Chin News Journal

Chin News Journal ချင်းပြည်အတွင်း ဖြစ်ပျက်နေသော သတင်းထူး၊ သတင်းဦးများကို နေ့စဉ်တင်ဆက်ပေးပါတယ်။

From Hakha, the heart of Chinland, we strive to bring you news stories with the most accurate information as soon as the story breaks.

ဟားခါး-ဖလမ်းကြား အထိနာသော စကစတပ်မှ နေအိမ် ၂၀လုံးခန့် မီးရှို့ပြန်၊ CNA တပ်ဖွဲ့၀င်တစ်ဦးကျပြီး စကစ ၁၈ဦးခန့်သေဆုံး---------...
05/05/2022

ဟားခါး-ဖလမ်းကြား အထိနာသော စကစတပ်မှ နေအိမ် ၂၀လုံးခန့် မီးရှို့ပြန်၊ CNA တပ်ဖွဲ့၀င်တစ်ဦးကျပြီး စကစ ၁၈ဦးခန့်သေဆုံး
-----------
ဟားခါးမြို့မှ ဖလမ်းမြို့ဖက်သို့ထွက်ခွာသောစကစတင့်ကား ၂စီးပါ ယာဉ်တန်းအား မနေ့ မေလ ၄ရက်နေ့မှစ၍ CNA နှင့် CDF-Hakha ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စကစဖက်တွင် ၁၈ဦးခန့်သေဆုံးပြီး၊ CNA တပ်ဖွဲ့၀င်တစ်ဦး ကျဆုံးသွားကြောင်း သတင်းရရှိပါတယ်။

ယနေ့ မနက်ပိုင်း တလန်ဇာရ်ကျေးရွာအနီးတွင် ဖြစ်ပွားတဲ့တိုက်ပွဲမှာ CNA တပ်ဖွဲ၀င် ဆလိုင်းထောင်ဟုပ်လျန် ကျဆုံးသွားပါတယ်။

မေလ ၄ရက်နေ့မှ ယနေ့ မေလ ၅ရက်နေ့ မနက်ပိုင်း တိုက်ပွဲအထိ စကစတပ်သား အနည်းဆုံး ၁၈ဦး‌သေဆုံးပြီး ယခုသတင်းရေးသားနေချိန်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိသည်။

အထိနာသော စကစတပ်က မေလ ၄ရက်နေ့တွင်ရမ်ထလိုကျေရွာနေအိမ် ၁၀လုံးအား မီးရှို့ခဲ့ပြီး ယနေ့တွင်လည်း တလန်ဇာရ်ကျေးရွာ နေအိမ် ၁၀လုံးခန့် ထပ်မံမီးရှို့သွားပါတယ်။

ဒေသခံတစ်ဦးက "ရမ်ထလိုကျေးရွာ နေအိမ် ၁၀လုံး မနေ့က စကစစစ်သားတွေ မီးရှို့သွားကြတယ်။ ရွာသားတွေတော့ တောထဲမှာထွက်ပြေးကုန်ကြတယ်။ ခုချိန်ထိ မပြန်ရဲကြသေးဘူး။ ဒီနေ့မနက်ပိုင်းတွင်လည်း ရမ်ထလိုကျေးရွာအနီး ထလတန်ဇာရ်ရွာ နေအိမ် ၁၀လုံးခန့် မီးရှို့ခံရတယ်" လို့ပြောပါတယ်။

- The Chin Journal

မင်းတပ်-မတူပီအကြား တိုက်ပွဲသတင်း CDF-Matupi ၏ ထုတ်ပြန်ချက်
05/04/2022

မင်းတပ်-မတူပီအကြား တိုက်ပွဲသတင်း CDF-Matupi ၏ ထုတ်ပြန်ချက်

ဟားခါးမြို့ COVID-19 ရောဂါကင်းစင်၊ COVID စင်တာ ပိတ်ပွဲကျင်းပ--------ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၁၆ရက်နေ့ကစ၍ COVID...
02/04/2022

