ငါတို့အနာဂတ်နိုင်ငံတော်သစ်

  • Home
  • Myanmar
  • Dalla
  • ငါတို့အနာဂတ်နိုင်ငံတော်သစ်

ငါတို့အနာဂတ်နိုင်ငံတော်သစ် "စစ်ရေး စစ်မျက်နှာအသစ် ဖွင့်ပြီ"
ပြည်သူသာ အဓိက။
အရေးတော်ပုံ အောင်ရမည်။
(1)

29/10/2024

မန္တ-လေး-မြို့
ပရဟိတ-မင်း-ခေါ-င်အသ-င်း-သားတစ်ဖွဲ့လုံး ဖ-မ်း-ဆီးခံရ
Oct 29

 #အယ်ဗကတပ်ဖျောက်သွားပြီလား? ပြေးသွားပြီလား? ရဟတ်ယာဉ်နဲ့ လာမကြိုလို့ ဘဘကြီးကို စိတ်ဆိုးသွားတာလား? ရမခအပြီး အမ်း၊ ပြီးရင် ...
29/10/2024

#အယ်ဗကတပ်ဖျောက်သွားပြီလား? ပြေးသွားပြီလား? ရဟတ်ယာဉ်နဲ့ လာမကြိုလို့ ဘဘကြီးကို စိတ်ဆိုးသွားတာလား? ရမခအပြီး အမ်း၊ ပြီးရင် မြစ်ကြီးနားက မြောက်ပိုင်းတိုင်းဆိုရင် တရုတ်မပြောနဲ့ သိကြားမင်းတားတောင် မအလ မနိုင်နိုင်တော့ပါ။

29/10/2024

"အမ်း"ကျသွားပြီ!
မျက်ရည်စမ်းစမ်းနဲ့ဘောမတွေ
ပန်းမြို့တော်နဲ့ မန်းလေးအတွက်
လွမ်းဘို့ပြင်ထား!

25/10/2024

#ဒေါက်တာနေစိုးမောင်ကို ဗိုလ်ချုပ်မင်းအောင်လှိုင်က ဖမ်းလိုက်ပြီ။
စစ်အုပ်စုဝင်အချင်းချင်းအခုလိုဖမ်းဆီးတရားစွဲဆိုတဲ့အထိ ဘာ့ကြောင့်ဖြစ်လာရတာပါလဲ။
အခုလိုဖမ်းလိုက်တဲ့အတွက် ဘယ်အချက်တွေကို ဆက်စပ်မြင်တွေ့လာရပါသလဲ။

18/09/2024

ကိုယ့်လမ်းပေါ်ကိုယ်လျောက်ဆဲပါ၊ စကားပုံလိုလို ရှေ့လူကြီးလိုလို နောက်လူကြီးလိုလို ပြောထားတယ်ဆိုတဲ့တစ်ခုရှိတယ်မလား (သင်ကောင်းလျှင် ကြှနျုပျမဆိုးပါဆိုတာလေ)၊ ကျနော်တို့တွေကတော့ သင်မကောင်းလည်း ကြှနျုပျမဆိုးပါဆိုတာမြိုးနဲ့ ဆက်လျောက်ကြရပါမယ်၊ ရန်သူကို ထိပ်တိုက်ရင်မဆိုင်ရပဲ ရန်သူကိုမတိုက်ခိုက်ရပဲ အောင်နိုင်ခြင်း၊ အောင်နိုင်ခြင်းတွေမှာ စိတ်ပိုင်းကော ရုပ်ပိုင်းကော နှစ်ခုစလုံးနိုင်မှ အောင်မြင်မှု့အစစ်ဆိုတာ ဆွန်ဇူးရဲ့အတွေးအခေါ်ပဲ လက်တွေ့လည်း အလုပ်ဖြစ်နေပါသေးတယ်။

ဒီလိုရန်သူကိုအရှင်ဖမ်းရတာတွေဟာ ကြက်ကလေး ဝက်ကလေးဖမ်းတာလောက် မလွယ်ကူဘူးဆိုတာ လူတိုင်းသိမှာပါ။ ပေးဆပ်ရတာတွေလည်းရှိတယ်။

