07/10/2022
ဖလမ်းမြို့၌ ဒုတိယအကြိမ်ပြည်သူများများအားအခြေခံစားသောက်ကုန်များဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး
ဖလမ်း အောက်တိုဘာ ၇
ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွက်ကဲမှုအောက်(ဟားခါးတပ်နယ်)တို့၏ ကြီးကြပ်ကွက်ကဲမှုဖြင့် ဒုတိယအကြိမ်ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအားအခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းကို အောက်တိုဘာလ ၇ ရက်၊နံနက် ၀၇၀၀ နာရီက ဖလမ်းမြို့၊ ဖါရ်ထောက် ရပ်ကွက်၊ မြို့တော်ခန်းမရှေ့တွင်ကျင်းပရာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောထွန်းဝင်း၊အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှုးကြီး ဝင်းဇော်လတ်၊ အတွင်းရေးမှူးဒုတိယရဲမှူးကြီးမိုးနိုင်၊ အဖွဲ့ဝင်လုဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးရေချမ်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်ခေါင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးထွဋ်၊အတွင်းရေးမှူးရဲမှူး မျိုးဝင်းနှင့်ခရိုင်,မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများစားသောက်ရေးအထောက်အကူဖြစ်စေရန်နှင့် အခြေခံစား သောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆန်၊ဆီ၊ဆားကြက်သွန်၊ ကုလားပဲ၊ အမဲသား။ ဝက်သား၊ ကြက်သား၊ကြက်ဥစသည်ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချပေးခဲ့ရာ ဆန်(၂)ပြည်-၄၆၀၀/-ကျပ်၊ပဲဆီ(၅၀)ကျပ်သား-၆၀၀၀/-ကျပ်၊နေကြာဆီ(၅၀) ကျပ် သား-၅၂၀၀/-ကျပ်၊ဆား(၃)ထုပ်-၁၀၀၀/-၊ခေါက်ဆွဲခြောက်(၄)ထုပ်-၁၂၀၀/-၊ကြက်သွန်နီ(၁)ပိဿာ-၃၅၀၀/-၊ကြက်သွန်ဖြူ(၁)ပိဿာ-၆၀၀၀/-၊အာလူး(၁)ပိဿာ-၂၅၀၀/-၊ကြက်ဉ (၁၀)လုံး-၂၀၀၀/-ကျပ်၊အမဲသား(၁)ပိဿာ-၉၆၀၀/-ကျပ်၊ ဝက်သား(၁)ပိဿာ-၉၆၀၀/-ကျပ်၊ကြက်သား(၁)ပိဿာ-၉၆၀၀/-ကျပ်၊ ကုလားပဲ(၁)ပိဿာ-၄၀၀၀/-စသည်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။