Daiku Thadin

Daiku Thadin ဒိုက်​ဦးမြို့နယ်​သတင်း

ဒိုက်ဦးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များ၏ တည်နေရာနှင့် ဖုန်းနံပါက်များ"ပုဂ္ဂလိကဘဏ်များ"============ကမ...
06/03/2023

ဒိုက်ဦးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များ၏ တည်နေရာနှင့် ဖုန်းနံပါက်များ

"ပုဂ္ဂလိကဘဏ်များ"
============
ကမ္ဘောဇဘဏ်လီမိတက် (ဘဏ်ခွဲငယ်)
အမှတ် ၁၃၇၊ မင်းလမ်းမကြီး၊ ကုန်သည်ရပ်ကွက်၊
ဒိုက်ဦး၊ပဲခူးတိုင်းဒေသကြီး
052-40113

ကမ္ဘာ့ရတနာဘဏ်လီမိတက် (ဒိုက်ဦးဘဏ်ခွဲ)
အမှတ် ၇၇၊ မင်းလမ်းမကြီး၊ ဈေးပိုင်းရပ်ကွက်၊
ဒိုက်ဦး၊ပဲခူးတိုင်းဒေသကြီး
052-40439, 052-40548, 052-40550, 09-5382100, 09-8664100, 052-40439, 052-40551, 09-456880259

ကမ္ဘောဇဘဏ်လီမိတက် (ဒိုက်ဦးဘဏ်ခွဲ)
အမှတ် ၄၁၁/ခ၊ မြို့အဝင်လမ်း၊ သံတံတားရပ်ကွက်၊
ဒိုက်ဦး၊ပဲခူးတိုင်းဒေသကြီး
052-40555, 052-40556, 052-40557, 052-40558, 052-40559

ဧရာဝတီဘဏ်လီမိတက် (ဒိုက်ဦးဘဏ်ခွဲ)
အမှတ် ၁၀၇၊ မင်းလမ်းမကြီး၊ (၁)ရပ်ကွက်၊
ဒိုက်ဦး၊ပဲခူးတိုင်းဒေသကြီး
052-40585, 052-40588~91

------------------------------------------------------------
"အစိုးရဘဏ်များ"
===========
မြန်မာ့စီးပွားရေးဘဏ်
မင်းလမ်းမကြီး၊ ဒရယ်မီးရပ်ကွက်၊
ဒိုက်ဦး၊ပဲခူးတိုင်းဒေသကြီး
052-40012, 09-428123804

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
ဒဂုံမန်းလမ်း၊ ဒရယ်မီးရပ်ကွက်၊
ဒိုက်ဦး၊ပဲခူးတိုင်းဒေသကြီး
052-40024

==============================
================================

ဒိုက်ဦးမြို့နယ်အတွင်းမှ တည်းခိုခန်း၊ တည်းခိုရိပ်သာ၊ ဟိုတယ်၊ မိုတယ်များ၏  တည်နေရာနှင့် ဖုန်းနံပါက်များဝင်း(တည်းခိုခန်းမျာ...
21/02/2023

ဒိုက်ဦးမြို့နယ်အတွင်းမှ တည်းခိုခန်း၊ တည်းခိုရိပ်သာ၊ ဟိုတယ်၊ မိုတယ်များ၏ တည်နေရာနှင့် ဖုန်းနံပါက်များ

ဝင်း
(တည်းခိုခန်းများ)
ဒဂုံမန်းလမ်း၊ ဒရယ်မီးလမ်းဆုံ အနီး၊ ဒရယ်မီးရပ်ကွက်၊
ဒိုက်ဦး၊ပဲခူးတိုင်းဒေသကြီး
09-252557774, 09-775577288

ဟိန်း
(တည်းခိုခန်းများ)
(၁)လမ်း၊ မင်းတဲရပ်ကွက်၊
ဒိုက်ဦး၊ပဲခူးတိုင်းဒေသကြီး
09-972489693, 09-428189768

ဒိုက်ဦးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ===============ဒိုက်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင...
15/09/2022

ဒိုက်ဦးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ
===============
ဒိုက်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။မြို့နယ်ရုံးစိုက်ရာမြို့မှာ ဒိုက်ဦးမြို့ ဖြစ်သည်။

ဒိုက်ဦးသည် ရန်ကုန်-မန္တလေးသွား မော်တော်ကားလမ်းနှင့် မီးရထားလမ်းမထက်၌ တည်ပြီး ရန်ကုန်မှ ကားလမ်းဖြင့် ၈၈ မိုင်၊ မီးရထားလမ်းဖြင့် ၈၁.၂၅ မိုင် ကွာဝေးသည်။