ဒီဲကှိုးစားမှု့တှမှောပါဝငကြှတဲ့ ရဲဘော်ရဲဖက်များကို ဂုဏ်ပြုပါတယ်၊ လေးစားပါတယ်။ ရဲဘော်ရဲဖက်တို့ရဲ့ကြိုးစားမှု့တွေဟာ တစ်နေ့ ကမ္ဘာက အသိအမှတ်ပြုရမှာပါ။

ရေဘေး လေဘေး မအေပေးဒုက္ခကမ္ဘာပေါ်မှာယခုအချိန်ရေကြီးနေတာ နိုင်ငံအများစုမှာ တွေ့နေရပါတယ်။။ ဗမာပြည်မှာလည်း ရေကြီးနေပါတယ်။ ဒါ...
18/09/2024

ရေဘေး လေဘေး မအေပေးဒုက္ခ
ကမ္ဘာပေါ်မှာယခုအချိန်ရေကြီးနေတာ နိုင်ငံအများစုမှာ တွေ့နေရပါတယ်။။ ဗမာပြည်မှာလည်း ရေကြီးနေပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးနဲ့ဗမာပြည်ကွာတာက ဗမာပြည်မှာကတော့ လူလုပ်တဲ့လေကြောင်းရန်လေဘေးကလည်းရှိနေခဲ့သလို လေဘေးမရှိတဲ့နေရာတွေကလည်း ရေးဘေးထပ်ဖြစ်ပါတယ်။ လေဘေးကလူလုပ်တာဖြစ်ပြီးရေဘေးကတော့ သဘာဝလို့ ပြောလို့ရပေမယ့် လူသေပျောက်များတာကတော့ မအလ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ဉာံ့ဖျင်းလို့ပါ။
ဒီနေရာမှာ တစ်ချိန်က NLD အစိုးရ ကိုဗစ်ကိုကိုင်တွယ်ချိန်မှာ သတင်းစာဆရာများက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံမှာအကြီးမားဆုံး အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်ကိုမခေါ်လို့ဆိုပြီး ဝေဖန်ခဲ့ကြတာကိုလည်း ကြားရခဲ့ဖူးပါတယ်။ အချို့ဘုန်းကြီးများကလည်း ဘုန်းဘုန်းရှိတယ်ဆိုပြီး ရေကြီးတာကို တီကောင်လောက်ရှိတဲ့ ဉာဏ်နဲ့ မန်းဝန်ကြီးချုပ်ကို ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလားဆိုပြီး သခင်အားရအောင် ဟောင်ခဲ့ကြပါတယ်။ တချိန်ထဲမှာပဲ NLD အစိုးရကို ဘာလာလာဆဲမယ်ဆိုတဲ့ ခွေးများကလည်း ပြည်တွင်းပြည်ပကနေ ဝိုင်းဆဲခဲ့ကြပါတယ်။

