Eipont Health & Beauty Center

Eipont Health & Beauty Center ကံဆင့်ကံမြင့်လာဘ်ပွင့်သဘာဝတရော်ခေါင်းလျှော်ရည်ပင်ရင်း🌿🌿
လက်လီလက်ကားနယ်အစုံပို့ပေးနေပါပြီ
လက်တွဲလိုသူ အားပေးလိုသူများ
CBမှဆက်သွယ်နိုင်ပါတယ်ရှင့်😊

29/11/2025
စိတ်ကို ကြည်လင်အောင်ထားပါ🍀🍀🍀🍀🍀🍀🍀🍀မိမိရဲ့စိတ်ကို  အတတ်နိုင်ဆုံး ကြည်လင်အောင်ထားပါ။ စိတ်ကြည်လင်နေရင် ကိုယ်ရဲ့အတွေးတွေ မှန်...
29/11/2025

စိတ်ကို ကြည်လင်အောင်ထားပါ
🍀🍀🍀🍀🍀🍀🍀🍀
မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်ထားပါ။
စိတ်ကြည်လင်နေရင် ကိုယ်ရဲ့အတွေးတွေ မှန်ကန်လာမယ် ။ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ ကောင်းလာမယ် ။ အခက်အခဲတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းလာနိုင်မယ် ။ ဒါတွေဟာ စိတ်ကြည်လင်နေခြင်းရဲ့ အကျိုးတွေပဲ ဖြစ်ပါတယ် ။

လူတစ်ယောက် စိတ်တွေရှုပ်ထွေးနေမယ် ။ စိတ်တွေမွန်းကျပ်နေတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဖြေးရှင်းဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေ ရရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် မိမိကြုံတွေ့နေရတဲ့အရာတွေကို ခဏလေးမေ့ထားပြီးတော့ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် အရင်ကြိုးစားလိုက်ပါ ။

ဘယ်အရာကိုမှ စိတ်ထဲနှစ်ပြီးတော့ အရမ်းကြီးခံစားမနေလိုက်ပါနဲ့ ။ ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောတွေရှိနေတဲ့အတွက်ကြောင့် မိမိရဲ့စိတ်ကို အပင်ပန်းခံပြီးတော့ ရင်ထဲမှာ ခံစားမနေလိုက်ပါနဲ့နော် ။

မိမိရဲ့စိတ်တွေ အေးချမ်းပျော်ရွှင်စေဖို့ ။ မိမိရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ဖို့ဆိုရင် မိမိရဲ့စိတ်ကို
အတတ်နိုင်ဆုံး ကြည်လင်နေအောင် ထားရပါမယ် ။ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် မထားနိုင်ရင်တော့ လုပ်ဆောင်မှုတွေဟာ အလွဲလွဲအချော်ချော်တွေပဲ ဖြစ်လာပါလိမ့်မယ် ။မိမိရဲ့ဘဝမှာ အရာအားလုံး အကောင်းဆုံးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မိမိရဲ့စိတ်ကို
အရင်ဆုံးကြည်လင်အောင်ထားပါ ။

📖တန်ဖိုးထားတဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ 📖
✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

#မေတ္တာဖြင့် Htun-စာပေ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

မိတ်ဆွေ ..မုန်းသောသူနှင့် အချိန်ကိုမဖြုန်းပါနဲ့။ချစ်ခင်သောသူနှင့် ရှေ့ကိုဆက်ပါ။ဖောက်လဲဖောက်ပြန်တတ်သူနှင့် အချိန်ကိုမဖြုန...
29/11/2025

မိတ်ဆွေ ..
မုန်းသောသူနှင့် အချိန်ကိုမဖြုန်းပါနဲ့။
ချစ်ခင်သောသူနှင့် ရှေ့ကိုဆက်ပါ။

ဖောက်လဲဖောက်ပြန်တတ်သူနှင့် အချိန်ကိုမဖြုန်းပါနဲ့။
သစ္စာရှိသောသူနှင့်သာ ရှင်သန်တတ်ပါစေ။

