Myanmar Fight Edition

Myanmar Fight Edition တိကျမှန်ကန်တဲ့ အရည်အသွေးမြင့် သတင်းဆောင်းပါးတွေကို ဖတ်ရှုနိုင်တဲ့ Myanmar Fight Edition

ဘောက်ဆင်၊ MMA ၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ ရိုးရာလက်ဝှေ့နဲ့ ပတ်သက်တဲ့ အရည်အသွေးမြင့် သတင်းဆောင်းပါးတွေကို ဖတ်ရှုနိုင်တဲ့ Myanmar Fight Edition

Oleksandr Usyk က Daniel Dubois ကို ပဥ္စမအချီမှာ အလဲထိုးပြီး ဒုတိယအကြိမ် အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတယ်။ D...
19/07/2025

Oleksandr Usyk က Daniel Dubois ကို ပဥ္စမအချီမှာ အလဲထိုးပြီး ဒုတိယအကြိမ် အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတယ်။ Daniel Dubois လည်း အလှူအိမ်နဲ့ မသာအိမ်မှားလာပုံရတယ်။ အဲဒါကြောင့်မို့ ကိုယ့်ရေမြေမှာတင် အလဲထိုးခံရတာပါ။

Oleksandr Usyk က ခံစစ်အသားပေးပြီး အေးဆေးလုပ်နေတာပါ။ အစောပိုင်းမှာ အထလေးပေမယ့် Daniel Dubois က ဖိထိုးနေတယ်။ အစောပိုင်းမှာ သာသလို ထင်ရပါတယ်။ Oleksandr Usyk က ပါးနပ်လွန်းတာပါ။ နောက်ပိုင်းအချီမှာ Daniel Dubois က တအားလိုက်ထိုးပါတယ်။ အဲဒါကလည်း အမှားလားလို့ မပြောတတ်ပါဘူး။ ပဥ္စမအချီမှာ တိုင်ပတ်သွားတာပါပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်း‌ပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။

Reference Source - ESPN
Photo Credit - Dosbrak
ကျော်စိုးအောင် (Myanmar Fight Edition)

ကိုယ့်လူတို့ ဇာတ်လမ်းက စနေပြီနော်။ ဘောလုံးကွင်းကြီးထဲမှာ ကြိုးဝိုင်းဆင်ပြီး ချကုန်ကြပြီ။ မြင်မကောင်း ရှုမကောင်းဖြစ်ကုန်တ...
19/07/2025

ကိုယ့်လူတို့ ဇာတ်လမ်းက စနေပြီနော်။ ဘောလုံးကွင်းကြီးထဲမှာ ကြိုးဝိုင်းဆင်ပြီး ချကုန်ကြပြီ။ မြင်မကောင်း ရှုမကောင်းဖြစ်ကုန်တော့မယ်။

Mario Barrios က Manny Pacquiao ကို ဆွဲစားမယ်လို့ ယူဆပါတယ်။ ပွဲချိန်မပြည့်လောက်ဘူး။ Oleksandr Usyk ကိုပဲ ပိုကြိုက်ပါတယ်။ ...
19/07/2025

Mario Barrios က Manny Pacquiao ကို ဆွဲစားမယ်လို့ ယူဆပါတယ်။ ပွဲချိန်မပြည့်လောက်ဘူး။ Oleksandr Usyk ကိုပဲ ပိုကြိုက်ပါတယ်။ Daniel Dubois မလွယ်လောက်သေးဘူး။ Max Holloway ကိုလည်း ကြိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Dustin Poirier - The Last DanceConor McGregor နဲ့ Benoit Saint Denis တို့က ရှုံးပွဲရှိဖူးပါတယ်။ ဒါပေမယ့် Dustin Poirier ...
19/07/2025

Dustin Poirier - The Last Dance

Conor McGregor နဲ့ Benoit Saint Denis တို့က ရှုံးပွဲရှိဖူးပါတယ်။ ဒါပေမယ့် Dustin Poirier ကို မတွေ့ခင်အထိ အလဲထိုးမခံဖူးပါဘူး။ Dustin Poirier က ဥရောပသားတွေကို ပထမဆုံးအလဲထိုးခဲ့တာပါ။ Max Holloway လည်း Dustin Poirier ကို မတွေ့ခင်အထိ ပွဲသိမ်းမခံဖူးပါဘူး။ Max Holloway ကို ပထမဆုံး ပွဲသိမ်းနိုင်တာ Dustin Poirier ပါ။ ပထမဆုံးရှုံးပွဲပေးတာလည်း Dustin Poirier ပါပဲ။

ကြေးစားဘဝမှာ Michael Chandler က (၁၀) ပွဲရှုံးဖူးပါတယ်။ အလဲထိုးခံရလို့ ရှုံးတာ ရှိသလို အမှတ်ကြောင့်လည်း ရှုံးဖူးတယ်။ Submission Defense တော်တော်ကောင်းပါတယ်။ Dustin Poirier ကို မတွေ့ခင်အထိ ချုပ်ကွက်ကြောင့် မရှုံးဖူးပါဘူး။ အခုချိန်ထိ Michael Chandler ကို လည်ပင်းညှစ်ဖူးတာ Dustin Poirier ပဲ ရှိပါသေးတယ်။

Dustin Poirier က လိုက်ဝိတ်တန်းမှာ အလုံးအထည်ကြီးပြီး ဘောက်ဆင်ကောင်းသူပါ။ တခြားပွဲတွေမှာ လက်သံပြောင်ပေမယ့် ချန်ပီယံလုပွဲတိုင်းမှာ လည်ပင်းညှစ်ခံရဖူးလို့ ကြားဖြတ်လိုက်ဝိတ်ချန်ပီယံဘဝက မတက်ဘူးဖြစ်နေတယ်။ အသက်ကလည်း (၃၆) နှစ်ဖြစ်နေပြီ။ Dana White က အခွင့်အရေးပေးထားတယ်။ နောက်ဆုံးပွဲကို Dustin Poirier ရဲ့ မွေးရပ်မြေ လူဝီစီယားနားပြည်နယ်မှာ ကစားခွင့်ပြုတာပါ။

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ရအောင်လည်း ခါးပတ်လုပွဲလေး လုပ်ပေးထားတယ်။ UFC 318 ပြိုင်ပွဲဆိုတာ Dustin Poirier အတွက် သီးသန့်ဖန်တီးပေးထားတာပါ။ Max Holloway ကိုရော နိုင်ပါ့မလား။ နိုင်ရင်တော့ ခါးပတ်လေးကိုင်တဲ့ပြီး အပြုံးမျက်နှာလေး မြင်ရပါလိမ့်မယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်း‌ပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

ဘာကြောင့်ထိုးကြေးကွာတာလဲဘောက်ဆင်သမားတွေက MMA သမားတွေထက် ထိုးကြေးပိုကောင်းတယ်။ ဒါကိုတော့ စာဖတ်သူတိုင်း သိပါတယ်။ ဘာလို့ပို...
19/07/2025

