T&Z online shop

T&Z online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T&Z online shop, Digital creator, Kamayut.

အပါယ်ဘုံ ရောက်တယ် ဆိုတာဘာကြောင့် ရောက်တာတုန်း ဆိုတော့စိတ်မနိုင်လို့ ရောက်တာတွေချည်းပဲ …စိတ်ထဲမှာ မစင်ကြယ်တဲ့လောဘတွေ , ဒေ...
12/07/2026

အပါယ်ဘုံ ရောက်တယ် ဆိုတာ
ဘာကြောင့် ရောက်တာတုန်း ဆိုတော့
စိတ်မနိုင်လို့ ရောက်တာတွေချည်းပဲ …

စိတ်ထဲမှာ မစင်ကြယ်တဲ့
လောဘတွေ ,
ဒေါသတွေ
မောဟတွေ
မာန်မာနတွေ
ဣဿာမစ္ဆရိယတွေ …

အဲဒါတွေကြောင့်
အပါယ် ရောက်တာ …

စိတ်ထဲမှာဖြစ်တဲ့ အညစ်အကြေးတွေကို
သန့်ရှင်းအောင် မလုပ်နိုင်လို့
အပါယ်ရောက်တာ …

အဲဒါကြောင့် …

ကိုယ့် စိတ်ဆင်ရိုင်းကိုပညာတည်းဟူသော
ချွန်းအုပ်ဖြင့် အုပ်တယ်လို့
မြန်မာစာပေတွေမှာ ရေးလေ့ရှိတယ် …

အသိပညာ နဲ့ ဆင်ခြင်စဉ်းစားပြီးတော့
ကိုယ့်စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်
လမ်းမှန်ပေါ်တင်ပေးရမယ် …

ကောင်းအောင် ပြင်ရမယ် …

အခုလို
သာသနာနဲ့ တွေ့တဲ့ အချိန်ကလေးမှာ
ကောင်းအောင် မပြင်လိုက်နိုင်ဘူး ဆိုရင် …

နောင် ဒီလို
အသိဥာဏ်မျိုး ရဖို့ ဆိုတာ
အများကြီး ခဲယဉ်းသွားပြီ …

ရလာလိမ့်မယ်လို့တော့ မထင်လေနဲ့ …

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

12/07/2026
လူတစ်ယောက် ကံဇာတာ မြင့်လာခါနီး ဖြစ်ပေါ်လာတတ်တဲ့ ရှေ့ပြေးနိမိတ်လက္ခဏာများလူတစ်ယောက်၏ ကံဇာတာ မြင့်မားလာခြင်း သို့မဟုတ် ကုသ...
12/07/2026

လူတစ်ယောက် ကံဇာတာ မြင့်လာခါနီး
ဖြစ်ပေါ်လာတတ်တဲ့ ရှေ့ပြေးနိမိတ်လက္ခဏာများ

လူတစ်ယောက်၏ ကံဇာတာ မြင့်မားလာခြင်း သို့မဟုတ် ကုသိုလ်ကံများ အကျိုးပေးတော့မည့် အခါတွင် နေမထွက်မီ အရုဏ်တက်သကဲ့သို့ ရှေ့ပြေးနိမိတ်များ ပေါ်လာတတ်ပါသည်။

အောက်ပါတို့မှာ လူတစ်ယောက်၏ ဘဝတွင် ကံကောင်းခြင်းများ ရောက်ရှိတော့မည့်အခြေအနေကိုဖော်ပြသည့် လက္ခဏာရပ်များ ဖြစ်ကြပါသည်

၁။ စိတ်နှလုံး ကြည်လင်အေးချမ်းလာခြင်း

ကုသိုလ်ကံ အကျိုးပေးတော့မည့်သူသည် အကြောင်းမဲ့ စိတ်ထဲတွင် ကြည်နူးနေတတ်သည်။ ဒေါသထွက်စရာ အာရုံများနှင့် တွေ့ကြုံရသော်လည်း ယခင်ကကဲ့သို့ စိတ်မဆိုးတော့ဘဲ သည်းခံနိုင်စွမ်း မြင့်မားလာသည်။ ဤသည်မှာ မိမိ၏ သန္တာန်တွင် ကုသိုလ်စွမ်းအားများ ပြည့်ဝလာကာ အကုသိုလ် အညစ်အကြေးများ လျော့ပါးသွားသည့် လက္ခဏာဖြစ်ပါသည်။

၂။ ဘုရား၊ တရား၊ သံဃာအပေါ် သဒ္ဓါတရား ပိုမိုအားကောင်းလာခြင်း

မိမိ၏ စိတ်သည် ဘုရားကျောင်းကန် သွားချင်လာခြင်း၊ တရားနာချင်လာခြင်းနှင့် သီလဆောက်တည်လိုခြင်း စသည့် သူတော်ကောင်းတရားများအပေါ်တွင် အလိုလို စိတ်ညွတ်လာတတ်သည်။ ဤသည်မှာ ကံကောင်းခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သော “သဒ္ဓါတရား” ပွင့်လန်းလာခြင်း ဖြစ်ပါသည်။

