Khin Maung Latt

Khin Maung Latt Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin Maung Latt, Video Creator, East Dagon, Dagon.

🌊🌊🌊
14/12/2024

🌊🌊🌊

"ကြိုးစားနေတဲ့ "      အချိန်မှာ သည်းခံပါ။"ကျရူံးနေတဲ့ "          အချိန်မှာ ရဲရင့်ပါ။"အောင်မြင်နေတဲ့ "  အချိန်မှာ တည်ငြိမ...
15/06/2023

"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။

သင်ကြိုးစားနေတာလား
•••••••••••••••••••••

ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။.
ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။.
မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။.
ဒါသင်သွားမယ့် လမ်းကြောင်းက အမိူက်တွေပါ
အမိူက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။.
သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။.
လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။.
နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။.
သင် ကျရူံးနေလား
•••••••••••••••

ဒါဆို ရဲရင့်ပြလိုက်စမ်းပါ
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။.
လူဆိုတာ ကိုယ်ထက်သာ
မနာလိုကြတာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။.
ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။.
နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်းတိုင်းပြီးလည်း လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။.
ကျရူံးချိန်တွေ ပြီးရင်
မလွဲမသွေလာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။.
"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။
ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။.
အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။

သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။.
သင် အောင်မြင်နေပြီလား
•••••••••••••••••••••

ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။.
ပညာရှိတော်တော်များများကလည်း
ငြိမ်သက်နေတတ်ပါတယ်။.
စိန်နဲ့တူတဲ့ သဇင်ပန်းပေါ့ နေရာတိုင်းမှာ
မတွေ့ရတော့ပါဘူး။.
ပြည့်နေတဲ့ အိုးထဲက ဘောင်ဘင်
မခတ်တော့သလို တည်ငြိမ်သွားကြပါတယ်။.
သင့်ရဲ့ အောင်မြင်မှုကို အစစ်အမှန် ဂုဏ်ယူသူရှိမယ်။
အတုအယောင်တွေနဲ့ ကဲ့ရဲ့သူလည်းရှိမယ်။
ဒါတွေကို သင့်အနေနဲ့ ဂရုစိုက်စရာ မလိုပါဘူး။.
"လမင်း" ကို ခွေး ဟောင်တာ သဘာဝပါပဲ
အရာရာကို ဥပက္ခာပြုထားပါ။.
ဒီအချိန်မှာ အရေးကြီးဆုံးက
အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ပဲ.
မောက်မာပြီး အောက်ခြေမလွတ်ဖို့လည်း
သိပ်ကိုအရေးကြီးတယ်။
မောက်မာပြီး အောက်ခြေလွတ်သူတွေက
အထိနာတက်ကြပါတယ်။
ဘယ်အရာမှ မတည်မြဲပါဘူး။.
"လ" သာဖို့အတွက် နေ ဝင်ပေးရသလို
"နေ" သာဖို့အတွက် လ ပျောက်ကွယ်ပေးရတဲ့
အချိန်တွေလည်း ရှိတယ်ဆိုတာ မမေ့နဲ့။.
နွေး မိုး ဆောင်း ပြောင်းလဲနေသလို
အရာရာလည်း အမြဲပြောင်းလဲ နေဦးမှာပါ။.
ဒီကမ္ဘာမှာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရာတစ်ခုပဲ
ရှိတယ် ဒါက "ပြောင်းလဲခြင်းတရားပါ"။

ခေတ်မကောင်းရင် ရူးချင်ယောင်သာ
ဆောင်နေလိုက်ပါ။.
ဒါကြောင့် ဘာမှမတည်မြဲတဲ့ လောကကြီးမှာ
ဟန်ဆောက်မှု အရောင်တွေနဲ့ မရှင်သန်ပါနဲ့။.
ဖြူစင်မှု စိတ်ထားကောင်းမွန်မှု
တည်ငြိမ်ရင်း ရှင်သန်ကြည့်ပါ။.
ရေဗွတ်ပမာ ပျောက်သွားမယ့် အရာတွေပေါ်မှာ
မောက်မာပြီး အောက်ခြေလွတ်တဲ့
စိတ်တွေနဲ့ မသာယာမိစေနဲ့။
တစ်ဘဝစာလုံး အထိနာသွားတတ်တယ်။.
ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုကို
တန်ဖိုးရှိရှိ ထိန်းသိမ်းတတ်ပါစေ။.
ဒီကမ္ဘာကြီး လည်နေတယ်ဆိုတာ
သင်ဘယ်တော့မှ မမေ့ပါနဲ့။.
Credit : Copy

လူရယ်လို့ဖြစ်လာရင်!သင့်ကို အားကျတဲ့လူ ရှိသလို .......... ချစ်တဲ့ လူ လည်းရှိမယ်။မုန်းတဲ့ လူလည်း ရှိမယ်။သင့်ကို မနာလိုတဲ့ ...
13/06/2023

လူရယ်လို့ဖြစ်လာရင်!

