𝙼𝚒𝚗𝙻𝚒𝚗𝚐 𝙰𝚞𝚗𝚐

𝙼𝚒𝚗𝙻𝚒𝚗𝚐 𝙰𝚞𝚗𝚐 ဘဝက ဘယ်အရာ မှာ မှ မပြည့်စုံနေဘူး....
(မိဘ တွေ က အစပေါ့)

Permanently closed.
မှားရင် ဆက်မလုပ် ဘူး။😎
19/09/2022

မှားရင် ဆက်မလုပ် ဘူး။😎

16/06/2022

💢💢 စိုးလွင်လွင် ရဲ့ နောက်ဆုံးစီးရီး 💢💢

ဖူးမောက် တေးသံသွင်းမှ ''စိုးလွင်လွင်ပထမဆုံးသီချင်း'' စီးရီးခွေ ထွက်နေဆဲ အချိန် ဖြစ်ပါတယ်။
ကျွန်တော်နဲ့ စိုးလွင်လွင်ဟာ တချိန်က တရင်းတနှီးနဲ့ တွဲ ခဲ့ဖူးပါတယ်။ ကိုင်ဇာရဲ့ Successတီးဝိုင်းမှာ ကျွန်တော် မန်နေဂျာ လုပ်ခဲ့စဥ် တုန်းကပေါ့။ အဲ့ဒီအချိန်တုန်းက စိုးလွင်လွင် (ပိုပို)ဟာ သီချင်းစဆိုနေပါပြီ။ Success တီးဝိုင်းမှာ ပင်တိုင်အဆိုတော်အဖြစ် ဆိုခါစ၊ ပင်တိုင် အဆိုတော် ဆိုပေမဲ့ အခကြေးငွေတော့ မရရှာပါ။ စီးရီးကလည်း မထွက်သေး။ နာမည် ကလည်း မကြီးသေးတော့ သူ့ ခဗျာ မျက်နှာ ငယ်ရရှာပါတယ် ။ ကျွန်တော့တို့ Successအဖွဲ့ ပုသိမ်၊ မော်လမြိုင်၊ မုဒုံ သွားစဥ်က စိုးလွင်လွင် ပင်တိုင် အဆိုတော်အဖြစ် ပါ လာခဲ့ပါတယ်။ ဒါပေမဲ့ ဆို ခ မရရှာပါဘူး။ မှတ်မိပါသေးတယ် ။ ကျွန်တော်က Success မန်နေဂျာ ဆိုတော့ သူ့ကို ဆိုခ အနည်းငယ် ပေးချင်တယ် ဆိုတော့ ပေးချင်ပေးပါ။ ကျွန်တော့် မန်နေဂျာ ထဲက ဖြတ်မယ် ဆိုပါတယ်။ တစ်ခါကလည်း အင်းယားလိပ် ဟိုတယ်မှာ Successအဖွဲ့က မင်္ဂလာဆောင် တစ်ခုအတွက် တီးကြပါတယ်။ ထိုခေတ် ထိုခါက လုပ်အားခ ၄၀၀ိ/. မင်္ဂလာ ပွဲ မစ ခင်မှာ စိုးလွင်လွင် (ပိုပို) ကားငှားပီး လာတာပါ ။ သူ့ ခဗျာ ဆိုချင်ရှာလွန်းလို့ မင်္ဂလာ ပွဲ ပီးသွားတော့၊ အကို ကျွန်တော့် အိမ်အတွက် အင်းယားလိပ် ရောက်တုန်း မုန့် ဝယ်သွားချင်တယ် ။မုန့်ဖိုးနည်းနည်းပေးပါ။ ကျွန်တော်ရတဲ့ မန်နေဂျာခထဲက ၂၀၀ိ/.ပေးလိုက်ပါတယ်။
ထိုအခါကလည်း ဆိုခမရရှာ ပါ ဘူး ။ အဲ့ဒီလို အခမဲ့ ဆိုနေ ရာ မှ သူ့ရဲ့ ''ချစ်လူမိုက် ချစ်လို့ မိုက်ခဲ့တယ်'' ဆိုပြီး နာမည် ကြီးလာ ပါတော့တယ် ။
ကျွန်တော်က Successအဖွဲ့ မှာ မရှိတော့ပါဘူး ။ ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်ထွေး နေတာ မို့ အနုပညာသမားတွေနဲ့မတွေ့ဖြစ်တော့ပါဘူး။ မှတ်မှတ် ရရ စိုးလွင်လွင်နဲ့ တစ်ခါတော့ ဆုံ ဖြစ်ပါတယ်။ ကျွန်တော့် ကို အတင်း လိုက်ခေါ်ပါတယ် ။ သူ့က အဲ့တုန်းက အောင်မြင်ကျော်ကြားတဲ့ အဆိုတော် တစ်ယောက် ဖြစ်နေပါပြီ ။ ခုတော့ ကျွန်တော်တို့ အနုပညာ လော က ကို ထာဝရ ခွဲ ခွာ သွားပါပြီ။ ဒါပေမဲ့ ဖူးမောက်တေး ထုတ်လုပ်ရေးက ထွက်လာတဲ့ '' စိုးလွင်လွင် ပထမဆုံးသီချင်း''စီးရီးခွေ ထွက်နေဆဲ ၊ဒီနေ့ ဖူးမောက်မှ လက်ဆောင်ရတာမို့ နားထောင် ကြည့် လိုက်တော့ ''စိုးလွင်လွင် ပထမဆုံး သီချင်း ''ဆိုတာ နောက်ဆုံး သီချင်း ဖြစ်သွားပါ ပြီ။ ကျွန်တော့် ညီလေး စိုးလွင်လွင်ကို ကျွန်တော်တို့ သပြေ ဝိုင်းတော်သားတွေ အားလုံး ကြွေ ကွဲ မဆုံး ရှိရပါတယ်။
သြော်......လူ့ ဘဝဆိုတာ ပထမဆုံး ပီးရင် နောက်ဆုံး ဆို တာ ရှိကြစမြဲပါလား..။

ခွာနီး
သပြေတေးမဂ္ဂဇင်း
စာစီ-မင်းလင်းအောင်
ဂီတနယ်ပယ်
Photo # Ko Kyaw

11/06/2022

Address

Hpa-an

Website

Alerts

Be the first to know and let us send you an email when 𝙼𝚒𝚗𝙻𝚒𝚗𝚐 𝙰𝚞𝚗𝚐 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙼𝚒𝚗𝙻𝚒𝚗𝚐 𝙰𝚞𝚗𝚐:

Share

Category