ဘာကြောင့်ထိုးကြေးကွာတာလဲ

ဘောက်ဆင်သမားတွေက MMA သမားတွေထက် ထိုးကြေးပိုကောင်းတယ်။ ဒါကိုတော့ စာဖတ်သူတိုင်း သိပါတယ်။ ဘာလို့ပိုကောင်းတာလဲမေးရင် ဘောက်ဆင်က ပရိသတ်ပိုများလို့တဲ့။ အရင်တည်းက ရှိခဲ့လို့တဲ့။ မှန်သင့်သလောက် မှန်ပေမယ့် အပြည့်အဝမမှန်ပါဘူး။ အခုဆောင်းပါးမှာ MMA လို့ ခြုံငုံပြောပေမယ့် ပွင့်လင်းမြင်သာမှုရှိတဲ့ UFC အဖွဲ့အစည်း (တစ်နည်းအားဖြင့် UFC Data) ကိုပဲ ကိုးကားထားပါတယ်။

ဟုတ်ပါပြီ။ ဘောက်ဆင်က ပရိသတ်ပိုများရင် MMA မှာရော ပရိသတ်မရှိလို့လား။ ဖိုးချစ်ဇာတ်ပွဲနဲ့ ကြက်ဝိုင်းလောက်တော့ လူအင်အားမကွာပါဘူး။ ပုံမှန်အားဖြင့် MMA လည်း ပွဲကြည့်ပရိသတ် (၂) သောင်းလောက် ရှိပါတယ်။ ဘောက်ဆင်က ပရိသတ်ပိုများပေမယ့် MMA လည်း ပရိသတ်ရှိပါတယ်။ ဘကြီးမှာလည်း ကျွဲနဲ့နွားနဲ့ပါ။ ရုံဝင်ကြေးတွေကြည့်ရင်လည်း သိပ်မကွာပါဘူး။ မြင်လွယ်တဲ့ ဥပမာပေးပါမယ်။

ဘောက်ဆင်သမိုင်းမှာ Mayweather နဲ့ Pacquiao တွဲဆိုင်းက PPV စံချိန်တင်ရောင်းရတယ်။ (၄.၆) သန်းလို့ သိရပါတယ်။ MMA သမိုင်းမှာ Conor McGregor နဲ့ Khabib Nurmagomedov တွဲဆိုင်းလည်း PPV စံချိန်တင်ရောင်းရတာပါပဲ။ (၂.၄) သန်းပါ။ ကိန်းဂဏန်းကို ကြည့်လိုက်ရင် ဘောက်ဆင်က ပိုများတယ်ဆိုပေမယ့် (၂) ဆအထိ မကွာပါဘူး။ ထိုးကြေးကျတော့ ဘာလို့အဆပေါင်းများစွာ ကွာသွားတာလဲ။

Conor McGregor နဲ့ Khabib Nurmagomedov တို့ရဲ့ထိုးကြေးပေါင်းလိုက်ရင်တောင် Pacquiao ရဲ့ တစ်ဝက်တောင် မရဘူးလေ။ အဲဒါကို ပြောချင်တာပါ။ လက်ရှိအချိန်မှာ PPV စျေးနှုန်းကို တွက်ကြည့်ရင်လည်း UFC PPV Price က ဒေါ်လာ (၉၉.၉၉) ဖြစ်ပြီး Usyk နဲ့ Dubois တို့ရဲ့ PPV Price က ဒေါ်လာ (၅၉.၉၉) ဖြစ်ပါတယ်။ UFC PPV Price ကတောင် စျေးပိုကြီးသေးတယ်။

ထိုးကြေးကိစ္စကို အရင်ပြောမယ်။ UFC အဖွဲ့အစည်းက ကစားသမားကို Base Salary ပေးထားတယ်။ ပြီးမှ Win Bonus နဲ့ Performance Bonus တွေ လာတယ်။ အပိုဆုကြေးတွေ အကြောင်းကို စိတ်ဝင်စားရင် ဒီမှာ bit.ly/3zeMbTx ဖတ်ပါ။ နောက်ဆုံးမှ PPV ဝင်ငွေလာမယ်။ UFC PPV Event (နံပါတ်ပါတဲ့ ပြိုင်ပွဲ)မှာ ခေါင်ပွဲထိုးရတဲ့ နာမည်ကြီးဖိုက်တာတွေပဲ PPV ဝင်ငွေ ရလေ့ရှိတယ်။ UFC Fight Night နဲ့ UFC on ESPN ပြိုင်ပွဲမှာ ထိုးရရင် PPV ဝင်ငွေမရဘူး။

UFC 229 ပြိုင်ပွဲကိုပဲ ဥပမာပေးပါမယ်။ Conor McGregor ရဲ့ Base Salary က ဒေါ်လာ (၃) သန်းဖြစ်ပြီး Khabib Nurmagomedov က ဒေါ်လာ (၂) သန်း။ နီဗားဒါးပြည်နယ် အားကစားကော်မရှင်ရဲ့ အစီရင်ခံစာကို ပြန်ဖတ်ရရင် ရုံဝင်ကြေးက ဒေါ်လာ (၁၇) သန်းရတယ်။ PPV ရောင်းအားက (၂.၄) သန်းရှိတယ်။ အဲဒီအချိန်တုန်းက PPV ဈေးနှုန်းဟာ (၆၄.၉၉) ဒေါ်လာပဲ ရှိပါသေးတယ်။ တွက်ကြည့်ရင် PPV ဝင်ငွေက ဒေါ်လာ (၁၅၆) သန်း ဖြစ်သွားပါတယ်။ တခြားဝင်ငွေတွေ မတွက်ချက်ဘဲ ရုံဝင်ကြေးနဲ့ PPV ဝင်ငွေ​ပဲ ပေါင်းလိုက်ရင် UFC 229 ပြိုင်ပွဲမှာ စုစုပေါင်းဝင်ငွေက ဒေါ်လာ (၁၇၃) သန်းပါ။

Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ UFC 229 ပြိုင်ပွဲမှာ Conor McGregor က ဒေါ်လာ (၃၂) သန်းရတယ်။ Khabib Nurmagomedov က ဒေါ်လာ (၆) သန်းတဲ့။ ရှေ့ထွက်ပွဲမှာ ထိုးသတ်ရတဲ့ ကစားသမား (၂၂) ယောက်ကို ပေးရတဲ့ စုစုပေါင်းထိုးကြေးက ဒေါ်လာ (၁.၆) သန်းပါ။ အဲဒီလိုဆိုရင် ကစားသမားတွေကို ရှင်းပေးရတဲ့ စုစုပေါင်းငွေကြေးက ဒေါ်လာ (၃၉.၉) သန်းပဲ ရှိပါတယ်။ UFC အဖွဲ့အစည်းက အနည်းဆုံး ဒေါ်လာ (၁၃၃.၁) သန်း မြတ်သွားတယ်။ UFC 229 ပြိုင်ပွဲကိုပဲ ဘောက်ဆင်ရဲ့ ငွေကြေးခွဲခြမ်းပုံအတိုင်း ပြန်တွက်ပြမယ်။ ဒါမှလည်း မြင်လွယ်မှာပါ။

