Darbein News - DN

Darbein News - DN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Darbein News - DN, Media/News Company, Hlegu.

01/03/2024

ရန်ကုန်-ပဲခူးကားလမ်းဟောင်း တွင် စစ်ကောင်စီတပ်များ ဂိတ်ချစစ်ဆေးနေသော လှည်းကူး ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်၊ မတ် ၁

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ရန်ကုန်-ပဲခူးကားလမ်းဟောင်း တွင် စစ်ကောင်စီတပ်များ ဂိတ်ချစစ်ဆေးနေသော လှည်းကူး ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာ ဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် လှည်းကူးမြို့၊ ရန်ကုန်-ပဲခူးကားလမ်းဟောင်း ဇီးရိုးမိုင်တွင် ပြည်သူများကို ဒုက္ခပေါင်းစုံပေးငွေကောက်ခံနေသောစစ်သားများနှင့် ယာဉ်ထိန်းရဲများကို အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် Yangon Army (YA)တို့က ပူးပေါင်း၍ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ထိထိရောက်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများကို နည်းမျိုးစုံဖိနှိပ်နေသော စစ်ကောင်စီနှင့် ဒေါက်တိုင်များအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

လှည်းကူးမြို့မှ ပြည်သူတချို့ကမူ ရန်ကုန်-ပဲခူးကားလမ်းဟောင်း လှည်းကူးတိုးဂိတ်တွင် ညနေ ၄ နာရီ ၃၀ ကျော်အချိန် ဗုံးပေါက်ကွဲသံကြားရကြောင်း ပြောဆိုကြသည်။

ဓာတ်ပုံ- လှည်းကူး ဇီးရိုးမိုင် တိုးဂိတ်။(ပုံအဟောင်းဖြစ်ပါသည်။)

01/03/2024

သတင်းထုတ်ပြန်ချက်

လေယာဥ်ဆီသင်္ဘောကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်
၂၀၂၄ ခုနှစ်၊ မတ်လ (၁) ရက်နေ့

အကြမ်းဖက်စစ်ကောင်စီ၏ စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်များတွင် အသုံးပြုမည့် လေယာဥ်ဆီ သယ်ဆောင်လာသည့် လေယာဥ်ဆီတင် သင်္ဘောကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ ညနက်ပိုင်းတွင် ရန်ကုန် MEC ထီးတန်းဆိပ်ကမ်း၌ ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အတည် ပြုထုတ်ပြန်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

27/02/2024
🚨 စစ်ရေးသတင်းထုတ်ပြန်ချက် 🚨 ယမန်နေ့ (၂၇.၂.၂၀၂၄) ည(၉)နာရီကျော်အချိန်တွင် အင်းစိန် CID မှုခင်းရဲတပ်ဖွဲ့ရုံးအနီးတွင် မိုင်း...
27/02/2024

🚨 စစ်ရေးသတင်းထုတ်ပြန်ချက် 🚨
ယမန်နေ့ (၂၇.၂.၂၀၂၄) ည(၉)နာရီကျော်အချိန်တွင်
အင်းစိန် CID မှုခင်းရဲတပ်ဖွဲ့ရုံးအနီးတွင် မိုင်း ၂လုံးပေါက်ကွဲခဲ့ပြီး
အဆိုပါ ဖောက်ခွဲမှုကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့(ပကဖ) ရဲဘော်များမှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။
ယနေ့ (၂၈.၂.၂၀၂၄)ရက်နေ့တွင် အင်းစိန်ဆေးရုံ အဆောင်သစ်ဖွင့်ပွဲသို့ စစ်ကောင်စီမှ အကောင်ကြီးကြီး(၁)ကောင်
လာမည်ကြားသိရ၍ သတိပေး ခြိမ်းခြောက်တိုက်ခိုက်ခြင်း ဖြစ်သည်။
ပြည်သူကို အနိုင်ကျင့် စော်ကားမှုများ ရပ်တန်းကရပ်ရန် ထပ်မံသတိပေးအပ်သည်။
# ရန်ကုန်ကိုလုံးဝအုပ်ချုပ်ခွင့်မရစေရ
# ငါတို့မြို့ငါတို့ပိုင်တယ်
# အရေးတော်ပုံ အောင်ရမည်

