HAJIMARIMOM.com Myanmar

HAJIMARIMOM.com Myanmar Global style media for moms in Myanmar from Japan.

မိခင်နို့ကို အအေးခန်းတွင်သိမ်းဆည်းခြင်းမိခင်နို့ကိုအဓိကထားတိုက်ကျွေးတဲ့မေမေတို့ရေ နို့ကပုံမှန်ထက်ထွက်လွန်းတာပဲဖြစ်ဖြစ်၊ ...
28/04/2022

မိခင်နို့ကို အအေးခန်းတွင်သိမ်းဆည်းခြင်း

မိခင်နို့ကိုအဓိကထားတိုက်ကျွေးတဲ့မေမေတို့ရေ နို့ကပုံမှန်ထက်ထွက်လွန်းတာပဲဖြစ်ဖြစ်၊ သားသားမီးမီးလေးတွေကမစို့လို့ပဲဖြစ်ဖြစ် နို့ကြောတွေတင်းပြီးညှစ်ထုတ်နေရတဲ့ မေမေတို့အတွက်ဒီဆောင်းပါးလေးမှာ မိခင်နို့ကို ရေခဲသေတ္တာအအေးခန်းနဲ့ အအေးခဲခန်း (Freezer) မှာသိမ်းဆည်းပြီး လိုအပ်တဲ့အချိန်မှာ ပြန်လည်တိုက်ကျွေးပုံနည်းလမ်းလေးတွေကိုဝေမျှပေးသွားပါမယ်ရှင်။

မိခင်နို့ကို အအေးခဲခန်း( Freezer)ထဲတွင် သိမ်းဆည်းသိုလှောင်နည်း

ဘေဘီလေးတွေသောက်တဲ့ ပမာဏထက်ကို နို့ပိုထွက်လွန်းတဲ့ မေမေတို့အတွက်မိခင်နို့ကိုအေးခဲခန်းထဲမှာသိုလှောင်သိမ်းဆည်းခြင်းထားခြင်းကအထူးသင့်တော်ပါတယ်။ မေမေတို့ဖျားနာတဲ့အခါ၊ အလုပ်ခွင်ပြန်ဝင်တဲ့အခါမှာလည်းအဆင်ပြေပါတယ်။ မိခင်နို့ကို အေးခဲခန်းထဲမှာ ၃လခန့်ကြာအောင်သိမ်းဆည်းထားနိုင်ပါသည်။ မိခင်နို့ထည့်ပြီးသိမ်းတဲ့ storage bag မှာထည့်ပြီး မိခင်နို့ကိုစတင်သိမ်းတဲ့ရက်စွဲကိုရေးမှတ်ပြီး အအေးခဲခန်းထဲမှာသိမ်း​ထားခြင်းဖြင့်လိုအပ်တဲ့အချိန်မှာအသုံးပြုနိုင်ပါတယ်။

အေးခဲထားသောမိခင်နို့ကို မတိုက်မီတစ်ရက်အလိုတွင် ပုံမှန်ရေခဲသေတ္တာ အအေးခန်းသို့ပြောင်းထည့်ထားပါ။ဒါမှမဟုတ် အေးခဲထားတဲ့ မိခင်နို့ထည့်ထားတဲ့အိတ်ကို ရေဖြင့်စိမ်ထားပြီး အရည်ပျော်သွားတဲ့အခါနို့ဘူးထဲပြောင်းထည့်ပြီး ခွက်ထဲရေနွေးနွေးလေးထည့်ပြီး နို့ဘူးကိုခွက်ထဲထည့်ပြီးအနွေးခံပြီး ပြန်လည်းတိုက်ကျွေးလို့ရပါတယ်။

မိုက်ခရိုဝေ့ဖ်ထဲမှာ အေးခဲထားတဲ့နို့ကိုပြန်နွေးပြီးလုံးဝမတိုက်သင့်ပါဘူးနော်။ ပွက်ပွက်ဆူနေတဲ့ရေ သို့မဟုတ် မိုက်ခရိုဝေ့ဖ်ကိုအသုံးပြုခြင်းဖြင့် မိခင်နို့တွင်ပါဝင်သော ဗီတာမင်နဲ့ သတ္တုဓာတ်စတဲ့ မိခင်နို့၏ဂုဏ်သတ္တိများကိုပြောင်းလဲသွားစေနိုင်ပါသည်။အေးခဲထားတဲ့နို့ကိုပြန်နွေးထားတဲ့နို့ဘူးထဲကနို့တွေကို အကုန်မသောက်လို့ပဲဖြစ်ဖြစ်၊ ကျန်တာပဲဖြစ်ဖြစ် ကလေးကိုပြန်မတိုက်ပါနှင့် သွန်ပစ်ဖို့အကြံပြုချင်ပါတယ်။

