Shwe Pauk Sein Journal

Shwe Pauk Sein Journal ရွှေပေါက်ဆိန်ဂျာနယ်

ရွှေအလင်းရောင်ယတြာများ***************************(ဒုတိယပိုင်း/ဇာတ်သိမ်းပိုင်းလေးပါ)တအောင့်လောက်နေသောအခါ ဆရာနေအောင်ဝင်းသည...
17/03/2023

ရွှေအလင်းရောင်ယတြာများ
***************************
(ဒုတိယပိုင်း/ဇာတ်သိမ်းပိုင်းလေးပါ)

တအောင့်လောက်နေသောအခါ ဆရာနေအောင်ဝင်းသည် သူ၏တပြည့်များကို စုလေ၏။ ‘ကဲ … အလင်းရောင် သင်တန်းသူ၊ သင်တန်းသားများ အားလုံးနားထောင်ကြပါ … ဒီနေ့တော့ ငါတို့ မယ်လမု ဘုရားကိုပြန်ပြီး စာသင်ဖို့အချိန်တော့မရှိတော့ဘူး …. ဒီတော့ ငါ … မင်းတို့ကို ယတြာပညာတစ်ခုကို ဒီမှာပဲ သင်ပေးလိုက်မယ် … သဘောတူကြလား’ ဟု ဆိုလေ၏။ ထိုအခါ ဘေးနားမှာရှိသော သူများမှာလည်း ‘သဘောတူပါတယ်’ ဟုဆိုကာ ဩဘာလက်ခုပ် ဝိုင်း၍တီးကြလေတော့သည်။
ထိုအခါ ကျွန်ုပ်က ‘ဆရာနေအောင်ဝင်းရေ … ဆရာက သင်တန်းသူ၊ သင်တန်းသားတွေကိုပဲ သင်ပေးမယ်ဆိုတော့ ကျုပ်တို့ရော သင်လို့မရဘူးလား’ ဟု မေးလိုက်သောအခါ ဆရာနေအောင်ဝင်းမှ ‘ရပါတယ် ဆရာတော်ရယ် ဒီပညာကလည်း အဘ ဒေးစွန်ပါမှာတုန်းက သင်ပေးခဲ့တဲ့ ယတြာတွေပါပဲ … တချို့ အဘကိုမမီလိုက်တဲ့ အဘတပြည့်တွေလည်း ပညာရပါတယ် … တပြည့်တော်က ပညာဒါနပေးတာပဲ .. မသိသူကျော်သွား၊ သိသူဖေါ်စားပေါ့ ဘုန်းဘုန်းရယ် … ကိုယ်သေရင် ကိုယ့်နောက်ပါတာမှမဟုတ်တာ စိတ်ကြိုက်သုံးပါ၊ သင်ပါ တစ်ခုတော့ရှိပါတယ် ဒီပညာရပ်ရဲ့ မူရင်းဆရာကြီး အဘမင်းသိင်္ခကိုတော့ ကျေးဇူးမကန်းနဲ့ပေါ့ … ဒါဆို ဒီပညာက အစွမ်းပြပါလိမ့်မယ်’ ဟုဆိုလေ၏။
ထိုအခါ ကျွန်ုပ်က ‘ကန်းစရာလားဆရာရယ် ကျုပ်တို့က အဘကို အမြဲတမ်းရှေ့တန်းတင်ပြီး အမြဲမြင်နေတဲ့သူအဖို့ သူ့ပညာက မကွယ်၊ မကန်းပါဘူး … ကျုပ်တို့ အဘကျေးဇူးကို သိတတ်ပါတယ်’ ဟု ဆိုလေ၏။ ထိုအခါ ဆရာနေအောင်ဝင်းက ‘ ကဲ … ဒါဆိုလည်း သင်ပေးရတော့မှာပေါ့’ ဟုဆိုကာ ၎င်း၏ ဆာလာအိတ်လို လွယ်အိတ်ကြီးထဲမှ အဘ လက်ရေးမူရင်းစာအုပ်ကြီးကိုထုတ်ပြီး ၎င်း၏တပြည့်များကို ယတြာ စ၍သင်ပေးလေ၏။ ဆရာနေအောင်ဝင်းပြောသည့် ‘မသိသူကျော်သွား၊ သိသူဖေါ်စား’ ဆိုသည့်စကားအတိုင်း ကျွန်ုပ်သည် ဆရာနေအောင်ဝင်း၏ အဘထံမှရရှိခဲ့သော ‘ဒေးစွန်ပါ စည်ကြီးတင်မှ ရွှေအလင်းရောင်ယတြာများ’ ကို ဖေါ်၍စားလေတော့၏။

ဒီလိုပါမိတ်ဆွေ …
သင့်မှာ တစ်စုံတစ်ခုသော အကြောင်းအရာ တစ်ခုခုကြောင့် စိတ်နှောက်အယှက်၊ စိတ်သောကတွေ သင့်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေပြီ ဆိုပါစို့ …. အဲ့ဒီစိတ်သောကတွေ ပပျောက်စေရန် မိတ်ဆွေကို ကျွန်ုပ်အနေနဲ့ ဒီယတြာလေးကို လက်ဆောင်အဖြစ် ပေးချင်မိ၏။ ကျွန်ုပ်က မိတ်ဆွေကို ပေးလိုက်သော်ငြားလည်း မိတ်ဆွေက ဒီယတြာကို ယုံယုံကြည်ကြည်လုပ်မှ အသက်ဝင်လေ၏။ ဒါ့ကြောင့် မိတ်ဆွေကို ကျွန်ုပ်အနေဖြင့် သေသေချာချာ လုပ်ကြည့်စေချင်မိ၏။ ယုံကြည်မှသာ သက်ဝင်၏။ မယုံကြည်လျှင် အသက်မဝင်ပေ။ ဒါကြောင့် ‘ယုံကြည်မှ သက်ဝင်’ ဆိုသော စကားရပ်တစ်ခု ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။
ယခု ကျွန်ုပ်ပေးသော ယတြာများမှာ ကျွန်ုပ်ကိုယ်တိုင် ဒေးစွန်ပါ အဓိဌာန်စခန်းမှ ရရှိလာခဲ့သော ယတြာများပင်ဖြစ်လေ၏။ ဒါ့ကြောင့် မိတ်ဆွေ ယုံကြည်စွာပြုလုပ်ပါ … သင့်ထံသို့ ကောင်းကျိုး ချမ်းသာများ တစ်ပတ်အတွင်း အကျိုးပေးလိမ့်မယ်ဆိုတာ ကျွန်ုပ် ရဲရဲကြီး အာမခံပါတယ် မိတ်ဆွေ ။
“မင်းသိင်္ခ စည်ကြီးတင်ယတြာ”
သီဟိုဠ် (၆) ညွှန့်၊ ကံ့ကော် (၃) ညွှန့်၊ ငွေပန်း (၂) ပွင့်၊ ဇော်စိမ်း (၂) ညွှန့်နှင့်အတူ သောက်တော်ရေ (၃) ခွက်၊ ယပ် အဝါ (၁) လက် အနီ (၁) လက်တို့ကို မနက် ၅ နာရီတိတိတွင် အိမ်ဘုရား၌ပင် လှူဒါန်းပြီး စိတ်သောက ပျောက်လိုကြောင်း ဆုတောင်းပါ။ မကြာမီ မိတ်ဆွေရဲ့ စိတ်သောကများ ယူပစ်သလို ပျောက်သွားပါလိမ့်မယ်လို့ ကျွန်ုပ် အာမခံပါသည်။
(မင်းသိင်္ခ)
မှတ်ချက်။ ။ ဤယတြာသည် မယ်လမုဘုရားတွင် ဗေဒင်ဟောပြောနေသော အဘဆရာကြီး မင်းသိင်္ခ၏တပြည့်ရင်း ဆရာနေအောင်ဝင်း၏ ‘အလင်းရောင်သင်တန်း’ မှ ပညာရပ်တစ်ခုပင်ဖြစ်လေသည်။

(စမ)ရွှေပေါက်ဆိန်

14/03/2023
ရွှေအလင်းရောင်ယတြာများ---------------------------စာရေးသူ = (စမ)ရွှေပေါက်ဆိန်တစ်နေ့တွင် ကျွန်ုပ်နေထိုင်သော မှော်ဘီမြို့အစ...
14/03/2023