ဘောက်ဆင်ဆိုရင် ပွဲစီစဉ်သူက စုစုပေါင်းဝင်ငွေရဲ့ (၂၅) ရာခိုင်နှုန်းကို ရပါတယ်။ UFC အဖွဲ့အစည်းက ပွဲစီစဉ်သူဖြစ်တဲ့အတွက် စုစုပေါင်းဝင်ငွေရဲ့ (၂၅) ရာခိုင်နှုန်းကို ယူရပါမယ်။ စုစုပေါင်းဝင်ငွေ ဒေါ်လာ (၁၇၃) သန်းမှာ UFC အဖွဲ့အစည်းက ဒေါ်လာ (၄၃.၂၅) သန်း ရမယ်။ အဲဒီပိုက်ဆံနဲ့ပဲ ရှေ့ထွက်ပွဲ ကစားသမား (၂၂) ယောက်ရဲ့စုစုပေါင်းထိုးကြေး ဒေါ်လာ (၁.၆) သန်းနဲ့ ခေါင်ပွဲကစားသမားတွေရဲ့ Base Salary ဒေါ်လာ (၅) သန်းကို ရှင်းပေးရုံပါပဲ။ UFC အဖွဲ့အစည်းက ဒေါ်လာ (၃၆.၆၅) သန်း မြတ်ပါမယ်။

ခေါင်ပွဲသမားတွေဟာ စုစုပေါင်းဝင်ငွေရဲ့ (၇၅) ရာခိုင်နှုန်းကို ခွဲယူရပါမယ်။ Conor McGregor က (၆၀) ရာခိုင်နှုန်းနဲ့ Khabib Nurmagomedov က (၄၀) ရာခိုင်နှုန်း ထားလိုက်ပါဦး။ အဲဒီလိုဆိုရင် Conor McGregor ရဲ့ ဝင်ငွေက ဒေါ်လာ (၇၇.၈၅) သန်း။ Khabib Nurmagomedov က ဒေါ်လာ (၅၁.၉) သန်း။ Base Salary ပေါင်းလိုက်ရင် Conor McGregor ရဲ့ စုစုပေါင်းဝင်ငွေက ဒေါ်လာ (၈၀.၈၅) သန်းဖြစ်ပြီး Khabib Nurmagomedov က ဒေါ်လာ (၅၃.၉) သန်း ရပါမယ်။

တကယ်တမ်းတော့ Conor McGregor က ဒေါ်လာ (၃၂) သန်းရပြီး Khabib Nurmagomedov က ဒေါ်လာ (၆) သန်းပဲ ရတယ်။ ဘောက်ဆင်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းဆိုရင် (၃၆.၆၅) သန်းပဲ ရနိုင်မယ့် UFC အဖွဲ့အစည်းက ဒေါ်လာ (၁၃၃.၁) သန်းရသွားပါတယ်။ အဓိကကွာခြားချက်က ပရိသတ်အင်အားဆိုတာထက် ငွေကြေးခွဲခြမ်းပုံပါ။

ဘောက်ဆင်မှာက ပွဲစီစဉ်သူကို စုစုပေါင်းဝင်ငွေရဲ့ (၂၅) ရာခိုင်နှုန်းပေးလိုက်တယ်။ ကျန်တဲ့ဝင်ငွေကို ခေါင်ပွဲဖိုက်တာတွေက (၅၀/၅၀) ဒါမှမဟုတ် (၆၀/၄၀) ရာခိုင်နှုန်းအလိုက် ခွဲယူမယ်။ အဲဒီလိုသွားတာပါ။ UFC အဖွဲ့အစည်းက ဒီလိုမဟုတ်ဘူးလေ။ ကစားသမားတွေကို အခြေခံထိုးကြေးပေးထားတယ်။ PPV Amount ထဲက အနည်းငယ်ကိုပဲ ခွဲပေးလိုက်တာပါ။ ပရိသတ်အင်အားက (၁၀) ဆမကွာပေမယ့် ထိုးကြေးက (၁၀) ဆလောက်ကွာသွားတာပါပဲ။ အခုဆောင်းပါးမှာ ငွေကြေးသုံးသပ်ချက်ကို ဖော်ပြသွားလို့ တိုက်ခိုက်ရေးအကြောင်းကိုပဲ နားမလည်တာရှိရင် မေးခဲ့လို့ရပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်း‌ပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။

Reference Source – UFC ၊ Bleacher Report ၊ ESPN
Photo Credit – Getty Images ၊ Digging Sports
ကျော်စိုးအောင် (Myanmar Fight Edition)

Max Holloway နဲ့ Dustin Poirier ပွဲကြိုသုံးသပ်ချက်Dustin Poirier က နောက်ဆုံးပွဲဆိုတော့ The Last Dance လို့ ကြွေးကြော်ထား...
19/07/2025

Max Holloway နဲ့ Dustin Poirier ပွဲကြိုသုံးသပ်ချက်

Dustin Poirier က နောက်ဆုံးပွဲဆိုတော့ The Last Dance လို့ ကြွေးကြော်ထားတယ်။ Max Holloway ကလည်း လာထား အာဘွားပဲ။ ဂန္တဝင်ဖိုက်တာတွေက သံဇကာထဲမှာ အပြိုင်အဆိုင်ပွဲကြမ်းကြလိမ့်မယ်။ လူဝီစီယားနားပြည်နယ် နယူးအော်လီယန်းမြို့မှာ ကျင်းပမှာဆိုတော့ Dustin Poirier က နယ်ခံဖြစ်နေတယ်။ ပရိသတ်တွေက ကိုယ့်နယ်သားကို အားပေးကြတာ ထုံးစံပဲမလား။

ရုပ်ပိုင်းဆိုင်ရာ အချက်အလက်ကို အနည်းငယ်ပဲ ပြောပါမယ်။ Max Holloway က အရပ် (၂) လက်မပိုရှည်ပြီး Dustin Poirier က လက်တံ (၃) လက်မသာတယ်။ Dustin Poirier က ပါဝါအနည်းငယ်သာတယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် Max Holloway က ပိုမြန်ပါတယ်။ အရင်ပွဲတွေထက် ပိုထွားလာတယ်။