မိခင်နို့ကိုပုံမှန်ရေခဲသေတ္တာ အအေးခန်းတွင်သိမ်းဆည်းပုံနည်း

မိခင်နို့ကို ပုံမှန်ရေခဲသေတ္တာတွင်၂၄နာရီသိုလှောင်သိမ်းဆည်းနိုင်ပါတယ်။ နို့ဘူးထဲညှစ်ထည့်ထားတဲ့ မိခင်နို့တွေကို နို့ဘူးအဖုံးဖြင့်သေချာပိတ်ပြီး ပုံမှန်အအေးခန်းတွင်သိမ်းဆည်းထားပါ။

ရေခဲသေတ္တာထဲမှာသိမ်းဆည်းထားတဲ့နို့ဘူးကို ကြက်သီးနွေးရေထဲထည့်စိမ်ပြီးနွေးပေးပြီး ကလေးငယ်ကိုတိုက်ကျွေးလို့ရပါတယ်။၂၄ နာရီကျော်ပြီးသိမ်းဆည်းထားတဲ့မိခင်နို့တွေကို ကလေးငယ်တွေကိုလုံးဝမတိုက်ကျွေးသင့်ပါဘူး။

မိခင်နို့ကို သိုလှောင်သိမ်းဆည်းခြင်းဖြင့် မေမေတို့နေမကောင်းဖြစ်လို့ပဲ​ဖြစ်ဖြစ်၊ လုပ်ငန်းခွင်ပြန်ဝင်လို့ပဲဖြစ်ဖြစ်အဆင်ပြေနိုင်ပါတယ်။ အရေးကြီးတာက စနစ်တကျသိုလှောင်ပုံနည်းလမ်းနဲ့ သိုလှောင်ချိန်ကာလကိုစနစ်တကျလိုက်နာဖို့ပါ။ အမြန်လိုလို့ဆိုပြီး မိုက်ခရိုဝေ့ဖ်သုံးပြီးနွေးတာမျိုးတွေကိုလုံးဝမပြုလုပ်သင့်ပါဘူး။လုပ်ငန်းခွင်ပြန်ဝင်တဲ့မေမေတို့အတွက် မိခင်နို့ကိုသိုလှောင်သိမ်းဆည်းခြင်းနည်းလမ်းတွေကအလွန်အဆင်ပြေစေတဲ့အတွက် စနစ်တကျသိုလှောင်နည်း၊ သိုလှောင်ချိန်ကာလကိုလိုက်နာပြီး နည်းမှန်လမ်းမှန်အသုံးပြုနိုင်ကြပါစေ။

အနာဂတ်ရဲ့ မေမေလောင်းများအားလုံး မင်္ဂလာပါ။ ဒီနေ့မှာတော့ ကိုယ့်ရင်သွေးကိုဝမ်း ဗိုက်ထဲတွင်လွယ်ကာ မွေးမည့်ရက်ကို စောင့်ဆိုင...
27/04/2022

အနာဂတ်ရဲ့ မေမေလောင်းများအားလုံး မင်္ဂလာပါ။ ဒီနေ့မှာတော့ ကိုယ့်ရင်သွေးကိုဝမ်း ဗိုက်ထဲတွင်လွယ်ကာ မွေးမည့်ရက်ကို စောင့်ဆိုင်းနေဆဲဖစ်တဲ့ မေမေတို့ သိသင့်၊သိထားသင့်တဲ့အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

အခုပြောပြမဲ့အကြောင်းအရာတွေကို အချို့မေမေများက သိပြီးလောက်ပြီဖြစ်ပေမဲ့ မသိသေးတဲ့ မေမေတို့အတွက် သိထားတဲ့အကြောင်းအရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။




#ကိုယ်ဝန်

အနာဂတ်ရဲ့ မေမေလောင်းများအားလုံး မင်္ဂလာပါ။ ဒီနေ့မှာတော့ ကိုယ့်ရင်သွေးကိုဝမ်း ဗိုက်ထဲတွင်လွယ်ကာ မွေးမည့်ရ...

မေမေတို့ရေ ဒီနေ့မှာတော့ ပဲပင်ပေါက်သုံးပြီး ကိုရီးယားစတိုင် ဟင်းလျာပြုလုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။   #ပဲပင်ပေါက်...
26/04/2022

မေမေတို့ရေ ဒီနေ့မှာတော့ ပဲပင်ပေါက်သုံးပြီး ကိုရီးယားစတိုင် ဟင်းလျာပြုလုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။


#ပဲပင်ပေါက်

မေမေတို့ရေ ဒီနေ့မှာတော့ ပဲပေါက်သုံးပြီး ကိုရီးယားစတိုင် ဟင်းလျာပြုလုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ...