ယခု မအလအစိုးရဟာ ကိုဗစ်ကိုဖြတ်သန်းခဲ့သလို ရေဘေးကိုလည်း ဖြတ်သန်းနေပါပြီ။ ဗမာပြည်ရဲ့ အကြီးမားဆုံး အခိုင်ခန့်ဆုံးဆိုတဲ့ မအလတပ်က ဘာများ ပြည်သူတွေကို ကယ်တင်ပေးနိုင်သလဲဆိုတာ အသိဉာဏ်ရှိသူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်နေကြပါပြီ။ မအလဟာ ကိုဗစ်လက်ထက်မှာ nld အစိုးရထက် လူပေါင်းများစွာသေစေပြီး ဒုက္ခမျိုးစုံရောက်အောင် လွဲမှားစွာ ကိုင်တွယ်ခဲ့ပါတယ်။ မအလစစ်ဆေးတပ်ကလည်း nld အစိုးရလက်ထက်မှာသာ ဟိုဟာလုပ်မလို ဒီဟာလုပ်မလိုနဲ့ we are ready ဆိုပြီး ဓာတ်ပုံရိုက်ပြခဲ့ပြီး တကယ်ကိုဗစ်ဖြစ်တဲ့အချိန်မှာ ဘာမှမလုပ်နိုင်ခဲ့ပါ။
ထို့အတူပါပဲ ယခုရေကြီးချိန်မှာလည်း မအလစစ်အစိုးရဟာကြိုတင်ပြင်ဆင်မှုမှသည် ကယ်ဆယ်ရေးအထိဘာတစ်ခုမှအသုံးကျအောင်မလုပ်နိုင်ခဲ့ပါ။ ဓာတ်ပုံရိုက်ပြီးတော့ လိမ်လည် လိုင်းပေါ်တင်တာကတော့ကျွမ်းကျင်ပါတယ်။ ပြည်သူတွေကိုကယ်ဖို့မပြောနဲ့ တပ်ထဲကလိုဏ်ခေါင်းတွေ လက်နက်တိုက်တွေထဲက လက်နက်တွေရေမနစ်အောင် ပြောင်းရွှေ့နေတာနဲ့တင်တောင် နေပြည်တော်စစ်ဌာနချုပ်မှာ တိုင်ပတ်နေပါတယ်။ သူ့ဟာသူကယ်ဆယ်လို့တောင်မပြီးသေးပါ။
ဒါကဘာကိုပြသလဲဆိုတော့ ဘယ်စစ်တပ်ပဲဖြစ်ဖြစ် မီဒီယာပဲဖြစ်ဖြစ် မိမိအလုပ် မိမိလုပ်တာသာ အကောင်းဆုံးဆိုတာကိုပြပါတယ်။ နိုင်ငံရေးသမားမဟုတ်ဘဲ လက်နက်ကိုင်အင်အားစုက ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရရဲ့အမိန့်ကိုမနာခံဘဲ အာဏာသိမ်းပြီးတိုင်းပြည်တက်အုပ်ချုပ်လို့ မှားခဲ့တဲ့ အမှားကြောင့် ကိုဗစ်မှာလဲ လူသေများခဲ့သလို ယခုရေကြီးချိန်မှာလည်း လူသေများခဲ့ပါတယ်။
ဒါကသဘာဝပေးအပ်တဲ့ဒုက္ခပါ။ ဒါတင်လားဆိုတော့မဟုတ်သေးပါ။ မအလဟာစာရေးသူ ယခင်ထဲက သတိပေးခဲ့သလို လေကြောင်းကို တိုးချဲ့ပြီးတော့ဗုံးကြဲတာတွေလုပ်ဆောင်လာနေတာအားလုံးသိမှာပါ။ သူကပြည်သူတွေကိုလေဘေးအန္တရာယ် ဆက်ပေးနေတာပါ။
တပ်တွေမသိမ်းဘဲဆိုင်ထားတဲ့ အေအေနဲ့ TNLA ကိုလဲ စစ်တွေနဲ့သီပေါတို့မှာ ဒုက္ခပေးဖို့ မအလက ကြိုးစားနေပါတယ်။ သူ့တပ်တွေ သီပေါတဝိုက်မှာ ကျန်နေသေးလို့ ထိုကနေပြီးတော့ ချိတ်ဆက်ထိုးစစ်ဆင်နိုင်အောင်လည်း ကြံစည်နေပါတယ်။ စစ်တွေကိုလည်း ခံစစ်တိုးချဲ့ပြင်နေပါတယ်။