လူလိမ်လူညာနှင့် အချိန်မဖြုန်းပါနဲ့။
ရိုးသားဖြောင့်မတ်သူနှင့်သာ ဆက်သွားပါ။

အဆင်မပြေသူနှင့် အချိန်မဖြုန်းပါနဲ့။
တန်ဖိုးကိုသိတတ်သူနှင့်သာ ဆက်သွားပါ။

စရိုက်ခြင်းမတူသူနှင့် အချိန်မဖြုန်းပါနဲ့။
စရိုက်ခြင်းတူ စိတ်တူကိုယ်တူနှင့်သာ ပေါင်းသင်းပါ။

အကုသိုလ်များသူနှင့် အချိန်မဖြုန်းပါနဲ့။
ကုသိုလ်တွေပွါးနေသူနှင့်သာ ဆက်သွားပါ။

တစ်ဘဝအတွက် အလုပ်မလုပ်ပါနဲ့။
တစ်သံသရာလုံးအတွက် ငဲ့ပြီးလုပ်ပါ။

ချမ်းသာချင်လို့ မလုပ်ပါနဲ့။
သံသရာမှ လွတ်မြောက်ချင်စိတ်နှင့် လုပ်ပါ။

စာတတ်ပြီး ပညာမတတ်တဲ့ ပြဿနာကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ တွေ့ဖူးလား?စာမေးပွဲမှာ ဂုဏ်ထူးတွေ တသီတတန်းကြီးနဲ့...
29/11/2025

စာတတ်ပြီး ပညာမတတ်တဲ့ ပြဿနာ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေ တွေ့ဖူးလား?
စာမေးပွဲမှာ ဂုဏ်ထူးတွေ တသီတတန်းကြီးနဲ့ အောင်တယ်။ ဘွဲ့တွေ ရထားတယ်။ ဒါပေမဲ့...
လက်တွေ့ အလုပ်ခွင်ထဲရောက်ရင် လူမှုရေး မပေါင်းသင်းတတ်ဘူး၊ ပြဿနာတစ်ခုတက်လာရင် ကိုယ်တိုင် မဆုံးဖြတ်ရဲဘူး၊ စာအုပ်ထဲက အတိုင်းမဟုတ်ရင် ဘာမှ ရှေ့ဆက်မလုပ်တတ်ဘူး။

ဒါကို ရှေးလူကြီးတွေက "စာတတ်ပေမယ့် ပညာမတတ်ဘူး" လို့ ပြောလေ့ရှိပါတယ်။ ဒီနှစ်ခုက တခြားစီပါပဲ။

၁။ "စာတတ်တယ်" ဆိုတာ ဘာလဲ?

🔹စာတတ်တယ် (Literacy/Knowledge) ဆိုတာ အချက်အလက်တွေကို သိတာပါ။

🔹စာအုပ်ဖတ်လို့ရတယ်။

🔹စာမေးပွဲမှာ မေးခွန်းမေးရင် အလွတ်ကျက်ထားတဲ့အတိုင်း ပြန်ဖြေနိုင်တယ်။

🔹ဘွဲ့လက်မှတ် ရယူနိုင်တယ်။
ဒါက "Memory" အပေါ်မှာ အခြေခံပါတယ်။

၂။ "ပညာတတ်တယ်" ဆိုတာ ဘာလဲ?

ပညာတတ်တယ် (Education/Wisdom) ဆိုတာ သိထားတဲ့ အချက်အလက်တွေကို အသုံးချတတ်တာပါ။

🔹အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တယ်။
🔹စာအုပ်ထဲမှာ မပါတဲ့ ပြဿနာတွေ ကြုံလာရင် ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားဖြေရှင်းနိုင်တယ်။
🔹ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်တယ်။

ဒါက "Thinking" (တွေးခေါ်မှု) နဲ့ "Behavior" (အကျင့်စာရိတ္တ) အပေါ်မှာ အခြေခံပါတယ်။

၃။ ကျွန်တော်တို့ ဘာလို့ ဒီပြဿနာ ကြုံနေရတာလဲ?

