူတစ်ယောက်ကို ဖတ်ဖို့အတွက်လည်း နားလည်နိုင်စွမ်း၊ စာနာစိတ်နဲ့ လေ့လာလိုစိတ် လိုအပ်ပါတယ်။

လူတွေကို ဘယ်လိုဖတ်မလဲ?

၁။ စာမျက်နှာကို ဖွင့်ပါ (နားထောင်ပါ)

လူတိုင်းမှာ သူ့ဘဝနဲ့သူ စွန့်စားခန်းတွေ၊ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ ရှိကြတယ်။ လူတွေပြောနေတဲ့ စကားလုံးတွေရဲ့နောက်ကွယ်က အကြောင်းအရာတွေကို နားထောင်ပါ။

လူတွေရဲ့ အတွေ့အကြုံတွေဟာ ကျွန်တော်တို့အတွက် ဘဝကို လက်တွေ့ကျကျ သင်ပေးနိုင်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။

၂။ ဘာသာပြန်နိုင်စွမ်း (စောင့်ကြည့်ပါ)

လူတစ်ယောက်ရဲ့ စကားပြောဟန်၊ ကိုယ်အမူအယာ၊ တုံ့ပြန်ပုံတွေဟာ စာအုပ်ထဲက စာလုံးတွေထက် ပိုပြီး အဓိပ္ပာယ်ရှိနိုင်ပါတယ်။ လူတွေရဲ့ လုပ်ဆောင်ပုံတွေကို လေ့လာဖတ်ရှုရင်း ဘဝရဲ့ လက်တွေ့ကျတဲ့ ဗျူဟာတွေကို သင်ယူနိုင်ပါတယ်။

၃။ ကောင်းတဲ့ စာအုပ် (မိတ်ဆွေကောင်းများ) ကို ရွေးချယ်ပါ

လူကောင်း၊ သူကောင်း၊ မိတ်ဆွေကောင်းတွေဆီကနေ လေ့လာသင်ယူပါ။

အကောင်းမြင်စိတ်၊ တိုးတက်လိုစိတ်ရှိတဲ့သူတွေနဲ့ ဝန်းရံထားမယ်ဆိုရင် သူတို့ရဲ့ အတွေးအခေါ်ကောင်းတွေ၊ အလေ့အကျင့်ကောင်းတွေဟာ ကျွန်တော်တို့ဆီကို အလိုလို ကူးစက်လာပါလိမ့်မယ်။

ပတ်ဝန်းကျင်က လူတိုင်းဟာ ကျွန်တော်တို့ကို ပညာတွေ မျိုးစုံပေးနိုင်ပါတယ်။ အောင်မြင်တဲ့သူတွေဆီကနေ "ဘယ်လိုလုပ်ရမလဲ" ကို သင်ယူပါ။ ကျရှုံးတဲ့သူတွေဆီကနေ "ဘာတွေ မလုပ်သင့်ဘူးလဲ" ဆိုတာကို သင်ယူပါ။

ဒီနေ့ကစပြီး ပတ်ဝန်းကျင်ကလူတွေကို စိတ်ဝင်တစားနဲ့ "ဖတ်" ကြည့်ပါ။

ဒါဆိုရင် ကျွန်တော်တို့ဟာ နေ့တိုင်း စာအုပ်ပေါင်းများစွာကို အခမဲ့ဖတ်ရှုနေရတဲ့သူတစ်ယောက်လို ပညာဗဟုသုတတွေ တိုးပွားလာပါလိမ့်မယ်။

📚

PHOO KYAW ZIN - FUTURE WAVE ®

▪️

⦿ You Tube : https://www.youtube.com/

⦿ TikTok : https://www.tiktok.com/

⦿ Instagram : https://www.instagram.com/phoo.kyaw.zin

⦿ Telegram : https://t.me/phookyawzin

#တွေးမိတက်ရေး #ဖူးကျော်ဇင်

ခေတ်ကာလက အပြောင်းလဲမြန်တော့ ကိုယ့်လုပ်ငန်းကို စနစ်တကျ၊ အလေအလွင့်နည်းပါးအောင်၊ ပုံမပျက်အောင် ထိန်းသိမ်းဖို့ဆိုတာ တကယ်ကို ...
10/12/2025

ခေတ်ကာလက အပြောင်းလဲမြန်တော့ ကိုယ့်လုပ်ငန်းကို စနစ်တကျ၊ အလေအလွင့်နည်းပါးအောင်၊ ပုံမပျက်အောင် ထိန်းသိမ်းဖို့ဆိုတာ တကယ်ကို စိန်ခေါ်မှုပါပဲ။ အဲဒီအတွက် ဘယ်ကနေ စရမလဲ၊ ဘာတွေလိုအပ်နေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။

ဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ကျွန်တော်တို့ Future Wave Training ကနေ "Retail Business A to Z" ဆိုတဲ့ Online Class လေးတစ်ခုကို စီစဥ်ထားပါတယ်။

သင်ဟာ လက်ရှိမှာ Retail Business (လက်လီစီးပွားရေး) နယ်ပယ်နဲ့ နီးစပ်နေသူ၊ လုပ်ကိုင်နေသူ၊ ဒါမှမဟုတ် စိတ်ဝင်စားနေသူ တစ်ယောက်များ ဖြစ်နေမလားခင်ဗျာ?

ဟုတ်တယ် ဆိုရင်တော့ -
ဒီ "Retail Business A to Z" သင်တန်းက သင့်လုပ်ငန်းရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လာပါလိမ့်မယ်။

🛒 🛒 🛒 🛒 🛒 🛒

● Retail Business A to Z သင်တန်းက ဘာလဲ⁉️

A to Z ဆိုတဲ့အတိုင်းပါပဲ...
လက်လီစီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အခြေခံအကျဆုံး A ကနေ အရေးအကြီးဆုံး Z အထိ ၂၆ လုံးလုံးကို တစ်လုံးချင်းစီ ခွဲခြမ်းစိတ်ဖြာပြီး ရှင်းရှင်းလင်းလင်း သင်ကြားပေးသွားမှာပါ။

ဘာတွေ သင်ရမလဲဆိုတော့...