ယခုတိုင်းပြည်ဟာ မအေပေး မအလက ဒုက္ခပေးနေတာကြောင့် မျိုးစုံဒုက္ခရောက်နေတာ အားလုံးသတိထားမိမှာပါ။ မအလအောက်မှာရှိတဲ့ လူငယ်များလည်း ခြံစည်းရိုးခွထိုင်နေရင် စစ်တပ်ထဲ တဖြည်းဖြည်းချင်း အတင်းအဓမ္မသွင်းတာခံရမှာပါ။ ရွေးစရာမရှိဘူးလို့တော့မပြောကြပါနဲ့။။ ရွေးစရာတွေကတော့ ပန်းခင်းသောလမ်းတော့မဟုတ်ပါ။ မရွေးဘဲ ပေကပ်နေရင်တော့ မအလတပ်ထဲဝင်ရမှာပါ။ ဝင်ရင်လည်းအတိုက်ခံရပြီးသေသွားနိုင်ပါတယ်။ မေးခွန်းကတော့ မအလ မခေါ်ခင် တော်လှန်ရေးနယ်မြေထဲမှာ ဝင်နေမလားဆိုတာပါ။
ရေဘေးအလှူအနေနဲ့ပြောရရင် ပြည်သူတွေကမိမိနဲ့နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို တိုင်းရင်းသားဒေသတွေမှာ တိုက်ရိုက်လှူဒါန်းကြပါ။။ ပြည်မအတွက်ကတော့ NUG ကိုသာ လှူဒါန်းပေးပါ။ NUG ကလည်း မိမိတကယ်အုပ်ချုပ်ရတဲ့ ပြည်မကို သေသေချာချာလေး ရတဲ့အလှူငွေနဲ့ ပြန်ကူပေးပါ။ ဒီနေရာမှာ ဆရာလူကယ်ပြန်က အတွေ့အကြုံ ရှိပြီးသားပါ။ ပြည်သူကသာ ပြည်သူကိုကူညီရမှာပါ။ အနောက်ကိုလည်းသိပ်မျှော်မနေပါနဲ့။ သူကယခုအရေကြီးတဲ့အထဲမှာ ရိုဟင်ဂျာမပါသေးလို့ လာကူဖို့ရာကြာမှာပါ။ ရှမ်း၊ ရခိုင်၊ ပြည်မနဲ့ ကရင်နီဒေသတွေမှာ ဗုံးကြဲခံရလို့ လူသေတာကို ရိုဟင်ဂျာတွေ နတ်မြစ်နားသေလို့ စာထုတ်သလောက်တောင် အနောက်အုပ်စုက မတုန့်ပြန်ခဲ့ပါ။ တရုတ်နဲ့ အိန္ဒိယကလည်း မအလကတစ်ဆင့်သာ ကူညီနိုင်တာပါ။ ကူခဲ့ရင်ပေါ့။ ကုလကလဲ ထို့အတူပဲဖြစ်မှာပါ။ ကုလကတော့ သူကူလိုသူ ရိုမပါသေးသရွေ့ မကယ်လောက်ပါ။ ဒီနေရာမှာ ရိုကိစ္စပြောလိုတာမဟုတ်ဘဲ အနောက်စေတနာကိုလဲ ပြည်သူ သိနိုင်အောင် မီးမောင်းထိုးပြတာပါ။ ပြည်သူမှာပြည်သူသာရှိလို့ ပြည်သူအချင်းချင်း NUG ကနေတဆင့် ကူညီပေးကြပါ။ မအလ ထိန်းချုပ်တဲ့နေရာကတော့ သူ့ဖာသာ ထားပေးလိုက်ပါ။ ဒီအချိန်မှာ အားလုံးက စစ်ရေးအတွက်ဝင်ပြီး ကူနေကြပေမယ့် ကယ်ဆယ်ရေးအတွက်ကလည်း NUG အောက်က ဒေသတွေအတွက် ကူညီပေးကြပါလို့ တိုက်တွန်းပါရစေ။ ပြည်သူမှာပြည်သူသာရှိပါတယ်။ ပြည်သူသာအဓိကပါ။ တိုင်းပြည်ကလည်း ရေဘေး လေဘေး မအေပေးဒဏ်ရောသင့်နေလို့ ပြည်သူကပုံမှန်ထက်တော့ ပိုရုန်းကန်ရမှာပါ။ ဒါပေမယ့် ပြည်သူညီရင် အရာအားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ရေဘေး လေဘေး မအေပေးအားလုံးကို ပြည်သူညီရင် ကျော်ဖြတ်နိုင်မှာပါ။ အောက်က ငွေလှူရမယ့် NUG pay နဲ့ ဘဏ်စာရင်းပါ။

