Mahar Asia

Mahar Asia မဟာပညာမှ ကြိုဆိုပါသည်။​
မဟာပညာ့ခဝ့် အင်းဟှလင်ဖဝ်ႋ။
Welcome to mahar.asia

အဝိဟိံသာနိုင်ငံရေး အခန်း (၃၄) ====================== လူတစ်ယောက်ဖြစ်ရင် ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကိုင်းရှိုင်းတတ်မှု၊ စ...
17/11/2025

အဝိဟိံသာနိုင်ငံရေး အခန်း (၃၄)
======================

လူတစ်ယောက်ဖြစ်ရင် ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကိုင်းရှိုင်းတတ်မှု၊ စေတနာထားတတ်မှု၊ အနစ်နာခံတတ်မှု၊ ကြိုးစားတတ်မှု၊ တာဝန်ယူတတ်မှုနဲ့ အမှားအမှန် ရွေးချယ်တတ်မှု ရှိရမယ်။

လွှတ်တော်အမတ်များ ဖြေကြည့်ပါ
=======================

ယနေ့ နိုင်ငံတိုင်းလိုလို နိုင်ငံရေး ဥပဒေစနစ်တစ်ခုရဲ့ ဥပစာတိုင်းမှာ တန်းတူညီမျှ ရေးအတွက် အာသီသဆန္ဒတွေ ထားကြတယ်။ စိတ်အားထက်သန်ကြတယ်။ စိတ်ကျေနပ် ဖွယ်ရာ ထားကြတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် နိုင်ငံအဆင့်အုပ်ချုပ်ရေး၊ အခြေခံပြည်သူ့ အခွင့်အရေး ထားပုံထားနည်း၊ လုပ်ပုံလုပ်နည်း သိထားကြပေမယ့် ကျယ်ပြန့်တဲ့ နိုင်ငံရေး အမြင်တွေ သိထားဖို့ လိုတယ်။ နိုင်ငံရေးအတွေ့အကြုံရှိတဲ့သူတွေ၊ မရှိတဲ့သူတွေကို ဖော်ပြတဲ့ မေးခွန်းတွေကို မေးလိုက်မယ်။ ဖြေဆိုနိုင်ပါတယ်။

(၁) ဥပမာ- သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဟာ “ပြည်ထောင်စုစနစ်”ဖြင့် နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်မယ်ဆိုရင် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး” ဖွဲ့စည်းထားခြင်း လို၊ မလို။

(၂) ဥပမာ – ပါလီမန်အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဟာ “ပြည်ထောင်စုစနစ်”ဖြင့် နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်မယ် ဆိုရင် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး” ဖွဲ့စည်းထားခြင်း လို၊ မလို။

(၃) “ပြည်ထောင်စုစနစ်” ဆိုတဲ့စကားရပ်ဟာ သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်နဲ့ ဆန့်ကျင်ပါသလား။ ပါလီမန်ဝန်ကြီးချုပ် အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်နဲ့ ဆန့်ကျင်မှုရှိပါသလား။

(၄) “ပြည်ထောင်စုစနစ်”ဖြင့် ဖွဲ့စည်းတည်ထောင်သော တိုင်းပြည်ဟာ သမ္မတအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ရဲ့ အနှစ်သာရလား။ ပါလီမန်ဝန်ကြီးချုပ် အုပ်ချုပ်တဲ့ နိုင်ငံရေးရဲ့ အနှစ်သာရလား။

(၅) “ပြည်ထောင်စုစနစ်”ဖြင့် ထားတဲ့ နိုင်ငံရေးမူဝါဒဟာ ပြည်နယ်နှင့် တိုင်းဒေသ တွေမှာကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့ လို၊ မလို။

(၆) “ပြည်ထောင်စုသမ္မတစနစ်”ဖြင့် တည်ထောင်တဲ့ နိုင်ငံရေးဟာ နိုင်ငံရေး၊ နိုင်ငံသား၊ လူမှုနိုင်ငံသား ဘယ်လိုပုံမျိုးနဲ့ အသိအမှတ်ထားပါသလဲ။

(၇) “ပြည်ထောင်စု ပါလီမန် ဝန်ကြီးချုပ်စနစ်ဖြင့် တည်ထောင်တဲ့ နိုင်ငံရေးဟာ နိုင်ငံရေး၊ နိုင်ငံသား၊ လူမှုနိုင်ငံသား ဘယ်လိုပုံမျိုးနဲ့ အသိအမှတ်ထားပါသလဲ။

(၈) အာဏာကြီးသုံးရပ် (အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေ ပြုရေးအာဏာ)ကို သမ္မတ ဦးဆောင်တဲ့ နိုင်ငံရေးမှာ ဘာဖြစ်လို့ သီးခြားထားခြင်းစနစ်နဲ့ ဖွဲ့စည်းထားပါသလဲ။

(၉) ဒီမိုကရေစီနိုင်ငံရေးစနစ်တိုင်း အာဏာကြီးသုံးရပ်စလုံးကို အမြဲတမ်းပဲ သီးခြား ထားခြင်း ရှိပါသလား။

(၁ဝ) သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီစနစ်က အာဏာသီးခြားထားခြင်းစနစ်မဟုတ်လည်းကျင့်သုံးလို့ရပါသလား။

(၁၁) အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာ လွန်ဆွဲပွဲများ အဆုံးသတ်ဖို့အာဏာ သီးခြားစီထားခြင်းဟာ ဒီမိုကရေစီနိုင်ငံရေးမူဝါဒအရ မှန်ပါသလား။

(၁၂) သမ္မတဟာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး ဥပဒေပြုရေးအာဏာကို လွှတ်တော်က ကျင့်သုံးကာ တရားစီရင်ရေးအာဏာကို နှစ်ခုလုံးမှ ကင်းလွတ်ပြီးတော့ သီးခြားထားတဲ့ ကျင့်သုံးမှုနဲ့ ကျင့်သုံးရင် ဒီမိုကရေစီ (ပြည်သူ့ရေးရာ)စနစ်အရ ဟုတ်ပြီလို့ ဆိုနိုင်ပြီလား။

(၁၃) သမ္မတအုပ်ချုပ်မှုပါသော၊ လွှတ်တော်အုပ်ချုပ်မှုပါသော နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီနိုင်ငံရေးစနစ်လို့ သတ်မှတ်ရင် ရမလား။

(၁၄) ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှု မလိုဘဲ ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးလို့ ရပါသလား။

(၁၅) ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ ဖိနှိပ်ရေးဥပဒေများ ဖိနှိပ်ရေးဘက်သို့ ဦးတည် ရောက်သွားတာ ရှိပါသလား။

(၁၆) သမ္မတနိုင်ငံအားလုံးဟာ သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီကို ကျင့်သုံးကြပါသလား။

(၁၇) ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော သမ္မတနိုင်ငံ ရှိပါသလား။

(၁၈) သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံမှာ အစိုးရ ဖွဲ့စည်းဖို့ဟာ သမ္မတရဲ့ တာဝန်မထားဘဲ လွှတ်တော်က တာဝန်ယူမယ်ဆိုရင် အစိုးရ မဖြစ်လာနိုင်ဘူးလား။

(၁၉) ပြည်သူလူထုက သမ္မတကို စိတ်ကြိုက်ရွေးခွင့် ပေးသင့်ပါသလား။ ဒါမှ မဟုတ် ပြည်သူ့ကိုယ်စားလှယ်က သမ္မတကို ရွေးချယ်ခွင့်ပေးလိုက်တာဟာ ဒီမိုကရေစီ ကျင့်စဉ်အရ မှန်ပါသလား။

(၂ဝ) သမ္မတက မိမိရဲ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို စိတ်ကြိုက် ရွေးချယ်ခန့်ထား ခွင့် ပေးလိုက်တာကို ဒီမိုကရေစီနိုင်ငံရေးမူဝါဒအရ ယုံကြည်စိတ်ချရပြီလား။

(၂၁) သမ္မတခန့်ထားသောဝန်ကြီး (အစိုးရအဖွဲ့ဝင်ဝန်ကြီး)က မသမာမှုများ ပြုလုပ် ခဲ့သော် သမ္မတကိုယ်တိုင်က ဖြုတ်ပယ်ခွင့် ရှိသလား။ ဒီမိုကရေစီနိုင်ငံရေးစနစ်အရ မည်သို့ နည်းပညာများ လမ်းညွှန်ခဲ့ခြင်း ရှိပါသလဲ။

(၂၂) သမ္မတကိုယ်တိုင် နိုင်ငံ့ဦးသျှောင်ရာထူး၊ အစိုးရအဖွဲ့အကြီးအကဲ တာဝန်ပါ ရယူပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် နိုင်ငံတော်အား စီမံခန့်ခွဲအုပ်ချုပ်ရေးအာဏာ အရှိဆုံး ပုဂ္ဂိုလ်လို့ မှတ်ယူနိုင်ပါတယ်။ သို့သော် ဘာဖြစ်လို့ သမ္မတကို ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာတို့ကို ရယူသုံးစွဲပိုင်ခွင့် မရှိရပါသလဲ။