ဒိုက်ဦးအမည်တွင်လာပုံ
ဒိုက်ဦးသည် မွန်အမည် ဍ်ာအဲု (အသံထွက် ဒိုက်အွီး)မှ ဆင်းသက်လာပြီး၊ ဒိုက်မှာ ရေ၊ အွီးမှာ ပုပ်သည်ဟု ဆိုလိုရာ ရေပုပ်ဟု အဓိပ္ပာယ် ရသည်။ ရှေးဟောင်းမွန်မြို့တော် ဖြစ်သော ကောလိယမြို့ စီရင်စုနယ်မြေအတွင်း တည်ရှိပြီး၊ ကောလိယချောင်းမှ ရေလျှံကာ ရေပြန်ကျသွားချိန်တွင် ချိုင့်ဝှမ်းများ၌ ရေပုပ် ကျန်ရစ်ရာမှ ဤသို့ ခေါ်တွင်သည်ဟု ဆိုသည်။ အချို့ကလည်း ဍ်ာမအုဟ် ဟူသော မွန်စကားမှ ဒိုက်ဦးဖြစ်လာသည်ဟုဆိုသည်။ ရေများသောအရပ်ဟု သတ်မှတ်ကြသည်။ နောက်ထပ်တစ်မျိုးမှာ ဒိုက်ဟူသောစကားမှာ မွန်စကားတွင် ဍာ် ကိုမြန်မာအသံထွက်ဖြင့်ခေါ်ရာမှ ဒိုက် ဟုဖြစ် လာခြင်းဖြစ်သည်။ ရေဟု အဓိပ္ပာယ်ရသည်။ ဦးမှာ မွန်စကား ဟဦး ကိုမြန်မာအသံဖြင့်ခေါ်ရာမှ ဦး ဖြစ်လာခြင်း ဖြစ်သည်။ လျှံကြီးခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဒိုက်ဦး၏အဓိပ္ပာယ်မှာ ရေလျှံခြင်း ရေကြီးခြင်း တနည်း အားဖြင့် ရေဖုံးလွှမ်းသောအရပ်ဟု ဆိုရပေမည်။ နောက်တမျိုးပြောကြသေးသည်မှာ ၁၈၇၈ ခုနှစ်တွင် ရန်ကုန်မှ ပြွန်တန်ဆာအထိ မီးရထားလမ်းဖေါက်လုပ် ရာတွင် ဒိုက်ဦးတည်နေရာ၌ အိုးအိမ်များမရှိပဲနှင့် နှစ်ထပ်ဘူတာရုံ ဆောက်လုပ်ခဲ့သည်။ ထို့ကြောင့်ပါတ်ဝန်း ကျင်ကျေးရွာများဖြစ်သော ဖအောင်ဝဲ၊ ဖောင်တော်သီ၊ ကမာဖရုံ၊ ကတုတ်၊ ရှမ်းစု၊ ဆာပါခြုံ၊ ရွှေအင်ဒုံ၊ ဖအောင်းစု ရွာများမှ ခရီးသွားလိုသည့်အခါ ဆိုက်ဆိုက်မြိုက်မြိုက်ဦးတိုက်လာ၍ ဆိုက်ဦး တိုက်ဦး မှ ဒိုက်ဦး ဖြစ်လာသည်ဟုဆိုသည်။ အထောက်အထားအဖြစ် ပထမဦးဆုံးမြို့ပိုင်ဦးအောင်ကျော်၏ သမီးအုတ်ဂူတွင် တိုက်ဦးဟု ရေးထိုးထားသည်ကိုတွေ့ရသည်။