မြောက်ပိုင်း-ခရိုင်
ပြည်သူ့ကာကွယ်ရေးအဖွဲ့
ရန်ကုန်တိုင်း

Feb 25..24ဒီည ဒါးပိန် တောင်နဲ့ မြောက် ပေါ်တာဆွဲမယ်လို့ သတင်းများထွက်နေ
25/02/2024

Feb 25..24
ဒီည ဒါးပိန် တောင်နဲ့ မြောက် ပေါ်တာဆွဲမယ်လို့ သတင်းများထွက်နေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့https://ift.tt/CodUXLgအမိန့်ကြ...
24/02/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့
https://ift.tt/CodUXLg
အမိန့်ကြော်ငြာ စာအမှတ်(၀၁/၂၀၂၄)

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်
၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်

အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းလုပ်ငန်းများတွင်
ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုရန်
တားမြစ်မိန့်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၃) ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ်(၁၃)၊ (၁၅)၊ (၁၆)တွင် ဖော်ပြထားသော အကြမ်းဖက်မှု ဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နှင်းရန်ရည်ရွယ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ
ဤအမိန့်ကို ထုတ်ပြန် ကြေညာလိုက်သည်။

၁။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရ၍ ပြည်သူများ
ကို အကြမ်းဖက်မှုများတွင် အတင်းအဓမ္မပါဝင်စေခိုင်းရန်နှင့် စစ်ပွဲများတွင် လူသားဒိုင်းများ
အဖြစ် စေခိုင်းရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အတည်ပြု အကောင်
အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၂။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်း
နေသည့် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဌာန်းခြင်း အာဏာတည်ခြင်း
ဆောင်ရွက်ရန် အခွင့်အာဏာမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။

၃။ အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ပြည်သူများကို
ပေါ်တာဆွဲခြင်း အတင်းအဓမ္မဖမ်းဆီးခြင်း စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း သင်တန်းပေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ
အကြမ်းဖက်မှုများကို ကျူးလွန်ရာရောက်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။

၅။ တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး
ဥပဒေနှင့်အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း
ကြေညာလိုက်သည်။

ဥက္ကဌ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့


💥 စစ်ရေးသတင်းထုတ်ပြန်ချက် 💥  ယနေ့ ဖေဖော်ဝါရီလ (၂၄)ရက်  ည (၈)နာရီမှ စတင်၍ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အတွင်း မိုင်း ၄လုံ...
24/02/2024

💥 စစ်ရေးသတင်းထုတ်ပြန်ချက် 💥
ယနေ့ ဖေဖော်ဝါရီလ (၂၄)ရက် ည (၈)နာရီမှ စတင်၍ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အတွင်း မိုင်း ၄လုံး ပေါက်ကွဲခဲ့ပါသည်။ ပေါက်ကွဲသည့် နေရာများမှာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရှိ
💥 (၈း၀၀)နာရီအချိန်တွင် ၁၅ရက်ကွက်အုပ်ချုပ်ရေးမှူးရုံး
💥 (၈း၀၅)နာရီအချိန်တွင် ၅ထိပ်ပေါင်းကူးတံတားအနီး ပျူစောထီးများ အစစ်အဆေး လုပ်သော နေရာ
💥 (၈း၀၈)နာရီအချိန်တွင် ၃ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
💥 (၈း၁၀)နာရီအချိန်တွင် ၁ထိပ် ဘန်ကာအနီး ပျူစောထီးများစုဝေးရာ နေရာ
တို့တွင် အသီးသီး ပေါက်ကွဲခဲ့ပြီး ထိုတိုက်ခိုက်မှုကို မြောက်ပိုင်းခရိုင် ပကဖ ရဲဘော်များမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
စစ်ကောင်စီ အကြိုက် ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေသော အုပ်ချုပ်ရေးအဖွဲ့များ၊ ပျူစောထီး နှင့် စစ်ကောင်စီလက်ပါးစေများ အနေဖြင့် ရပ်တန်းမှရပ်ရန် ရပ်တန့်မှူမရှိပဲ ပြည်သူများကို ဆက်လက်ဒုက္ခပေးနေပါက အရေးယူ တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးအပ်ပါသည်။