ဟားခါးမြို့ COVID-19 ရောဂါကင်းစင်၊ COVID စင်တာ ပိတ်ပွဲကျင်းပ
--------
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၁၆ရက်နေ့ကစ၍ COVID-19 Case Zero အထိကျဆင်းလာပြီဖြစ်၍ ယနေ့ ဧပြီ ၂ရက်နေ့တွင် COVID-19 ရောဂါကုသရေးစင်တာ ပိတ်ပွဲအခန်းနားကို ဟားခါးနှစ်ခြင်းအသင်းတော် (HBC) တွင် ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၀၂၁ ခုနှစ်ကစ၍ ဟားခါးမြို့နယ်ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ရေးကော်မတီ (Hakha Township Public Healthcare Committee-HTPH) က ဟားခါးမြုနယ်အတွင်း COVID-19 ရောဂါကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ COVID-19 ကုသရေးစင်တာ ၂ခုကိုလည်း ဟားခါးမြို့တွင် ကိုထူကိုယ်ထဖွင့်လှစ်ခဲ့သည်။

မတ်လ ၂၀၂၂ ခုနှစ်အထိ ကိုဗစ်လူနာ ၄၂၀ ကျော်ကို ကုသနိုင်ခဲ့ပြီး လူပေါင်း ၃ထောင်ကျော် ကာကွယ်ဆေးထိုးပေးသည့်အပြင် သိန်းပေါင်း ၄ ထောင်ကျော်တန်ဖိုးရှိ အောက်စီဂျင်ကို ကိုဗစ်လူနာတွေဆီသို့ ဖြန့်‌ေ၀ပေးခဲ့ကြောင်း HTPH ရဲ့ အစီရင်ခံစာအရသိရှိရပါတယ်။

"ဟားခါးမြို့မှာ COVID-19 case Zero ဖြစ်သွားပြီ။ ရောဂါကင်းစင်သွားပြီလို့ ပြောလို့ရတယ်။ စကစဖက်ကလည်း မတ်လ ၃၁ ရက်နေ့က ဟားခါးမြို့မှာ COVID-19 case Zero ဖြစ်ပြီလို့ ပြောတယ်" လို့ ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးကော်မတီရဲ့ Operation Manager Saya Sui Mang ကပြောပါတယ်။

ယနေ့၌ ကျင်းပပြုလုပ်တဲ့ ဟားခါး COVID စင်တာပိတ်ပွဲအခမ်းအနားတွင် Volunteer ၀န်ထမ်းများ ဂုဏ်ပြုခြင်းအစီစဉ်ကိုလည်း ပူးတွဲပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

The Chin Journal

CDF-MINDAT အမျိုးသားများနှင့်တန်းတူ ပါဝင်လေ့ကျင့်နေသော အမျိုးသမီးရဲဘော်တို့၏ ပုံရိပ်များဖြစ်သည်။ The Mindat Postဓာတ်ပုံ ...
02/04/2022

CDF-MINDAT အမျိုးသားများနှင့်တန်းတူ ပါဝင်လေ့ကျင့်နေသော အမျိုးသမီးရဲဘော်တို့၏ ပုံရိပ်များဖြစ်သည်။

The Mindat Post
ဓာတ်ပုံ - Salai Houng Aung Ling

မင်းတပ်-မတူပီကြား တိုက်ပွဲပြင်းထန်၊ စကစ ၁၅ဦးသေဟု ထုတ်ပြန်---------မင်းတပ်-မတူပီကြားတွင် စကစ နှင့် CDF-Mindat အကြား တိုက်...
29/03/2022

မင်းတပ်-မတူပီကြား တိုက်ပွဲပြင်းထန်၊ စကစ ၁၅ဦးသေဟု ထုတ်ပြန်
---------
မင်းတပ်-မတူပီကြားတွင် စကစ နှင့် CDF-Mindat အကြား တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ယနေ့ ၁၂နာရီခွဲအထိ စကစ ၁၅ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာ ရကြောင်း CDF-Mindat ကထုတ်ပြန်ပါတယ်။

"ယခုအချိန်အထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး CDF-Mindat မှ မိုင်းဆွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများကြောင့် စကစဖက်မှ ၁၅ယောက် သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကြတယ်" လို့ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့နယ်မှာ ဖုန်းလိုင်းတွေလည်း ကြိုတင်ဖြတ်တောက်ထားပြီး ​ပြည်သူတွေရဲ့ ဆုတောင်းပေးခြင်းနဲ့ support က ကျနော်တို့အတွက်အဓိက ကျတဲ့ အားအင်ပါ လို့ CDF-Mindat စာမျက်နှာမှာ ရေးထားပါတယ်။