◆ အခြေခံ Knowledge
လက်လီလုပ်ငန်းအတွက် မသိမဖြစ် အသိပညာ ဗဟုသုတတွေ။

◆ Management & Process
စီမံခန့်ခွဲမှု၊ လုပ်ငန်းစဥ် (Process) များ တည်ဆောက်နည်း။

◆ Calculation & Finance
တွက်ချက်ခြင်း၊ ငွေကြေးသုံးသပ်မှု (Financial Analysis) နဲ့ဆိုင်တဲ့ ပညာရပ်တွေ။

◆ Skills
လက်လီလုပ်ငန်းမှာ ချက်ချင်းအသုံးဝင်မယ့် ကျွမ်းကျင်မှုစွမ်းရည်တွေ။

ဒီသင်တန်းက ကိုယ့်လုပ်ငန်းမှာ လိုအပ်နေတဲ့ လစ်ဟာမှုတွေကို သိရှိလာစေပြီး၊ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အထောက်အပံ့ ဖြစ်စေမှာပါ။

🛒 🛒 🛒 🛒 🛒 🛒

● ဘယ်သူသင်ပေးမှာလဲ⁉️

ဒီသင်တန်းကို သင်ကြားပို့ချပေးမယ့်သူကတော့ လက်လီစီးပွားရေးနယ်ပယ်မှာ ၂၄ နှစ်ကျော် အတွေ့အကြုံ ရှိထားတဲ့ ဆရာဦးမျိုးဟန်ထွန်း ဖြစ်ပါတယ်။

ဆရာက လက်ရှိမှာ လုပ်ငန်းအဖွဲ့အစည်းများစွာကို အကြံပေးနေတဲ့အပြင်၊ လက်လီစီးပွားရေး Diploma တန်းတွေ၊ Certificate တန်းတွေကိုလည်း သင်ကြားပို့ချနေသူပါ။

ဒါကြောင့် စာတွေ့ရော၊ လက်တွေ့ပါ အပြည့်အဝ ယုံကြည်စိတ်ချစွာ သင်ယူနိုင်ပါတယ်။

🛒 🛒 🛒 🛒 🛒 🛒

● ဘယ်လိုတက်ရမလဲ ⁉️

သင်တန်းစတင်မည့်ရက်: ၁၀ - ၁ - ၂၀၂၆ (စနေနေ့)
သင်တန်းကာလ: စနေ၊​ တနင်္ဂနွေ ၂ ပတ် (၄ ရက်)
သင်ကြားမည့်ပုံစံ: Zoom Meeting, Facebook Private Group + Telegram

သင်တန်း Zoom Recorded Video များကို သင်တန်း Group ထဲတွင် အမြဲတင်ပေးထားမှာ ဖြစ်လို့ သင်တန်းပြီးသွားရင်တောင် အချိန်မရွေးပြည်လည် ကြည့်ရှုလေ့လာနိုင်ပါတယ်။

သင်တန်းပြီးနောက်ပိုင်းတွင်လည်း Group ထဲမှာ ဆက်လက်ဆွေးနွေးလို့ရတဲ့အပြင်၊ လုပ်ငန်းအခက်အခဲတွေကို ဆရာ့ထံက အကြံဥာဏ်တောင်းခံနိုင်ပါသေးတယ်။

🛒 🛒 🛒 🛒 🛒 🛒

● ဘယ်သူတွေအတွက် သင့်တော်လဲ ⁉️

◆ လက်လီစီးပွားရေးကို ဦးဆောင်လုပ်ကိုင်နေသူများ။

◆ လက်လီလုပ်ငန်းရဲ့ တစ်ထောင့်တစ်နေရာမှာ တာဝန်ယူနေသူများ။

◆ အခုမှ လက်လီလုပ်ငန်း စတင်ရင်းနှီးမြှုပ်နှံလိုသူများ။

◆ လုပ်ငန်းကို စနစ်ကျပြီး အလေအလွင့် နည်းပါးအောင် ပြုပြင်တည်ဆောက်လိုသူများ။

🛒 🛒 🛒 🛒 🛒 🛒

● သင်တန်းကြေးနဲ့ အထူးအစီအစဉ် ⁉️

သင့်လက်လီလုပ်ငန်းရဲ့ လုပ်ငန်းစနစ်တွေအတွက် တန်ဖိုးကြီးတဲ့သင်ခန်းစာတွေအတွက် ရင်းနှီးမြှုပ်နှံမှု သင်တန်းကြေးက ၁၅၀,၀၀၀ ကျပ်တည်းပါ။

ဒါကိုမှ အထူးလျှော့စျေးတွေ ရှိပါသေးတယ် -

ဒီဇင်ဘာလအတွင်း ပထမဆုံး အပ်နှံသူ ၃၀ ဦး အတွက် -
New Year - Early Birds Discount 35% ဖြင့်
သင်တန်းကြေး - ၉၇,၅၀၀ ကျပ် သာ ကျသင့်ပါတယ်။

(သင်တန်းသား (၅)​ ဦးနှင့်အထက် သင်တန်းအပ်နှံပါက
Group Discount အဖြစ် တစ်ဦးကို ၉၀၀,၀၀ ကျပ်တိတိနဲ့ Discount ​ပေးသွားမှာ ဖြစ်ပါတယ်။)

*** Early Birds အယောက် (၃၀) ဦးပြည့်ပါက ပုံမှန်သင်တန်းကြေး (၁၅၀,၀၀၀) ကျပ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။***

သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ကိုလည်းကို ပေးအပ် ရရှိမှာဖြစ်ပါတယ်။

🛒 🛒 🛒 🛒 🛒 🛒

ဒီတော့... ၂၀၂၆ နှစ်သစ်မှာ သင့်လုပ်ငန်းအတွက် အယူအဆအသစ်၊ ဗျူဟာအသစ်တွေနဲ့ လုပ်ငန်းကို တိုးတက်အောင်မြင်အောင် အတူတူ တည်ဆောက်ဖို့ "Retail Business A to Z" သင်တန်းကို တက်ရောက်လိုက်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

သင်တန်းအပ်ဖို့ Messenger ကနေ ‟AtoZ” လို့ ပို့ပြီး စုံစမ်းနိုင်သလို
ဒီ Post ရဲ့အောက်မှာလည်း AtoZ လို့ Comment ပေးပြီး မေးမြန်းနိုင်ပါတယ်။

- သင်တန်းအပ်ဖို့ အသေးစိတ်ကို Admin က ညွှန်ကြားပါလိမ့်မယ်။

Retail Business AtoZ Online သင်တန်းမှာ အတူဆုံကြပါမယ်...‼️

FUTURE WAVE TRAINING
Retail Business A to Z - Online Course
(Comprehensive Understanding of
Retail Management, Finance, and Process.)

🛒 🛒 🛒 🛒 🛒 🛒


ရုတ်တရက်... ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တယ်။ 📆"ဟမ်! ဒါ နောက်ဆုံးလ... ဒီဇင်ဘာ ပဲဟ..."🥲 တစ်နှစ်ပတ်လုံး ဟီးဟီးဟားဟား လုပ်နေ...
09/12/2025

ရုတ်တရက်... ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တယ်။ 📆

"ဟမ်! ဒါ နောက်ဆုံးလ... ဒီဇင်ဘာ ပဲဟ..."

🥲 တစ်နှစ်ပတ်လုံး ဟီးဟီးဟားဟား လုပ်နေရင်းနဲ့မှ နှစ်ကုန်ခါနီးပြီဆိုတာကို သတိရလိုက်တဲ့အခါ... ဝမ်းနည်းစရာတွေ တန်းစီဝင်လာတော့တာပဲဗျို့!