(၂၃) သမ္မတက အမည်စာရင်းသွင်းထားတဲ့ ပုဂ္ဂိုလ်ကို လွှတ်တော်က မကြိုက် မနှစ်သက်သူဖြစ်ရင် ဘာဖြစ်လို့ ကန့်ကွက်ခွင့်မပေးသလဲ။

(၂၄) သမ္မတ ရွေးချယ်ထားသူတိုင်း အစိုးရအဖွဲ့ဝင် ဖြစ်ရမယ်ဆိုရင် ပြည်သူ့ရေးရာ နိုင်ငံရေးစနစ်အရ အများလက်ခံနိုင်စရာ ဖြစ်နိုင်ခြေ ရှိနိုင်ပါမလား။(၂၅) ပြည်သူ့ကိုယ်စားလှယ်မဟုတ်သူတစ်ယောက်ကို အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ခန့်အပ်ရင် လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးပြီးမှ၊ သို့မဟုတ် ချပြပြီးမှ ၄င်းပုဂ္ဂိုလ် အား ရွေးချယ်ရင် မသင့်ပေဘူးလား။

(၂၆) သမ္မတ အမည်စာရင်းတင်သွင်းတဲ့ ရာထူးဝန်ပုဂ္ဂိုလ်ကို လွှတ်တော်နာယကက မကြိုက်မနှစ်သက်ရင် အတည်မပြုဘဲ တားမြစ်ပိုင်ခွင့် မပေးနိုင်ဘူးလား။

( ၂၇) သမ္မတရာထူးဝန် ရွေးချယ်ရာမှာ လွှတ်တော်ကိုယ်စားလှယ် ပုဂ္ဂိုလ်များမှ ရွေးယူခဲ့ရင် ဒီမိုကရေစီစနစ် နိုင်ငံရေးသဘောမှာ မည်သို့ ဆန့်ကျင်သွားပါသလဲ။

(၂၈) သမ္မတ အုပ်ချုပ်သော နိုင်ငံရေးစနစ်နဲ့ ပါလီမန်ဝန်ကြီးချုပ် အုပ်ချုပ်သော နိုင်ငံရေးစနစ်အရ အာဏာများ သီးခြားစီထားရှိခြင်းစနစ်ဟာ မည်သို့ လိုအပ်၍ (လိုအပ်ခြင်း ကြောင့်) ရွေးချယ်ဖို့ ရှိတယ်လို့ ယူဆပါသလဲ။

(၂၉) သမ္မတဦးဆောင်သော နိုင်ငံရေးစနစ်မှာ အစိုးရ ဖွဲ့စည်းရေးအတွက် သမ္မတ တစ်ဦးတည်း လုပ်ပိုင်ခွင့်မထားဘဲ လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ သမ္မတက ခန့်အပ်ရင် အဆင်ပြေနိုင်ပါသလား။

(၃ဝ) သမ္မတရွေးသောစနစ်အရ သမ္မတ ရွေးချယ်တင်မြှောက်သောအဖွဲ့ကို ပြည်သူ က ရွေးချယ်သောပုဂ္ဂိုလ်များ ဖြစ်သင့်သည် မဟုတ်လား။

(၃၁) သမ္မတရွေးချယ်သောအဖွဲ့ဟာ ပြည်နယ်နှင့် တိုင်းမှ လွှတ်တော်ကိုယ်စား လှယ်များ ပါဝင်သင့်တယ်လို့ ယူဆပါသလား။

(၃၂) ပါဝင်ခွင့်ရှိရင် လွှတ်တော်ကိုယ်စားလှယ်တွေ အနည်း၊ အများ အချိုးအစား အတိုင်း ပါဝင်သင့်တယ်လို့ ယူဆပါသလား။

(၃၃) သမ္မတ ရွေးချယ်ရေးစနစ်အရ ပြည်နယ်နှင့် တိုင်းမှ စ၍ စတင် စုပေါင်း ရွေးချယ်သောစနစ်ဖြင့် ကျင့်သုံးရင် သမ္မတအုပ်ချုပ်ရေး နိုင်ငံရေးစနစ်ကို ထိခိုက်နိုင်ဖွယ်ရာ ရှိပါသလား။

(၃၄) သမ္မတအုပ်ချုပ်သောစနစ်ဟာ အုပ်ချုပ်ရေးစနစ်သာ သက်ဆိုင်ပြီး ဘာဖြစ်လို့ ဥပဒေအားလုံး အသက်သွင်းရာမှာ သမ္မတကိုယ်တိုင်က ဦးဆောင်မှု လုပ်ရပါသလဲ။

(၃၅) ဖြုတ်နိုင်၊ ခန့်နိုင်သော အာဏာကို သမ္မတမှာ အပြည့်အဝရှိရင် သမ္မတဟာ စစ်သေနာပတိချုပ်အဖြစ် သတ်မှတ်နိုင်ပါသလား။

(၃၆) သမ္မတဟာ အာဏာပိုင်စိုးသူ ဖြစ်သောကြောင့် ကာကွယ်ရေးဝန်ကြီး အပါ အဝင် တပ်မတော်အရာရှိကြီးတွေကို သမ္မတက ခန့်အပ်ခြင်း၊ တာဝန်မှ ဖယ်ရှားခြင်း ပြုလုပ် နိုင်ပါသလား။

(၃၇) ပြည်ပနိုင်ငံကျူးကျော်စစ် သို့မဟုတ် စစ်ကြေညာလာခြင်းကို တိုက်ခိုက်၊ ခုခံရန် လွှတ်တော် အတည်ပြုချက် ရယူဖို့ လိုပါသလား။

(၃၈) လက်တွေ့ လိုအပ်ချက်အရ သမ္မတကိုယ်တိုင် ဦးဆောင်၍ လုပ်ဆောင်ရင် ဆောင်ရွက်ခွင့် ရှိပါသလား။

(၃၉) စစ်နဲ့ ပတ်သက်ရင် သမ္မတ လုပ်ပိုင်ခွင့်များရှိပါက အာဏာရှင် မဖြစ်နေ ဘူးလား။

(၄၀) နိုင်ငံခြားဆက်ဆံရေးကိစ္စများမှာ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဆောင်ရွက်ခဲ့ ပေမယ့် သမ္မတကိုယ်စားအဖြစ်သာ ရှိရမယ် ဆိုတာ လက်ခံပါသလား။

(၄၁) သံတမန်စေလွှတ်ရေးကိစ္စ၊ လက်ခံရေးကိစ္စအားလုံးမှာ သမ္မတက မဆောင် ရွက်ဘဲ နိုင်ငံခြားဝန်ကြီး ဆောင်ရွက်ခွင့် ရှိနိုင်ပါသလား။

(၄၂) သမ္မတဟာ နိုင်ငံခြားနဲ့ ချုပ်ဆိုတဲ့ စာချုပ်အားလုံးမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်လို့ မြင်ပါသလား။

(၄၃) သမ္မတ ဦးဆောင်တဲ့စနစ်ဟာ သမ္မတဟာ ဘာကြောင့် ဥပဒေပြုရေးအာဏာမှာ လုပ်ပိုင်ခွင့် မရှိရပါသလဲ။ ဥပဒေပြုလွှတ်တော်ကို ဘာကြောင့် လွှမ်းမိုးနိုင်ခြင်း မရှိပါ သလဲ။ ဘာကြောင့် ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းခြင်း မလုပ်နိုင်ပါသလဲ။ ဥပဒေပြုလွှတ်တော် အမတ်တွေကို ဘာကြောင့် ထိန်းချုပ်ခွင့် မရှိပါသလဲ။

(၄၄) မြန်မာပြည် ယခုလက်ရှိအစိုးရဟာ ဥပဒေပြုအာဏာကို ဘာကြောင့် မပိုင်ပါ

(၄၅) ဥပဒေပြုအာဏာရှိတဲ့အဖွဲ့ဟာ သမ္မတလိုအင်မဟုတ်တဲ့ ကွဲလွဲတဲ့ ဥပဒေတွေ ကိုလည်း ရေးဆွဲပိုင်ခွင့် ရနိုင်၊ မရနိုင်။

(၄၆) သမ္မတဆန္ဒနဲ့အညီ ဥပဒေဖြစ်ပေါ်လာရေးအတွက် သမ္မတက ဥပဒေပြုရေး အဖွဲ့ကို စည်းရုံးနိုင်သည်သာ ရှိတယ်။ အမိန့်ပေးခွင့်၊ ထိန်းချုပ်ခွင့် လုပ်လို့မရဘူး ဆိုတာ မှန်ပါသလား။

