BEHS-2Basic Education High School-Dalla City

BEHS-2Basic Education High School-Dalla City အချစ်ခံနေရုံဖြင့် ဆရာကောင်းမပီသအမုန်းခံဆုံးမရဲမှသာဆရာကောင်းပီသသည်။တပည့်ဆိုတာ...ပျော်အောင်မွေးတော့ပျက်တယ်။တက်အောင်မွေးတော့ထွက်တယ်။

10/03/2026

"၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကိုဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအားလုံး...
​ကျန်းမာရေး အထူးကောင်းမွန်ပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ကြပါစေ။
​စာမေးပွဲခန်းအတွင်း တည်ငြိမ်သော စိတ်၊ ကြည်လင်သော ဉာဏ်တို့ဖြင့် မိမိတို့လေ့လာခဲ့သမျှကို အမှားအယွင်းမရှိ ဖြေဆိုနိုင်ကြပါစေ။
​မေးခွန်းတိုင်းသည် မိမိတို့ တတ်ကျွမ်းနားလည်သည့်အတွင်းမှသာ မေးမြန်းခြင်းခံရပါစေ။
​မိမိတို့ ရည်မှန်းထားသည့် ထူးချွန်သော ရလဒ်ကောင်းများကို စိတ်တိုင်းကျ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။"
​"အောင်မြင်မှုဆိုတာ ကြိုးစားသူတို့ရဲ့ လက်ထဲမှာပါ။ မင်းတို့ရဲ့ ကြိုးစားမှုတွေဟာ ထိုက်တန်တဲ့ ရလဒ်အဖြစ် ပြောင်းလဲလာမှာ အသေအချာပဲမို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုခဲ့ကြပါ!"
10-3-2026

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား(အစိမ်းကဒ်)များစတင်ထုတ်ယူနိုင်။မှတ်ချက်။ထ-၂တွင် လက်ရှိG-12တက်ရောက်နေသူများသာ။
23/02/2026

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား(အစိမ်းကဒ်)များစတင်ထုတ်ယူနိုင်။
မှတ်ချက်။
ထ-၂တွင် လက်ရှိG-12တက်ရောက်နေသူများသာ။

လေးစားအပ်ပါသော ဆရာမဒေါ်သီတာယနေ့သည် အ.ထ.က(၂)ဒလ ကျောင်း၏ သမိုင်းတစ်လျှောက်တွင် အမှတ်တရအခိုက်အတန့်တစ်ခုဖြစ်ပါသည်။ မိမိတို့အ...
10/02/2026

လေးစားအပ်ပါသော ဆရာမဒေါ်သီတာ

ယနေ့သည် အ.ထ.က(၂)ဒလ ကျောင်း၏ သမိုင်းတစ်လျှောက်တွင် အမှတ်တရအခိုက်အတန့်တစ်ခုဖြစ်ပါသည်။ မိမိတို့အတွက် လေးစားဂုဏ်ယူရသော ဆရာမဒေါ်သီတာသည် သက်တမ်းတစ်လျှောက်၊ စေတနာနှင့် တာဝန်ယူမှုအပြည့်ဖြင့် ပညာရေးတာဝန်ကို ထမ်းဆောင်ပြီး ယနေ့တွင် သက်ပြည့်ပင်စင်ယူ၍ အနားယူသွားမည့်နေ့ဖြစ်ပါသည်။

ဆရာမသည် စာသင်ကြားခြင်းကိုသာ မကဘဲ ကျောင်းသားကျောင်းသူများ၏ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စည်းကမ်းသိက္ခာရှိရေး၊ လူမှုဘဝတွင် တန်ဖိုးရှိသူများဖြစ်လာရေးတို့ကိုလည်း ဂရုစိုက်ပျိုးထောင်ပေးခဲ့သူ ဖြစ်ပါသည်။ ဆရာမ၏ သင်ကြားပေးမှုများ၊ အကြံဉာဏ်များ၊ မေတ္တာတရားများသည် ကျောင်းသားကျောင်းသူများ၏ ဘဝလမ်းကြောင်းများတွင် မီးလင်းအဖြစ် ထာဝရကျန်ရှိနေမည်ဖြစ်ပါသည်။

အ.ထ.က(၂)ဒလ ကျောင်းအတွက် ဆရာမသည် ပညာရေးအရသာမက စည်းလုံးညီညွတ်ရေး၊ လက်တွဲညီညွတ်မှုနှင့် ကျောင်း၏ ဂုဏ်သိက္ခာမြှင့်တင်ရေးတို့တွင်လည်း အရေးပါသည့် အခန်းကဏ္ဍများကို ထမ်းဆောင်ခဲ့ပါသည်။ ဆရာမ၏ အလုပ်သဘောထားကောင်း၊ လူမှုဆက်ဆံရေးကောင်း၊ သည်းခံခြင်းနှင့် ဉာဏ်ပညာများသည် ကျွန်ုပ်တို့အားလုံးအတွက် စံနမူနာကောင်းတစ်ခုဖြစ်ပါသည်။