ဘေဘီလေးတွေကို ဖြည့်စွက်စာစကျွေးမယ့် မေမေတို့အတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင့်။   #ဖြည့်စွက်စာ #ကလေးဖြည့်စွက်စာ
25/04/2022

ဘေဘီလေးတွေကို ဖြည့်စွက်စာစကျွေးမယ့် မေမေတို့အတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင့်။


#ဖြည့်စွက်စာ
#ကလေးဖြည့်စွက်စာ

ချစ်ကြခင်ကြ ရေစက်တွေဆုံကြလို့ လူသန်းချီရှိတဲ့အထဲက နှစ်ဦးသားအိမ်ထောင်ဖက်အဖြစ် ဖူးစာဆုံကြရတာပါ။ အိမ်ထောင်ရေးမသာယာရင် အင်မ...
25/04/2022

ချစ်ကြခင်ကြ ရေစက်တွေဆုံကြလို့ လူသန်းချီရှိတဲ့အထဲက နှစ်ဦးသားအိမ်ထောင်ဖက်အဖြစ် ဖူးစာဆုံကြရတာပါ။ အိမ်ထောင်ရေးမသာယာရင် အင်မတန်စိတ်ဖိစီးကြရတာမို့ သာယာပျော်ရွှင်ဖို့ အလေးထားကြပါစို့နော်။

ချစ်ခင်ပျော်ရွှင်ကြတဲ့ မိဘတွေရဲ့အရိပ်အောက်မှာ ကြီးပြင်းလာကြတဲ့ သားသားမီးမီးလေးတွေက စိတ်လုံခြုံမှုအပြည့်အဝရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အကောင်းမြင်တတ်တဲ့ လူငယ်လေးတွေ ဖြစ်လာကြမှာ အသေအချာပဲ မဟုတ်ပါလား မေမေတို့ရေ။

စိတ်ဖိစီးမှုကင်းဝေး​ပြီး အိမ်ထောင်သာယာရေး အတွက် မေမေတို့ အလေးထားသင့်တဲ့ အချက်လေးတွေထဲက (၃) ချက်ကို ပြောပြပါရစေရှင်။


#မိသားစု
#အိမ်ထောင်ရေး

စိတ်ဖိစီးမှုကင်းဝေး အိမ်ထောင်သာယာရေးအတွက် အလေးထားသင့်သော အချက် (၃) ချက် မေမေတို့ရေ ချစ်ကြခင်ကြ ရေစက်တွေဆုံ.....

အပူရှပ်ခြင်းဟာ လူကြီးတွေသာမက ကလေးငယ်တွေမှာပါဖြစ်နိုင်လို့ မေမေတို့သတိထားရအောင် အပူရှပ်ခြင်းမှ  ကာကွယ်ဖို့နည်းလမ်းတွေကိုဖ...
22/04/2022

အပူရှပ်ခြင်းဟာ လူကြီးတွေသာမက ကလေးငယ်တွေမှာပါဖြစ်နိုင်လို့ မေမေတို့သတိထားရအောင် အပူရှပ်ခြင်းမှ ကာကွယ်ဖို့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။



#အပူရှပ်ခြင်း
#အပူချိန်လွန်ကဲခြင်း

သင်တို့နိုင်ငံမှာ အိမ်မှုကိစ္စဟာ ယောကျ်ားရဲ့တာဝန်လား? မိန်းမရဲ့တာဝန်လား? ဒါမှမဟုတ် အတူတူမျခွဲဝေပြီးလုပ်ကြသလား? ဟိုးအရင်ခ...
22/04/2022

သင်တို့နိုင်ငံမှာ အိမ်မှုကိစ္စဟာ ယောကျ်ားရဲ့တာဝန်လား? မိန်းမရဲ့တာဝန်လား? ဒါမှမဟုတ် အတူတူမျခွဲဝေပြီးလုပ်ကြသလား?

