Multi Venture - Digital Marketing Solutions

Multi Venture - Digital Marketing Solutions Your all-in-one digital marketing services!

𝑴𝒆𝒅𝒊𝒂 𝑩𝒖𝒚𝒊𝒏𝒈 အကြောင်း 💁‍♂️👉 Media Buying ဆိုတာကတော့ Boosting လုပ်တယ်လို့ပဲ အလွယ်သိကြပါတယ်။👉 Digital Marketing terms တစ်ခ...
24/08/2023

𝑴𝒆𝒅𝒊𝒂 𝑩𝒖𝒚𝒊𝒏𝒈 အကြောင်း 💁‍♂️

👉 Media Buying ဆိုတာကတော့ Boosting လုပ်တယ်လို့ပဲ အလွယ်သိကြပါတယ်။
👉 Digital Marketing terms တစ်ခုအနေနဲ့ကတော့ Digital Channel တွေပေါ်မှာ ကိုယ့်ကြော်ငြာနေရာရအောင် ဝယ်ယူကြော်ငြာခြင်းဖြစ်ပါတယ်။
ဒီမှာကတော့ အလွယ်အနေနဲ့ Boost တယ်လို့ပဲ အလွယ်ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။

Media Buying ဆိုတာကို သိပြီးကြရင်တော့ Media Buying ကိစ္စတွေကို ဆောင်ရွက်တဲ့သူတွေကိုတော့ Media Buyer လို့ခေါ်ကြပါတယ်(ဒီမှာကတော့ Boost တဲ့ကောင်လေးလို့ ခေါ်ကြတာပေ့ါနော်) 😅
Media Buyer တွေကဘာလုပ်ရတာလဲဆိုရင် သတ်မှတ်ထားတဲ့ ကြော်ငြာအသုံးစရိတ်အပေါ်မှာ အထိရောက်ဆုံးဖြစ်ပြီးတော့ ရောင်းအားတက်လာအောင် တာဝန်ယူဆောင်ရွက်ပေးရပါတယ်။

Marketing အခြေခံတွေထဲကဖြစ်တဲ့ People ဆိုတဲ့ လူတွေရဲ့ ဝယ်ယူမှုအမူအကျင့်၊ ကြိုက်နှစ်သက်မှုနဲ့ အသက်အရွယ် အပိုင်းအခြားများ၊ Place ဆိုတဲ့ ကိုယ်ရောင်းချင်တဲ့ ကုန်ပစ္စည်းက Products လား Services လားအပေါ်မူတည်ပြီးတော့ ဘယ်နေရာတွေကို ပြန့်နှံ့ချင်လဲဆိုတာတွေရယ်အပေါ်မှာ အဓိကဆုံးဖြတ်ပြီးတော့ Media Buyer တစ်ယောက်တာဝန်ယူထားတဲ့ ကုန်ပစ္စည်းကို ဘယ်လို အထိရောက်ဆုံးပျံ့နှံ့စေမလဲနှင့် အများဆုံးရောင်းရအောင် Media Buyer တစ်ယောက်က Digital Channel တွေပေါ်မှာ အခကြေးငွေပေးပြီး ကြော်ငြာခြင်းလို့ပဲ အကြမ်းဖျင်းပြောပြပါရစေခင်ဗျာ။

✨ 𝐌𝐮𝐥𝐭𝐢 𝐕𝐞𝐧𝐭𝐮𝐫𝐞 ကနေ clients တွေရဲ့ products အပေါ်မူတည်ပြီး Media Buying Strategy တွေချမှတ်ပြီး အကောင်းဆုံးတွေဖြစ်အောင် ကြော်ငြာပေးနေကြောင်း ကိုလဲ တဖြတ်ကြော်ငြာဝင်ပါရစေခင်ဗျာ။

🙆‍♂️ အားလုံးလဲ မိမိရောင်းသမျှ ကုန်ပစ္စည်းတိုင်း အကောင်းဆုံး အမြတ်တွေနဲ့ရောင်းရပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။❤️

🙏အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
ကျွန်တော် Joey ပါ။



𝐀𝐜𝐜𝐨𝐮𝐧𝐭 တွေ ကိုယ်ရေးအချက်အလက်တွေ ဘာကြောင့် 𝐇𝐚𝐜𝐤 ခံရတာလဲ???Hack ခံရတဲ့ အကြောင်းကို စပြောမယ်ဆိုရင်တော့ အရင်ဆုံးတွေးမိတာကတေ...
23/07/2023

𝐀𝐜𝐜𝐨𝐮𝐧𝐭 တွေ ကိုယ်ရေးအချက်အလက်တွေ ဘာကြောင့် 𝐇𝐚𝐜𝐤 ခံရတာလဲ???