ရွှေအလင်းရောင်ယတြာများ
---------------------------
စာရေးသူ = (စမ)ရွှေပေါက်ဆိန်

တစ်နေ့တွင် ကျွန်ုပ်နေထိုင်သော မှော်ဘီမြို့အစွန်ရှိ ဗောဓိဓမ္မရွှေပေါက်စိန်ကျောင်းတော်ကြီးသို့ မယ်လမုဘုရားတွင် ဗေဒင်ဟောကြားအောင်မြင်နေသော အဘဆရာကြီးမင်းသိင်္ခ၏တပြည့် အလင်းရောင် ဗေဒင်သင်တန်း၏ပဲ့ကိုင်ရှင် ဆရာနေအောင်ဝင်း ရောက်ရှိလို့လာ၏။ သူနှင့်အတူ သူ၏တပြည့်များ ဖြစ်သော ‘အလင်းရောင်’ ဗေဒင်သင်တန်းသူ၊ သင်တန်းသားများလည်း ပါလာ၏။
လက်ထဲတွင်လည်း စားစရာမျိုးစုံ ဝယ်လို့လာ၏။ ရန်ကုန်ကလာကြတာဖြစ်တော့ ရန်ကုန်ထွက် အစားအသောက်များဖြစ်သော မြိတ်ကတ်ကြေးကိုက်၊ ခေါက်ဆွဲများလည်း ပါလာ၏။ ဆရာနေဝင်းအောင် ကပဲ အစချီ၍ “ဘုန်းဘုန်း….နောက်မှာ အန်တီနွဲ့တို့လည်းပါလာတယ်…. အမေတို့လည်းပါလာတယ်” ဟုဆိုလေ၏။
ထိုအခါ ကျွန်ုပ်က “ဟာ…. ဆရာမကြီးတွေလည်း ပါလာရင်တော့ မနောမယလက်ဖက်ရည် သောက်ရတော့မှာပဲ” လို့ဆိုလိုက်လေသည်။ ထိုအခါ ဆရာနေအောင်ဝင်းက “စိတ်ချ… ဆရာတော် … အ‌ဒေါ်က မနောမယ လက်ဖက်ရည်ဖျော်တာ Expert ပဲဟု ဆိုလိုက်လေ၏။ ပြီးလျှင် ဆရာနေအောင်ဝင်း သည် ၂ ပေခွဲ ၃ ပေ နီးပါးရှိ သူ၏ ရှည်လျားလှသော ဆံပင်ကို ကျွန်ုပ်ရှေ့မှာတင် သျောင်ထုံး-ထုံးလေ၏။ ပြီးလျှင် ဆာလာအိတ်ကြီးလောက်ရှိသော လွယ်အိတ်ကြီးအား ကျွန်ုပ်ရှေ့ကို ဘုန်းကနဲ ပစ်ချပြီး လွယ်အိတ်ထဲမှ ဟိုနှိုက်သည်နှိုက်နှင့် မျက်နှာသုတ်ပဝါတစ်ခုထုတ်ပြီး ချွေးသုတ်နေလေ၏။ ထို့နောက် ရေနွေးကြမ်းတစ်ခွက်ကို မှုတ်သောက်ပြီး အမောဖြေနေ၏။ ခဏကြာသောအခါ Probox ကားအဖြူလေး တစ်စီး ကျောင်းထဲသို့ဝင်လာကာ ကားထဲတွင် အန်တီနွဲ့ ပါလာလေ၏။ အန်တီနွဲ့ဆိုသည်နှင့် အဘခြံထဲတွင် အမေလိုလေးစားရသော ဆရာမရွှေယမင်းဦးကို တန်းမြင်၏။ အန်တီနွဲ့နှင့်အတူ ဆရာနေအောင်ဝင်း၏ မိခင် ဆရာမကြီးကြာညိုသင်းလည်းပါလာ၏။ ဆရာမကြီးသည် ၁၆ နှစ်သမီးရှုံးလောက်အောင် လှပ ကျော့ရှင်းသေသပ်လှသော မြန်မာဝတ်စုံ‌လေးကို ဝတ်စားဆင်ရင်လို့ထား၏။ အသက်က ၈၀ နားကပ်နေ ပေမယ့် ‘လန်းလန်းဆန်းဆန်း ကံ့ကော်ပန်းလေးသဖွယ်’ ဖြစ်လို့နေ၏။ ဘယ်သူမှမတွဲရဘဲ ဟန်နဲ့ပန်နဲ့ ကျောင်းဝန်းထဲသို့ ဝင်လို့လာလေ၏။
ဆရာမကြီးရွှေယမင်ဦးကတော့ အဖြူရောင်းဝမ်းဆက်ကို သေသေသပ်သပ် ဝတ်စားဆင်ယင် ထားပြီး ဂမ္ဘီရဆန်ဆန် ဆွဲကြိုးလေး တစ်ကုံးကိုသာ ဝတ်ဆင်လို့ထားလေသည်။ မည်သည့် အဆောင် အယောင် စိန်ရွှေရတနာများမှ ဝတ်ဆင်၍မထားသော်လည်း ဂမ္ဘီရဓါတ်များ ဖုံးလွှမ်းနေသဖြင့် ဆရာမကြီးကို မြင်ရသူအဖို့ စိတ်အကြည်ဓါတ်ကို ရစေသည်။ တဏှာရာဂ မာန်မာနဓါတ်များ ကင်းစင်နေသဖြင့် ဆရာမကြီး၏ အဖြူရောင်ဝမ်းဆက် ဝတ်ဆင်ထားပုံမှာ ‘ဩဒါသ အဖြူရောင် ကသိုင်းဝန်း’ ကို ကြည့်ရသကဲ့သို့ စိတ်ကိုကြည်လင်ပြီး အကြည်ဓါတ်ကို ရလေတော့၏။
ဆရာနေအောင်ဝင်းနှင့် သူ၏တပြည့်များသည် ဆရာမကြီးတို့နှစ်ဦးအား သွားရောက်၍ ခရီးဦးကြိုကြလေ၏။ ဆရာမကြီး ရွှေယမင်းဉီးတွင် မနောမယလက်ဖက်ရည်ကို ရေသန့်ဘူးကြီးနှင့်အပြည့် ဖျော်လာပြီး ကိတ်မုန့်များနှင့် အခြားအစားအသောက်များကိုလည်း ယူဆောင်လာလေသည်။ တစ်စပ်တည်းမှာပဲ Probox မီးခိုးရောင် ကားလေးတစ်စီးထပ်မံ၍ ရောက်ရှိလာလေသည်။ အဆိုပါ ကားထဲတွင် ဆရာအောင်ကျော်မိုး၊ ဆရာမင်းသွေးကျော်(ကိုအောင်) တို့ပါလာလေ၏။ ၎င်းတို့တွင်လည်း ကောက်ညှင်းပြန်ပေါင်းနှင့် ဘယာကြော်များပါလာလေ၏။
“ ဟာ … လူစုံတက်စုံဘဲဟေ့ .. ဒီနေ့ကတော့ စားစရာတွေ အစုံအလင်ပါပဲ … ငါ့ကျောင်း ဆေးပေါင်းခရုံတင်မဟုတ် … ဆရာအပေါင်းပါ ခပြီဟေ့ …” ဟု ကျွန်ုပ်က ဆိုလိုက်လေ၏။
ထိုအခါတွင် ဆရာအောင်ကျော်မိုးက “ကဲ …. လာကြဟေ့ လူစုံတုန်း ပါလာတဲ့ စားဖွယ်သောက်ဖွယ်တွေနဲ့ အားလုံးတက်ညီလက်ညီ စုပေါင်းပြီး ဆရာတော်ကို ဆွမ်းအရင်ကပ်ကြ ရအောင်ဟေ့’ ဟုဆိုကာ ကျွန်ုပ်အား ဆွမ်းကပ်ကြလေတော့သည်။ ကျွန်ုပ်အား ဆွမ်းကပ်ပြီးနောက် ၎င်းတို့လည်း ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့စားသောက်ကြလေတော့သည်။ စားသောက်ပြီးလျှင် ကျွန်ုပ်တို့ အဖွဲ့သည် လာမည့်နှစ်ဆန်းတစ်ရက်နေ့ ဘေးမဲ့လွှတ်မည့် အစီအစဉ်ကို စတင်ဆွေးနွေးကြ လေတော့သည်။ ဆရာနေအောင်ဝင်းတို့ ‘အလင်းရောင် ဗေဒင်သင်တန်း’ အဖွဲ့က မယ်လမုဘုရားတွင် ကျေးငှက်များ၊ ငါးများ လွှတ်ရန်တိုင်ပင်ကြ၏။ ကျွန်ုပ်တို့ ရွှေပေါက်ဆိန် တပြည့်သာဝကများကလည်း ကြက်၊ ဘဲ၊ ဆိတ်၊ နွားများ လွှတ်ရန် တိုင်ပင်ကြ၏။ ထိုအခါ ဆရာနေအောင်ဝင်းက ‘သတ္တဝါကြီးတွေ လွှတ်တာတော့မှန်ပါတယ် ဘုန်းဘုန်း… သူတို့ကို ဘေးမဲ့လွှတ်ပေမယ့် ကျွေးမယ့်သူမရှိ စောင့်ရှောက်မယ့်သူ မရှိရင် ဘယ်လိုလုပ်မလဲ … ဒီကြားထဲ ကျွဲတွေနွားတွေဆိုတော့ မတော်လို့ သတ်စားပေါ်စားလိုက်ရင် ဘယ်လိုလုပ်မလဲ’ ဟု ဆိုလေ၏။ ထိုအခါ ကျွန်ုပ်က ‘ အေး …. ဒါလည်းဟုတ်တာပဲ … သူတို့ကို ဘေးမဲ့လွှတ်တာတော့ ဟုတ်ပါပြီ …. နဂိုထဲက ထိန်းကျောင်း ကျွေးမွေးလာတဲ့ သတ္တဝါတွေဆိုတော့ ဘေးမဲ့လွှတ်တော့မှ ငတ်ပြတ်ပြီး ဒုက္ခရောက်ကုန်မယ်’ ဟု စဉ်းစားလိုက်သောအခါ ကျွန်ုပ်တို့ထက် သဘာအရာ၊ ဝါအရာကြီးသော ဆရာမကြီး ကြာညိုသင်းနှင့် ဆရာမကြီးရွှေယမင်းဦးက ‘ဒီလိုလုပ်ပါလား ဆရာတော်ရဲ့ … တညင်ဘက်မှာ ပီလခတ်ဆိုတဲ့ ဘုရားကျောင်းကြီးရှိတယ်။ နာမည်ကြီး သတ်သတ်လွတ် ဘုရားကျောင်းကြီး … ဆုတောင်းတဲ့သူတွေ ကလည်း အနယ်နယ်အရပ်ရပ်က လာကြတယ် ဘုရား … ပြီးတော့ အဲ့ဒီ ဘုရားကျောင်းဝန်းထဲမှာ ဧက ၂၀၀ ကျော် ၃၀၀ လောက် ဘေးမဲ့လွှတ်ထားတာတွေရှိတယ် ဘုရား … ဒီတော့ တပြည့်တော်တို့ လွှတ်ပေးလိုက်တဲ့ သတ္တဝါတွေကို ဒီအတိုင်း ပရမ်းပတာ လွှတ်တာထက် သေချာထိန်းသိမ်း စောင့်ရှောက်မယ့် နေရာမှာလွှတ်လိုက်ရင် သူတို့အတွက် အန္တရာယ်လည်းကင်းကြမယ်၊ အစာရေစာလည်း ဝဝလင်လင်စားရတော့ သူတို့လည်း ဝဝဖြိုးဖြိုးကြီးတွေနဲ့ … တစ်ချိန် ကိုယ်ဒီနေရာ ပြန်ရောက်လို့ ကိုယ်လွှတ်ထားတဲ့ သတ္တဝါတွေကို ပြန်မြင်ရတော့ စိတ်ချမ်းသာရတာပေါ့ ဘုရား’ ဟုဆိုကာ ညီအမနှစ်ယောက် တစ်လေသံတည်း ထွက်လေ၏။
ထို့ကြောင့် ကျွန်ုပ်သည် ဆရာမကြီးနှစ်ဦး၏ အကြံဉာဏ်ပေးမှုကို သဘောတူလိုက်ရ လေတော့သည်။ ထိုအချိန်တွင် ဘေးနားမှ ဆရာနေအောင်ဝင်း၏ တပြည့်သာဝကများမှာလည်း ဩဘာ လက်ခုပ် ဝိုင်း၍တီးကြလေတော့၏။ တစ်စပ်တည်းမှာပဲ ဆရာအောင်ကျော်မိုးက မိုက်ကြီးကို ကောက်ခဲပြီး ‘ ကြာနေပြီ … ကြာနေပြီ ဘာလုပ်နေတာလဲ … အခုလိုအချိန်မှာ သောကရတက် မပွေရလေအောင် မနောမယ လက်ဖက်ရည်လေး တိုက်လိုက်မယ်ဗျာ .. ပြီးတော့ ကောက်ညှင်းပြန်ပေါင်း လေးနဲ့ လက်ဖက်ရည် ကိတ်မုန့်လေးများ လွေးလိုက်ရရင် စိတ်ဆိုးမယ့်သူ ရှိပါသလား’ ဟု အော်လေ၏။ ထိုအခါ ကိုအောင်ကလည်း အဘခြံထဲမှာတုန်းက လေသံနဲ့ ‘ကဲ … သဘောမတူတာမရှိပါဘူးဆိုတာကို သက်သေပြရန် ဩဘာလက်ခုပ်တီးလိုက်ကြပါ’ ဟုဆိုလေ၏။ ထိုအခါ ‘ဒါမျိုးတော့ ဘယ်ရမလဲ’ ဟု အသံကြား၍ လှည့်ကြည့်လိုက်သောအခါ စမ်းချောင်း မဟာနဝင်းစေတီမှ ဆရာမင်းသိမ်းကျော်နှင့် ဆရာဟန်ထူးဆန်းတို့က ‘ကျွန်တော်တို့ကလည်း ဟောဒီလို အောင်ပွဲနဲ့ နွှဲလိုက်ကြပေါ့’ ဟုဆိုပြီး ဟန်ထူးဆန်းက ၎င်း၏တပြည့်ကျော် ရှမ်းကုလားလေးအား မျက်ရိပ်ပြလိုက်လေ၏။ တချိန်တည်းမှာပဲ ‘ နှောင် … နှောင် … နှောင်’ ဆိုပြီး ရှမ်းအိုးစည် ခေါ် မောင်းသံစ၍မည်လေ၏။ ပြီးလျှင် ‘ ဗုံ … ဗုံ … ဗုံ …ပတ်ဗေဗုံ’ ဆိုပြီးတော့ ကမ္ဘောဇ ရှမ်းအိုးစည်သံကြီး စတင်၍ ထွက်ပေါ်လို့လာလေ၏။ ကတဲ့သူက ‘က’ ဆိုတဲ့သူက ‘ဆို’ နှင့် တော်တော်လေးမြိုင်လို့သွားလေ၏။ စားတဲ့သူက ‘စား’ သောက်တဲ့သူက ‘သောက်’နှင့် ဘေးမှကြည့်နေသူများအဖို့ အတော်လေးကို ဝမ်းသာပီတိဖြစ်ရလေတော့၏။

( ဒုတိယပိုင်းကို နောက်နေ့ဆက်တင်ပေးပါ့မယ်)

လောကီမင်္ဂလာဆယ့်နှစ်ပါးနှင့် ကောင်းကျိုးချမ်းသာများ***************************************************ဝန်းဗိုလ်အောင်(သန်...
08/10/2022

လောကီမင်္ဂလာဆယ့်နှစ်ပါးနှင့် ကောင်းကျိုးချမ်းသာများ
***************************************************
ဝန်းဗိုလ်အောင်(သန်လျင်)

