Fairyland Kalaw

Fairyland Kalaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fairyland Kalaw, Film/Television studio, inn pyin/myin ma hti, Kalaw.

❤️❤️❤️
25/07/2026

❤️❤️❤️

❤️❤️❤️
24/07/2026

❤️❤️❤️

Fairyland ရဲ့ မိသားစုဝင်အသစ်တွေကို ကြိုဆိုနေပါတယ်။နှစ်စဉ် လူထောင်ပေါင်းများစွာက Fairyland ကို လာရောက်ပြီး သဘာဝအလှ၊ ပန်းခ...
13/07/2026

Fairyland ရဲ့ မိသားစုဝင်အသစ်တွေကို ကြိုဆိုနေပါတယ်။

နှစ်စဉ် လူထောင်ပေါင်းများစွာက Fairyland ကို လာရောက်ပြီး သဘာဝအလှ၊ ပန်းခင်းတွေ၊ အေးမြတဲ့တောင်တန်းလေထုနဲ့ မမေ့နိုင်တဲ့ အမှတ်တရတွေကို ခံစားသွားကြပါတယ်။

အခုတော့…
အဲဒီအမှတ်တရတွေကို အတူတကွ ဖန်တီးပေးမယ့် လူသစ်တွေကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ Fairyland Head Office ကို ပိုမိုတိုးတက်တဲ့ Professional Team တစ်ခုအဖြစ် တည်ဆောက်နေပြီး၊ သင်ဟာ အဲဒီခရီးစဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

လက်ရှိ ခေါ်ယူနေသော ရာထူးများ

• General Manager
• Operations Manager
• HR & Training Manager
• Procurement Officer
• Accountant
• Front Office Supervisor
• Reservation & Booking Executive

အထက်ပါရာထူးများထဲမှ သင့်အတွက် သင့်တော်တဲ့ အခွင့်အရေးတစ်ခုကို တွေ့ရှိတယ်လို့ ထင်ရင်…

📧 CV ကို [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

ကျွန်တော်တို့က ဝန်ထမ်းတစ်ယောက်ကို ရှာနေတာ မဟုတ်ပါဘူး။

Fairyland ရဲ့ အနာဂတ်ကို အတူတည်ဆောက်မယ့် လက်တွဲဖော်တွေကို ရှာဖွေနေတာပါ။

Fairyland Kalaw မှာ တွေ့ကြမယ်နော်။

ကြီးကြီးမားမား မဟုတ်ပေမယ့်…ညဆိုအမှောင်ထဲမှာပဲရှိခဲ့တဲ့ မြက်ခင်းပြင်ကြီးက အခုတော့ အလင်းရောင်တွေနဲ့ လင်းလက်နေပါပြီ။ကျွန်တေ...
04/06/2026

ကြီးကြီးမားမား မဟုတ်ပေမယ့်…
ညဆိုအမှောင်ထဲမှာပဲရှိခဲ့တဲ့ မြက်ခင်းပြင်ကြီးက အခုတော့ အလင်းရောင်တွေနဲ့ လင်းလက်နေပါပြီ။
ကျွန်တော်တို့Fairyland အတွက် နောက်ထပ် တိုးတက်မှုလေးတစ်ခုပေါ့…ဒီနှစ် ခရီးသွားရာသီအတွက် exciting ပါ. Basecamp မှာလည်းပန်းခင်းအကြီးကြီးတခုထပ်စိုက်ထားပါတယ်…

မြို့ကြီးတွေမှာ အပူလှိုင်းတွေနဲ့ ပင်ပန်းနေချိန်…Kalaw ကတော့ ဒီနေ့မိုးပြန်ရွာလာတယ်..အေးမြတဲ့လေ၊ မြူတွေက တောင်တန်းတွေကိုပြ...
10/05/2026

မြို့ကြီးတွေမှာ အပူလှိုင်းတွေနဲ့ ပင်ပန်းနေချိန်…
Kalaw ကတော့ ဒီနေ့မိုးပြန်ရွာလာတယ်..
အေးမြတဲ့လေ၊ မြူတွေက တောင်တန်းတွေကိုပြန်ဖုံးသွားပြန်တယ်။
ကလော ရဲ့ အထူးဆန်းဆုံးအရာက ဆောင်းကုန်ပြီး နေပူတဲ့နေ့နည်းနည်းပဲ ရှိတယ်…
ပြီးရင် မိုးရာသီက ပြန်ဝင်လာတာပဲ။

အရမ်းပူတဲ့ summer မရှိဘူး။
ညပူပူတွေ မရှိဘူး။

မြူတွေနဲ့ ဖုံးနေတဲ့ မနက်ခင်းတွေ၊
အေးမြတဲ့လေတိုက်သံတွေ၊
တောင်တွေရဲ့ တိတ်ဆိတ်မှုတွေပဲ ရှိတယ်။
ဒါကြောင့်လည်း Fairyland ကို ရောက်ရင်
တခြားကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားရတာ…

03/05/2026

မိုးကတော့ရွာပြီးပြန်သွားပြီ… အလှတရားကတော့ ကျန်နေတုန်း။
Light hits different after rain

Basecamp restaurant က ၃နှစ်သားစက္ကူပန်းပင် ❤️
02/05/2026

Basecamp restaurant က ၃နှစ်သားစက္ကူပန်းပင် ❤️

01/05/2026

ဒီနှစ် 2025 - 2026 Fairyland camping season ကတော့ ပြီးပါပြီခင်ဗျ

November ကနေ April အထိ ၆လလုံး ဒီနေရာလေးက campsite တစ်ခုထက်ပိုတဲ့နေရာလေးဖြစ်ခဲ့မယ်ဆိုတာယုံကြည်ပါတယ်…
လာခဲ့တဲ့သူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။
အခု မိုးရာသီလာပြီဆိုတော့ May ကနေ October အထိ campsite ကိုပိတ်ထားပြီးတော့ ပန်းခင်းတွေ ပြန်စိုက်မယ်၊ နောက် season အတွက် ပိုကောင်းအောင် ပြင်ဆင်ရပါမယ်။
ဒါပေမယ့် Base Camp ကတော့ အမြဲဖွင့်ထားပါတယ် (Monday ပိတ်ပါတယ်)
restaurant, coffee shop နဲ့ horse riding တွေ လုပ်လို့ရပါတယ်။ basecamp က မိုးရာသီအလှဆုံးမလို့ လာလည်ဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျ။ ကံကောင်းရင်full sized rainbow တောင်တွေ့နိုင်ပါတယ်…
တောင်ထိပ် campsite ကတော့ November မှာ ပြန်ဖွင့်မယ်နော်
Booking ကို September လမှာ ပြန်ဖွင့်မှာဖြစ်ပါတယ်..
အားလုံးနောက်နှစ် camping season မှာပြန်ဆုံတွေ့ကြမယ်

Until then… the clouds will remember you.

Address

Inn Pyin/myin Ma Hti
Kalaw
06021

Telephone

+959772041887

Website

Alerts

Be the first to know and let us send you an email when Fairyland Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fairyland Kalaw:

Shortcuts

Share