Hack ခံရတဲ့ အကြောင်းကို စပြောမယ်ဆိုရင်တော့ အရင်ဆုံးတွေးမိတာကတော့ Phishing အကြောင်းပါပဲ။ Phishing ဆိုတာကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင်တော့ ဖြားယောင်းခြင်းလို့ပြောပေမယ့် နည်းပညာအနေနဲ့ကျတော့ အတုအယောင်ပြုလုပ်ပြီးတော့ Targetရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူတာလို့ပဲ ပြောရင် အလွယ်သိကြမယ်ထင်ပါတယ်။
ဒါဆိုရင် Phishing ဘယ်နှမျိုးရှိတယ်ဆိုတာကို စပြီးကြည့်ကြည့်လိုက်ရအောင်။

𝐒𝐩𝐞𝐚𝐫 𝐩𝐡𝐢𝐬𝐡𝐢𝐧𝐠 (E-mail phishingလို့လဲခေါ်ကြပါတယ်။)

Spearing phishing ကတော့ Target ထားထားတဲ့ သူဆီကို နာမည်ကြီး social media, Bankအစရှိတဲ့ company nameအယောင်ဆောင်ပြီးတော့ E-mail ပေးပို့ပြီး Company Website အယောင်ဆောင်ထားတဲ့ Webpage အယောင်ဆောင်ပြီးတော့ ကိုယ်ရေးအချက်အလက်များကို ရယူခြင်းပဲဖြစ်ပါတယ်။ ဒီနည်းကတော့ တိုက်ခိုက်ခံရတဲ့ သူက ကိုယ့်ဆီရောက်တဲ့ E-mail ရဲ့ လိပ်စာ၊ စာအရေးအသား၊ Website အစစ်အမှန်ဟုတ်မဟုတ်ကို သတိထားစစ်ဆေးရင်တော့ ဒီနည်းနဲ့ တိုက်ခိုက်ခံရမှုကနေ ရှောင်ကျဥ်နိုင်ပါတယ်။

𝐇𝐓𝐓𝐏𝐒 𝐩𝐡𝐢𝐬𝐡𝐢𝐧𝐠

HTTPS phishing ကတော့ တိုက်ခိုက်သူက သင့်ရဲ့ social media ရဲ့ Inboxတစ်ခုခုကိုဖြစ်စေ၊ သင့်ဖုန်းနံပါတ်သို့ Messageပို့ပြီးဖြစ်စေ၊ E-mail ပို့ပြီးတော့ ဖြစ်စေ၊ သူရယူချင်တဲ့ အချက်အလက်ရဲ့ တရားဝင် website Link အား သင့်ထံပေးပို့ပြီးတော့ တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုကို ကာကွယ်ချင်တယ်ဆိုရင်တော့ ရောက်လာတဲ့ Website Link တွေကို သေချာပြန်စစ်ပြီးတော့ တရားဝင် Website လိပ်စာ ဟုတ်မဟုတ်ကိုစစ်ဆေးရင် ရှောင်ကျဥ်နိုင်မှာဖြစ်ပါတယ်။

Social Engineering
ဒါကတော့ ရှင်းပါတယ်။ သင့်ရဲ့ မိတ်ဆွေသားချင်း အယောင်ဆောင်ပြီးတော့ သင့်ဆီက ပိုက်ဆံချေးတာမျိုးဖြစ်စေ၊ လိုချင်တဲ့ အချက်အလက်တွေကို ရယူခြင်းပဲဖြစ်ပါတယ်။ ဒီမှာလဲဖြစ်နေကျ ပြသနာမျိုးလဲဖြစ်ပါတယ်။ လူကြီးမိဘတွေကို အများအားဖြင့် ဦးတည်တိုက်ခိုက်တာမျိုးပြုလုပ်တတ်ပါတယ်။

𝐀𝐧𝐠𝐥𝐞𝐫 𝐩𝐡𝐢𝐬𝐡𝐢𝐧𝐠

Angler phishing ကတော့ ဒီမှာ နာမည်ကြီးနေတဲ့ KBZ Pay ရဲ့ Customer Service Agent အနေနဲ့ အယောင်ဆောင်ကာ သင့်အကောင့် အချက်အလက်တွေကို ရယူပြီး သင့်ပိုင်ဆိုင်မှုတွေကို ရယူသွားခြင်းလို့ပဲ ဥပမာပေးလို့ရပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက အမျိုးမျိုး ပညာပေးလှုံ့ဆော်တာမျိုးတွေ ပြုလုပ်ပြီး ဒီလိုမျိုးတွေ မဖြစ်ရအောင် လူအကြားပျံ့နှံ့အောင် ဆောင်ရွက်နေကြလို့ သင်တို့လဲ လူကြီးမိဘ နီးစပ်ရာတွေကို ဝေမျှပေးခြင်းဖြင့် ဒီလိုလိမ်လည်တိုက်ခိုက်မှုတွေ မဖြစ်လာအောင် ရှောင်ကျဥ်နိုင်မှာပဲဖြစ်ပါတယ်။

𝐕𝐢𝐬𝐡𝐢𝐧𝐠 (𝐕𝐨𝐢𝐜𝐞 𝐩𝐡𝐢𝐬𝐡𝐢𝐧𝐠)

Voice phishing ဆိုတဲ့အတိုင်း Bank က သင့်ရဲ့ အချက်အလက်တွေကို မပြောရင် ဘဏ်အကောင့်ပိတ်မည် ဟုဖြစ်စေ၊ သင်မဲပေါက်ပါသည် ဆိုပြီးတော့ဖြစ်စေ ဖုန်းဖြင့် ဆက်သွယ်က သင့်ဆီမှ ငွေလိမ်ခြင်း၊ အချက်အလက်များရယူခြင်းပဲဖြစ်ပါသည်။
ဒီလိုမျိုးကနေ ကာကွယ်နိုင်ဖို့ကတော့ သင့်ဆီဆက်သွယ်လာသော Company ရဲ့ တရားဝင် ဖုန်းနံပါတ် လိပ်စာအား စုံစမ်းပြီး အဲ့မှမဟုတ်ပါက ယုံကြည်ပြီး လိုက်လံ လုပ်ဆောင်မှုမပြုပဲနဲ့ ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