ကမ္ဘာပေါ်မှာယခုအချိန်ရေကြီးနေတာ နိုင်ငံအများစုမှာ တွေ့နေရပါတယ်။။ ဗမာပြည်မှာလည်း ရေကြီးနေပါတယ်။ ဒါပေမယ့် ...

18/09/2024

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် PVTV သီးသန့်တွေ့ဆုံမေးမြန်းချက်

(၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ၁၈ရက်)

တော်လှန်ရေးအပေါ်မှာ ခုနပြောတဲ့ တရုတ်သံရုံးကထုတ်တဲ့စာမျိုးက ဘယ်လောက်သက်ရောက်မှုရှိမလဲ ဆိုတာကတော့..ကျမထင်တယ်...ကျမအများကြီးစိတ်မပူဘူး။ ကျမတို့တွေစည်းလုံးနေသ၍ ကျမတို့တွေ ကိုယ့် mission ကိုမပျောက်သ၍တော့ ဘာမှမဖြစ်ဘူး။ တဖက်မှာလည်း ကျမတို့အိမ်နီးနားချင်းနိုင်ငံတွေနဲ့ သူတို့ရဲ့ concernကို ကျမတို့နားလည်ပြီးတော့ ကျမတို့အရှေ့မှာပြောခဲ့သလိုပဲ ကျမတို့တွေဟာ သူတို့တွေအတွက် trusted partner တွေဖြစ်တယ်၊ ရေရှည်မှာလည်း ကျမတို့ဟာ အမြော်မြင်ရှိရှိနဲ့သွားနေတယ်ဆိုတာကို အာမခံနိုင်ပြီးတော့ သူတို့ကလည်း ယုံလာဖို့လိုတာပေါ့လေ။ ကိုယ်ကပါးစပ်နဲ့ချည်းပဲ အာမခံလို့တော့လည်း မရဘူးပေါ့ တခါတခါ အချိန်စောင့်ရတာမျိုးတွေရှိတယ်။

ဆိုတော့ (၂)ပိုင်းရှိတယ်ခုဏမေးခွန်းမှာတော့ တော်လှန်ရေးအပေါ်ဘယ်လိုသက်ရောက်လဲဆိုရင်တော့ ထိုက်သင့်တဲ့ စိတ်ပျက်အားလျော့မှုတွေ၊ နည်းနာပြောင်းလိုက်ရတာတွေ၊ စိုးရိမ်မှုတွေတော့ ကျမတို့ရှိပါတယ်။ သို့သော်လည်းပဲ ဒါကတော့ပြန်လာမှာဘဲ ပြောရမယ်ဆိုလို့ရှိရင် ဒီတော်လှန်ရေးက ဒီလိုပဲ အတိုးအဆုတ်နဲ့သွားနေခဲ့ကြတာပဲဖြစ်တဲ့အတွက် အများကြီးသက်ရောက်မှု မရှိဘူးလို့မြင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတနိုင်ငံရဲ့ကံကြမ္မာကိုပြဌာန်းနိုင်တာ ဒီနိုင်ငံထဲကပြည်သူလူထုတွေပဲဖြစ်တယ်ပေါ့နော်..အပြင်ကမဟုတ်ဘူး။ ဒါကြောင့်မို့လိုကျမဒါကိုယုံကြည်တယ်။

နေပြည်တော်က ဗုံးမရေးဘူးလို့ လက်ရှောင်နေပေမယ့် ရေးစရာရှိတာ ရေးလိုက်ပါ့မယ်။ မအလကို မုန့်ဟင်းခါးကျွေးရန် ကြံစည်သူတွေရှိတယ်ဆ...
15/08/2024

