28/08/2026
Netflix မှာ ကြည့်လို့ရနေပြီဖြစ်တဲ့ “GOHAN” 🐶🤍
မြန်မာမင်းသမီး ပိုးမမှီသာ (Poe Mamhe Thar) ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုင်းရုပ်ရှင်တစ်ကားပါ။
GOHAN (2026) က ခွေးလေးတစ်ကောင်ကို အဓိကဇာတ်ကောင်အဖြစ်ထားပြီး အချစ်၊ အထီးကျန်မှု၊ ခွဲခွာရခြင်းနဲ့ “အိမ်” ဆိုတာ ဘာလဲ ဆိုတဲ့အဓိပ္ပာယ်တွေကို နူးနူးညံ့ညံ့ ပြောပြထားတဲ့ ထိုင်း Drama ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
———————
လမ်းဘေးခွေးလေး Gohan ရဲ့ ဘဝတစ်လျှောက် လူအမျိုးမျိုးနဲ့ ဆုံတွေ့၊ သံယောဇဉ်ဖြစ်ပြီး ပြန်လည်ခွဲခွာရတဲ့အဖြစ်တွေကို ကြည့်ရှုရမှာပါ။ ပိုးမမှီသာကတော့ Namcha ဆိုတဲ့ မြန်မာမိန်းကလေး အဖြစ် ပါဝင်ထားပြီး Gohan နဲ့ သူမကြားက သံယောဇဉ်က ဇာတ်ကားရဲ့ စိတ်ခံစားမှုအပြင်းဆုံး အပိုင်းတစ်ခုဖြစ်ပါတယ်။
GOHAN ဟာ ရိုးရိုး “ခွေးချစ်သူတွေအတွက် ခွေးကား” တစ်ကားထက်ပိုပါတယ်။ Gohan ရဲ့ ပိုင်ရှင်တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားတာနဲ့အမျှ လူတစ်ယောက်ချင်းစီရဲ့ အထီးကျန်မှု၊ ဆုံးရှုံးမှုနဲ့ ချစ်ခြင်းမေတ္တာကို ပုံစံမတူဘဲ မြင်တွေ့ရမှာပါ။
ခွေးချစ်တဲ့သူတွေအတွက် ပိုပြီးရင်ထဲထိနိုင်သလို ခွေးမမွေးဖူးတဲ့သူတွေအတွက်လည်း လူနဲ့တိရစ္ဆာန်ကြားက မေတ္တာ၊ သံယောဇဉ်နဲ့ ခွဲခွာခြင်း ကို ခံစားရစေမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ခုလို ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကို အချိန်နဲ့တစ်ပြေးညီ 4K HDRနဲ့ ကြည့်ရှုချင်ရင် မင်မင်တို့စီမှာ နတ်,ဖလစ် ပရိုဖိုင်တွေ 0ယ်ယူရရှိနိုင်ပါတယ်နော်👌