𝐅𝐚𝐤𝐞 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐨𝐫 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐩𝐡𝐢𝐬𝐡𝐢𝐧𝐠

Fake software သို့ application တွေကို အသုံးပြုပြီး သင့်ရဲ့ ကွန်ပျူတာသို့ ဖုန်းထဲတွင်ရှိနေသော သင့်အချက်အလက်တွေကို ခိုးယူခြင်းပဲဖြစ်ပါတယ်။ ဒီလိုမျိုးကနေ ကာကွယ်နိုင်ဖို့အတွက်ကတော့ Computer Software များကို Official Website တွေကနေသာ Download ချ အသုံးပြုခြင်း၊ Phone, Tablet များဆိုရင်လဲ Official App Store များမှ သာ သုံးစွဲခြင်းဖြင့် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

ဒါတွေကတော့ Cyber Attacker တွေ၊ ဟာကာ(hacker)တွေ အသုံးပြုတတ်တဲ့ နည်းလမ်းတွေထဲက အများဆုံး အသုံးပြုတတ်တဲ့ နည်းလမ်းတွေဖြစ်ပြီးတော့ တိုက်ခိုက်တတ်တဲ့ နည်းလမ်း အစုံအလင်မဟုတ်သေးပါဘူး။ အပြည့်အစုံကို သိချင်ရင်တော့ ပိုစ့်အဆုံးမှာ Linkတစ်ခုထည့်ပေးထားပါမယ်။ သွားရောက်လေ့လာဖတ်ရှုလို့ရပါတယ်။

ခေါင်းစဥ်က Social Media Account တွေ Page တွေ ဘာကြောင့် Hackခံရတာလဲ? ဆိုပြီးတော့ Phishing အကြောင်းပဲရေးပြသွားရတာလဲ ဆိုတော့ ဒီနည်းလမ်းတွေက တိုက်ခိုက်သူတွေ အသုံးများဆုံးနည်းလမ်းတွေပဲဖြစ်လို့ပါ။ ဒီတွေကို သတိပြုလိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိရဲ့ Accountတွေ ကိုယ်ရေးအချက်လက်တွေနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမှုတဲ့ဘေးမှ ရှောင်ကျဥ်နိုင်ကြပါစေခင်ဗျာ။

နောက်ထပ်တစ်ပုဒ်အနေနဲ့ ဘာတွေကို သိထားရင် ဒီလိုတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်မလဲဆိုတာကို အတိုချုပ်လေးရေးပေးပါ့မယ်။

အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
ကျွန်တော် Joeyပါ။

Reference Link - https://us.norton.com/blog/online-scams/types-of-phishing

Digital Marketing Expert ဖြစ်လာဖို့ မသိမဖြစ်လိုအပ်တဲ့ အချက်(၇)ချက်ဒီနေ့ခေတ်လို Technologyကို အားပြုပြီး နေနေရတဲ့ ခေတ်မှာ...
27/02/2023

Digital Marketing Expert ဖြစ်လာဖို့ မသိမဖြစ်လိုအပ်တဲ့ အချက်(၇)ချက်

ဒီနေ့ခေတ်လို Technologyကို အားပြုပြီး နေနေရတဲ့ ခေတ်မှာ စွန့်ဦးတီထွင်သူတွေ၊ Marketerတွေဟာ Digital Marketing အကြောင်းကို သိဖို့ လိုအပ်လာပါပြီ။ Digital Marketing အလုပ်ဟာ သမရိုးကျ marketingပညာရပ်ကိုလဲ သိရန်လိုအပ်ပြီး ထပ်တိုးအနေနဲ့ Web Design, SEO (Search Engine Optimization), Social Media Marketing, Content Writingနဲ့ အခြားသောအရာများကိုပါသိရှိရန် လိုအပ်ပါတယ်။

သင့်ရဲ့ လုပ်ငန်းတွေအောင်မြင်နိုင်ဖို့အတွက် Digital Marketingနှင့်ပတ်သတ်တဲ့ ဗဟုသုတတွေကို သိရှိထားရန်လိုအပ်ပြီး Digital Marketingကျွမ်းကျင်သူကို ငှားရမ်း အသုံးပြုခြင်းတွေဟာ သမရိုးကျလုပ်ငန်းတွေကနေ သင့်ကိုကွဲထွက်နေစေမှာအမှန်ပါပဲ။
ဒါဆိုရင် ဒီနေ့မှာတော့ ဗဟုသုတအနေဖြင့် Digital Marketing Expertတစ်ယောက် ဖြစ်လာဖို့ ဘာတွေကိုအဓိကသိထားသင့်ထားသင့်လဲဆိုတာကို အချက်(၇)ချက်နဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁. Data Analytics (သတင်းအချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်း)
Data Analyticsဆိုတာ သင်ပစ်မှတ်ထားထားတဲ့ စျေးကွက်ထဲမှ စားသုံးသူရဲ့ ကြိုက်နှစ်သက်မှုများ၊ အမျိုးမျိုးသော အွန်လိုင်းမှ ရရှိထားတဲ့ အချက်အလက်များ၊ မတူညီသော Platformများစွာမှ သတင်းအချက်အလက်များကို စုဆောင်းပြီးတော့ ရရှိလာတဲ့ သတင်းအချက်အလက်များကိုခွဲခြမ်းစိတ်ဖြာပြီးတော့ ထိရောက်သော ဆုံးဖြတ်ချက်များကို ချနိုင်ရန် Digital Marketerတစ်ယောက်က သိရှိရန်လိုအပ်ပါတယ်။