နေပြည်တော်က ဗုံး
မရေးဘူးလို့ လက်ရှောင်နေပေမယ့် ရေးစရာရှိတာ ရေးလိုက်ပါ့မယ်။ မအလကို မုန့်ဟင်းခါးကျွေးရန် ကြံစည်သူတွေရှိတယ်ဆိုတာက အတည်ပြုနိုင်ပါတယ်။ သူမရှိရင် ဘာဖြစ်မလဲဆိုတာက မသိပါ။ သိတဲ့အဖြစ်အပျက်တစ်ခုက မအလ ရထားသွားစစ်ချိန် ရမခကျတဲ့နေ့က မအလကြည့်မယ့်နေရာမှာ ဗုံးတွေ့တာပါ။ ဗုံးဟာ သာမန်ဗုံးမဟုတ်ဘဲ အဆင့်မြင့်တာကို တွေ့ရပါတယ်။ အဆိုပါနေရာကို မလာခင်ညက စစ်ပြီးသားပါ။ မနက်မလာခင် နာရီပိုင်းအလိုစစ်ချိန်မှာ တွေ့တာပါ။ ထောင်သွားတဲ့ဗုံးက အဆင့်အလွန်မြင့်ပါတယ်။ တပ်ထဲက (သို့) နိုင်ငံခြားထောက်လှမ်းရေးလောက်သာ လုပ်နိုင်မှာပါ။ မေးခွန်းက ညကစစ်တဲ့အဖွဲ့က လွတ်သွားတာလား ထောင်သွားတာလား ဒါမှမဟုတ် မလာခင် နောက်အဖွဲ့က ထောင်သွားတာလားဆိုတာပါ။ မအလဟာ ထရမ့်လို လုပ်ကြံခံရချိန် သတ္တိရှိရှိ ဆက်တိုးတာမဟုတ်ဘဲ ဗုံးတွေ့တာနဲ့ သူလာချိန်ကို ပြောင်းခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ လုံခြုံရေးအဖွဲ့တွေ အစစ်ခံနေရပါတယ်။ ပထမသံသယဖြစ်ခံရသူက ရာထူးလွတ်သွားသူ ဗိုလ်ချုပ်ကြီးပါ။ ဒါပေမယ့် အဆိုပါဗုံးပေါက်ရင် သူပါမုန့်ဟင်းခါးဖြစ်မှာမိုလို့ ဒီသီအိုရီက မဖြစ်နိုင်ပါလို့ သုံးသပ်ပြီး သူ့ကို ယခုအချိန်အထိ မဖမ်းသေးပါ။
ဒါဖြစ်ခဲ့တာတော့ သိပါတယ်။ NUG/PDF က ဘာမှ မထုတ်ပြန်တာ၊ သတင်းတွေမှာ မတက်တာကိုကြည့်ရင် ယခုအချိန်မှာ ဒီကိစ္စက အတွင်းလူလုပ်တာ (သို့) နိုင်ငံခြား ထောက်လှမ်းရေးကဖြစ်ဖို့ သေချာသွားပါပြီ။ ဒါဆို အာဏာသိမ်းတဲ့သတင်းကမှားလား? မအလထံက အာဏာသိမ်းလိုသူတွေက ယခုအချိန်မှာ ယခင်ကထက် ပိုများလာတာ သေချာပါတယ်။ သူတို့အားလုံးက ဒီမိုကရေစီပေးချင်လို့မဟုတ်ပါ။ မည်သူမှ မသိသေးတဲ့အကြောင်းက မိုးမြင့်ထွန်းကို ဝင်ဖမ်းဖို့ ကြိုးစားချိန်မှာ မိုးမြင့်ထွန်းကလဲ သူ့အောက်ကတပ်နဲ့ ခံချဖို့ ကြိုးစားခဲ့တယ်ဆိုတာပါ။ သူက ဒီမိုကရေစီပေးချင်လို့မဟုတ်ဘဲ မအလဟာ သူအာဏာသိမ်းပေးထားလို့ ဒီရာထူးရသူ သူ့ကိုဖြုတ်ချိန်မှာ လာဖမ်းသူ မောင်မောင်အေးကို မင်းဘာကောင်လဲဆိုတဲ့သဘောပါ။ ပြည်သူတွေကို ဒီမိုကရေစီပေးချင်လို့ မဟုတ်ပါ။ ဒါကြောင့် သူ့အမှုက နိုင်ငံတော်ပုန်ကန်မှုပါတာပါ။