ဟားခါးတွင် စကစ ရဟက်ယာဉ်တစ်စီး ပျက်ကျ---------ယနေ့ မတ် ၂၉၊ နံနက်ပိုင်း ၉နာရီခွဲခန့်က ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နဲ့ ၂၆၆ ...
29/03/2022

ဟားခါးတွင် စကစ ရဟက်ယာဉ်တစ်စီး ပျက်ကျ
---------
ယနေ့ မတ် ၂၉၊ နံနက်ပိုင်း ၉နာရီခွဲခန့်က ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်နဲ့ ၂၆၆ တပ်စခန်းရှိရာ ရုန်းတောင်အကြား ထင်းရှုးတောထဲတွင် စကစ ရဟက်ယာဉ်တစ်စီး ပျက်ကျသွားကြောင်း သိရပါတယ်။

"ဘာကြောင့်ပျက်ကျလဲတော့မသိဘူး။ မီးခိုးတွေထွက်ပြီး ပျက်ကျသွားတာ၊ စကစတပ်သားတွေ ရဟက်ယာဉ်ပျက်ကျတဲ့နေရာဖက်ကို သွားကြတယ်" လို့ မျက်မြင်တစ်ဦးက The Chin Journal သို့ပြောပါတယ်။

ကျော်ဘုတ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက "၉နာရီခွဲလောက်မှာ ပျက်ကျတာ။ အခုလည်း ရယက်ပျက်ကျတဲ့နေရာက မီးခိုးတွေကျနော်တို့ရပ်ကွက်ကနေ မြင်နေရတယ်။ ပျက်ကျတဲ့နေရာက ဂန့်ဂေါ်ဖက်သွားတဲ့ ကားလမ်းရဲ့ ညာဖက် ထင်ရှုးတောထဲမှာဖြစ်တယ်" လို့ ပြောပါတယ်။

- The Chin Journal

စကစတပ်သားတွေရဲ့ လုယက်၊ ဖောက်ထွင်း၊ ခိုးယူ၊ ချက်ပြုပ်၊ စားသောက်ခဲ့သည့် မြင်ကွင်း----------ဟားခါး-ဂန့်ဂေါ်လမ်း‌ပေါ်ရှိ ဟား...
28/03/2022

စကစတပ်သားတွေရဲ့ လုယက်၊ ဖောက်ထွင်း၊ ခိုးယူ၊ ချက်ပြုပ်၊ စားသောက်ခဲ့သည့် မြင်ကွင်း
----------
ဟားခါး-ဂန့်ဂေါ်လမ်း‌ပေါ်ရှိ ဟားခါးမြို့နယ် ရွာဗန်ကျေးရွာနေအိမ်များကို စကစတပ်သားများက ဖောက်ထွင်း ခိုးယူလုယက်ကြသည့်အပြင် အိမ်မွေးတရိစ္ဆာန်တွေပါ သတ်ဖြတ် ချက်ပြုပ် စားသောက်ကြပါတယ်။

ဟားခါး-ဂန့်ဂေါ်လမ်းမပေါ်ရှိ နီပီး၊ ရွာဗန်၊ သီနမ်၊ မာလ်ဆောမ်၊ လမ်သုပ်၊ ဟရောန်ဗွန်နှင့် ဇိုခွားကျေးရွာသားတွေ တောတောင်ထဲ ထွက်ပြေးကြပါတယ်။

The Chin Journal

သီနမ်ကျေးရွာ လူနေအိမ် ၉လုံး စကစတပ်သားများက မီးရှို့၊ ရွာသား ၇၀၀ ခန့်တောတောင်ထဲထွက်ပြေး----------ဟားခါးမြို့နဲ့ ၃၆ မိုင်အ...
28/03/2022

သီနမ်ကျေးရွာ လူနေအိမ် ၉လုံး စကစတပ်သားများက မီးရှို့၊ ရွာသား ၇၀၀ ခန့်တောတောင်ထဲထွက်ပြေး
----------
ဟားခါးမြို့နဲ့ ၃၆ မိုင်အကွာတွင် တည်ရှိသည့် ဟားခါး-ဂန့်ဂေါ်ကားလမ်းမပေါ်ရှိ သီနမ်ကျေးရွာ လူနေအိမ် ၉လုံးအား စကစတပ်သားများက ယနေ့ မတ်လ ၂၈ရက်နေ့တွင် မီးရှို့သွားခဲ့ကြောင်း တောထဲထွက်ပြေးတဲ့ သီနမ်ရွာလူကြီးတစ်ဦးက The Chin Journal သို့ပြောပါတယ်။