အဓိကကတော့ ကျွန်တော်တို့ရဲ့ "ကြက်တူရွေး နှုတ်တိုက် ပညာရေးစနစ်" ကြောင့်ပါပဲ။ ငယ်ငယ်ကတည်းက "ဆရာပြောတာ အမှန်၊ စာအုပ်ထဲကအတိုင်း ဖြေမှ အမှတ်ရမယ်" ဆိုပြီး သင်လာရတော့ ကလေးတွေက စဉ်းစားဖို့ မေ့သွားကြတယ်။

ဘွဲ့ရလာတဲ့အခါ "ငါ ဘွဲ့ရပြီ၊ ငါ အကုန်သိပြီ" ဆိုတဲ့ မာန (Ego) က ဝင်လာတယ်။ တကယ်တမ်း လုပ်ငန်းခွင်က လိုအပ်တာက ဘွဲ့လက်မှတ်ထက် "လုပ်ကိုင်နိုင်စွမ်း (Ability)" နဲ့ "စိတ်ဓာတ် (Attitude)" ဖြစ်နေတာကို သတိမထားမိကြဘူး။

၄။ ဘယ်လို ပြောင်းလဲကြမလဲ?

ဒီစာကို ဖတ်နေတဲ့ မိတ်ဆွေ...

စာအုပ်ထဲက စာတွေကို "ခေါင်းထဲ ထည့်ရုံ" မလုပ်ပါနဲ့။ "ခေါင်းထဲ ထည့်ပြီး ချက်လုပ်ပါ"။

ဘွဲ့လက်မှတ်တစ်ခုရဖို့ထက်၊ Skill (ကျွမ်းကျင်မှု) တစ်ခုရဖို့ အားထုတ်ပါ။

စာမေးပွဲ အမှတ်များဖို့ထက်၊ လူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲ ဆိုတာကို လေ့လာပါ။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက...
စာတတ်ရုံသက်သက်ကတော့ ကွန်ပျူတာ Hard Disk ထဲမှာ ဖိုင်တွေ သိမ်းထားသလိုပါပဲ။ အဲဒီဖိုင်တွေကို ဖွင့်ပြီး အလုပ်လုပ်တတ်မှ၊ ပြဿနာတွေကို ဖြေရှင်းတတ်မှသာ လူ့တန်ဖိုးရှိတဲ့ "ပညာတတ်" စစ်စစ် ဖြစ်လာမှာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။
"ငါက စာတတ်တဲ့သူလား... ပညာတတ်တဲ့သူလား?"

ကိုယ့်ရဲ့ တန်ဖိုးကို ဆွဲချနေတဲ့ အမူအကျင့် ၇ ခု၁ ။ ဖြစ်သလို နေထိုင်ခြင်း၂ ။ ကိုယ့်ရဲ့ အားနည်းချက်ကို လူတိုင်းကို        လ...
29/11/2025

ကိုယ့်ရဲ့ တန်ဖိုးကို ဆွဲချနေတဲ့ အမူအကျင့် ၇ ခု

၁ ။ ဖြစ်သလို နေထိုင်ခြင်း

၂ ။ ကိုယ့်ရဲ့ အားနည်းချက်ကို လူတိုင်းကို
လိုက်ပြောမိနေခြင်း

၃ ။ အတိတ်ကနေ ရုန်းထွက်ဖို့ မကြိုးစားခြင်း

၄ ။ လူတိုင်းအပေါ် အားနာပြီး အရာရာ
လိုက်လျောမိနေခြင်း

၅ ။ ကိစ္စအသေးအမွှားတွေ အပေါ် အမြဲ
လိုက်ခံစားနေတတ်ခြင်း

၆ ။ ကိုယ့်ရဲ့ အနာဂတ်အစီအစဥ်နဲ့
အကြံဥာဏ်တွေကို အမြဲထုတ်ပြောမိနေခြင်း

၇ ။ လူတွေကို အလွယ်တကူ ယုံကြည်တတ်ခြင်း

သင့်ဆီမှာ ဒီအချက်တွေ ဖြစ်နေရင် အမြန်ဆုံး ပြုပြင်ဖို့ ကြိုးစားလိုက်ပါ။

Credit

29/11/2025

ပတ်ဝန်းကျင်တစ်ခုမှာ ရက်ပေါင်း (၄၀) နေရုံနဲ့ သင်လည်းအဲ့ဒီပတ်ဝန်းကျင်ထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်တဲ့