ဒေသသမိုင်းအကျဉ်း
ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် ပဲခူးခရိုင်သည် ပဲခူးလက်အောက်ခံဖြစ်လာပြီး အရေးပိုင်သည် ပဲခူးမြို့တွင် ရုံးထိုင်အုပ်ချုပ်ပါသည်။ ၁၈၇၈ ခုနှစ်တွင် ဒိုက်ဦးကျေးရွာ အဖြစ်မပေါ်ပေါက် ခင်နှစ်အတန်ကြာကပင် ပေါ်ပေါက်လျက်ရှိသော ကျေးရွာအချို့မှာ ဖအောင်ဝဲ၊ ဒရယ်မီး၊ ဆင်စခန်း၊တပ်စု၊ မအူရိုး၊ လက်ပံသုံးခွ၊ ဆာပါခြုံ၊ ကျွန်းကုန်း၊ အိမ်ခြေလေးဆယ်၊ ဖအောင်းစု၊ ဖေါင်တော်သီရွာနှင့် ကတုတ်ရွာမ စသောကျေးရွာများဖြစ်ကြပါသည်။ ၁၈၇၈ ခုနှစ်တွင် ရန်ကုန်မှ ပြွန်တံဆာအထိ မီးရထားလမ်း ဖေါက်လုပ်ပြီးသောအခါ ယခုဒိုက်ဦး မြို့တည်ရှိနေရာ၌ ဘူတာရုံ ဖွင့်လှစ်ခဲ့ ပါသောကြောင့် ၎င်းဘူတာကို အမှီပြု၍ ဈေးဆိုင်များ၊ လူနေအိမ်ခြေများ စသည်ဖြင့် ပေါ်ပေါက်လာပြီး ဒိုက်ဦးရွာအနေဖြင့် ဖြစ်ပေါ်လာခဲ့ပါသည်။ ဒိုက်ဦးရွာ တည်နေရာသည် မီးရထားလမ်း အရှေ့ဘက်တွင် မြေနိမ့်ပိုင်း ဖြစ်၍ မိုးတွင်းရေကြီးသောအခါ ရေမြုပ်ပါသည်။ ထိုအချိန်တွင် ဖအောင်ဝဲရွာမှာ တိုက်သူကြီးနေရာရွာဖြစ်လာပြီး သူကြီးမှာဦးကျယ်ဖြစ်ပါသည်။ဒရယ်မီး ရွာသူကြီးမှာ ဦးလယ်ရောက်ဖြစ်၍ ဒိုက်ဦးရွာကိုပူးတွဲအုပ်ချုပ်ခဲ့ပါသည်။ ဒိုက်ဦးကျေးရွာသည်ပြွန်တံဆာမြို့ပိုင်၏ အုပ်ချုပ်ရေးအောက်တွင် ရှိပါသည်။ ၁၈၉၄ခုနှစ်မှ၁၈၉၉ခုနှစ်အထိ ဒိုက်ဦးရွာသူကြီး ဦးရွှေပြည့်အား ပထမဦးစွာ ခန့်အပ်အုပ်ချုပ်စေခဲ့ပါသည်။အိမ်ခြေ(၅၀)ခန့်နှင့် လူဦးရေ (၂၅၀)ခန့်သာရှိပြီး နိုင်ငံခြားသားအချို့စတင် နေထိုင်စပြုလာပါသည်။ ၁၉၀၇ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဒိုက်ဦးကျေးရွာသည် အိမ်ခြေ(၄၀၀)အထိ တိုးတက်များပြားလာခဲ့ပြီးလူဦးရေမှာ (၂၀၀၀)ခန့်အထိ တိုးတက်ခဲ့ပါသည်။ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ကျောထောက်နောက်ခံ ကျေးရွာများ များပြားလာခဲ့ခြင်းကြောင့် ၁၉၀၈ခုနှစ်တွင် ပြွန်တံဆာမှ မြို့ပိုင်ရုံးနှင့်ရဲဌာနတို့ကို ဒိုက်ဦးကျေးရွာ သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည့်အတွက် ဒိုက်ဦးရွာမှာ ဒိုက်ဦးမြို့ ဖြစ်လာခဲ့ပါသည်။ ပထမဦးဆုံးမြို့ပိုင်သည် ဦးအောင်ကျော်ဖြစ်ပါသည်။ ၁၉၂၃ ခုနှစ်တွင် ရန်ကုန်-မန္တလေးကားလမ်း ဖေါက်လုပ်ပေါ်ပေါက်လာသဖြင့် ဒိုက်ဦးမြို့သည် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မြင့်မားလာရာမှ ယခုအခါစီးပွားရေး ကောင်းမွန်သည့် မြို့တစ်ခုအဖြစ် တည်ရှိနေပါသည်။

တည်နေရာ
ဒိုက်ဦးမြို့နယ်သည် မြောက်လတ္တီတွဒ်၈၇ ဒီဂရီ ၅၅မိနစ်နှင့် ၉၇ ဒီဂရီ ၅၅မိနစ် ကြား အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၄၅မိနစ် နှင့်၉၇ဒီဂရီ ၁၅မိနစ် အကြားတွင်တည်ရှိပါသည်။

အကျယ်အဝန်း
ဒိုက်ဦးမြို့နယ်သည် အရှေ့မှ အနောက်သို့(၂၆)မိုင်နှင့် တောင်မှမြောက်သို့ (၁၉)မိုင်ရှည်လျားပါသည်။ဒိုက်ဦးမြို့သည် ဧရိယာစတုရန်းမိုင်ပေါင်း (၄၇၉.၀၃)မိုင်ရှိပါသည်။ဒိုက်ဦးမြို့နယ်သည် ကားလမ်းမိုင်တိုင် အမှတ်( ၇၀ / ၀ မှ ၈၈ / ၀ ) အထိရှိသည် ။ ရထားလမ်းမိုင်တိုင်အမှတ်မှာ ( ၆၆ / ၀ မှ ၈၄ / ၀ ) အထိရှိသည် ။

နယ်နမိတ်
ဒိုက်ဦးမြို့နယ်၏ အရှေ့ဘက်တွင် ညောင်လေးပင်မြို့နယ်တောင်ဘက်တွင် ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်တို့ ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ပဲခူးရိုမနှင့် ထိစပ်လျှက်ရှိပြီးမြောက်ဘက်တွင် ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်
ဒိုက်ဦးမြို့နယ်၏ မြေမျက်နှာသွင်ပြင်မှာ အနောက်ဘက်ခြမ်းတွင် ပဲခူးရိုးမရှိပြီး အနောက်ဘက်မှ အရှေ့ဘက်သို့ တဖြေးဖြေးနိမ့်ဆင်းသွားသည့် မြေနိမ့်လွင်ပြင်ဖြစ်ပါသည်။