အသက်ကွာဟချက်ကို ပြောရဦးမယ်။ Dustin Poirier က Max Holloway ထက် (၃) နှစ်ပိုကြီးတယ်။ မြင်လွယ်တဲ့ ဥပမာပေးပါမယ်။ အသက် (၂၃) အရွယ်ဖိုက်တာနဲ့ အသက် (၂၀) ဖိုက်တာက အသက်ကွာဟချက် မသိသာဘူး။ (၂၃) အရွယ်ဖိုက်တာက (၃) နှစ်ပိုကြီးပေမယ့် အတွေ့အကြုံသာနေလို့ ပိုကောင်းတယ်လို့တောင် ဆိုနိုင်သေးတယ်။

အသက် (၂၆) အရွယ်ဖိုက်တာနဲ့ အသက် (၂၉) ဖိုက်တာက အသက်ကွာဟချက် မသိသာဘူး။ လူငယ်တုန်းမှာ အသက်ကွာဟချက်က မသိသာဘူးလို့ ဆိုချင်တာပါ။ အင်း . . . အသက် (၃၃) အရွယ်ဖိုက်တာနဲ့ အသက် (၃၆) ဖိုက်တာက အသက်ကွာဟချက်သိသာလိမ့်မယ်။ ဝိတ်တန်းငယ်မှာ (၃၅) နှစ်ကျော်ရင် ရုပ်ပိုင်းဆိုင်ရာကျလာလို့ပါ။ ပြောရရင် Dustin Poirier က အသက်ထောက်နေပါပြီ။

အရင်ပွဲတွေမှာ Dustin Poirier က သိပ်လုပ်မပြနိုင်တော့ဘူး။ ပြိုင်ဘက်ရဲ့ အားသာချက်ကို ရှိန်နေပြီး ကိုယ့်အားသာချက်ကို မေ့နေတတ်တယ်။ ဒီအပိုင်းမှာ Max Holloway က သာပြန်ရော။ ပြိုင်ဘက်ကို သိပ်ထည့်မတွက်ဘူး။ စိတ်ပိုင်းဆိုင်ရာ အားသာချက်ကို ပြောရဦးမယ်။ Dustin Poirier က ဆက်နိုင်ထားတာပါ။ Max Holloway ကို ငယ်နိုင်လို့ သဘောထားလောက်တယ်။

Max Holloway က အမြန်နှုန်းအားပြုပြီး ခပ်မြန်မြန်ကစားလိမ့်မယ်။ Dustin Poirier က ဘောင်းဘီလေးမပြီး ဘယ်ဝိုက်အပိုင်စောင့်မှာပါ။ အခြေအနေမကောင်းရင် ဝင်လုံးဖို့များတယ်။ Grappling Skill ပိုကောင်းတာကိုး။ Max Holloway လည်း Takedown Defense ကောင်းတာမို့ လုပ်ချင်တိုင်းလုပ်မရပါဘူး။

BMF Title History ကို ကြည့်လိုက်ရင် ဘယ်တွဲဆိုင်းကိုမှ အမှတ်ပေးဆုံးဖြတ်ရလေ့မရှိဘူး။ အခုပွဲလည်း ပွဲချိန်ပြည့်ထိုးရမယ်လို့ မထင်ပါဘူး။ ပွဲကြိုသုံးသပ်ချက်ရဲ့ ထုံးစံအတိုင်း တစ်ယောက်ကိုပဲ ရွေးရမှာဆိုတော့ ရွေးရုံပေါ့လေ။ ဒါကလည်း ဖြစ်တန်စွမ်းများတာကိုပဲ ရွေးရတာပါ။ Max Holloway ကိုပဲ ပိုကြိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်း‌ပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။

Reference Source - ESPN
Photo Credit - Dosbrak
ကျော်စိုးအောင် (Myanmar Fight Edition)

မနက်ဖြန်မှာ ကစားကြမယ့် နာမည်ကြီးဘောက်ဆင်ပွဲတွေနဲ့ UFC 318 ပြိုင်ပွဲလင့်ခ်တွေကို Telegram မှာ တင်ပေးထားပါတယ်။MFE Channel ...
18/07/2025

မနက်ဖြန်မှာ ကစားကြမယ့် နာမည်ကြီးဘောက်ဆင်ပွဲတွေနဲ့ UFC 318 ပြိုင်ပွဲလင့်ခ်တွေကို Telegram မှာ တင်ပေးထားပါတယ်။

MFE Channel on Telegram - t.me/MyanmarFightEdition

Oleksandr Usyk နဲ့ Daniel Dubois တို့က စုစုပေါင်းထိုးကြေး ပေါင် (၁၅၀) သန်းကို ခွဲယူရပါမယ်။ Oleksandr Usyk က (၆၅) ရာခိုင်...
18/07/2025

Oleksandr Usyk နဲ့ Daniel Dubois တို့က စုစုပေါင်းထိုးကြေး ပေါင် (၁၅၀) သန်းကို ခွဲယူရပါမယ်။ Oleksandr Usyk က (၆၅) ရာခိုင်နှုန်းရပြီး Daniel Dubois က (၃၅) ရာခိုင်နှုန်းပါ။ Daniel Dubois က ပေါင် (၅၂.၅) သန်းဖြစ်ပြီး Oleksandr Usyk က ပေါင် (၉၇.၅) သန်းဖြစ်ပါတယ်။

စတာလင်ပေါင်ကို တွက်ပြထားတာပါ။ ဒေါ်လာနှုန်းအတိုင်း တွက်ကြည့်ရင် ကိန်းဂဏန်းက ပိုကြီးလာပါမယ်။ ကစားသမားတွေအတွက် ကြေးစားဘဝမှာ အမြင့်ဆုံးရဖူးတဲ့ ထိုးကြေးဖြစ်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Manny Pacquiao က (၄၆) နှစ်တောင် ရှိနေပါပြီ။ ပွဲနားထားတာ (၄) နှစ်လောက်ရှိပြီ။ နောက်ဆုံးပွဲမှာ စွမ်းဆောင်ရည်မကောင်းဘူး။ နိ...
18/07/2025

Manny Pacquiao က (၄၆) နှစ်တောင် ရှိနေပါပြီ။ ပွဲနားထားတာ (၄) နှစ်လောက်ရှိပြီ။ နောက်ဆုံးပွဲမှာ စွမ်းဆောင်ရည်မကောင်းဘူး။ နိုင်တာရှုံးတာထက် Footwork တွေက မသွက်တာပါ။ အသက်အရွယ်ကြောင့် ခြေထောက်က အရင်လောက် မသွက်တော့ဘူးလို့ သူကိုယ်တိုင်ဝန်ခံထားဖူးတယ်။

ကိုယ်နားမလည်တဲ့ ပတ်ဝန်းကျင်မှာဆိုရင် ကိုယ်က အဖြည့်ခံဖြစ်သွားတတ်တယ်။ Manny Pacquiao လည်း ဒီသဘောပဲ။ အားကစားမှာ သူမတူအောင် အောင်မြင်တယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုပြီး နိုင်ငံရေးသွားလုပ်တယ်။ အရင်တည်းကလည်း လွှတ်တော်အမတ်ဖြစ်ဖူးပေမယ့် အခုဟာက သမ္မတဖြစ်ချင်တာတဲ့။ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်ရှုံးတယ်။

