SarPhat - စာဖတ်

SarPhat - စာဖတ် ဆောင်းပါးရေးမယ်၊ ဖတ်မယ်၊ ဝင်ငွေတိုးလာမယ့် မြန်မာနိုင်ငံမှ ပထမဦးဆုံး Social Publishing Platform

တကယ့်ကို တန်ဖိုးကြီးတဲ့ ဆုံးရှုံးမှုကြီးပါပဲ...အသက် (၆၇) နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ စာရေးဆရာမောင်သာချို ကတော့ ကွယ်လွန်ချ...
10/07/2025

တကယ့်ကို တန်ဖိုးကြီးတဲ့ ဆုံးရှုံးမှုကြီးပါပဲ...

အသက် (၆၇) နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ စာရေးဆရာမောင်သာချို ကတော့ ကွယ်လွန်ချိန်မတိုင်ခင်လေးမှာတင် စာပေတွေကို ဆက်လက်ရေးသားနေခဲ့ပြီး သူ့ရဲ့စာအုပ်တွေထဲက "သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ" စာအုပ်ဟာဆိုရင် သမီးဖြစ်သူကိုရည်ရွယ်ပြီး ဆုံးမစကားတွေ ထည့်သွင်းရေးသားထားတဲ့၊ ဖတ်လို့ကောင်းတဲ့ စာအုပ်လေးလည်း ဖြစ်ပါတယ်။

မိသားစုနှင့်ထပ်တူ စိတ်နှလုံးညှိုးနွမ်းရသလို ဆရာ့ရဲ့ စာပေတွေကို အမြဲသတိရနေမှာပါ 💔

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#မောင်သာချို #ကွယ်လွန်

ဝါဆိုလပြည့် ရက်မြတ်အခါတော်နေ့လေးမှာ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း SarPhat မှ ဆုမွန်ကောင်းတောင်းလိုက်ပါ...
09/07/2025

ဝါဆိုလပြည့် ရက်မြတ်အခါတော်နေ့လေးမှာ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
SarPhat မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🙏

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့

"မနက်ဖြန်အတွက် ကျွန်ုပ်တို့ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်မှုကို ကန့်သတ်နိုင်တဲ့အရာဟာ ဒီနေ့ရဲ့ သံသယတွေပဲဖြစ်တယ်" - ဖရန်ကလင်...
30/06/2025

"မနက်ဖြန်အတွက် ကျွန်ုပ်တို့ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်မှုကို ကန့်သတ်နိုင်တဲ့အရာဟာ ဒီနေ့ရဲ့ သံသယတွေပဲဖြစ်တယ်" - ဖရန်ကလင် ဒီ ရုစဗဲ့

ယနေ့ ကိုယ့်စိတ်ထဲက မယုံကြည်မှုတွေဟာ မနက်ဖြန်အောင်မြင်မှုအတွက် တစ်ခုတည်းသော အဟန့်အတားဖြစ်တယ် ဆိုတဲ့ အချက်ကို အလေးအနက်ထားပြောထားတဲ့ မှတ်သားဖွယ်စာစုလေးပါ။

ကိုယ်လုပ်ချင်တဲ့ ကိစ္စတစ်ခု၊ ဝါသနာတစ်ခု၊ အိပ်မက်တစ်ခုကို စပြီးအကောင်အထည်ဖော်မယ်ဆိုရင် "ဖြစ်နိုင်ပါ့မလား"၊ "မဖြစ်လောက်ပါဘူး" ဆိုတဲ့ သံသယစိတ်််တွေရှိနေရင် မနက်ဖြန်တိုင်းမှာ ရှုံးနေမှာပါ။

𝗠𝗼𝘁𝗶𝗠𝗼𝗻𝗱𝗮𝘆 ဆိုတဲ့ အစီအစဥ်ကနေ အပတ်စဥ် တနင်္လာနေ့တိုင်း လူငယ်တို့ စိတ်ခွန်အားဖြစ်စရာ ကျော်ကြားထင်ရှားသူများပြောခဲ့တဲ့ ဆိုရိုးစကားတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပြီနော်။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#စိတ်ခွန်အား