ရေဆင်း
ဒိုက်ဦးမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသော မြစ်များမရှိဘဲ ချောင်းများသာရှိပါသည်။ အနောက်ဘက်မှ အရှေ့ဘက်သို့ စီးဆင်းသော ဒရယ်မီးချောင်း၊ ကောလိယချောင်း၊ ဘိုင်းဒါးချောင်း၊ ကတုတ်ချောင်းနှင့် ဘောနီချောင်းတို့ရှိပါသည်။ အဆိုပါချောင်းများမှာမိုးရာသီတွင်သာရေရှိပြီး နွေရာသီတွင် ရေမရှိသဖြင့် မိုးတွင်းကာလတွင်သာ စက်လှေများသွားလာ၍ရပြီး နွေရာသီတွင် စက်လှေများသွားလာနိုင်ခြင်းမရှိပါ။

ပင်လယ်ရေမျက်နှာပြင်အမြင့်
ဒိုက်ဦးမြိုနယ်သည် ပင်လယ် ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် (၃၈)ပေအထက်တွင် တည်ရှိပါသည်။

ရာသီဥတု
ဒိုက်ဦးမြို့နယ်သည် နွေ၊ မိုး၊ ဆောင်းရာသီဥတုရှိပြီး၊အမြင့်ဆုံး အပူချိန် (၁၀၃' F) နှင့်အနိမ့်ဆုံး အပူချိန်မှာ (၆၄' F)ဖြစ်ပါသည်။ဒိုက်ဦးမြို့နယ်၌ တစ်နှစ်ပတ်လုံး မိုးရေချိန်လက်မအများဆုံး (၁၆၇)လက်မနှင့် အနည်းဆုံး (၁၀၉) လက်မရရှိသည်။

သဘာဝပေါက်ပင်များ
ဒိုက်ဦးမြို့နယ်အတွင်းပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ အခြားသစ်မာပင်များနှင့် ဝါးအမျိုးမျိုးပေါက်ရောက်ပါသည်။

တောရိုင်းတိရစ္ဆာန်များ
ဒိုက်ဦးမြို့နယ်တွင် တွေ့ရှိရသော တောရိုင်းတိရိစ္ဆာန်များမှာ ဆင်၊ ကျား၊ စိုင်၊ ဆတ်၊ ဒရယ်၊ ဂျီစသည့် တိရိစ္ဆာန်များတွေ့ရှိရပြီးယခုအခါ စိုက်ပျိုးမြေများ တိုးချဲ့စိုက်ပျိုးခြင်းကြောင့် တိရိစ္ဆာန်များရှားပါးလာပြီ ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေအနေ
ဒိုက်ဦးမြို့နယ်၏ လက်ရှိ သဘာဝပတ်ဝန်းကျင်အခြေအနေမှာ သစ်တောဖုံးလွမ်းမှု(၃၁%) ရှိပါသည်။ ၎င်းအနက်မှကြိုးဝိုင်းသစ်တောဖုံးလွှမ်းမှုမှာ (၉၉.၉၇%)ဖြစ်ပြီး ကြိုးပြင်ကာကွယ်တောဖုံးလွှမ်းမှုမရှိပါ။

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
ဒိုက်ဦးမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတွင် တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ထို့အပြင် ဆန်စပါး၊ ပဲမျိုးစုံ ရောင်းဝယ်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြပါသည်။ဒိုက်ဦးမြို့နယ်သည် ပဲခူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ဝေါမြို့နယ်များသို့ ကုန်းလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်များမှာ ဆန်စပါး၊ပဲမျိုးစုံဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသည့်ဒေသများသို့အများဆုံး တင်ပို့ရောင်းချပါသည်။

အထင်ကရပုဂ္ဂိုလ်များ
၁။ညိုညိုယဉ် ( ဒိုက်ဦး )
၂။မြန်မာ့အသံဦးသိန်းဟံ
၃။သုတေသီမောင်မောင်
၎။ကောလိယလှိုင်းယဉ်
၅။နေတင်မြင့်
၆။မိုးမိုး (အင်းလျား)
၇။စင်ကာပူနိုင်ငံသား ချိရှန်းဘဏ်ဥက္ကဋ္ဌ လင်ချိရှန်း
၈။စာရေးဆရာ ရွှေဥဩ (ကတုတ်ရွာ)
၉။မြင့်သိင်္ဂီမော် (ဖောင်တော်သီ)

လူဦးရေ၊မြို့၊ရပ်ကွက်၊ကျေးရွာအုပ်စု၊ကျေးရွာ
ဒိုက်ဦးမြို့နယ်၌ ၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း(၂၀၂၅၃၀)ဦး၊အမျိုးသား(၉၆၃၆၂)ဦး၊အမျိုးသမီး(၁၀၆၁၆၈)ဦးရှိကာ မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်၊ကျေးရွာအုပ်စု (၄၄)အုပ်စု ကျေးရွာပေါင်း (၁၉၅) ရွာရှိပါသည်။