နားရင်လည်း အပြီးနားတာက ပိုကောင်းတယ်။ ငွေရှာချင်ရင်လည်း သရုပ်ပြပွဲထိုးလို့ရပါတယ်။ အခုတော့ Manny Pacquiao က ဘောက်ဆင်ပြန်ထိုးမယ်တဲ့။ ဝိတ်တန်း (၈) ခုချန်ပီယံဟောင်းဆိုတဲ့ ဂုဏ်ပုဒ်ရယ် ကျော်ကြားတဲ့ ပုံရိပ်ရယ်ကြောင့် ချန်ပီယံလုပွဲတောင် တိုက်ရိုက်ထိုးခွင့်ရလာတယ်။ Mario Barrios က WBC Welterweight Champion ဖြစ်ပါတယ်။ အသက်က (၃၀) ပဲရှိပါသေးတယ်။

လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကဆိုရင် Manny Pacquiao က Mario Barrios ကို အစိမ်းလိုက်ဝါးစားလို့ရတယ်။ အခုချိန်မှာ အခြေအနေကွာသွားပြီ။ Mario Barrios က တကယ့်တက်လူပါ။ တက်တုန်းပဲ ရှိသေးတယ်။ Manny Pacquiao က မီးစာကုန် ဆီခန်းနေပါပြီ။ ဆေးလိပ်လည်း တို၊ နေလည်း ညိုပြီမို့ ရလဒ်ကောင်းမယ်မထင်ဘူး။ မထင်မှတ်တာတွေ လုပ်ပြနိုင်ရင်လည်း လက်ခုပ်တီးရပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်း‌ပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။

Reference Source - ESPN
Photo Credit - Manny Pacquiao
ကျော်စိုးအောင် (Myanmar Fight Edition)

Max Holloway က ကြားဖြတ်ချန်ပီယံ၊ အငြင်းပွားဖွယ်မရှိ ချန်ပီယံနဲ့ BMF Champion ဖြစ်ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားတဲ့။ ဘယ်သူမ...
18/07/2025

Max Holloway က ကြားဖြတ်ချန်ပီယံ၊ အငြင်းပွားဖွယ်မရှိ ချန်ပီယံနဲ့ BMF Champion ဖြစ်ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားတဲ့။ ဘယ်သူမှ သူလိုမဖြစ်ဖူးဘူးတဲ့။ မြင်လွယ်အောင်ပြောရရင် UFC အဖွဲ့အစည်းက ချီးမြှင့်တဲ့ ချန်ပီယံဘွဲ့တွေ အကုန်ရဖူးတယ်ပေါ့လေ။

ဟုတ်တော့လည်း ဟုတ်တယ်။ Max Holloway က Anthony Pettis ကို အလဲထိုးပြီး ဖယ်သာဝိတ်ကြားဖြတ်ချန်ပီယံဖြစ်လာတာပါ။ Anthony Pettis ဆိုတာက လိုက်ဝိတ်ချန်ပီယံဟောင်းပါ။ ဝိတ်ချပြီး ဖယ်သာဝိတ်တန်းကို ဆင်းထိုးတယ်။ ဒါပေမယ့် ဝိတ်ချတာ ပုံမလာဘူး။ ဝိတ်ပိုနေလို့ တိုင်ပတ်သွားတယ်။ ပွဲအတွင်းမှာလည်း လန်းလန်းဆန်းဆန်းမရှိဘူး။ Max Holloway က အလဲထိုးလိုက်တာပဲ။

အဲဒီအချိန်မှာ Jose Aldo က ဖယ်သာဝိတ်ချန်ပီယံဖြစ်ပါတယ်။ Jose Aldo နဲ့ Max Holloway တို့က ခါးပတ်ပေါင်းစည်းပွဲကစားရတယ်။ Jose Aldo က ကျနေပါပြီ။ Max Holloway က Jose Aldo ကို အလဲထိုးပြီး အငြင်းပွားဖယ်မရှိ ဖယ်သာဝိတ်ချန်ပီယံဖြစ်လာတယ်။ မကျေပွဲချက်ချင်းတည်ပေးပေမယ့် Jose Aldo က မနိုင်တော့ဘူး။ ဟိုးအရင်တည်းက ဖြစ်ရပ်တွေမို့ စာဖတ်သူတွေကို ပြန်နွှေးပေးတာပါ။

ဒီအကြောင်းအရာက စာဖတ်သူတွေ သိကြမယ်။ Justin Gaethje က Dustin Poirier ကို အမှောက်သိပ်ပြီး BMF Champion ဖြစ်လာတယ်။ ချန်ပီယံကာကွယ်ပွဲမှာ Justin Gaethje နဲ့ Max Holloway တို့က ဆုံကြပြန်တယ်။ ဒီပွဲကိုတော့ အားလုံးကြည့်ဖူးလောက်မယ်။ အမြန်နှုန်းကွာဟချက်က သိသာတယ်။ နောက်ဆုံးအချီ နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်မှာ Max Holloway က Justin Gaethje ကို အလဲထိုးပြီး BMF Champion ဖြစ်လာတယ်။

အဲဒါကြောင့်မို့ Max Holloway က ကြားဖြတ်ချန်ပီယံ၊ အငြင်းပွားဖွယ်မရှိ ချန်ပီယံနဲ့ BMF Champion ဖြစ်ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားလို့ စံချိန်တင်သွားတာပါ။ ပုံကိုလည်း ကြည့်လိုက်ပါဦး။ ဆရာသမားက ခါးပတ်အဟောင်းရော ခါးပတ်အသစ် (လက်ရှိဒီဇိုင်း) ရော ရဖူးတာပါ။ ဒါကလည်း ကြံဖန်ဂုဏ်ယူလို့ရပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်း‌ပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။

Reference Source - ESPN
Photo Credit - MMA India Show
ကျော်စိုးအောင် (Myanmar Fight Edition)

အခုနောက်ပိုင်းမှာ Paulo Costa က ဘာကိုမှ အလေးအနက်မထားဘူး။ UFC အဖွဲ့အစည်းကိုလည်း ဂရုမစိုက်သလို ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖို...
17/07/2025

အခုနောက်ပိုင်းမှာ Paulo Costa က ဘာကိုမှ အလေးအနက်မထားဘူး။ UFC အဖွဲ့အစည်းကိုလည်း ဂရုမစိုက်သလို ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးမထားတော့ဘူး။ အရင်တုန်းက အဲလိုမဟုတ်ဘူး။ ကစားသမားကောင်းပီသတယ်။ တလွဲတွေလုပ်နေတာ (၅) နှစ်ပြည့်တော့မယ်။ တိတိကျကျပြောရရင် ကြေးစားဘဝမှာ ပထမဆုံးရှုံးပြီးတည်းကပဲ။