▶︎ ဇန်နဝါရီလတုန်းက -
"ဒီနှစ်တော့ Six Pack ရအောင် လုပ်မယ်!" လို့ ရှယ်ကြုံးဝါးပြီး Gym ကို တစ်ပတ်လောက် သွားခဲ့ဖူးတယ်။

▶︎ မတ်လမှာ -
"ဒီနှစ်တော့ စီးပွားရေး၊ ကြီးပွားရေး စာအုပ်လေး အနည်းဆုံး (၁၀) အုပ် ဖတ်မယ်!" လို့ ရည်ရွယ်ခဲ့ပေမယ့်၊ ဖတ်ဖြစ်တာက (၁၀) မျက်နှာပဲ... ကျန်တာ ဇာတ်လမ်းတွဲကြည့်ရင်း ကုန်သွားတယ်။

▶︎ ဇူလိုင်မှာတော့ -
"ငွေစုဦးမယ်ကွာ!" လို့ ဆုံးဖြတ်ပေမယ့်၊ အိမ်ရှေ့ကို ရောက်ရောက်လာတဲ့ Online Shop က Deli ကောင်လေးရဲ့ "အကိုမှာထားတာလေး ရောက်ပါပြီ" ဆိုတဲ့ အသံလေးကို မကျော်နိုင်ခဲ့။

▶︎ စက်တင်ဘာလမှာ -
"အလုပ်တွေ အချိန်မီပြီးအောင် Time Management ကို စပယ်ရှယ် လုပ်တော့မယ်!" လို့ သန္နိဋ္ဌာန်ချခဲ့ပေမယ့်၊ အလုပ်စားပွဲပေါ်တင်ထားတဲ့ Planner စာအုပ်အသစ်လေးက လျှာထုတ်ပြီး လှမ်းပြောင်ပြတယ်ဗျာ။

▶︎ အောက်တိုဘာလမှာ -
ရှယ်ပလန်တွေကို ဇွန်းတပ်ပြီး ဆွဲခဲ့ပေမယ့် ...

▶︎ နိုဝင်ဘာလမှာ -
ကော်ဖီလေးတစ်ခွက်နဲ့ အချိန်တွေကို ရှယ်ဆွဲခဲ့တယ်လေ...။ (ပလန်ဆွဲပြီးရင် အချိန်ဆွဲဖို့ပဲ ကျန်တော့တယ်မလား)

အဲ့လို ပေါက်ကရတွေ နဲ့ ဖြတ်သန်းလာလိုက်တာ ...
နောက်ဆုံးတော့...

▶︎ ဒီဇင်ဘာရောက်တဲ့အခါ -
နှစ်စက ချခဲ့တဲ့ ရည်မှန်းချက်မှတ်တမ်းတွေဟာ ကျွန်တော်တို့ကို ပြောင်စပ်စပ်နဲ့ လှမ်းပြောတယ်ဗျာ။

" မင်း .. ဘာမှ မလုပ်ရသေးဘဲ ဟီးဟီးဟားဟားနဲ့ နှစ်တစ်နှစ်ဟာ အလကား ကုန်ဆုံးသွားပြီ ‼️" - တဲ့ ....

တခြားသူတွေက "ဒီနှစ်မှာ ဘာတွေအောင်မြင်ခဲ့လဲ" လို့ မေးလာရင်

"ဟို... ဟို... ဒီနှစ် ဟီးဟီးဟားဟား လုပ်လိုက်ရတာတော့ အမှတ်တရပဲ" လို့ ဖြေရမလို ဖြစ်နေပါပြီ။ 😅

ကဲ ... ဘာဆက်လုပ်ကြမတုန်း?

-- ဒီလို လုပ်ဗျာ ...👇

ဒီနှစ်တော့ ထားလိုက်တော့ ... (မထားလို့လဲ မရတော့ဘူးလေ) 😆

🛑 နောင်တတွေကို ဒီမှာပဲ ရပ်လိုက်ပါ။

ဒီနှစ်မှာ နောင်တရတာ ဒါဟာ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ လာမယ့်နှစ်အတွက်လည်း ဟီးဟီးဟားဟားနဲ့ အချိန်ဖြုန်းမယ့်အစား၊ တန်ဖိုးရှိရှိ တည်ဆောက်သွားမယ့်နှစ် ဖြစ်အောင် စတင်ပြင်ဆင်လိုက်ပါ။

"နှစ်သစ်ကူး ဝမ်းနည်းခြင်း" တွေ မကြုံရအောင် Life & Success 2026 Program မှာ စည်းကမ်းတကျ အတူတူကြိုးစားဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

✨ ၂၀၂၆ ကို အလကားမကုန်ဆုံးစေဖို့ Life & Success နဲ့ လက်တွဲပါ။

သင့်ရဲ့ လာမယ့်နှစ်ကို အကျိုးမရှိတဲ့ ပေါက်ကရတွေနဲ့ ကုန်ဆုံးစေချင်လား? ဒါမှမဟုတ် အောင်မြင်မှုတွေနဲ့ ကုန်ဆုံးစေချင်လား? ရွေးချယ်မှုက သင့်လက်ထဲမှာပါ။

ကျွန်တော်တို့ရဲ့ Program ဟာ သင့်ကို တစ်နှစ်တာလုံး စည်းကမ်းရှိရှိ၊ ရည်မှန်းချက်နဲ့အညီ နေထိုင်တတ်အောင်၊ ဟီးဟီးဟားဟား ဖြုန်းတီးမယ့် အချိန်တွေကို တန်ဖိုးရှိတဲ့ လုပ်ရပ်တွေအဖြစ် ပြောင်းလဲပစ်ဖို့ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။

L&S Program အစီအစဉ်များနဲ့ စာရင်းသွင်းရန်အတွက်
https://www.facebook.com/share/p/1KL2KomJQ7/
မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက Messenger မှတစ်ဆင့် L&S 2026 လို့ စာပို့ပြီး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
Comment မှာလည်း L&S 2026 လို့ မန့်ထားခဲ့နိုင်ပါတယ်။

▪️
PHOO KYAW ZIN - FUTURE WAVE ®
LIFE & SUCCESS 100 COACHING PROGRAM ®

Life & Success 2026 အတွက် Fb Private Group ကို စတင်တည်ထောင်လိုက်ပါပြီ …. Group ထဲမှာ မန်ဘာဝင်များကို စတင်ကြိုဆိုနေပါပြီ ...
07/12/2025

Life & Success 2026 အတွက် Fb Private Group ကို စတင်တည်ထောင်လိုက်ပါပြီ …. Group ထဲမှာ မန်ဘာဝင်များကို စတင်ကြိုဆိုနေပါပြီ …။

မန်ဘာကြေးသွင်းပြီး အပ်နှံပါဝင်ထားသူများ Telegram မှာ Join ထားပြီးရင် Fb group ကို Join ဖို့ Admin က စတင် ဆက်သွယ် ညွှန်ကြားပေးနေပါပြီနော်….။

မန်ဘာကြေး ပေးသွင်းပြီး Telegram ထဲ မရောက်သေးတာတို့၊ Fb Group Link မရသေးတာတို့ဆို လာရောက်အကြောင်းကြာရနိုင်ပါတယ်။

December လအတွင်း အပ်နှံသူ မန်ဘာအသစ် (၁၀၀) အတွက်လည်း Discount ကျန်သေးတာမို့ - လူမပြည့်ခင် အမြန်ဆုံး ဆက်သွယ်ပါဝင်နိုင်ပါတယ်။

----
ပြီးခဲ့တဲ့ နှစ်တွေမှာ Program စတင်မကြေညာမီကတည်းက စောင့်နေတဲ့သူတွေ များပြားတာကြောင့် လူဦးရေဟာ အမြဲတမ်း လျင်မြန်စွာ ပြည့်သွားလေ့ရှိပါတယ်။