"စကစအင်အား ၁၀၀ ခန့် ကျနော်တို့ရွာမှာ ရောက်လာကြတယ်။ နှစ်ခြင်းဘုရားကျောင်းနှင့် ယုံကြည်သူအသင်းတော်ဘုရားကျောင်းမှာ ညအိပ်ကြတယ်။ သူတို့ လာမ်သုတ်ကျေးရွာဖက် မထွက်ခွာခင်မှာ နေအိမ် ၉လုံးမီးရှို့သွားကြတယ်" လို့ ပြောပါတယ်။

သီနမ်ကျေးရွာ မရောက်ခင်မှာ ချင်းဒေသကာကွယ်ရေးတပ်နဲ့ စကစအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးထိခိုက်မှုအခြေ‌အနေ မသိရှိနိုင်သေးပေ။

မတ်လ ၁၇ရက်နေ့ကစ၍ ဟားခါး-ဂန့်ဂေါ်လမ်းတွင် စကစတပ်များ စစ်ကြောင်းထိုးလာသောကြောင့် နီပီ၊ ဇိုခွား၊ ရွာဗန်၊ သီနမ်၊ လာမ်သုတ်၊ မာလ်ဆောမ် ကျေးရွာပြည်သူများ တောတောင်ထဲသို့ ထွက်ပြေးကြပါတယ်။

စကစတပ်က နေအိမ် ၉လုံးမီးရှို့သွားသည့် သီနမ်ရွာသည် အိမ်ခြေ ၁၀၅၊ လူဦးရေ ၇၀၀ ခန့်ရှိပြီး ရွာသားအားလုံး တောတောင်ထဲသို့ ထွက်ပြေးကြပါတယ်။

: https://twitter.com/thechinjournal

The Chin Journal

မြန်မာစစ်သားဟောင်း MDF (Mara) စစ်ဦးစီးချုပ်က CDF-Mara တပ်ဖွဲ့၀င် CDM ရဲသားအား ပစ်သတ်-------------မနေ့ မတ် ၂၅ရက်နေ့ ည ၉နာ...
26/03/2022

မြန်မာစစ်သားဟောင်း MDF (Mara) စစ်ဦးစီးချုပ်က CDF-Mara တပ်ဖွဲ့၀င် CDM ရဲသားအား ပစ်သတ်
-------------
မနေ့ မတ် ၂၅ရက်နေ့ ည ၉နာရီအချိန်တွင် Maraland Defense Force (MDF) ရဲ့ စစ်ဦးစီးချုပ် ဦးချီပါး Chozah က CDM ရဲသား CDF-Mara တပ်ဖွဲ့၀င် ဆလိုင်မာ‌နှေး (Salai Ma Hnei) အား ထန်တလန်မြို့နယ် ငါဖိုင်သေးရွာတွင် ပစ်သတ်ခဲ့ကြောင်း ကျေးရွာနေ လူကြီးတစ်ဦးထံမှ သိရပါတယ်။

"ပစ်သတ်တဲ့သူက မြန်မာစစ်သားဟောင်း MDF ရဲ့ စစ်ဦးစီချုပ် ဦးချီပါးလို့ခေါ်တယ်။ မြန်မာစစ်တပ်မှာနေတုန်းက ဒဏ်ရာရလို့ ပင်စင်နဲ့အနားယူတဲ့သူပါ" လို့ ‌ရွာလူကြီးတစ်ဦးက ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့တွင် MDF စစ်ဦးစီးချုပ်အပါအ၀င် တပ်ဖွဲ့၀င် ၉ဦးသည် CDF-Mara နယ်မြေငဖိုင်သေးရွာတွင် ကားတစ်စီးနဲ့ ရောက်ရှိလာကြရာမှာ ကြိုတင်အကြောင်းကြားပြီးမှ လာရောက်ကြရန် CDF-Mara ဖက်က ပြောဆိုခဲ့သည်။