(၄၇) သမ္မတဟာ လွှတ်တော်အစည်းအဝေးတွေကို ခေါ်ယူကျင်းပစေနိုင်တဲ့ အခွင့် အာဏာ ရှိသလား။

(၄၈) နိုင်ငံတော် အသုံးပြု ဘတ်ဂျက်ကိစ္စမှာ လွှတ်တော် အတည်ပြုပေးစရာမလို လည်း ရပါတယ်လို့ ယူဆနိုင်ပါသလား။

(၄၉) ဘတ်ဂျက်ကို သမ္မတက ပြင်ဆင်ပြီး လွှတ်တော်က အတည်ပြုပေးရန် မလိုဘဲ လုပ်လို့ ရပါသလား။

(၅၀) ဘတ်ဂျက်ဥပဒေပြုရေးကိစ္စမှာ သမ္မတကို အလေးထားတဲ့ အာဏာများ ရှိနေတာဟာ ကောင်းပါသလား။

(၅၁) သမ္မတမှာ ပြစ်မှုနဲ့ အပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ အခွင့်အာဏာမရှိရင် ဒီမိုကရေစီနိုင်ငံရေးနည်းအရ ဆန့်ကျင်ပါသလား။

(၅၂) သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဟာ အစိုးရအဖွဲ့ထဲမှာ ပါဝင်နိုင်ပါသလား။

(၅၃) သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ဥပဒေပြုအဖွဲ့ဝင် ဖြစ်ခွင့်ရှိပါသလား။ ဥပဒေပြုအဖွဲ့ဝင်ပုဂ္ဂိုလ်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ခွင့် မရှိနိုင်ဘူးလား။

(၅၄) အပြန်အလှန် ထိန်းညှိနိုင်တဲ့စနစ် (Check and Balance) ကို ဖန်တီးလုပ်တဲ့ စနစ်ဟာဒီမိုကရေစီနိုင်ငံရေးစနစ်ကို ဘယ်လောက်ထိ အာမခံပေးနိုင်ပါသလဲ။

(၅၅) သမ္မတ ဦးဆောင်သော ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ လွှတ်တော်ကို ဘာ ကြောင့် ဖျက်သိမ်းခွင့် မရှိပါသလဲ။

(၅၆) သမ္မတဟာ မဲဆန္ဒရှင် ပြည်သူလူထုကို တိုက်ရိုက်တာဝန်ခံရသူ မဟုတ်ရင် ဒီမိုကရေစီနိုင်ငံရေးအရ ဘယ်လို သဘောတွေ့ပါသလဲ။

(၅၇) သမ္မတ ဦးဆောင်သော နိုင်ငံရေးစနစ်ဟာ ဝန်ကြီးချုပ်ထားရင် ရပါသလား။ ဒီမိုကရေစီစနစ်အရ အခက်အခဲ ဖြစ်လာနိုင်စရာ ရှိပါသလား။

(၅၈) လွှတ်တော်ကို အယုံအကြည်မရှိ အဆိုမတင်သွင်းနိုင်တဲ့ ဒီမိုကရေစီစနစ်ဟာ မြန်မာ့နိုင်ငံရေးမှာ တိုးတက်မှုအမြင် ရှိလာနိုင်ပါသလား။ မရှိနိုင်

(၅၉) အစိုးရဟာ ဥပဒေပြုလွှတ်တော်ထဲက လာခြင်းဖြစ်ရင် ဒီမိုကရေစီနည်းလမ်း အရ ဘာတွေများ လုပ်ထားရမလဲ။

(၆ဝ) အစိုးရအာဏာ ကန့်သတ်ချက်ထားခြင်းနဲ့ မထားခြင်း ဘယ်ကဲ့သို့ ကွာခြား ကြပါသလဲ။

(၆၁) နိုင်ငံရေးပိတ်ဆို့မှုခံရတဲ့ ဒီမိုကရေစီစနစ်ဟာ ဘယ်ဒီမိုကရေစီစနစ်တွေပါလဲ။

(၆၂) နိုင်ငံရေးပိတ်ဆို့မှုဖြစ်ရင် လွှတ်တော်ကို ဖျက်သိမ်းပါက ဒီမိုကရေစီစနစ် တစ်ခု ပြောင်းလဲသွားတယ်လို့ ယူဆနိုင်ပါသလား။

(၆၃) ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လွဲချော်နေတဲ့ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ်ဟာ ဘာကြောင့် ဒီမိုကရေစီစနစ်တစ်ပါးလို့ ခေါ်ဆိုသတ်မှတ်ရပါသလဲ။

(၆၄) အစိုးရအဖွဲ့ကို ညွန့်ပေါင်းဖွဲ့စည်းခြင်းပြုရင် မြန်မာပြည်နိုင်ငံရေးပုံစံ (ယခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအတိုင်း) စနစ်အရ မှန်ပါသလား။

(၆၅) သမ္မတရာထူး ပြန်လည်ရွေးခံမှု ကန့်သတ်ထားတာဟာ ဒီမိုကရေစီစနစ်လို့ သတ်မှတ်နိုင်ပါသလား။

သမ္မတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီ စနစ်နှစ်မျိုးရဲ့ လေ့လာချက်အဖြေတွေကို ယနေ့ မြန်မာပြည်လွှတ်တော်ထဲရောက်တဲ့ လွှတ်တော် အမတ်တွေ ဖော်ပြတဲ့ မေးခွန်းပေါင်း (၆၅) ခုကို မေးလိုက်ပါပြီ။ မေးခွန်းတစ်ခုကို ၁ မှတ်စီ သတ်မှတ်ထားပါတယ်။ ရမှတ်ပေါင်း ၃ဝ ကျော်ရင် ဒီမိုကရေစီစာမေးပွဲ အောင်မြင်တဲ့ သူအဖြစ် သတ်မှတ်လိုက်ပါပြီ။

လွှတ်တော်အမတ်များ ဖြေကြည့်ပါ။
========================

သမ္မတဟာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပြီး ဥပဒေပြုရေးအာဏာကို လွှတ်တော်က ကျင့်သုံးကာ တရားစီရင်ရေးအာဏာကို နှစ်ခုလုံးမှ ကင်းလွတ်ပြီးတော့ သီးခြားထားတဲ့ ကျင့်သုံးမှုနဲ့ကျင့်သုံးရင် ဒီမိုကရေစီ (ပြည်သူ့ရေးရာ) စနစ်အရ ဟုတ်ပြီလို့ ဆိုနိုင်ပြီလား။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၇၂-၂၇၇၊ အဝိဟိံသာနိုင်ငံရေး (၃၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

လူတစ်ယောက်ဖြစ်ရင် ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကိုင်းရှိုင်းတတ်မှု၊ စေတနာထားတတ်မှု၊ အနစ်နာခံတတ်မှု၊ ကြိုးစ...

အဝိဟိံသာနိုင်ငံရေး အခန်း (၃၃) ၏ အကျဉ်းချုပ် အဓိကအချက်များ =============================================၁။ ခွဲခြားဆက်ဆံမှ...
07/11/2025

အဝိဟိံသာနိုင်ငံရေး အခန်း (၃၃) ၏ အကျဉ်းချုပ် အဓိကအချက်များ
=============================================

၁။ ခွဲခြားဆက်ဆံမှု၏ ဆိုးကျိုးများနှင့် ညီညွတ်ရေး၏ အရေးပါမှု

- ခွဲခြားဆက်ဆံရေးသည် ခေတ်နောက်ကျသော အပြုအမူဖြစ်ပြီး နိုင်ငံရေးလောကတွင် သူတော်ကောင်းစိတ်ဓာတ် ကင်းမဲ့နေသည်။
- လူအချင်းချင်း အနိုင်ကျင့်ခြင်းသည် အသရေမဲ့သော အလုပ်ဖြစ်ကာ ဆင်းရဲချမ်းသာ မခွဲခြားဘဲ မျှဝေခံစားကြရန် လိုအပ်သည်။

၂။ ငြိမ်းချမ်းသော ကမ္ဘာတည်ဆောက်ရေး

- လူသားများအားလုံး ဒုက္ခကင်းရန် သုခကမ္ဘာ (ငြိမ်းအေးချမ်းသာ ကမ္ဘာ) တည်ဆောက်ရန် လိုအပ်သည်။
- မငြိမ်းချမ်းသော တိုင်းပြည်သည် "သခင်မဲ့တဲ့တိုင်းပြည်" နှင့် တူပြီး ဒီမိုကရေစီ ကင်းမဲ့သည်။

၃။ မြန်မာနိုင်ငံရေး၏ အားနည်းချက်များ

- မြန်မာနိုင်ငံရေးသည် "အာဏာဖီဆန်ရေး" နှင့် "ပုဂ္ဂိုလ်မုန်းတီးရေး" လမ်းစဉ်များကြောင့် ဒီမိုကရေစီ ကျွံနစ်ခဲ့ရသည်။
- နိုင်ငံရေးသည် ကြည်လင်ပြတ်သားရမည်။ ပွင့်လင်းမြင်သာမှုရှိရမည်။ လျှို့ဝှက်မထားရ။