၂. Content Creation (ထိမိသောContentများ ဖန်တီးခြင်း)
လုပ်ငန်းတစ်ခုက ကိုယ့်ရဲ့ Target Customerကို ကိုယ့်ဆီကဝယ်ယူစေရန် ထိရောက်တဲ့Contentများ ဖန်တီးနိုင်ခြင်းဟာလဲ Digital Marketingရဲ့ အသည်းနှလုံးဖြစ်ပါတယ်။ ခေတ်နောက်လိုက်ပြီး ခေတ်စားနေသော စကားလုံးများကို အသုံးပြုပြီး Content ဖန်တီးခြင်းကလဲ ကိုယ့်ရဲ့ Target Customerကို ကိုယ့်ထုတ်ကုန်ကို ဝယ်ယူလာစေနိုင်မှာအမှန်ပင်ဖြစ်သော်လဲ အမြဲတမ်းမရိုးသွားနိုင်တဲ့ Contentများဖန်တီးခြင်းကလဲ ကိုယ့်ရဲ့ Target Customerက ယခုပဲဖြစ်စေ၊ နောက်နှစ်များစွာကြာပြီးမှဖြစ်စေ၊ ကိုယ့်ထုတ်ကုန်ကို ဝယ်ယူစေနိုင်ဖို့ အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။

၃. SEO(Search Engine Optimization)
Search Engineလို့ ပြောရာမှာ Googleဟာလဲ အရေးပါအရာရောက်တဲ့ Search Engineတစ်ခုဖြစ်ပါတယ်။ အခုခေတ်ပိုင်းမှာ ChatGPTစတဲ့ AIအခြေပြု Online Programတွေဟာ ဒီအတိုင်းSearch Engineတွေထက် ကိုယ်အလိုရှိရာကို မေးမြန်းလိုက်သောအခါ Websiteများကို ဒီအတိုင်းပြရုံတင်မကပဲ ကိုယ့်ရဲ့ မေးမြန်းပုံပေါ်မူတည်ပြီး အခြားအရာများကိုပါ အကြံပြုပေးနိုင်သည် မှန်သော်လဲ SEOခေါ် Search Engine optimization နှင့်ကိုက်ညီတဲ့ မိမိရဲ့ Content, Keywords အစရှိတဲ့ အချက်အလက်များကို သေချာစွာရေးသားပြီး Onlineပေါ်လွှင့်တင်နိုင်မှသာ ဒီအချက်အလက်တွေကို Programများက ရယူ သုံးစွဲနိုင်ပြီးတော့ မိမိရဲ့ လုပ်ငန်းထုတ်ကုန်များကို Targeted Customerများမှ တွေ့မြင်စိတ်ဝင်စားပြီး ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

၄.CRM (Customer Relationship Management)
Customerတွေရဲ့ ကြိုက်နှစ်သက်မှု၊ ဘာတွေခေတ်စားနေလဲ သိရှိမှု ဒီလိုအရာတွေကို စောင့်ကြည့်ပြီး မိမိရဲ့ Customerတွေအကြိုက် Promotionများ Activityများပြုလုပ်ပေးနိုင်မှု၊ မိမိရဲ့ ထုတ်ကုန် အရည်အသွေးအား Customerများရဲ့ Feedbackများအပေါ်လိုက်၍ မြှင့်တင်နိုင်မှု စတဲ့ အချက်များကလဲ မိမိရဲ့ Brandကို Customerများ ယုံကြည်မှု ပိုမိုများပြားစေနိုင်လို့ Digital Marketerတွေ သိထား၊ကျွမ်းကျင်ထားရမယ့် အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။

၅. Communication Skills
Digital Marketerတစ်ယောက်ရဲ့ အရေးပါတဲ့ အရည်အချင်းတစ်ခုဟာလဲ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်းပဲဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်းဟုဆိုသော်လဲ မိမိရဲ့ Customerတွေ ဘာလိုအပ်လဲ သေချာသိခြင်း၊ မိမိမှာ Customer လိုအပ်သော ပစ္စည်းမရှိသော် Customerဘယ်နေရာမှာရှာနိုင်လဲဆိုတာကို အကြံပြုပေးနိုင်ခြင်း စတဲ့ စတဲ့ အချက်များကလဲ Customerကို မိမိရဲ့ ထုတ်ကုန်ကို မဝယ်သော်လည်း အခြားလိုအပ်သောသူကို မိမိဆီအား ကူညီညွှန်ပြပေးသွားခြင်းများဖြစ်ပေါ်စေနိုင်ပါတယ်။

၆. Social Media
Social Mediaဟာ အများပြည်သူသုံးစွဲနေတဲ့ သတင်းအချက်အလက်များကို မျှဝေမှုပြုသောနေရာဖြစ်သည်နှင့်အညီ Digital Marketerတွေဟာ Social Mediaကို ကြားခံအနေဖြင့်အသုံးပြုပြီး မိမိထုတ်ကုန်များကို စိတ်ဝင်စားစရာContent၊ Promotionအစီအစဥ်၊ အခကြေးငွေပေးပြီးကြေငြာခြင်းနှင့် Keywords, Hashtag # စတဲ့ အကြောင်းအရာများကို အသုံးပြုပြီး လူအများကြား ပြန့်နှံ့စေခြင်းဟာလဲ Digital Marketerတစ်ယောက်အတွက် အရေးပါတဲ့ ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။