မြောက်ပိုင်း-ခရိုင်
ပြည်သူ့ကာကွယ်ရေးအဖွဲ့
ရန်ကုန်တိုင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေငြာချက်အမှတ်(၂ /၂၀၂၄)...
19/02/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
ထုတ်ပြန်ကြေငြာချက်အမှတ်(၂ /၂၀၂၄)
၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်
(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်)
အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်
================================
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြုလျက် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် ကြေညာချက် အား အောက်ပါ အတိုင်းထုတ်ပြန်အပ်ပါသည်။
ချိုးဖောက်မှုများအား တိုင်ကြားနိုင်ရန် နည်းလည်းများအနေဖြင့် အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/ ကို ဖွင့်လှစ်ထားရှိ၍ လည်းကောင်း၊ link မှတဆင့် တိုင်ကြားရန် အခက်အခဲရှိသော ပြည်သူများအနေဖြင့် အောက်တွင် ပူးတွဲပါရှိသော နမူနာ တိုင်ကြားစာပါ အချက်အလက်များကို ဖြည့်စွက်၍ ဝန်ကြီးဌာန social media channel များ မှတဆင့်လည်းကောင်း တိုင်ကြားမှု လွယ်ကူ အဆင်ပြေစေရန် ပြင်ဆင်ထားရှိပါသည်။
တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို ဦးတည်လျက်
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ





#ပေါ်တာ
#စစ်မှုထမ်းဥပဒေ

Breaking News- ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများအားလုံး၏ စာရင်းကို ...
18/02/2024

Breaking News- ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများအားလုံး၏ စာရင်းကို ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်

■ လာမည့် ရှေ့ ၃ နှစ်အထိ အလှည့်ကျ စစ်မှုထမ်းဆောင်ရမည့် Non-CDM ဝန်ထမ်းများ၏ စာရင်းပါ အသေးစိတ် ကြိုတင်ပြင်ဆင်ခိုင်းနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံး ဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ စာရင်းတောင်းခံလျက်ရှိရာ ရန်ကုန်တိုင်းအတွင်းမှ Non-CDM ဝန်ထမ်းများ၏ စာရင်းကို ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဝန်ထမ်းဦးရေ စာရင်းချုပ်ကိုလည်းကောင်း၊ အသေးစိတ် စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင်လည်ကောင်း အချိန်မီ စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထားသည်။

ထို့ပြင် လာမည့် ၂၀၂၅ ၊ ၂၀၂၆ ၊ ၂၀၂၇ ခုနှစ်တွင် စစ်မှုထမ်းရမည့် Non-CDM ဝန်ထမ်းများစာရင်းကိုပါ အသေးစိတ် ထပ်မံပြုစုရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

(ရန်ကုန်ခေတ်သစ်၏ စစ်ဘက်ဆိုင်ရာ ဖရဲသီးနှင့်သက်ဆိုင်သော လုံခြုံရေးအတွက် ရုံးစာအမှတ်များ၊ သင်္ကေတများကို ဖျက်ထားရပါသည်။)
CRD # Khit Thit Media

တောင်ပိုင်းစစ်ဒေသထုတ်ပြန်ချက်
18/02/2024

တောင်ပိုင်းစစ်ဒေသထုတ်ပြန်ချက်

15/02/2024

တပ်သားသစ်လျှောက်ထားသူများကို ဆက်သွယ်မည့် Channel အားထုတ်ပြန်ကြေညာခြင်း


၁။ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်သားသစ်ခေါ်ယူရေး ကော်မတီမှ လျှောက်ထားသူများကို ဆက်သွယ်ရာတွင် အောက်ပါ Telegram နှင့် Email Address တို့မှ ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။
Telegram- +1(646)7129303 (username - )
Email - [email protected]