"နောက်နှစ်မှ လုပ်မယ်" ဆိုတဲ့ အတွေးဟာ သင့်ရဲ့ အကောင်းဆုံး တိုးတက်မှုနှစ် ကို ဆုံးရှုံးစေပါလိမ့်မယ်။ အခုပဲ ဆုံးဖြတ်ပြီး ကျွန်တော်နဲ့အတူ ၂၀၂၆ ကို အစီအစဉ်တကျ၊ စွမ်းအားအပြည့် နဲ့ စတင်ပါ။

🔥 သင့်ရဲ့ ၂၀၂၆ အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုကို အခုပဲ စတင်လိုက်ပါ။

L&S Program အစီအစဉ်များနဲ့ စာရင်းသွင်းရန်အတွက်
https://www.facebook.com/share/p/1KL2KomJQ7/
မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက Messenger မှတစ်ဆင့် L&S 2026 လို့ စာပို့ပြီး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Comment မှာလည်း L&S 2026 လို့ မန့်ထားခဲ့နိုင်ပါတယ်။

▪️
PHOO KYAW ZIN - FUTURE WAVE ®
LIFE & SUCCESS 100 COACHING PROGRAM ®

🚨 ငွေအတွက် တစ်သက်လုံး အလုပ်လုပ်နေရမယ့် ဘဝကို ရပ်တန့်ပစ်ဖို့ စဉ်းစားထားပြီလား?🚨 ငွေရဖို့ အလုပ်လုပ်ရင်း လုံးချာလိုက်နေတဲ့ ...
06/12/2025

🚨 ငွေအတွက် တစ်သက်လုံး အလုပ်လုပ်နေရမယ့် ဘဝကို ရပ်တန့်ပစ်ဖို့ စဉ်းစားထားပြီလား?

🚨 ငွေရဖို့ အလုပ်လုပ်ရင်း လုံးချာလိုက်နေတဲ့ ကြွက်ပြေးလမ်း (Rat Race) က လွတ်မြောက်ဖို့ ပြင်ဆင်ထားပြီလား? ရှာလိုက်၊​ သုံးလိုက်၊ ကုန်လိုက်နဲ့ ဘယ်တော့မှ မလောက်ငှတဲ့ ခံစားချက်မျိုး ခံစားနေရပြီလား?

🚨 အပိုဝင်ငွေရှာချင်တယ်၊ အကြွေးနွံထဲက ရုန်းထွက်ချင်တယ်၊ ဝင်ငွေလမ်းကြောင်းအသစ်တွေ ဖန်တီးချင်တယ်၊ ဒါပေမယ့် ... ငွေကြေးစီမံခန့်ခွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘာမှန်း အခြေခံလေးတောင် သေချာမသိသေးဘူးလား?

ဒါဆိုရင် RichDad PoorDad စာအုပ်ရေးသူ ကမ္ဘာကျော် ငွေပညာရှင် Robert T. Kiyosaki ရဲ့ အယူအဆတွေကို လက်တွေ့အသုံးချပြီး သင့်ရဲ့ အနာဂတ် ဘဏ္ဍာရေးအခြေအနေကို ပြောင်းလဲပစ်ဖို့ အချိန်ရောက်ပါပြီ။

Future Wave Training ရဲ့CASHFLOW 101 သင်တန်း ဆိုတာ …
ငွေကြေးအသိပညာနဲ့ အခြေခံရင်းနှီးမြှုပ်နှံမှုပညာတွေကို
CashFlow 101 ကစားနည်းနဲ့အတူ
✔️ “အထိရောက်ဆုံး”
✔️ “အလျှင်မြန်ဆုံး” နဲ့
✔️ “ရိုးရှင်းလွယ်ကူဆုံး”
- လေ့လာနိုင်မယ့် တစ်ခုတည်းသော Program ပါပဲ။

ကျွန်တော်တို့ အားလုံးလိုချင်တဲ့ Financial Freedom ဆိုတဲ့
ငွေကြေးလွတ်မြောက်မှုဖြစ်စဉ်ကို ကစားနည်းနဲ့ပုံဖော်ထားပြီး ရင်းနှီးမြှုပ်နှံမှုပညာ (Investment) နဲ့ MBA = Money, Business, Accounting ပညာတို့ကို အချိန်တိုအတွင်း လေ့လာသင်ယူနိုင်တဲ့ သင်တန်းတစ်ခုပါ။

◆◆◆◆◆◆◆
CASHFLOW 101 Game ဆိုတာ …⁉️

ငွေနဲ့ရင်းနှီးမြှုပ်နှံမှုအကြောင်းသင်ပေးတဲ့ အသိပညာပေးကစားနည်းပါ။
တချို့တွေ ကြားဖူးကြလိမ့်မယ်။ စာအုပ်တွေထဲမှာ ဖတ်ဖူးကြလိမ့်မယ်။ ဒါပေမယ့် မလေ့လာဖူးသေးလို့, မကစားဖူးသေးလို့ - ဒီဂိမ်းကို လက်တွေ့ကျကျ သင်ယူလေ့လာချင်တဲ့ သူတွေ၊ ကျွမ်းကျင်စွာ ကစားချင်တဲ့သူတွေ အများကြီးရှိတဲ့အတွက် ဒီသင်တန်းကို စီစဉ်ဖြစ်တာပါ။

နိုင်ငံတကာမှာတော့ RichDad Education ရဲ့
Cashflow Club တွေနဲ့အတူ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊
ကစားပွဲတွေယနေ့ထက်တိုင်ပြုလုပ်ကျင်းပလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ CashFlow 101 ရဲ့ အနှစ်သာရတွေကို မြန်မာလိုပဲ ရှင်းရှင်းလင်းလင်း သင်ယူလေ့လာချင်တယ်ဆိုရင်တော့ ဒီသင်တန်းတစ်ခုပဲ ရှိပါတယ်။

Future Wave Training အနေနဲ့ အပြင်သင်တန်းပေါင်းများစွာကို ဖွင့်လှစ်ပေးခဲ့ပြီး Online ကနေတဆင့် လေ့လာလို့ ရအောင် ဖွင့်လှစ်ပေးထားတာကတော့ အခုဆိုရင် Batch-10 ကို ရောက်လာခဲ့ပါပြီ။