အားကစားလောကမှာ အရှုံးနဲ့ အနိုင်က ဒွန်တွဲနေတာပဲ။ မနိုင်ရင် ရှုံးမယ်၊ မရှုံးရင် နိုင်မယ်။ ရှင်းရှင်းလေး။ Paulo Costa က Israel Adesanya ကိုရှုံးပြီး ခံ​ယူချက်တွေ မကောင်းတော့ဘူး။ ဘယ်တုန်းက စလွဲလဲဆိုရင် UFC Fight Night 196 ပြိုင်ပွဲမှာပဲ။ Paulo Costa နဲ့ Marvin Vettori တို့ရဲ့ မစ်ဒယ်ဝိတ်တွဲဆိုင်းက ခေါင်ပွဲပါ။

ချန်ပီယံလုပွဲမဟုတ်လို့ မစ်ဒယ်ဝိတ်တွဲဆိုင်းက (၁၈၆) ပေါင်ရရင် ဝိတ်ရတယ်။ ပွဲထိုးဖို့ (၂) ရက်ပဲ လိုတော့တယ်။ Paulo Costa က (၂၁၁) ပေါင်ဖြစ်နေတယ်။ သတ်မှတ်ဝိတ်ထက် (၂၅) ပေါင်ပိုနေတယ်။ Marvin Vettori က ပွဲပျက်မှာကြောက်နေတယ်။ ပွဲပျက်ရင် ထိုးကြေးမရဘူး။ (၁၉၅) ပေါင်မှာ ကစားကြမလားလို့ ညှိနှိုင်းလိုက်တယ်။

(၁၉၅) ပေါင်မှာလည်း Paulo Costa က အဆင်မပြေဘူး။ ဒါဆိုရင် (၂၀၀) ပေါင်မှာပဲ ထိုးကြမယ်ကွာတဲ့။ Marvin Vettori က ထပ်ညှိရတယ်။ ဒါလည်း မပြေဘူးတဲ့။ နောက်ဆုံးမှာ လိုက်ဟဲဗီးဝိတ် (၂၀၅) ပေါင်တန်းမှာ ကစားဖြစ်တယ်။ ကြေညာထားတုန်းက မစ်ဒယ်ဝိတ်။ ကစားတာက လိုက်ဟဲဗီးဝိတ်။ Paulo Costa က ထိုးကြေး (၂၀) ရာခိုင်နှုန်းအထိ Marvin Vettori ကို လျော်ရတယ်။

တကယ်ဆိုရင် Paulo Costa က ပွဲချောင်လွန်းပါတယ်။ နောက်ဆုံးပွဲမှာ ရှုံးပွဲဆက်နေတဲ့ Luke Rockhold ကို တွေ့ရတာပါ။ ဒါတောင်မှ နည်းစနစ်ပိုင်းမှာ Paulo Costa အားနည်းသေးတယ်။ Luke Rockhold က အကျပိုင်းရောက်ပြီး သက်လုံကျလို့သာ နိုင်ခဲ့ရတာပါ။ အခွင့်အရေးရပေမယ့် ပွဲမဖြတ်နိုင်ခဲ့ဘူး။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက UFC 284 ပြိုင်ပွဲမှာ Paulo Costa နဲ့ Robert Whittaker တို့ကို ပွဲတည်ထားတယ်။ ကစားသမားတွေက နှုတ်ကတိသဘောတူထားတယ်။ UFC အဖွဲ့အစည်းက ကစားသမားတွေကို ပွဲစာချုပ်ပို့ထားတယ်။

Paulo Costa ကလည်း ပွဲစာချုပ်ရပြီ။ ဒါပေမယ့် လက်မှတ်မထိုးရသေးဘူး။ လက်မှတ်ထိုးပြီးမှသာ UFC အဖွဲ့အစည်းကို စာချုပ်ပြန်ပို့ရမှာပါ။ အဲဒီအချိန်မှာ UFC အဖွဲ့အစည်းက ဝီရိယလွန်ပြီး ပိုစတာကို လူမှုကွန်ရက်မှာ တရားဝင်ကြေညာတယ်။ Paulo Costa က လက်မှတ်မထိုးရသေးဘူးဆိုပြီး ပွဲဖျက်လိုက်တယ်။ ထိုးကြေးအလိုမကျလို့ လက်မှတ်မထိုးတာပါ။ UFC အဖွဲ့အစည်းလည်း ဘာမှမတတ်နိုင်ဘူး။ Dana White အရှက်ကွဲတာပဲ အဖတ်တင်တယ်။

၂၀၂၃ ခုနှစ် မတ်လပိုင်းမှာ UFC အဖွဲ့အစည်းက Paulo Costa ကို စာချုပ်သစ်ချုပ်ပြီး ထိုးကြေးတိုးပေးလိုက်တယ်။ ထိုးကြေးက ဒေါ်လာ (၁) သန်းဖြစ်သွားတာပါ။ ချန်ပီယံမဟုတ်ပေမယ့် ချန်ပီယံထိုးကြေးပေးထားတယ်။ ထိုးကြေးအမြင့်ဆုံး ဘရာဇီးကစားသမားလည်းဖြစ်လာတယ်။ စူပါစတား Charles Oliveira ထက်တောင် ထိုးကြေးမြင့်သေးတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ကျင်းပတဲ့ UFC 294 ပြိုင်ပွဲမှာ Paulo Costa နဲ့ Khamzat Chimaev ကို တည်ပေးပြီး တွဲဆိုင်းကို Title Eliminator လို့ သတ်မှတ်ထားတာပါ။ Khamzat Chimaev ကိုနိုင်ခဲ့ရင် Paulo Costa က ခါးပတ်လုခွင့်ရမှာဖြစ်ပေမယ့် နှုတ်ထွက်ပြန်တယ်။ ဒီတစ်ခါနှုတ်ထွက်တာလည်း တလွဲလုပ်တာပဲ။ ဖြစ်ပုံက ဒီလို။

Paulo Costa က တံတောင်ဆစ်ခွဲစိတ်ထားတယ်။ ခွဲစိတ်မှုက အောင်မြင်ပါတယ်။ အနာကို သန့်သန့်ရှင်းရှင်း မထားဘူး။ ညစ်တီးညစ်ပတ်နေတာလည်းပါတယ်။ အနာထဲမှာ ပိုးဝင်ပြီး ပြည်တည်လာတယ်။ အနာပေါက်က အခေါင်းဖြစ်နေတာပါ။ ပိုးဝင်ပြီး အနားရင်းလာတယ်။ ဒါမျိုးကြီးကို ဆရာဝန်က ဘယ်ခွင့်ပြုပါ့မလဲ။ ပွဲပျက်တာပဲ။ ထိုးကြေးလည်း လိုသလောက်ရနေတာကို အနေအထိုင်မဆင်ခြင်လို့ ပွဲပျက်ရတာပါ။