ယနေ့တွင် ဆရာမသည် တာဝန်မှ အနားယူသော်လည်း ဆရာမ၏ ကောင်းမှုကောင်းရာများ၊ သင်ကြားပေးခဲ့သည့် အမှတ်တရများနှင့် မေတ္တာတရားများသည် ကျောင်းမိသားစု၏ နှလုံးသားထဲတွင် ထာဝရတည်ရှိနေမည်ဖြစ်ပါသည်။

ထို့ကြောင့် အ.ထ.က(၂)ဒလ ကျောင်းမှ ဆရာ/ဆရာမများကိုယ်စား ဆရာမဒေါ်သီတာအား ကျန်းမာချမ်းသာစွာ၊ စိတ်ချမ်းသာပျော်ရွှင်စွာဖြင့် မိသားစုနှင့်အတူ အနားယူနိုင်ပါစေကြောင်း၊ အသက်ရှည်ကျန်းမာ၍ လိုရာဆန္ဒများ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

ဆရာမ၏ ဂုဏ်ကျေးဇူးများကို အမြဲအမှတ်ရလျက် လေးစားဂုဏ်ယူနေမည်ဖြစ်ပါသည်။

ကျေးဇူးတင်လေးစားစွာဖြင့်အ.ထ.က(၂)ဒလ ကျောင်းမှ ဆရာ/ဆရာမများ။
10-2-2026

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်/အ.ထ.က-ကော့မှူးကျောင်းတွင်ကျင်းပပြုလုပ်သောကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင...
02/02/2026

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်/အ.ထ.က-ကော့မှူးကျောင်းတွင်ကျင်းပပြုလုပ်သောကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်​ရှိန်မြှင့်တင်ရေးပွဲတော်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(Grade-12/A)အတန်းမှပြိုင်ပွဲဝင်မောင်ဝဏ္ဏအောင် ဒုတိယဆုရရှိ။
2-2-2026

(Grade-6မှGrade-12)ထိ ဖေဖော်ဝါရီလစာမေးပွဲအချိန်စာရင်းများ။(Grade-9မပါ)2-2-2026
02/02/2026

(Grade-6မှGrade-12)ထိ ဖေဖော်ဝါရီလစာမေးပွဲအချိန်စာရင်းများ။(Grade-9မပါ)
2-2-2026

မုန့်ဟင်းခါးအချိန်(၁၀၀)အလှူရှင် ဆရာမဒေါ်ချောစုသွယ်နှင့်ညီအစ်မများ။Grade-6မှGrde-12အထိကျောင်းသား/ကျောင်းသူများအားကျွေးမွေ...
27/01/2026

မုန့်ဟင်းခါးအချိန်(၁၀၀)အလှူရှင်
ဆရာမဒေါ်ချောစုသွယ်နှင့်ညီအစ်မများ။Grade-6မှGrde-12အထိကျောင်းသား/ကျောင်းသူများအားကျွေးမွေးခြင်း။
27-1-2026

08/01/2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားမှာGrade-10မှကျောင်းသူလေးများက မမပုသိမ်သူအကအလှဖြင့်ဖျော်ဖြေခဲ့ပါသည်။
5-1-2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားမှာGrade-6မှကျောင်းသူလေးများက ခွ...
08/01/2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားမှာGrade-6မှကျောင်းသူလေးများက ခွန်းဆက်ခြွေတဲ့နွေအကအလှဖြင့်ဖျော်ဖြေခဲ့ပါသည်။
5-1-2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားမှာGrade-9မှကျောင်းသား/သူလေးများ...
08/01/2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားမှာGrade-9မှကျောင်းသား/သူလေးများက သီတင်းကျွတ်ပြီ အကအလှဖြင့်ဖျော်ဖြေခဲ့ပါသည်။
5-1-2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားမှာGrade-11မှကျောင်းသူလေးများကနပ...
08/01/2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားမှာGrade-11မှကျောင်းသူလေးများက
နပန်းဆံအကအလှဖြင့်ဖျော်ဖြေခဲ့ပါသည်။
5-1-2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားဖွင့်ပွဲတွင်Grade-11မှကျောင်းသား...
08/01/2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားဖွင့်ပွဲတွင်Grade-11မှကျောင်းသား/သူလေးများက ဘတ်စုံပညာကိုရည်ဒို့လှမ်းလို့ချီသီချင်းဖြင့်ဖျော်ဖြေခဲ့ပါသည်။
5-1-2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားမှာGrade-6မှကျောင်းသူများက စကားဝ...
08/01/2026

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ဒလမြို့၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားမှာGrade-6မှကျောင်းသူများက စကားဝါမြေအကအလှဖြင့်ဖျော်ဖြေခဲ့ပါသည်။
5-1-2026

Address

Dalla

Website

Alerts

Be the first to know and let us send you an email when BEHS-2Basic Education High School-Dalla City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category