၇. Basic Design Skill
စိတ်ဝင်စားစရာကောင်းတဲ့ Tagline, Designနှင့် အများနဲ့မတူ တမူထူးခြားနေတဲ့ ပုံလေးတွေနဲ့ Contentတစ်ပုဒ်ဟာ ဒီနေ့ခေတ်မှာ မိမိရဲ့ Customerတွေကို မိမိထုတ်ကုန်အား ဝယ်ယူစေနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ဒါကြောင်မို့ Digital Marketerတွေဟာ Softwareတစ်ချို့ဖြစ်တဲ့ Adobe Creative Suite (Photoshop, After Effects, illustrator, InDesign, etc), Canva, Inkscape စတဲ့ Softwareများရဲ့ အကြောင်းအရာကို အခြေခံ သိရှိထားခြင်း၊ အသုံးချနိုင်ခြင်းနှင့် Designနှင့်ပတ်သတ်သော Color Rulesများကို သိရှိထားခြင်းဟာလဲ Creative Designများကို Designerများနှင့်ပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုအဆင်ပြေစေတာမို့ ဒါတွေကိုသိထားခြင်းဟာလဲ ကောင်းမွန်တဲ့ Skillsတစ်ခုပဲဖြစ်ပါတယ်။

အထက်ပါဖော်ပြထားတဲ့ အချက်တွေကို သိရှိနားလည်ထားခြင်းဟာ မိမိ အထူးပြုလေ့လာနေတဲ့ Digital marketingကိစ္စရပ်များမှာ အများကြီးအထောက်အကူပြုနေမှာပဲဖြစ်ပါတယ်။
ဒါပေမယ့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုနှင့် skillsတွေဟာ သင်ယူရရှိနိုင်သော်လဲ ကမ္ဘာကြီးဟာ အမြဲရပ်မနေပဲ ရှေ့ဆက်ရွေ့လျားနေတာဖြစ်တာကြောင့် ဗဟုသုတနဲ့ trendsတွေဟာ အမြဲပြောင်းလဲနေတဖြစ်တာမို့ မိမိဘယ် နယ်ပယ်မှာပဲ လှုပ်ရှားနေပါစေ၊ လေ့လာခြင်းကို အဆုံးမသတ်ပဲ အမြဲတမ်း ခေတ်နှင့်အညီ တပြေးတည်း ဖြစ်အောင် လေ့လာနေဖို့ကို အကြံပြုလိုက်ပါတယ်။

Ref: Michaelpage
Written by: kzk

Social Media Marketing ဆိုတာကတော့ Digital Marketing နည်းဗျူဟာတွေထဲကမှ အချိန်တိုတိုအတွင်း လူအမြောက်အများဆီ ကိုယ်သိစေချင်တ...
20/02/2023

Social Media Marketing ဆိုတာကတော့ Digital Marketing နည်းဗျူဟာတွေထဲကမှ အချိန်တိုတိုအတွင်း လူအမြောက်အများဆီ ကိုယ်သိစေချင်တဲ့ အကြောင်းအရာတခုကို သတင်းအချက်အလက်ဝေမျှဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲကတခုပဲဖြစ်ပါတယ်။
သင်ဟာ Business တစ်ခုကိုလုပ်ကိုင်နေပြီး Social Media Marketing ကို အသုံးမပြုသေးဘူးဆိုရင်တော့ ကိုယ့်လုပ်ငန်းအတွက်တကယ်ကိုအသုံးဝင်တဲ့ ကြော်ငြာနည်းလမ်းတခုကို ဆုံးရှုံးမှာပါပဲဖြစ်ပါတယ်။
ဘာကြောင့် Social media marketing ကသင့်လုပ်ငန်းအတွက်အရေးကြီးလဲဆိုရင်တော့...

(1) Brand awareness ကိုပိုမိုတိုးတက်နိုင်ခြင်း။
91% ရာနှုန်းသော marketers တွေကိုယ်တိုင်လက်ခံတွေ့ရှိထားတာကတော့ သင်ဟာသင့်လုပ်ငန်းအတွက် တပတ်မှာနာရီအနည်းငယ်ပဲ social media မှာ ကြော်ငြာဖို့အတွက်အသုံးပြုမယ်ဆိုရင်တောင် ပုံမှန်ထက်သာလွန်တဲ့ brand visibility နဲ့ လူတွေရဲ့သတိပြုမှုကိုအလွယ်တကူရရှိနိုင်မှာပဲဖြစ်ပါတယ်။ Social media မှာ business page/account တခုပြုလုပ်ရတာက လွယ်ကူပြီးမိနစ်ပိုင်းသာကြာမှာဖြစ်ပြီး ကိုယ့်လုပ်ငန်းကို ကိုယ်စားပြုတဲ့ social media page တခုရှိနေတာက လူတွေအနေနဲ့ ကိုယ့်လုပ်ငန်းကိုစိတ်ဝင်စားမှုပိုရှိလာစေနိုင်ပြီး communicate လုပ်ရတာလဲ user experience အရပိုမိုလွယ်ကူမှာပဲဖြစ်ပါတယ်။