◆◆◆◆◆◆◆
ဘာတွေသင်ယူရရှိမှာလဲ ⁉️

ဒီသင်တန်းမှာ
Financial IQ ၊ Investment သင်ခန်းစာတွေအပြင်
Cashflow 101 Game ကိုပါ လေ့လာသင်ယူရတာမို့
💲 ငွေကြေးအသိပညာတွေ၊
💲 ငွေလည်ပတ်စီးဆင်းပုံတွေ၊
💲 ငွေရှာဖွေရေးနည်းလမ်းတွေ၊
💲 ငွေကြေးဆိုင်ရာအတွေးအခေါ်တွေ၊
💲 ရင်းနှီးမြှုပ်နှံမှုသဘောတရား​တွေ၊
💲 ကိုယ်ပိုင်ဘဏ္ဍာရေးရှင်းတမ်းတွေ၊
💲 Passive Income တည်ဆောက်နည်းတွေ၊
💲 ကြွယ်ဝမှုကို စနစ်တကျတည်ဆောက်ခြင်းတွေ၊
💲 စီးပွါးရေးနဲ့ ပိုင်ဆိုင်မှုအခွင့်အလမ်းတွေ၊
💲 ကြွက်ပြေးလမ်းနဲ့အမြန်လမ်းသဘောတရားတွေ၊
💲 စုငွေ၊ ဘတ်ဂျက်၊ အကြွေး၊ အငြိမ်းစားစီမံကိန်းတွေ၊
💲 လုပ်ငန်း၊ စတော့စျေးကွက်၊ အိမ်ခြံမြေ ရင်းနှီးမှုတွေ၊
စတဲ့ စတဲ့ တန်ဖိုးရှိသင်ခန်းစာတွေကို နားလည်လာစေပါတယ်။

ZOOM Meeting - Online Class ဖြစ်ပြီး
Cashflow E-Game software အပြင်
Website ကတဆင့် Cashflow Classic - Board Game version များကိုပါ လေ့လာသင်ယူရမှာဖြစ်လို့ …
တကယ်ကို စိတ်ဝင်စား ပျော်ရွှင်ဖို့ကောင်းသလို
ငွေကြေးပညာတွေလည်း အများကြီးရရှိစေမှာ အသေချာပါပဲ။

◆◆◆◆◆◆◆
တကယ်လို့ ဒီစာဖတ်နေသူ သင်ဟာ -👇

✔️ ငွေကြေးအသိဉာဏ်တွေ မြှင့်တင်လိုရင်
✔️ ငွေနဲ့ပတ်သက်လို့ စီမံခန့်ခွဲမှုတွေလုပ်ချင်ရင်
✔️ ဝင်ငွေတွေတိုးပွါးများစွာရှာဖွေလိုရင်
✔️ ငွေကြေး စုဆောင်းမှုနဲ့ ဘတ်ဂျက်တွေချချင်ရင်
✔️ ပေးစရာအကြွေးနွံထဲက ရုန်းထွက်ချင်နေရင်
✔️ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘာမှန်းသေချာမသိသေးရင်
✔️ ငွေနဲ့ပတ်သက်လို့ စီမံကိန်းတွေ ချမှတ်ထားချင်ရင်
✔️ ငွေကြေးပြဿနာတွေ ဖြေရှင်းနိုင်လိုရင်
✔️ ငွေကြေးလွတ်မြောက်ဖို့ကို စတင်လိုရင်
✔️ ငွေအတွက် တသက်လုံး အလုပ်မလုပ်ချင်ရင်

✅ အခုလာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင်မယ့်
ငွေကြေးအသိပညာသင်တန်း Cashflow-101 (Batch-10) ကို တက်ရောက်လေ့လာလိုက်ပါလို့ အကြံလေးပြုပါရစေ…

◆◆◆◆◆◆◆
ဘယ်လိုသင်ယူရမလဲ ⁉️

ဒီသင်တန်းကို Zoom Meeting နဲ့ Face to face တိုက်ရိုက် အနီးကပ် ဆွေးနွေးသင်ကြားပေးမှာပါ။

တိုက်ရိုက် Zoom မတက်နိုင်ရင်လည်း မပူပါနဲ့။
Zoom Recorded Video တွေကို သင်တန်း ရဲ့ သီးသန့် Fb Group နဲ့ Telegram ထဲမှာ ပြန်တင်ပေးထားမှာ ဖြစ်လို့ အချိန်မရွေး ပြန်ကြည့်လေ့လာနိုင်ပါတယ်။

Telegram Group Chat လည်း လုပ်ပေးထားတာမို့လို့
သင်တန်းသားတွေနဲ့ခင်မင်ရင်းနီးစွာမိတ်ဆက်နိုင်သလို
သင်ခန်းစာများကိုလည်းဝင်ရောက်ဆွေးနွေးမေးမြန်းနိုင်ပါသေးတယ်။

ဒါ့အပြင် …
အရင် တန်းခွဲ Batch တွေတုန်းက သင်ကြားခဲ့တဲ့ Zoom Video တွေကိုပါ လေ့လာချင် လေ့လာနိုင်ပါသေးတယ်။

သတင်းကောင်းတစ်ခုကတော့ -
Cashflow Club မှာ ပါဝင်ခွင့်ရပြီး အခါအားလျော်စွာပြုလုပ်တဲ့
Cashflow Game Night - meeting တွေမှာလည်း တက်ရောက်နိုင်မှာပါ။

ဒါ့အပြင် -
နောက်အသစ်ဖွင့်မယ့် တန်းခွဲတွေမှာလည်း
ထပ်မံတက်ရောက် လေ့လာနိုင်ပါသေးတယ်။

ကဲ …
ဒါဆိုရင် ဒီသင်တန်းဟာ သင့်အတွက် တကယ့်ကို တန်တဲ့၊
တန်ဖိုးရှိတဲ့ ရေရှည်သင်တန်းတစ်ခုဖြစ်နေပါပြီ...။

◆◆◆◆◆◆◆
သင်တန်းအချိန်ကာလ ⁉️

▪️ သင်တန်းရက်များ - Dec 22, 23,24, နဲ့ Dec 26,27,28,29
▪️ သင်တန်းကာလ - (၇) ရက်တာ
▪️ သင်တန်းအချိန် - ညစဉ် 7pm မှ 9pm++ အထိ
▪️ သင်ကြားရေးပုံစံ - Zoom Meeting

(သင်တန်းအပ်ပြီးပါက သင်တန်း Private Group နဲ့ Telegram Group ထဲ Join ရမှာဖြစ်ပြီး Zoom ID - Link များ တင်ပေးသွားမှာဖြစ်ပါတယ်။)

◆◆◆◆◆◆◆
သင်တန်းနည်းပြကဘယ်သူလဲ ⁉️

သင်တန်းနည်းပြ Trainer ကတော့ -
Phoo Kyaw Zin - Future Wave
MBA, B.A (Eng),
Founder of Future Wave Training ဖြစ်ပါတယ်။

ဆရာက သင်ကြားရေးအတွေ့အကြုံ (၁၂) နှစ် ကျော်ရှိတဲ့ Professional Trainer and Public Speaker ဖြစ်ပြီး

"Master Your Money Game" အပါအဝင် စာအုပ် (၅) အုပ် ရေးသားထုတ်ဝေခဲ့တဲ့ Best-selling စာရေးဆရာဖြစ်ပြီး, Future Wave စာပေ စာပေဖြန့်ချီရေးလုပ်ငန်းကို တည်ထောင်ထားသူဖြစ်ပါတယ်။

Cashflow 101 Game ကို နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားခဲ့ပြီး ပထမဆုံးစာအုပ်အဖြစ် “ငွေကြေးကစားပွဲ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ Cashflow Workshop များစွာကို အဖွဲ့အစည်းများအတွက်ပြုလုပ်ပေးခဲ့ပြီး နိုင်ငံအနှံ့သင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။