ထို့နောက် ရွာဥက္ကဌနေအိမ်သို့ MDF တပ်ဖွဲ့၀င်များသွားရောက်ပြီး ‌အကြောင်းမဲ့ သေနက်ပစ်ဖောက်ခဲ့ကြသည်ဟု အထက်ပါရွာသားက ပြောသည်။

"မရာလူမျိုးအချင်းချင်းပြသနာဖြစ်လို့ မကောင်းဘူးလို့ CDF-Mara ဖက်ကဆိုပြီး ညမှာရွာ‌ေကျာင်းမှာ တွေဆုံဆွေးနွေးကြတယ်။ CDF-Mara ဖက်က လက်နက်မပါပဲသွားကြတယ်။ ‌ဆွေးနွေးမှုအပြီးမှာပြသနာဆက်ဖြစ်လာတယ်။ MDF စစ်ဦးစီချုပ် ဦးချီပါးက CDF-Mara စစ်ဦးစီးချုပ်ကို သေနက်နဲ့ပစ်ခတ်လို့ ပေါင်မှာဒဏ်ရာရတယ်။ CDM ရဲသား CDF-Mara တပ်ဖွဲ့၀င် ဆလိုင်းမာနှေး က MDF စစ်ဦးစီချုပ်ရဲ့ သေနက်ကိုလုယူဖို့ ကြိုးစားနေချိန်မှာ ပစ်သတ်ခံရတယ်" လို့ ဖြစ်စဉ်ကို ၎င်းကဆက်ပြောပါတယ်။

ဆလိုင်းမာ‌နှေး ပစ်သတ်ခံရပြီးနောက် MDF တပ်ဖွဲ့၀င်များက သေနက် အကြီမ် ၆၀ ခန့် ဆက်ဖောက်ပြီး ရွာကနေထွက်သွားကြပါတယ်။

MDF စစ်ဦးစီးချုပ် ဦးချီပါး ပစ်သတ်လို့ ကျဆုံးသွားတဲ့ ဆလိုင်းမာနှေးကို ယနေ့ မတ်လ ၂၆ ညနေပိုင်း ၄နာရီတွင် သဂြိုဟ်ခဲ့ပါတယ်။

ဤကိစ္စနဲ့ ပတ်သက်လို့ CDF-Mara က CNF ကို အကြောင်းကြားထားပြီး စုံးစမ်းစစ်ဆေးမှု သေသေချာချာပြုလုပ်မယ်လို့ CNF ဖက်က အကြောင်းပြန်ပါတယ်။

MDF သည် စကစက နိုင်ငံတော်အာဏာသိမ်းဆည်းပြီးနောက်ပိုင်း ထွက်ပေါ်လာသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အင်းအား ၆၀ခန့်ရှိမည်ဟုခန့်မှန်းကာ ရက္ခိုင့်တပ်မတော် AA သို့ စစ်သင်တန်းတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

"MDF ကတော့ စစ်အာဏာရှင်ကို တိုက်ခိုက်ဖို့ထက် မာရာနယ်မြေအရေးအတွက် လှုပ်ရှားဖို့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်ဖြစ်တယ်။ မီဇိုရမ်၊ စိုင်ဟားမြို့မှာ အခြေပြုထားသည့် Mara Administrative Territorial Council ရဲ့ ကွက်ကဲမှုအောက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တာပါ" လို့ မရာမျိုးနွယ်စုလူကြီးတစ်ဦးက The Chin Journal သို့ပြောပါတယ်။

The Chin Journal

ဟားခါး-ဂန့်ဂေါ်လမ်းတွင် စကစနှင့် CDF, CNA အကြား စစ်ရေးတင်းမာနေ၊ ရွာ ၆ရွာမှ ပြည်သူတွေထွက်ပြေး---------ဟားခါး-ဂန့်ဂေါ်လမ်း...
26/03/2022

ဟားခါး-ဂန့်ဂေါ်လမ်းတွင် စကစနှင့် CDF, CNA အကြား စစ်ရေးတင်းမာနေ၊ ရွာ ၆ရွာမှ ပြည်သူတွေထွက်ပြေး
---------
ဟားခါး-ဂန့်ဂေါ်လမ်း ဟားခါးမြို့နယ်အတွင်းမှာ CDF-Hakha, CNA နှင့် စကစအကြား စစ်ရေးတင်းမာနေကြောင်း သိရပါတယ်။