(2) Cost effective ဖြစ်ခြင်း။
Product/Service တခုခုကို ကြော်ငြာလုပ်လို့ရနည်းလမ်းတွေထဲမှာ social media သုံးပြီး advertising လုပ်တာက စျေးနှုန်းအားဖြင့်အသက်သာဆုံးနဲ့ အထိရောက်ဆုံးလို့တောင်ပြောလို့ရပါမယ်။ Page/Account တခုဖွင့်ဖို့ကို Platform အားလုံးနီးပါးမှာ Free လုပ်လို့ရတယ်ဆိုပေမယ့် Boost လုပ်တာမျိုး paid advertising လုပ်တော့မယ်ဆိုရင်တော့ အရင်ဆုံး amount နဲနဲချင်းဆီကစဖို့လဲအကြံပေးပါတယ်။ ပုံမှန် Billboard ကြီးတွေထောင်ပြီးကြော်ငြာသလို ပိုက်ဆံသိန်းရာချီသုံးစရာမလိုပဲ အချိန်အားဖြင့်လဲနဲနဲပေးရုံနဲ့ ကိုယ့် Product/Service တွေကိုရောင်းအားတက်ဖို့ အထောက်ကူပြုနိုင်မှာပဲဖြစ်ပါတယ်။

(3) ကိုယ့်ရဲ့Customersတွေကို ပိုပြီး engageလုပ်နိုင်ခြင်း။
Social media marketing နည်းကိုအသုံးပြုမယ်ဆိုရင်တော့ ကိုယ့် Product/Service ရဲ့ ပေးချင်တဲ့ Brand message တွေကို Customer တွေဆီကို ထိရောက်စွာချပြပေးလို့ရပါတယ်။ Customer တွေအနေနဲ့လဲ comments/inbox တို့ကတဆင့် သိချင်တဲ့ အကြောင်းရာတွေကို အချိန်မရွေးမေးလို့ရရုံသာမက market ထဲမှာ ကိုယ့် product/service ရဲ့လိုအပ်ချက်တွေကို Feedback အနေနဲ့ သိနိုင်ပြီး Improvement ရှိဖို့အတွက် ပြင်ဆင်နိုင်မှာပဲဖြစ်ပါတယ်။

(4) Brand loyalty ပိုမိုရရှိနိုင်ခြင်း။
Customer တွေအနေနဲ့ social media platforms တွေကို Business တခုရဲ့ service channels တွေလို့သတ်မှတ်ထားပြီး အဲ့ဒီ Business နဲ့ တိုက်ရိုက်ဆက်သွယ်လို့ရမယ့်နေရာတခုလို့လဲမြင်ကြပါတယ်။ ကိုယ့် Brand ကိုယုံကြည်မှုရှိစေဖို့ဆိုတာကလဲ Customer satisfaction ရှိစေတာနဲ့တိုက်ရိုက်ဆက်နွယ်နေပါတယ်။ အဲ့တော့ ကိုယ်က Social media ကိုအသုံးပြုပြီး ကိုယ့်လုပ်ငန်းနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို အမြဲတင်ပေးပြီးတော့ Customer တွေနဲ့ communicate လုပ်မယ်၊ နောက်ပြီး သူတို့ဆီကနေပြန်ပေးတဲ့ Feedback တွေကို နားထောင်ပေးပြီး လိုအပ်ချက်တွေကို ပြင်ဆင်ပေးနိုင်မယ်ဆိုရင် Customer satisfaction ရပြီး Brand Loyalty လဲတိုးတက်လာမှအသေအချာပါပဲ။

Multi Venture - Digital Marketing Solutionsဟာ ကျွမ်းကျင် အတွေ့အကြုံရှိတဲ့ Digital Marketing Expertsတွေနဲ့ ဖွဲ့စည်းထားပြီး လက်ရှိမှာလဲ နာမည်ကြီးBrandများ၊ ကျောင်းများစသည့် အမျိုးမျိုးသော လုပ်ငန်းပေါင်းစုံကို Digital Marketingနှင့် ပတ်သတ်သော ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။

လူကြီးမင်းတို့လဲ လုပ်ငန်းကြီးကြီးသေးသေး ကိုယ်သတ်မှတ်ထားသော Marketing Budgetနှင့်အညီ မိမိရဲ့ Brand Social Mediaမှာ အခြေခိုင်ခိုင်နဲ့ လည်ပတ်နေနိုင်အောင် Multi Venture - Digital Marketing Solutionsက တိုင်ပင်ဆွေးနွေး ကူညီမှုများပြုလုပ်ပေးလို့ Digitalခေတ်မှာ နောက်ကျမကျန်နေခဲ့အောင် အမြန်သာဆက်သွယ်လိုက်ပါတော့။

ယနေ့ခေတ်မှာ Digital Deviceတွေကို တစ်ကမ္ဘာလုံးနီးပါးအသုံးပြုလာကြပြီဖြစ်ပါတယ်။ အဲ့သလိုပဲ မြန်မာနိုင်ငံမှာလဲ Digital Platfo...
13/02/2023

ယနေ့ခေတ်မှာ Digital Deviceတွေကို တစ်ကမ္ဘာလုံးနီးပါးအသုံးပြုလာကြပြီဖြစ်ပါတယ်။ အဲ့သလိုပဲ မြန်မာနိုင်ငံမှာလဲ Digital Platformတွေဖြစ်တဲ့ Facebook, Instagram, YouTube, Tiktokစသဖြင့်တို့ကို တောချုံအုံကြားမကျန် အသုံးပြုနိုင်နေပြီပဲဖြစ်ပါတယ်။

