08/09/2025
ဩဂုတ်လ ၂၈ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်အချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ ကြည်စုရွာနေ ပျူစောထီး ဘိုကြီးအား ၄င်း၏နေအိမ်မှာ သေနတ်နှင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။
ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ်တို့မှ ပျူစောထီးတစ်ဦး နှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
Tharyarwaddy 8 City / စက်တင်ဘာ ၈၊၂၀၂၅
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ်တို့မှ ပျူစောထီးနှင့် ရာအိမ်မှူးတို့ကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံမှ သတင်းရရှိပါသည်။
ဩဂုတ်လ ၂၈ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်အချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ ကြည်စုရွာနေ ပျူစောထီး ဘိုကြီးအား ၄င်း၏နေအိမ်မှာ သေနတ်နှင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရပါသည်။ သေဆုံးသွားသည့် ပျူစောထီး ဘိုကြီး သည် ကြည်စုကျေးရွာတွင် အိမ်ထောင်စု တစ်စုကို ငွေကျပ် ခြောက်သောင်းကျပ် ကောက်ခံသလို ထောက်ပို့ပြည်သူများနှင့် PDFသတင်းများကို စုံစမ်းထောက်လှမ်းနေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းသည်ဟု ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ မှ ပြောဆိုသည်။
ထို့အပြင် စက်တင်ဘာလ ၇ရက် ယမန်နေ့ နံနက် ၁၁နာရီ ၃၀မိနစ် အချိန်တွင် အုတ်ဖိုမြို့နယ်၊ သမန်းကုန်းအုပ်စု၊ စစ်တောရွာနေ ရာအိမ်မှူး သန်းစိုး(ခေါ်)ကိုစိုး ဆိုသူကို ၄င်း၏လယ်ထဲတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရသည်။ သေဆုံးသွားသည့် ရာအိမ်မှူး သန်းစိုး(ခေါ်)ကိုစိုးသည် ပျူစောထီး ဘိုကြီး ကဲ့သို့ စစ်မှုထမ်းကြေးကောက်ခံပြီး ထောက်ပို့ပြည်သူများနှင့် PDFသတင်းများ စုံစမ်းနေသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။
ပြည်သူကို အဓမ္မ စစ်မှုထမ်းခိုင်းနေသော အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများကို ယခုအချိန်မှ စတင်ကာ အချိန်နေရာမရွေး သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ မှ အသိပေးထုတ်ပြန်ထားသည်။
ပုံစာ-သေဆုံးသွားသည့် ပျူစောထီးနှင့် ရာအိမ်မှူး၊၄င်းတို့ထံမှ သိမ်းဆည်းရရှိသည့် လက်ပစ်ဗုံး။
သတင်း - ခန့်စိုး
စာတည်း - ရာမန်
#ကြို့ပင်ကောက်မြို့နယ် #အုတ်ဖိုမြို့နယ်