စကစတပ်သည် မတ်လ ၁၇ရက်နေ့က ဟားခါးနှင့် ၆မိုင်ခန့်အကွာ ဂန့်ဂေါ်လမ်းမပေါ်ရှိ နီပီးကျေးရွာအထိ သွားရောက်ကြပြီး CDF နဲ့ ထိတွေ့မှုအနည်းငယ်ရှိခဲ့သည်။ နီပီးကျေးရွာသား ၂၀၀ ခန့်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

မတ်လ ၂၂ရက်နေ့တွင် စကစတပ် အင်အား ၁၅၀ ခန့်သည် ဟာခါးနဲ့ မိုင် ၂၅ရှိသည့် ဇိုခွားရွာသို့ ရောက်ရှိကြရာ ရွာသား ၈၀၀ခန့် ထွက်ပြေးခဲ့သည်။

"မတ် ၂၁ ရက်နေ့မှာ ရွာနားမှာတိုက်ပွဲဖြစ်ပွား‌ေတာ့ ကျနော်တို့ ရွာသားအားလုံး ထွက်ပြေးကြတယ်။ ၂၂ရက်နေ့မှာ ရွာထဲကို စကစစစ်သားတွေရောက်လာပြီး တစ်ညအိပ်ကြတယ်" လို့ ရွာလူကြီးတစ်ဦးက ပြောပါတယ်။

စကစတပ်သားများသည် ဟားခါးနဲ့ ၃၅မိုင်ခန့်ဝေးသည့် သီနမ်ရွာဖက်သို့ ဆက်လက်ထွက်ခွာကြပါတယ်။

ဟားခါး-ဂန့်ဂေါ်လမ်းတစ်လျှောက်ရှိ နီပီး၊ ဇိုခွား၊ ရွာဗန်၊ သီနမ်၊ မာလ်ဆောမ်နှင့် ဟရီယာန်‌၀ုန် ကျေးရွာသားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြပါတယ်။

"တစ်ချို့ ဟားခါးဖက်ကို ထွက်ပြေးလာကြပေမယ့် တောထဲမှာထွက်ပြေးတဲ့ လူတွေလည်းများတယ်" လို့ အထက်ပါ ရွာလူကြီးက ဆက်ပြောပါတယ်။

ဂန့်ဂေါ်ဖက်ကနေလည်း စကစအင်းအား ၂၅၀ ခန့် ဟားခါးဖက်ကို စစ်‌ကြောင်းချီတက်လာကြပြီး ဟားခါး-ဂန့်ဂေါ်ကြား တော်လှန်ရေးတပ်ဖွဲ့များကို နှစ်ဖက်ညှပ်တိုက်ခိုက်ရန် စကစက ပြင်‌ဆင်နေတယ်လို့ CDF နှင့်နီးစပ်သူ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

The Chin Journal
ပုံ - CDF တပ်ဖွဲ့၀င်များ

CNA စစ်ဆေးရေးဂိတ်ကို ZRA အလစ်အငိုက်၀င်ပစ်လို့ CNA ရဲဘော်တစ်ဦးကျ----------မနေ့ မတ်လ ၂၃ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့န...
24/03/2022

CNA စစ်ဆေးရေးဂိတ်ကို ZRA အလစ်အငိုက်၀င်ပစ်လို့ CNA ရဲဘော်တစ်ဦးကျ
----------
မနေ့ မတ်လ ၂၃ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်မတော် (CNA) စစ်ဆေးရေးဂိတ်တစ်ခုအား စစ်ကောင်စီနဲ့ပူးပေါင်းသည်ဟုစွပ်စွဲခံရသည့် ZRA လက်နက်ကိုင်က အလစ်အငိုက်၀င်ရောက် ပစ်ခတ်လို့ CNA ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း သိရပါတယ်။

"အဲစစ်ဆေးရေးဂိတ်က CNA က အသစ်ဖွင့်ထားတာဖြစ်တယ်။ ဂိတ်‌စောင့်ရဲဘော် ၂ယောက်လောက်သာရှိကြတယ်။ ZRA တွေက အလစ်အငိုက်လာပစ်တော့ တစ်ယောက်ကျတယ်၊ နောက်တစ်ယောက်တော့ လွတ်သွားတယ်" လို့ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကျဆုံးသွားတဲ့ CNA ရဲဘော်ဟာ ဆလိုင်တွမ်ပဲန်လျန်လို့ သိရပါတယ်။

