Poples VOICE NEWs

Poples VOICE NEWs #တော်လှန်ပုန်ကန်ပြည်သူ့အသံ

 #ဒီဘဲကိုကလိထားတာ
27/11/2024

#ဒီဘဲကိုကလိထားတာ

ကိုးကန့် ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ ----------------------------------လားရှိုးမှပြ...
18/11/2024

ကိုးကန့် ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းထားလိုက်ပြီ
----------------------------------
လားရှိုးမှပြန်လည်ဆုတ်ခွာရန် ငြင်းဆန်နေသည့် ကိုးကန့်တပ် MNDAA ၏ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု တော်လှန်ရေးတပ်များနှင့် MNDAA နှင့်နီးစပ်သူများကဆိုသည်။

ဖုန်တာရွှင်ကို တရုတ်အစိုးရက ၎င်းတို့၏ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန်ဟုဆိုကာ ပြီးခဲ့သည့်လအတွင်းက တရုတ်နိုင်ငံသို့ ယူနန်ပြည်သို့ ဖိတ်ကြားခဲ့ပြီးနောက် ပြန်မလွှတ်တော့ခြင်းဖြစ်သည်။

တရုတ်အစိုးရသည် MNDAA အပါအဝင် တရုတ်နယ်စပ်မှ လူမျိုးစုတပ်များကို စစ်ကောင်စီကိုဆက်လက်တွန်းလှန်ခြင်း မပြုရန်၊ NUG နှင့်အဆက်အသွယ်ဖြတ်ရန် ဆက်တိုက်ဖိအားပေးနေခဲ့သည်။

လားရှိုးကိုစစ်ကောင်စီလက်ထဲ ပြန်မထည့်ပေးပါက ဖုန်တာရွှင်၏တပ်ဖွဲ့ကို ခြေမှုန်းပစ်မည်ဟု တရုတ်အစိုးရက ပြင်းပြင်းထန်ထန်ခြိမ်းခြောက်ထားသည်။


အပြည့်အစုံဖတ်ရန် > မန့်

🎉 အဆင့် ၃ ကို အခုပဲ ပြီးစီးသွားပြီး Facebook ပေါ်မှာ ဖန်တီးသူတစ်ဦးအနေနဲ့ အောင်မြင်မှုတွေ ဆက်ရရှိနိုင်ဖို့ အရမ်းကို စိတ်လ...
18/11/2024

🎉 အဆင့် ၃ ကို အခုပဲ ပြီးစီးသွားပြီး Facebook ပေါ်မှာ ဖန်တီးသူတစ်ဦးအနေနဲ့ အောင်မြင်မှုတွေ ဆက်ရရှိနိုင်ဖို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။

* ကြိုးမိန့်ပေးမှာကို မသိသေးတဲ့ သားက အမေဖြစ်သူကို အမှာတော်တွေချွေနေတယ် .."အမေနောက်တစ်ခါလာရင် သားအတွက် စာအုပ်လေးနဲ့ ပိုက်...
16/11/2024

* ကြိုးမိန့်ပေးမှာကို မသိသေးတဲ့
သားက အမေဖြစ်သူကို
အမှာတော်တွေချွေနေတယ် ..

"အမေနောက်တစ်ခါလာရင်
သားအတွက် စာအုပ်လေးနဲ့
ပိုက်ဆံ လေး ပေးခဲ့ပါအုံးနော်'' လို့
မှာရှာနေတယ် ...

* သူ့ သားလေးကို
ကြိုးမိန့်ပေးမှာ မသိရှာတဲ့
မိခင်မှာတော့..

''အေးပါသားရယ်
အမေလာပို့ပေးပါမယ်'' လို့
ပြောရင်း အိမ်ပြန်လာခဲ့တယ်..

* နောက်ရက် တနင်္လာ နေ့မှာ
သားအတွက်လိုအပ်တာလေးနဲ့
ပိုက်ဆံ လေးသွားပေးရှာတယ်..

မိခင်ကြီးမှာ သားဆီ ပို့မဲ့ ပစ္စည်း
ပို့လူကိုပေးလိုက်တဲ့အခါ

''ခင်ဗျားသားမရှိတော့ဘူး' လို့
ပြောလိုက်တော့

'' ငါ့သားလေး ဘယ်ရောက်သွား
လို့လဲ'' လို့ မေးရှာတယ် ..

''ခင်ဗျားသားကို စနေနေ့ မနက်
အစောပိုင်းအချိန်လောက်မှာ
ကြိုးမိန့်ပေးလိုက်ပြီ'' လို့ပြောတော့
မိခင်တစ်ယောက်ရဲ့ ရင်ထဲ
ဘယ်လိုခံစားရမလဲ မိခင်နေရာ
ထဲဝင်ပြီး ခဏလေး ခံစားကြည့်

မိခင်ကြီးက '' ငါ့သားလေးကို
ကြိုးမိန့်ပေးမယ်ဆိုကြိုပြောပေါ့
ငါ့သားလေး မဆုံးပါးခင်အချိန်
လေးမှာ ငါစကားတွေအများကြီး
အဝကြီးပြောမှာပေါ့'' လို့
ပြောရှာတယ်..

သြော်...
မွေးမိခင်မှာ
ကိုယ့်ရင်သွေးကို
မမျှော်လင့်ဘဲ ထိုအဖြစ်ဆိုနဲ့ကြုံ
လိုက်ရပြီလို့ စသိလိုက်ရတဲ့အခါ

နွေတရာပူမီး တမျှ
မဖြေသာ ရင်မှာလောင်ကျွမ်း
ခံစားရတဲ့ ဝေဒနာတွေကတော့
စာဖွဲ့လို့ မကုန်တော့ပါဘူး...