၂။ ဤchannel ၂ ခုမှ လွဲ၍ မည်သည့် အခြားအမည် channel ကမှ ဆက်သွယ်ခြင်း မရှိပါ။
(ရန်သူဘက်မှ အယောင်ဆောင်ဝင်ရောက်ထိုးဖောက်မှုကို အထူးသတိပြုရန်လိုအပ်ပါသည် )

၃။ လျှောက်ထားသူများအနေဖြင့် မိမိတို့၏ Telegram နှင့် Email ကို အမြဲစစ်ဆေးပေးပါရန် အသိပေးအပ်ပါသည်။

တပ်သားသစ်ခေါ်ယူရေးကော်မတီ
ရန်ကုန်တိုင်းစစ်ဌာန

#ရန်ကုန်တိုင်းစစ်ဌာန
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားထောက်တိုင် ပျူစောထီးခေါင်းဆောင်ကိုရှင်းလင်းခဲ့တယ်လို့ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိပ...
15/02/2024

အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားထောက်တိုင် ပျူစောထီးခေါင်းဆောင်ကိုရှင်းလင်းခဲ့တယ်လို့ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိပေး
===================
ဖေဖော်ဝါရီ၁၅ရက်

အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားထောက်တိုင် ပျူစောထီးခေါင်းဆောင်ကိုရှင်းလင်းခဲ့တယ်လို့ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိပေးဆိုပါတယ်။

သပြေညို မြို့ပြစစ်ဆင်ရေး (၆) နှင့်ပတ်သက်၍ ဖေဖော်ဝါရီလ(၁၅)ရက်မှာဖော်ပြပါတယ်။

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝ၊ပကဖ)ဟာ သပြေညိုမြို့ပြစစ်ဆင်ရေး(၆)အဖြစ် ဖေဖော်ဝါရီ လ(၁၂)ရက်နေ့ နံနက်(၉)နာရီ (၄၅)မိနစ်ခန့်တွင် သက္ကလ - သရက်ကုန်းချောင်းရိုးတလျှောက်ရှိ ဝက်တဲကွေ့နှင့် ပျော်ဘွယ်ရွာအကြား၌ ဂွန်ဒေါင်းပေါ် လိုက်ပါစီးနင်းလာသော စစ်ရေးပစ်မှတ်(၁)အဖြစ် သေချာစိစစ် အတည်ပြု ထားသည့် ရွှေပေါက်ပင်ကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားထောက်တိုင် ပျူစောထီးခေါင်းဆောင် သတင်းပေးလမ်းပြ မောင်အိကို ရဲဘော်များက ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့တယ်လို့အတည်ပြုပါတယ်။

မောင်အိဟာ အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားထောက်တိုင် သတင်းပေးလမ်းပြ ပျူစောထီး ခေါင်း ဆောင်အဖြစ် ရွှေပေါက်ပင်ရွာမှ ၎င်း၏အပေါင်းအပါ ပျူစောထီးများ၊ အနီးအနားရွာများမှ ပျူစောထီး အုပ်ချုပ်ရေးမှူးများ၊ သရက်ကုန်းရွာရှိ စစ်ခွေးများ၊ ကဒါတ်စိန်ရဲစခန်းမှ ရဲခွေးများနှင့် ပူးပေါင်းကာ အပြစ်မဲ့ ပြည်သူများ၊ တော်လှန်ရေးရဲဘော်များကို နည်းမျိုးစုံဖြင့် ဒုက္ခအမျိုးမျိုးပေးခဲ့သူဖြစ်တယ်လို့ဆိုထားပါတယ်။

Address

Hlegu

Website

Alerts

Be the first to know and let us send you an email when Darbein News - DN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share