သင့်ကို အားကျတဲ့လူ ရှိသလို .......... ချစ်တဲ့ လူ လည်းရှိမယ်။
မုန်းတဲ့ လူလည်း ရှိမယ်။

သင့်ကို မနာလိုတဲ့ လူ ရှိသလို .........
ချီးမွမ်းမယ့် သူလည်း ရှိမယ်။
အထင်သေးတဲ့ လူလည်း ရှိမယ်။

ဒါဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။

သင်ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ်
သင်ဘယ်လောက်ပဲ အနစ် နာခံကြိုးစားကြိုးစား
လူတိုင်းကို ကျေနပ်အောင်တော့
သင် မစွမ်းဆောင်နိူုင်ပါဘူး။

ဒါကြောင့်မို့လို့သူများ အကြိုက်ကို
လိုက်လုပ်ပြီး သင့်ရဲ့ ပင်ကိုယ်တန်ဖိုးကို
လုံးဝ အထိခိုက် မခံပါနဲ့။

သင့်ခံယူချက်အပေါ် သင်ကာကွယ် သင့်ပါတယ်။

သိထားဖို့က….....။

သူများ ပါးစပ်ဖျားပေါ်က ” သင် ” ဟာ
ကောင်းသည် ဖြစ်စေ မကောင်းသည် ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။

လူဆိုတာ….....။
မျက်စိချင်း တူသော်ငြားလည်း .......
အမြင်ချင်း မတူပါဘူး။

နား ချင်း တူသော်ငြားလည်း .......
ကြားပုံချင်း မတူပါဘူး

ပါးစပ်ချင်း တူသော်ငြားလည်း .......
ပြောဆိုပုံချင်း မတူပါဘူး။

ဦးနောက်ချင်း တူသော်ငြားလည်း .......
အယူအဆချင်း မတူနိုင်ပါဘူး။

လူချင်း တူသော်ငြားလည်း .......
အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး။

ဒီအတွက်ကြောင့်….....။
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန် .......
နားလည်တဲ့ လူနဲ့ တွေ့ဦးမှ။

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် .......
ကျေးဇူးတင်တတ်တဲ့ လူနဲ့ တိုးဦးမှ။

သင်ဘယ်လောက်ပဲ ရိုးသားရိုးသား .......
ယုံကြည်မှုရှိတဲ့ လူနဲ့ ဆုံဦးမှ။

သင်ဘယ်လောက်ပဲ နှိမ့်ချနှိမ့်ချ .......
တန်ဖိုးထားတတ်တဲ့ လူနဲ့ ကြုံဦးမှ။

နောက်ဆုံးတော့….....။
သိတာလည်း အားလုံးမပြောနဲ့။
မြင်တာလည်း အားလုံးမယုံနဲ့။
သင့်ကို လူတွေဘယ်လောက် ချစ်တယ် ခင်တယ်ပဲ ဆိုဆို သူတို့နဲ့
အဆင်မပြေတဲ့ အချိန်မှာ သင်ဟာ သူတို့ရဲ့ ရှုံ့ချဝေဖန်မှုတွေနဲ့
ရင်ဆိုင်ရလိမ့်မယ်။

ဒါ့ကြောင့် .......။
သင့်အလုပ်ကိုသာ သင် ဆက်လုပ်ပါ။
သင့် အနာဂတ်သည် .......
သင်ကိုယ်တိုင်ပင်ဖြစ်သည်။

အားလုံးကို ကျေးဇူးးတင်ပါတယ်။
စေတနာ မေတ္တာဖြင့်..........။

Credit

14/12/2022

🌿နေ့စဉ် ကိုယ့်ကိုကိုယ်

🌿 အားရကျေနပ်တဲ့

🌿ဂုဏ်ယူရတဲ့ အလုပ်တွေဘဲလုပ်ပါ

🌿စိတ်ဓာတ်ကျနေတဲ့သူ အနာဂါတ်မရေရာတဲ့သူ

🌿အကောင်းမြင်စိတ်နည်းသူတွေကိုရှောင်ပါ

🌿နေ့စဉ်ပျော်အောင်နေပါ

🌿ကိုယ့်ကို ကိုယ်အပြစ်မတင်ပါနဲ့

🌿လုပ်နိုင်သလောက်လုပ်ခဲ့တယ်ဘဲတွေးပါ

🌿ကိုယ့်ရဲ့ဖြစ်တည်မူကိုအမြဲဂုဏ်ယူပါ

🌿ကျေးဇူးတင်စိတ်နဲ့နေထိုင်ပါ

🌿တခြားသူတွေ ကိုယ့်ကို

🌿ဘယ်လိုထင်နေမလဲစဉ်းစားပြီး

🌿စိတ်ညစ်မနေပါနဲ့

🌿သူကသူ ကိုယ့်က ကိုပါဘဲ🥰

ဘဝမှာ -[ No.1 ] ပိုက်ဆံစုပါ ။[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။         [...
11/12/2022