ရင်သွေးငယ် သားကလည်း
သူသေမှာကို မသိသေးပဲ
မိခင်ဖြစ်သူကို သူလိုသမျှ
မှာတမ်းခြွေနေလေရဲ့...

စိတ်ကူယဥ် ဝတ္ထုဆန်တဲ့
ဒီအဖြစ်က..
လက်တွေကြုံရတဲ့ မခင်နှင့်
သားတို့ရဲ့ကြား
ဘယ်လောက်ဝမ်းနည်းစရာ
ကောင်းလိုက်မလဲ?

မိမိတို့သာ ထိုနေရာမှာ ဆိုရင်
ဘယ်လိုခံစားရမလဲ?

#ရင်တွင်းဖြစ် 😭😭

ပျော်နေသူတွေ ပျော်နိုင်ပါစေ
နေနိုင်သူတွေ နေနိုင်ကြပါစေ။

Crd

16/11/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

16/11/2024

#ကြိုစားရုန်းကန်ရဦးမှာပဲ

16/11/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

 #ငါတို့ကလွတ်မြှောက်မှဖြစ်မယ် #ဒီအရပ်ဒီဇာတ်က
16/11/2024

#ငါတို့ကလွတ်မြှောက်မှဖြစ်မယ်
#ဒီအရပ်ဒီဇာတ်က

 #စောပေါက်
16/11/2024

#စောပေါက်

16/11/2024

#ပိုက်ဆံလိမ်ယူသွားတဲ့ပွဲပါပဲ
ဆန်တိုင်းမိုင်
စောပေါက်ရယ်
#လုပ်ပွဲ

ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်  ပြန်မလာပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်မည်၊  ပြည်တွင်းပြ...
16/11/2024

ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြန်မလာပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်မည်၊ ပြည်တွင်းပြန်ရောက်လျှင် စစ်မှု ထမ်း ဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည့်အပြင် ပြည်ပထွက်ခွာခွင့် ရာသက်ပန် ပိတ်ပင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ပြည်ပနိုင်ငံများတွင်ရောက်ရှိ နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြည်တွင်းသို့ ပြန်မလာဘဲ စစ်မှု ထမ်းရန် ရှောင်တိမ်းပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုဘဲ ပြည် တွင်း ပြန်ရောက်လျှင်လည်း စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်နေသော မြန်မာနိုင်ငံသားများ၏ စာရင်းကို ပြုစုလျက်ရှိကြောင်း၊ ယင်းစာရင်းကို စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြုစုနေခြင်းဖြစ်ပြီး ယင်းပြည်ပရောက် မြန်မာများစာရင်းတွင် အလုပ်သမားများ၊ ကျောင်းသားများ၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပရောက်ရှိနေသူများ အားလုံး အကျုံးဝင်ကြောင်း သိရှိရသည်။

ပြည်ပရောက် မြန်မာများကို စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် သက်ဆိုင်ရာနိုင်ငံများမှ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးများက စာရင်းနှင့်တကွ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဆင့်ခေါ်ချိန်တွင် မလာရောက်သော ပြည်ပရောက် မြန်မာများကို သံရုံးများက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် စစ်မှုထမ်းရန် တိမ်းရှောင်သော ပြည်ပရောက် မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါကလည်း စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ်ချမှတ်အရေးယူမည်ဖြစ်ကြောင်း၊ ထောင်ဒဏ်ချမှတ်ပြီးနောက်လည်း ပြည်ပထွက် ခွင့် ရာသက်ပန် ပိတ်ပင်မည်ဖြစ်ကြောင်း သိရှိရသည်။

"ပြည်ပရောက်ပြီးတော့ အခွန်မဆောင်တာ၊ ပြည်တွင်းကို ဘဏ်လမ်းကြောင်းကနေ တစ်ဆင့် ငွေပြန်မလွှဲတာ၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန် မလာတာတွေကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်ပြီး အရေးယူဖို့ ညွှန်ကြားထားတယ်။ စစ်မှုထမ်းဥပဒေအရကတော့ စစ်မှုထမ်းဖို့ ရှောင်တိမ်းရင်တော့ ပြည်တွင်း ပြန်ရောက်တဲ့အခါမှာ ပြည်သူ့စစ်မှုထမ်းဥပဒေမှာပါတဲ့ ပြစ်မှု ပြစ်ဒဏ်တွေအရ ဖမ်းဆီး ထိန်းသိမ်း တရားစွဲဆို ထောင်ဒဏ်ချမှတ်မယ့်အပြင် ရာသက်ပန် ပြည်ပထွက်ခွာခွင့်လည်း ပိတ်ပင်ခံရမယ်။ Black List ဖြစ်မယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနက်မှ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော အရေအတွက် သန်းနှင့်ချီရှိနိုင်ပြီး စာရင်းအတိအကျ ရရှိစေရန် ပြုစုလျက်ရှိကြောင်း၊ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးသည် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ မြန်မာနိုင်ငံသားများဖြစ်နေသမျှ ကာလပတ်လုံး ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် တာဝန်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက မကြာမီ ထုတ်ပြန်ကြေညာရှိနေသော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင်လည်း ပြည်ပ ရောက် မြန်မာများ စစ်မှုထမ်းဆင့်ခေါ်ရန် ပြဋ္ဌာန်းချက်တချို့ ပါဝင်နေပြီး လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များကိုလည်း ဆက်လက် ထုတ်ပြန်ရန် ရှိနေကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်​ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်း ကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံ သားကိုလည်းကောင်း ဆိုလိုကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ- ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေကြသည့် မြန်မာလူငယ်များကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။
Khit Thit

Address

Dawei

Website

Alerts

Be the first to know and let us send you an email when Poples VOICE NEWs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share