ဟိုးအရင်ခေတ် ဂျပန်မှာတော့ ယောကျ်ားကငွေရှာပြီး၊ မိန်းမက အိမ်မှုကိစ္စလုပ်ရတာဟာ သဘာဝပါပဲ။ သို့သော် ယနေ့ခေတ်မှာတော့ ယောကျ်ား၊ မိန်းမ နှစ်ဦးစလုံး အလုပ်လုပ်လာကြပြီး၊ အိမ်မှုကိစ္စတွေကို အိမ်ထောင်ဦးနဲ့အတူ ခွဲဝေပြီး ဘယ်လိုလုပ်ကြမလဲဆိုတာ အိမ်ရှင်မတွေအချင်းချင်း ပြောဆိုတိုင်ပင်တတ်ကြပါတယ်။

ဒီဆောင်းပါးလေးမှာတော့ အိမ်ထောင်ဦးစီးနဲ့အတူ အိမ်မှုကိစ္စတွေကို အတူတူခွဲဝေပြီး လုပ်ဖို့အကြံဉာဏ်ကောင်းတွေကို ပြောပြပေးသွားပါမယ်။



#အိမ်မှုကိစ္စ
#အိမ်ထောင်ရေး

သင်တို့နိုင်ငံမှာ အိမ်မှုကိစ္စဟာ ယောကျ်ားရဲ့တာဝန်လား? မိန်းမရဲ့တာဝန်လား? ဒါမှမဟုတ် အတူတူမျခွဲဝေပြီးလုပ်က.....

ကလေးတွေ ဥာဏ်ရည်ဖွံဖြိုးမှုကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။    #အာဟာရ  #ကလေး  #ဥာဏ်ရည်
21/04/2022

ကလေးတွေ ဥာဏ်ရည်ဖွံဖြိုးမှုကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။


#အာဟာရ
#ကလေး
#ဥာဏ်ရည်

21/04/2022

ဒီနေ့မှာတော့ နို့ဗူးခွံနဲ့ ပိုက်ကိုအသုံးပြုပြီး၊ သားသားမီးမီးတို့နဲ့အတူ Bamboo Dragonfly ရုပ်လေးလုပ်ကြည့်ကြရအောင်နော်..









မိခင်လောင်းတွေနဲ့ သားဦးမေမေတို့သိထားသင့်တဲ့ မွေးကင်းစမှ ၁နှစ်အရွယ် ဘေဘီလေးတွေကို Formula တိုက်ရမယ့် အကြိမ်အရေအတွက်နဲ့ ပ...
20/04/2022

မိခင်လောင်းတွေနဲ့ သားဦးမေမေတို့သိထားသင့်တဲ့ မွေးကင်းစမှ ၁နှစ်အရွယ် ဘေဘီလေးတွေကို Formula တိုက်ရမယ့် အကြိမ်အရေအတွက်နဲ့ ပမာဏကိုဖော်ပြပေးလိုက်ပါတယ်။



#နှို့ဗူး
#နှို့မှုန့်

အနောက်နိုင်ငံများနှင့်အာရှနိုင်ငံများတွင် ကလေးများကိုသွန်သင်ဆုံးမမူသည် ကွာခြားကြလေသည်။အထူးသဖြင့် သွန်သင်ဆုံးမသည့်နည်းသည်...
20/04/2022

အနောက်နိုင်ငံများနှင့်အာရှနိုင်ငံများတွင် ကလေးများကိုသွန်သင်ဆုံးမမူသည် ကွာခြားကြလေသည်။

အထူးသဖြင့် သွန်သင်ဆုံးမသည့်နည်းသည်မတူညီကြပေ။ ထိုသို့မတူညီမူကပင် ကလေးငယ်များအပေါ်များစွာသက်ရောက်မူရှိသည်။

စည်းကမ်းရှိခြင်းသည်ကောင်းမွန်၏။ သို့သော်စည်းကမ်း ရှိဖို့ရန် လွန်ကဲစွာဆုံးမသွန်သင်လာသောအခါတွင် မည်သို့ဖြစ်လာမည်နည်း။

hajimarimom.com/mm/home/bj484s483t4gmfm83wwyylkcyrglen


#စည်းကမ်း
#ကလေး
#မိဘ


စည်းကမ်းတင်းကြပ်ခြင်းဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မူတွေရှိစေမလဲ?စည်းကမ်းတင်းကြပ်ခြင်းဟာ ကောင်းသလား ဆို....

ကိုယ်ဝန်ဆောင်ဆီးချိုသည်တွေ ဆီးချို၊ သွေးချိုမတက်အောင် ဘာတွေစားသင့်လဲ? ဘာတွေရှောင်သင့်လဲ?   #ကိုယ်ဝန်ဆောင်  #ကိုယ်ဝန်ဆောင...
19/04/2022

ကိုယ်ဝန်ဆောင်ဆီးချိုသည်တွေ ဆီးချို၊ သွေးချိုမတက်အောင် ဘာတွေစားသင့်လဲ? ဘာတွေရှောင်သင့်လဲ?


#ကိုယ်ဝန်ဆောင်
#ကိုယ်ဝန်ဆောင်ဆီးချို
#ဆီးချို

Address

Kamayut

Alerts

Be the first to know and let us send you an email when HAJIMARIMOM.com Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HAJIMARIMOM.com Myanmar:

Share