၄။ နိုင်ငံရေးတွင် ကျင့်ဝတ်နှင့် တာဝန်ယူမှု၏ အရေးပါမှု
- နိုင်ငံရေးနယ်ပယ်တွင် ညံ့ဖျင်းသူများ၊ အလုပ်နှင့်အထုပ်ယူသူများ မပါဝင်ရန် လိုအပ်သည်။
- ကျင့်ဝတ်မစောင့်ထိန်းသော နိုင်ငံရေးသည် မည်သည့်စီမံကိန်းကိုမှ အောင်မြင်စေနိုင်ချေ။
- မကောင်းမှုပြုခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းကို ဝေးဝေးရှောင်ရမည်။

၅။ သမ္မတဦးဆောင်သော ဒီမိုကရေစီစနစ်

- သမ္မတဦးဆောင်သော ဒီမိုကရေစီစနစ်သည် အာဏာသုံးရပ်ခွဲခြားခြင်း (Separation of Powers) ကို အခြေခံသည်။

- အားသာချက်များ
• အစိုးရအုပ်ချုပ်ရေး တည်ငြိမ်မှု
• လူထုက တိုက်ရိုက်ရွေးချယ်နိုင်ခြင်း
• အစိုးရအာဏာများ ကန့်သတ်ထားနိုင်ခြင်း

- အားနည်းချက်များ
• အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးကြား ပိတ်ဆို့မှုများ
• သမ္မတလက်ထဲတွင် အုပ်ချုပ်ရေးအာဏာ စုစည်းမှု
• သမ္မတရာထူး ပြန်လည်ရွေးချယ်ခံမှုကို ကန့်သတ်ထားခြင်း

၆။ မြန်မာ့သမ္မတစနစ်၏ ထူးခြားချက်များ

- မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတသည် မိမိ၏တရားဝင်လုပ်ရပ်များအတွက် လွှတ်တော် သို့မဟုတ် တရားရုံးတွင် ဖြေရှင်းရန် တာဝန်မရှိဟု ပြဋ္ဌာန်းထားသည်။
- ဝန်ကြီးများအား သမ္မတက ခန့်အပ်သော်လည်း လွှတ်တော်၏ အတည်ပြုချက် လိုအပ်သည်။

၇။ အာဆီယံဒေသ၏ စိန်ခေါ်မှုများ

- အာဆီယံဒေသအတွင်း လူမျိုးရေးခွဲခြားဆက်ဆံမှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုထုံးတမ်းများ ကွယ်ပျောက်အောင် လုပ်ဆောင်မှုများ ရှိနေသည်။
- အာဆီယံအစိုးရများသည် ဤပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးပေ။

၈။ အဖြစ်မှန်ကို လက်ခံသော နိုင်ငံရေး

- အဖြစ်မှန်ကို ငြင်းပယ်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းသည် ရင့်သီးသော နိုင်ငံရေးအလေ့အထ မဟုတ်ပေ။
- ဒီမိုကရေစီနိုင်ငံများဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်နှင့် မြန်မာတို့သည် အာဆီယံအတွင်း အဖြစ်မှန်ကို ရပ်တည်ကာကွယ်သင့်သည်။

အနှစ်ချုပ်
-----------
၎င်းအခန်းသည် ညီညွတ်ရေး၊ ကျင့်ဝတ်၊ ဒီမိုကရေစီ၊ သမ္မတစနစ်နှင့် အာဆီယံဒေသ၏လူမှုရေးစိန်ခေါ်မှုများ အကြောင်းကို ဆွေးနွေးထားသည်။ နိုင်ငံရေးတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် ကျင့်ဝတ်တို့သည် အဓိကကျကြောင်း၊ ခွဲခြားဆက်ဆံမှုများကို ကျော်လွှား၍ ငြိမ်းချမ်းသော ဒီမိုကရေစီသမ္မတနိုင်ငံတစ်ခုတည်ဆောက်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြထားသည်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၆၃-၂၇၁၊ အဝိဟိံသာနိုင်ငံရေး (၃၃)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

ခွဲခြားဆက်ဆံရေးဟာ ခေတ်နောက်ကျတဲ့ အပြုအမူပါပဲ၊ ယနေ့ နိုင်ငံရေးကမ္ဘာ (ကမ္ဘာ့နိုင်ငံရေး) ကို လေ့လာကြည့်ရင် အာ.....

အဝိဟိံသာနိုင်ငံရေး အခန်း (၃၂) ၏ အကျဉ်းချုပ် အဓိကအချက်များ ============================================= ၁။ ခေတ်သစ်နိုင်င...
07/11/2025

အဝိဟိံသာနိုင်ငံရေး အခန်း (၃၂) ၏ အကျဉ်းချုပ် အဓိကအချက်များ
=============================================

၁။ ခေတ်သစ်နိုင်ငံတကာဆက်ဆံရေး၏ ပြောင်းလဲမှုများ

- ပိတ်ဆို့ခွဲခြားသော နိုင်ငံရေးစနစ်များ ပြိုလဲပြီး နိုင်ငံတကာ စုပေါင်းလုပ်ဆောင်မှုများ ကြီးထွားလာသည်။
- "နိုင်ငံတော်အထက်အစိုးရပြုမှု" (Supra-State Governance) သည် အဓိက ဇာတ်ဆောင်တစ်ခုဖြစ်လာသည်။

၂။ နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှု၏ ရှုထောင့်

- လူသားချင်းစာနာရေး ဝင်ရောက်စွက်ဖက်မှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များတွင် နိုင်ငံတကာ၏ ပါဝင်မှုသည် ဝေဖန်စရာဖြစ်သည်။
- လူမျိုးတုံးသတ်ဖြတ်မှု၊ အကြီးစားလူ့အခွင့်အရေးချိုးဖောက်မှုများရှိပါက နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်လာကြသည်။

၃။ ပဋိပက္ခဖြေရှင်းရေး၏ မှန်ကန်ရမည့် လမ်းကြောင်း

- နိုင်ငံတကာအသိုင်းအဝိုင်းသည် ပဋိပက္ခ၏ မူလအကြောင်းရင်းများကို ဖြေရှင်းပေးသင့်သည်။ ပဋိပက္ခကို ရှုပ်ထွေးအောင် မလုပ်သင့်ပေ။
- ဝင်ရောက်စွက်ဖက်မှုများသည် ရိုးရိုးနိုင်ငံရေးဖြစ်စဉ်များကို ပိုမိုရှုပ်ထွေးစေတတ်သည်။

၄။ ထာဝရငြိမ်းချမ်းရေး၏ အခြေခံ

- ပြည်တွင်းပဋိပက္ခများသည် နိုင်ငံတကာငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သော်လည်း "ထာဝရငြိမ်းချမ်းရေး" အတွက် လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ) ပြန့်ပွားရေးသည် အဓိကကျသည်။
- ဒီမိုကရေစီမရှိဘဲ နိုင်ငံတကာငြိမ်းချမ်းရေး မဖြစ်နိုင်ပါ။

၅။ လူသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာ

- ဝင်ရောက်စွက်ဖက်ခွင့်ပြုသော ဥပဒေများသည် လူသားလုံခြုံရေးကို ချိုးဖောက်နေသည်ဟု သံသယရှိစရာဖြစ်သည်။
- တိုင်းပြည်တစ်ခု၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေသည်။

၆။ အကြမ်းမဖက်ရေး နိုင်ငံရေးလူသားများ

- ကျရှုံးသောနိုင်ငံများ၏ ပြည်သူများအဖြစ် မခံယူဘဲ၊ နိုင်ငံရေးကစားကွက်များ၏ သားကောင်များအဖြစ် မခံယူဘဲ၊ အကြမ်းမဖက်ရေးကို လက်ကိုင်ထားသော နိုင်ငံရေးလူသားများအဖြစ် ရပ်တည်ရန် လိုအပ်သည်။

၇။ လူမှုရေးပိတ်ဆို့ဒဏ်ခတ်မှု၏ ဆိုးကျိုးများ

- လူမှုရေးပိတ်ဆို့ဒဏ်ခတ်မှုသည် လူသားအခွင့်အရေးကို ကျဆုံးစေသော အလုပ်ဖြစ်သည်။
- နိုင်ငံရေးဆိုသည်မှာ ခွဲခြားခြင်း၊ သိမ်းပိုက်ခြင်းမဟုတ်ဘဲ ပူးပေါင်းစုပေါင်းလုပ်ဆောင်ရေးဖြစ်သည်။