ရပ်ကွက်များ
၁။ဈေးပိုင်းရပ်ကွက်
၂။ကုန်သည်ရပ်ကွက်
၃။ဝါဆိုရပ်ကွက်
၎။ကျောင်းစုရပ်ကွက်
၅။သံတံတားရပ်ကွက်
၆။မင်းတဲရပ်ကွက်
၇။စက်ကွင်းရပ်ကွက်
၈။ဒရယ်မီးရပ်ကွက်
၉။ဖအောင်ဝဲရပ်ကွက်

ကျေးရွာအုပ်စုများ
၁။ဆင်စခန်း
၂။ကျွန်းကုန်း
၃။အိမ်ခြေလေးဆယ်
၎။သဲကော
၅။သရက်တော
၆။ပျဉ်ပုံလေး
၇။သပြေတန်း
၈။ပသွယ်
၉။ရှမ်းစု
၁၀။ဖေါင်တော်သီ
၁၁။ပေါက်တပင်
၁၂။ကံကလေး
၁၃။ကုက္ကိုင်း
၁၄။အင်းသဇင်
၁၅။ပြဲတေမာ့
၁၆။ပျဉ်းမလွင်
၁၇။ကတုတ်ရွာမ
၁၈။ကတုတ်ဘုရားကြီး
၁၉။တမံကြီး
၂၀။ဗျိုင်းချယ်
၂၁။ဘောနီ
၂၂။မအူတန်း
၂၃။ကျိုက်စကောအရှေ့
၂၄။ကျိုက်စကောအနောက်
၂၅။ဘုရားကြီးကွင်း
၂၆။နတ်ကင်း
၂၇။ပုကိုင်
၂၈။မင်္ဂလွန်း
၂၉။သုံးခွ
၃၀။ပနွတ်
၃၁။ကလိ
၃၂။ဖအောင်းစု
၃၃။ကမာဖရုံ
၃၄။တကောင်း
၃၅။ရွှေအင်ဒုံရွာသစ်
၃၆။ဒိုးတန်း
၃၇။ဆာပါခြုံ
၃၈။တောင်သလဲမြှောင်
၃၉။စစ်ဘိုကြီး
၄၀။ဗျက်ကြီး
၄၁။ဆင်ဇလုပ်
၄၂။အုတ်ရှစ်ကုန်း
၄၃။မှော်အင်း
၄၄။ပုဂံကွဲ

ဒိုက်ဦးမြို့နယ်ရှိ ရွာများ (အက္ခရာစဉ်)
က
ကညင်တပင်ရွာ၊ ဒိုက်ဦးမြို့နယ်
ကညင်တပင်ရွာ၊ ပသွယ်
ကတက်မြောင်ရွာ၊ ဒိုက်ဦးမြို့နယ်
ကတုတ်ဘုရားကြီးရွာ၊ ဒိုက်ဦးမြို့နယ်
ကတုတ်ရွာမရွာ၊ ဒိုက်ဦးမြို့နယ်
ကဒက်ကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
ကဒုတ်ဘုရားကြီးရွာ၊ ဒိုက်ဦးမြို့နယ်
ကဒုတ်ရွာမရွာ၊ ဒိုက်ဦးမြို့နယ်
ကမာကလစ်ရွာ၊ ဒိုက်ဦးမြို့နယ်
ကမာဖရုံရွာ၊ ကမာဖရုံ
ကမာဖရုံရွာ၊ ဒိုက်ဦးမြို့နယ်
ကလိရွာ၊ ဒိုက်ဦးမြို့နယ်
ကုက္ကိုင်းရွာ၊ ဒိုက်ဦးမြို့နယ်
ကုန်းဝိုင်းကြီးရွာ၊ ဒိုက်ဦးမြို့နယ်
ကောလိယရွာ၊ ဒိုက်ဦးမြို့နယ်
ကံကလေးရွာ၊ ဒိုက်ဦးမြို့နယ်
ကံညီနောင်ရွာ၊ ဒိုက်ဦးမြို့နယ်
ကျိုက်စကော (အနောက်)ရွာ၊ ဒိုက်ဦးမြို့နယ်
ကျိုက်စကော (အရှေ့)ရွာ၊ ဒိုက်ဦးမြို့နယ်
ကျိုက်စကောအနောက်ရွာ၊ ဒိုက်ဦးမြို့နယ်
ကျိုက်စကောအရှေ့ရွာ၊ ဒိုက်ဦးမြို့နယ်
ကျီးပေါင်းစုရွာ၊ ဒိုက်ဦးမြို့နယ်
ကျောက်စရစ်ရွာ၊ ဒိုက်ဦးမြို့နယ်
ကျောက်တလုံးရွာ၊ ဒိုက်ဦးမြို့နယ်
ကျောင်းစုရွာ၊ ဒိုက်ဦးမြို့နယ်
ကျေးတောစုရွာ၊ ဒိုက်ဦးမြို့နယ်
ကျွန်းကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
ကျွန်းစုရွာ၊ ဒိုက်ဦးမြို့နယ်
ကျွန်းဒိတ်ရွာ၊ ဒိုက်ဦးမြို့နယ်
ကျွန်းသုံးပင်ရွာ၊ ဒိုက်ဦးမြို့နယ်
ကျွန်းဦးခင်ရွာ၊ ဒိုက်ဦးမြို့နယ်
ကျွဲတဲကွင်းရွာ၊ ဒိုက်ဦးမြို့နယ်
ကြာအင်းရွာ၊ ဒိုက်ဦးမြို့နယ်
ကြိမ်နီတန်းရွာ၊ ဒိုက်ဦးမြို့နယ်
ကြိုးကြာကွင်းရွာ၊ ဒိုက်ဦးမြို့နယ်
ကြွေးခင်တန်းရွာ၊ ဒိုက်ဦးမြို့နယ်
ကွင်းမြောင်ရွာ၊ ဒိုက်ဦးမြို့နယ်