၃။ ပေးကမ်းစွန့်ကြဲလိုသော စေတနာ ထက်သန်လာခြင်း

မိမိတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတစ်ပါးကို ကူညီလိုသောစိတ်၊ ပေးကမ်းလိုသော စေတနာများ အဆမတန် ဖြစ်ပေါ်လာခြင်းသည် ကံမြင့်လာမည့် လက္ခဏာတစ်ခု ဖြစ်သည်။ “စွန့်မှ ရသည်” ဆိုသည့် နိယာမအတိုင်း လောဘနည်းပါးလာခြင်းသည် လာဘ်လာဘများ ပွင့်လန်းလာတော့မည့် ရှေ့ပြေးနိမိတ် ဖြစ်ပါသည်။

၄။ သူတော်ကောင်းများနှင့် ဆုံတွေ့ခွင့်ရခြင်း

မင်္ဂလသုတ်တော်တွင် ဟောကြားထားသည့်အတိုင်း လူမိုက်များနှင့် ဝေးကွာသွားပြီး မိမိကို လမ်းမှန်ပြမည့် သူတော်ကောင်းများ၊ မိတ်ဆွေကောင်းများနှင့် မမျှော်လင့်ဘဲ ဆုံတွေ့လာရခြင်းသည် ဘဝကံဇာတာ အလှည့်အပြောင်း ဖြစ်တော့မည့် အထင်ရှားဆုံး လက္ခဏာဖြစ်သည်။

၅။ အိပ်မက်ကောင်းများ မြင်မက်ခြင်း

ပိဋကတ်တော်များတွင် နိမိတ်ငါးပါးကို ဖော်ပြထားရာ၌ အိပ်မက်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ စိတ်ကြည်လင်မှုကြောင့် ဘုရားဖူးရခြင်း၊ တရားနာရခြင်း သို့မဟုတ် မင်္ဂလာရှိသော အရာများကို မြင်မက်ခြင်းသည်လည်း ကံဇာတာ တက်လာမည့် နိမိတ်ကောင်းတစ်ခု ဖြစ်ပါသည်။

၆။ အခွင့်အလမ်းကောင်းများ အလိုလို ပေါ်ပေါက်လာခြင်းမိမိ ကြိုးစားနေသည့် အလုပ်များတွင် အဆင်မပြေမှုများ လျော့နည်းသွားပြီး မမျှော်လင့်ဘဲ အကူအညီများ ရရှိခြင်း၊ အခွင့်အလမ်းသစ်များ ပေါ်လာခြင်းတို့သည် မိမိပြုခဲ့သော (ရှေးကပြုခဲ့ဖူးသော ကုသိုလ်) ကံများ အကျိုးပေးရန် အချိန်ကျရောက်လာခြင်း ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ကံဇာတာ မြင့်မားလာခြင်းသည် မိမိ၏ စိတ်နေစိတ်ထား ပြောင်းလဲလာမှုနှင့် တိုက်ရိုက် သက်ဆိုင်နေပါသည်။
စိတ်ထားဖြူစင်ကာ ကုသိုလ်တရား၌ မွေ့လျော်လာခြင်းသည် အကောင်းဆုံးသော ကံမြင့်နိမိတ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဤလက္ခဏာများ ပေါ်လာပါက မိမိ၏ ကုသိုလ်စွမ်းအားကို ပိုမိုမြှင့်တင်ပြီး ကောင်းမှုများကို ဆက်လက် ပြုလုပ်သွားရန် လိုအပ်လှပါသည်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျမ္မာချမ်းသာကြပါစေ။

Crd

crd .@ . My Li

Good morning 🌅🌄🌄🌅🌹မင်္ဂလာနံနက်ခင်းလေးပါ🌹🙏🌹🌹🌹🌹🌹🌹🙏{ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ }{ဓမ်မံ သရဏံ ဂစ်ဆာမိ }{သံဃံ သရဏံ ဂစ်ဆာမိ }🙏🌹🌹🌹🌹🌹🙏{ဒ...
12/07/2026

Good morning 🌅🌄🌄🌅
🌹မင်္ဂလာနံနက်ခင်းလေးပါ🌹
🙏🌹🌹🌹🌹🌹🌹🙏

{ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ }
{ဓမ်မံ သရဏံ ဂစ်ဆာမိ }
{သံဃံ သရဏံ ဂစ်ဆာမိ }
🙏🌹🌹🌹🌹🌹🙏

{ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ }
{ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ }
{ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ }
🙏🌹🌹🌹🌹🌹🌹🌹🙏

{တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ }
{တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ }
{တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိပါဘုရား }
🙏🌹🌹🌹🌹🌹🌹🌹🌹🌹🙏

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

🙏လုံးစုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေ ကင်းစင်းဝေးငြိမ်းအေးကြပါစေ။

🙏၃၁ဘုံ အတွင်း၌ရှိကြကုန်သော ဝေနေယျသတ္တဝါအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ
ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ။

🙏စင်္ကြာဝဠာအနန္တ၌ရှိကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါ
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ
ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

🙏မြန်မာပြည်သူပြည်သား ကမ္ဘာသူ ကမ္ဘာသား အားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ
ဆင်းရဲခြင်းမှ ကင်းဝေး၍ ကပ်ဘေးအန္တရာယ်အပေါင်းမှ
ကင်းဝေးကြပါစေ။

🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹

Address

Kamayut

Telephone

+959740834863

Website

Alerts

Be the first to know and let us send you an email when T&Z online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share