Dala Revolution Channel

Dala Revolution Channel အာဏာရှင်ကိုတော်လှန်ဖို့ဆို
ဘယ်တော့မှ သွေးမအေးဘူး

20/01/2025

အောက်ပါအုပ်ချုပ်ရေးမှူများကို သူ့သခင်ကိုတိုင်နေလဲ အတူတူပဲမို့ ပြည်သူမှသာ သင့်လျော်သလို ထိမ်းကျောင်းရန်တာဝန်ရှိမှာပါ....

20/01/2025
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်အောက်တိုဘာ ၇အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုဥက္ကဌ၊မ...
07/10/2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်

အောက်တိုဘာ ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုဥက္ကဌ၊မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဟာ အောက်တိုဘာ ၇ရက်မနက် ၃နာရီလောက်က ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူလည်း ဖြစ်ပြီး ၁၉၉ဝ ပြည့်နှစ် ဖမ်းဆီးခံခဲ့ရစဉ်က ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ၂ဝဝ၉ ခုနှစ်မှာ မြစ်ကြီးနားထောင်ကနေ ပြန်လွတ်လာပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာ နောက်တစ်ကြိမ် ဖမ်းဆီးခံရပြီး ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှု၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲမသမာမှု၊ ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးမှု စတဲ့စွဲချက်တွေနဲ့ စစ်ကောင်စီက ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခဲ့ရပါတယ်။

#ဒလ

16/07/2024

မှော်စက်အုပ်ကြီး
ကိုထွန်းစိုး​ကြီး ခင်ဗျာမှာလဲ သေမထူးနေမထူး သိုက်တူးပြီး ရသမျှ အကုန်မနေတော့တာပဲ လူမိုက်တသိုက် ခြံရံလိုက်ပြီး ဗိုလ်ကျနေတာကလဲ များသား ဟိုလူကဘာဒီလူကဘာနဲ့ သူကိုမဘာလို့ကတော့ ဟောက်လုံး ခြောက်လုံးအောက်လုံးတွေသုံးပြီး ဂွင်ဖန်နေလိုက်တာကလဲ အမှူပေါင်းသောင်းခြောက်ထောင်ပါပဲလား ဒလမြို့နယ်လုံးပါမက မြန်မာတပြည်လုံးပါ သတင်းဌာနေကတောင် ကြော်ငြာဝင်ဝင်နေရပုံထောက်တော့ နိဗ္ဗာန်အကူးအပြောင်းမှာ ရတနာအထုပ်ကြီး တပါတည်းသယ်သွားဖို့ ကြံစီထားပုံရတယ်
ကိုထွန်းစိုးကြီး
ကျန်းမာရေးဂရုစိုက်ပါ