ကြိုးစားရင် Paulo Costa က ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် Body Kick တွေ ရှယ်ကောင်းတယ်။ လက်သီးပါဝါလည်းကြီးတယ်။ မစ်ဒယ်ဝိတ်တန်းမှာ အလုံးအထည်ကြီးတယ်။ ဒါပေမယ့် လိုက်ဟဲဗီးဝိတ်တန်းကိုလည်း တက်ဖို့မပြေဘူး။ လက်တံတိုလွန်းတယ်။ အဲဒီနောက်မှာ ဗလကြီး Paulo Costa က Robert Whittaker နဲ့ Sean Strickland တို့ကို ဆက်ရှုံးပါတယ်။

UFC Middleweight Ranking မှာ Paulo Costa က အဆင့် (၁၃) ဖြစ်ပါတယ်။ နောက်ဆုံး (၅) ပွဲမှာ (၄) ပွဲရှုံးပေမယ့် အဆင့် (၁၃) ရထားတာ မဆိုးသေးဘူးလို့ပဲ ပြောရမယ်။ တနင်္ဂနွေနေ့မှာ Paulo Costa နဲ့ Roman Kopylov တို့ကို တည်ပေးထားတယ်။ ဒီတစ်ခါတော့ ဗရုတ်သုတ်ခမလုပ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ အရွယ်ရှိတုန်းမှာ ပွဲထိုးရမှာမဟုတ်လား။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်း‌ပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။

Reference Source - ESPN
Photo Credit - Paulo Costa
ကျော်စိုးအောင် (Myanmar Fight Edition)

ဒီလောက်တောင် ပွဲရက်တိုက်ရသလားမဟုတ်ချင်ဘူး၊ ဒီလောက်တောင် ပွဲရက်တိုက်လွန်းတယ်။ အမေရိကန်စံတော်ချိန်က ဇူလိုင်လ (၁၉) ရက်ဆိုပေ...
17/07/2025

ဒီလောက်တောင် ပွဲရက်တိုက်ရသလား

မဟုတ်ချင်ဘူး၊ ဒီလောက်တောင် ပွဲရက်တိုက်လွန်းတယ်။ အမေရိကန်စံတော်ချိန်က ဇူလိုင်လ (၁၉) ရက်ဆိုပေမယ့် မြန်မာနိုင်ငံမှာ ဇူလိုင်လ (၂၀) ရက်ဖြစ်မယ်။ UFC 318 ပြိုင်ပွဲမှာ Dustin Poirier နဲ့ Max Holloway တို့ကို ခေါင်ပွဲပေးထားတယ်။ အဲဒါက ဇူလိုင်လ (၂၀) ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် (၁၁) နာရီ (၂၅) မိနစ်လောက်ဖြစ်လိမ့်မယ်။ ခန့်မှန်းချိန်ကို ပြောတာပါ။

Oleksandr Usyk နဲ့ Daniel Dubois တို့က ယူကေနိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ ဝင်ဘာလေဘောလုံးကွင်းကြီးထဲမှာ မကျေပွဲထိုးကြလိမ့်မယ်။ လန်ဒန်စံတော်ချိန်အတိုင်း ကျင်းပမှာဆိုတော့ ဘောက်ဆင်ပွဲက ဇူလိုင်လ (၂၀) ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် (၄) နာရီလောက်မှာ ကစားပါမယ်။ နည်းနည်းစောတယ်နော်။

Manny Pacquiao နဲ့ Mario Barrios တို့က ဝယ်တာဝိတ်ချန်ပီယံလုကြမယ်တဲ့။ အမေရိကန်စံတော်ချိန်အတိုင်း ပွဲကြမ်းကြမှာဆိုတော့ UFC 318 ပြိုင်ပွဲအတိုင်းပဲ ဖြစ်နေလိမ့်မယ်။ ဘောက်ဆင်ပွဲတွေက သံဇကာပွဲထက် စောတတ်တာမို့ ဇူလိုင်လ (၂၀) ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မနက် (၁၁) နာရီလောက်မှာ ဖြစ်ဖို့များတယ်။

ကျွန်တော်က Oleksandr Usyk နဲ့ Daniel Dubois တွဲဆိုင်းကို စိတ်အဝင်စားဆုံးပဲ။ ပထမပွဲထက် ပြတ်သားတဲ့ ရလဒ်ထွက်လာလိမ့်မယ်။​ Dustin Poirier နဲ့ Max Holloway တို့လည်း ကြည့်ကောင်းမှာပါပဲ။ ဒါပေမယ့် Manny Pacquiao နဲ့ Mario Barrios တို့ကို စာမလိပ် စိတ်မလာပါဘူး။ 'မသွားမီက ရောက်နှင့်သည်' ဆိုသလို 'မထိုးမီက သိနှင့်သည်' လို့တောင် ဖြစ်နေတယ်။ ကစားသမားက အာရုံထွေပြားနေရင် ရလဒ်မကောင်းနိုင်ပါဘူး။

ဒါက ကျွန်တော့်အမြင်ကို ပြောတာပါ။ အကုန်လုံးက ပွဲကောင်းတွေချည်းပါပဲ။ ဒီလောက်ရက်တိုက်နေတာ အံ့သြမိတယ်။ ကိုယ်ကြိုက်တဲ့ပွဲကို ကိုယ်ကြည့်ကြပေါ့လေ။ အကုန်လုံးကြည့်နိုင်ရင်လည်း ကောင်းတာပါပဲ။ ဒါပေမယ့် သိပ်တော့ မလွယ်ဘူး။ ဘယ်တွဲဆိုင်းကို အကြိုက်ဆုံးလဲ ပြောကြပါဦး။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

Pieces Sport ဆိုတာက ဘောလုံးနဲ့ အားကစားပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍတွေ တင်ဆက်ပေးနေတဲ့ နည်းပညာမြင့် Application ဖြစ်ပါတယ်။ ဉာဏ်စမ်းမေးခွန်း‌ပါပြီး ခန့်မှန်းပြိုင်ပွဲနိုင်ရင် ဆုငွေရတယ်။ Application ကို ဒီမှာ ps.piecesball.com ဒေါင်းလုဒ်လုပ်လို့ရပါတယ်။

Reference Source - The Ring
Photo Credit - PBC Boxing
ကျော်စိုးအောင် (Myanmar Fight Edition)

Address

Kamayut

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959780313367

Alerts

Be the first to know and let us send you an email when Myanmar Fight Edition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Fight Edition:

Share

စာဖတ်သူအတွက် ပန်ကြားလွှာ

ကျွန်တော်က ဘောက်ဆင်၊ MMA ၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်ရတာ အရသာတွေ့တယ်။ မြန်မာဘာသာနဲ့ ရေးထားတဲ့ Page တွေကို ရှာဖတ်ကြည့်တော့ အများစုက သတင်းရင်းမြစ် မခိုင်လုံတဲ့ အရေးအသားတွေ၊ ဝါကျဖွဲ့စည်းပုံနဲ့ သဒ္ဒါမမှန်တဲ့ စာကြောင်းတွေ၊ တစ်ဖက်ပိတ်အစွဲနဲ့ ဘက်လိုက်ရေးထားတဲ့ ဆောင်းပါးတွေအပြင် Clickbait ဆန်တဲ့ သတင်းခေါင်းစီးတွေပဲ တွေ့နေရတယ်။ သူများကို ဖောင်းထုတာ မဟုတ်ဘဲ ကိုယ်မကြိုက်တာကို ရင်ဖွင့်တဲ့သဘောပါ။ အနှစ်သာရရှိတဲ့ ဆောင်းပါးတွေကို ဇိမ်ယူပြီး ဖတ်ချင်တဲ့ ဝါသနာတူတွေအတွက် Myanmar Fight Edition ကို လုပ်ဖြစ်ခဲ့တာ။

ကစားသမားရဲ့အကြောင်းကို ရေးမယ်ဆိုရင် သူ ထိုးခဲ့တဲ့ပွဲတွေကို YouTube မှာ Download ဆွဲရတယ်။ အဲဒါက အနည်းဆုံး (၁၅,၀၀၀) ကျပ် ကုန်ပါတယ်။ ပြီးရင် မပျင်းမရိနဲ့ တစ်နေကုန် ထိုင်ကြည့်ရတယ်။ ပွဲစဉ်တိုင်းမှာ သုံးသပ်ချက်တွေ ထည့်ရေးရတယ်။ သူ့အကြောင်းတွေကို ရှာဖတ်ရတယ်၊ သူနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို YouTube မှာ လိုက်ကြည့်ရတယ်။ သတင်းရင်းမြစ် (၃၀) လောက်ကို ပေါင်းစုပြီး ရေးရတာ။ ညလုံးပေါက်ရော။ အဲဒီစာသားတွေထဲမှာ ခုနက ဗီဒီယိုကြည့်ပြီး ရေးထားတဲ့ ပွဲစဉ်သုံးသပ်ချက်တွေကို ပြန်ထည့်ရတယ်။ နားမလည်တဲ့ အကြောင်းအရာတွေကို သက်ဆိုင်ရာပညာရှင်တွေဆီမှာ ထပ်မေးရပါတယ်။

သုံးသပ်ချက်တွေ ဖတ်ပြီးတဲ့နောက်မှာ ဗီဒီယိုကြည့်ရအောင်လို့ YouTube နဲ့ လင့်ခ်ချိတ်ပေးလိုက်တယ်။ Facebook နဲ့ လင့်ခ်ချိတ်ပေးလိုက်ရင် ပိုလွယ်ပေမယ့် စာဖတ်သူတွေကို ကြည်လင်ပြတ်သားတဲ့ Full HD Resolution နဲ့ ကြည့်စေချင်လို့ပါ။ YouTube နဲ့ ဒီအတိုင်းချိတ်ပေးလိုက်ရင် လင့်ခ်တွေက ရှည်တော့ မျက်စိရှုပ်မှာစိုးလို့ Bitly နဲ့ လင့်ခ်ချုံ့လိုက်ပါတယ်။ ဆောင်းပါးနဲ့ ကိုက်ညီတဲ့ ပုံတွေကို ပြန်ရှာရတယ်။ စာဖတ်သူတွေ မျက်စိပသာဓဖြစ်အောင် ဓာတ်ပုံတွေကို Square Size နဲ့ ပြန်ပြင်ရပါတယ်။ နောက်ဆုံးမှာ စာလုံးပေါင်းသတ်ပုံကို အနည်းဆုံး (၅) ခေါက် ပြန်စစ်ပါတယ်။ ဆောင်းပါးမှာ Space ပိုနေရင်တောင် ကျွန်တော်က မကြိုက်ပါဘူး၊ အစအဆုံးပြန်ပြင်ပါတယ်။ စိတ်တိုင်းကျပြီဆိုမှ တင်လိုက်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ဖြစ်မြောက်ဖို့က မလွယ်ပါဘူးလို့ ဆိုလိုချင်တာပါ။ မျက်ရည်ချူပြတာ မဟုတ်သလို ကြွားလုံးထုတ်တာလည်း မဟုတ်ပါဘူး။ ကာယ၊ ဉာဏစိုက်ထုတ်အားတွေကို ထည့်မပြောသေးပါဘူး။ ဖုန်းဘေလ်တင် အနည်းဆုံး (၃၀,၀၀၀) ကျပ် ကုန်မှ ဆောင်းပါးဖြစ်လာပါတယ်။ ကစားသမားအကြောင်းကို ရေးမယ်ဆိုရင် သူတို့ပွဲတွေ ပြန်ကြည့်ရလို့ ကုန်တာပါ။ အလုပ်အဆင်ပြေနေရင် မသိသာဘူးပေါ့။ Coronavirus ကြောင့် ကျွန်တော်လည်း ဝင်ငွေလျော့လာတယ်။ ဖုန်းဘေလ်နဲ့ဆိုရင် ရေရှည်မရပ်တည်နိုင်ဘူးဆိုတာ နားလည်လာမှပဲ ဝိုင်ဖိုင်တပ်လိုက်ပါတယ်။ဆောင်းပါးတွေကို ကြိုက်တယ်လို့ Comment မှာ ရေးသွားရင် အားရှိသွားပါတယ်။ အပျော်တမ်းရေးတာဆိုတော့ အကျိုးအမြတ်ခံစားခွင့် မရှိပေမယ့် ပီတိဖြစ်တာ အမှန်ပါပဲ။

အခုလည်း Video Content လုပ်ချင်နေတာ၊ ကင်မရာက စျေးကြီးလို့ လက်တွန့်နေရတယ်။ Video Editing ကိုတော့ လေ့လာလိုက်ပါဦးမယ်။ ကင်မရာဝယ်နိုင်တဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင်လို့ပါ။ Myanmar Fight Edition မှာ ပြီးပြည့်စုံတဲ့ တင်ဆက်မှုမျိုးတွေကို မကြာခင်မှာ မြင်ရတော့မှာပါ။ ကျွန်တော့်ဘက်ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပိုကောင်းအောင် ကြိုးစားသွားပါ့မယ်။ စာဖတ်သူတွေရဲ့ အမြင်တွေကို သိရအောင် Comment တွေကို သေချာဖတ်ဖြစ်ပါတယ်။ ဘောက်ဆင်၊ MMA ၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ မြန်မာ့ရိုးရာလက်ဝှေ့ စတဲ့ Combat Sports ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို Message Box ဒါမှမဟုတ် Comment Box မှာ ရေးနိုင်ပါတယ်။ သာယာတဲ့ နေ့ရက်လေး ဖြစ်ပါစေ။