ဆိုလိုချင်တာက သင်ရဲ့ဘဝ အောင်မြင်ခြင်း ကျရှုံးခြင်းတွေဟာ သင့်ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ အများကြီးပါဝင်နေတယ်ဆိုတဲ့သဘောပါပဲ

သင်က အောင်မြင်ချင်လား အောင်မြင်နေတဲ့သူတွေအနားမှာနေ

ငွေရှာတော်ချင်လား ငွေရှာတော်တဲ့သူတွေအနားမှာနေ

စိတ်အေးချမ်းချင်လား စိတ်အေးချမ်းတဲ့သူတွေအနားမှာနေ

ကျန်းမာရေးကောင်းချင်လား ကျန်းမာရေးလိုက်စားတဲ့သူတွေအနားမှာနေ

အဲဒီ့သဘောတရားအတိုင်းပဲ သင်က ပျင်းရိတဲ့သူတွေအနားမှာနေရင် တဖြည်းဖြည်းပျင်းရိခြင်းကို နှစ်သက်လာမယ်

ငြီးတွားလွန်းတဲ့သူတွေအနားမှာနေရင် ငြီးတွားတတ်လာမယ်

ပူလောင်လွန်းတဲ့သူတွေအနားမှာနေရင် သင်ကိုယ်တိုင် ပူလောင်လာမယ်

သင့်ပတ်ဝန်းကျင်ပြောင်းလဲခြင်းက သင့်ဘဝကိုပြောင်းလဲစေတဲ့ အလွယ်ဆုံးနည်းတစ်ခုပါပဲ

ပလိုင်းပေါက်နဲ့ ဖား မကောက်ပါနဲ့အရမ်းကြိုက်တဲ့ စကားလေးရှိတယ်" သူဌေးက ဆင်းရဲသားလို နေတတ်ရင်လွယ်လွယ်နဲ့ မဆင်းရဲနိုင်သလို......
29/11/2025

ပလိုင်းပေါက်နဲ့ ဖား မကောက်ပါနဲ့

အရမ်းကြိုက်တဲ့ စကားလေးရှိတယ်
" သူဌေးက ဆင်းရဲသားလို နေတတ်ရင်
လွယ်လွယ်နဲ့ မဆင်းရဲနိုင်သလို.....

ဆင်းရဲသားက သူဌေးလို နေရင်တော့
ချမ်းသာဖို့ ခဲယဉ်းသွားနိုင်တယ်"

ဘဝမှာ လူအထင်ကြီးဖို့ မလိုပါဘူး။
အမှန်တကယ် အထိုင်ကျဖို့ပဲ လိုပါတယ်။

ချမ်းသာတဲ့သူတစ်ယောက် မဖြစ်သေးဘူးဆိုရင်
အရမ်းကြီး မလိုအပ်တဲ့
စျေးကြီးတဲ့ အသုံးအဆောင်တွေကို ရှောင်ပါ။

ပိုက်ဆံ အများကြီးရှာနိုင်ရင်တောင်
ချွေတာ စုဆောင်းခြင်း မရှိပြန်လျှင်လည်း
ပလိုင်းပေါက်နဲ့ ဖား ကောက်နေသလိုဖြစ်ပြီး
မကြီးပွားနိုင်တော့ဘူး။

လူကြီးသူမတွေ ပြောတတ်ကြတဲ့
" ရှိရင် မလွယ်နဲ့...မရှိရင် မလွယ်ဘူး" ဖြစ်တတ်တယ်။
ပိုက်ဆံရှိတဲ့အခါ ဘာမှ မစဉ်းစားတော့ပဲ
ဝယ်ချင်ရာဝယ် သုံးချင်ရာသုံးလုပ်မယ်ဆိုရင်
အရေးအကြောင်း မဖြစ်မနေလိုအပ်လာတဲ့အခါ
လက်ထဲမှာလည်းမရှိ ရှာလို့ကလည်းမလွယ်
ကျဉ်းထဲကြပ်ထဲ အခြေအနေမျိုး ရောက်ရှိသွားတတ်တယ်။