ဗဟုသုတတွေပိုတိုးလာဖို့၊ သိမြင်လာဖို့ ဦးနှောက်အားတိုးဆေးတစ်ခွက်ဖြစ်တဲ့ “သုတစာပေ, Book Review” တွေကိုလည်း 𝗦𝗮𝗿𝗣𝗵𝗮𝘁 မှာ ဖတ်ရ...
27/06/2025

ဗဟုသုတတွေပိုတိုးလာဖို့၊ သိမြင်လာဖို့ ဦးနှောက်အားတိုးဆေးတစ်ခွက်ဖြစ်တဲ့ “သုတစာပေ, Book Review” တွေကိုလည်း 𝗦𝗮𝗿𝗣𝗵𝗮𝘁 မှာ ဖတ်ရှုနိုင်ပြီနော်📲

အပတ်စဉ် တင်ဆက်ပေးသွားမယ့် 📝Editor’s Pick ဆိုတဲ့ အစီအစဉ်မှာ 𝗦𝗮𝗿𝗣𝗵𝗮𝘁 platform မှာ ရေးသားထားတဲ့ Article တွေထဲက ဖတ်ရှုသင့်တဲ့ Artical တွေကို မျှဝေပေးလိုက်ချင်ပါတယ်။

Kaung Hein Soe
✍️ https://www.sarphat.com/articles/26936

Reviews by Benevolent
✍️ https://www.sarphat.com/articles/26927

မောရိသျှ
✍️ https://www.sarphat.com/articles/26933

သူတို့လိုပဲ မိမိကျွမ်းကျင်တဲ့ Professional နယ်ပယ်ထဲက ဗဟုသုတတွေကို ဝေမျှရေးသားနိုင်ဖို့၊ တစ်ဖက်တစ်လမ်းကနေလည်း ဝင်ငွေရရှိနိုင်ဖို့ Article တွေရေးသားချင်တဲ့ မည့်သူ့ကိုမဆို 𝗦𝗮𝗿𝗣𝗵𝗮𝘁 မှာ လာရောက်ရေးသားဖို့ ဖိတ်ခေါ်လိုက်တယ်နော်😇

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ် #သုတစာပေ #ဗဟုသုတ #စာပေရေးသား #ဝင်ငွေ #မောရိသျှ

ကျနော်တို့ လူမှန်းသိတတ်စအရွယ် ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်သွားကြည့်တဲ့အခါ ရုပ်ရှင်ပြတဲ့ပိတ်ကား Screen ဟာ စတုရန်းလေးထောင့်ပ...
25/06/2025

ကျနော်တို့ လူမှန်းသိတတ်စအရွယ် ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်သွားကြည့်တဲ့အခါ ရုပ်ရှင်ပြတဲ့ပိတ်ကား Screen ဟာ စတုရန်းလေးထောင့်ပုံ Horizontal Screen များသာဖြစ်ခဲ့ပါတယ်📲

ရုပ်ရှင်ရဲ့လွှမ်းမိုးမှုက ဘယ်လောက်ကြီးမားခဲ့သလဲဆိုရင် နောက်မှာ ရုပ်မြင်သံကြားပေါ်လာတဲ့အခါမှာလည်း TV Screen ဟာ Horizontal အလျားလိုက်ဒီဇိုင်းအတိုင်းပဲ တီထွင်ဖန်တီးထုတ်လုပ်ခဲ့ကြတယ်။

ဒါကြောင့် 🎥ရုပ်ရှင်ထုတ်လုပ်သူတွေ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ထုတ်လုပ်သူတွေဟာ Horizontal Drama တွေကိုသာ ဖန်တီးထုတ်လုပ်ခဲ့ကြတယ်။ အဲဒီလို နှစ်ပေါင်းရာနဲ့ချီပြီး ထုတ်လုပ်ခဲ့ကြတဲ့အစဥ်အလာဟာ ဒီကနေ့ စမတ်ဖုန်းတွေကြောင့် Horizontal Drama ခေတ်ကနေ Vertical Drama ခေတ်ကိုပြောင်းလဲလာနေကြပါပြီ။