ဒါ့ကြောင့် လုပ်ငန်းတစ်ခုကို စတင်ပြုလုပ်တော့မယ်ဆိုရင် လုပ်ငန်းရှင်များကလဲ Digital Patformပေါ်မှာ နောက်ကျကျန်မနေခဲ့ပဲနဲ့ မိမိရဲ့ ကုန်ပစ္စည်းကို လူအများသိရှိအောင် ကြော်ငြာတာမျိုးပြုလုပ်သင့်ပါတယ်။
မိမိလုပ်ငန်းက ဘယ်သူတွေကိုဦးတည်ကြော်ငြာသင့်တယ်။
ဘယ်သူတွေက မိမိလုပ်ငန်းကို စိတ်ဝင်စားကြမယ်။
ကြော်ငြာရင်တော့ အသုံးစရိတ်တစ်ခုရှိပေမယ့် အကုန်အကျအနည်းဆုံးဖြစ်အောင် ပြုလုပ်ရမယ်။

မိမိကုန်ပစ္စည်း လူအများကြားပေါက်သွားအောင် Creativeဖြစ်တဲ့ Content, Designတွေကို ဘယ်မှာပြုလုပ်ရမလြမသိဖြစ်နေရင်တော့
Multi Venture Digital Solutionနဲ့သာ လာရောက်တိုင်ပင်လိုက်ပါ။
အကောင်းဆုံးဖြစ်တဲ့ Contentနဲ့ Design, ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် မိမိရဲ့ Audienceကို အကောင်းဆုံးချပြနိုင်အောင် Multi Venture Digital Solutionက အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။

Branding နဲ့ Marketing လို့ပြောလိုက်ရင် တူမလိုလိုနဲ့ မတူတာလေးတွေကိုအားလုံးသိရအောင်ဝေမျှပေးလိုက်ပါတယ်။(1) Branding - ကိုယ...
08/02/2023

Branding နဲ့ Marketing လို့ပြောလိုက်ရင် တူမလိုလိုနဲ့ မတူတာလေးတွေကိုအားလုံးသိရအောင်ဝေမျှပေးလိုက်ပါတယ်။

(1) Branding - ကိုယ့် Company ရဲ့ အဓိက လုပ်ဆောင်တဲ့အရာတွေကိုယ်စားပြုပြီးဖော်ပြပေးပါတယ်။
Marketing - ကိုယ့်လုပ်ငန်းနဲ့ပတ်သတ်ပြီး သိစေချင်တဲ့ အရာတွေကို Channel အမျိုးမျိုးသုံးပြီး လူသိအောင်လုပ်တယ်။

(2) Branding - တစ်သမတ်တည်းချမတ်ထားတဲ့ အရာတခုဖြစ်ပါတယ်။
Marketing - နည်းလမ်းအမျိုးမျိုးအသုံးပြုပြီးလုပ်နိုင်တယ်။

(3) Branding - ကိုယ့်လုပ်ငန်း တည်ရှိနေသ၍ အမြဲတူတူရှိနေရမယ့်အရာမျိုးဖြစ်တယ်။
Marketing - နည်းဗျူဟာအမျိုးမျိုးတွေက တစ်သမက်တည်း မဟုတ်ပဲ အလျဥ်းသင့်သလို လုပ်ဆောင်ရတာမျိုးဖြစ်တယ်။

(4) Branding - ကိုယ့်လုပ်ငန်းကို လူတွေစိတ်ထဲမှာထင်ကျန်နေအောင်လုပ်နိုင်တယ်။
Marketing - လူတွေရဲ့လိုအပ်ချက်တွေကိုမြင်သာလာအောင်ပြပေးနိုင်တယ်။

(5) Branding - လူတွေရဲ့ အသိအမှတ်ခံပြုနိုင်ဖို့နဲ့ ယုံကည်မှုရရှိအောင်လုပ်တယ်။
Marketing - ရောင်းအားတက်ဖို့အထောက်အကူပြုတယ်။

(6) Brandingရဲ့ ဥပမာတွေကတော့ Core Values, Voice, Reputation, Brand Identity, Promise, Mission, Color, Design ဖြစ်ပြီးတော့
Marketingရဲ့ ဥပမာတွေကတော့ SEO, Inbound marketing, Video Production, Social Media, Social Ads, Content marketing တို့ပဲဖြစ်ပါတယ်။

အပြိုင်အဆိုင် တိုးတက်နေကြတဲ့ ယနေ့ခေတ်ကမ္ဘာကြီးထဲမှာ နောက်ကျမကျန်နေခဲ့ရအောင် အမှီလိုက်နေရချိန်မှာ တနိုင်တပိုင်စီးပွားရေးလ...
29/12/2022

အပြိုင်အဆိုင် တိုးတက်နေကြတဲ့ ယနေ့ခေတ်ကမ္ဘာကြီးထဲမှာ နောက်ကျမကျန်နေခဲ့ရအောင် အမှီလိုက်နေရချိန်မှာ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းဖြစ်ဖြစ်၊ လုပ်ငန်းအကြီးစားကြီးတွေဖြစ်ဖြစ် မိမိလုပ်ငန်း နာမည်နဲ့ website domain နဲ့ email addressလေးတော့ အနည်းဆုံးတော့ လိုအပ်နေမှာပါ။