‘‘မင်္ဂလာ’’ဟူသည် မ‌ကောင်းသောအနိဋ္ဌာရုံတို့ကို ပယ်သတ်၍‌ကောင်း‌သော အကျိုးစီးပွားဣဋ္ဌာရုံတို့ကို ရရှိစေ‌သော သ‌ဘောအဓိပ္ပါယ်ကို‌ ဆောင်ပေ၏။
ဘုရားရှင်‌ ဟောကြား‌တော်မူအပ်သော ဒေသနာ‌တော်အရ-
အမိဝမ်းမှပါလာ‌သော ဆံ‌ကေသာနုနုတို့အား တယုတယ ရိတ်ခြင်း (ကေသ‌စ္ဆေဒန မင်္ဂလာ)၊
နံ့သာကရမက် အ‌မွှေးနံ့သာတို့ဖြင့် ပက်ဖျန်းပြီး ပုခက်တင်ခြင်းဟူ‌သော (ဒေါဠ ကရဏ မင်္ဂလာ)၊
အမည်နာမ ပညတ်ကို‌ ပေးအပ်မှည့်‌ခေါ်ခြင်း (သညာဒိန္နံစ မင်္ဂလာ)၊
လောကဓာတ်တိုက်၌ အ‌မှောင်ကိုခွင်း အလင်း‌ ဆောင်သည့်‌ နေနှင့်လကိုပြသသည့် (ရဝိန္ဒုဒဿန မင်္ဂလာ) တို့သည်လည်း‌ကောင်း...
ညက်စွာပြုအပ်‌သော ဝါးဖတ် တော် ကစီအနှစ်ကို ခွံ‌ကျွေးခြင်း(တမ္ဗူလ ဘတ္တကရဏမင်္ဂလာ)၊
ကောင်းမွန်မြင့်မြတ်‌သောအပ်ဖြင့် နားသ နား ထွင်းခြင်း(ကဏ္ဏဝိဇ္ဈနမင်္ဂလာ)၊
အချိန်တန် အရွယ်‌ရောက်လာသည့် သတို့သမီး၊ သတို့သားတို့အား စုလျားရစ်ပတ် လက်ထပ် ထိမ်းမြားသည့် (အာဝါဟ ဝိဝါဟ မင်္ဂလာ)၊
ရောင်ဝါတင့်ဆန်း မြတ်သင်္ကန်း ဖြင့် ရဟန်းခံ ရှင်ပြုခြင်းဟူသည့် (ပဗ္ဗဇိတမင်္ဂလာ) တို့သည် လည်း‌ကောင်း...
အတာသင်္ကြန် ကူး‌ပြောင်း‌သော (သင်္ကန္တ မင်္ဂလာ)၊
ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် သက်‌တော် ထင်ရှား ဘုရားရှင်အလား စိတ်ဝယ်ထားပြီး ဗုဒ္ဓရှင်‌တော်မြတ်အား လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ပူ‌ဇော်ခြင်းဟူ‌သော(ဗုဒ္ဓပူဇနိယ မင်္ဂလာ)၊
ဓမ္မက္ခန္ဓာ‌ပေါင်း ရှစ်‌သောင်း‌လေး‌ထောင် အထု‌ ဆောင်သည့်၊ မြတ်စွာဗုဒ္ဓ မြွက်ဟ‌ဟောကြား‌ တော်မူသည့် ဓမ္မ‌ဒေ သနာ‌တော်တို့အား ကောင်းစွာ ပူ‌ဇော်သည့် (ဓမ္မပူဇာ မင်္ဂလာ)၊
သမ္မုတိသံဃာ၊ ဒက္ခိ‌ဏေယျ သံဃာ‌တော်တို့အား အလုံးစုံ‌သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊‌ ဆေး ဟူသည့် ပစ္စည်းလေးဖြာတို့ဖြင့် ရို‌သေ‌လေးမြတ်စွာ ပူ‌ဇော်‌သော (သံဃပူဇာမင်္ဂလာ) တို့သည် ဤ လူ့‌ဘောင်‌လောက ဗုဒ္ဓဘာသာ သကျဝံသတို့၌ ရှေးမင်းစဉ်မင်းဆက်ကတည်းက ရှိခဲ့ပြီးဖြစ်သည့် ဓ‌လေ့ထုံးတမ်းရိုးရာ မင်္ဂလာဆယ့်နှစ်ပါးတို့ပင် ဖြစ်‌တော့၏။
ခေတ်ကာလအရ ပုခက်တင်မင်္ဂလာ၊ နေ-လ ပြသည့်မင်္ဂလာ၊ ထမင်းခွံမင်္ဂလာ...တို့ကို ပြု‌ဆောင်မှု နည်းသွားကြ‌သော်လည်း ဆံရိတ်ခြင်းမင်္ဂလာ၊ အမည်နာမ ကင်ပွန်းတပ်မင်္ဂလာ၊ နားထွင်းနားသ မင်္ဂလာ၊ အာဝါဟ ဝိဝါဟ မင်္ဂလာ၊ ပဗ္ဗဇိတ မင်္ဂလာ၊ တာသင်္ကြန်ကူးသည့် သင်္ကန္တမင်္ဂလာ၊ ဗုဒ္ဓပူဇနိယမင်္ဂ လာ၊ ဓမ္မပူဇာမင်္ဂလာ၊ သံဃပူဇာမင်္ဂ လာတို့သည် မျက်‌မှောက်‌ခေတ်အထိ လုပ်ဆောင်‌နေကြဆဲပင် ဖြစ်တာကို တွေ့ရ‌ပေမည်။
ဤ၌ မင်္ဂလာဖြစ်‌အောင် ဆင်ယင်ကျင်းပကြ ရာတွင်...
‘‘ဗုဒ္ဓဿ ပူဇံ မဟာ‌တေဇဝ‌န္တော၊ ဓမ္မဿပူဇံ မဟာပညာဝ‌န္တော၊ သံဃဿပူဇံမ‌ဟော‌ဘောဂ ဝ‌န္တော’’ ဟူ‌သော ပါဋ္ဌ်အနက်အဓိပ္ပါယ်အရ-
ကျိုက်ထီးရိုး၊ ရွှေတိဂုံ၊ မဟာမြတ်မုနိ ဘုရားများထက် မိမိအိမ်၊ မိမိ ဆိုင်...ဌာနတွင်ရှိသည့် ဘုရားပုံ‌တော်၊ ဆင်းတု‌တော်တို့ကို တကယ့် သက်‌တော်ထင်ရှားရှိသည့် ဘုရားကဲ့သို့ လေးမြတ် ရိုကျိုးစွာ နေ့စဉ် သောက်‌တော်‌ရေ၊ မျက်နှာ သစ်‌တော်‌ရေ၊ ဆွမ်း၊ ပန်း၊ နံ့သာ၊ အလင်းတို့ဖြင့် သဒ္ဓါစိတ် စေတနာထက်သန်စွာဖြင့် ပူ‌ဇော်‌နေခြင်း သည် ထို ပူ‌ဇော်သူအတွက် ယခုဘဝ၊ သံသရာ ဘဝတိုင်‌အောင် ဘုန်းတန်ခိုး‌တေ‌ဇော် အာနု‌ဘော် နှင့်များစွာပြည့်စုံနိုင်‌ပေသည်။
အထူးသဖြင့် ‘‘အရဟံ အစ ဘဂဝါအဆုံးရှိ‌သော’’ ဗုဒ္ဓဂုဏ်‌တော်များကို ထိမိစွာအာရုံပြုပွားများ‌ နေခြင်းကပို၍ ကောင်းမြတ်‌သောမင်္ဂလာ ကျက်သ‌ရေကို တိုးပွားနိုင်‌ပေသည်။
တရား‌တော်ကို ပူ‌ဇော်ရာ၌လည်း တရားဂုဏ်‌တော်‌ခြောက်ပါးအား ဓမ္မာနုဿတိ ပွားများ‌နေခြင်း၊ တရားပွဲကျင်းပခြင်း၊ တရားပွဲ၌ ပူ‌ဇော်ဖွယ်တို့ဖြင့် လှူဒါန်းခြင်း၊ ပရိယတ္တိ စာသင်တိုက်များ၊ စာသင်စာချပုဂ္ဂိုလ်တို့အား ပူ‌ဇော်ခြင်း (အထူးသဖြင့် တရားကိုပူ‌ဇော်ရာ၌ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ‌ဒေသနာ‌တော်တို့အား အာဂုံနှုတ်တက် ဆောင်ထားကြသည့် သံဃာ‌တော် များကို ပူ‌ဇော်ခြင်းပင်ဖြစ်၏။) ဤသို့ တရား‌တော်ကို ပူ‌ဇော်သူသည် ယခုဘဝမှသံသရာ အဆက်ဆက် တိုင်‌အောင် အသိအလိမ္မာဉာဏ်ပညာဖြင့် ကြီးမား ပြည့်စုံသူဖြစ်နိုင်‌ပေသည်။
သံဃပူဇာ မင်္ဂလာအရ သံဃာ့ဂုဏ်ကိုးပါးကို သံဃာနုဿတိ ပွားများ‌နေခြင်း၊ ပရိယတ္တိ, ပဋိပတ္တိဆိုင်ရာ သာသနာ့တာဝန်ကို ထမ်းရွက်‌တော် မူ‌နေကြသည့် သံဃာ‌တော်အရှင်မြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ဖြင့် သပ္ဋါယမျှတ‌အောင် ပူ‌ဇော်လှူဒါန်းခြင်း၊ သံဃာ‌တော်များနဲ့ စပ်လျဉ်း သည့် ဝေယျာဝစ္စကုသိုလ်ပြုခြင်း (ကာလဒါနအား လျော်စွာ) ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်း၊ စာ‌ရေးတံမဲ၊ သံဃဒါန ဆွမ်း/ဆွမ်းဆန်စိမ်း‌ လောင်းလှူခြင်းတို့ကို မိမိတို့ တတ်စွမ်းသမျှ ဆောင်ရွက်‌သော ပုဂ္ဂိုလ်များအ‌နေဖြင့် ယခုဘဝမှ စပြီး သံသရာဘဝတိုင်‌အောင် ကြီးမား‌သော စည်းစိမ်ဥစ္စာ ပစ္စည်းအဖြာဖြာတို့နှင့်ပြည့်စုံစွာ ခံစား နိုင်‌ပေသည်။
ထို့အပြင် ‘‘ဘုရားဘက်‌တော့ အသက်ရှည်၊ တရားဘက်‌တော့အမျက်‌ပြေ၊ သံဃာဘက်‌တော့ အခက်‌ဝေ’’ဟူ သောစကားအရ လောကီ၊ လော ကုတ္တရာ နှစ်ဖြာ‌သော‌ကောင်းကျိုး ချမ်းသာ မင်္ဂလာကို တကယ်လိုလားသည့် အမျိုး‌ကောင်း သား၊ အမျိုး‌ကောင်းသမီးတို့သည် လောကီမင်္ဂလာ သက်သက်ချည်းမဟုတ်ဘဲ‌ ဖော်ပြပါဘုရားရှင်‌ဟော တော်မူအပ်‌သော ဗုဒ္ဓ၊ ဓမ္မ၊ သံဃပူဇာ မင်္ဂလာတို့ကို အဓိက ဦးထိပ်ပန်ဆင်လျက် ၃၈ ဖြာမင်္ဂလာတရားနဲ့ လျော်ညီစွာ နေထိုင်သွားတတ်ကြမည်ဆိုပါက (တစ် နည်း)မင်္ဂလာရှိ‌အောင် ပြု‌ဆောင်၍ လက်‌တွေ့ လိုက်နာသူများအ‌နေဖြင့် ဘယ်‌လောက်ပဲ မ‌ကောင်း‌ သော ဝိပ္ပတ္တိတရားများနဲ့ကြုံ‌တွေ့‌ပေမယ့် ထိုဒုက္ခ အခက်အခဲများမှ ဧကန်မုချ သက်သာလွတ်ကင်း နိုင်ပါတယ်။
စာဖတ်ပရိသတ်အားလုံး-လက်ခုပ်များများတီး(နေ့စဉ် ရတနာသုံးပါးကို ကံသုံးပါးဖြင့်ရို‌သေစွာ ကန်‌တော့ရှိခိုးခြင်း)၊ ငါးများများစား(နေ့စဉ်ငါးပါး သီလကို ကောင်းစွာ‌စောင့်ထိန်းခြင်း)၊ ကြိုးများများ ကျစ်(နေ့စဉ် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃ ဂုဏ်‌တော်တို့အား မိမိတတ်နိုင်သ‌လောက် ဘာဝနာ ပွားများခြင်း)ဖြင့် ယက်သဲ့ကြားငါးတင်၊ တင်တဲ့ငါး‌ ကြောင်စားဟူ‌သော ဘေးအ‌ပေါင်းမှလွတ်ကင်း နိုင်‌ပေမည်။
စာဖတ်ပရိသတ်အားလုံး လောကီမင်္ဂလာ ဆယ့်နှစ်ပါး၌ရှိသည့် အဓိကဖြစ်‌သောမင်္ဂလာတို့ကို ကောင်းစွာ နေ့စဉ်လိုက်နာကျင့်သုံးခြင်းဖြင့် ယခု ဘဝအတွက်လည်း‌ကောင်း၊ သံသရာအတွက် လည်း‌ကောင်း ကောင်းသည်ထက်‌ကောင်း‌သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်နိုင်ကြပါ‌စေ။
သ‌ဗ္ဗေပူ‌ရေန္တု သင်္ကပ္ပါ
ဝန်းဗိုလ်‌အောင်(သန်လျင်)