မနေ့က ဖမ်းပွဲတွေဖြစ်သွားခဲ့ပါတယ်။ မအလရဲ့ လက်ထောက် ဗိုလ်ချုပ် မိုးမြင့်ဆွေက အာဏာထွားပါတယ်။ သူက မေမြို့မအလဒုံးနဲ့ အပစ်ခံရချိန် မအလက ပြန်တယ်ဆိုပြီး ကျင်းထဲမှာနေချိန် သူ့မိန်းမကို ပွဲတက်ခိုင်းချိန်မှာ သူ့ကို ကြူကြူ့အနားမှာ အစောင့်ထားခဲ့တာပါ။ သူဟာ ဂူဂူကို အိတ်ထဲထည့်တာ၊ လိုင်းဝင်တာ၊ ယခင်က NLD အစိုးရကို အပုတ်ချဖို့လုပ်တာ၊ ယုန်လေးတို့ကိစ္စ စီစဉ်တာ၊ ဦးကိုနီကိစ္စ စီစဉ်တာ၊ ပန်ဆယ်လိုနာမည်ဖျက်ဖို့ စီစဉ်တာတွေမှာ စရဖလိုင်းကမဟုတ်ဘဲ အခြားလိုင်းက မအလအတွက် လုပ်ပေးသူပါ။ သူ့ကိုဖမ်းဖို့ကြိုးစားရင် မအလကို ဖမ်းဖို့ကြိုးစားတာနဲ့ အတူတူပါ။ သတင်းက လုံးဝမှားတာတော့ မဟုတ်ပါ။ နောက်ရက်ပိုင်းမှာ ပိုသိလာပါလိမ့်မယ်။

ဝမ်ရီက DASSK နဲ့ တွေ့လိုတာကို မအလကိုပြောခဲ့ပေမယ့် ပေးတွေ့ မတွေ့ ယခုစာရေးချိန်အထိ မသိသေးပါ။ သူ့ကိုယ်စားလှယ်က တောင်းဆိုထားခဲ့ပေမယ့် ထိုအချိန်က အကြောင်းမပြန်ခဲ့ပါ။ သိရင်တော့ ရေးပါ့မယ်။ အားလုံးကို သိဖို့တော့ မဖြစ်နိုင်ပါ။ မအလဟာ အရေးကြီးလူအများစုကို စရဖညွှန်ချုပ်နဲ့တွဲပြီးသာတွေ့နေတာ အားလုံးသတိထားမိမှာပါ။ သူယုံကြည်ရသူက နည်းလာတာကို ပြနေပါတယ်။ ရာထူးအပြောင်းအလဲကတော့ လိုက်လို့တောင်မမှီပါ။

အကျဉ်းချုပ်ရရင် မအလကို မုန့်ဟင်းခါးကျွေးဖို့ ကြိုးစားမှုက တပ်ထဲမှာ အမြဲရှိနေပါတယ်။ ကြိုးစားသူတိုင်းက ဒီမိုပေးချင်လို့မဟုတ်ဘဲ မမာလို့ဆိုသူများလဲ ရှိနိုင်ပါတယ်။ သူ့ကိုဖြုတ်ဖို့ကျန်နေတဲ့ ပြည်ပနိုင်ငံတွေလဲ ရှိနိုင်ပါတယ်။ ဥပမာ အမေရိကန်လိုပေါ့.။ ဒါပေမယ့် မအလဟာ လွယ်လွယ်ဆင်းမည်မဟုတ်ပါ။ ပြည်သူက ဝဝေါားမနဘေဲ ယခင်ကလို နေတိုးတို့ R2P တို့ မမျှော်ဘဲ တရုတ်မမျှော်ဘဲ လုပ်စရာရှိတာကိုသာ ဆက်လုပ်ကြပါ။ ကောက်ရိုးမီးမဖြစ်ဖို့ NUG/PDF အားကောင်းဖို့သာ ဇွဲနဲ့ PRF ကတဆင့် ထောက်ပံ့ကြပါ။ PRF မှာ လစဉ်ထောက်ပံ့တာနည်းပြီး AAလို TNLA လို MNDAA လို လက်နက်နဲ့တိုက်ချင်လို့မရပါ။ ပြည်သူညီရင် နိုင်မှာပါ။ ပြည်သူသာ အဓိကပါ။ ဘာတွေဖြစ်နေနေ ဘာကြောင့် စစ်နိုင်နိုင် NUG PDF အားကောင်းမှ ဖယ်ဒရယ် ဒီမိုကရေစီရမယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