MVကနေ လုံခြုံစိတ်ချရတဲ့ companyကိုယ်စားပြု website domainနဲ့ email addressတွေကို website ရေးဆွဲမှုမှစ အပြီးအစီးဆောင်ရွက်ပေးနေပါပြီ။
ပေးနိုင်တဲ့ ဝန်ဆောင်မှုများကိုတော့ အောက်မှာကြည့်ရှုလို့ရပါတယ်။
- Domain SSL
- Unlimited Email Account
- Location pin on Google Map
- Contact or Enquiry Form
- Responsive Design
- Compatible with all Browsers
- Basic SEO
- Connecting with Social Plugin (Facebook, Instagram, Twitter, LinkedIn)
- Lifetime Data Backup
ဈေးနှုန်း Packageအသေးစိတ်ကိုတော့ ပုံတွေထဲမှာ ကြည့်ရှုလို့ရပါတယ်။

*Classic Page* နဲ့ *Profile Page* ဘယ်လိုခွဲလို့ရလဲ? 🤔ကိုယ်က page admin မဟုတ်ပဲ Facebook user တစ်ယောက်အနေနဲ့ Page တခုက အရ...
22/12/2022

*Classic Page* နဲ့ *Profile Page* ဘယ်လိုခွဲလို့ရလဲ? 🤔

ကိုယ်က page admin မဟုတ်ပဲ Facebook user တစ်ယောက်အနေနဲ့ Page တခုက အရင်က Classic Page လား? ဒါမှမဟုတ် ခုနောက်ပိုင်းမှပြောင်းသွားတဲ့ New page experience (ခေါ်) Profile Page လားဆိုတာ ကိုယ်တိုင်ဘယ်လိုသိနိုင်မလဲဆိုရင်တော့...

👉 Page like လုပ်ရင် Classic Page ကတော့ ကိုယ့်မှာရှိနေတဲ့ ဘယ် Profile နဲ့ လုပ်မလဲမေးတယ်။ Profile pageကတော့ မမေးဘူး။လောလောဆယ် ကိုယ်သုံးနေတဲ့ personal accountဖြစ်ဖြစ် profile pageဖြစ်ဖြစ် ဒီတိုင်းlikeလုပ်လိုက်လို့ရတယ်။

👉 Page တခုရဲ့ Home feed ကို Scroll လုပ်တဲ့အခါ Classic page က ထစ်ထစ် ထစ်ထစ်ဖြစ်နေတတ်ပြီး Profile page တွေကတော့ smooth ဖြစ်ဖြစ်နဲ့အေးဆေးscrollလုပ်လို့ရတယ်။

ဒါကတော့အခုလက်ရှိကိုယ်တိုင်ကြုံတွေ့နေရတဲ့ User experience ပေါ်လိုက်ပြီး share လုပ်ပေးတာပဲဖြစ်ပါတယ်။ တခြားသတိမထားမိတဲ့ Changes လေးတွေလဲရှိနေဦးမှာပါ 🤗

Admin Team

MVရဲ့ Social Media Management Packagesများပဲဖြစ်ပါတယ်။🤩အသေးစိတ်ကိုတော့ Page Messengerမှ မေးမြန်းစုံစမ်းနိုင်ပါတယ်။📱 We p...
20/12/2022

MVရဲ့ Social Media Management Packagesများပဲဖြစ်ပါတယ်။🤩
အသေးစိတ်ကိုတော့ Page Messengerမှ မေးမြန်းစုံစမ်းနိုင်ပါတယ်။📱
We provide cost-effective 'Pricing Plans' for anyone!

𝗪𝗵𝗮𝘁 𝗶𝘀 𝗠𝘂𝗹𝘁𝗶 𝗩𝗲𝗻𝘁𝘂𝗿𝗲?𝗠𝘂𝗹𝘁𝗶 𝗩𝗲𝗻𝘁𝘂𝗿𝗲 ဟာ 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙢𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 𝙨𝙚𝙧𝙫𝙞𝙘𝙚 𝙨𝙤𝙡𝙪𝙩𝙞𝙤𝙣 တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းရှင်များ လိုအပ်တဲ့ Dig...
01/12/2022

𝗪𝗵𝗮𝘁 𝗶𝘀 𝗠𝘂𝗹𝘁𝗶 𝗩𝗲𝗻𝘁𝘂𝗿𝗲?

𝗠𝘂𝗹𝘁𝗶 𝗩𝗲𝗻𝘁𝘂𝗿𝗲 ဟာ 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙢𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 𝙨𝙚𝙧𝙫𝙞𝙘𝙚 𝙨𝙤𝙡𝙪𝙩𝙞𝙤𝙣 တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းရှင်များ လိုအပ်တဲ့ Digital marketing နှင့် ပတ်သတ်သော Service များကို အတွေ့အကြုံရင့်တဲ့ Digital Marketer များက ဝန်ဆောင်မှုပေးနေတဲ့ Digital marketing solution တစ်ခုဖြစ်ပါတယ်။

ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
-Social Media Management
-Ads Services
-Social Media Consulting
-Page Setup & Maintenance
-Messenger Chatbot Service
-Inbox/Comment Engagement
-Content Strategies & Planning
-Creative Design
-Copy writing & Content writing
-Translation
-Market Research & Analysis
-Reporting & Feedbacks တွေနဲ့ နောက်ထပ်နောက်ထပ် Service တွေလဲ ထပ်မံရရနိုင်ဦးမှာပါ။

နောက်နေ့တွေမှာ ဒီလို Service တွေကို ဘယ်လိုဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုပေးမယ်ဆိုတာ ထပ်မံကြေငြာပေးမှာမို့ pageကို followလေးလုပ်ပေးသွားပါဦး။

Address

Panita Yarma Kyaung Street
Hlaing
11051

Website

Alerts

Be the first to know and let us send you an email when Multi Venture - Digital Marketing Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share