မရှိခင်မှာ ချွေတာပါ။
ရှိလာတဲ့အခါကျရင်လည်း စည်းကမ်းရှိပါ။
အရာရာကို စည်းနဲ့ကမ်းနဲ့ လုပ်ဆောင်သွားမယ်ဆိုရင်
အရမ်းကြီး မချမ်းသာရင်တောင်မှ
ပိုက်ဆံကြောင့် အခက်အခဲ မဖြစ်နိုင်တော့ဘူးပေါ့.........။

ကိုယ့်ဘာကိုယ်ပဲ ပျော်အောင်နေပါ။ သူများက ပျော်အောင်လုပ်ပေးတာကို မမျှော်လင့်ပါနဲ့။ကိုယ့်ရဲ့ ပျော်ရွှင်မှုက ကိုယ့်ရဲ့ စိတ်န...
29/11/2025

ကိုယ့်ဘာကိုယ်ပဲ ပျော်အောင်နေပါ။
သူများက ပျော်အောင်လုပ်ပေးတာကို မမျှော်လင့်ပါနဲ့။
ကိုယ့်ရဲ့ ပျော်ရွှင်မှုက ကိုယ့်ရဲ့ စိတ်နှလုံးအတွင်းက
ခံယူချက်တွေ ရှုထောင့်တွေ အမြင်တွေနဲ့ လက်ခံတတ်ခြင်းတို့အပေါ်မှာ မူတည်ပါတယ်။ 🌻✨⛰

Positive Power😊😊
29/11/2025

Positive Power😊😊

အောင်မြင်ချင်ရင် လူတစ်ယောက်မှာ ထူးခြားမှုတစ်ခုခုရှိရတယ်

ထူးခြားတယ်ဆိုတာ သူများနဲ့မတူတာ သာမန်လူတွေနဲ့မတူ ကွဲပြားနေတာကိုဆိုလိုတာပါ “အောင်မြင်နေတဲ့သူတွေကိုကြည့်လိုက် တခုခုတော့ တနေရာမှာ ထူးခြားကြတယ်”

အတွေးအခေါ်ထူးခြားတာလား လုပ်ရည်ကိုင်ရည်ထူးခြားတာလား နေပုံထိုင်ပုံထူးခြားတာလား အပြောအဆိုထူးခြားတာလား ကြည့်လိုက်တာနဲ့ ထင်ရှားတဲ့ ပုံစံမျိုးရှိတယ် ထူးခြားတဲ့ ပုံစံမျိုးရှိတယ် သာမန်လူတွေနဲ့မတူဘူး

သူတို့နဲ့ စကားပြောလိုက်ရင် Energy တခုခု အမြဲရတယ် တစ်ခါတစ်လေ သူတို့ပြောတာ နားမလည်ကြရင် လူတွေက “ပေါသလိုလိုကြောင်သလိုလို” ဘာတွေပြောနေမှန်းမသိဘူးထင်ရတယ်

တစ်ချို့အရာတွေက နားမလည်သေးရင် နားလည်ဖို့သိပ်ခက်တယ် ညာဏ်ထက်ဖို့လည်းလိုသေးတယ်

ညာဏ်ရည်ဆိုတာ လူတွေမှာ အမှားအမှန်ခွဲခြားဖို့ထည့်ထားတာ “နားလည်တတ်ဖို့ဆိုတာ Level လိုတယ် တကယ်က Level တစ်ခုကိုရောက်မှ လူဆိုတာ ခံစားနားလည်တတ်တာ.. အဲဒီတော့ ကိုယ့်ကိုနားမလည်တဲ့သူတွေကို လိုက်ရှင်းပြမနေပါနဲ့

ကိုယ် ဘာထူးခြားနေလဲ ကိုယ့်ကို အများကဘယ်လိုမြင်လဲ အသိမှတ်ပြုလဲ ဆိုတာ ကိုယ့်ရဲ့ Image တစ်ခုပဲ