Myat Tun Oo

15/08/2024

လမ်းများအားလုံး နေ ပူ တော် သို့....


#ဦးနေဘုန်းလတ်

15/08/2024

" ရောင်နီမြင်ရပြီ

မင်းနဲ့ လက်တကမ်းအလို ငါရောက်ပြီ

သီချင်း သံပြိုင်ဆိုကြမည် "

#ဦးရည်မွန်
#ကာကွယ်ရေးဝန်ကြီး
#အမျိုးသားညီညွတ်ရေးအစိုးရ

ဖမ်းဆီးခံ ဆန်လုပ်ငန်းရှင်များအနက် ဂျပန်နိုင်ငံသား ပြန်လွတ်လာဧရာဝတီ ၊ သြဂုတ် ၁၃ ၊ ၂၀၂၄ စစ်ကောင်စီ၏ ဆန်စျေးထိန်းချုပ်ရေး စ...
13/08/2024

ဖမ်းဆီးခံ ဆန်လုပ်ငန်းရှင်များအနက် ဂျပန်နိုင်ငံသား ပြန်လွတ်လာ

ဧရာဝတီ ၊ သြဂုတ် ၁၃ ၊ ၂၀၂၄

စစ်ကောင်စီ၏ ဆန်စျေးထိန်းချုပ်ရေး စီမံချက်ကာလအတွင်း ဖမ်းဆီးခံလိုက်ရသည့် ဆန်လုပ်ငန်းရှင်များအနက် Aeron Orane ၏ ဒါရိုက်တာ ဂျပန်နိုင်ငံသား Kasamatsu ပြန်လွတ်လာပြီဖြစ်ကြောင်း ဂျပန်သတင်းဌာနများတွင် ဖော်ပြထားသည်။

စစ်ကောင်စီက သတ်မှတ်စျေးနှုန်းထက်ပိုရောင်းသည်ဟုဆိုကာ ဂျပန်နိုင်ငံ Aeon ကုမ္ပဏီ၏ လုပ်ငန်းခွဲ Aeron Orange ၊ City Mart ၊ One Stop Mart ၊ စိန်ဂေဟာစသည်တို့မှ ဒါရိုက်တာ၊ အမှုဆောင်အရာရှိ ၄ ဦးနှင့် ဆန်ကုန်သည် ၇ ဦးကို ဖမ်းဆီးထားကြောင်း ပြီးခဲ့သော ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူများအနက် Aeron Orane ၏ ဒါရိုက်တာ ဂျပန်နိုင်ငံသား Kasamatsu အား ထောင်ဒဏ်တနှစ် ချမှတ်ပြီးနောက် နာရီပိုင်းအတွင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းက တနင်္လာနေ့၌ ကြေညာခဲ့သည်ဟု ဂျပန်အာဏာပိုင်များထံမှ သိရကြောင်း ဖော်ပြထားသည်။

ဂျပန်အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဂျပန်-မြန်မာ ဆက်ဆံရေးနှင့် စီးပွားရေးပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ လျော့ပါးစေရန် အမှန်တကယ် လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်သည်ဟု ယူဆကြောင်းနှင့် Kasamatsu လွတ်မြောက်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် တက်ကြွစွာ လုပ်ဆောင်ခဲ့သည်ဟု ဆိုထားသည်။

ဓာတ်ပုံ - The Mainichi




စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Address

Dalla

Website

Alerts

Be the first to know and let us send you an email when ငါတို့အနာဂတ်နိုင်ငံတော်သစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share