Future Wave Training Company ရဲ့ Founder & MD ဖြစ်ပြီး ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ (၁၀၀) ကျော်ကို Corporate Training သင်တန်းများ ဝန်ဆောင်မှုပေး သင်ကြားပေးနေသူ Corporate Trainer တစ်ဦးဖြစ်ပါတယ်။

ဆရာ့ရဲ့သင်ကြားမှုနဲ့မျှဝေမှုတွေကို နားထောင်ကြည့်ချင်တယ်ဆိုရင်တော့
ဒီမှာ သွားရောက်လေ့လာကြည့်နိုင်ပါတယ်။
YouTube Video Link : https://www.youtube.com//videos

◆◆◆◆◆◆◆
သင်တန်းကြေး ဘယ်လောက်လဲ⁉️

RichDad’s CashFlow 101 ဟာ
နိုင်ငံတကာမှာတော့ နာရီပိုင်းလောက် Workshop တစ်ခုကို
မြန်မာငွေ သိန်း ဆယ်ချီ/ ရာချီ ကုန်ကျနိုင်ပါတယ်။

အခုသင်တန်း ကတော့ သင်တန်းကြေး မြန်မာငွေ (၂ သိန်းခွဲကျပ်) တည်းနဲ့ တန်ဖိုးရှိတဲ့ပညာရပ်တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။

“ပထမဆုံးအပ်နှံသူ ၃၀ ဦး” အတွက် Early birds အထူးနှုန်းထားဖြင့် 20% Discount လျော့ပေးမှာဖြစ်လို့ -

အခုအပ်မယ်ဆိုရင် …
▪️သင်တန်းကြေး - ၁၉၉၀၀၀ ကျပ်သာ ဖြစ်ပါတယ်။ ✨

( Early birds ၃၀ ဦး ကျော်ပါက ပုံမှန်အတိုင်း (၂ သိန်းခွဲကျပ်) ဖြင့်သာ လက်ခံပေးသွားမှာဖြစ်လို့ နောက်မကျဘဲ ကြိုတင်အပ်ထားဖို့ အကြံပြုလိုပါတယ်ခင်ဗျာ)

ရင်းနှီးမြှုပ်နှံမှုတွေထဲ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့
ဦးနှောက်မှာရင်းနှီးမြှုပ်နှံခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ လုံးဝ အရှုံးမရှိတဲ့ရင်းနှီးမြှုပ်နှံမှုပါပဲ။
ဒါ့ကြောင့်💰 ဒီသင်တန်းအတွက် သုံးလိုက်တဲ့ သင်တန်းကြေးက သင့်အတွက် အကောင်းဆုံး ရေရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါလိမ့်မယ်။ ‼️

◆◆◆◆◆◆◆
BONUS အနေနဲ့ … 🎉

✅ စဉ်ဆက်မပြတ်သင်ယူနိုင်ဖို့ Cashflow Club အဖွဲ့ဝင်ဖြစ်ခွင့်၊
✅ ငွေကြေးကစားပွဲ E-book စာအုပ် Download ရယူခွင့်၊
✅ Cashflow Game Night ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်၊
✅ တစ်ကြိမ်အပ်ပြီးတာနဲ့ နောက်တန်းခွဲတွေမှာ အခမဲ့ ဝင်တက်နိုင်ခွင့် … တို့ ရရှိပါမယ်။

🔸 ဒီသင်တန်းဟာ ၂၀၂၅ ခုနှစ်အတွက် နောက်ဆုံးသင်တန်းဖြစ်ပါတယ်။

တက်ရောက်လေ့လာချင်တယ်ဆိုရင်တော့ သတ်မှတ်လူဦးရေ မပြည့်ခင်လေး အမြန်ဆုံး စာရင်းပေးအပ်နှံပြီး နေရာဦးထားဖို့ တိုက်တွန်းပါရစေ။
👇

သင်တန်းအပ်ဖို့အတွက်
Page Messenger မှာ
CF101 လို့ ရေးပြီး လာပြောပေးပါခင်ဗျာ။
https://m.me/FutureWaveTrainingMyanmar

Comment မှာလည်း CF101 လို့ စာချန်ထားခဲ့နိုင်ပါတယ်။
Admin က ဆက်သွယ်ပြီး သင်တန်းအပ်ဖို့ အသေးစိတ် ရှင်းပြပါလိမ့်မယ်။

🔰 Cashflow 101 သင်တန်းကို တက်ပြီး
“ကြွက်ပြေးလမ်းကလွတ်အောင်ရုန်းထွက်လိုက်ပါ” ‼️

CASHFLOW 101 – Batch 10
Financial Education & Investment Game
Online Training Program 2025


ချစ်ခင်လေးစားရတဲ့ Life & Success 2025 ရဲ့ မိသားစုဝင်အားလုံး မင်္ဂလာပါ...ဒီပို့စ်ကို ရေးနေတဲ့အချိန်မှာ အတူဖြတ်သန်းခဲ့ကြတဲ...
06/12/2025

ချစ်ခင်လေးစားရတဲ့ Life & Success 2025 ရဲ့ မိသားစုဝင်အားလုံး မင်္ဂလာပါ...

ဒီပို့စ်ကို ရေးနေတဲ့အချိန်မှာ အတူဖြတ်သန်းခဲ့ကြတဲ့ ၂၀၂၅ တစ်နှစ်တာလုံးကို ပြန်လည် မြင်ယောင်ရင်း အားလုံးကို သတိရလွမ်းဆွတ်နေမိပါတယ်။ (အထူးသဖြင့် အခုလို စနေ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး ညပိုင်းလေးတွေပေါ့)

ကျွန်တော်တို့ဟာ ရိုးရိုးသင်တန်းသားတွေနဲ့ နည်းပြသက်သက် မဟုတ်တော့ပါဘူး။ တစ်နှစ်တာလုံးမှာ Zoom Session ပေါင်း ၁၀၀ အထိ အတူတကွ ပေါင်းစည်းခဲ့တဲ့အတွက် သွေးသားရင်းချာ မိသားစုဝင်များသဖွယ် ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြတဲ့ မိသားစုဝင်တွေဖြစ်နေပြီလို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့ရဲ့ L&S Zoom Meeting တွေမှာ...

❖ မိသားစုဝင်တွေရဲ့ လူမှုရေး၊ စီးပွားရေးအခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာတွေ၊

❖ ပိုက်ဆံနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေကို ပြောင်းလဲခဲ့ကြပုံတွေ၊

❖ Management နဲ့ Personal Development မှာ အတူတကွ တိုးတက်ခဲ့ကြတဲ့ ဖြတ်သန်းမှုလေးတွေ၊​

❖ တစ်ဦးချင်းစီရဲ့ အောင်မြင်မှု သတင်းကောင်းလေးတွေကို ဝမ်းသာအားရ ဝေမျှခဲ့ကြတဲ့ အချိန်လေးတွေ...

❖ ပျော်ပျော်ရွှင်ရွှင်နဲ့ ဟာသလေးတွေ၊ ပုံပြင်လေးတွေ၊ ကိုယ်တွေ့ဖြစ်ရပ်လေးတွေ ဝေမျှခဲ့ကြတဲ့ အချိန်လေးတွေ...