သပွတ်အူလေးရေထဲမျှောလိုက်ပါ*******************************ရွှေကျွန်းခိုင်သစ်လွန်ခဲ့‌သော ငါးနှစ်ဝန်းကျင်က ကျွန်‌တော်၏ ဟောခ...
08/10/2022

သပွတ်အူလေးရေထဲမျှောလိုက်ပါ
*******************************
ရွှေကျွန်းခိုင်သစ်

လွန်ခဲ့‌သော ငါးနှစ်ဝန်းကျင်က ကျွန်‌တော်၏ ဟောခန်းတည်ရာ မဟာဝိဇယ‌စေတီ‌တော် တောင် ဘက်မုခ်(ဘိုးဘိုးကြီးနန်းအနီးရှိ)‘‘သုခသိုက်’’သို့ သားအမိနှစ်‌ယောက် ရောက်လာခဲ့သည်။
သမီးဖြစ်သူနှင့်အ‌မေဖြစ်သူတို့မှာ မောင်ဖြစ်သူ သားဖြစ်သူ၏ဒုက္ခကို မခံစားနိုင်‌တော့၍လာတိုင်ပင် ခြင်းဖြစ်သည်။ ပြောကြားတိုင်ကြားချက်များက‌ တော့ ရင်ခုန်စရာပင်ဖြစ်သည်။ မိခင်ကို ကတ်‌ကြေးနှင့်ထိုးမည် တကဲကဲလုပ်ခြင်း၊ အ‌မွေ ကြို‌တောင်း၍အစ်မဖြစ်သူက ငွေထုတ်‌ပေးခဲ့ရသည် က အခါခါပင်ရှိ‌တော့သည်။
ဂမ္ဘီရနည်းဖြစ်‌သော နံတူသားကို လက်ပြန် စာ‌ရေးပြီး အိမ်အဝင်နိမ့်သည့်‌နေရာမှာ ထားရှိခြင်း ဖြင့် တစ်နည်း‌အေးချမ်း‌စေခဲ့သည်။
အိမ်သို့ပြန်လာ‌သော်လည်း အိမ်ထဲသို့မဝင် လမ်းမမှစကားတိုးတိုး‌ပြော အိမ်တံစက်မြိတ်‌ အောက်တွင် အိပ်သည်ဟုသိရသည်။
ယခင်လို‌တော့ သိပ်မ‌သောင်းကျန်း‌တော့‌ပေ။ မိခင်ကြီးလည်း သားဆိုးမို့အချစ်ပိုခဲ့ရသည်မှာ သား အသက်ငါးဆယ်သို့ နီးကပ်ခဲ့‌ချေပြီ။ အချစ်‌တွေကုန် ပြီး စိတ်နာလာပါ‌တော့သည်။ သူ့ဘာသာသူ လွတ် ရာကျွတ်ရာမှာ ပျော်သလို‌နေပြီး အိမ်သို့ပြန်မလာ အောင် လုပ်‌ပေးခိုင်းလာပါသည်။
တကယ်‌တော့ လူတစ်‌ယောက်ကို မောင်းချ ရန်ကား လွယ်လှသည်မဟုတ်‌ပေ။ ဆွေမျိုးညာတိ ထက်ရင်း‌သော သားသမီးကို မောင်းထုတ်ရန်ကား မလွယ်ကူလှ‌ချေ။ မိခင်ကိုယ်တိုင် နှုတ်မှဖွင့်ဟတိုင် ကြားခြင်းဖြစ်၍ မုသားဟုမဆိုသာ။ လက်လွန်‌ခြေ လွန်မဖြစ်ရန်၊ တစ်ဘက်သား မနစ်နာဘဲ ဝေးရာ ထွက်သွားရန် စဉ်းစားရပါသည်။
တကယ်‌တော့ ထိုသူမှာ သူတို့ဘဝအတွက် အရှုပ်ထုပ် သပွတ်အူပင်ဖြစ်‌နေ‌ပေသည်။ ထို့‌ကြောင့် သူ၏ဓာတ်ပုံကို A4 စက္ကူတွင် 4''- 6'' ဆိုက်ကူးခိုင်း ပြီး ဈေး၌သပွတ်အူ ရှာဝယ်ခိုင်းလိုက်ပါ‌တော့သည်။
နောက်တစ်ကြိမ်‌ရောက်ရှိလာ‌သောအခါ ဓာတ်ပုံ နှင့်သပွတ်အူ ပါလာ၏။ သပွတ်အူသည်လည်း ဘိုက‌လေး‌ဈေးဝန်းကျင်မှာ အ‌တော်ရှာဝယ်ခဲ့ရ သည်ဟုဆိုပါသည်။ ထို့‌ကြောင့် ဓာတ်ပုံ‌နောက် ကျောတွင် ထိုသူအမည်ကို‌ရေးပြီးလိပ်ကာ သပွတ် အူထဲ ထိုးထည့်ပါသည်။ အလွယ်တကူမဝင်၍ ဘောလ်ပင်ဖြင့်ချဲ့ရ‌သေး၏။
ထို့‌နောက် သောကြာ‌နေ့ည‌နေ ၆ နာရီခန့်မှာ ရေစီး‌သောမြစ်၊ ချောင်းအတွင်းသို့ မျှောခိုင်းလိုက် ပါသည်။(ရေတွင်တွင်စီး‌လေ ကောင်း‌လေဖြစ်၏)
များမကြာမီ သတင်းသဲ့သဲ့ကြားမိ၏။ထိုလူဆိုး အိမ်‌ထောင်ကျပြီး တရပ်တ‌ကျေးမှာ အေး‌ဆေးစွာ နေထိုင်သည်ဟု သိရ‌ပေသည်။ မိမိ မိသားစုတွင် မပတ်သက်သင့်‌သောလူအချို့ မလွှဲမ‌ရှောင်သာ အိမ်‌ပေါ်သို့ လာ‌ရောက်ပတ်သက်‌နေပါက ခွင့်လွှတ် ကြည့်ပါ။ မရပါက ၎င်း၏ဓာတ်ပုံကိုသပွတ်အူတွင်း ထည့်ပြီး ရေ‌မျှောခြင်းဖြင့် စိတ်ချမ်းသာမှုရ‌ပေလိမ့် မည်။ ရေထဲသို့‌မျှောစဉ်မှာ ‘‘နင်သွားလိုရာသွား တော့... ငါတို့‌တော့ နင့်ကို‌မေတ္တာကုန်ပြီ’’ဟုသာ ပြောပါ။ သေပါ‌စေ၊ ကြေပါ‌စေ မပါသင့်‌ပေ။
စေတနာက‌တော့အ‌ရေးကြီးသည်။ မိမိအတ္တ ကြီးပြီး သူ‌တော်‌ကောင်းကို သွား၍လုပ်မိပါက မိမိ မျောရတတ်‌ပေသည်။ သတိထားသင့်၏။ စိတ် ကောင်းထား၍ တရားမျှတစွာ တွေးဆဆုံးဖြတ် သင့်ပါသည်။

ချမ်းသာသုခ ပြည့်ဝပါ‌စေ။
ရွှေကျွန်းခိုင်သစ်

လှေကားတပ်ဆင်ခြင်းမင်္ဂလာ***************************ဝင်းဇော်(သုံးဆယ်)ကျွန်‌တော်တို့လမ်းထိပ်မှခြံကြီးထဲတွင် လွန်ခဲ့ သောတစ်...
29/09/2022

လှေကားတပ်ဆင်ခြင်းမင်္ဂလာ
***************************
ဝင်းဇော်(သုံးဆယ်)

ကျွန်‌တော်တို့လမ်းထိပ်မှခြံကြီးထဲတွင် လွန်ခဲ့ သောတစ်လခန့်က အုတ်ဖိနပ်ချကာ‌ဆောက်လုပ် နေ‌သော နှစ်ထပ်သစ်သားအိမ်ကြီးက ဆောက်လုပ် ပြီးစီးသွား‌လေပြီ။ အိမ်ပိုင်ရှင် ဒေါ်ခင်ခင်ကြီးက အိမ် ၏အ‌ပေါ်ထပ်သို့တက်သည့်‌လှေကားနှင့် နေအိမ် အောက်ထပ်သို့တက်သည့်‌လှေကားတို့ကို တပ်ဆင် သောအခါ လက်သမားဦးဖိုခက အင်္ဂဝိဇ္ဇာသိန်းကို လာ‌ရောက်ပင့်သည်။ နေအိမ်တွင် လှေကားအသစ် တပ်ဆင်ခြင်းမင်္ဂလာကို ဆောင်ရွက်‌ပေးပါရန် အဘိုး ဆရာသိန်းကိုလာ၍ မေတ္တာရပ်ခံပါသည်။
အဘိုးဆရာသိန်းက လှေကားအသစ်ထပ် ဆင်ရန် မင်္ဂလာရက်၊ မင်္ဂလာအချိန်တို့ကို ဗေဒင်ပညာဖြင့် တွက်ချက်၍ သတ်မှတ်‌ပေးသည်။ လှေကားအသစ် တပ်ဆင်မည့်ပိုင်ရှင်များ မင်္ဂလာရှိသည်ထက် ရှိ‌စေ ရန်၊ မင်္ဂလာပြည့်သည်ထက်ပြည့်ဝ‌စေရန် အဘိုး ဆရာသိန်းက သူတတ်ထား‌သောပညာဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကူညီ‌လေ့ရှိပါသည်။ ကျွန်‌တော်က အဘိုးဆရာသိန်းလုပ်ကိုင်‌ဆောင်ရွက် နေသမျှကိုမှတ်သား‌နေမိသည်။
ပထမဦးစွာ မင်္ဂလာအခါ‌တော်အချိန်သို့ ရောက်‌သောအခါ ရတနာသုံးပါး၊ အန‌န္တောအနန္တ ငါးပါးကိုဦးထိပ်ထားပြီး လှေကားသစ်ကိုတပ်ဆင်ရ ပါသည်။
အိမ်ပိုင်ရှင် အလှူရှင်ကြီး၊ အလှူအမကြီးတို့က ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ချင်း၊ ငရုတ်‌ကောင်း၊ မန်ကျည်းသီးတို့ကို ဝါး‌တောင်းထဲ တွင်ထည့်၍ ရေအိုးကိုပိုက်ပြီး လှေကား‌ပေါ်သို့ လှမ်းတက်လာရပါသည်။ ထို့‌နောက် ရွှေဖလား၊ ငွေဖလားများထဲ၌ နံ့သာရည်များထည့်ပြီး လှေကား ကို‌အောင်အတိတ်၊ အောင်နမိတ်ဟုဆု‌တောင်းကာ သ‌ပြေခက်ဖြင့်ဆွတ်၍ ပက်ဖျန်း‌ပေးရပါသည်။
ရှေးထုံးလည်းမပယ်နှင့်၊ ဈေးသုံးလည်းမလွယ်နှင့် ဆိုသည့် ရှေးစကားအတိုင်း လောကီကို‌ကျေပွန်မှ လောကုတ္တရာကို ရည်မွန်ရာကျ‌စေရန် လောကီ ဟိတ်၊ လောကီအတိတ်၊ လောကီနိမိတ်ကိုယူရ သည်။
လှေကား၏ထိပ်တစ်‌နေရာတွင်လည်း ရှန်‌ဗောင်း ဖြူဟု‌ခေါ်သည့် ဗောင်းဖြူ၊ ဗောင်းနီ တစ်ထောင့် တစ်ထွာစီ နှစ်စကိုထပ်၍ ကမ္ဘာ‌မြေပျက်‌သော် လည်း မြက်‌မြေစာမတုံးဆို‌သောနိမိတ်နှင့် မြေစာ အပါအဝင် အရွက်ပင်မနူမကြမ်းများကို သ‌ပြေပန်း အနည်းငယ်နှင့် ချည်‌နှောင်‌ပေးထားရသည်။ အောင်ဆုကိုလည်း တောင်း‌ပေးရသည်။
လှေကားအရှင် လှေကားသခင်များအတွက် အုန်း၊ ငှက်‌ပျော၊ ပန်း စုံလင်စွာဖြင့် ပွဲတစ်ပွဲပြင်ကာ အပ်နှံရပါသည်။ ပြီးလျှင် ကန်‌တော့ပွဲနှင့်‌လှေ ကားကို အ‌မွေးနံ့သာရည်များဖြင့် ကပ်ဖျန်းကာ
‘‘လှေကားအရှင် လှေကားသခင်များက ယ‌နေ့မှ စ၍အသိအမှတ်ပြုကာ အောင်အတိတ်နှင့် အောင် ဘိသိတ်ခံယူကာ အိမ်ရှင်မိသားစုများကို ရွှေမပြတ် ငွေမပြတ် ရွှေလာဘ်‌ငွေလာဘ်များကို အထပ်ထပ် ရပြီး ရွှေသူ‌ဌေး၊ ငွေသူ‌ဌေးမျာဖြစ်လာ‌စေဖို့ သားသမီးသဖွယ်သ‌ဘောထားပြီး စောင့်‌ရှောက်‌ပေး ပါခင်ဗျာ’’
ဟုအဘိုးဆရာသိန်းက အသံ‌နေအသံထားဖြင့် ရွတ်ဆို‌နေသံကို ကျွန်‌တော်ယ‌နေ့တိုင်ကြားယောင်‌နေမိပါသတည်း။
ဝင်း‌ဇော်(သုံးဆယ်)