“Positive Power” ကို အားကြီးအောင်လုပ်ပါ လူတိုင်းမှာ အားနည်းချက်အားသာချက်ဆိုတာရှိကြတယ် ကိုယ့်ရဲ့ အားသာတဲ့အချက် ထူးခြားမှုကိုသာ Power အကြီးကြီးဖြစ်အောင်လုပ်လိုက် အောင်မြင်လာပါလိမ့်မယ်

Dr.Kathryn
#အောင်မြင်ရေးအနှစ်သာရများ
#ဒေါက်တာကေသရီကျော်

🌿📚၁။ သင့်ရဲ့ "ဘာကြောင့်" (Your 'Why') ကို ပြတ်သားစွာ သိရှိပါ။🌐 လုပ်ငန်းရှင်ဘဝရဲ့ ပထမဆုံး စိန်ခေါ်မှုက ငွေကြေး မဟုတ်ပါဘူး...
29/11/2025

🌿📚၁။ သင့်ရဲ့ "ဘာကြောင့်" (Your 'Why') ကို ပြတ်သားစွာ သိရှိပါ။

🌐 လုပ်ငန်းရှင်ဘဝရဲ့ ပထမဆုံး စိန်ခေါ်မှုက ငွေကြေး မဟုတ်ပါဘူး။ စိတ်ဓာတ်ပါ။

🌐 ခင်ဗျာ ဘာကြောင့် ဒီလုပ်ငန်းကို လုပ် ချင်တာလဲ။

🌐 "ပိုက်ဆံရချင်လို့" ဆိုတာထက် ပိုခိုင်မာတဲ့ အကြောင်းပြချက် လိုပါတယ်။

🌐 ခင်ဗျာ ဖြေရှင်းပေးချင်တဲ့ ပြဿနာ တစ်ခုခု၊ ခင်ဗျာ ဖန်တီးချင်တဲ့ တန်ဖိုး တစ်ခုခု ရှိရပါမယ်။

🌿၂။ ဝန်ထမ်းစိတ်ဓာတ်မှ ပိုင်ရှင်စိတ်ဓာတ် (Mindset Shift)

🌐 ဝန်ထမ်းဘဝမှာ ခင်ဗျားဟာ သတ်မှတ်ထားတဲ့ တာဝန် (Task) ကို ပြီးမြောက်အောင် လုပ်ရပါတယ်။

🌐 လုပ်ငန်းရှင်ဘဝမှာတော့ ခင်ဗျားဟာ လုပ်ငန်းတစ်ခုလုံးရဲ့ ရလဒ် (Result) ကို တာဝန်ယူရမှာပါ။

🌐 ဘယ်သူမှ ခင်ဗျားကို အလုပ် လာမခိုင်းပါဘူး။

🌐 ကိုယ့်ကိုကိုယ် စီမံခန့်ခွဲနိုင်စွမ်း (Self-Discipline) အရေးကြီးဆုံး ဖြစ်လာပါလိမ့်မယ်။

🌿၃။ ဘဏ္ဍာရေးကို အသေအချာ ပြင်ဆင်ပါ (Financial Runway)

🌐 ဒါက အရမ်းလက်တွေ့ကျတဲ့ အချက်ပါ။

🌐 လုပ်ငန်းတစ်ခု စတင်ပြီး ချက်ချင်း အမြတ်ရဖို့ဆိုတာ မဖြစ်နိုင်သလောက် ရှားပါတယ်။

🌐 ဒါကြောင့် လုပ်ငန်းမစခင်မှာ... သင်နဲ့ သင့်မိသားစုအတွက် အနည်းဆုံး (၆) လ မှ ၁နှစ်အထိ ဝင်ငွေမရှိဘဲ နေနိုင်မယ့်၊ စုဆောင်ငွေ (Personal Emergency Fund) ရှိရပါမယ်။