❖ စိတ်ညစ်စရာတွေ၊ အခက်အခဲတွေ၊ ဘဝရဲ့ ပြဿနာတွေကို အတူတူအဖြေရှာ၊ ရင်ဖွင့်တိုင်ပင်ကြရင်း အားပေးခဲ့ကြတဲ့အချိန်တွေ....

ဒီလို အချိန်လေးတွေဟာ ဘယ်အရာနဲ့မှ လဲလှယ်လို့မရတဲ့ အဖိုးတန် ရင်းနှီးမြှုပ်နှံမှု တွေပဲ ဖြစ်ပါတယ်။ မိသားစုတင် တစ်ဦးချင်းစီရဲ့ တက်ကြွမှု၊ သင်ယူလိုစိတ်၊ နဲ့ အားထုတ်မှုတွေက ကျွန်တော့်ကိုပါ စွမ်းအားတွေ ပေးခဲ့ပါတယ်။

✨ ကျွန်တော်တို့ရဲ့ အဖိုးတန် အမှတ်တရတွေကို အမြဲတမ်းသတိရနေမှာပါ။ ✨

L&S 2025 Program က ပြီးဆုံးသွားပြီဆိုပေမယ့် ကျွန်တော်ဟာ မိသားစုဝင်တွေနဲ့အတူ အမြဲအတူတူရှိနေမှာပါလို့ ... ကတိပေးပါတယ်။

နောင်လာမယ့် ၂၀၂၆ ခုနှစ် မှာလည်း အားလုံး ဘေးကင်းလုံခြုံခြင်း၊ စီးပွားရေးကောင်းမွန်ခြင်း၊ ကျန်းမာပျော်ရွှင်ခြင်း စတဲ့ ဆုမွန်ကောင်းများကို ကျွန်တော်နဲ့အတူ Future Wave Training မိသားစုများက လှိုက်လှဲစွာ ဆုတောင်းပေးလိုက်ပါတယ်။

တန်ဖိုးရှိတဲ့ ကျွန်တော်တို့ရဲ့ မိသားစုဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားချင်ပါတယ်။ ဖြစ်နိုင်ရင် L&S 2026 မှာလည်း အားလုံးနဲ့ အတူတူ ထပ်မံ ဆုံတွေ့ခွင့် ရပါစေလို့ မျှော်လင့်ပါတယ်။

ချစ်ခင်ရတဲ့ L&S မိသားစုဝင်များ၊
၂၀၂၅ တစ်နှစ်တာလုံးက တွေ့ဆုံမှုတွေထဲမှာ သင့်ဘဝအတွက် အမှတ်ရဆုံး၊ အပြောင်းအလဲ အဖြစ်စေဆုံး အတွေ့အကြုံက ဘာဖြစ်မလဲဆိုတာကို Comment မှာ ရေးပြီးမိသားစုဝင်တွေကို မျှဝေပေးခဲ့ပါဦးနော်။

အားလုံးကို အမြဲတမ်း သတိရနေမယ့် -
Phoo Kyaw Zin - Future Wave
Future Wave Training

Life & Success 2025
L&S 2025

ချစ်ခင်လေးစားရတဲ့ Life & Success 2025 ရဲ့ မိသားစုဝင်အားလုံး မင်္ဂလာပါ...ဒီပို့စ်ကို ရေးနေတဲ့အချိန်မှာ အတူဖြတ်သန်းခဲ့ကြတဲ...
06/12/2025

ချစ်ခင်လေးစားရတဲ့ Life & Success 2025 ရဲ့ မိသားစုဝင်အားလုံး မင်္ဂလာပါ...

ဒီပို့စ်ကို ရေးနေတဲ့အချိန်မှာ အတူဖြတ်သန်းခဲ့ကြတဲ့ ၂၀၂၅ တစ်နှစ်တာလုံးကို ပြန်လည် မြင်ယောင်ရင်း အားလုံးကို သတိရလွမ်းဆွတ်နေမိပါတယ်။ (အထူးသဖြင့် အခုလို စနေ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး ညပိုင်းလေးတွေပေါ့)

ကျွန်တော်တို့ဟာ ရိုးရိုးသင်တန်းသားတွေနဲ့ နည်းပြသက်သက် မဟုတ်တော့ပါဘူး။ တစ်နှစ်တာလုံးမှာ Zoom Session ပေါင်း ၁၀၀ အထိ အတူတကွ ပေါင်းစည်းခဲ့တဲ့အတွက် သွေးသားရင်းချာ မိသားစုဝင်များသဖွယ် ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြတဲ့ မိသားစုဝင်တွေဖြစ်နေပြီလို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့ရဲ့ L&S Zoom Meeting တွေမှာ...

❖ မိသားစုဝင်တွေရဲ့ လူမှုရေး၊ စီးပွားရေးအခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာတွေ၊

❖ ပိုက်ဆံနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေကို ပြောင်းလဲခဲ့ကြပုံတွေ၊

❖ Management နဲ့ Personal Development မှာ အတူတကွ တိုးတက်ခဲ့ကြတဲ့ ဖြတ်သန်းမှုလေးတွေ၊​

❖ တစ်ဦးချင်းစီရဲ့ အောင်မြင်မှု သတင်းကောင်းလေးတွေကို ဝမ်းသာအားရ ဝေမျှခဲ့ကြတဲ့ အချိန်လေးတွေ...

❖ ပျော်ပျော်ရွှင်ရွှင်နဲ့ ဟာသလေးတွေ၊ ပုံပြင်လေးတွေ၊ ကိုယ်တွေ့ဖြစ်ရပ်လေးတွေ ဝေမျှခဲ့ကြတဲ့ အချိန်လေးတွေ...

❖ စိတ်ညစ်စရာတွေ၊ အခက်အခဲတွေ၊ ဘဝရဲ့ ပြဿနာတွေကို အတူတူအဖြေရှာ၊ ရင်ဖွင့်တိုင်ပင်ကြရင်း အားပေးခဲ့ကြတဲ့အချိန်တွေ....

ဒီလို အချိန်လေးတွေဟာ ဘယ်အရာနဲ့မှ လဲလှယ်လို့မရတဲ့ အဖိုးတန် ရင်းနှီးမြှုပ်နှံမှု တွေပဲ ဖြစ်ပါတယ်။ မိသားစုတင် တစ်ဦးချင်းစီရဲ့ တက်ကြွမှု၊ သင်ယူလိုစိတ်၊ နဲ့ အားထုတ်မှုတွေက ကျွန်တော့်ကိုပါ စွမ်းအားတွေ ပေးခဲ့ပါတယ်။

✨ ကျွန်တော်တို့ရဲ့ အဖိုးတန် အမှတ်တရတွေကို အမြဲတမ်းသတိရနေမှာပါ။ ✨

L&S 2025 Program က ပြီးဆုံးသွားပြီဆိုပေမယ့် ကျွန်တော်ဟာ မိသားစုဝင်တွေနဲ့အတူ အမြဲအတူတူရှိနေမှာပါလို့ ... ကတိပေးပါတယ်။