၈။ ဒီမိုကရေစီနှင့် လွတ်လပ်မှု၏ ဆက်နွယ်မှု

- ဒီမိုကရေစီသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံသည်။
- တရားဥပဒေစိုးမိုးမှု (Rule of Law) မရှိပါက လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ ဖြစ်မလာနိုင်ပါ။
- လွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းသည် ဒီမိုကရေစီကို ဖျက်ဆီးသည်။

၉။ လွတ်လပ်မှု၏ စစ်မှန်သောအဓိပ္ပာယ်

- လွတ်လပ်မှုဆိုသည်မှာ တရားဥပဒေနှင့်အညီ ရရှိသောအခွင့်အရေးဖြစ်သည်။
- ဥပဒေမဲ့သော လွတ်လပ်မှုသည် လူ့ကျင့်ဝတ်နှင့် အခြေခံလူ့အခွင့်အရေးများကို ဖျက်ဆီးသည်။
- စစ်မှန်သော ဒီမိုကရေစီအတွက် မာန်မုန်းမထားဘဲ ညီညွတ်စွာ နေထိုင်ရန် လိုအပ်သည်။

အနှစ်ချုပ်
========

ဤအခန်းသည် နိုင်ငံတကာဆက်ဆံရေး၊ အချုပ်အခြာအာဏာ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် တရားဥပဒေစိုးမိုးရေး တို့အကြား ရှုပ်ထွေးသော ဆက်နွယ်မှုများကို ဆန်းစစ်ထားသည်။ နိုင်ငံတကာ၏ ဝင်ရောက်စွက်ဖက်မှုသည် မကြာခဏ ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် တရားဥပဒေစိုးမိုးမှုနှင့် လွတ်လပ်သော အတွေးအခေါ် တို့သည် အခရာကျကြောင်း မီးမောင်းထိုးပြထားသည်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၅၇-၂၆၂၊ အဝိဟိံသာနိုင်ငံရေး (၃၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

လူတို့၏သဘောသည် စွဲလမ်းကြီးကြ၏။ တိုင်းပြည်၊ နိုင်ငံ၊ နယ်မြေ ဟူသောရပိုင်ခွင့် အကျိုးတရားကို အမျိုးမျိုး တော....

အဝိဟိံသာနိုင်ငံရေး အခန်း (၃၁) ၏ အကျဉ်းချုပ် အဓိကအချက်များ ============================================= ၁။ အဆုံးအဖြတ်ပေး...
29/10/2025

အဝိဟိံသာနိုင်ငံရေး အခန်း (၃၁) ၏ အကျဉ်းချုပ် အဓိကအချက်များ
=============================================

၁။ အဆုံးအဖြတ်ပေးရန် လိုအပ်ချိန်

- ယနေ့ခေတ်သည် ကွဲပြားမှုများနှင့် အပြန်အလှန်ဖလှယ်ရန်၊ ခေါက်ရိုးကျိုးနေသော အတွေးအခေါ်များကို ပြောင်းလဲရန် အချိန်ကျပြီ ဖြစ်သည်။
- ဘက်လိုက်မှုနှင့် မတိကျမှုခေတ်သို့ ပြန်မသွားရန် လိုအပ်သည်။ ပဋိပက္ခများ အဆုံးသတ်ရန်နှင့် ယုံကြည်မှုများ ခွဲဝေရန် အဆုံးအဖြတ်ပေးသင့်ပြီ ဖြစ်သည်။

၂။ ပွင့်လင်းမှုနှင့် ရိုးသားမှု၏ အရေးပါမှု

- အဆုံးအဖြတ်ပေးရာတွင် မုန်းတီးမှုနှင့် မနာလိုမှု ကင်းရမည်။ ပရိယာယ်များသော စည်းရုံးရေးထက် ပွင့်လင်းမှုနှင့် ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းရန် လိုအပ်သည်။
- မပွင့်လင်းသော ပတ်ဝန်းကျင်သည် အမိုက်အမှောင်များစေပြီး နိုးကြားမှုအားနည်းကာ တရားလက်လွတ် မိုက်မဲမှုများ ဖြစ်ပေါ်စေသည်။

၃။ လွတ်လပ်ရေးကို ထိခိုက်စေနိုင်သော အချက်များ

- ညီညွတ်မှုမရှိခြင်းနှင့် ပြိုလဲကျဆင်းသော အကျင့်များသည် လွတ်လပ်ရေးကို ထိခိုက်စေနိုင်သည်။
- လွတ်လပ်ရေး ထိခိုက်ပါက အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်ပြီး ပျက်သုဉ်းခြင်းသို့ ရောက်ရှိစေနိုင်သည်။

၄။ စုပေါင်းတာဝန်ယူမှုနှင့် ညီညွတ်ရေး

- နိုင်ငံရေးအရ ခွဲဝေယူသင့်သော ယုံကြည်မှုကို လျင်မြန်စွာ တည်ဆောက်ရန် လိုအပ်သည်။ ပရိယာယ်များခြင်းသည် နိုင်ငံရေးသိက္ခာကို ကျဆင်းစေသည်။
- ညီညွတ်သော အကျင့်တရားများဖြင့် ချမ်းသာသော တာဝန်ယူမှုခွဲဝေရေးကို စုပေါင်းဆောင်ရွက်ရန် လိုအပ်သည်။

၅။ အရေးကြီးသောအချိန်နှင့် စည်းလုံးညီညွတ်မှု

- လက်ရှိအချိန်သည် စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှု၊ သဘာဝကပ်ဘေးစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် အရေးကြီးအချိန်ဖြစ်သည်။
- တစ်မျိုးသားလုံးအရေးထက် တစ်ပြည်လုံးအရေးအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရန် လိုအပ်သည်။

၆။ နိုင်ငံရေးအကျပ်အတည်းနှင့် ညီညွတ်သော အကျင့်တရားများ

- မြန်မာနိုင်ငံရေးသည် အပင့်အမြှောက်အုပ်စုနှင့် ငြိမ်သက်စွာ အမှားစောင့်နေသော အုပ်စုတို့၏ ကြားတွင် ညီညွတ်သော အကျင့်ကောင်းတရားများ ထားရှိရန် လိုအပ်သည်။
- အာဃာတနှင့် အငြိုးအတေးများသော စိတ်များကို ရှောင်ရှားရမည်။

၇။ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေး

- ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေးသည် အများနှင့်ဆိုင်သော အလုပ်ဖြစ်ပြီး ပူးပေါင်းစုပေါင်းလုပ်ဆောင်သော နိုင်ငံရေးအစီအစဉ်ဖြင့် ဆောင်ရွက်သင့်သည်။
- မျှတမှုမရှိပါက အုပ်ချုပ်မှုတွင် မျှတနိုင်မည် မဟုတ်ပေ။

၈။ ပြည်ထောင်စုစိတ်ဓာတ်၏ အရေးပါမှု

- မည်သည့်နိုင်ငံစနစ်မဆို ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ မဖြစ်စေရန် လိုအပ်သည်။
- ပြည်ထောင်စုစိတ်ဓာတ် မရှိပါက ပြည်ထောင်စုစနစ် မအောင်မြင်နိုင်ပေ။ အာဃာတနှင့် အဆိုးတရားများ ရှိနေသော တိုင်းပြည်သည် ကောင်းမွန်စွာ မတည်ထွန်းနိုင်ပေ။

၉။ အကြမ်းမဖက်ရေး၏ အခြေခံသဘော

- အကြမ်းမဖက်ခြင်းသည်သာ "ပြည်ထောင်စုစိတ်ဓာတ်" အမှန်ဖြစ်သည်။
- ဒေါသမီးကို တရားကောင်းဖြင့် သတ်ရမည်။ မတရားခြင်းဖြင့် မသတ်ရပေ။

၁၀။ နိုင်ငံရေး၏ သဘောတရား

- နိုင်ငံရေးသည် "အုပ်ချုပ်ရေးကို အဖြေရှာသော နည်းပညာ" ဖြစ်သည်။
- ၎င်းသည် ဒေါသအားနည်းသူများ၏ ပညာဖြစ်ပြီး ယနေ့ စစ်ရေးနှင့် စစ်ပွဲများ မဆုံးနိုင်ခြင်း၏ အကြောင်းရင်းတစ်ခုမှာ ဤနိုင်ငံရေးပညာမကျွမ်းကျင်မှု၏ ပြဿနာကြောင့်လည်း ဖြစ်သည်။

အနှစ်ချုပ်
=======

၎င်းအခန်းသည် ပွင့်လင်းမှု၊ ညီညွတ်မှု၊ တာဝန်ယူမှု၊ အကြမ်းမဖက်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံရေး၏အခြေခံသဘောတရားများအပေါ် အလေးထားရှင်းလင်းထားသည်။ မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန်နှင့် ငြိမ်းချမ်းသာယာသော နိုင်ငံတစ်ခုဖြစ်လာရန်အတွက် ဤအချက်များကို လက်ကိုင်ထားရန် လိုအပ်ကြောင်း ဆိုထားသည်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၅၁-၂၅၆၊ အဝိဟိံသာနိုင်ငံရေး (၃၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

ညီညီညွတ်ညွတ်ရှိသူတို့၏ အကျင့်သည် ချမ်းသာခြင်း ဖြစ်ရပေ၏။ (ဓမ္မပဒ-၁၉၄) အဆုံးအဖြတ်ပေးသင့် ယနေ့ ပုဂ္ဂိုလ်ရေး၊ န....