စွန်းလွန်းဆရာတော် 'ဦးကဝိ' ၏ နိဗ္ဗာန်မျက်မှောက်ပြုပုံနှင့်ထေရုပ္ပတ္တိအကျဉ်း**********************************************...
29/09/2022

စွန်းလွန်းဆရာတော် 'ဦးကဝိ' ၏ နိဗ္ဗာန်မျက်မှောက်ပြုပုံနှင့်ထေရုပ္ပတ္တိအကျဉ်း
**********************************************************************
အဏ္ဏဝါလှိုင်း

မြင်းခြံမြို့နယ်၊ စွန်းလွန်းရွာတွင် ဦး‌ကျော်ဒင်နှင့် မ‌ရွှေရီတို့ ဇနီး‌မောင်နှံ‌နေထိုင်ကြသည်။ အလွန် ဆင်းရဲ‌သော တောသူ‌တောင်သားများ ဖြစ်ကြပြီး လယ်ယာလုပ်ငန်းဖြင့် အသက်‌မွေးဝမ်း‌ကျောင်းပြု ကြ၏။
တစ်‌နေ့လင်မယားနှစ်‌ယောက် ယာခင်းတွင် ထွန်‌ ရေးနှင်‌နေပြီး၊ နှမ်းကျဲရန် စီစဉ်‌နေကြ၏။
‘‘ညီမ‌လေး ရွှေရီ’’
‘‘ဘာလဲ အစ်ကို’’
‘‘ဒီယာခင်းကို ဓိဋ္ဌာန်ပြုပြီး နှမ်းကျဲချင်တယ်’’
‘‘ဘယ်လို ဓိဋ္ဌာန်မှာလဲ’’
‘‘ဒီယာခင်းက နှမ်းတင်း (၅ဝ) ထွက်ရင် ရွာဦးက ဘုရားမှာ ဆီမီး(၁ဝဝဝ)ပူ‌ဇော်မယ်လို့’’
‘‘အစ်ကိုရယ်၊ နှမ်းတင်း (၅ဝ) က များပါတယ်၊ တင်း (၄ဝ) ထွက်ရင်ဘဲ ဆီမီး (၁ဝဝဝ) ထွန်းလို့ ရပါတယ်’’
‘‘ကောင်းပြီ ၊ ဒါဆိုအစ်ကို နတ်‌ဒေဝါ‌တွေကို သက်‌သေအရာမှာထားပြီး ဓိဋ္ဌာန်ပြု‌တော့မယ်’’
‘‘အို၊ နတ်မြတ်နတ်‌ကောင်း နတ်အ‌ပေါင်းတို့ ကိုယ်‌စောင့်နတ်၊ တော‌စောင့်နတ်၊ တောင်‌စောင့် နတ်၊ ရုက္ခစိုးအ‌ပေါင်းတို့ သင်တို့ကိုသက်‌သေ အရာ မှာပြု၍ ကျွန်ုပ်တို့လင်မယားသစ္စာပြုပါ၏။ ဤ ယာခင်းကို ယ‌နေ့နှမ်းကျဲပါမည်။ နှမ်းတင်း(၄ဝ) ထွက်ပါက ရွာဦးက‌စေတီ‌တော်မှာ ဆီမီး (၁ဝဝဝ) ထွန်းညှိပြီး ပူ‌ဇော်ပါမည်။ ကျွန်ုပ်တို့ ကတိသစ္စာပြုပါ သည်။ ကျွန်ုပ်တို့၏ ကတိသစ္စာကို နတ်‌ဒေဝါများက အသိသက်‌သေပြု၍ ပြုလုပ်ခြင်းဖြစ်ပါသည်။’’
ထွန်‌ရေးကိုညက်‌အောင်ထွန်၏။ မြက်ပင်၊ ပေါင်း ပင်များကို မ‌ရွှေရီက ဓါးနှင့်ခုတ်၍ သုတ်သင် ရှင်းလင်း၏။ ယာခင်းမှထွက်လာ‌သော အမှိုက်များ ကို စုပုံ၍မီးရှို့ကြ‌လေသည်။ မီးခိုးလုံးကြီးမှာ မဲနက် ညို‌မှောင်ပြီး အ‌ပေါ်သို့လွင့်တက်သွားကြ‌လေသည်။ ဦး‌ကျော်ဒင်က ချွေးများကိုသုတ်၍ နှမ်း‌စေ့များကို ထွန်‌ရေးအစပ်အတိုင်း အကွက်ကျကျ ပက်ကျဲ‌နေ ပါ‌တော့သည်။ ပါးစပ်မှလည်း ဘုရားဂုဏ်‌တော်ကို ပွား‌နေပါ‌တော့သည်။
တော‌စောင့်နတ်သည် ဦး‌ကျော်ဒင်၏ ပါရမီကို ဖြည့်ချင်သဖြင့် နှမ်းတင်း (၄ဝ) ရရှိ‌အောင် ကူညီ‌ပေး မည်ဟု ဆုံးဖြတ်‌လေ‌တော့သည်။ နတ်သဘင် အစည်းအ‌ဝေးတွင် ဦး‌ကျော်ဒင်၏ ကတိသစ္စာပြု ပုံကို တင်ပြကြ‌လေသည်။ သိကြားမင်းက ဦး‌ကျော် ဒင်နှင့် ပတ်သက်၍ မိန့်ကြားပါသည်။
‘‘ဦး‌ကျော်ဒင်ဟာ ဒီဘဝမှာ ရဟန္တာဖြစ်မဲ့ ပုဂ္ဂိုလ်ဘဲ’’
‘‘မှန်ပါ’’
‘‘ကဿပဘုရားရှင်လက်ထက်က ကျေးသား (ကြက်တူ‌ရွေး) ဖြစ်ခဲ့တယ်။ အဟိတ်တိရစ္ဆာန် ဖြစ်‌ပေမယ့် ပါရမီအထုံရင့်သန်လို့ ဘုရားရှင်ထံ ဝပ်တွားရိုကျိုးရှိခိုးပြီး သစ်သီးဆွမ်း‌တွေကို ဆက် ကပ်ဖူးတယ်’’
‘‘မှန်ပါဘုရား’’
‘‘ဘုရားရှင်က သနား‌တော်မူ‌သော မဟာဂရုဏာ ဖြင့် သင်လိုလား‌တောင့်တ‌သော ဆုအတိုင်း ပြည့်ပါ‌ စေ’’ လို့ ဆု‌ပေးလိုက်တယ်။
‘‘မှန်ပါ’’
‘‘ကျေးသား‌လေးဘဝက သေလွန်ပြီး‌တော့ ကာမ သုဂတိခုနှစ်ဘုံမှာ သူများနဲ့မတူတဲ့ စည်းစိမ်‌တွေနဲ့ ခံစားစံစားရတယ်’’
‘‘မှန်ပါ’’
‘‘ဂေါတမဘုရားရှင်ပွင့်‌တော်မူတဲ့အခါ သထုံ မနူ ဟာမင်းရဲ့ ဆည်းကပ်ကိုးကွယ်တဲ့ ‘‘ဗားမဲ့’’ ဆရာ‌တော် ဖြစ်ခဲ့တယ်’’
‘‘အခု ဒီဘဝဟာ နောက်ဆုံးဘဝဘဲ၊ ဒါ‌ကြောင့် နတ်‌ဒေဝါ‌တွေက ဦး‌ကျော်ဒင်ကို ပါရမီဖြည့်ကြရ မယ်’’
‘‘ကောင်းပါပြီ’’