နောင်လာမယ့် ၂၀၂၆ ခုနှစ် မှာလည်း သင်တို့အားလုံး ဘေးကင်းလုံခြုံခြင်း၊ စီးပွားရေးကောင်းမွန်ခြင်း၊ ကျန်းမာပျော်ရွှင်ခြင်း စတဲ့ ဆုမွန်ကောင်းများကို ကျွန်တော်နဲ့အတူ Future Wave Training မိသားစုများက လှိုက်လှဲစွာ ဆုတောင်းပေးလိုက်ပါတယ်။

တန်ဖိုးရှိတဲ့ ကျွန်တော်တို့ရဲ့ မိသားစုဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားချင်ပါတယ်။ ဖြစ်နိုင်ရင် L&S 2026 မှာလည်း အားလုံးနဲ့ အတူတူ ထပ်မံ ဆုံတွေ့ခွင့် ရပါစေလို့ မျှော်လင့်ပါတယ်။

ချစ်ခင်ရတဲ့ L&S မိသားစုဝင်များ၊
၂၀၂၅ တစ်နှစ်တာလုံးက တွေ့ဆုံမှုတွေထဲမှာ သင့်ဘဝအတွက် အမှတ်ရဆုံး၊ အပြောင်းအလဲ အဖြစ်စေဆုံး အတွေ့အကြုံက ဘာဖြစ်မလဲဆိုတာကို Comment မှာ ရေးပြီးမိသားစုဝင်တွေကို မျှဝေပေးခဲ့ပါဦးနော်။

အားလုံးကို အမြဲတမ်း သတိရနေမယ့် -
Phoo Kyaw Zin - Future Wave
Future Wave Training

Life & Success 2025
L&S 2025

🛑 တစ်နှစ်မှ တစ်ကြိမ်သာ ပါဝင်ခွင့် တံခါးဖွင့်တဲ့ အခွင့်အရေးပါ ‼️L&S (Life & Success) ဆိုတာ သင်တန်းမဟုတ်ပါဘူး။ တစ်နှစ်တာ ပ...
03/12/2025

🛑 တစ်နှစ်မှ တစ်ကြိမ်သာ ပါဝင်ခွင့် တံခါးဖွင့်တဲ့ အခွင့်အရေးပါ ‼️

L&S (Life & Success) ဆိုတာ သင်တန်းမဟုတ်ပါဘူး။ တစ်နှစ်တာ ပတ်လုံး တိုးတက်မှုကို အာမခံမယ့် စနစ်တစ်ခု ဖြစ်တဲ့ One Year 100 Coaching Program ဖြစ်ပါတယ်။

L&S ဟာ ၅ နှစ်တာလုံး စဉ်ဆက်မပြတ် အောင်မြင်မှုရလဒ်တွေကို ဖန်တီးပေးခဲ့ပြီးပါပြီ။ အခုလာမယ့် နှစ်သစ် ၂၀၂၆ မှာ ၆နှစ်ပြည့်အဖြစ် ထပ်မံ စတင်ဖို့ စိန်ခေါ်လိုက်ပြန်ပါပြီ။

ခုဆို ဒီဇင်ဘာလထဲ ရောက်နေပြီဆိုတော့ - L&S 2026 Program မှာ ပါဝင်ဖို့ အချိန်အကြာကြီး တွေဝေမနေပါနဲ့တော့...။



① သီးသန့်အခွင့်အရေး ✔︎

ဒီ Program ကို တစ်နှစ်မှာ တစ်ကြိမ် သာ အသစ်စတင်ပါတယ်။ တစ်ကြိမ်တံခါးပိတ်သွားရင် နောက်နှစ်မှသာ ပါဝင်ခွင့်ရပါတော့မယ်။ သင့်ရဲ့ ၂၀၂၆ ကို အချိန်ဆွဲပြီး စောင့်နေဖို့ သင့်မှာ အချိန်မရှိပါဘူး။ အခုချိန်ဟာ လုပ်ငန်း၊ ငွေကြေး၊ ကိုယ်ပိုင်ဘဝ မှာ အားကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ့် အချိန်ပါ။



② မြင့်မားတဲ့တန်ဖိုး ✔︎

ပုံမှန် တစ်နှစ်စာ ဝင်ကြေး ၁၂ သိန်းကျပ် (တစ်လ ၁ သိန်းကျပ်) သာ ကျသင့်ပြီး၊ Coaching Session ၁၀၀ လုံးပါဝင်တဲ့ ဒီ Program ရဲ့ တန်ဖိုးဟာ ဝင်ကြေးထက် အဆမတန် မြင့်မားပါတယ်။ ဒါပေမဲ့...

😱 သင့်အတွက် အံ့အားသင့်စရာ အခွင့်အရေး!

အခု ဒီဇင်ဘာလ မကုန်ခင်အတွင်း -
အဖွဲ့ဝင် လူသစ် (၁၀၀) ဦး မပြည့်ခင် စာရင်းသွင်းသူများအတွက် Early Bird အထူးဝင်ကြေး -

တစ်နှစ်တာလုံးအတွက် ၅ သိန်းကျပ် (တစ်လ ၄ သောင်းကျပ် စွန်းစွန်းသာ)ဖြင့် ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။



③ အလျင်အမြန်ပြည့်သွားတဲ့အဖွဲ့ဝင်ခွင့် ✔︎

ပြီးခဲ့တဲ့ နှစ်တွေမှာ Program စတင်မကြေညာမီကတည်းက စောင့်နေတဲ့သူတွေ များပြားတာကြောင့် လူဦးရေဟာ အမြဲတမ်း လျင်မြန်စွာ ပြည့်သွားလေ့ရှိပါတယ်။

"နောက်နှစ်မှ လုပ်မယ်" ဆိုတဲ့ အတွေးဟာ သင့်ရဲ့ အကောင်းဆုံး တိုးတက်မှုနှစ် ကို ဆုံးရှုံးစေပါလိမ့်မယ်။ အခုပဲ ဆုံးဖြတ်ပြီး ကျွန်တော်နဲ့အတူ ၂၀၂၆ ကို အစီအစဉ်တကျ၊ စွမ်းအားအပြည့် နဲ့ စတင်ပါ။

🔥 သင့်ရဲ့ ၂၀၂၆ အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုကို အခုပဲ စတင်လိုက်ပါ။

L&S ဝင်ခွင့်တံခါးမပိတ်ခင်၊ လူသစ် ၁၀၀ နေရာမပြည့်ခင်
သင့်တိုးတက်မှုအတွက် "ရွှေအခွင့်အရေး" ကို အမြန်ဆုံး ဖမ်းဆုပ်လိုက်ပါ။

L&S Program အစီအစဉ်များနဲ့ စာရင်းသွင်းရန်အတွက်
https://www.facebook.com/share/p/1KL2KomJQ7/
မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက Messenger မှတစ်ဆင့် L&S 2026 လို့ စာပို့ပြီး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Comment မှာလည်း L&S 2026 လို့ မန့်ထားခဲ့နိုင်ပါတယ်။

▪️
PHOO KYAW ZIN - FUTURE WAVE ®
LIFE & SUCCESS 100 COACHING PROGRAM ®

&SProgram #၂၀၂၆ကိုစွမ်းအားဖြင့်စတင်မည်

Address


Website

Alerts

Be the first to know and let us send you an email when Future Wave Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Wave Training:

  • Want your business to be the top-listed Media Company?

Share