16/07/2024

မြို့မိ မြို့ဖ ဆိုသည်မှာ - - -

မြို့မိမြို့ဖကို ဗမာအဘိဓာန် အကျဉ်းချုပ် အတွဲ(၃) ၊ (ပ-ယ)အတွဲ၊

စာမျက်နှာ (၁၉၂) မှာအောက်ဖော်ပြပါအတိုင်းတွေ့ရှိရပါတယ် ။

မြို့မိမြို့ဖဟူသည်ကား

မြို့ပေါ်တွင် ဂုဏ်အား ၊ ပညာအား၊ အသက်အား ၊

မေတ္တာအား ၊ စေတနာအား စသည်တို့ကြီးမြင့်ထင်ရှားသော

အများအကျိုးဆောင်ရွက်သူ " မြို့မျက်နှာဖုံးပုဂ္ဂိုလ် " ။

မြို့မိမြို့ဖဟုခေါ်ဆိုသတ်မှတ်ထိုက်သူသည်

ကိုယ်ကျင့်တရားကောင်းမွန်မှု့ နှင့် ပြည့်စုံစေသည့် " ဂုဏ်အား " ။

ပြသနာအရပ်ရပ်အပေါ် ခွဲခြမ်းဝေဖန် သုံးသပ်နိုင်စွမ်းသော

အသိဥာဏ်ဖြင့်ပြည့်စုံသည့် " ပညာအား " ။

အပြစ်ကင်းသောအလုပ်ဖြင့်ဘဝတစ်လျှောက်

ရှင်သန်ရပ်တည်ခဲ့ကာ အတွေ့အကြုံ

ဗဟုသုတဖြင့်ပြည့်စုံသည့် " အသက်အား " ။

မြို့ပေါ်ရှိ အရပ်လေးဖက်က ရွေးချယ်တင်မြှောက်သူကို

မြို့မိမြို့ဖဟု ခေါ်သည်. " မေတ္တာအား " ။

မိမိမြို့နယ်၌ မည်သည့် အခက်အခဲများ ဖြစ်လာစေကာမူ

ရဲဝံ့စွာ ဌာန်း ကရိုက် ကျကျရှေ့ဆုံးမှ မားမားရပ်၍

ပြောဆိုတတ်သည့် " စေတနာအား " ။

ထိုငါးပါးဖြင့် ပြီးပြည့်စုံသည့်သူများသာ

ရပ်မိရပ်ဖ ၊ မြို့မိမြို့ဖ ဖြစ်ထိုက်ပေ၏ လို့ဖွင့်ဆိုထားပါတယ်။

Crd..

ကျွန်တော် တွေ့နေရတဲ့ မြို့မိ မြို့ဖ ဆိုသူများကတော့ ~~~~~

ငွေကြေး ချမ်းသာကြွယ်ဝပြီး လုပ်ပိုင်ခွင့် ရှိသူများနဲ့လဲအဆင်ပြေ

ပုတ်သင်ညိုလို ခေါင်းငြိမ့်ပြီး

မြို့အတွက် အကျိုးရှိရှိ မရှိရှိ

ခိုင်းသမျှ ကျိုးနွံစွာအကုန်လုပ်

ပေါ်ပြူလာဖြစ်အောင်နေ

အဲဒီလို လက်တစ်ဆုတ်စာ လူတွေကဘဲ

ဟို ဘာသာရေးအသင်းအဖွဲ့မှာ ဥက္ကဌ

ဒီလူမှုရေးအသင်းအဖွဲ့မှာ အတွင်းရေးမှုး

ဟိုဟို ဒီဒီ အဖွဲ့အစည်းမှာ အမှုဆောင်

ဘယ်မြို့လူထုရဲ့ ဆန္ဒမှမပါဘဲ

မင်းကို ငါကအဆိုတင်သွင်း

မင်းက ငါ့ကိုအဆိုတင်သွင်း

အချင်းချင်း အပြန် အလှန်အဆိုတင်သွင်းပြီး

ရှိရှိသမျှ အဖွဲ့တိုင်းမှာ

ဒီလူ ဒီလူတွေဘဲ တလှည့်စီ

ပါလေရာ ငပိချက် လုပ်နေကြတဲ့

ရေပေါ်ဆီ တွေကိုဘဲ

မျက်စေ့ နောက်လောက်အောင်

မြင်နေ တွေ့နေ ရပါကြောင်း ။

Thaung Lwin

ဒလမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု အနိုးချောင်ကြီးကျေးရွာတွင်...21/5/2024နေ့တွင် ကျေးရွာအတွင်း မတရားသဖြင့် စ စ်မှုထမ်းစေခိ...
24/05/2024

ဒလမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု အနိုးချောင်ကြီးကျေးရွာတွင်...
21/5/2024နေ့တွင် ကျေးရွာအတွင်း မတရားသဖြင့် စ စ်မှုထမ်းစေခိုင်းချင်းကို အားပေးထောက်ခံသည့်အနေဖြင့် ကျေးရွာအတွင်း အသက်မပြည့်သူ မကျန်းမာသူ မသန်စွမ်း ပါမကျန် အဓမ္မဖိအားပေးချိန်းခြောက်စစ်မှုထမ်းစေခြင်း စစ်မှုမထမ်းလိုက ငွေကြေးတောင်းခံခြင်းတို့ကို.တက်ကြွစွာဖြင့် ခြိမ်းခြောက်ဆောင်ရွက်လျက်ရှိသော...ပြည်ခိုင်ဖြိုးပါတီအမာခံများဖြစ်သော အုပ်ချုပ်ထွန်းရီနှင့် အနိုးချောင်ကြိးရွာ ရာအိမ်မှူး အေးနိုင်(ဒလမြို့ပေါ်ရှိHello ဓာတ်ဆီဆိုင် ယ္ခင်ပိုင်ရှင် မိုးဆန်း(စည်ပင် ဒုခရိုင်မှူး)အကိုတော်ဆပ်သူ တို့ကို ပြည်သူများစိတ်မချမ်းမြေ့စေရန်နှင့် အတိဒုက္ခရောက်စေရန်စီမံမှုဖြင့်....
အရေးယူနိုင်စေရန် တင်ပြအကူညီတောင်းအပ်ပါသည်။

ဒလမှာ စစ်ကောင်စီရဲ့စစ်မှူထမ်းဥပဒေအား ဝိုင်းဝန်းအသက်သွင်းနေသူတွေကို ​မြို့နယ်(ပကဖ)သတိပေးပြီမတ်လ ၂၇၊၂၀၂၄ရန်ကုန်၊ဒလမြို့နယ်...
27/03/2024

ဒလမှာ စစ်ကောင်စီရဲ့စစ်မှူထမ်းဥပဒေအား ဝိုင်းဝန်းအသက်သွင်းနေသူတွေကို ​မြို့နယ်(ပကဖ)သတိပေးပြီ

မတ်လ ၂၇၊၂၀၂၄

ရန်ကုန်၊ဒလမြို့နယ်မှာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို ဝိုင်းဝန်း အကောင်အထည်ဖော်အသက်သွင်းနေသူအားလုံးကို ရပ်တန်းကရပ်ဖို့ ဒလမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ဒီကနေ့ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

"ဒလမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တစိတ်တဒေသပါဝင်ပတ်သက်နေသူတွေအားလုံးရဲ့ အချက်အလက်ကို ကျွန်တော်တို့ရထားပြီး အခုကနောက်ဆုံးသတိပေးတာပါ"လို့ ဒလမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တာဝန်ရှိသူက DalaRevolutionchannelကို ပြောပါတယ်။

ဒီဥပဒေအကောင်အထည်ဖော်ရေးဆောင်ရွက်နေသူတွေရပ်တန်းကရပ်ဖို့နဲ့ ထပ်မံဆောက်ရွက်လာပါက ပြင်းထန်စွာ တားမြစ်အပြစ်ပေးသွားမယ်လို့ ဒလမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ဆက်ရှင်းပြပါတယ်။

နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုများ၏ အောင် မြင်မှုများအားသိရှိပြီးဖြစ်မည်ဟုယူဆပါသောကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံအဖြစ်မှ အလိမ္မာသုံး၍ ရုန်းထွက်ကြရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများမှ ရှောင်ရှားနိုင်ကြရန်ထပ်မံသတိပေးအပ်ပါသည်။

နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုတွေရဲ့
အောင်မြင်မှုကို အားလုံးမျက်ဝါးထင်ထင်တွေ့မြင်နေရပြီလို့ယူဆကာ စစ်ကောင်စီလက်ဝေခံဘဝက ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းထားပြီး ဒလမြို့(ပ.က.ဖ)ကလည်း နွေးထွေးစွာ ကြိုဆိုနေမယ်လို့ ဖိတ်ခေါ်ထားပါတယ်။


#စစ်မှုထမ်းဥပဒေ

15/03/2024

လူညီရင်..အုပ်ကြီးတွေလဲ..မသာဖြစ်နိုင်တာပဲ..

Address

ဒလတွံတေးကားလမ်းမ
Dalla

Telephone

+66901022021

Website

Alerts

Be the first to know and let us send you an email when Dala Revolution Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dala Revolution Channel:

Share