ဦး‌ကျော်ဒင်သည် အခြားသူများထက် နှမ်းကျဲ ရက်‌စော၏။ မိုးတစ်မိုးနှစ်မိုးရွာပြီး‌နောက် နှမ်း‌စော‌ စောကျဲပက်၏။ နှမ်းကျဲပြီး နောက်‌နေ့တွင် အညာမိုး မှာ များစွာရွာသွန်းကျ‌လေသည်။ နေ့‌ရောညပါ မ‌တော်ရွာချသဖြင့် ချောင်း‌ရေ/မြောင်း‌ရေ‌တွေ ရေ‌တွေပြည့်ပြီး ယာခင်း၊ လယ်ခင်းများ ရေ‌တွေ ပြည့်သွား၏။ ရေ‌တွေ ဖွေး‌ဖွေးလှုပ်သွားပါ‌တော့ သည်။
‘‘အစ်ကို‌ရေ’’
‘‘ဘာလဲ ရှင်မ’’
‘‘အစ်ကိုလည်း နှမ်းကျဲပြီး‌ရော၊ မိုး‌တွေက အဆက်မပြတ်ရွာတာ၊ ရေ‌တွေ‌ဖွေး‌ဖွေးလှုပ်သွား တာဘဲ၊ နှမ်းခင်း‌တော့ ဆုံးပြီထင်ပါတယ်’’
‘‘နှမ်းခင်းက ဘာမှမဖြစ်ပါဘူး၊ နှမ်း‌စေ့ပဲရှိ သေးတာ အပင်မ‌ပေါက်ရ‌သေးလို့ ဘာမှမဖြစ်တာ ပါ’’
‘‘ဟုတ်ကဲ့ ... ဟုတ်ကဲ့’’
မြင်းခြံမိုးမှာ ရပ်သွား၏ နေကျဲကျဲပူပြီး၊ ခြောက်‌သွေ့စပြုလာပြန်၏။ မိုးရွာသွန်း‌သော ကြောင့် အချို့နှမ်းခင်းများ အပင်‌ပေါက်ဘဝမှ ပျက် စီးသွားကြ‌လေသည်။ နှမ်းသည် မိုး‌ခေါင်တာကို ကြိုက်၏။ မိုးများပါက အပင်များ‌သေကုန်ပါသည်။ အခြားနှမ်းခင်းများ ပျက်စီးသွား‌သော်လည်း ဦး‌ကျော်ဒင်၏ နှမ်းခင်းမှာ အပင်‌ပေါက်များဘဝမှ စတင်ရှင်သန်လာကြ၏။ မိုး‌ရေပြည့်ပြည့်ဝဝ ရကြ သဖြင့် မျိုး‌စေ့အားလုံး ရှင်သန်လာကြ‌လေသည်။ တစ်လခန့်ကြာ‌သောအခါ နှမ်းပင်များ (၁) ပေထိ မြင့်၍လာ၏။ အရွက်‌တွေ ဖားဖားကြီးဖြင့် ယိမ်းက သကဲ့သို့ ကြည့်၍‌ကောင်းပါသည်။
နှမ်းပင်များ‌သေ၍ နောက်ထပ်ကျဲကြ‌သော အခြားအခင်းများမှာ အပင်‌တော့ဖြစ်ပါသည်။ သက် တမ်းနုနုတွင် နောက်တစ်ကြိမ် မိုးကြီးကြီးကျယ် ကျယ်ရွာချ‌သောအခါ အကုန်‌သေကုန်ပြန်၏။ ဦး ကျော်ဒင်၏နှမ်းခင်းမှာ အပင် (၁) လသားရှိ၍ မိုး ဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် မ‌သေပါ။ နှမ်းပင်မှ နှမ်းသီးများပင် သီး‌နေပါပြီ။
နှမ်းမှာ စပါးပင်နှင့် မတူပါ။ သက်တမ်းနု၏။ (၃) လနှင့် အပင်ရင့်ပြီး နှမ်းရိတ်သိမ်းရ‌လေသည်။ လူတိုင်းက ဦး‌ကျော်ဒင်၏ နှမ်းခင်းကိုလာကြည့်ပြီး ကောင်းစွာ ချီးကျူးကြ‌လေသည်။
‘‘ဦး‌ကျော်ဒင်က‌တော့ ထူးပါ့ဗျာ၊ ဒီနယ်မှာ နှမ်းဖြစ်တာဆိုလို့ ဦး‌ကျော်ဒင် တစ်‌ယောက်ဘဲ ရှိ တာ’’
‘‘ဒီလူက‌တော့ တော်‌တော်ထူးတဲ့လူဘဲ’’
ဦး‌ကျော်ဒင် နှမ်းရိတ်ပြီး နှမ်းကိုစုပုံ၍အုပ်ရ၏။ (၇) ရက်ခန့်အုပ်ပြီး နှမ်းပင်များကို လက်တစ်ဆုပ် စာ စည်းရ၏။ နှမ်းစည်းများကို (၃)ခုဆိုင် ထောင်ပြီး နေလှမ်းရ၏။ နေပူပူမိုးရွာရွာ နှမ်း‌ထောင်များကို စောင့်ကြည့်ရ၏။ မိုးမရွာဘဲ နေပူကျဲကျဲမှာ နှမ်း‌စေ့ များအာလာပြီး အ‌စေ့များကို မြင်ရ‌လေသည်။ ထိုအခါ စောင်များဖြင့်ခင်းပြီး နှမ်းခါရ၏။ နှမ်း‌စေ့များကိုရိုက်ပြီး ထုတ်ယူရ၏။ နှမ်း‌စေ့များကို အမှိုက်အ‌မှော်များသန့်ပြီး ခြင်း‌တောင်းဖြင့် ချင်ကြည့်ရာ တင်း (၄ဝ) တိတိထွက်ပါသည်။
‘‘ကဲ ... ရှင်မ‌ရေ ၊ နှမ်းတင်း(၄ဝ)တော့ ထွက်ပြီ၊ ငါတို့ကတိသစ္စာပြုထားတဲ့အတိုင်း ဘုရားမှာ ဆီမီး (၁ဝဝဝ) ထွန်းညှိပူ‌ဇော်ကြရ‌အောင်’’
‘‘ကောင်းပါပြီ’’
ကော‌ဇောသက္ကရာဇ် ၁၂၈၁ ခုနှစ်၊ သီတင်းကျွတ် လပြည့်‌နေ့တွင် စွန်းလွန်းရွာအ‌ရှေ့ဘက် စေတီ‌ တော်မှာ ဆီမီးများထွန်းညှိပူ‌ဇော်ကြပါတယ်။ နှမ်းမှ ထွက်‌သော နှမ်းဆီစစ်စစ်ကို ဆီမီးခွက်ထဲမှာ ထည့်ပြီး ဝါဖြင့်မီးဇာပြုလုပ်ပြီး ဘုရားရင်ပြင်အနှံ့ ထွန်းညှိ၍ ဘုရားအား ပူဇော်ခြင်းဖြစ်ပါသည်။
ဦး‌ကျော်ဒင်သည် စေတီနားကပ်ပြီး ဆီမီးများကို သေ‌သေချာချာကြည့်‌နေ၏။ အနီ‌ရောင်မီး‌တောက် ၏ အ‌ပေါ်တွင် အညို‌ရောင်နှင့်ဆုံးပြီး မီးခိုးများဖြင့် ကောင်းကင်သို့လွင့်ပျံ့၏။ မီး‌တောက်ကို သေ‌သေ ချာချာကြည့်‌သောအခါ ဝါဂွမ်းမီးစာတိုင်အဖျားမှာ စွဲ‌နေ‌သောဆီကို မီး‌လောင်‌နေခြင်းဖြစ်၏။ မီးစာညွန့်‌ လေး‌တွေမှာ လေ‌ကြောင့်လှုပ်ပြီး တလျှပ်လျှပ်နှင့် ဆီများဆူပွက်သည်ကို အ‌သေးစိတ်မြင်‌တွေ့လိုက် ရ၏။ ထိုသို့မြင်သည့်ခဏ မိမိခန္ဓာကို တစ်ဖန်မြင် လိုက်ပြန်ရာ ငါ့ခန္ဓာလိုဘဲဟု အသိတစ်ချက် လက်သွားပြီး ကြက်သီး‌မွေးညှင်းများ ထသွား၏။ တစ်ကိုယ်လုံးတုန်လှုပ်သွား‌လေသည်။
‘‘ဟဲ့ ... ငါ ဘာဖြစ်တာပါလိမ့်’’
‘‘အခုအချိန်အခါ ဆု‌တောင်းရင် ဆု‌တောင်း ပြည့်မှာဘဲ’’
ဦး‌ကျော်ဒင်သည် ဘုရားကိုယုံကြည်၏။ မိမိ ဒါန ကုသိုလ်အလှူကို အရင်းပြု၍ မိမိရင်ထဲမှဆန္ဒဖြင့် ဆု‌တောင်းလိုက်ပါသည်။
‘‘တပည့်‌တော် ဤကဲ့သို့ပြုရ‌သော‌ကောင်းမှုကံ‌ စေတနာတို့‌ကြောင့် ရဟန်း‌ဘောင်တက်လို‌သော ဆန္ဒပြင်းပြစွာဖြစ်‌ပေါ်လာသည်နှင့် ရဟန်းဖြစ်ရပါ လို၏။ ရဟန်းဖြစ်‌သောအခါ တရား‌ဟောဆုံးမ ရပါလို၏။ သတ္တဝါ‌တွေ ကျွန်ုပ်‌ဟောကြားဆုံးမ သည့်အတိုင်း ကျင့်ကြံကျိုးကုတ်အားထုတ်နိုင် ကြပါ‌ စေ’’ ဟု ရင်ထဲ၊ အသဲထဲကလှိုက်၍ ဆု‌တောင်း လိုက်ပါသည်။ ဆု‌တောင်းပြီး တဖန်စဉ်းစားပြန် သည်။
‘‘ငါသည် စာဆို၍ ‘‘ဏ’’ တစ်လုံးမှ မတတ် ပါ့လား၊ ငါရဟန်းဖြစ်ခဲ့ရင် ဘာမှမတတ်ဘဲ ငါ ဘယ်လို တရား‌ဟောရမှာလဲ’’
စသဖြင့် စိုးရိမ်စိတ်ဖြစ်‌ပေါ်လာပြန်သည်။ ဦး‌ကျော်ဒင်၏ရင်ထဲဝယ် ဆီမီးပူ‌ဇော်ရ‌သော ကုသိုလ်‌ကြောင့် ပီတိ‌သောမနသများဖြစ်၍လာပြန် သည်။ မိမိ‌တောင်းခဲ့‌သောဆုလည်း မုချပြည့်ဝ‌တော့ မည်ဟုလည်း ယုံကြည်‌နေပြန်သည်။
ယခုနှစ်သည် ဦး‌ကျော်ဒင်အတွက် ကံအ‌ကောင်း ဆုံးနှစ်ဟု ဆိုရပါမည်။ ဘာလုပ်လုပ် လုပ်သမျှ အောင်မြင်၏။ စီးပွား‌ရေးကလည်း ဒီ‌ရေအလား ဆထက်ထမ်းပိုး တိုးတက်လာ‌လေသည်။
‘‘ရှင်မ’’
‘‘ဘာလဲအစ်ကို’’
‘‘ငါတို့စီးပွားက မယုံကြည်နိုင်‌လောက်‌အောင် ဖြစ်လာတယ်’’
‘‘ဖြစ်‌တော့ ဘာစိုးရိမ်လို့လဲ’’
‘‘စီးပွားတက်ရင် လူပျက်စီးတတ်တယ်လို့ ပြောသံကြားတယ်၊ မြင်းခြံမှာ ကပ်‌ရောဂါ‌တွေ ဖြစ် နေတယ်လို့ကြားတယ်’’
‘‘အစ်ကိုက သေရမှာ ကြောက်‌နေတာလား’’
‘‘အေး ... ငါလည်း စ‌နေဂြိုဟ်ထဲ‌ရောက် နေတယ်ဆို‌တော့ ငါများတစ်ခုခုဖြစ်‌တော့မလား ဆိုပြီး စိုးရိမ်‌နေတာ’’
‘‘ဗေဒင်‌လေးဘာ‌လေး မေးကြည့်ပါ့လား’’
‘‘အေး ဟုတ်တယ်’’
ဤသို့ဖြင့် ဗေဒင်ဆရာ ဦးချီတိုင်ထံသွားကြ၏။ ဦးချီတိုင်ကို အကျိုး/အ‌ကြောင်း‌ပြောပြပြီး ဗေဒင်‌ မေးကြ‌လေသည်။
‘‘ကျော်ဒင်၊ မင်း ခုနှစ် သက္ကရာဇ် ပြော’’
‘‘၁၂၃၉ ခုနှစ်၊ တ‌ပေါင်းလဆန်း (၂) ရက်၊ တနင်္လာသားပါ’’
‘‘အင်း ... ဟုတ်ပြီ၊ မင်းတို့အိမ်မှာ ဒီနှစ် ခြေနှစ်‌ချောင်းထွက်ကိန်းမြင်တယ်’’
‘‘ဗျာ’’
