เที่ยวทวาย-พม่าทุกเส้นทาง กับแลนด์พม่าท้องถิ่นมืออาชีพ

  • Home
  • Myanmar
  • Dawei
  • เที่ยวทวาย-พม่าทุกเส้นทาง กับแลนด์พม่าท้องถิ่นมืออาชีพ

เที่ยวทวาย-พม่าทุกเส้นทาง กับแลนด์พม่าท้องถิ่นมืออาชีพ "ละเอียดอ่อน"

29/09/2025
29/09/2025
27/09/2025
27/09/2025

မကြာမီ မြန်မာပြည်အတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနာဂတ်ကာလ အပြောင်းအလဲအတွက် အချိန်ကာလ အပိုင်းအခြားလေးတစ်ခု ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။.........................................................
(အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာကာလအတွက်)

ကုန်စည်စျေးကွက်ခန့်မှန်းချက်လေးတွေကို ​တောင်သူ​တွေအတွက် ပြုလုပ်ပေးထားတဲ့ Groupမှာခန့်မှန်း​ပေးထားပြီး​ဖြစ်ပါတယ်။

ဒါလေးတွေ မှန်မမှန် တစ်ချက်စောင့်
ကြည့်ရမှာ​​ဖြစ်လို့ ရင်ခုန် စိတ်လှုပ်ရှားနေမိတာတော့ အမှန်ပါပဲ။

ဘာလို့လည်းဆိုတော့

ဈေးကွက်နဲ့ မိမိနိုင်ငံရဲ့ အရွေ့ကို
ခန့်မှန်းရတာ အလွန်နှစ်ခြိုက်တဲ့ သူတစ်ယောက်ဖြစ်​နေလို့ပါပဲ။..............................................................
ဒါ့အပြင် တန်ဖိုးရှိတဲ့ ပညာရပ်တွေကို လည်း မျှဝေနေကျဖြစ်လို့ ယနေ့ညမှာ လူတစ်ယောက်ရဲ့ ဘဝမှာ သူ့ဘဝတစ်ခုလုံး အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့၊
လူတွေအများစု သတိမထားမိခဲ့တဲ့

အရေးအကြီးဆုံး အလေ့အကျင့်တစ်ခုနဲ့ပတ်သက်ပြီး ကျွန်တော်လေ့လာထားသမျှ​တွေကိုလည်း အိတ်သွန်ဖာမှောက် မျှဝေပေးဖို့ရန်အတွက် မနေ့ညက ညလုံးပေါက်နီးပါး အားထုတ်ရေးသားထားပါတယ်။ ဒါလေး​တွေကိုလည်း

ဒီကနေ့ည Viber Group နဲ့
Telegram Groupတွေ မှာ Member
ဝင်ထားတဲ့သူတွေအတွက် တပြိုင်နက် ရေးသားဖော်ပြသွားမှာ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Member မဝင်ထား​သေးရသူများ နောင်တ​ကြီးငယ် မရခဲ့ရ​လေအောင်လို့ အမြန်ဝင်ထားလိုက်ပါလို့။😁

Viber Group/ Telegram Group သို့ Join ရန် +959770460118 သို့

Viber ကနေဖြစ်ဖြစ်
တယ်လီဂရမ် ကနေဖြစ်ဖြစ် Hi လိုက်ပါ။

ဒီနံပါတ်နဲ့ပဲ Viber ရော တယ်လီဂရမ် ရောဖွင့်ထားတာမလို့ပါ။

27/09/2025
27/09/2025
27/09/2025
27/09/2025
27/09/2025

သာစည်- ရွှေညောင် ရထားများ ပြန်လည်ပြေးဆွဲမှုနဲ့အတူ ၁၅ ယောက်စီး အောင်ပန်း-ကလော၊ ကလော-မြင်းဒိုက် Tour Train (RGC)ရထားများပါ ပြေးဆွဲပေးနေ
------------------------------------------------------------------------------------

MFN
ရန်ကုန်။ ၂၀၂၅ ၊ ဇန်နဝါရီ ၂၇ ရက်

မြန်မာ့မီးရထားအနေဖြင့် သာစည်- ရွှေညောင် ရထားခရီးစဉ် ပြန်လည်ပြေးဆွဲမှုနဲ့အတူ အောင်ပန်း-ကလော၊ ကလော-မြင်းဒိုက် Tour Train (RGC) ရထားများပါ ပြေးဆွဲပေးနေတယ်လို့သိရပါတယ်။

ကုန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ရာဂိစူပါတိုင်ဖွန်းမုန်တိုင်း သဘာဝဘေးဒဏ်ရေကြီးရေလျှံ မှုကြောင့် လမ်းပိုင်းပျက်စီးမှုများဖြစ်ပွားကာ ရပ်နားခဲ့ရတဲ့ သာစည်- ရွှေညောင် ရထားခရီးစဉ်ကို လာမယ့် ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ ပြန်လည် ပြေးဆွဲဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

အဆိုပါလမ်းပိုင်းတွင် အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်လူစီးရထားကို ဇန်နဝါရီလ ၃၁ ရက်မှစ၍ အပတ်စဉ် သောကြာနေ့တွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန် ရွှေညောင်-သာစည်လူစီးရထားကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စ၍ အပတ်စဉ် တနင်္လာနေ့တွင်လည်းကောင်း ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမှတ်(၁၄၁)အဆန် ရထားမှာ သာစည်မှ နံနက် ၆ နာရီ ထွက်ခွာ၍ ရွှေညောင်သို့ ညနေ ၅ နာရီတွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန်ရထားသည် ရွှေညောင်မှ နံနက် ၇ နာရီ ထွက်ခွာ၍ သာစည်သို့ ည ၆ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် လက်မှတ်ခမှာ ရိုးရိုးတန်းအတွက် ငွေကျပ် ၉,၀၀၀ နှုန်းနှင့် အထက်တန်း လက်မှတ်ခမှာ ငွေကျပ် ၁၂,၀၀၀ နှုန်းဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ ရေမြေတောတောင်သဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန်ရည်ရွယ်ကာ ဇန်နဝါရီလ ၂၄ ရက်မှစတင်၍ အောင်ပန်း-ကလော (အသွား-အပြန်)ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်)ခရီးစဉ်များကို ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းနိုင်သည့် Tour Train (RGC)ရထားစင်းလုံးငှားခရီးစဉ်အဖြစ် ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ Tour Train (RGC) ရထားစင်းလုံးငှားခရီးစဉ်ကို ပုဂ္ဂလိက ခရီးသွားလာရေးအဖွဲ့များ၊ မိသားစုများ၊ လေ့လာရေးအဖွဲ့များအနေဖြင့် ခရီးစဉ်တစ်ခုအတွက်(အသွား-အပြန်) ငွေကျပ် ၁၂၀,၀၀၀ နှုန်းဖြင့် ငှားရမ်းစီးနင်းနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြန်မာ့မီးရထားအနေနဲ့ အဓိက ရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင် သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းစသည့် လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။

#မြန်မာ့မီးရထား #သာစည်_ရွှေညောင် # အောင်ပန်း_ကလော #ကလော_မြင်းဒိုက်

Photo - MOI

Address

Maungmagan Beach DaweiCity Taninthayi
Dawei

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959896204459

Website

Alerts

Be the first to know and let us send you an email when เที่ยวทวาย-พม่าทุกเส้นทาง กับแลนด์พม่าท้องถิ่นมืออาชีพ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to เที่ยวทวาย-พม่าทุกเส้นทาง กับแลนด์พม่าท้องถิ่นมืออาชีพ:

Share