🌐 လုပ်ငန်းအတွက် လုပ်ငန်းလည်ပတ်ဖို့ လိုအပ်မယ့် ၊ကုန်ကျစရိတ် (Startup Cost & Operating Cost)ကို သီးသန့်ပြင်ဆင် ထားရပါမယ်။

🌿၄။ သေးသေးလေး စတင်ပြီး ဈေးကွက်ကို စမ်းသပ်ပါ (Start Small & Validate)

🌐 ဝန်ထမ်းဘဝကနေ ကူးပြောင်းသူတွေ
အများဆုံး လုပ်မိတဲ့ အမှားက "အကြီး ကြီး" တွေးပြီး "အကြီးကြီး" စတာပါပဲ။

🌐 ရုံးခန်း အကောင်းစားတွေ၊ ဝန်ထမ်းတွေ အများကြီးနဲ့ မစပါနဲ့။

🌐 ခင်ဗျားရဲ့ Idea (ထုတ်ကုန်/ဝန်ဆောင်မှု) ကို တကယ် ဝယ်မယ့်သူ ရှိ၊ မရှိ အရင်စမ်းသပ်ပါ။

🌐 ဒါကို Minimum Viable Product (MVP) လို့ခေါ်ပါတယ်။

🌿၅။ "ရောင်း" တတ်အောင် သင်ယူပါ (Learn to Sell)

🌐 ခင်ဗျားဟာ ဘယ်လောက်တော်တဲ့ Engineer, Designer, Accountant ဖြစ်ဖြစ်၊ လုပ်ငန်းရှင် ဖြစ်ပြီဆိုတာနဲ့ ခင်ဗျားရဲ့ ပထမဆုံး အလုပ်က "အရောင်းသမား" ပါ။

🌐 ကိုယ့်ရဲ့ ထုတ်ကုန်ကို၊ ကိုယ့်ရဲ့ Vision ကို၊ကိုယ့်ရဲ့ Idea ကို ဝယ်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ နောက်ဆုံး ကိုယ့်ဝန်ထမ်းတွေကိုပါ "ရောင်း" ချတတ်ရပါမယ်။

🌿၆။ အလုပ်မထွက်သေးဘဲ စမ်းသပ်ပါ (Test While You Can)

🌐 ဖြစ်နိုင်ရင်၊ ခင်ဗျားရဲ့ လက်ရှိအလုပ်ကို ချက်ချင်း မထွက်လိုက်ပါနဲ့။

🌐 အားလပ်ချိန်တွေ (ညဘက်၊စနေ-တနင်္ဂနွေ) တွေမှာ ခင်ဗျားရဲ့ လုပ်ငန်း Idea ကို အသေးစား စမ်းသပ်ကြည့်ပါ။

🌐 ဖောက်သည် (Customer) ၁ ယောက်၊ ၂ ယောက် ရလာပြီ၊ ဝင်ငွေ့ ပုံမှန်လေး ဝင်လာပြီဆိုမှ အလုပ်ထွက်ဖို့ စဉ်းစားပါ။

🌿၇။ သင်မကျွမ်းကျင်တဲ့ အရာတွေကို အသိအမှတ်ပြုပါ (Acknowledge Your Weakness)

🌐 ခင်ဗျားဟာ အရာအားလုံးကို တတ်ကျွမ်းသူ မဟုတ်ပါဘူး။

🌐 ကိုယ်က Marketing ကျွမ်းကျင်ရင်၊ Finance (ငွေစာရင်း) အပိုင်းမှာ အားနည်း နိုင်ပါတယ်။

🌐 ကိုယ့်ရဲ့ အားနည်းချက်ကို သိရှိပြီး၊ အဲဒီ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မယ့်၊ မိတ်ဖက် (Partner)၊ အကြံပေး (Mentor) ဒါမှမဟုတ် ဝန်ထမ်း (Freelancer) ကို ရှာဖွေဖို့ ဝန်မလေးပါနဲ့။

🌿၈။ ကျရှုံးမှုကို သင်ခန်းစာအဖြစ် လက်ခံပါ (Embrace Failure)