သေရမှာ ကြောက်ပါတယ်ဆို ဗေဒင်ဆရာက ထွက်ကိန်းမြင်တယ်‌ဟော‌တော့ ရင်ထဲက ကြောက် စိတ်က ပို၍ပြင်းထန်လာ၏။
‘‘ဆရာရယ်၊ ဒီလိုမ‌ပြောပါနဲ့၊ နဂိုကမှ ကြောက်ပါတယ်ဆိုမှ’’
‘‘ဟ ... ကျော်ဒင်ရ၊ ငါ‌ပြောတာမဟုတ်ဘူး၊ ဗေဒင်က‌ပြောတာ’’
ဦး‌ကျော်ဒင်သည် အမှန်တကယ် သေရမှာ ကြောက်‌နေ၏။ အခုချိန် ငါ‌သေရင်၊ ငါ့မှာ ကုသိုလ် ကောင်းမှုတစ်စက်မှ မရှိ‌သေးဘူး၊ အကုသိုလ်‌တွေ က‌တော့ အများကြီးလုပ်ထားတာ၊ တကယ်‌သေရင် အပါယ်ကျမှာ သေချာတယ်၊ အပါယ်မှလွတ်တဲ့ တရား၊ အပါယ်ပိတ်တဲ့တရား‌လေးရပြီးမှ‌သေရင် တော်‌သေးတယ် စသဖြင့်‌တွေးရင်းဖြင့် ညအိပ်မ‌ပျော် ခဲ့ပါ’’
၁၂၈၁ ခုနှစ်၊ တ‌ပေါင်းလပြည့်တွင် အိပ်မက် တစ်ခုမက်ပြန်သည်။ မိမိအိမ်‌ရှေ့မဏ္ဍပ်ထဲသို့ ဘုရား ဆင်းတု‌တော်တစ်ဆူသည် ပြုံး‌တော်မူလျက် ကြွချီ တော်မူလာသည်။ ဦး‌ကျော်ဒင်က မြင်ရပြီး မ‌ရွှေ ရီလက်ထဲက ဆွမ်းကိုလှမ်းယူပြီး ဘုရားကို ဆွမ်း ကပ်‌တော်မူ‌လေသည်။ ဘုရားရှင်က ယခု ငါတရား ဟောရဦးမည်၊ နောင် ငါတရားမ‌ဟော‌တော့ပါ ဟု မိန့်ကြား၏။ ထိုစဉ် အိပ်မက်မှလန့်နိုး‌လေသည်။
ဦး‌ကျော်ဒင်သည် ဘုရားသို့ သူငယ်ချင်းဖြစ်သူ ဦးစံတင်နှင့်အတူသွားပြီး ဘုရားဝတ်ပြုကြ၏။
‘‘သူငယ်ချင်း မင်းကြည့်ရတာ ဂဏှာမငြိမ် ဖြစ်‌နေတယ်၊ ဘုရားကိုလာပြီး ဘာဖြစ်ချင်တာလဲ’’
‘‘ဟုတ်တယ်၊ ငါ‌သေမှာ‌ကြောက်တယ်၊ ဒီ သေခြင်းတရားကို ဘယ်လိုဖြတ်‌ကျော်ရမလဲ၊ မ‌သေတဲ့တရားရှိသလား’’
‘‘မ‌သေတဲ့တရားရှိတာ‌ပေါ့ကွ၊ မ‌သေတာ နိဗ္ဗာန်ဘဲ’’
‘‘ဘာ .... နိဗ္ဗာန်က မ‌သေဘူး’’
‘‘ဟုတ်တယ် ... သေခြင်းကင်းရာ နိဗ္ဗာန်လို့ ဆရာဘုန်းကြီး‌ဟောထားတယ် မဟုတ်လား’’
‘‘ဟာ ... ဟုတ်ပြီ၊ ဒါဆို ငါနိဗ္ဗာန်လိုချင်တယ်၊ နိဗ္ဗာန်ရောက်ချင်တယ်၊ ဘယ်လိုလုပ်ရင် နိဗ္ဗာန် ရောက်မလဲ၊ နိဗ္ဗာန်ရမှာလဲ’’
‘‘နိဗ္ဗာန်ဆိုတာ ဘုံဌာန၊ နေရာဌာနမျိုး မဟုတ် ဘူးကွ၊ ရောက်တယ်၊ သွားလို့ရတယ် ဆိုတာမျိုး မဟုတ်ဘူး၊ မျက်‌မှောက်ပြုတာလို့ ပြောကြတယ်’’
‘‘အေး ... ထားပါ‌တော့ နိဗ္ဗာန်ကို ငါမျက် မှောက်ပြုချင်တယ်၊ နိဗ္ဗာန်ချမ်းသာမြတ်ကို လိုချင် တယ်၊ ဘယ်လိုလုပ်ရမှာလဲ’’
‘‘ဒီလိုလုပ်ဗျ .. ခင်ဗျားအိမ်‌ရှေ့မှာ မဏ္ဍပ်ထိုးပြီး ဘုရားပင့်ပြီး ဝတ်တက်၊ ဝတ်ရွတ်ပါ’’
‘‘ဟုတ်ကဲ့’’
‘‘ခင်ဗျားသွားချင်တဲ့ နိဗ္ဗာန်ကို ဘယ်လိုသွား ရမယ်ဆိုတာ လမ်းညွှန်တဲ့သူလာလိမ့်မယ်’’
‘‘ဟုတ်ကဲ့ ... ခင်ဗျား‌ပြောတာ ကျွန်‌တော် ယုံတယ်၊ မနက်ဖန် စတင်‌ဆောင်ရွက်ပါ့မယ်’’
‘‘ကောင်းပါပြီ’’
ဦးစံတင်သည် ဦး‌ကျော်ဒင်အတွက် အခါ‌တော်‌ ပေး‌နေပါ‌တော့သည်။ နောက်‌နေ့တွင် ဦး‌ကျော်ဒင် အိမ်‌ရှေ့တွင် ဝါးများ၊ သက်ငယ်များဖြင့် မဏ္ဍပ် ထိုးကြ၏။ ဘုန်းကြီး‌ကျောင်းမှ ကျောက်ဆင်းတု တစ်ဆူကိုပင့်ကြ၏။ ဘုရားရှင်ကြွလာသဖြင့် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတို့ ဆက်ကပ်ပူ‌ဇော်ကြ၏။ ဓမ္မစကြာ ဝတ်ရွတ်ကြ၏။ ရွာလူကြီးများ အသက် အရွယ်ကြီးရင့်သူများ လာ‌ရောက်ကြ၏။ ကွမ်း၊ လက်ဖက်ဖြင့် မ‌ရွှေရီက ဧည့်ခံ၏။
လူအများက ရပ်‌ရေး၊ ရွာ‌ရေး၊ သား‌ရေး၊ သမီး‌ရေး ပြောကြ‌သော်လည်း အသက်အရွယ် ရလာသူများ ကဘာသာ‌ရေးစကား‌ ပြောကြ၏။ ရတနာ (၃) ပါးအ‌ကြောင်း ဘုရားဂုဏ်‌တော်အ‌ကြောင်း ပြော ကြ‌လေသည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်‌လောက် ကြာ‌သောအခါ မြင်းခြံမြို့မှ ဦးဘစံဆိုသူ ကြွလာ၏။ လူကြီးများနှင့် တရားစကား‌ပြောရာတွင် ထူးဆန်း‌ သော စကားများကို ပြောပြ‌လေသည်။
‘‘မြန်မာပြည်မှာ ရဟန္တာ မဆိတ်သုဉ်းဘူးဆိုတာ ဟုတ်တယ်’’
‘‘ဘာ‌ကြောင့် ပြောနိုင်တာလဲ မောင်ရာ’’
‘‘မုံရွာမှာ လယ်တီဆရာ‌တော်ဆိုတာရှိတယ်၊ ရဟန္တာလို့လူ‌တွေက သမုဒ်ကြတယ်’’
‘‘သူက ဘာတရား‌တွေ ဟောတာလဲ’’
‘‘အာနာပါန၊ သတိပဋ္ဌာန်တရားဘဲ’’
‘‘ဟာ ...လုပ်ပါဦး‌မောင်ရင်၊ သိသ‌လောက် ပြောပါဦး’’
‘‘အာနာပါန ဆိုတာက နှာသီးဖျားက‌တေ ဝင်‌လေ၊ ထွက်‌လေကို နောက်က‌နေမှတ်တာ ဝင်ရင် ဝင်‌လေလို့ မှတ်တယ်၊ ထွက်‌လေကို ထွက်‌လေလို့ မှတ်ရတယ်’’
‘‘ဒီလို ရှုမှတ်တာနဲ့ တရားက ဘယ်လိုရ တာလဲ’’
ဦး‌ကျော်ဒင်သည် ‘‘အာနာပါန’’ ဆို‌သော စကားကို ကြားလိုက်ရသဖြင့် စိတ်မှာ အ‌တော် တုန်လှုပ်‌ခြောက်ချားသွား‌လေသည်။ စိတ်မှာ လျှပ်စီး လက်သလို ဖြိုးဖြိုးဖျက်ဖျက်ဖြစ်လာသည်။ ခက်တာက ငါစာမတတ်‌တော့ သူ‌ပြောတဲ့ အာ နာပါနဆိုတာ လုပ်လို့ရပါ့မလားဆိုပြီး အားငယ်၍ နေ၏။ မဏ္ဍပ်၏ ဘေးအစွန်းတွင်ကပ်၍ နား‌ထောင်‌ နေ၏။
‘‘မောင်‌ကျော်ဒင်၊ ဒီကိုလာပါဗျ၊ ငါတို့နဲ့အတူ စကား‌ပြောရ‌အောင်ပါ၊ မင်းက အလှူရှင်ဖြစ်ပြီး ဘာလို့ စကားမ‌ပြောတာလဲ’’
‘‘ကျွန်‌တော်က စာမတတ်‌တော့ သူများ ပြောတာဘဲ နား‌ထောင်‌နေရတာ‌လေ၊ ကိုယ်က ဘာမှဝင်‌ပြောလို့မှ မတတ်တာ၊ ဒါ့‌ကြောင့် ဝေး‌ဝေး က‌နေ နား‌ထောင်‌နေတာပါ’’
‘‘ဒီလိုဘဲ ဘယ်ဟုတ်ပါ့မလား၊ ကျုပ်တို့ စကားဝိုင်းထဲမှာလာပါဗျ’’
‘‘ဟုတ်ကဲ့၊ ဟုတ်ကဲ့ ကျွန်‌တော် တစ်ခု‌လောက် မေးပါရ‌စေ’’
‘‘မေးပါ ... မေးပါ’’
‘‘ကျုပ်က စာမတတ်‌တော့ အားငယ်‌နေရတာ၊ စာမတတ်တဲ့လူလဲ ခုနအာနာပါနဆိုတဲ့ တရား အားထုတ်လို့ရသလား’’
‘‘တရား အားထုတ်တာ စာတတ်တာ၊ မတတ်တာနဲ့ မဆိုင်ပါဘူးဗျ၊ စာမတတ်လည်း တရားအားထုတ်လို့ရပါတယ်’’
‘‘ဟာ ... ဝမ်းသာလိုက်တာ၊ ဒါဆို ကျွန်‌တော် အာနာပါနကို အားထုတ်ချင်တယ်၊ ကျွန်‌တော့်ကို သင်‌ပေးပါ’’
‘‘ပါဠိလို အာနာပါနလို့‌ဟောတာ၊ မြန်မာလိုက (ဝင်‌လေ၊ ထွက်‌လေ)ကို ရှုမှတ်တာဘဲ’’
‘‘ဟုတ်ကဲ့’’
‘‘ဝင်‌လေ၊ ထွက်‌လေဆိုတာသူများအသက် ရှူတာ မှတ်ခိုင်းတာမဟုတ်ဘူး၊ ကိုယ့်အသက် ရှူတာကို မှတ်ရတာမို့ ခက်မယ်မထင်ပါဘူး’’
‘‘ဟုတ်ကဲ့၊ မခက်ပါဘူး’’
‘‘ဝင်‌လေကို ဝင်တယ်လို့ မှတ်တာ၊ ထွက်‌လေကို ထွက်တယ်လို့မှတ်တာဘဲ’’
‘‘ဒီ‌လေကို မှတ်တာနဲ့ တရားရ‌တော့လား၊ တရားက ဘယ်လိုရတာလဲ ဆက်‌ပြောပါဦး’’
‘‘ဝင်‌လေ၊ ထွက်‌လေကို နောက်ကသိတဲ့ ဉာဏ်‌လေးနဲ့ မှတ်‌နေရင်းက တရားသားတက်လာ လိမ့်မယ်၊ တရားက ဆောင်သွားလိမ့်မယ်၊ နောက် က ထပ်ချပ်မကွာသာ မှတ်‌နေပါ’’
‘‘ဟုတ်ကဲ့၊ နေရာကျလိုက်တာ၊ နိဗ္ဗာန်ဆိုတာ အ‌ဝေးကြီး‌ရောက်ဖို့ အလွန်ခက်ခဲတဲ့အလုပ်လို့ ထင်‌နေတာ၊ အခု‌တော့ တော်‌တော်လွယ်တာဘဲ’’
‘‘ပြောရတာ လွယ်‌ပေမယ့် လုပ်ရတာခက်တယ် ကို‌ကျော်ဒင်ရ’’
‘‘လုပ်ဖို့က ကျွန်‌တော့်တာဝန် စာမတတ်လဲ ဒီလိုလုပ်ရင် တရားရတယ်ဆိုတာနဲ့ အ‌တော် ကျေနပ်‌နေတာ’’