အဝိဟိံသာနိုင်ငံရေး အခန်း (၃၀) ၏ အကျဉ်းချုပ် အဓိကအချက်များ =============================================၁။ သည်းခံမှု၏ အရေ...
29/10/2025

အဝိဟိံသာနိုင်ငံရေး အခန်း (၃၀) ၏ အကျဉ်းချုပ် အဓိကအချက်များ
=============================================

၁။ သည်းခံမှု၏ အရေးပါမှုနှင့် ဒေါသစိတ်၏ဆိုးကျိုးများ

- နိုင်ငံရေးတွင် ဒေါသကို ရှေ့တန်းမထားရန် အရေးကြီးသည်။ ဒေါသသည် ရောဂါတစ်ခုနှင့်တူပြီး သည်းခံမှုကို ရန်သူသဖွယ် မြင်တတ်ကြသည်။
- ဒေါသဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အထင်အမြင်လွဲမှားမှုများမှ စတင်သည်။ ထို့ကြောင့် မေတ္တာထားရန်၊ သနားကြင်နာရန် နှင့် သည်းခံမှုစွမ်းအားကို မလျော့ပစ်ရန် လိုအပ်သည်။

၂။ မတရားသော လုပ်ရပ်များကို ခုခံခြင်း

- အလုပ်သမားများ၏ အခွင့်အရေးဆုံးရှုံးမှုသည် သစ္စာဖောက်ခြင်းနှင့် ဥပဒေချိုးဖောက်ခြင်းများကြောင့် ဖြစ်ရသည်။ ဤသို့သော မတရားမှုများကို သည်းခံ၍မရပေ။
- ပြည်သူများအား လိမ်လည်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် ခြယ်လှယ်ခြင်းတို့ကို ရပ်တန့်ရမည်။ မသန့်ရှင်းသော (သစ္စာမဲ့သော) ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ မတင်ပို့သင့်ပေ။

၃။ လူ့ဂုဏ်သိက္ခာနှင့် တရားမျှတမှုကို အလေးထားခြင်း

- အလုပ်သမားများအား မတရား အနိုင်ကျင့်ခိုင်းစေမှုကို လက်မခံသင့်ပေ။ လုပ်အားခသည် တရားမျှတစွာ ရသင့်ပြီး လူသားတိုင်း၏ ဂုဏ်သိက္ခာကို လေးစားရမည်။
- ဆင်းရဲနွမ်းပါးသူများအား ကူညီရန်၊ နှိပ်စက်သူများ မဖြစ်ရန် နှင့် မျှတခြင်းနှင့် ညီမျှခြင်းကို အခြေခံသော လူမှုစနစ်ကို တည်ဆောက်ရမည်။

၄။ အကြမ်းမဖက်သော ခုခံတိုက်ခိုက်မှုလမ်းစဉ်

- မတရားမှုများကို ဆန့်ကျင်ရာတွင် အကြမ်းမဖက်သော နည်းလမ်းကို အသုံးပြုရမည်။ အပြစ်မရှိသူများကို ဖမ်းဆီးထောင်ချခြင်းသည် သဘာဝမကျသော၊ နည်းလမ်းမကျသော လုပ်ရပ်ဖြစ်သည်။
- နိုင်ငံရေးလမ်းကြောင်းကို ဖွင့်ပေးရန်၊ နိုင်ငံရေးပညာပေးရေးကို အားပေးရန် နှင့် နိုင်ငံရေးကျောင်းများ တည်ထောင်ရန် လိုအပ်သည်။

၅။ ပညာရေး၏ အခန်းကဏ္ဍနှင့် လူမှုတန်းတူညီမျှမှု

- လွတ်လပ်ရေးရပြီးနောက် စစ်မှန်သော လွတ်လပ်သည့် ပညာရေးစနစ် မရှိသေးချေ။ ပညာသည် တိုင်းပြည်၏ အမာခံအုတ်မြစ်ဖြစ်သည်။
- လူတန်းစားခွဲခြားသော ပညာရေးစနစ်ဆိုးကို ပြုပြင်ရမည်။ လူအများ ပညာတတ်မြောက်ရန်၊ နိုင်ငံရေးပညာကို နားလည်ရန် သင်ကြားပေးရမည်။ ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ကို အခြေခံသော ဓနဥစ္စာကိုသာ တန်ဖိုးထားရမည်။

၆။ ဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်ခြင်း

- ပြည်သူများအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်ရမည်။ ဤလမ်းကြောင်းတွင် အကြမ်းဖက်မှု၊ မတရားမှုနှင့် အလဲခုခံမှုများ မပါဝင်စေရ။
- မကောင်းသော အပြုအမူ၊ မကောင်းသော စနစ်များကို အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆန့်ကျင်တိုက်ခိုက်ရမည်။

၇။ တာဝန်ယူမှုရှိသော နိုင်ငံသားများ ဖြစ်လာရန် ပြင်ဆင်ခြင်း

- လူ့ကျင့်ဝတ်မဲ့သူများ၊ စည်းကမ်းမလိုက်နာသူများ၊ ပူးပေါင်းဆောင်ရွက်မှုမရှိသူများနှင့် အကျပ်အတည်းဖန်တီးသူများကို ကြောက်ရွံ့ဖွယ်ကောင်းသော ကျင့်ဝတ်သမားများ မဖြစ်စေရန် ဟန်ချက်ညီအောင် ထိန်းကျောင်းရမည်။
- နောက်ဆုံးတွင် လူတိုင်းသည် မိမိ၏တာဝန်ကို မိမိထမ်းဆောင်တတ်သော ပုဂ္ဂိုလ်များ ဖြစ်လာရန် လိုအပ်သည်။

အနှစ်ချုပ်
=======

၎င်းအခန်းသည် သည်းခံမှု၊ ဒေါသထိန်းချုပ်ရေး၊ လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှု၊ အကြမ်းမဖက်ရေးလမ်းစဉ်၊ ပညာရေး၏အရေးပါမှု နှင့် တာဝန်ယူမှုရှိသော နိုင်ငံသားစိတ်ဓာတ် တို့အပေါ် အလေးထားရှင်းလင်းထားသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာနှင့် သွားနိုင်ရန်အတွက် ဤအချက်များကို လက်ကိုင်ထားရန် လိုအပ်ကြောင်း ဆိုထားသည်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၄၅-၂၅၀၊ အဝိဟိံသာနိုင်ငံရေး (၃၀)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

ကိုယ်ချထားတဲ့ သန္နိဋ္ဌာန်ကို မပျက်သွားဖို့နဲ့ စိတ်ညှိုးငယ်ရာမှ အမြန် အားပြန်တက်လာဖို့ ခိုင်မာတဲ့ စိတ်ပို.....

အဝိဟိံသာနိုင်ငံရေး အခန်း (၂၉) အကျဉ်းချုပ် ===============================၁။ အာဏာအလွဲသုံးစားမှု ရပ်တန့်ရန် အသံပြုခြင်း- မ...
12/10/2025

အဝိဟိံသာနိုင်ငံရေး အခန်း (၂၉) အကျဉ်းချုပ်
===============================

၁။ အာဏာအလွဲသုံးစားမှု ရပ်တန့်ရန် အသံပြုခြင်း

- မိမိအကျိုးအတွက် သူတစ်ပါး၏ အကျိုးကို ထိခိုက်ခြင်း၊ ရာထူးအာဏာကို မတရားအသုံးချခြင်းကို ရပ်တန့်ရန် တိုက်တွန်းထားသည်။

၂။ ပဋိပက္ခ၏ သဘောတရားနှင့် ဖြေရှင်းနည်း

- ပဋိပက္ခသည် (က) သဘောထားများ၊ (ခ) အပြုအမူများ၊ (ဂ) ဆက်စပ်အခြေအနေများ ဟူ၍ မျက်နှာစာသုံးရပ် ရှိသည်။
- ပဋိပက္ခဖြေရှင်းရန် လက်တွေ့ကျသော လေ့လာသင်ယူမှုစက်ဝန်း (ပြုမူခြင်း၊ သုံးသပ်ခြင်း၊ လေ့လာခြင်း၊ စီစဉ်ခြင်း) လိုအပ်သည်။