ZRA သည် အိန္ဒိယနိုင်ငံ၊ မဏီပူပြည်နယ်တွင် ခြေကုတ်ယူထားတဲ့ ဇိုမီးလက်နက်ကိုင်ဖြစ်ပြီး တီးတိန်မြို့နယ်အတွင်းရှိ PDF စခန်းများအား ၀င်ရောက်စီးနင်း ဖျတ်ဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် စကစနဲ့ပူးပေါင်းသည့်လက်နက်ကိုင်လို့ စွပ်စွဲခံရပါတယ်။

ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားများကို ZRA's Eastern Command က ကိုင်တွယ်ကြောင်း ZRA ထောက်ခံတဲ့ Facebook Group နဲ့ Page များတွင် ရေးသားထားတာ တွေ့ရပါတယ်။

- The Chin Journal

ဟားခါးမြို့ နေအိမ် ၂လုံး ထပ်မံချိတ်ပိတ်ခံရ------------ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မနေ့ မတ်လ ၂၂ ရက်နေ့က စကစက လူနေအိမ် ၂...
23/03/2022

ဟားခါးမြို့ နေအိမ် ၂လုံး ထပ်မံချိတ်ပိတ်ခံရ
------------
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မနေ့ မတ်လ ၂၂ ရက်နေ့က စကစက လူနေအိမ် ၂လုံး ထပ်မံချိတ်ပိတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြည်တော်သာရပ်ကွက်ရှိ နေအိမ်တစ်လုံးနဲ့ ဈေးသစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

မတ်လ ၂၁ ရက်ကလည်း ဟားခါးမြို့ ဈေးဟောင်းရပ်ကွက်ရှိ လူနေအိမ် ၂လုံးကို စကစတပ်က ချိတ်ပိတ်ခဲ့သည်။

: https://twitter.com/thechinjournal
The Chin Journal

ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် ၃ဦးတိုက်ပွဲတွင် ကျဆုံးဟု CNF ထုတ်ပြန်
22/03/2022

ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် ၃ဦးတိုက်ပွဲတွင် ကျဆုံးဟု CNF ထုတ်ပြန်

ဟားခါးမြို့တွင် စကစတပ်က အိမ်ရှင်များကိုနှင်ထုတ်ပြီး လူနေအိမ် ၂လုံးချိတ်ပိတ်-----------မနေ့ မတ် ၂၁ ရက်နေ့က ဟားခါးမြို့၊ ဈ...
22/03/2022

ဟားခါးမြို့တွင် စကစတပ်က အိမ်ရှင်များကိုနှင်ထုတ်ပြီး လူနေအိမ် ၂လုံးချိတ်ပိတ်
-----------
မနေ့ မတ် ၂၁ ရက်နေ့က ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်နေ မိသားစု ၂စုအား စကစများက နေအိမ်ကနေ နှင်ထုတ်ပြီး ၎င်းတို့ရဲ့နေအိမ်များကို ချိတ်ပိတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

"သူတို့ပစ္စည်းတွေကို သယ်ထုတ်ခိုင်းပြီးတော့ နေအိမ်ကနေနှင်ချတယ်၊ ပြီးတော့ အိမ်ကိုသော့ခတ်ပြီး ချိတ်ပိတ်လိုက်တယ်" လို့ ဟားခါးမြို့ခံတစ်ဦးကပြောသည်။

ချိတ်ပိတ်ခံရတဲ့ နေအိမ် ၂လုံးထဲတွင် ပြီးခဲ့တဲ့လက ဖမ်းဆီးခံရတဲ့ ဟားခါးလူငယ်တစ်ဦး၏ မိသားစုနေအိမ်လည်း ပါ၀င်ကြောင်းသိရရှိပါတယ်။

- The Chin Journal

18/03/2022

ဟားခါးမြို့နယ်၊ နီပီးကျေးရွာသား အားလုံးထွက်ပြေး
----------
မနေ့ မတ် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဟားခါးနဲ့ ၆မိုင်ခန့်ဝေးသည့် ဟားခါး-ဂန့်ဂေါ်ကားလမ်းမပေါ်ရှိ နီပီးကျေးရွာတွင် စကစတပ်ရောက်ရှိလာတာကြောင့် ရွားသားအားလုံး ထွက်ပြေးနေရကြောင်း သတင်းရရှိပါတယ်။