ခင်တန်းရွာ၊ ကလီ
ခင်တန်းရွာ၊ ဒိုက်ဦးမြို့နယ်
ခင်တန်းရွာ၊ ပျဉ်ပုံလေး
ခမွန်မြန်မာစုရွာ၊ ဒိုက်ဦးမြို့နယ်
ချင်းကန့်လန့်ရွာ၊ ဒိုက်ဦးမြို့နယ်
ချင်းစုရွာ၊ စစ်ဘိုကြီး
ချင်းစုရွာ၊ ဒိုက်ဦးမြို့နယ်

ဂွေးတောက်မြောင်ရွာ၊ ဒိုက်ဦးမြို့နယ်
ဂွေးပင်ကူးရွာ၊ ဒိုက်ဦးမြို့နယ်

ငပန်းအင်းရွာ၊ ဒိုက်ဦးမြို့နယ်
ငှက်သိုက်ပေါက်ရွာ၊ ဒိုက်ဦးမြို့နယ်

စစ်ဘိုကြီးရွာ၊ ဒိုက်ဦးမြို့နယ်
စမ်းမြောင်ရွာ၊ ဒိုက်ဦးမြို့နယ်
စလူတောရွာ၊ ဒိုက်ဦးမြို့နယ်

ဆင်ကူးရွာ၊ ဒိုက်ဦးမြို့နယ်
ဆင်စခန်း (အနောက်)ရွာ၊ ဒိုက်ဦးမြို့နယ်
ဆင်စခန်း (အရှေ့)ရွာ၊ ဒိုက်ဦးမြို့နယ်
ဆင်စခန်းရွာ၊ ဒိုက်ဦးမြို့နယ်
ဆင်ဇလုပ်ရွာ၊ ဒိုက်ဦးမြို့နယ်
ဆင်တဲရွာ၊ ဒိုက်ဦးမြို့နယ်
ဆပ်သွားကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
ဆရာလေးစုရွာ၊ ဒိုက်ဦးမြို့နယ်
ဆာပါခြုံရွာ၊ ဒိုက်ဦးမြို့နယ်
ဆားကျင်းရွာ၊ ဒိုက်ဦးမြို့နယ်

ဇလုပ်ကြီးရွာ၊ ဒိုက်ဦးမြို့နယ်
ဇီးတောစုရွာ၊ ဒိုက်ဦးမြို့နယ်

ညောင်ကန်ရွာ၊ ဒိုက်ဦးမြို့နယ်

တကောင်းရွာ၊ ဒိုက်ဦးမြို့နယ်
တပ်စုရွာ၊ ဒိုက်ဦးမြို့နယ်
တမံကြီးရွာ၊ ဒိုက်ဦးမြို့နယ်
တာဂွရွာ၊ ဒိုက်ဦးမြို့နယ်
တာဆုံရွာ၊ ဒိုက်ဦးမြို့နယ်
တိုက်ကြီးစုရွာ၊ ဒိုက်ဦးမြို့နယ်
တောင်ပို့ကိုးလုံးရွာ၊ ဒိုက်ဦးမြို့နယ်
တောင်သလဲမြောင်ရွာ၊ ဒိုက်ဦးမြို့နယ်
တောင်သာရွာ၊ ဒိုက်ဦးမြို့နယ်

ဒိုးတန်းရွာ၊ ဒိုက်ဦးမြို့နယ်

နတ်ကင်းရွာ၊ ဒိုက်ဦးမြို့နယ်
နတ်စဉ်ကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
နှင်းပုလဲရွာ၊ ဒိုက်ဦးမြို့နယ်
နှင်းဝိရွာမရွာ၊ ဒိုက်ဦးမြို့နယ်

ပန်းဘဲစုရွာ၊ ဒိုက်ဦးမြို့နယ်
ပနွတ်ရွာ၊ ဒိုက်ဦးမြို့နယ်
ပလစ်ရွာ၊ ဒိုက်ဦးမြို့နယ်
ပသွယ်ရွာသစ်ရွာ၊ ဒိုက်ဦးမြို့နယ်
ပသွယ်ရွာ၊ ဒိုက်ဦးမြို့နယ်
ပုကိုင်ရွာ၊ ဒိုက်ဦးမြို့နယ်
ပုဂံကွဲရွာ၊ ဒိုက်ဦးမြို့နယ်
ပုလိပ်ကွင်းရွာ၊ ဒိုက်ဦးမြို့နယ်
ပေါက်ခေါင်းရွာ၊ ဒိုက်ဦးမြို့နယ်
ပေါက်တပင်ရွာ၊ ဒိုက်ဦးမြို့နယ်
ပေါ်သစ်ကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
ပျဉ်ထောင်တွင်းရွာ၊ ဒိုက်ဦးမြို့နယ်
ပျဉ်ပုံလေးရွာ၊ ဒိုက်ဦးမြို့နယ်
ပျဉ်းမလွင်ရွာ၊ ဒိုက်ဦးမြို့နယ်
ပျဉ်းမလွင်အောက်စုရွာ၊ ဒိုက်ဦးမြို့နယ်
ပြောင်သေကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
ပွဲတမောရွာ၊ ဒိုက်ဦးမြို့နယ်
ပွဲတမော့ (ရှမ်း)ရွာ၊ ဒိုက်ဦးမြို့နယ်
ပွဲတမော့ရွာမရွာ၊ ဒိုက်ဦးမြို့နယ်

ဖန်ခါးကွင်းရွာ၊ ဒိုက်ဦးမြို့နယ်
ဖအောင်းစုရွာ၊ ဒိုက်ဦးမြို့နယ်
ဖိုးလေးခင်ရွာ၊ ဒိုက်ဦးမြို့နယ်
ဖောင်တော်သီရွာမရွာ၊ ဒိုက်ဦးမြို့နယ်
ဖောင်တော်သီရွာ၊ ဒိုက်ဦးမြို့နယ်
ဖော်ဝါးစုရွာ၊ ဒိုက်ဦးမြို့နယ်

ဗျက်ကလေးရွာ၊ ဒိုက်ဦးမြို့နယ်
ဗျက်ကြီးရွာ၊ ဒိုက်ဦးမြို့နယ်
ဗျိုင်းချယ်ရွာ၊ ဒိုက်ဦးမြို့နယ်

ဘုတရာရွာ၊ ဒိုက်ဦးမြို့နယ်
ဘုရားကြီးကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
ဘုရားကြီးကွင်းရွာ၊ ဒိုက်ဦးမြို့နယ်
ဘုရားငုတ္တိုရွာ၊ ဒိုက်ဦးမြို့နယ်
ဘောနီရွာ၊ ဒိုက်ဦးမြို့နယ်
ဘောလယ်စုရွာ၊ ဒိုက်ဦးမြို့နယ်
ဘော့အင်းရွာ၊ ဒိုက်ဦးမြို့နယ်

မင်းဂံရိုးရွာ၊ ဒိုက်ဦးမြို့နယ်
မင်္ဂလွန်းရွာ၊ ဒိုက်ဦးမြို့နယ်
မရမ်းချောင်းရွာ၊ ဒိုက်ဦးမြို့နယ်
မလေးစုရွာ၊ ဒိုက်ဦးမြို့နယ်
မလေးတကောင်းရွာ၊ ဒိုက်ဦးမြို့နယ်
မအူကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
မအူတန်းရွာ၊ ဒိုက်ဦးမြို့နယ်
မအူတောရွာ၊ ဒိုက်ဦးမြို့နယ်
မအူရိုးရွာ၊ ဒိုက်ဦးမြို့နယ်
မိုင်းတုံရွာ၊ ဒိုက်ဦးမြို့နယ်
မြို့ရိုးရွာ၊ ဒိုက်ဦးမြို့နယ်
မြောက်ချောကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
မြောက်သလဲမြောင်ရွာ၊ ဒိုက်ဦးမြို့နယ်
မှော်အင်းရွာ၊ ဒိုက်ဦးမြို့နယ်

ရာဇကွင်းရွာ၊ ဒိုက်ဦးမြို့နယ်
ရေကြည်မြောင်ရွာ၊ ဒိုက်ဦးမြို့နယ်
ရေငံချောင်းရွာ၊ ဒိုက်ဦးမြို့နယ်
ရေမအောင်ရွာ၊ ဒိုက်ဦးမြို့နယ်
ရေလဲရွာ၊ ဒိုက်ဦးမြို့နယ်
ရေလွှဲရွာ၊ ဒိုက်ဦးမြို့နယ်
ရဲဘော်ဟောင်းရွာ၊ ဒိုက်ဦးမြို့နယ်
ရွာဝိုင်းကြီးရွာ၊ ဒိုက်ဦးမြို့နယ်
ရွာသစ်ရွာ၊ ဒိုက်ဦးမြို့နယ်
ရွှေညောင်ပင်ရွာ၊ ဆင်စခန်း
ရွှေညောင်ပင်ရွာ၊ ဒိုက်ဦးမြို့နယ်
ရွှေဘုံသာရွာ၊ ဒိုက်ဦးမြို့နယ်
ရွှေအင်ဒုံကျောင်းစုရွာ၊ ဒိုက်ဦးမြို့နယ်
ရွှေအင်ဒုံရွာသစ်ရွာ၊ ဒိုက်ဦးမြို့နယ်
ရွှေအင်ဒုံရွာဟောင်းရွာ၊ ဒိုက်ဦးမြို့နယ်
ရွှေအင်ဒုံရွာ၊ ဒိုက်ဦးမြို့နယ်
ရှမ်းကျွန်းကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
ရှမ်းစုရွာ၊ ဒိုက်ဦးမြို့နယ်
ရှမ်းတောရွာ၊ ဒိုက်ဦးမြို့နယ်

လက်ခုတ်ကွင်းရွာ၊ ဒိုက်ဦးမြို့နယ်
လက်ပံသုံးခွရွာ၊ ဒိုက်ဦးမြို့နယ်
လင်းရောင်ခြည်ရွာ၊ ဒိုက်ဦးမြို့နယ်
လယ်ကြားမြောင်ရွာ၊ စစ်ဘိုကြီး
လယ်ကြားမြောင်ရွာ၊ ဒိုက်ဦးမြို့နယ်
လေးအိမ်စုရွာ၊ ဆင်ဇလုပ်
လေးအိမ်စုရွာ၊ ဒိုက်ဦးမြို့နယ်
လွမ်းပိုအေးစုရွာ၊ ဒိုက်ဦးမြို့နယ်
လွှစင်ကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
လှည်းကူးရွာ၊ ဒိုက်ဦးမြို့နယ်
လှည်းဝိုင်းရွာ၊ ဒိုက်ဦးမြို့နယ်

ဝါးဂါမဏိရွာ၊ ဒိုက်ဦးမြို့နယ်

သင်အင်းရွာ၊ ဒိုက်ဦးမြို့နယ်
သနပ်ကွင်းရွာမရွာ၊ ဒိုက်ဦးမြို့နယ်
သပြေတန်းရွာ၊ ဒိုက်ဦးမြို့နယ်
သပြေတောရွာ၊ ဒိုက်ဦးမြို့နယ်
သမ္မာဆန္ဒရွာ၊ ဒိုက်ဦးမြို့နယ်
သရက်စိမ့်ရွာ၊ ဒိုက်ဦးမြို့နယ်
သရက်တောရွာ၊ ဒိုက်ဦးမြို့နယ်
သရက်ပင်ဇလုပ်ရွာ၊ ဒိုက်ဦးမြို့နယ်
သာယာကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
သုံးခွရွာ၊ ဒိုက်ဦးမြို့နယ်
သူဌေးကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
သဲကောချောင်းကမ်းရွာ၊ ဒိုက်ဦးမြို့နယ်
သဲကောရွာမရွာ၊ ဒိုက်ဦးမြို့နယ်
သဲကောရွာသစ်ရွာ၊ ဒိုက်ဦးမြို့နယ်
သဲခင်တန်းရွာ၊ ဒိုက်ဦးမြို့နယ်
သဲတောရွာ၊ ဒိုက်ဦးမြို့နယ်

အကြောင်ရွာ၊ ဒိုက်ဦးမြို့နယ်
အင်းတဇင်ရွာ၊ ဒိုက်ဦးမြို့နယ်
အင်းသဇင်ရွာ၊ ဒိုက်ဦးမြို့နယ်
အညာစုရွာ၊ ဒိုက်ဦးမြို့နယ်
အမရရွာ၊ ဒိုက်ဦးမြို့နယ်
အလယ်ခင်ရွာ၊ ဒိုက်ဦးမြို့နယ်
အိမ်ခြေလေးဆယ်ရွာ၊ ဒိုက်ဦးမြို့နယ်
အိုးဖိုစုရွာ၊ ဒိုက်ဦးမြို့နယ်
အုတ်ရှစ်ကုန်းရွာ၊ ဒိုက်ဦးမြို့နယ်
အုတ်ဝင်းရွာ၊ ဒိုက်ဦးမြို့နယ်
အောင်စိုးမိုးရွာ၊ ဒိုက်ဦးမြို့နယ်
အောင်ဘာလေစုရွာ၊ ဒိုက်ဦးမြို့နယ်
အေးချမ်းစုရွာ၊ ဒိုက်ဦးမြို့နယ်
အေးရွာသစ်ရွာ၊ ဒိုက်ဦးမြို့နယ်
အေးသုခရွာ၊ ဒိုက်ဦးမြို့နယ်

ဦးကောင်းကျော်စုရွာ၊ ဒိုက်ဦးမြို့နယ်
ဦးကြွက်နီစု (ရွာလေး)ရွာ၊ ဒိုက်ဦးမြို့နယ်
ဦးညွန့်တကောင်းရွာ၊ ဒိုက်ဦးမြို့နယ်
ဦးဒေါင်းစုရွာ၊ ဒိုက်ဦးမြို့နယ်
ဦးပွင့်တကောင်းရွာ၊ ဒိုက်ဦးမြို့နယ်
ဦးဘိုးရင်စုရွာ၊ ဒိုက်ဦးမြို့နယ်

Address

Daik-U

Website

Alerts

Be the first to know and let us send you an email when Daiku Thadin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share