ဘဝမှာ -

[ No.1 ] ပိုက်ဆံစုပါ ။
[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။
[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။

[ No.4 ] အပေါင်းအသင်းကောင်း များများပေါင်းပါ ။

[ No.5 ] အကောင်းမြင်စိတ် မွေးနိုင်အောင်လုပ်ပါ ။

[ No.6 ] လူတွေရဲ့ ကဲ့ရဲ့မှုကို သိပ်အလေးမထားပါနဲ့ ။

[ No.7 ] အရာအားလုံးဟာ ကိုယ်နဲ့မဆိုင်ပါဘူး ။
မဖြစ်သေးတာကိုတွေးပြီး မစိုးရိမ်ပါနဲ့ ။
လက်ရှိကာလကို အကောင်းဆုံးနေပါ ။

[ No.8 ] စည်းကမ်းရှိပါ ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ ။

[ No.9 ] စာများများဖတ်ပါ ။
{ ပိုက်ဆံမရပေမယ့် နှိုင်းလို့မရတဲ့ပညာတွေရပါတယ် }

[ No.10 ] ကိုယ်ထူးချွန်တဲ့အလုပ်ကနေ အောင်မြင်အောင်လုပ်ပါ ။

[ No.11 ] အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ပါ ။
အောင်မြင်မှုက အနှေးနဲ့အမြန် ရောက်ပါလိမ့်မယ် ။

[No.12 ] ကျေးဇူးရှိဖူးရင် ကျေးဇူးတရားမမေ့ပါနဲ့ ။

[ No.13 ] ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ။
ယုံယုံကြည်ကြည် ကိုးကွယ်ပါ ။
{ အကျိုးကျေးဇူးကို တစ်နေ့ခံစားရပါလိမ့်မယ် }

[ No.14 ] ကံကိုမယုံပါနဲ့ ။
{ ကံဆိုတာအလုပ်ပါ ။ အလုပ်ကောင်းရင်ကံကောင်းမယ် }

[ No.15 ] ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ ။
ကိုယ့်ကိုယ်ကိုသာ အားကိုးပါ ။

အကောင်းကိုလက်ခံနိုင်သလို

အဆိုးကိုလည်းခံနိုင်အောင် ကြိုးစားပါ ...👍

11/12/2022

Morning 🌞
🧑ငါအတွက် ငွေရှာရတာ အရမ်းလွယ်ကူတယ်
🧑ငါဆီမှာ ငွေတွေကို စုပ်ယူနိုင်စွမ်းရှိတယ်💸💸💸

27/11/2022

🙂 အသက်ရွယ်ပိုင်းခြားထားတဲ့

🌐 ဒီလိုလောကကြီးထဲမှာ

🧔နည်းနည်း‌လေးကြီးတာကို

😘ချစ်မိတာနဲ့အဖြစ်ဖစ်လားဗျာ🤪

18/11/2022

Ko latt ကိုချစ်ခင်ပြီးBirthday wishလုပ်ပေးကြတဲ့မိတ်ဆွေသူငယ်ချင်း customer များအားလုံးကို ko Latt ကကျေးဇူးအများကြီးတင်ပါတယ်ခဗျာ🥰🥰😘

📽️📽️📽️📽️📽️

16/11/2022

🥰အရမ်းချစ်တက်တာမယုံရင်🤪

❤️ အမိဖမ်းကြည့်😍😍😍

14/10/2022

🌥 မနက်စောစောအိပ်ယာထတာနဲ့lana collagen တစ်ခွက်သောက်မယ်🍷🍷🍷
Collagen သောက်ပြီးဘာတွေထူးခြားလဲ

📌တင်းတိတ်/ဝက်ခြံ သက်သာ

📌အသားအရေကြည်လင်

📌ဆံပင်ကျွတ်သက်သာလာမယ်

📌လက်သည်းခြေသည်း သန်မာ

📌မျက်စိအာရုံကြော အားကောင်း

📌သကြားလုံးဝမပါတဲ့အတွက်ဝိတ်တက်မှာကိုလဲထိန်းပေး

🍒ဆီးချို သမားတွေလဲသောက်လို့ရပါတယ်...Gluta ပါတော့အသားအရေဖြူလာစေပါတယ်နော်💯

13/10/2022

🍒သီးစုံလေး🍒

😍 ကိုကြီးကိုရွေးမလား LANA Collagen ကိုရွေးမလား


Address

East Dagon
Dagon

Website

Alerts

Be the first to know and let us send you an email when Khin Maung Latt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category