၃။ ထိရောက်သော နားထောင်မှု၏ အရေးပါမှု

- နားထောင်ခြင်းတွင် အစီအစဉ်ရေးဆွဲခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း၊ သုံးသပ်ခြင်း၊ သင်ယူခြင်း စက်ဝန်းပါဝင်သည်။
- မေးခွန်းထုတ်ခြင်း၊ အနှစ်ချုပ်ခြင်း၊ ပြန်လည်ပြောပြခြင်း၊ ခံစားချက်ကိုနားလည်ခြင်း တို့ဖြင့် ထိရောက်စွာ နားထောင်နိုင်သည်။

၄။ အဝိဟိံသာ နိုင်ငံရေး၏ အနှစ်သာရ

- အကြမ်းမဖက်သော နိုင်ငံရေးလှုပ်ရှားမှုသည် ရပ်နေခြင်းမဟုတ်၊ တက်ကြွသော မေတ္တာ၊ သည်းခံမှုနှင့် နိုးကြားမှုကို အခြေခံသည်။
- ဤနည်းလမ်းဖြင့်သာ ဒီမိုကရေစီနှင့် ပြည်သူ့အခွင့်အရေး ရရှိနိုင်သည်။

၅။ တရားမျှတမှုနှင့် လွတ်ငြိမ်းချမ်းသာခွင့်

- အပြစ်ရှိသူများအား တရားမဝင် လွတ်ငြိမ်းခွင့်ပေးခြင်းသည် မှန်ကန်သော ငြိမ်းချမ်းရေးနည်းလမ်း မဟုတ်။
- အပြစ်ကို အရှိအတိုင်း မြင်တတ်ပြီး တရားမျှတစွာ ဆောင်ရွက်ရန် လိုအပ်သည်။

၆။ ဥပဒေစိုးမိုးရေး၏ အရေးကြီးမှု

- ဥပဒေကို မလေးစားသော အုပ်ချုပ်မှုသည် အကြမ်းဖက်နိုင်ငံရေးသို့ ဦးတည်သွားနိုင်သည်။
- ဥပဒေကို ချိုးဖောက်သူများအား အလွတ်သဘော ခွင့်လွှတ်ခြင်းသည် ဥပဒေ၏သဘောကို ပျက်ပြားစေသည်။

၇။ BATNA (အကောင်းဆုံး အစားထိုးရွေးချယ်စရာ) ၏ အသုံးဝင်မှု

- သဘောထားကွဲလွဲမှုများတွင် ရန်ငြိုးမထားဘဲ BATNA ကို အသုံးပြုခြင်းဖြင့် ပဋိပက္ခ လျော့ပါးစေနိုင်သည်။

၈။ နိုင်ငံသားအခြေပြု အမျိုးသားရေး၏ အရေးပါမှု

- လူမျိုးရေး၊ ဘာသာရေး အခြေပြု အမျိုးသားရေးထက် နိုင်ငံသားအခြေပြု အမျိုးသားရေးကို အလေးထားရန် လိုအပ်သည်။
- နိုင်ငံရေးခံယူချက် ကွဲလွဲမှုများသည် ပြည်တွင်းစစ်ကို ဖြစ်ပွားစေနိုင်သည်။

၉။ တူညီသော ရည်မှန်းချက်နှင့် ရွေးကောက်တင်မြှောက်မှု

- တိုင်းပြည်အတွက် တူညီသော ရည်မှန်းချက်နှင့် အကျိုးစီးပွားရှိသော ခေါင်းဆောင်ကို ရွေးချယ်ရန် အရေးကြီးသည်။
- မှားယွင်းသော ရွေးချယ်မှုသည် နောက်ဆုံးတွင် ပြည်သူများအတွက် ဒုက္ခဖြစ်စေသည်။

၁၀။ သည်းခံမှုနှင့် မပျက်မြဲသော စိတ်ဓာတ်

- ဆန့်ကျင်ဘက်အား သည်းခံမှု၊ မေတ္တာထားမှုဖြင့် ရင်ဆိုင်ရန်။
- အခက်အခဲများကို ရင်ဆိုင်ရာတွင် စိတ်ဓာတ်မကျဘဲ မပျက်မြဲသော စိတ်ထားဖြင့် ဆက်လက်လုပ်ဆောင်ရန်။

အနှစ်ချုပ်

ဤအခန်းသည် အကြမ်းမဖက်သော နိုင်ငံရေး၊ ပဋိပက္ခဖြေရှင်းနည်း၊ တရားမျှတမှု၊ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားအခြေပြု အမျိုးသားရေး တို့ကို အလေးထားရှင်းလင်းထားသည်။ ဤနည်းလမ်းများဖြင့်သာ မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသို့ ရောက်ရှိနိုင်မည်ဟု ဆိုထားသည်။

မိမိ အကျိုးအမြတ်ရရန် သူတစ်ပါးအကျိုးကို ထိခိုက်မှုပြုပြီး မိမိ၏ လူမှုအဆင့် အတန်းနှင့် ရာထူးအာဏာကို မတရားသဖ....

အဝိဟိံသာနိုင်ငံရေး အခန်း (၂၈) (အကျဉ်းချုပ်)===============================၁။ ညီညွတ်သော နိုင်ငံရေးလမ်းစဉ် တည်ဆောက်ရေး- လူ...
12/10/2025

အဝိဟိံသာနိုင်ငံရေး အခန်း (၂၈) (အကျဉ်းချုပ်)
===============================

၁။ ညီညွတ်သော နိုင်ငံရေးလမ်းစဉ် တည်ဆောက်ရေး

- လူ့သမိုင်းတွင် ညီညွတ်သော နိုင်ငံရေးလမ်းစဉ် တည်ဆောက်ရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း မှောင်မိုက်သော ဖက်စပ်နိုင်ငံရေး စနစ်များသာ ပေါ်ပေါက်လာခဲ့သည်။
- စည်းလုံးညီညွတ်မှု အတွက် ပင်ပန်းစွာ ကြိုးပမ်းနေရပြီး လူများစု/လူနည်းစု အခွင့်အရေး ထိခိုက်မှုများ ရှိနေသည်။

၂။ ငြိမ်းချမ်းရေး တည်ဆောက်ရန် လမ်းကြောင်း (၃) ရပ်

- အချင်းချင်း စကားပြောဆိုခြင်း
- ပြန်လည်ဆန်းစစ် ပြုပြင်ခြင်း
- အပေးအယူ နားလည်မှုရယူခြင်း

ဤနည်းလမ်းများဖြင့် ညီညွတ်ရေး၊ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ ဖွံ့ဖြိုးသာယာရေး ရရှိစေနိုင်သည်။

၃။ လက်နက်မဲ့ လူမှုကမ္ဘာ တည်ဆောက်ရေး

- လက်နက်ပြိုင်ပွဲ သည် လူ့သမိုင်းတွင် လူ့သိက္ခာကျဆင်းမှု၊ လူ့စိတ်ဓာတ် ပျက်စီးမှုများကို ဖြစ်စေသည်။
- လက်နက်များ ဖျက်သိမ်းရန် အရေးကြီးသည်၊
• အဏုမြူလက်နက်များ
• ဇီဝ/ဓာတုလက်နက်များ
• စစ်လက်နက်များ
- လက်နက်ထုတ်လုပ်ရန် ကုန်ကျငွေများကို ငြိမ်းချမ်းရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဖွံ့ဖြိုးရေး အတွက် အသုံးပြုရန်။

၄။ အကြမ်းမဖက်ရေး (Non-Violence) ၏ အခြေခံမူများ

- အင်အားသုံး၍ အောင်မြင်မှု မရနိုင်။
- ယဉ်ကျေးမှုဓလေ့ဖြင့် ပဋိပက္ခ ဖြေရှင်းရန်။
- လက်နက်ရုပ်သိမ်းခြင်းသည် လူသားချင်း တန်းတူညီမျှမှု၊ အခွင့်အလမ်းမျှတမှု ရရှိရန် အထောက်အကူပြုသည်။

၅။ ပဋိပက္ခ တိုးပွားရသည့် အကြောင်းရင်းများ

- တရားဝင်/ဥပဒေကြောင်းအရ/နိုင်ငံရေးသဘောဆိုင်ရာ ပဋိပက္ခများ တိုးပွားလာခြင်း။
- တစ်ဖက်သားဆန်သော အပြုအမူများကြောင့် ပဋိပက္ခ ပိုမိုပြင်းထန်လာခြင်း။
- ဆွေးနွေးညှိနှိုင်းမှု၊ တရားဥပဒေဖြေရှင်းမှုများ မရှိခြင်းကြောင့် အငြင်းပွားမှုများ တိုးလာခြင်း။

၆။ မြန်မာနိုင်ငံဆိုင်ရာ အကြံပြုချက်များ

- လူမျိုးစုအခြေပြု အမျိုးသားရေးဝါဒ နှင့် လူမျိုးစုနိုင်ငံရေးပဋိပက္ခများ မရှိစေရန်။
- မျှတမှု၊ နစ်နာချက် ပြေလည်မှု၊ ထက်အောက် တစ်ပြေးညီဖြစ်မှု တို့ကို ဦးစားပေးရန်။
- လက်နက်ပြိုင်ဆိုင်မှု၊ အုပ်စုဖွဲ့နိုင်ငံရေးများကို ရပ်တန့်ရန်။