"မွန်းလွဲ ၂နာရီခန့်မှာ စစ်သားတွေရွာကိုရောက်ရှိလာကြတယ်။ ရွာသားအားလုံးတော့ထွက်ပြေးကြပြီ။ ပစ်ခတ်သံတွေလည်းကြားရတယ်။ ရွာက အိမ်ခြေ ၄၅ လောက်ရှိတယ်။ လူဦးရေ နှစ်ရာခန့် အကုန်လုံးထွက်ပြေးကြတယ်။ အခုလည်း စစ်သားတွေရွာအနီးမှာ ဆက်ရှိလို့ မပြန်ရဲကြသေးဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

- The Chin Journal

ချင်းဒေသကာကွယ်ရေး ရဲဘော် ၂ဦး ကျဆုံး---------ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CNDF တပ်ဖွဲ၀င် ၁ ဦးနဲ့ CDF-Hakha တပ်ဖွဲ့၀င် ၁ ဦး ကျ...
18/03/2022

ချင်းဒေသကာကွယ်ရေး ရဲဘော် ၂ဦး ကျဆုံး
---------
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CNDF တပ်ဖွဲ၀င် ၁ ဦးနဲ့ CDF-Hakha တပ်ဖွဲ့၀င် ၁ ဦး ကျဆုံးသွားကြောင်း သိရပါတယ်။

မနေ့ မတ် ၁၇ ရက်နေ့ကဖြစ်ပွားတဲ့ တိုက်ပွဲတွင် CDF-Hakha ရဲဘော် ဆလိုင်းဇာဗျက် (၂၂) ကျဆုံးခဲ့ပြီး မတ် ၁၄ရက်နေ့က စကစတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ CNDF ရဲဘော် ငွန်ဟရိန်မှုန် (၄၅)ရဲ့ ရုပ်အလောင်းအား ယနေ့ မတ် ၁၈ရက်နေ့တွင် တွေ့ရှိခဲ့ပါတယ်။

ဟားခါးမြို့နယ်ရှိ CDF-Senthang နှင့် CDF-Mindat မဟာမိတ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာ
18/03/2022

ဟားခါးမြို့နယ်ရှိ CDF-Senthang နှင့် CDF-Mindat မဟာမိတ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာ

မြန်မာစစ်ဘေးရှောင်တွေ ကူညီရန်နိုင်ရန်အတွက် မီဇိုရမ်၊ အိုင်ဇောလ်မြို့တွင် မြန်မာအစားအစာဖြင့် ရန်ပုံငွေရှာဈေးရောင်းပွဲကို ...
18/03/2022

မြန်မာစစ်ဘေးရှောင်တွေ ကူညီရန်နိုင်ရန်အတွက် မီဇိုရမ်၊ အိုင်ဇောလ်မြို့တွင် မြန်မာအစားအစာဖြင့် ရန်ပုံငွေရှာဈေးရောင်းပွဲကို ဒီကနေ့တွင် ကျင်းပပါတယ်။

Photo - Youth for Myanmar

Address

Haka
03011

Telephone

+919233553743

Website

Alerts

Be the first to know and let us send you an email when Chin News Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chin News Journal:

Share

CHIN NEWS JOURNAL

ပြည်တွင်းပြည်ပချင်းသတင်းများနှင့် မြန်မာနဲ့ ပက်သက်တဲ့နိုင်ငံတကာသတင်းများ အချိန်နဲ့တစ်ပြေးညီ နေ့စဉ်ဖတ်ရှုနိုင်ရန် The Chin Journal မှ ဤ Chin News Journal မြန်မာ Page ကိုတရားဝင်ဖွင့်လှစ်ခြင်းဖြစ်သည်။

CNJ is the official Burmese Version Page of The Chin Journal (TCJ), owned and run by Tilim News Agency.

The Chin Journal (TCJ) is one of the leading online news media outlets among Chin people in Myanmar and abroad. It operates under Tilim News Agency with registered identification No. 00095 of Myanmar’s Ministry of Information. The Chin Journal has both Chin and Burmese language versions, producing authentic and original local news while translating important international news for its readers.

Contact: