Mahar Asia

Mahar Asia မဟာပညာမှ ကြိုဆိုပါသည်။​
မဟာပညာ့ခဝ့် အင်းဟှလင်ဖဝ်ႋ။
Welcome to mahar.asia

။ အတ္တာနံ ဥပမံကတွာ ။~~~~~~~~~~~~~~~~ ။ ကိုယ်နှင့်လည်းစာ သတ္တဝါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ။ ( ရှင်မဟာရဋ္ဌသာရ) (၅.၈...
12/02/2026

။ အတ္တာနံ ဥပမံကတွာ ။

~~~~~~~~~~~~~~~~ ။ ကိုယ်နှင့်လည်းစာ သတ္တဝါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ။ ( ရှင်မဟာရဋ္ဌသာရ) (၅.၈.၂၀၂၅) ရက်နေ့။

~~~~~~~~~~~~~~~~ ။ ကိုယ်နှင့်လည်းစာ သတ္တဝါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ။ ( ရှင်မဟာရဋ္ဌသာရ) (၅.၈.၂၀၂၅) ရက်နေ့။

စစ်ဖြစ်အောင်ဖန်တီးတဲ့သူဟာ နိုင်ငံရေးပညာရပ် တတ်သူမဟုတ်။ - အဲးခိုး
11/02/2026

စစ်ဖြစ်အောင်ဖန်တီးတဲ့သူဟာ နိုင်ငံရေးပညာရပ် တတ်သူမဟုတ်။

- အဲးခိုး

စစ်ဖြစ်အောင်ဖန်တီးတဲ့သူဟာ နိုင်ငံရေးပညာရပ် တတ်သူမဟုတ်။ အဲးခိုး

စူႋယာ့ဆိုဒ်ဖဝ့်တိုင်=============ဖၠုံထီ့ခါန်ႋ ထီ့ဝါန်ႋရဝ်၊ဆင့်လေံသာ ယှဝ်ထဝ့်၊ဆိုဒ်ၯင်ႋသာတဝ်၊အဲစွးဍဝ်၊ဏိင်းယိက်လာထဝ့်၊နို...
11/02/2026

စူႋယာ့ဆိုဒ်ဖဝ့်တိုင်
=============

ဖၠုံထီ့ခါန်ႋ ထီ့ဝါန်ႋရဝ်၊
ဆင့်လေံသာ ယှဝ်ထဝ့်၊
ဆိုဒ်ၯင်ႋသာတဝ်၊
အဲစွးဍဝ်၊
ဏိင်းယိက်လာထဝ့်၊
နိုဲ့ဆီ့ယာဲ ပါင်ဖဝ်ႋ၊
ၜုံးဏိင်းသင့် ဖၠဟ်ထ်ုယဝ်ႋ။

ဆိုဒ်ဆ်ုမာ ဆ်ုၰီ့လာ၊
အ်ုတာအ်ှ ကုက်မာ၊
ၰူ့ၰင်လထာ၊
ဖၠုံကိုဝ်ၯာ၊
ခံင်ႋအယ်ဆ်ုမာ၊
ဆိုဒ်ၯင်ႋဍုဂ်ဏဲပျာ၊
ခေါဝ်ႋသိုဲ့ယွာ လ်ုပါကာ။

အ်ှဝယ်ယိက် ၜုံးဏိင်းသင့်၊
ခါင်ႋစူး ဆ်ုအာင်လင်၊
ထုင်းလီႋၰူ့ၰင်၊
အင်းၜူးသင့်၊
ထာင့်ခုက် ယောတ်လ်ုသင့်၊
ဏိင်းသင့်မင်္ဂလာ ၯေဝ်ထင့်။

ဆ်ုၰီ့လာ အ်ှဝယ်ယိုင်၊
လိက်လာဲ ထုဂ်ဖၠဟ်ဆိုင်၊
စူႋယာ့သာနိုင်၊
ပ္တဴဆိုင်
ၜံင်ထင်းလေင်ႋတိုင်၊
ဖၠုံယှင် ယုဂ်ယာန်းဆိုင်၊
စူႋယာ့ၯင်ႋ ဆိုဒ်ဖဝ့်တိုင်။

စဝ်ယှူးယှူးခၠိင်းခၠိင်း (တၟိုဝ်ဝါန်ႋ)

စဝ်ယှူးယှူးခၠိင်းခၠိင်း (တၟိုဝ်ဝါန်ႋ) ဖၠုံထီ့ခါန်ႋ ထီ့ဝါန်ႋရဝ်၊ ဆင့်လေံသာ ယှဝ်ထဝ့်၊ ဆိုဒ်ၯင်ႋသာတဝ်၊ အဲစွးဍ...

ယနေ့ထက်တိုင် မမေ့နိုင်================သက်မဲ့အရာဝတ္ထုဖြစ်သော ဖယောင်းတိုင်တို့မည်သည် မိမိကိုယ်သာလျှင် အနစ်နာ အထွန်းခံပြီး ...
11/02/2026

ယနေ့ထက်တိုင် မမေ့နိုင်
================

သက်မဲ့အရာဝတ္ထုဖြစ်သော ဖယောင်းတိုင်တို့မည်သည် မိမိကိုယ်သာလျှင် အနစ်နာ အထွန်းခံပြီး သူတစ်ပါးတို့အား အလင်းရောင်ကို ပေးလေ့ ရှိပါသည်။

သက်မဲ့သစ်ပင်တို့ မည်သည်မှာလည်း မိမိတို့၏ အသီးများကို ပြန်စားရိုး ထုံးစံမရှိဘဲ လူသားနှင့် တိရစ္ဆာန်သတ္တဝါတို့ စားဖို့ရန်အတွက်သာ အသီးများကို သီးပေးလေ့ရှိသလို မြစ်ပင်လယ် သမုဒ္ဒရာတို့ မည်သည်မှာလည်း မိမိတွင်ရှိသော ရေကို ပြန်သောက်ရိုး ထုံးစံမရှိဘဲ အများသတ္တဝါတို့ သောက်သုံးရန်အတွက်သာ ရေများကို စုစည်းပေးထားတာဖြစ်သည်။

ထိုနည်းတူစွာ-

လူတော်လူကောင်းတို့ မည်သည်မှာလည်း အခွင့်ထူးကို မယူဘဲ မိမိရသင့်ရထိုက်သော အခွင့်အရေးကိုသာ ယူကာ စိတ်ထားဖြောင့်မတ်စွာဖြင့် အများအကျိုးကို သယ်ပိုးဆောင်ရွက် လေ့ရှိကြပါသည်။ ထို့ကြောင့် လူတော်လူကောင်း စာရင်းထဲပါဝင်သည့် ကျွန်ုပ်ဆရာကြီး မန်းညိမ်းဖေ၏ အကြောင်းကို အလျဉ်းသင့်လို့ ဖော်ပြပါရစေ။

ဇာတိချက်ကြွေ

ဆရာကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေနှင့် မနီးမဝေးရှိ ရဲသာ ကျေးရွာနေ မန်းဖိုးငွေ + နန်မုတူးတို့မှ ၁၉၄ဝ – ပြည့်နှစ်၊ မတ်လ ၁၄-ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ သော သားလှရတနာတစ်ဦး ဖြစ်ပြီး မွေးချင်းသုံးဦး အနက် အကြီးဆုံး သားဦးရတနာဖြစ်သည်။

ပညာဆည်းပူး

ဆရာကြီးငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ် မွေးရပ်မြေဖြစ်သော ရဲသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ တတိတတန်းကိုလည်းကောင်း၊ ၁၉၅၂ – ခုနှစ်တွင် ဘားအံ (အထက) အခြေခံပညာ အထက်တန်းကျောင်း၌ စတုတ္ထတန်းနှင့် ပဉ္စမတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သဖြင့် ၁၉၅၄ – ၅၅ ပညာသင်နှစ်တွင် အစိုးရပညာသင်စရိတ်ဖြင့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော (ပင်လုံကျောင်းခေါ်) မရမ်းကုန်း မြို့နယ်၊ ၈ – မိုင်ရှိ ပြည်ထောင်စု အထက်တန်းကျောင်း၌ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ နဝမတန်း နှင့်တက္ကသိုလ်ဝင်တန်းအထိ ပညာဆည်းပူးခဲ့ပါသည်။

၁၉၅၈ – ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် နယ်မြေသို့ အခြေချခဲ့သည်။ ၁၉၆၀ – ပြည့်နှစ်မှာ ဥပစာ သိပ္ပံ (ISC=Institute of Science) အတန်းကို ထူးချွန်စွာ အောင်မြင်ခဲ့၍ စက်မှုတက္ကသိုလ် အင်ဂျင်နီယာလိုင်းသို့ တက်ခွင့်ရခဲ့သည်။

ထို့ကြောင့် ၁၉၆၁ – ၆၂ ပညာသင်နှစ်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ရှိ စက်မှုတက္ကသိုလ်၊ (ယခင်အခေါ်အဝေါ် (B.I.T) ယခု အခေါ်အဝေါ် R.I.T = Rangoon Institute of Technology. Y.I.T = Yangon Institute of Technology.) ၌ အင်ဂျင်နီယာ ပညာရပ်များကို တစ်နှစ်ဆည်းပူးရာ လိုအပ်သော စာအုပ်စာတမ်းနှင့် သင်ကြားမှု အထောက်အကူပြု ကိရိယာပစ္စည်းများ လုံလောက်အောင် မဝယ်ယူနိုင်သဖြင့် မမျှော်လင့်ဘဲနဲ့ ကျရှုံးခဲ့ရသည်။

တာဝန်ထမ်းဆောင်

ဆရာကြီးသည် “ခါချဉ်ကောင်မာန်ကြီးလို၊ တောင်ကြီးကို ဖြိုမည်ကြံ၊ ခါးကမသန်” ဆိုသလို အကြံရှိ ဉာဏ်ရှိပေမဲ့ ကျောထောက်နောက်ခံ အားနည်းမှုကြောင့် စက်မှုတက္ကသိုလ်မြေမှ မခွါချင်သော်လည်း မရသည့်အဆုံး လေးလံသောခြေလှမ်းများဖြင့် မတတ်သာ ဆုတ်ခွါ ခဲ့ရပါသည်။

စက်မှုတက္ကသိုလ်မြေမှ မလွဲသာဆုတ်ခွါခဲ့ရပေမဲ့ ကိုယ့်ရဲ့ပြည်နယ်သူ/သားများ ပညာမျက်စိ ဖွင့်ပေးရေးအတွက် ၁၉၆၂-ခုနှစ်၊ ဇွန်လ ၇ – ရက် နေ့တွင်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင် (အလက) ကျောင်း၌ တာဝန်ခံကျောင်းအုပ်အဖြစ် စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်းနှစ် နိုဝင်ဘာလအတွင်း လောကီလူသားတို့ ဖြစ်ရိုး ဖြစ်စဉ်အလျောက် ဆရာမကြီး နန်းခင်ညွန့်နှင့် အကြောင်းဆုံကာ အိမ်ထောင်ပြုပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ တံခွန်တိုင်ရွာတွင် အခြေချနေထိုင်ခဲ့ပါသည်။

၁၉၆၄ – ခုနှစ်သို့ ရောက်သောအခါ (၂) နှစ်မျှ တာဝန်ထမ်းဆောင် ပြီးချိန်ဖြစ်၍ ရန်ကုန် ဝိဇ္ဇာ – သိပ္ပံတက္ကသိုလ်၌ သိပ္ပံဘွဲ့ (သင်္ချာအဓိက) ဖြင့် (၂) နှစ်ဆက်လက် ပညာဆည်းပူး ခဲ့ပြန်သည်။ တက္ကသိုလ်ဘွဲ့ကို ရရှိပြီးနောက် ၁၉၆၇ – ခုနှစ်၊ ဖေဖော်ဝါရီလ ၁ – ရက်နေ့ တွင် ရွှေဂွန်းရွာ (အထက) သို့ အထက်တန်းပြ ဆရာအဖြစ် သွားရောက် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် မိမိအခြေချခဲ့သည့် ခလယ်တံခွန်တိုင် (အထက) မှာ အထက်တန်းပြ ဆရာအဖြစ် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိ ခဲ့ပြန်သည်။ ဆရာကြီးသည် ပညာရေးကဏ္ဍ တိုးတက်မြင့်မား လာစေရန်အတွက် ခလယ်၊ တံခွန်တိုင်၊ ဖားပြနှင့် ကျုံခဝန်အုပ်စု အတွင်းရှိ ကျေးရွာ လူကြီးမင်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ တွဲဘက် အ.ထ.က ဖွင့်လှစ်နိုင်ရေးအတွက် ဦးဆောင်စည်းရုံး ခဲ့ပြန်သည်။ ထို့ကြောင့် ၁၉၆၉ – ၇ဝ စာသင်နှစ်တွင် တွဲဘက်အထက်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး နဝမတန်းအဆင့်အထိ စတင်လက်ခံသင်ကြားပေးခဲ့သည်။

သင်ကြားမှုအပိုင်း အားနည်းချက် ရှိသဖြင့် တက္ကသိုလ်ဘွဲ့ရ ခလယ် – တံခွန်တိုင် ကျောင်းသားဟောင်း ဆရာစောညွန့်သောင်း (တက္ကသိုလ်မော်ကွန်းထိန်းအဆင့် (၁) မော်လမြိုင်) နှင့် ဆရာစောဘထူး (အငြိမ်းစား၊ တက္ကသိုလ်လက်ထောက်နည်းပြ၊ မော်လမြိုင်) တို့က ပါဝင်အားဖြည့်ပေးနေရသည်။

ယင်းတွဲဘက် (အငှား) ဆရာများ၏ လစာ အတွက်ကို ကျောင်းသားများထံမှ အနည်းငယ်မျှသာ ကောက်ခံပြီး ခလယ် – တံခွန်တိုင်ခွင်ရှိ လူထု၊ ကျောင်းသားမိဘများမှ ပညာပါရမီ ဖြည့်ကျင့်နိုင်ရန် (ထည့်ဝင်နိုင်ရန်) အတွက် ဆရာကြီးမန်းညိမ်းဖေကပင် ကျေးရွာ လူကြီးမင်းများကို နားချစည်း ရုံးခဲ့ရပြန်သည်။ ခလယ် – တံခွန်တိုင်နယ်မြေအတွင်း ပညာရေးတိုးတက် မြင့်မားလာစေရန် – အ.မ.က ကျောင်းများ၏ မိဘဆရာနှစ်ပတ်လည် ဆုပေးပွဲများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်း ဟောပြောခဲ့ပါသည်။

နိုင်ငံ့တာဝန်

ဆရာကြီးသည် ပညာရေးလုပ်ငန်းများတွင် သာမကဘဲ ပါတီကောင်စီ လုပ်ငန်းများကိုလည်း နိုးကြားတက်ကြွစွာ ပါဝင်လုပ်ကိုင်ခဲ့ရာ ၁၉၇၄ – ခုနှစ် တွင် ပထမအကြိမ် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲတွင် ကရင်ပြည်နယ်၊ ပြည်သူ့ကောင်စီဝင် အဖြစ် ရွေးချယ်ခြင်းခံရပါသည်။ ထိုမှတဆင့် ၁၉၇၆ – ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်နယ်လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးအနေဖြင့် ခလယ် – တံခွန်တိုင်မှ ဘားအံမြို့ သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး (၂) နှစ်သက်တမ်း ကုန်ဆုံး၍ ၁၉၇၈ – ခုနှစ်သို့ ရောက်သောအခါ မိခင်ပညာရေးဌာနသို့ ပြန်လည်ရောက်ရှိပါသည်။

ထိုအချိန်မှစ၍ ၁၉၇၈ – ခုနှစ်တွင် ခလယ် တံခွန်တိုင် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၃ – ခုနှစ်တွင် တောင်ပေါက် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၈၆ – ခုနှစ်တွင် ခလယ် အ.လ.က ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၂ – ခုနှစ်တွင် ကော့ကရိတ်မြို့ အ.ထ.က (၂) ကျောင်းအုပ်တာဝန်ကို လည်းကောင်း၊ ၁၉၉၆ – ခုနှစ်တွင် ခလယ်တံခွန်တိုင် အ•ထ•က ကျောင်းအုပ်တာဝန်ကို လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ပါသည်။

လူမှုရေးနှင့်အမျိုးသားရေးတာဝန်

ဆရာကြီးသည် ခလယ် – တံခွန်တိုင်နယ်မြေတွင် ကရင်နှစ်သစ်ကူးနေ့ စတင်ကျင်းပ နိုင်ရေးအတွက် လက်ထောက်မြို့ပိုင် ဦးအောင်ခိုင်နှင့် ဒေသခံ ကျေးရွာလူကြီးများ နားလည် သဘောပေါက် သိရှိနိုင်ရန်အတွက် ဟောပြောခဲ့ခြင်း၊ ကရင်စာပေ သင်ကြားနိုင်ရေးအတွက် တံခွန်တိုင် အရှေ့ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စဝ်ဝါန်-ရင်အွာ) အား အမှူးထား၍ မန်းဌေးလှိုင် (တံခွန်တိုင်ရွာ)၊ ဆရာမကြီး နန်းခင်ညွန့် (တောင်ဒီး)၊ ဆရာမကြီးနန်းတင်လေး (ခလယ်)၊ ဆရာကြီးမန်းသိန်းတင် (ဖာသိမ်) တို့နှင့် စိတ်ပါဝင်စားသူ လူငယ်များတို့ကို စည်းရုံးကာ ဘားအံမြို့နယ်၊ ရေတံခွန် ပရဟိတဘုန်းတော်ကြီး၌ ဖွင့်လှစ်သည့် ပထမဆုံးအပတ်စဉ် နွေရာသီ ကရင်စာပေ ဆရာဖြစ်သင်တန်းသို့ စေလွှတ်ပေးနိုင်ခဲ့သည်။

ဆရာကြီးသည် ကျောင်းသူ/သားများကို မိမိ တို့ဗီဇအလျောက် ဝါသနာပါရာဘက်သို့ အခြေခံ၍ စိုက်ရေးသိပ္ပံ၊ တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ၊ စက်မှုလက်မှုတက္ကသိုလ်စသည့် ကျောင်းများသို့ တက်ရောက်နိုင်ရန်အတွက်လည်း လမ်းညွန်မှုပေးခဲ့သည်။

အဆိုပါ ကျောင်းများမှ ဒီပလိုမာဘွဲ့ စသည်တို့ ရရှိသူများ ပေါ်ထွန်းခဲ့ပါသည်။ ဖွံ့ဖြိုးရေးသိပ္ပံ၊ တက္ကသိုလ်သို့လည်း တက်ခွင့်ရအောင် လမ်းညွန်ပေးခဲ့မှုကြောင့် ဖွံ့ဖြိုးရေး သိပ္ပံသင်တန်း အပတ်စဉ် (၁) မှ စ၍ စေလွှတ်နိုင်ခဲ့သည်။

ယင်းသင်တန်းအပတ်စဉ် (၁) တွင် ဆရာမန်းလှမြင့်စ၍ နှစ်စဉ် ခလယ် – တံခွန်တိုင် ဒေသမှ ကျောင်းသား/သူများ သွားရောက် တက်နေကြပါသည်။

ဆရာကြီးသည် အသက် (၆ဝ) ပြည့်၍ အငြိမ်း စားပင်စင် ယူခါနီးတွင် သားသမီးရတနာ (၅) ဦး ထွန်းကားခဲ့ပြီး အကြီးဆုံး (၃) ဦးမှာ မိန်းကလေးများ ဖြစ်၍ အငယ် (၂) ဦးမှာ ယောက်ျားလေးများ ဖြစ်ပါသည်။

ဆရာကြီးသည် ပညာရေးဌာနသို့ စတင် ရောက်ရှိသည့် အချိန်မှ ခရစ် ၂ဝဝဝ – ပြည့်နှစ် အငြိမ်းစားယူပြီးနောက် (၁၉-၆-၂၀၁၂) ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။ ပညာရေးလုပ်သက် (၃၅) နှစ်နှင့် (၆) လ တိုင်တိုင် ထမ်းဆောင်ခဲ့သည်။ ယင်း နှစ်ပေါင်းများအနက် ခလယ် – တံခွန်တိုင်ဒေသတွင် နှစ်ပေါင်း (၃၀) တိုင်တိုင် ထမ်းဆောင်ခဲ့သည့်အတွက် ဆရာကြီးနှင့် ခလယ် – တံခွန်တိုင်၊ ခလယ် – တံခွန်တိုင်နှင့် ဆရာကြီးသည် တစ်သွေးတစ်သားတည်း ခွဲခြား၍ မရသည့် အခြေအနေသို့ သက်ရောက်ခဲ့ရပါသည်။

ဆရာကြီးကျေးဇူး

ခလယ် – တံခွန်တိုင်ဒေသတွင် ပညာတတ် မြောက်များစွာ ပေါ်ထွက်နိုင်ခဲ့ခြင်း၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်လာခြင်း၊ ဘွဲ့ရဆရာ/မများ ဌာန မျိုးစုံသို့ ရောက်ရှိနေကြခြင်းသည် များသောအားဖြင့် ဆရာကြီး၏ ကျေးဇူးတွေချည်းသာ။

ဆရာကြီးသည် တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိစား၍ အားရှိကာ ဖြူစင်သန့်ရှင်းသော စိတ်ထားဖြင့် ပညာပေးဝေ ဖြန့်ဖြူးခဲ့သည်။

စံနမူနာ ယူစရာ

၁၉-၆-၂၀၀၂ ဆုံးသွားရှာသော ဆရာကြီးမန်းညိမ်းဖေသည် ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အမျိုးသားရေးနှင့် စီးပွားရေး၊ သာသနာရေး ပါမကျန် ကျရာတာဝန်များကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့သည်ကို စံနမူနာပြု အတုယူ နေထိုင် သွားရန်နှင့် ဆရာ့ကျေးဇူးကို ဆပ်သည့်အနေဖြင့် မိမိကိုယ်တိုင်ဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ လူနေမှုအဆင့် မြင့်မားလာအောင် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရင်းနဲ့ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို ဒီမြေမှာနေ၊ ဒီရေကို သောက်ပြီး ဒီမြေ၏အကျိုးတိုးတက်ရာ တိုးတက် ကြောင်း၊ ဒီမြေ၏အလှအပကို ဖန်တီးပေးသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ဘဝတစ်ပါးသို့ သွားရှာလေသူ လူတော်လူကောင်း ဖြစ်သည့် ကျွန်ုပ်၏ ဆရာကြီးမန်းညိမ်းဖေအား ပြန်လည် တမ်းတသတိရ၍ ယနေ့ထက်တိုင် မမေ့နိုင်သောကြောင့် ဤဆောင်းပါးဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ရပါသည်။

တပည့် – မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင်

မန်းပြည်စိုး (အ•ထ•က) ခလယ်တံခွန်တိုင် သက်မဲ့အရာဝတ္ထုဖြစ်သော ဖယောင်းတိုင်တို့မည်သည် မိမိကိုယ်သာလျှင် အနစ်နာ ...

အဝိဟိံသာနိုင်ငံရေး အခန်း (၃၇) ၏ အကျဉ်းချုပ် အဓိကအချက်များ =============================================၁။ လွတ်လပ်ရေး၏ စစ...
11/02/2026

အဝိဟိံသာနိုင်ငံရေး အခန်း (၃၇) ၏ အကျဉ်းချုပ် အဓိကအချက်များ
=============================================

၁။ လွတ်လပ်ရေး၏ စစ်မှန်သော အဓိပ္ပာယ်

- လွတ်လပ်ရေးဆိုသည်မှာ စစ်မတိုက်ဘဲ ရှိနေခြင်း၊ မသိမ်းပိုက်ဘဲ ရှိနေခြင်း ဖြစ်သည်။
- စစ်ပညာ၊ သခင်ပညာဟုခေါ်သော ပညာသည် ကမ္ဘာစစ်ကြီးများကို မွေးထုတ်ခဲ့သူများ၏ ပညာဖြစ်ပြီး ငြိမ်းချမ်းရေးကို မမွေးထုတ်နိုင်ခဲ့ပါ။
- နပိုလီယံကဲ့သို့သော စစ်အောင်ပွဲများစွာရခဲ့သူသည်ပင် ငြိမ်းချမ်းရေး အောင်မြင်ခြင်း မဟုတ်ခဲ့ပါ။

၂။ အကြောက်တရားအခြေပြု ပညာရေး

- လူမှုအခွင့်အလမ်းပညာ၊ အကြောက်တရား ရေးဆွဲထားသော ပညာမျိုးသည် လူမှုဘဝနိုင်ငံရေးအတွက် လွတ်လပ်ရေးပေးတဲ့ပညာ မဟုတ်ပါ။
- မကျင့်ဘဲ သိရှိထားသော ဉာဏ်ပညာအားလုံးသည် "အကန်းပညာ" ဖြစ်သည်။
- စာရိတ္တအထောက်အကူပြုသော ပညာမပါဘဲ အကြောက်တရားဖြင့် ရေးဆွဲထားသော ပညာသည် လွတ်လပ်ရေးကို အမှန်တကယ် မပေးနိုင်ပါ။

၃။ လွတ်လပ်ရေး ရရှိခြင်းနှင့် လွတ်လပ်မှုပညာ သင်ယူခြင်း

- မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိထားသော်လည်း လွတ်လပ်မှုပညာရပ်ဝန်းကို ကောင်းစွာ မသင်ယူကြရသေးပါ။
- ဘာသာတရားအတတ်ပညာ အားကောင်းသော်လည်း လွတ်လပ်ရေးတရား၊ လွတ်လပ်မှုအတတ်ပညာ သင်ယူတတ်မြောက်မှု နည်းပါးနေသေးသည်။

၄။ ကျန်းမာရေး၊ ပညာရေးနှင့် အကျင့်စာရိတ္တ၏ ဆက်စပ်မှု

- ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းနှင့် အခြေခံအတတ်ပညာ/အသိပညာ အားနည်းခြင်းသည် အပြန်အလှန် ဆက်စပ်နေသည်။
- အာဟာရဓာတ် ချို့ယွင်းမှုကြောင့် ရုပ်နာမ်တရား အထွတ်အထိပ်သို့ ရောက်စေနိုင်သော ဉာဏ်မူရင်းများ ပြတ်စဲပြီး အကျင့်စာရိတ္တ ယိုယွင်းလာသည်။
- ဤသို့သော စိတ်ဓာတ်မျိုးဖြင့် တိုင်းပြည်ကို တည်ထောင်နေသမျှ စည်ပင်ဖွံ့ဖြိုးသော တိုင်းပြည် ဖြစ်လာမည်မဟုတ်။

၅။ အုပ်ချုပ်ရေးကောင်းခြင်းထက် လူကောင်းခြင်းက သာလွန်အရေးကြီး

- တိုင်းပြည်တိုးတက်မှုသည် အုပ်ချုပ်ရေးကောင်းရုံမျှနှင့် မဆိုင်ပါ။
- အုပ်ချုပ်ရေး မည်သို့ပင်ညံ့စေကာမူ လူကောင်းရန် သာ အဓိကကျသည်။
- အုပ်ချုပ်ရေးကောင်းသော်လည်း အရင်းအမြစ် (လူသားအရင်းအမြစ်) မကောင်းပါက တိုးတက်နိုင်စရာ အကြောင်းမရှိပါ။

၆။ လူမှုအဖွဲ့အစည်း ဆုတ်ယုတ်ရခြင်း၏ အခြေခံအကြောင်းရင်း (၆) ချက်
(၁) လူမှုဘဝဖြစ်စဉ်ကို နိုးကြားစွာ ဂရုမစိုက်ခြင်း
(၂) လူထုကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း
(၃) အခြေခံပညာရပ်များ ထိရောက်စွာ မသင်ပြနိုင်ခြင်း၊ သင်ယူမှု အားနည်းခြင်း
(၄) နိုင်ငံရေးနည်းကို စစ်ရေးအရ ဖြေရှင်းခြင်း
(၅) အစွန်းရောက်သော ဘာသာတရားနောက်ကို အားသာခြင်း
(၆) အကျင့်စာရိတ္တ စောင့်ထိန်းမှု နည်းပါးခြင်း

၇။ အများကောင်းကျိုး ရှေးရှုတတ်သော စိတ်ဓာတ်

လူတစ်ဦးတွင် အောက်ပါအချက်များ ရှိရန် လိုအပ်သည် -
(၁) အများကောင်းကျိုး ရှေးရှုတတ်ခြင်း
(၂) မျှတသော စိတ်ရှိခြင်း
(၃) ကိုယ်ချင်းစာတရား ထားတတ်ခြင်း
(၄) အမျိုးကိုချစ်ခြင်း၊ တိုင်းပြည်ကိုချစ်ခြင်း

- မိမိတစ်ဦးတည်း ကောင်းကျိုးပြုခြင်းထက် အများအကျိုးကို သယ်ပိုးရွက်ဆောင်နိုင်သူသည် ကိုယ်ကျင့်တရား ကောင်းမွန်သူ ဖြစ်သည်။
- ကိုယ်ကျင့်ကောင်းတရားရှိသူသည် အများအကျိုးကိုသာ ဦးတည်သည်။

၈။ ကျယ်ဝန်းသော နိုင်ငံရေးလောကအတွက် လမ်းညွှန်ချက်

- နောက်ကျခဲ့သော တိုင်းပြည်သည် ထိပ်ဆုံးသို့ ပြန်ရောက်ရန် အလွန်ကြိုးစားရမည်။
- တိုင်းပြည်၊ လူမျိုး ဆုတ်ယုတ်မှုမရှိဘဲ အလျင်အမြန် ဦးမော့လာစေရန် ပူးပေါင်း၊ စုပေါင်းအားထုတ်ရန် လိုအပ်သည်။
- မူဘောင်စနစ်ကောင်းဖြင့် တည်ဆောက်ပြီး မြင့်မားကျော်ကြားသော "မြန်မာပြည်" ဖြစ်အောင် ဖန်တီးကြရန် တိုက်တွန်းထားသည်။

အနှစ်ချုပ် - အခန်း (၃၇) သည် လွတ်လပ်ရေး၏ စစ်မှန်သော အဓိပ္ပာယ် နှင့် လွတ်လပ်မှုပညာရေး၏ အရေးပါမှု ကို အဓိကထား ရှင်းလင်းထားသည်။ စစ်ပညာ၊ သခင်ပညာသည် ကမ္ဘာစစ်များကိုသာ မွေးထုတ်နိုင်ပြီး ငြိမ်းချမ်းရေးကို မမွေးထုတ်နိုင်ကြောင်း၊ တိုင်းပြည်တိုးတက်ရေးသည် အုပ်ချုပ်ရေးကောင်းခြင်းထက် လူကောင်းခြင်း (ကိုယ်ကျင့်တရားကောင်းခြင်း) က ပို၍ အဓိကကျကြောင်း ဖော်ပြထားသည်။ ကျန်းမာရေး၊ ပညာရေးနှင့် အကျင့်စာရိတ္တ ဆက်စပ်မှုကို ဆန်းစစ်ထားပြီး အများကောင်းကျိုးကို ရှေးရှုသော စိတ်ဓာတ်မွေးမြူရန်၊ မူဘောင်စနစ်ကောင်းဖြင့် မြန်မာပြည်ကို မြင့်မားကျော်ကြားသော နိုင်ငံအဖြစ် ဖန်တီးရန် တိုက်တွန်းထားသည်။

အမူအကျင့်ကောင်း မကျင့်နိုင်လို့ မရပါ။ လွတ်လပ်ရေးတိုင်းပြည် ရှိတဲ့သူတိုင်း စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လို့...

အဝိဟိံသာနိုင်ငံရေး အခန်း (၃၆) ၏ အကျဉ်းချုပ် အဓိကအချက်များ =============================================၁။ စစ်မှန်သော နို...
11/02/2026

အဝိဟိံသာနိုင်ငံရေး အခန်း (၃၆) ၏ အကျဉ်းချုပ် အဓိကအချက်များ
=============================================

၁။ စစ်မှန်သော နိုင်ငံရေး၏ အဓိပ္ပာယ်

- နှိပ်စက်ညှဉ်းပန်းမှု ကင်းလွတ်ခြင်းမရှိသော အုပ်ချုပ်မှုသည် လူသားအတွက် အကျိုးပြုလုပ်ငန်း မဟုတ်ပါ။
- နိုင်ငံရေးကျက်သရေသည် အရာခပ်သိမ်း ငြိမ်းချမ်းရေးသာ ဖြစ်ရမည်။
- ကြမ်းတမ်းခြင်း၊ ပူပင်ခြင်း၊ ညှဉ်းဆဲခြင်းမကင်းသော နိုင်ငံရေးသည် ကျက်သရေမဲ့ရိုင်းသည်။

၂။ အကြမ်းဖက်မှု၏ ဆိုးကျိုးများ

- အကြမ်းဖက်ခြင်းသည် လူသားတို့၏ မူလကျက်သရေ အခွင့်အရေးကို ပျက်သုဉ်းစေသည်။
- အကြမ်းဖက်မှု၏ ပစ်မှတ်သည် အရပ်သားပြည်သူများဖြစ်ပြီး ယင်းသည် ကောင်းသော နိုင်ငံရေးအစဉ်အလာ မဟုတ်ပါ။
- အကြမ်းဖက်မှုဆိုသည်မှာ တရားမျှတမှုကို ဖျက်ဆီးခြင်း ဖြစ်သည်။

၃။ လူမှုဘဝငြိမ်းချမ်းရေး အခြေခံသုံးပါး

တိုင်းပြည်တစ်ပြည်တွင် အောက်ပါတို့ကို မဆောင်ရွက်နိုင်သမျှ အကြမ်းဖက်မှုကို ဖြတ်တောက်နိုင်မည် မဟုတ် -

(၁) မတရားသဖြင့် နစ်နာနေသူများကို ကာကွယ်ပေးနိုင်ခြင်း
(၂) ဥပဒေချိုးဖောက်သူများကို ထိန်းချုပ်တားမြစ်နိုင်ခြင်း
(၃) ပြည်သူများ၏ ကိုယ်စိတ်ကျန်းမာချမ်းသာရေးအတွက် လုံခြုံစိတ်ချရသော နယ်ပယ်များ ဖန်တီးပေးနိုင်ခြင်း

၄။ အကြမ်းဖက်မှု၏ အကြောင်းရင်းများ

- လိုအပ်ချက်နှင့် ရပိုင်ခွင့် မညီမျှခြင်း
- လိုအပ်ချက်များ ငြင်းပယ်ခံရခြင်း၊ လိုချင်သောအရာများ မရခြင်း
- ခြားနားမှုများပြားသော လူမှုရေး
- အမှန်တရားကို အခြေပြုထားသော မိမိ၏အရည်အသွေးကို စော်ကားခံရခြင်း

၅။ အကြမ်းဖက်သံသရာ

အကြမ်းဖက်မှုကြောင့် အောက်ပါတို့ မပြီးဆုံးနိုင် -

- ပုန်ကန်လှုပ်ရှားမှုများ
- အကြမ်းဖက်ဝါဒများ
- ပြည်တွင်းစစ်များ
- တော်လှန်ပုန်ကန်မှုများ
- အာဏာသိမ်းမှုများ
- စစ်ပွဲများ

၆။ ခွင့်လွှတ်ခြင်းနှင့် သင့်မြတ်ခြင်း၏ အရေးပါမှု

- လူတို့သည် အချင်းချင်း ခွင့်လွှတ်တတ်ရမည်၊ သင့်မြတ်တတ်ရမည်၊ အခွင့်အရေး ဖန်တီးတတ်ရမည်။
- ခွင့်လွှတ်ခြင်း၊ သင့်မြတ်ခြင်းမရှိသော လူမှုအသိုင်းအဝိုင်းသည် မငြိမ်းချမ်းပါ။

၇။ စီးပွားရေးပိတ်ဆို့ခြင်း၏ သဘောသဘာဝ

- စီးပွားရေး ပိတ်ဆို့ခြင်း၊ ဝိုင်းပယ်ခြင်း၊ အရှက်ရစေခြင်းသည် ထိရောက်သော နိုင်ငံရေးဟုဆိုသော်လည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်မျိုး ဖြစ်သည်။
- ယင်းနည်းလမ်းကြောင့် မဆုံးနိုင်သော ပဋိပက္ခများ၊ မရှင်းနိုင်သော ပြဿနာများ ဖြစ်ပေါ်စေသည်။
- ဤသို့သော နိုင်ငံရေးအနိုင်ကျင့်မှုသည် တစ်နေ့တွင် ပြုသူထံ ပြန်လည်ရောက်ရှိလာမည်။

၈။ စွမ်းရည်ရှိသော ခေါင်းဆောင်၏ အရေးပါမှု

- နိုင်ငံရေးတိုးတက်ဖွံ့ဖြိုးရေးတွင် အရေးအကြီးဆုံးမှာ ခေါင်းဆောင်ဖြစ်သည်။
- စွမ်းရည်မရှိသော ခေါင်းဆောင်သည် ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းကို လုပ်တတ်မည် မဟုတ်ပါ။
- အများဆန္ဒမပါသော နိုင်ငံရေးသည် သိက္ခာကျဆင်းခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်။

၉။ နိုင်ငံရေး၏ စစ်မှန်သော အဓိပ္ပာယ်

- နိုင်ငံရေးသည် ခွဲပစ်ခြင်း၊ တားဆီးခြင်းကို ရှောင်ရမည်။
- နိုင်ငံရေးသည် အယူခံခြင်း၊ အသနားခံခြင်း မဟုတ်ဘဲ အယူအဆနှင့် အခြေအနေကို လူထုထံသို့ တင်ပြခြင်း ဖြစ်သည်။
- နိုင်ငံရေးသည် ဖျောင်းဖျခြင်း၊ သွေးဆောင်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်း မဟုတ်ဘဲ အခြေအနေအရပ်ရပ်ကို ခွဲခြမ်းစိတ်ဖြာ ဆုံးဖြတ်ရမည့်အလုပ် ဖြစ်သည်။

၁၀။ အဆုံးသတ်သွန်သင်

- ဝေဒနာများကို မျှတစွာ၊ ညီညွတ်စွာ၊ လွတ်လပ်စွာ၊ တရားမျှတစွာ နည်းဗျူဟာဖြင့် အဆင့်ဆင့် ပြောင်းလဲပြုပြင်ပါက အမှန်ဘက်သို့ ရောက်ရှိနိုင်မည်။
- မိမိတို့၏ဘဝ၊ အသက်အပေါ် သစ္စာရှိစွာ ဆောင်ရွက်သော နိုင်ငံရေးလုပ်ငန်းကို အကြမ်းဖက်မှုများ၊ ဆန့်ကျင်ဘက်အစွန်းများကို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းသာယာရေးအတွက် စုပေါင်းအားထုတ်ကြရန် တိုက်တွန်းထားသည်။

အနှစ်ချုပ် - အခန်း (၃၆) သည် အကြမ်းဖက်မှု၏ ဆိုးကျိုးများ နှင့် ငြိမ်းချမ်းရေး၏ အရေးပါမှု ကို အဓိကထား ရှင်းလင်းထားသည်။ နိုင်ငံရေး၏ ကျက်သရေသည် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ အကြမ်းဖက်မှုသည် တရားမျှတမှုကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ လူမှုဘဝငြိမ်းချမ်းရေး အခြေခံသုံးရပ်ကို မဆောင်ရွက်နိုင်သမျှ အကြမ်းဖက်မှုကို ဖြတ်တောက်နိုင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ ခွင့်လွှတ်ခြင်း၊ သင့်မြတ်ခြင်းနှင့် အခွင့်အရေးဖန်တီးခြင်း တို့သည် ငြိမ်းချမ်းသော လူမှုအသိုင်းအဝိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည်။

လူတိုင်း စွမ်းရည်သတ္တိ ကြီးမားရမည်။ အကျိုးပြုလုပ်ငန်း မဟုတ် မျက်စိနဲ့ မြင်နိုင်တဲ့လောကကို ကြည့်ရုံလေးနဲ့ ....

အဝိဟိံသာနိုင်ငံရေး အခန်း (၃၅) ၏ အကျဉ်းချုပ် အဓိကအချက်များ=============================================၁။ ငြိမ်းချမ်းရေးန...
11/02/2026

အဝိဟိံသာနိုင်ငံရေး အခန်း (၃၅) ၏ အကျဉ်းချုပ် အဓိကအချက်များ
=============================================

၁။ ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးအတွက် နိုင်ငံရေး

- နိုင်ငံရေးကို ယုံကြည်ချက်မှန်ကန်စွာထားပါက ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးကို လူသားအတွက် တည်ဆောက်ပေးနိုင်သည်။
- လူမှုဘဝအတွက် ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးကျင့်စဉ် မပါပါက ဆင်းရဲခြင်းမှ လွတ်ကင်းနိုင်မည်မဟုတ်။

၂။ ပြည်သူ့အကျိုးအတွက် စွန့်လွှတ်အနစ်နာခံမှု

- ပစ္စည်း၊ ရာထူး၊ ဂုဏ်သတင်းအတွက်မဟုတ်ဘဲ အများအကျိုးအတွက် ဆောင်ရွက်သော နိုင်ငံရေးသည် မွန်မြတ်သည်။
- ပြည်သူ့ရေးရာ ဖွံ့ဖြိုးဖူလုံရေးအတွက် လုပ်ကိုင်ခွင့်ရခြင်းသည် ကံကောင်းခြင်းဖြစ်ပြီး အမြတ်ဆုံးစိတ်ဓာတ်အစွမ်းများကို ရရှိခြင်းဖြစ်သည်။

၃။ ဆင်းရဲမှုလွတ်ကင်းရေးနှင့် စွန့်လွှတ်ခြင်း

- ဆင်းရဲမှုအမျိုးမျိုးကို သနားခြင်းတရားဖြင့် ဖြည့်ဆည်းပေးရန် လူသားအားလုံးတွင် တာဝန်ရှိသည်။
- လူသားကောင်းမှု၊ လူသားကောင်းကျိုးလုပ်ငန်းများကို ဆောင်ရွက်သူသည် မိမိ၏ ရပိုင်ခွင့်အခွင့်အရေးအားလုံးကို စွန့်လွှတ်ရမည်။
- ဆင်းရဲမှုအားလုံးမှ လွတ်ကင်းရန်အတွက် ဤသို့သောဘဝကို အားထုတ်ကြိုးစားရခြင်းဖြစ်သည်။

၄။ ယှဉ်ပြိုင်ခြင်း၏ အနှစ်သာရ

- နိုင်ငံရေးလောကတွင် ယှဉ်ပြိုင်၍ အနိုင်ရခြင်းထက် ယှဉ်ပြိုင်၍ အောင်မြင်ခြင်းသာ ရှိသည်။
- လူသားကောင်းကျိုးအတွက် ယှဉ်ပြိုင်ခြင်းသည် ရန်ပွဲမဟုတ်၊ ဂုဏ်ပြုချီးမွမ်းစရာအလုပ်ဖြစ်သည်။

၅။ လူမှုဘဝနိုင်ငံရေး၏ အဓိကကျမှု

- နိုင်ငံရေးဆိုသည်မှာ ဒုက္ခပွားခြင်း၊ ရန်တိုက်ခြင်း၊ အမုန်းစွက်ခြင်း၊ ကျွန်ပြုခြင်း မဟုတ်ပါ။
- ကြမ်းတမ်းမှုဟူသမျှသည် နိုင်ငံရေးမဟုတ်။ ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးသာ နိုင်ငံရေးဖြစ်သည်။
- "လူသားကောင်းမှု လူသားကောင်းကျိုး" နိုင်ငံရေးသည် ကိုယ်ကျိုးအားလုံးကို စွန့်လွှတ်မှသာ ရရှိနိုင်သည်။

၆။ ရှေးခေတ် မြန်မာ့အမျိုးသားကောင်းများ၏ စံနမူနာ

- လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးအတွက် အသက်ပေး စွန့်လွှတ်အနစ်နာခံခဲ့ကြသော ရှေးခေတ် မြန်မာ့အမျိုးသားကောင်းများ၏ ပုံရိပ်သည် ကြည်လင်အေးမြသန့်စင်သော နိုင်ငံရေးအခင်းအကျင်းကို ပြသခဲ့သည်။
- ထိုပုဂ္ဂိုလ်များ၏ စွန့်လွှတ်အနစ်နာခံမှုကို သတိတရ လွမ်းဆွတ်ဖွယ်ရှိသည်။

၇။ သမိုင်းဝင် လွတ်လပ်ရေးကြိုးပမ်းမှုများ

- ၁၉၃၉ ခုနှစ်မှစတင်၍ လျှို့ဝှက်ရေးပါတီဖြင့် အင်္ဂလိပ်နယ်ချဲ့နှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့သည်။

ရည်ရွယ်ချက် (၄) ရပ် -
၁။ ထာဝစဉ်ငြိမ်းချမ်းရေး
၂။ တိုင်းပြည်လွတ်လပ်ရေး
၃။ လူမျိုးလွတ်လပ်ရေး
၄။ ပြည်သူ့လွတ်လပ်ရေး

၈။ အကြမ်းမဖက်ရေးနှင့် လူထုအာဏာ

- ငြိမ်းချမ်းရေးကို ရှာနေသော ကမ္ဘာကြီးတွင် အကြမ်းမဖက်သော နိုင်ငံရေးဖြင့် လွတ်လပ်ရေးကို ရှာကြံရမည်။
- လူထုအာဏာ လွှမ်းမိုးသော ကမ္ဘာကြီးတွင် လူထုတိုက်ပွဲဖြင့် အောင်ပွဲယူကြရမည်။

၉။ အမှားကို ဝန်ခံခြင်းနှင့် စဉ်ဆက်မပြတ် တိုးတက်ရေး

- "ငါမှန်လျှင် လိုက်လော့၊ ငါမှားလျှင် ပြင်လော့" ဆိုသော စကားသည် လက်သုံးစကားဖြစ်သည်။
- စေတနာဖြင့် ဝေဖန်ခြင်း၊ ပြင်ဆင်ခြင်းကို အမြဲလက်ခံမည်။
- အချိန်အခါနှင့် ဒေသအလျောက် နည်းနှင့်ပရိယာယ်ကို ထိုးထွင်းဖန်တီးမည့် "ထိုးထွင်းဖန်တီးသမား" များဖြစ်သည်။

၁၀။ အမွေအနှစ်နှင့် အနာဂတ်အတွက် သင်ခန်းစာ

- မြန်မာ့အမျိုးသားကောင်းများ၏ ရည်ရွယ်ချက်ဖြစ်သော "အပြစ်မရှိသူ အပြစ်မခံရ၊ အခွင့်အရေး မရသော အုပ်ချုပ်ရေး မဖြစ်စေရ၊ ထောင်များမှာ လောကငရဲ မဖြစ်စေရ၊ မိုက်မဲနေသူများကို အသိဉာဏ်အလင်းရောင် ပေးရာ ဖြစ်စေရမည်" ဆိုသော ကျင့်စဉ်နည်းလမ်းကောင်းကို အစဉ်ထာဝရ လေးစားတန်ဖိုးထားရမည်။

အနှစ်ချုပ် - အခန်း (၃၅) သည် ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေး သည် စစ်မှန်သော နိုင်ငံရေး၏ အနှစ်သာရဖြစ်ကြောင်း အလေးပေးဖော်ပြထားသည်။ ကိုယ်ကျိုးစွန့်ခြင်း၊ ပြည်သူ့အကျိုးဆောင်ခြင်း၊ အကြမ်းမဖက်ခြင်း နှင့် လူထုအာဏာကို အခြေခံခြင်း တို့သည် အဓိကကျသော ကျင့်ဝတ်များဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှ သမိုင်းဝင်စကားရပ်များကို ကိုးကား၍ ယနေ့ခေတ် နိုင်ငံရေးလောကအတွက် လမ်းညွှန်ချက်များ ချမှတ်ပေးထားသည်။

နိုင်ငံရေးကို ယုံကြည်ချက်ထားမှန်ရင် ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေး လူသားအတွက် တည်ဆောက်ပေးနိုင်ပါတယ်။ ဘယ...

။ ကျောင်းတော်မြတ်သို့ ။~~~~~~~~~~~~~~~~~။သဘာဝကျကျနေကြရသည်ချမ်းမြပါသော ကျောင်းတော်မြတ်။။ ကိုယ်စိတ်ဣန္ဒြေသိမ်မွေ့ပေသည်အမွေ...
11/02/2026

။ ကျောင်းတော်မြတ်သို့ ။
~~~~~~~~~~~~~~~~~

။သဘာဝကျကျ
နေကြရသည်
ချမ်းမြပါသော ကျောင်းတော်မြတ်။

။ ကိုယ်စိတ်ဣန္ဒြေ
သိမ်မွေ့ပေသည်
အမွေရကြ ကျောင်းတော်မြတ်။

။ မြတ်စွာဗုဒ္ဓ
ပရိယတ်တည်
ဓမ္မသိကြ ကျောင်းတော်မြတ်။

။ ကြည်နူးအေးရိပ်
တိတ်ဆိတ်ပါသည်
တည်ကြည်အေးမြ ကျောင်းတော်မြတ်။

။ ဤကျောင်းတော်မြတ်
ရောက်ခဲ့ကြသည်
သတိရအောက်မေ့ ကျောင်းတော်မြတ်။

တောမှီရဟန်း
(၃၁.၇.၂၀၂၅) ရက်နေ့။

။သဘာဝကျကျ နေကြရသည် ချမ်းမြပါသော ကျောင်းတော်မြတ်။ ။ ကိုယ်စိတ်ဣန္ဒြေ သိမ်မွေ့ပေသည် အမွေရကြ ကျောင်းတော်မြတ်။ ...

အဝိဟိံသာနိုင်ငံရေး အခန်း (၃၄) ====================== လူတစ်ယောက်ဖြစ်ရင် ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကိုင်းရှိုင်းတတ်မှု၊ စ...
17/11/2025

အဝိဟိံသာနိုင်ငံရေး အခန်း (၃၄)
======================

လူတစ်ယောက်ဖြစ်ရင် ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကိုင်းရှိုင်းတတ်မှု၊ စေတနာထားတတ်မှု၊ အနစ်နာခံတတ်မှု၊ ကြိုးစားတတ်မှု၊ တာဝန်ယူတတ်မှုနဲ့ အမှားအမှန် ရွေးချယ်တတ်မှု ရှိရမယ်။

လွှတ်တော်အမတ်များ ဖြေကြည့်ပါ
=======================

ယနေ့ နိုင်ငံတိုင်းလိုလို နိုင်ငံရေး ဥပဒေစနစ်တစ်ခုရဲ့ ဥပစာတိုင်းမှာ တန်းတူညီမျှ ရေးအတွက် အာသီသဆန္ဒတွေ ထားကြတယ်။ စိတ်အားထက်သန်ကြတယ်။ စိတ်ကျေနပ် ဖွယ်ရာ ထားကြတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် နိုင်ငံအဆင့်အုပ်ချုပ်ရေး၊ အခြေခံပြည်သူ့ အခွင့်အရေး ထားပုံထားနည်း၊ လုပ်ပုံလုပ်နည်း သိထားကြပေမယ့် ကျယ်ပြန့်တဲ့ နိုင်ငံရေး အမြင်တွေ သိထားဖို့ လိုတယ်။ နိုင်ငံရေးအတွေ့အကြုံရှိတဲ့သူတွေ၊ မရှိတဲ့သူတွေကို ဖော်ပြတဲ့ မေးခွန်းတွေကို မေးလိုက်မယ်။ ဖြေဆိုနိုင်ပါတယ်။

(၁) ဥပမာ- သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဟာ “ပြည်ထောင်စုစနစ်”ဖြင့် နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်မယ်ဆိုရင် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး” ဖွဲ့စည်းထားခြင်း လို၊ မလို။

(၂) ဥပမာ – ပါလီမန်အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဟာ “ပြည်ထောင်စုစနစ်”ဖြင့် နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်မယ် ဆိုရင် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး” ဖွဲ့စည်းထားခြင်း လို၊ မလို။

(၃) “ပြည်ထောင်စုစနစ်” ဆိုတဲ့စကားရပ်ဟာ သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်နဲ့ ဆန့်ကျင်ပါသလား။ ပါလီမန်ဝန်ကြီးချုပ် အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်နဲ့ ဆန့်ကျင်မှုရှိပါသလား။

(၄) “ပြည်ထောင်စုစနစ်”ဖြင့် ဖွဲ့စည်းတည်ထောင်သော တိုင်းပြည်ဟာ သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ရဲ့ အနှစ်သာရလား။ ပါလီမန်ဝန်ကြီးချုပ် အုပ်ချုပ်တဲ့ နိုင်ငံရေးရဲ့ အနှစ်သာရလား။

(၅) “ပြည်ထောင်စုစနစ်”ဖြင့် ထားတဲ့ နိုင်ငံရေးမူဝါဒဟာ ပြည်နယ်နှင့် တိုင်းဒေသ တွေမှာကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့ လို၊ မလို။

(၆) “ပြည်ထောင်စုသမ္မတစနစ်”ဖြင့် တည်ထောင်တဲ့ နိုင်ငံရေးဟာ နိုင်ငံရေး၊ နိုင်ငံသား၊ လူမှုနိုင်ငံသား ဘယ်လိုပုံမျိုးနဲ့ အသိအမှတ်ထားပါသလဲ။

(၇) “ပြည်ထောင်စု ပါလီမန် ဝန်ကြီးချုပ်စနစ်ဖြင့် တည်ထောင်တဲ့ နိုင်ငံရေးဟာ နိုင်ငံရေး၊ နိုင်ငံသား၊ လူမှုနိုင်ငံသား ဘယ်လိုပုံမျိုးနဲ့ အသိအမှတ်ထားပါသလဲ။

(၈) အာဏာကြီးသုံးရပ် (အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေ ပြုရေးအာဏာ)ကို သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးမှာ ဘာဖြစ်လို့ သီးခြားထားခြင်းစနစ်နဲ့ ဖွဲ့စည်းထားပါသလဲ။

(၉) ဒီမိုကရေစီနိုင်ငံရေးစနစ်တိုင်း အာဏာကြီးသုံးရပ်စလုံးကို အမြဲတမ်းပဲ သီးခြား ထားခြင်း ရှိပါသလား။

(၁ဝ) သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီစနစ်က အာဏာသီးခြားထားခြင်းစနစ်မဟုတ်လည်းကျင့်သုံးလို့ရပါသလား။

(၁၁) အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာ လွန်ဆွဲပွဲများ အဆုံးသတ်ဖို့အာဏာ သီးခြားစီထားခြင်းဟာ ဒီမိုကရေစီနိုင်ငံရေးမူဝါဒအရ မှန်ပါသလား။

(၁၂) သမ္မတဟာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး ဥပဒေပြုရေးအာဏာကို လွှတ်တော်က ကျင့်သုံးကာ တရားစီရင်ရေးအာဏာကို နှစ်ခုလုံးမှ ကင်းလွတ်ပြီးတော့ သီးခြားထားတဲ့ ကျင့်သုံးမှုနဲ့ ကျင့်သုံးရင် ဒီမိုကရေစီ (ပြည်သူ့ရေးရာ)စနစ်အရ ဟုတ်ပြီလို့ ဆိုနိုင်ပြီလား။

(၁၃) သမ္မတအုပ်ချုပ်မှုပါသော၊ လွှတ်တော်အုပ်ချုပ်မှုပါသော နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီနိုင်ငံရေးစနစ်လို့ သတ်မှတ်ရင် ရမလား။

(၁၄) ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှု မလိုဘဲ ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးလို့ ရပါသလား။

(၁၅) ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ဖိနှိပ်ရေးဥပဒေများ ဖိနှိပ်ရေးဘက်သို့ ဦးတည် ရောက်သွားတာ ရှိပါသလား။

(၁၆) သမ္မတနိုင်ငံအားလုံးဟာ သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီကို ကျင့်သုံးကြပါသလား။

(၁၇) ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော သမ္မတနိုင်ငံ ရှိပါသလား။

(၁၈) သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံမှာ အစိုးရ ဖွဲ့စည်းဖို့ဟာ သမ္မတရဲ့ တာဝန်မထားဘဲ လွှတ်တော်က တာဝန်ယူမယ်ဆိုရင် အစိုးရ မဖြစ်လာနိုင်ဘူးလား။

(၁၉) ပြည်သူလူထုက သမ္မတကို စိတ်ကြိုက်ရွေးခွင့် ပေးသင့်ပါသလား။ ဒါမှ မဟုတ် ပြည်သူ့ကိုယ်စားလှယ်က သမ္မတကို ရွေးချယ်ခွင့်ပေးလိုက်တာဟာ ဒီမိုကရေစီ ကျင့်စဉ်အရ မှန်ပါသလား။

(၂ဝ) သမ္မတက မိမိရဲ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို စိတ်ကြိုက် ရွေးချယ်ခန့်ထား ခွင့် ပေးလိုက်တာကို ဒီမိုကရေစီနိုင်ငံရေးမူဝါဒအရ ယုံကြည်စိတ်ချရပြီလား။

(၂၁) သမ္မတခန့်ထားသောဝန်ကြီး (အစိုးရအဖွဲ့ဝင်ဝန်ကြီး)က မသမာမှုများ ပြုလုပ် ခဲ့သော် သမ္မတကိုယ်တိုင်က ဖြုတ်ပယ်ခွင့် ရှိသလား။ ဒီမိုကရေစီနိုင်ငံရေးစနစ်အရ မည်သို့ နည်းပညာများ လမ်းညွှန်ခဲ့ခြင်း ရှိပါသလဲ။

(၂၂) သမ္မတကိုယ်တိုင် နိုင်ငံ့ဦးသျှောင်ရာထူး၊ အစိုးရအဖွဲ့အကြီးအကဲ တာဝန်ပါ ရယူပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် နိုင်ငံတော်အား စီမံခန့်ခွဲအုပ်ချုပ်ရေးအာဏာ အရှိဆုံး ပုဂ္ဂိုလ်လို့ မှတ်ယူနိုင်ပါတယ်။ သို့သော် ဘာဖြစ်လို့ သမ္မတကို ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာတို့ကို ရယူသုံးစွဲပိုင်ခွင့် မရှိရပါသလဲ။

(၂၃) သမ္မတက အမည်စာရင်းသွင်းထားတဲ့ ပုဂ္ဂိုလ်ကို လွှတ်တော်က မကြိုက် မနှစ်သက်သူဖြစ်ရင် ဘာဖြစ်လို့ ကန့်ကွက်ခွင့်မပေးသလဲ။

(၂၄) သမ္မတ ရွေးချယ်ထားသူတိုင်း အစိုးရအဖွဲ့ဝင် ဖြစ်ရမယ်ဆိုရင် ပြည်သူ့ရေးရာ နိုင်ငံရေးစနစ်အရ အများလက်ခံနိုင်စရာ ဖြစ်နိုင်ခြေ ရှိနိုင်ပါမလား။(၂၅) ပြည်သူ့ကိုယ်စားလှယ်မဟုတ်သူတစ်ယောက်ကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ရင် လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးပြီးမှ၊ သို့မဟုတ် ချပြပြီးမှ ၄င်းပုဂ္ဂိုလ် အား ရွေးချယ်ရင် မသင့်ပေဘူးလား။

(၂၆) သမ္မတ အမည်စာရင်းတင်သွင်းတဲ့ ရာထူးဝန်ပုဂ္ဂိုလ်ကို လွှတ်တော်နာယကက မကြိုက်မနှစ်သက်ရင် အတည်မပြုဘဲ တားမြစ်ပိုင်ခွင့် မပေးနိုင်ဘူးလား။

( ၂၇) သမ္မတရာထူးဝန် ရွေးချယ်ရာမှာ လွှတ်တော်ကိုယ်စားလှယ် ပုဂ္ဂိုလ်များမှ ရွေးယူခဲ့ရင် ဒီမိုကရေစီစနစ် နိုင်ငံရေးသဘောမှာ မည်သို့ ဆန့်ကျင်သွားပါသလဲ။

(၂၈) သမ္မတ အုပ်ချုပ်သော နိုင်ငံရေးစနစ်နဲ့ ပါလီမန်ဝန်ကြီးချုပ် အုပ်ချုပ်သော နိုင်ငံရေးစနစ်အရ အာဏာများ သီးခြားစီထားရှိခြင်းစနစ်ဟာ မည်သို့ လိုအပ်၍ (လိုအပ်ခြင်း ကြောင့်) ရွေးချယ်ဖို့ ရှိတယ်လို့ ယူဆပါသလဲ။

(၂၉) သမ္မတဦးဆောင်သော နိုင်ငံရေးစနစ်မှာ အစိုးရ ဖွဲ့စည်းရေးအတွက် သမ္မတ တစ်ဦးတည်း လုပ်ပိုင်ခွင့်မထားဘဲ လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ သမ္မတက ခန့်အပ်ရင် အဆင်ပြေနိုင်ပါသလား။

(၃ဝ) သမ္မတရွေးသောစနစ်အရ သမ္မတ ရွေးချယ်တင်မြှောက်သောအဖွဲ့ကို ပြည်သူ က ရွေးချယ်သောပုဂ္ဂိုလ်များ ဖြစ်သင့်သည် မဟုတ်လား။

(၃၁) သမ္မတရွေးချယ်သောအဖွဲ့ဟာ ပြည်နယ်နှင့် တိုင်းမှ လွှတ်တော်ကိုယ်စား လှယ်များ ပါဝင်သင့်တယ်လို့ ယူဆပါသလား။

(၃၂) ပါဝင်ခွင့်ရှိရင် လွှတ်တော်ကိုယ်စားလှယ်တွေ အနည်း၊ အများ အချိုးအစား အတိုင်း ပါဝင်သင့်တယ်လို့ ယူဆပါသလား။

(၃၃) သမ္မတ ရွေးချယ်ရေးစနစ်အရ ပြည်နယ်နှင့် တိုင်းမှ စ၍ စတင် စုပေါင်း ရွေးချယ်သောစနစ်ဖြင့် ကျင့်သုံးရင် သမ္မတအုပ်ချုပ်ရေး နိုင်ငံရေးစနစ်ကို ထိခိုက်နိုင်ဖွယ်ရာ ရှိပါသလား။

(၃၄) သမ္မတအုပ်ချုပ်သောစနစ်ဟာ အုပ်ချုပ်ရေးစနစ်သာ သက်ဆိုင်ပြီး ဘာဖြစ်လို့ ဥပဒေအားလုံး အသက်သွင်းရာမှာ သမ္မတကိုယ်တိုင်က ဦးဆောင်မှု လုပ်ရပါသလဲ။

(၃၅) ဖြုတ်နိုင်၊ ခန့်နိုင်သော အာဏာကို သမ္မတမှာ အပြည့်အဝရှိရင် သမ္မတဟာ စစ်သေနာပတိချုပ်အဖြစ် သတ်မှတ်နိုင်ပါသလား။

(၃၆) သမ္မတဟာ အာဏာပိုင်စိုးသူ ဖြစ်သောကြောင့် ကာကွယ်ရေးဝန်ကြီး အပါ အဝင် တပ်မတော်အရာရှိကြီးတွေကို သမ္မတက ခန့်အပ်ခြင်း၊ တာဝန်မှ ဖယ်ရှားခြင်း ပြုလုပ် နိုင်ပါသလား။

(၃၇) ပြည်ပနိုင်ငံကျူးကျော်စစ် သို့မဟုတ် စစ်ကြေညာလာခြင်းကို တိုက်ခိုက်၊ ခုခံရန် လွှတ်တော် အတည်ပြုချက် ရယူဖို့ လိုပါသလား။

(၃၈) လက်တွေ့ လိုအပ်ချက်အရ သမ္မတကိုယ်တိုင် ဦးဆောင်၍ လုပ်ဆောင်ရင် ဆောင်ရွက်ခွင့် ရှိပါသလား။

(၃၉) စစ်နဲ့ ပတ်သက်ရင် သမ္မတ လုပ်ပိုင်ခွင့်များရှိပါက အာဏာရှင် မဖြစ်နေ ဘူးလား။

(၄၀) နိုင်ငံခြားဆက်ဆံရေးကိစ္စများမှာ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဆောင်ရွက်ခဲ့ ပေမယ့် သမ္မတကိုယ်စားအဖြစ်သာ ရှိရမယ် ဆိုတာ လက်ခံပါသလား။

(၄၁) သံတမန်စေလွှတ်ရေးကိစ္စ၊ လက်ခံရေးကိစ္စအားလုံးမှာ သမ္မတက မဆောင် ရွက်ဘဲ နိုင်ငံခြားဝန်ကြီး ဆောင်ရွက်ခွင့် ရှိနိုင်ပါသလား။

(၄၂) သမ္မတဟာ နိုင်ငံခြားနဲ့ ချုပ်ဆိုတဲ့ စာချုပ်အားလုံးမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်လို့ မြင်ပါသလား။

(၄၃) သမ္မတ ဦးဆောင်တဲ့စနစ်ဟာ သမ္မတဟာ ဘာကြောင့် ဥပဒေပြုရေးအာဏာမှာ လုပ်ပိုင်ခွင့် မရှိရပါသလဲ။ ဥပဒေပြုလွှတ်တော်ကို ဘာကြောင့် လွှမ်းမိုးနိုင်ခြင်း မရှိပါ သလဲ။ ဘာကြောင့် ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းခြင်း မလုပ်နိုင်ပါသလဲ။ ဥပဒေပြုလွှတ်တော် အမတ်တွေကို ဘာကြောင့် ထိန်းချုပ်ခွင့် မရှိပါသလဲ။

(၄၄) မြန်မာပြည် ယခုလက်ရှိအစိုးရဟာ ဥပဒေပြုအာဏာကို ဘာကြောင့် မပိုင်ပါ

(၄၅) ဥပဒေပြုအာဏာရှိတဲ့အဖွဲ့ဟာ သမ္မတလိုအင်မဟုတ်တဲ့ ကွဲလွဲတဲ့ ဥပဒေတွေ ကိုလည်း ရေးဆွဲပိုင်ခွင့် ရနိုင်၊ မရနိုင်။

(၄၆) သမ္မတဆန္ဒနဲ့အညီ ဥပဒေဖြစ်ပေါ်လာရေးအတွက် သမ္မတက ဥပဒေပြုရေး အဖွဲ့ကို စည်းရုံးနိုင်သည်သာ ရှိတယ်။ အမိန့်ပေးခွင့်၊ ထိန်းချုပ်ခွင့် လုပ်လို့မရဘူး ဆိုတာ မှန်ပါသလား။

(၄၇) သမ္မတဟာ လွှတ်တော်အစည်းအဝေးတွေကို ခေါ်ယူကျင်းပစေနိုင်တဲ့ အခွင့် အာဏာ ရှိသလား။

(၄၈) နိုင်ငံတော် အသုံးပြု ဘတ်ဂျက်ကိစ္စမှာ လွှတ်တော် အတည်ပြုပေးစရာမလို လည်း ရပါတယ်လို့ ယူဆနိုင်ပါသလား။

(၄၉) ဘတ်ဂျက်ကို သမ္မတက ပြင်ဆင်ပြီး လွှတ်တော်က အတည်ပြုပေးရန် မလိုဘဲ လုပ်လို့ ရပါသလား။

(၅၀) ဘတ်ဂျက်ဥပဒေပြုရေးကိစ္စမှာ သမ္မတကို အလေးထားတဲ့ အာဏာများ ရှိနေတာဟာ ကောင်းပါသလား။

(၅၁) သမ္မတမှာ ပြစ်မှုနဲ့ အပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ အခွင့်အာဏာမရှိရင် ဒီမိုကရေစီနိုင်ငံရေးနည်းအရ ဆန့်ကျင်ပါသလား။

(၅၂) သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဟာ အစိုးရအဖွဲ့ထဲမှာ ပါဝင်နိုင်ပါသလား။

(၅၃) သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ဥပဒေပြုအဖွဲ့ဝင် ဖြစ်ခွင့်ရှိပါသလား။ ဥပဒေပြုအဖွဲ့ဝင်ပုဂ္ဂိုလ်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ခွင့် မရှိနိုင်ဘူးလား။

(၅၄) အပြန်အလှန် ထိန်းညှိနိုင်တဲ့စနစ် (Check and Balance) ကို ဖန်တီးလုပ်တဲ့ စနစ်ဟာဒီမိုကရေစီနိုင်ငံရေးစနစ်ကို ဘယ်လောက်ထိ အာမခံပေးနိုင်ပါသလဲ။

(၅၅) သမ္မတ ဦးဆောင်သော ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ လွှတ်တော်ကို ဘာ ကြောင့် ဖျက်သိမ်းခွင့် မရှိပါသလဲ။

(၅၆) သမ္မတဟာ မဲဆန္ဒရှင် ပြည်သူလူထုကို တိုက်ရိုက်တာဝန်ခံရသူ မဟုတ်ရင် ဒီမိုကရေစီနိုင်ငံရေးအရ ဘယ်လို သဘောတွေ့ပါသလဲ။

(၅၇) သမ္မတ ဦးဆောင်သော နိုင်ငံရေးစနစ်ဟာ ဝန်ကြီးချုပ်ထားရင် ရပါသလား။ ဒီမိုကရေစီစနစ်အရ အခက်အခဲ ဖြစ်လာနိုင်စရာ ရှိပါသလား။

(၅၈) လွှတ်တော်ကို အယုံအကြည်မရှိ အဆိုမတင်သွင်းနိုင်တဲ့ ဒီမိုကရေစီစနစ်ဟာ မြန်မာ့နိုင်ငံရေးမှာ တိုးတက်မှုအမြင် ရှိလာနိုင်ပါသလား။ မရှိနိုင်

(၅၉) အစိုးရဟာ ဥပဒေပြုလွှတ်တော်ထဲက လာခြင်းဖြစ်ရင် ဒီမိုကရေစီနည်းလမ်း အရ ဘာတွေများ လုပ်ထားရမလဲ။

(၆ဝ) အစိုးရအာဏာ ကန့်သတ်ချက်ထားခြင်းနဲ့ မထားခြင်း ဘယ်ကဲ့သို့ ကွာခြား ကြပါသလဲ။

(၆၁) နိုင်ငံရေးပိတ်ဆို့မှုခံရတဲ့ ဒီမိုကရေစီစနစ်ဟာ ဘယ်ဒီမိုကရေစီစနစ်တွေပါလဲ။

(၆၂) နိုင်ငံရေးပိတ်ဆို့မှုဖြစ်ရင် လွှတ်တော်ကို ဖျက်သိမ်းပါက ဒီမိုကရေစီစနစ် တစ်ခု ပြောင်းလဲသွားတယ်လို့ ယူဆနိုင်ပါသလား။

(၆၃) ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လွဲချော်နေတဲ့ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ်ဟာ ဘာကြောင့် ဒီမိုကရေစီစနစ်တစ်ပါးလို့ ခေါ်ဆိုသတ်မှတ်ရပါသလဲ။

(၆၄) အစိုးရအဖွဲ့ကို ညွန့်ပေါင်းဖွဲ့စည်းခြင်းပြုရင် မြန်မာပြည်နိုင်ငံရေးပုံစံ (ယခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအတိုင်း) စနစ်အရ မှန်ပါသလား။

(၆၅) သမ္မတရာထူး ပြန်လည်ရွေးခံမှု ကန့်သတ်ထားတာဟာ ဒီမိုကရေစီစနစ်လို့ သတ်မှတ်နိုင်ပါသလား။

သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီ စနစ်နှစ်မျိုးရဲ့ လေ့လာချက်အဖြေတွေကို ယနေ့ မြန်မာပြည်လွှတ်တော်ထဲရောက်တဲ့ လွှတ်တော် အမတ်တွေ ဖော်ပြတဲ့ မေးခွန်းပေါင်း (၆၅) ခုကို မေးလိုက်ပါပြီ။ မေးခွန်းတစ်ခုကို ၁ မှတ်စီ သတ်မှတ်ထားပါတယ်။ ရမှတ်ပေါင်း ၃ဝ ကျော်ရင် ဒီမိုကရေစီစာမေးပွဲ အောင်မြင်တဲ့ သူအဖြစ် သတ်မှတ်လိုက်ပါပြီ။

လွှတ်တော်အမတ်များ ဖြေကြည့်ပါ။
========================

သမ္မတဟာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး ဥပဒေပြုရေးအာဏာကို လွှတ်တော်က ကျင့်သုံးကာ တရားစီရင်ရေးအာဏာကို နှစ်ခုလုံးမှ ကင်းလွတ်ပြီးတော့ သီးခြားထားတဲ့ ကျင့်သုံးမှုနဲ့ကျင့်သုံးရင် ဒီမိုကရေစီ (ပြည်သူ့ရေးရာ) စနစ်အရ ဟုတ်ပြီလို့ ဆိုနိုင်ပြီလား။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၇၂-၂၇၇၊ အဝိဟိံသာနိုင်ငံရေး (၃၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

လူတစ်ယောက်ဖြစ်ရင် ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကိုင်းရှိုင်းတတ်မှု၊ စေတနာထားတတ်မှု၊ အနစ်နာခံတတ်မှု၊ ကြိုးစ...

Address

Taung Galay Monastery
Hpa-an

Alerts

Be the first to know and let us send you an email when Mahar Asia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share