‘‘လုပ်နည်း‌လေး‌တော့ နည်းနည်း‌ပြောပြမယ်’’
‘‘ဟုတ်ကဲ့’’
‘‘ကမ္မဋ္ဌာန်းဆရာမရှိဘဲ ကိုယ်ဘာသာ အားထုတ် မယ်ဆို‌တော့ ဘယ်‌နေရာ‌ရောက်ရင် ဘယ်ဘူတာ ရောက်တယ်ဆိုတာ‌တော့ ကြိုသိထားရမယ်’’
‘‘ဟုတ်ကဲ့ ဦးဘစံ၊ လမ်းညွှန်‌ပေးပါဦး’’
‘‘မိတ္ထီလာက မြင်းခြံကို ရထားနဲ့လာရင် ဘူတာ (၄) ဘူတာဖြတ်လာရတယ် ဆိုပါ‌တော့’’
‘‘ဟုတ်ကဲ့’’
‘‘(၁) မလှိုင်ဘူတာ
(၂) ရုံးစည်ကြီးဘူတာ
(၃) တောင်သာဘူတာ
(၄) ထောမ ဘူတာဆိုတဲ့ ဘူတာ (၄) ခု ကျော်မှ မြင်းခြံမြို့ကို‌ရောက်မယ်’’
‘‘ဟုတ်ကဲ့’’
‘‘မြင်းခြံဆိုတာ နိဗ္ဗာန်လို့ သ‌ဘောထားရင် နိဗ္ဗာန် ရောက်ဖို့ လမ်းမှာ‌တွေ့ကြုံပြီး ကျော်ဖြတ်ရမယ့် ဘူတာက (၄)ခုရှိတယ်’’
‘‘သ‌ဘော‌ပေါက်ပြီ’’
‘‘ဒီရထားကမိတ္ထီလာကစပြီး ထွက်ခွာရမယ်၊ သွားရမယ်၊ ရပ်‌နေလို့‌တော့မြင်းခြံ‌ရောက်မှာ မဟုတ် ဘူး၊ သွားရမယ်ဆိုတာ ဝိပဿနာတရားအားထုတ် ရမယ်လို့ ဆိုလိုတာ’’
‘‘ဟုတ်ကဲ့’’
‘‘အာနာပါန အားထုတ်ရင် ပထမ ဘာ‌တွေ ရမလဲဆို‌တော့ သတိမြဲရမယ်’’
‘‘ဘယ်လို မြဲရမှာလဲ’’
‘‘နှာသီးဖျားမှာ သတိကပ်ပြီး ဝင်‌လေ၊ ထွက် လေကို မှတ်‌နေရင် မှတ်စိတ်က နှာသီးဖျားမှာဘဲ ရှိရမယ်၊ ခက်တာက စိတ်ဆိုတာ ဟို‌ပြေး၊ ဒီ‌ပြေး၊ ဟို‌ရောက်၊ ဒီ‌ရောက်နဲ့ ဖြစ်တတ်တယ်။ ဒါဆိုရင် နှာသီးဖျားမှာ အချိန်ဘယ်‌လောက်ကြာကြာ‌နေ နိုင်သလဲ၊ ဘယ်‌လောက်တည်ကြည်‌အောင် ထား နိုင်သလဲ၊ ဒါကို သတိမြဲ‌အောင် ကျင့်ရမှာ’’
‘‘ဟာ ... ကိုဘစံ‌ပြောတာ ကျုပ်သ‌ဘော ပေါက်ပြီဗျို့၊ နှာသီးဖျားမှာစိတ်ကို အမြဲငြိမ်‌အောင် တည်‌နေ‌အောင်ကပ်ထားရင် သတိမြဲတယ်လို့ ဆိုလို တာ‌ပေါ့’’
‘‘ဟုတ်တယ် (ဝင်‌လေ/ထွက်‌လေ)ကို နံပါတ် (၁) သတိမြဲရမယ်၊ ဘယ်‌လောက်မြဲရမှာလဲဆိုရင် တစ်‌နေကုန်ထိုင်‌နေလဲ စိတ်ကဘယ်မှမထွက်‌တော့ ဘူး၊ နှာသီးဖျားမှာဘဲ ရှိ‌နေတယ်ဆိုရင် တစ်‌နေကုန် သတိမြဲ‌နေတာ‌ပေ့ါ’’
‘‘အင်း ...အ‌ပြောလွယ်သ‌လောက် အလုပ်ခက်တဲ့ တရား‌နော်’’
‘‘ဘယ်‌လောက်ခက်ခက် ကျုပ်က‌တော့ အရိုး ကျေ‌ကျေ အ‌ရေခမ်းခမ်း ကြိုးစားမှာဘဲ’’
‘‘ကောင်းပါပြီဗျာ’’
‘‘ဒီအဆင့်‌ရောက်ရင်‌တော့ မိတ္ထီလာက ထွက်လာ တဲ့ရထား၊ မလှိုင်ဘူတာနဲ့တူတဲ့၊ သတိမြဲတဲ့ ဘူတာကို ရောက်ပြီ‌ပေါ့ဗျာ’’
‘‘ဟုတ်ကဲ့’’
‘‘ရထားက ဆက်‌မောင်းသလို ဝိပဿနာကို လည်း ဆက်ပြီးကြိုးစားရှုမှတ်ပွားရင် ဒုတိယဘူတာ ရုံးစည်ကြီးဘူတာ ရောက်မှာ‌ပေါ့ဗျာ’’
‘‘ရုံးစည်ကြီးဘူတာနဲ့တူတာက ဘာလဲ’’
‘‘အာနာပါနရဲ့ ဒုတိယဘူတာက ဝင်‌လေ၊ ထွက်‌လေရဲ့ အတိုအရှည်အတိုင်းအတာကို သိ တာဘဲ’’
‘‘ဘယ်လိုလဲ နားလည်‌အောင် ပြော‌ပေးပါဦး’’
‘‘လူ့ခန္ဓာကိုယ်မှာ အသက်ရှူတာနဲ့နှလုံးခုန်တာနဲ့ ဆက်စပ်‌နေတယ်ဗျ။ နှလုံးက (၁)မိနစ်ကို (၁၆) ကြိမ်မှ (၁၈)ကြိမ်ထိခုန်တယ်၊ အသက်(၁)ကြိမ် ရှူရင် နှလုံးက(၄)ကြိမ်လှုပ်ရတယ်။ စည်းနဲ့ဝါးလိုဘဲ တိုင်ပင်က မှန်‌နေတာ’’
‘‘ဟုတ်ကဲ့’’
‘‘အားကစားလုပ်ရင် နှလုံးခုန်နှုန်းမြန်တယ်၊ အသက်ရှူတာလဲ ဟောဟဲ‌ဟောဟဲဆိုပြီး မြန်တယ်၊ ချွေး‌တွေထွက်တယ်’’
‘‘ဟုတ်တယ်၊ ဟုတ်တယ်’’
‘‘အိမ်‌မောကျရင်‌တော့ နှလုံးခုန်တာလဲ နှေး သွားတယ်၊ အသက်ရှူတာလဲ နှေးသွားတယ်’’
‘‘ဟုတ်ပြီ၊ ဟုတ်ပြီ ဆက်‌ပြောပါဦး’’
‘‘အသက်ရှူတာကို စောင့်ကြည့်‌နေတဲ့ ယောဂီဟာ အသက်ရှူသွင်းတဲ့‌လေ၊ အသက်ရှူ ထုတ်တဲ့‌လေကို မြင်‌နေရတယ်၊ နှေး‌နှေးမှန်မှန် ဝင် လေထွက်‌လေကို သိသလို မြန်မြန်နဲ့တိုတိုဖြစ်‌နေ တဲ့ ဝင်‌လေ၊ ထွက်‌လေကို သိသိ‌နေတယ်’’
‘‘ဟုတ်ကဲ့’’
‘‘အစက‌တော့ ဝင်‌လေ၊ ထွက်‌လေဘဲ မှတ်တာ၊ ဘာအသိမှမရှိဘူး’’
‘‘ဟုတ်ကဲ့’’
‘‘ဟော သမာဓိတည်ကြည်လာ‌တော့ ဝင်‌လေ၊ ထွက်‌လေကို မြင်‌နေရတယ်’’
‘‘မြန်တာလဲသိတယ်၊ နှေးတာလဲသိတယ်၊ ရှည်ရှည်ဝင်တဲ့‌လေလဲသိတယ်၊ ရှည်ရှည်ထွက်တဲ့ လေလဲသိတယ်၊ ထို့အတူ တိုတိုဝင်တဲ့‌လေလဲ သိတယ်၊ တိုတိုထွက်တဲ့‌လေလဲသိတယ်’’
‘‘ဟုတ်ကဲ့’’
‘‘သမာဓိရင့်လာရင် ဒီအဆင့်‌ရောက်လာပါ လိမ့်မယ်’’
‘‘ဒါဆို ရုံးစည်ကြီးဘူတာနဲ့တူတဲ့ တိုရှည်သိတဲ့ ဉာဏ်‌ရောက်ပြီ‌ပေါ့’’
‘‘ဟုတ်ကဲ့၊ ဆက်ပြီး ရထားက ခုတ်‌မောင်းရမယ်၊ ဝိပဿနာတရားကိုဆက်ပြီး လေ့ကျင့်ရမယ်၊ ဒါဆိုရင် ဘယ်ဘူတာ ရောက်မှာလဲ’’
‘‘တောင်သာ ဘူတာ‌ရောက်မှာပါ’’
‘‘ဟုတ်တယ်၊ ဝိပဿနာဉာဏ်အမြင်နဲ့‌ပြော ရရင်‌တော့ အလင်း‌ရောင်‌တွေ၊ ဉာဏ်‌တွေ ထွန်း လင်း‌တောက်ပလာလိမ့်မယ်၊ ကိုယ်က‌ပေါ့ပြီး‌ မြောက်တက်သွားသလို ပေါ့‌နေတယ်၊ သွေးသား‌တွေ သန့်စင်‌နေလို့ ကိုယ်အလင်း‌ရောင်‌တွေ ထွက်လာ လိမ့်မယ်၊ ပီတိ၊ သောမနဿ စတဲ့တရား‌တွေ အမြင် အာရုံ ကြည်လင်တာ‌တွေ ရလာလိမ့်မယ်၊ ဒါဟာ ခင်တွယ်စရာဆိုရင် ဒီမှာရပ်သွားလိမ့်မယ်’’
‘‘ဟုတ်ကဲ့ ၊ ဟုတ်ကဲ့’’
‘‘ဝိပဿနာကို ရှုမှတ်ရင်း လက္ခဏာတင်၍ ရှုမှတ်ရမယ်၊ ဒါမှ အလုံးစုံလင်တဲ့ ဉာဏ်နဲ့တူတဲ့ ဒီဘူတာက‌ကျော်နိုင်မယ်’’
‘‘ဟုတ်ကဲ့’’
‘‘ရထားဆက်သွားသလို ဝိပဿနာဆက်ရှု ရင်‌တော့ မြင်းခြံနားက တောမဘူတာကို ဆိုက်လာ မှာဘဲ’’
‘‘တောမဘူတာ ဆိုတာက ဘာလဲ’’
‘‘မြင်းခြံနဲ့တူတဲ့ နိဗ္ဗာန်ရောက်ဖို့ တောမ ဘူတာနဲ့တူတဲ့ ဝိပဿနာဉာဏ်အမြင် ဉာဏ်အဆင့် အတန်းကို ပြောတာပါ၊ ဒီဉာဏ်မှာ‌တော့ ဖြစ်/ပျက် တွေလဲ မရှိ‌တော့ဘူး၊ ခန္ဓာလည်း မရှိ‌တော့ဘူး၊ အကုန်ချုပ်သွားတာ၊ ဘာမှမရှိတဲ့ ချုပ်ငြိမ်းတဲ့ တရားကို လာ‌တွေ့တာဘဲ’’
‘‘ဒါဆို ဘာလဲ’’
‘‘မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်‌ပေါ့’’
‘‘မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်‌ရောက်ရင် နိဗ္ဗာန် ရောက်တာ မဟုတ်လား’’
‘‘မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်က ဝိပဿနာနယ်ပယ်၊ လောကီနယ်ပယ်မှာဘဲ ရှိ‌နေ‌သေးတာ၊ နိဗ္ဗာန်ကို မျက်‌မှောက်ပြုမှ လောကုတ္တရာနယ်ပယ်ထဲ ရောက်တာ၊ ဒီ‌တော့မှ မြင်းခြံ‌ရောက်မှာ’’
‘‘ဝမ်းသာလိုက်တာ’’
‘‘အာနာပါနကမ္မဋ္ဌာန်းကို အတို‌ပြောခဲ့‌ပေးမယ်’’
‘‘သတိမြဲရာ (ပထမှာ၊ (ဒု)မှာ တိုရှည်သိ၊ လုံးစုံ လင်းရာ (တ)၌သာ (စ)မှာ ငြိမ်း‌လေဘိတဲ့’’
‘‘ကျေးဇူးအထူးတင်ပါတယ်ဗျာ’’
ဆက်လက်‌ဖော်ပြပါမည်။
အဏ္ဏဝါလှိုင်း

Address

Paw Taw Mu Street
Hmawbi
11361

Telephone

+959777713844

Website

Alerts

Be the first to know and let us send you an email when Shwe Pauk Sein Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Pauk Sein Journal:

Share