🌐 လုပ်ငန်းရှင်ဘဝမှာ "ကျရှုံးခြင်း" ဆိုတာ မရှိသလောက်ပါပဲ။

🌐 သင်ခန်းစာ ရလိုက်ခြင်း" ပဲ ရှိပါတယ်။

🌐 ဝန်ထမ်းဘဝမှာ အမှားလုပ်မိရင် အဆူခံရ နိုင်ပေမယ့်၊လုပ်ငန်းရှင်ဘဝမှာ အမှားတိုင်း ပြန်လည် ပြင်ဆင်ခွင့်ရတဲ့ တန်ဖိုးရှိတဲ့ ဒေတာ (Data) တွေပါ။

🌐 မြန်မြန်မှား၊ မြန်မြန်သင်ယူ၊ မြန်မြန် ပြင်ဆင်ပါ။

🌿၉။ ခိုင်မာတဲ့ ကွန်ရက် (Network) တစ်ခု တည်ဆောက်ပါ။

🌐 ခင်ဗျား တစ်ယောက်တည်း ဒီခရီးကို သွား လို့မရပါဘူး။

🌐 လုပ်ငန်းရှင် အချင်းချင်း၊အတွေ့အကြုံရှိတဲ့ စီနီယာတွေ (Mentor)၊
နောက်ပြီး ခင်ဗျားကို စိတ်ဓာတ်ခွန်အား ပေးမယ့်၊ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုကွန်ရက် (Support System) ဟာ မရှိမဖြစ် လိုအပ်ပါတယ်။

🌿၁၀။ ဒါဟာ "မာရသွန်" ပါ၊ "မီတာ ၁၀၀” အပြေးပြိုင်ပွဲ မဟုတ်ပါ (It's a Marathon)

🌐 လုပ်ငန်းရှင်ဖြစ်ပြီဆိုတာနဲ့ ချက်ချင်း
အောင်မြင်ပြီး၊ ဇိမ်ကျကျ နေရမယ်လို့ မ
ထင်လိုက်ပါနဲ့။

🌐 ပထမဆုံး ၃ နှစ်ကနေ ၅ နှစ်ဟာ အပင်ပန်းဆုံး၊ အိပ်ရေးအပျက်ဆုံး အချိန်တွေ ဖြစ်ပါလိမ့်မယ်။

🌐 ဒါဟာ ရေတို စိတ်လှုပ်ရှားမှုနဲ့ လုပ်လို့ရတဲ့ အရာ မဟုတ်ဘဲ၊ ရေရှည် ဇွဲလုံ့လနဲ့ စိတ်ရှည်မှု (Patience) အများကြီး လိုအပ်တဲ့ ခရီးရှည်တစ်ခု ဖြစ်ပါတယ်။

🌐 "လုပ်ငန်းရှင်အိမ်မက်" ဟာ တကယ်ကို လှပပြီး ထိုက်တန်တဲ့ အိမ်မက်တစ်ခုပါ။

🌐 ဒါပေမယ့် ဒီအိမ်မက်ကို လက်တွေ့ဖြစ်လာဖို့ ကြိုးစားရတဲ့ ခရီးလမ်းကတော့ ချွေး၊ မျက်ရည်၊ အိပ်မပျက်တဲ့ ညတွေနဲ့ တည်ဆောက်ထားရပါတယ်။

🔖နိဂုံးချုပ်

🌐 ဝန်ထမ်းဘဝကနေ ကူးပြောင်းဖို့ စဉ်းစား နေသူတွေကို "စနစ်တကျ ကြိုတင်ပြင်ဆင်ပါ"။

🌐 အဆိုးဆုံးကို မျှော်လင့်ထားပါ"

✨ပြီးတော့ "ကိုယ့်ရဲ့ 'Why' ကို ဘယ်တော့မှ မမေ့ပါနဲ့"။🌿📚🔖
#လူငယ်များအတွက်ဗဟုသုတစာပေများ #ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ #ခွန်အားဖြစ်စေသောစာများ

Address

ဓမ္မသုခကျောင်းလမ်း
Hlaing
11211

Telephone

+959944944465

Website

Alerts

Be the first to know and let us send you an email when Eipont Health & Beauty Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share