Kamayut Information - KMY INFO

Kamayut Information - KMY INFO ကမာရွတ်မြို့နယ်အခြေစိုက် မြို့နယ်သတင်းအဖွဲ့ (KMY-INFO)
(296)

ကမာရွတ် ရပ်ကွက်အချို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများ အကြမ်းဖက်တပ်အင်အားသုံး၍ လိုက်လံပေးနေပြီး ဇူလိုင်လအတွင်း သင်တန်းတက...
30/06/2024

ကမာရွတ် ရပ်ကွက်အချို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများ အကြမ်းဖက်တပ်အင်အားသုံး၍ လိုက်လံပေးနေပြီး ဇူလိုင်လအတွင်း သင်တန်းတက်ရန် ခေါ်ယူ

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ ဇွန် ၃၀ ရက်၊ ၂၀၂၄ }

ကမာရွတ် အမှတ် (၁) ရပ်ကွက်၊ နီလာလမ်းနှင့် အမှတ် (၅) ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ စံပါပယ်မာဃလမ်းတို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများကို အကြမ်းဖက်တပ်မှ အင်အားသုံး၍ လိုက်လံပေးဆောင်နေပြီး ဇူလိုင်လအတွင်း သင်တန်းတက်ရန် ခေါ်ယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဇွန် ၂၈ရက်နေ့ ည ၇နာရီဝန်းကျင် အမှတ်(၁) ရပ်ကွက်၊ နီလာလမ်းအတွင်းသို့ စခ၊ ရခ Dc ၃စီး၊ လမ်း၏ ထိပ် ၂ဖက်တွင် ၂စီးတို့ဖြင့် လာရောက်၍ စစ်မှုထမ်းရန် အမည်စာရင်းပါသည့် တိုက်ခန်း (၃)ခု၊ ရွှေစင်ဆန်ဆိုင်တို့အတွင်းသို့ ဝင်ရောက်ကာ စစ်မှုထမ်းဆင့်ခေါ်စာ လာရောက်ပေးသွားကြကြောင်း၊ ဆင့်ခေါ်စာတွင် ပါဝင်သူများသည် ခံဝန်လက်မှတ်ရေးထိုးရမည်ဖြစ်ကာ ၃ရက်အတွင်း အကြောင်းပြရမည်ဖြစ်ကြောင်း၊ ဇူလိုင်လတွင် သင်တန်းတက်ရန် ခေါ်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ ဆင့်ခေါ်စာမှာပါတဲ့ အိမ်တိုင်းကို ဝင်တယ် စာရင်းထဲပါတဲ့ ကလေးတွေက တချို့ရှိကြတယ် တချို့က နေအိမ်မှာ မရှိကြဘူး ကိုဗစ်ကကာလအတွင်း ၁၀တန်းအောင်ပြီးသား အရွယ်လေးအချို့လည်း စာရင်းပါလာတယ် “ ဟု မြေပြင် သတင်းအရင်းအမြစ်ထံမှ သိရသည်။

ဆက်လက်၍ စုံစမ်းကြည့်ရာ နီလာလမ်းအတွင်း စစ်မှုထမ်းရန် အမည်စာရင်းပါသူ (၄)ဦးရှိကြောင်း သိရပြီး မိသားစုဝင်များကို ဇွန် ၂၉ရက်၊ နေ့လည် ၁၂နာရီဝန်းကျင်တွင် အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။ အလားတူ အဆိုပါနေ့ညပိုင်းတွင် ကမာရွတ်၊ အမှတ်(၅)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းနှင့် စံပါပယ်မာဃလမ်းအတွင်း အိမ်ထောင်စု (၅)ခုကို စစ်မှုထမ်းဆင့်ခေါ်စာများ ပေးပို့ခဲ့ပြီး မိသားစုဝင်များနှင့် အစည်းအဝေးပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

စုံစမ်းသိရှိထားတဲ့ ကမာရွတ်မြို့နယ်တွင်း စစ််မှုထမ်းသတင်းများအရ မြို့နယ်လဝကဦးစီးမှူး အောင်မြင့်ဦးနှင့်အဖွဲ့မှ Smart Card ဒေတာများနှင့် ယခင်လူဦးရေစာရင်းများကို တိုက်စစ်၍ ကမာရွတ်မြို့နယ်တွင်း စစ်မှုထမ်းရန်အကျုံးဝင်သည့် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ (၅၂၇၄၄)ဦးထဲမှ ထုတ်နှုတ်စာရင်းပြုစုကာ မူရင်းတစ်စုံ လဝကတွင်ထား၍ မိတ္တူကို မြို့နယ်စီမံ(ထွေအုပ်ရုံး)တွင် ထားရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါစာရင်းအတိုင်း စစ်မှုထမ်းရန် ဆင့်ခေါ်စာများကို ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့်အတူ အကြမ်းဖက်တပ်မှ ဝန်းရံ၍ လိုက်လံပေးပို့မည်ဖြစ်ကြောင်း၊ ပျက်ကွက်သူများကို အရေးယူ အပြစ်ပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO

🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

26/06/2024

⚠️ ဒီနေ့ ‌နံနက် ၁၀နာရီခွဲဝန်းကျင်တွင် ကမာရွတ်၊ ၁ရပ်ကွက်၊ ရတနာမြိုင်အိမ်ရာရှေ့ အင်းစိန်လမ်းမပေါ်တွင် စခ DC ၅စီး၊ အချုပ်ကား ၁စီး (စခအင်အား ခန့်မှန်း ၁၀-၁၅ဝန်းကျင်) တို့ဖြင့် ရှောင်တခင် ရောက်ရှိကာ အိမ်ရာအနီး ဇလုံကြီးထမင်းဆိုင် ဘေးလမ်းကို ပိတ်ချ၍ ကြွပ်ကြွပ်အိတ်အမဲဖြင့် ထည့်ထားသည့်ပစ္စည်းနှင့် လူတစ်ဦးကို ဖမ်းသွားကြောင်း သတင်းရရှိသည်။ ထို့နောက် အဆိုပါနေရာဝန်းကျင်မှ နံနက် ၁၁နာရီ ၃၅မိနစ်တွင် အသီးသီးထွက်ခွာသွားခဲ့ကြသည်။ အဆိုပါရှောင်တခင် ဖမ်းဆီးမှုသည် အကြမ်းဖက်တပ်အပြင် ၁ ရပ်ကွက်နယ်ထိန်းနှင့်အဖွဲ့တို့မှ ပါဝင်လှုပ်ရှားခဲ့ပြီး ဆန္ဒပြသတင်းများ ရရှိထား၍ မနက်အစောပိုင်းကတည်းက ဈေးဆိုင်များကို ပိတ်သိမ်းခိုင်းကာ ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO

🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

▪️ကမာရွတ်မှာ ဘာဖြစ်ခဲ့သလဲ။ Kamayut Information - KMYINFOသည် ကမာရွတ်မြို့နယ်အတွင်း မေလ (၂၁)ရက် မှ ဇွန်လ (၁၆)ရက်အတွင်း အကြ...
18/06/2024

▪️ကမာရွတ်မှာ ဘာဖြစ်ခဲ့သလဲ။

Kamayut Information - KMYINFOသည် ကမာရွတ်မြို့နယ်အတွင်း မေလ (၂၁)ရက် မှ ဇွန်လ (၁၆)ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါအဖွဲ့များ လှုပ်ရှားမှု၊ လုပ်ဆောင်မှုများအနက် ထူးခြားဖြစ်စဉ်အချို့ကို အနှစ်ချုပ်စုစည်း တင်ဆက်ထားပါသည်။

Kamayut Information-KMYINFOနှင့်အတူ လက်တွဲ၍ ကမာရွတ်မြို့နယ်နေပြည်သူများမှ လုံခြုံစိတ်ချစွာ သတင်းပေးပို့ခြင်းဖြင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် တတ်အားသရွေ့ ပါဝင်ကြပါရန် လေးစားစွာ တိုက်တွန်း အသိပေးအပ်ပါသည်။

#ကမာရွတ်

ကမာရွတ် ၃ရပ်ကွက်တွင် အရပ်ဝတ်နှင့်ရဲများမှ သံတုတ်များဖြင့် ရိုက်နှက်၍ လူ ၃ဦးကိုဖမ်းဆီး𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧{ မေလ ၂၆ ရက်၊ ၂၀...
26/05/2024

ကမာရွတ် ၃ရပ်ကွက်တွင် အရပ်ဝတ်နှင့်ရဲများမှ သံတုတ်များဖြင့် ရိုက်နှက်၍ လူ ၃ဦးကိုဖမ်းဆီး

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ မေလ ၂၆ ရက်၊ ၂၀၂၄ }

ယမန်နေ့ ၂၅ရက်၊ ညနေ ၅နာရီဝန်းကျင်တွင် ကမာရွတ်၊ အမှတ်(၃)ရပ်ကွက်၊ ရတနာလမ်း အလယ်၊ တိုက်နံပါတ် (၃၈)သို့ အိမ်စီးကား ၁စီး၊ စခ Dc ၁စီးတို့ဖြင့် လာရောက်ကာ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦကို သံတုတ်(နံပါတ်တုတ်) ဖြင့် ရိုက်နှက်၍ လူ ၃ဦးကိုဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ညနေ ၅နာရီဝန်းကျင် ရတနာလမ်းအတွင်းသို့ အရပ်ဝတ်၊ ရခ(၃ ယာယီနယ်ထိန်း စိုးမင်းပိုင်အပါ)အဖွဲ့မှ အိမ်စီးကားဖြင့် တိုက်နံပါတ် (၃၈)သို့ လာရောက်၍ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦးကို သံတုတ်များဖြင့် ရိုက်နှက်ကြကြောင်း၊ ထို့နောက် တိုက်ပေါ်မှဆွဲချ၍ အကျီတွင်သွေးများပေလျက် ကားပေါ်တင်ဆောင်သွားကြောင်း၊ စစ် dc မှ ဖမ်းဆီးမှုအပြီး အယောင်ပြ ရောက်ရှိလာသေးကြောင်း၊ တိုက်ခန်းပိုင်ရှင်ကိုပါ ရဲစခန်သို့ လာရောက်ရန် ခေါ်ထားကြောင်းနှင့် ဖမ်းဆီးပြီးနောက် ဗဟိုလမ်းမှတစ်ဆင့် ကမာရွတ်ရဲစခန်းသို့ဖမ်းခေါ်သွားကြောင်း စုံစမ်းသိရှိရသည်။

ကမာရွတ်မြို့နယ်တွင် မေလအတွင်း ဖမ်းဆီးခံရသူ (၇)ဦးထက်မနည်းရှိလာပြီး အဆိုပါ ဖမ်းဆီးမှုများသည် ၈ ရပ်ကွက်၊ ၄ရပ်ကွက်နှင့် ၃ရပ်ကွက်တို့တွင် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO

🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးရာတွင် Smart Card ပါရှိရမည်ဟု သတ်မှတ်ပြီးနောက် ကမာရွတ်မြို့နယ် ထွေအု...
25/05/2024

အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးရာတွင် Smart Card ပါရှိရမည်ဟု သတ်မှတ်ပြီးနောက် ကမာရွတ်မြို့နယ် ထွေအုပ်ရုံးတွင် ဒစ်ဂျစ်တယ်မှတ်ပုံတင်ပြုလုပ်သူများပြား၊ လာဘ်စားမှုများဖြင့် လုပ်ကွက်များရရှိနေ

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ မေလ ၂၅ ရက်၊ ၂၀၂၄ }

အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းသည့် နောက်ဆက်တွဲ ပြည်ပထွက်ခွါမှုများ ပိုမိုများပြားလာသည်ကို တင်းကြပ်ရန် ဧပြီ ၂၂ရက်နေ့စတင်၍ နိုင်ငံကူးလက်မှတ်စာအုပ် (Passport) ထုတ်ပေးရာတွင် Smart Card ပါရှိရမည်ဟု သတ်မှတ်လိုက်ပြီးနောက် ကမာရွတ်မြို့နယ်ထွေအုပ်ရုံးတွင် Smart Card ပြုလုပ်သူ များပြားလျက်ရှိပြီး လာဘ်စားမှုများဖြင့် လုပ်ကွက်များရှိနေကြောင်း စုံစမ်းသိရှိရသည်။

ကမာရွတ်၊ အမှတ်(၆)ရပ်ကွက်၊ နာနတ်တောတံတားအဆင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ မြေညီထပ်ခန်းတွင် မြို့နယ်လဝကဦးစီးမှုး အောင်မြင့်ဦး ကြီးကြပ်သည့် လဝကဝန်ထမ်း ၃ဦးမှ Smart Card များကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် Biometric Enrollment Application Form စာရွက်အား ထွေအုပ်ရုံးအနီး မိတ္တူဆိုင်တွင် ဝယ်ယူ၍ ဖောင်ဖြည့်သွင်းကာ စာရွက်တင်ရကြောင်း၊ ထို့နောက် အမှတ်စဉ်အလိုက် စာရင်းတိုက်စစ်၍ ဓါတ်ပုံ၊ မျက်လုံးနှင့် လက်ဗွေတို့ကို scanဖတ်ယူကာ Unique Identification Number စာရွက်အား ထုတ်ပေးကြောင်း၊ ထိုသို့ Enrollment form တင်၍ အမှတ်စဉ်အလိုက် စောင့်ရသည်ဖြစ်ရာ တပ်နှင့် ရုံးအချိတ်အဆက်ရှိသူများမှ ဦးစားပေးဝင်ရောက်ရကြောင်း၊ စာရွက်ထပ်ပေးသူကို ၂သောင်းမှ ၃သောင်းအထိ လာဘ်ပေးမှသာ လျင်လျင်မြန်မြန်ရကြောင်း၊ အလားတူ လဝကတွင် မှတ်ပုံတင်အမြန် နေ့ချင်းပြုလုပ်လိုလျှင် ပေါက်စျေး ၇သောင်းမှ တစ်သိန်းအထိ အသီးသီးပေးရကြောင်း သိရသည်။

“ အများစုကတော့ လူငယ်တွေများတယ် ကမာရွတ်တင်မဟုတ်ပဲ နေရာအသီးသီးကလူတွေပါ လာလုပ်ကြတယ်။ Smart Card မလုပ်ထားရင် တရားစွဲမယ် အရေးယူပါမယ်ပေါ့ Form စာရွက်တင်တာမှာတင် အမှတ်စဉ်ရှေ့ဆုံးရောက်ချင် ထွေအုပ်ရုံးက ပွဲစားမတချို့ကို လာဘ်ပေးနေကြတာတွေရှိတယ်။ စစ်တပ်ချိတ်နဲ့ရုံးချိတ်တွေ လာရင်တော့ သူတို့က ဦးစားပေးအရင်ဝင်ရတယ်။ အဲ့တော့ ပုံမှန်အတိုင်း စီတဲ့စာရွက်တွေက အောက်တွေရောက် ရက်တွေကြာကုန်တယ်။”ဟု မြို့နယ်နေပြည်သူအချို့ထံမှ သိရသည်။

ကမာရွတ်မြို့နယ်ထွေအုပ်ရုံးတွင် တစ်နေ့လျှင် ဦးရေ (၈၀)နှုန်းဖြင့် Smart Card များကို မြို့နယ်လဝကမှ ထုတ်ပေးနေပြီး ပြည်ပထွက်ခွါရန် တင်းကြပ်လိုက်သည့် မူဝါဒကြောင့် လာရောက် လုပ်ကြသူ များပြားကြောင်း သိရသည်။ အဆိုပါအခြေအနေသည် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ပြည်ပထွက်ခွါမှုများကို တင်းကြပ်ရုံတင်မကပဲ တစ်ဖက်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဒေတာအချက်အလက်များကို ရှာဖွေဖမ်းဆီးမှုများတွင် အသုံးပြုနေကြသည်။

“ သူတို့က (စကစ) အစကတည်းက စစ်မှုထမ်းကိစ္စကို အသက်သွင်းပြီး ဖြစ်လာမယ့်အခြေအနေတွေမှာ ပထမဆုံးက ပြည်ပထွက်ခွါမှုဖြစ်မယ်ဆိုတာ ကြိုသိတယ် အဲ့တော့ အဲ့ထွက်ခွါမှုတွေကနေ သူတို့အတွက် ငွေစီးဆင်းမှုတွင် ရတယ်။ နောက် ပြည်ပထွက်ခွါမှုကို Smart Card နဲ့ပြန်ထိန်းချုပ်တယ် အဲ့တော့ သူတို့လုပ်တဲ့ Smart Card ကို promotion ဆင်းပြီးသားနဲ့ ဒေတာတွေကို အလွယ်တကူစုထားလိုက်နိုင်တယ်။ ဒါဟာ သူတို့(စကစ)ရဲ့လူတွေအပေါ် လိုသလို အသုံးချနေတဲ့အတွက် အထူးသတိထားသင့်တယ်။ နောက်ပိုင်း Smart Card မလုပ်ရသေးသူတွေက ဘာလဲဆိုတာ ကွဲကွဲပြားပြား ခွဲထုတ်လို့ရတော့ ဘယ်လိုတင်းကြပ်လာမယ်ဆိုတာ ကြိုမသိနိုင်ဘူး “ ဟု စစ်ဘက်သတင်းအရင်းအမြစ် အချို့မှ အသိပေးသည်။

ပြီးခဲ့သည့် မေလရက်ပိုင်းအတွင်း ပြည်ပထွက်ခွါ အလုပ်လုပ်ခွင့်များကို စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် (၂၃-၃၂)နှစ်အတွင်းရှိသူများကို ပိတ်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသေးသည်။

ဓါတ်ပုံ - လဝကမှ ထုတ်ပေးနေသည့် Smart Card နှင့် ထုတ်ပြန်ချက်

🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO

🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

ကမာရွတ်တွင် ၂ရက်အတွင်း လူငယ် ၃ဦး အကြောင်းမဲ့ ကမာရွတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်၊ ၃ရပ်ကွက်ယာယီနယ်ထိန်း ဦးဆောင် ကျင်လည်နေ...
23/05/2024

ကမာရွတ်တွင် ၂ရက်အတွင်း လူငယ် ၃ဦး အကြောင်းမဲ့ ကမာရွတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်၊ ၃ရပ်ကွက်ယာယီနယ်ထိန်း ဦးဆောင် ကျင်လည်နေ

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ မေလ ၂၃ ရက်၊ ၂၀၂၄ }

မေလ ၂၀ရက်နေ့မှ ၂၂ရက်အတွင်း ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် (၄)ရပ်ကွက် ထိစပ်ရာနေရာများတွင် လူငယ် (၃)ဦးကို ဆိုင်ကယ် ၂စီး၊ ရခ ၂မှ အကြောင်းမဲ့ ဖမ်းဆီးမှု (၂)ကြိမ်ဖြစ်ပွါးခဲ့ပြီး ၃ရပ်ကွက် ယာယီနယ်ထိန်း ရဲတပ်သား စိုးမင်းပိုင်မှ ဦးဆောင်ကျင်လည်နေကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ မေလ ၂၀ရက်နေ့တွင် နေ့လည် ၂နာရီတွင် အမှတ်(၄)ရပ်ကွက်၊ ကွမ်းခြံ ၄လမ်းအတွင်း လမ်းလျှောက်နေသည့် လူငယ် (၁)ဦးကို ဆိုင်ကယ်ဖြင့် ဖမ်းဆီးခဲ့ကြသည်။ အလားတူ အဆိုပါနေ့တွင်ပင် ညနေ ၆နာရီဝန်းကျင် ၁၆ပေတံတားပေါ် ရထားလမ်းဖြတ်သည့်နေရာတွင် ရခ ၂၊ ဆိုင်ကယ် ၂စီးဖြင့် စက်ဘီးစီးနင်ရလာသည့် လူငယ် (၂)ဦးကို ဆိုင်ကယ်များဖြင့် ရှေ့ပိတ်နောက်ပိတ်ပုံစံ ဖမ်းဆီးခဲ့ကြသည်။ အဆိုဖြစ်စဉ်များအတွင်း ဖမ်းဆီးခံရသူများကို ကမာရွတ်မြို့မရဲစခန်းဝန်း (ယခု ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှုးရုံး)သို့ ခေါ်ဆောင်သွားကြသည်။

ပြီးခဲ့သည့် မေလ ၈ရက်နေ့ကတည်းက နံနက် ၇နာရီဝန်းကျင်နှင့် ညနေ ၅နာရီခွဲဝန်းကျင်တို့တွင် စိုးမင်းပိုင်အပါ ရခ (၂-၄)ဝန်းကျင်ဖြင့် ပတ္တမြားလမ်း၊ လှည်းတန်းဘူတာအနီးတွင် လှုပ်ရှားနေကြဆဲဖြစ်ကာ ဘူတာပလက်ဖောင်းပေါ်တွင် သောက်စားမှုများတွေ့ရှိပါက ငွေညှစ်ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပြင် ၄ရပ်ကွက်၊ ကွမ်းခြံ ၁-၂လမ်းအထိ ဆိုင်ကယ်ဖြင့် ကင်းပတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

လှည်းတန်းဘူတာ၊ သင်္ဘောကျင်းအိမ်ရာအနီးနှင့် ကွမ်းခြံလမ်းများတွင် ၃ရပ်ကွက်ယာယီ နယ်ထိန်း ရဲတပ်သား စိုးမင်းပိုင်မှ အရပ်ဝတ် သတင်းပေးအချို့နှင့် ဦးဆောင်ကာ အစစ်အဆေးပြုလုပ်ခြင်း၊ ကြက်ဝိုင်းများကို ပြုလုပ်ခွင့်ပေးခြင်း၊ ခိုးဆိုးလုယှက်သူများနှင့် လက်ဝါးချင်းရိုက်ထားခြင်း စသည့် လုပ်ကွက်များကို ရရှိထားကာ အဆိုပါနေရာများမှ ရရှိသည့် ငွေများကို ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးမြင့်နိုင်နှင့် စခန်မှုး ဒုရဲမှုး ခင်မောင်အေးတို့အား လည်းကောင်း၊ ထိုမှတစ်ဆင့် အကြမ်းဖက်စစ်တပ်နှင့် မြို့နယ်ကိုင်သည့် စစ်ကြောင်းမှုး G1တို့ကိုလည်းကောင်း အသီးသီးခွဲပေးရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ အတည်ပြုသည်။

ဓါတ်ပုံ - စိုးမင်းပိုင်တို့ ကျင်လည်ရာ ကမာရွတ် အမှတ်(၃)ရပ်ကွက်၊ ပတ္တမြားလမ်းနှင့် လှည်းတန်းဘူတာ၊ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းများနှင့် သင်္ဘောကျင်းအိမ်ရာဝန်းကျင်ပြ မြေပုံ

🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO

🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

▪️ကမာရွတ်မှာ ဘာဖြစ်ခဲ့သလဲ။ Kamayut Information - KMYINFOသည် ကမာရွတ်မြို့နယ်အတွင်း ဧပြီလ (၂၂)ရက် မှ မေလ(၂၀)ရက်အတွင်း အကြမ...
22/05/2024

▪️ကမာရွတ်မှာ ဘာဖြစ်ခဲ့သလဲ။

Kamayut Information - KMYINFOသည် ကမာရွတ်မြို့နယ်အတွင်း ဧပြီလ (၂၂)ရက် မှ မေလ(၂၀)ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါအဖွဲ့များ လှုပ်ရှားမှု၊ လုပ်ဆောင်မှုများအနက် ထူးခြားဖြစ်စဉ်အချို့ကို အနှစ်ချုပ်စုစည်း တင်ဆက်ထားပါသည်။

Kamayut Information-KMYINFOနှင့်အတူ လက်တွဲ၍ ကမာရွတ်မြို့နယ်နေပြည်သူများမှ လုံခြုံစိတ်ချစွာ သတင်းပေးပို့ခြင်းဖြင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် တတ်အားသရွေ့ ပါဝင်ကြပါရန် လေးစားစွာ တိုက်တွန်း အသိပေးအပ်ပါသည်။

ကမာရွတ်၊ ၈ရပ်ကွက်ရှိ အဆောင်တစ်ခုတွင် အမျိုးသမီးတစ်ဦး ရိုက်နှက်၍ တိတ်တဆိတ်ဖမ်းဆီးခံရ𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧{ မေလ ၁၆ ရက်၊ ၂၀၂၄...
16/05/2024

ကမာရွတ်၊ ၈ရပ်ကွက်ရှိ အဆောင်တစ်ခုတွင် အမျိုးသမီးတစ်ဦး ရိုက်နှက်၍ တိတ်တဆိတ်
ဖမ်းဆီးခံရ

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ မေလ ၁၆ ရက်၊ ၂၀၂၄ }

မေလ ၉ရက်နေ့၊ ညသန်းခေါင် ဝန်းကျင်တွင် ကမာရွတ်၊ အမှတ်(၈)ရပ်ကွက်ရှိ အမျိုးသမီးအဆောင်တစ်ခုအား အကြမ်းဖက်အဖွဲ့(စရဖဟုယူဆ)မှ အမျိုးသမီးငယ် တစ်ဦးအား ရိုက်နှက်၍ တိတ်တဆိတ် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ညသန်းခေါင် ၁၂-၁နာရီ ဝန်းကျင်တွင် အမှတ်(၈)ရပ်ကွက်၊ မင်္ဂလာလမ်းထောင့်ရှိ ရပ်ကွက်စာကြည့်တိုက် မျက်နှာချင်းဆိုင်ရှိ အဆောင်သို့ အကြမ်းဖက်စစ်တပ်နှင့် စရဖအချို့မှ အိမ်စီးကားဖြင့်သာ လာရောက်၍ အမျိုးသမီးငယ်အား ရိုက်နှက်ဖမ်းဆီးကာ အဆိုပါအမျိုးသမီး၏ ပစ္စည်းများအားလုံးကို သိမ်းဆည်းသွားကြောင်း၊ တိတ်တဆိတ်ဖမ်းဆီးမှုကို မည်သူမှမပြောဆိုရန် ခြိမ်းခြောက်ထားခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးငယ်ကို စစ်ကြောရေးတွင် ရက်အတန်ကြာစစ်ဆေးပြီးနောက် ကမာရွတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ရဲဘက်သတင်းအရင်းအမြစ်အချို့မှ အတည်ပြုသည်။

ဖမ်းဆီးမှုအပြီး မေလ ၁၀ရက်နေ့ညပိုင်းတွင် အမှတ်(၈)ရပ်ကွက်၊ တိုက်နံပါတ် ၆ သို့ ရှောင်တခင် ဧည့်ဝင်စစ်ဆေးခဲ့ပြီး ရပ်ကွက်ထိပ်ရှိဆိုက်ကားဂိတ်နားတွင် အရက်သောက်နေသူများကိုလည်း အကြမ်းဖက်စစ်တပ်မှ ရိုက်နှက်သွားသေးကြောင်း သိရှိရသည်။

🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO

🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

▪️ကမာရွတ်မှာ ဘာဖြစ်ခဲ့သလဲ။ Kamayut Information - KMYINFOသည် ကမာရွတ်မြို့နယ်အတွင်း မေလ (၂၅)ရက် မှ ဧပြီလ (၂၁)ရက်အတွင်း အကြ...
24/04/2024

▪️ကမာရွတ်မှာ ဘာဖြစ်ခဲ့သလဲ။

Kamayut Information - KMYINFOသည် ကမာရွတ်မြို့နယ်အတွင်း မေလ (၂၅)ရက် မှ ဧပြီလ (၂၁)ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါအဖွဲ့များ လှုပ်ရှားမှု၊ လုပ်ဆောင်မှုများအနက် ထူးခြားဖြစ်စဉ်အချို့ကို အနှစ်ချုပ်စုစည်း တင်ဆက်ထားပါသည်။

Kamayut Information-KMYINFOနှင့်အတူ လက်တွဲ၍ ကမာရွတ်မြို့နယ်နေပြည်သူများမှ လုံခြုံစိတ်ချစွာ သတင်းပေးပို့ခြင်းဖြင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် တတ်အားသရွေ့ ပါဝင်ကြပါရန် လေးစားစွာ တိုက်တွန်း အသိပေးအပ်ပါသည်။

#ကမာရွတ်

စစ်ကောင်စီပြုလုပ်သည့် ကမာရွတ်မြို့နယ် သင်္ကြန်မဏ္ဍပ်တွင် ရေကစားမည့်သူမရှိပဲ ခြောက်ကပ်နေ𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧{ ဧပြီလ ၁၆ ရက်...
16/04/2024

စစ်ကောင်စီပြုလုပ်သည့် ကမာရွတ်မြို့နယ် သင်္ကြန်မဏ္ဍပ်တွင် ရေကစားမည့်သူမရှိပဲ ခြောက်ကပ်နေ

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ ဧပြီလ ၁၆ ရက်၊ ၂၀၂၃ }

၂၀၂၄ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပရန် စစ်ကောင်စီမှ ရန်ကုန်တိုင်းအတွင်း ပြည်သူ့ရင်ပြင်အပါအဝင် မြို့နယ်အသီးသီးတွင် ကိုယ်စီမဏ္ဍပ်ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားပြီး ယင်းနောက်ဆက်တွဲ ကမာရွတ်မြို့နယ်သင်္ကြန်မဏ္ဍပ်တည်ဆောက်ထားသော်လည်း သင်္ကြန်ကာလတွင်း ရေကစာရမည့်သူမရှိပဲ ခြောက်ကပ်နေကြောင်း စုံစမ်းသိရှိရသည်။

၈ရပ်ကွက်၊ ကျွန်းတောလမ်း၊ Music World မျက်စောင်းထိုးတွင် မဏ္ဍပ်ထိုးထားပြီး အနီးတွင် မြို့နယ်လျှပ်စစ်ရုံးရှိ စစ်တပ်ဘန်ကာ ၁ခုရှိပြီး မဏ္ဍပ်အနောက်ရှိ ခြံဝန်းတွင် အမိုးများထိုးထားကာ သင်္ကြန်ကာလအတွင်း ကျွန်းတောလမ်းတကြောကို လမ်းပိတ်၍ အရပ်ဝတ်လုံခြုံရေးများ ချထားကြောင်း၊ အဆိုပါမဏ္ဍပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခံရမည်စိုး၍ ကမာရွတ်မြို့နယ်သင်္ကြန်မဏ္ဍပ်ဟုပင် ပေါ်ပေါ်ထင်ထင် အမည်မတပ်ထားကြောင်း သိရသည်။ ထို့ပြင် သင်္ကြန်အကြိုနေ့ကတည်းက မဏ္ဍပ်တွင် လာရောက်လည်ပတ်၊ ရေကစားမည့်သူမရှိ၍ တစ်ယောက်တစ်သောင်းပေး၍ ရေကစားရန်
စည်းရုံးပြောဆိုမှုများလည်း ရှိသော်လည်း သင်္ကြန်အတက်နေ့အထိ ခြောက်ကပ်နေကြောင်းနှင့် အဆိုပါ မဏ္ဍပ်အနီး ကမာရွတ်မြို့နယ်ကြက်ခြေနီအသင်းအပါအဝင် ပရဟိတအသင်းကားများဖြင့် စောင့်ကြပ်ချထားပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့် အရပ်ဝတ်အချို့မှလည်း လာရောက်မှုရှိကြောင်း စုံစမ်း သိရသည်။ ထို့ပြင် ဧပြီလ ၁၃ရက်နေ့တွင်လည်း အဆိုပါမဏ္ဍပ်အနီး ခိုက်ရန်ဖြစ်ပွါး၍ ဦးခေါင်းထိခိုက်သူနှင့် လက်ထိခိုက်သူတို့ကို ကမာရွတ်ကြက်ခြေနီမှ အရေးပေါ်ဌာန လွှဲပြောင်းခဲ့ရသေးသည်။

အကြမ်းဖက်စစ်ကောင်စီမှ မဟာသင်္ကြန်ပွဲတော်ကို စည်ကားစေရန် အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေသော်လည်း ကမာရွတ်မြို့နယ်တွင်းရှိ ပြည်သူများသည် မိသားစု၊ ချစ်ခင်ရသူများဖြင့်သာ အကျဉ်းရုံး မြန်မာနှစ်ကူးအချိန်ကာလကို ဆင်နွှဲနေကြသည်။

ဓါတ်ပုံ - သင်္ကြန်ကာလအတွင်း ကျွန်းတောလမ်းရှိ ကမာရွတ်မြို့နယ်မဏ္ဍပ်မြင်ကွင်း

🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO

🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

ပြည်လမ်းတံတားပေါ် ယာဉ်တိုက်မှုဖြစ်ပွါးကာ အမျိုးသား ၁ဦး ပွဲချင်းပြီးသေဆုံး 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧{ ဧပြီလ ၈ ရက်၊ ၂၀၂၄ }ဒီကနေ့...
08/04/2024

ပြည်လမ်းတံတားပေါ် ယာဉ်တိုက်မှုဖြစ်ပွါးကာ အမျိုးသား ၁ဦး ပွဲချင်းပြီးသေဆုံး

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ ဧပြီလ ၈ ရက်၊ ၂၀၂၄ }

ဒီကနေ့ နေ့လည် ၃နာရီ ၄၅မိနစ်ဝန်းကျင်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံ၊ ပြည်လမ်းတံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွါးကာ အမျိုးသား (၁)ဦး ပွဲချင်းပြီး သေဆုံးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်လမ်းတံတားပေါ် တွင် Pick-up အမျိုးအစားယာဉ်နှင့် SUV အမျိုးအစားယာဉ်တို့ တိုက်မိရာမှ Pick-up ယာဉ်မှာ ပြားချပ်၍ အမျိုးသား ၁ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊
သေဆုံးသူ၏ Dead Body အား ပြည်သူ့ကောင်းလူရွှင်တော်Ambulance(HSE)ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်အတွက် ညနေ ၄နာရီ‌ မိနစ် ၂၀ ဝန်းကျင်တွင် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် ကူညီကယ်ဆောင်ရေး လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံမီးသတ်မှ ထုတ်ပြန်ထားသည်။

ဓါတ်ပုံ - ယနေ့ ပြည်လမ်းတံတား‌ေပါ် ယာဉ်တိုက်မှု (CJ)

🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO

🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

31/03/2024

🚨Breaking News 🚨

ဒီကနေ့ ညနေ ၆နာရီခွဲဝန်းကျင်တွင် ကမာရွတ်၊ အမှတ်(၆)ရပ်ကွက်၊ လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းထောင့်ရှိ ကမာရွတ်မြို့မရဲစခန်း ရှေ့မျက်နှာစာ(၁၆ပေတံတားအဆင်း ကားမှတ်တိုင်အနီး) ညာဘက်ခြမ်းရှိ ဘန်ကာကင်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုအပြီး နာရီဝက်အကြာတွင် အရပ်ဝတ်များဖြင့် ဆိုင်ကယ် ၁စီး၊ စစ်တပ်၏ စရဖစီးသည့် ကားဖြူ ၁စီးတို့ရောက်ရှိကာ ပေါက်ကွဲမှုအနီးပတ်ဝန်းကျင်အား ဓါတ်ပုံရိုက်ယူ၍ ခဏအကြာ လှည်းတန်းလမ်းမဘက်သို့ တက်သွားကြောင်း စုံစမ်းသိရှိရသည်။

🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel

#ကမာရွတ်

Address

Kamayut

Website

Alerts

Be the first to know and let us send you an email when Kamayut Information - KMY INFO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share