၇။ အဓိကသတင်းစကား

- "ကမ္ဘာ့ငြိမ်းချမ်းသာယာမှုကို စကြဝဠာတစ်တိုက်လုံး စုစည်း တည်ဆောက်ကြရမယ်"။
- "လက်နက်မဲ့လူမှုကမ္ဘာ" တည်ဆောက်ရန် လိုအပ်သည်။
- "အကြမ်းမဖက်ရေး" သည် ယဉ်ကျေးမှုဓလေ့၏ အခြေခံဖြစ်ပြီး လူသားအားလုံး၏ တန်းတူညီမျှမှုကို မြှင့်တင်ပေးသည်။

အကျဉ်းချုပ်သဘော

ဤအခန်းတွင် ညီညွတ်သောနိုင်ငံရေးလမ်းစဉ်၊ လက်နက်မဲ့လူမှုကမ္ဘာတည်ဆောက်ရေး၊ အကြမ်းမဖက်ရေးနည်းလမ်းများတို့ကို အသေးစိတ်ဆွေးနွေးထားသည်။ လက်နက်ပြိုင်ပွဲသည် လူသားတို့၏ စိတ်ဓာတ်ကျဆင်းမှုနှင့် လူ့သိက္ခာပျက်စီးမှုကို ဖြစ်စေကြောင်း သတိပေးထားပြီး ငြိမ်းချမ်းသာယာသော ကမ္ဘာတည်ဆောက်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြထားသည်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၃၃-၂၃၈၊ အဝိဟိံသာနိုင်ငံရေး (၂၈)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းသာယာမှုကို စကြဝဠာတစ်တိုက်လုံး စုစည်း တည်ဆောက်ကြရမယ်။ မှောင်မိုက်တဲ့ ဖက်စပ်နိုင်ငံရေး လူ...

အဝိဟိံသာနိုင်ငံရေး အခန်း (၂၇) (အကျဉ်းချုပ်)===============================၁။ ကိုယ်ကျင့်သီလနှင့် နိုင်ငံရေးအခြေခံ- ဝန်တို...
12/10/2025

အဝိဟိံသာနိုင်ငံရေး အခန်း (၂၇) (အကျဉ်းချုပ်)
===============================

၁။ ကိုယ်ကျင့်သီလနှင့် နိုင်ငံရေးအခြေခံ

- ဝန်တိုခြင်း၊ စဉ်းလဲခြင်း၊ ကိလေသာတို့ကို အကြွင်းမရှိ ပယ်ရှားရမည်။
- သစ္စာ၊ တရား၊ သီလကို အခြေခံပြီး မိမိကိုယ်ကို ထိန်းသိမ်းရမည်။
- အကျိုးမဲ့အလုပ်များကို ရှောင်ကြဉ်ရန်။

၂။ မှန်သောဆုံးဖြတ်ချက်ချမှတ်ခြင်း

- နိုင်ထက်စီးနင်း ဆုံးဖြတ်ချက် မချမှတ်ရ။
- အလျင်စလို မဆုံးဖြတ်ရ၊ တရားသဖြင့်သာ ဆုံးဖြတ်ရမည်။
- ဆုံးဖြတ်ချက်သည် မှန်သောအကြောင်းနှင့် မမှန်သောအကြောင်းပေါ်တွင် အခြေခံရမည်။

၃။ ငြိမ်းချမ်းရေးဦးတည်သည့် လမ်းကြောင်း

- အကြမ်းဖက်မှုကို ရှောင်ကြဉ်ပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်ရမည်။
- အဝိဟိံသာလမ်း (အကြမ်းမဖက်ရေးလမ်း) သည် လူမှုဘဝနိုင်ငံရေးလမ်းဖြစ်သည်။
- မိမိစိတ်၏ညစ်နွမ်းမှုကို ရှို့မြှိုက်ပစ်ရန်၊ လွတ်ငြိမ်းချမ်းသာရာရရှိရန်။

၄။ ပြည့်စုံမှုနှင့် ကြိုးစားအားထုတ်မှု

- မပြည့်မစုံခြင်းကို ဆင်းရဲခြင်းအဖြစ် မမြင်ရ။
- ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးကို မကောင်းမှုမှ ရှောင်ကြဉ်ရန်။
- ဉာဏ်ခွန်အားနှင့် လုံ့လဝီရိယဖြင့် ကောင်းမှုကို ပွားများရန်။

၅။ သဒ္ဓါတရားပြည့်ဝသော ပြည်သူ

- မကောင်းမှုကို အမြဲစောင့်စည်းသူ၊ မတရားမှုကို မပြုသူ။
- အများချမ်းသာရေးကို ဆောင်ရွက်သူ၊ မပျင်းရိသူ။
- ရန်ငြိုးမထားသူ၊ ငြိမ်းချမ်းရေးကို အခြေခံသူ။

၆။ အဝိဟိံသာနိုင်ငံရေးကို ဖျက်ဆီးသူများ

- အကျင့်သီလပျက်ပြားသူ၊ ဆဲရေးတိုင်းထွာသူ၊ ညှဉ်းဆဲသူများ။
- အကုသိုလ်စိတ်ကျွံနေသူများ၊ မကောင်းမှုတိုးပွားစေသူများ။

၇။ အကြမ်းမဖက်ခြင်းဖြင့် လမ်းပြခြင်း

- ပြဿနာများကို တရားနည်းဖြင့် ဖြေရှင်းရန်။
- အကြမ်းဖက်မှုကို နှိမ်နင်းရန် အကြမ်းဖက်နည်းကို မသုံးရ။
- အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုကို မပူးပေါင်းရ။

၈။ ရန်ငြိုးကင်းသော ကမ္ဘာ

- ရန်ငြိုးမထားခြင်းသည် ငြိမ်းချမ်းရေး၏ အခြေခံဖြစ်သည်။
- ဆဲရေး၊ ညှဉ်းဆဲ၊ ရန်ငြိုးထားသော ကမ္ဘာ မဖြစ်စေရ။
- ယဉ်ကျေးသောစိတ်ဖြင့် နေထိုင်ပြီး စိတ်ကို ဖြောင့်မတ်အောင် ထားရန်။

၉။ အမှန်သစ္စာတရား စောင့်ထိန်းသော နိုင်ငံရေး

- အကြမ်းမဖက်မှုတရားကို ရိုသေစွာ စောင့်ထိန်းခြင်းဖြင့် ဝမ်းသာပျော်ရွှင်မှု ရရှိမည်။
- လောဘ၊ ဒေါသ၊ မောဟကင်းစင်သော နိုင်ငံရေး လုပ်ဆောင်ရန်။
- လူ့စိတ်ကို ပြောင်းလဲစေသော မူးယစ်သည့် နိုင်ငံရေးမူဝါဒများကို ရှောင်ကြဉ်ရန်။

အဓိကသတိစကား

- "ဝန်တိုခြင်း၊ စဉ်းလဲခြင်းသဘောကို အကြွင်းမရှိ ပယ်နုတ်ပါ"။
- "ကိလေသာ အမြစ်ပြုတ်အောင် ပယ်နုတ်ပါ"။
- "အကြမ်းမဖက်ခြင်းတရားကို ရိုသေစွာ စောင့်ထိန်းနိုင်ကြမယ် ဆိုရင် ဝမ်းသာပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှု ရကြမှာ သေချာပါတယ်"။

အကျဉ်းချုပ်သဘော

ဤအခန်းတွင် ကိုယ်ကျင့်သီလ၊ မှန်သောဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အကြမ်းမဖက်ရေးလမ်းစဉ်တို့ကို အသေးစိတ်ဆွေးနွေးထားသည်။ အဝိဟိံသာနိုင်ငံရေးသည် လူမှုဘဝနိုင်ငံရေးဖြစ်ပြီး ငြိမ်းချမ်းရေး၊ သစ္စာ၊ တရားတို့ကို အခြေခံကြောင်း သတိပေးထားသည်။ ရန်ငြိုးကင်းသော ကမ္ဘာတည်ဆောက်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြထားသည်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၂၂၇-၂၃၂၊ အဝိဟိံသာနိုင်ငံရေး (၂၇)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

ဝန်တိုခြင်း၊ စဉ်းလဲခြင်းသဘောကို အကြွင်းမရှိ ပယ်နုတ်ပါ။ကိလေသာ အမြစ်ပြုတ်အောင် ပယ်နုတ်ပါ။ ကိလေသာအမြစ်ကို ထ.....

Address

Taung Galay Monastery
Hpa-an

Alerts

Be the first to know and let us send you an email when Mahar Asia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share