Vertical Drama (ဒေါင်လိုက် ရုပ်သံဇာတ်လမ်းတွဲများ) နဲ့ ပတ်သက်တဲ့ လက်ရှိ ကမ္ဘာ့ Trend၊ အနာဂတ်အလားအလာနဲ့ ကမ္ဘာ့ဈေးကွက်၊ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ အခြေအနေတွေအကြောင်းကို ယခုဆောင်းပါးထဲမှာ ဖတ်ရှုနိုင်မှာပါ။

ဒေါင်လိုက်ဒရာမာ (Vertical Drama)
Author - မျိုးမြတ်သူ

အပြည့်အစုံ ဖတ်ရှုရန်📲https://www.sarphat.com/articles/26938

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာ အောင်မြင်မှုရဲ့ တစ်ဝက်ပါပဲ။" - သီအိုဒို ရုစဗဲ့ယုံကြည်မှုက လုပ်အားတွေကို မောင်းနှင်ဖို့ လေ...
23/06/2025

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာ အောင်မြင်မှုရဲ့ တစ်ဝက်ပါပဲ။" - သီအိုဒို ရုစဗဲ့

ယုံကြည်မှုက လုပ်အားတွေကို မောင်းနှင်ဖို့ လောင်စာဖြစ်ပါတယ်။

စီးပွားရေးလုပ်မယ်၊ အလုပ်သစ်စမယ်၊ အိပ်မက်တစ်ခုအတွက်ကြိုးစားမယ်ဆိုရင် ကိုယ့်ယုံကြည်ချက်က ဘယ်လောက်ထိရောက်မလဲဆိုတာ သတိရပါ။

"စိတ်ထဲက တိုက်ပွဲကို အရင်နိုင်အောင်တိုက်ပါ။ ကျန်တဲ့အောင်မြင်မှုက အလိုလိုလိုက်လာပါလိမ့်မယ်"💪

𝗠𝗼𝘁𝗶𝗠𝗼𝗻𝗱𝗮𝘆 ဆိုတဲ့ အစီအစဥ်ကနေ အပတ်စဥ် တနင်္လာနေ့တိုင်း လူငယ်တို့ စိတ်ခွန်အားဖြစ်စရာ ကျော်ကြားထင်ရှားသူများပြောခဲ့တဲ့ ဆိုရိုးစကားတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပြီနော်။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#စိတ်ခွန်အား

"အချိန်မရှိလို့..."၊ "ငွေမရှိလို့..."၊ "အခွင့်အလမ်းမရှိလို့..."ဒီစကားတွေကို သင်ကိုယ်တိုင်ရော ဘယ်နှစ်ကြိမ်ပြောဖူးပါသလဲ❓တက...
21/06/2025

"အချိန်မရှိလို့..."၊ "ငွေမရှိလို့..."၊ "အခွင့်အလမ်းမရှိလို့..."
ဒီစကားတွေကို သင်ကိုယ်တိုင်ရော ဘယ်နှစ်ကြိမ်ပြောဖူးပါသလဲ❓

တကယ်တော့ တော်တဲ့သူတွေနဲ့ သာမန်လူတွေရဲ့ အဓိကကွာခြားချက်က ဆင်ခြေပေးမှု (Excuses) ရှိ၊ မရှိပါပဲ။

ဒီဆောင်းပါးမှာ ဘာကြောင့် တော်တဲ့သူတွေက ဆင်ခြေမပေးတတ်ဘူးလဲ၊ သူတို့ရဲ့ အလေ့အကျင့်တွေက ဘာတွေလဲဆိုတာ ကိုယ်တိုင်ဆန်းစစ်နိုင်အောင် ပြောပြပေးသွားမှာပါ။

ဒီနေ့ကစပြီး "မဖြစ်နိုင်ဘူး" ဆိုတဲ့စကားကို "ဘယ်လိုလုပ်ရင် ဖြစ်နိုင်မလဲ" လို့ ပြောင်းပြောမယ်ဆိုရင် သင့်ရဲ့ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာပါလိမ့်မယ်ဆိုတာ ဒီ (၁)နှစ်အတွင်း ပြောရဲပါတယ်။

ဆောင်းပါးအပြည့်အစုံကိုတော့ SarPhat မှာ ဝင်ရောက်ဖတ်ရှုလိုက်ပါ👇
📲https://www.sarphat.com/articles/26901

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#ဆင်ခြေပေးခြင်း #တိုးတက်မှု

အခုခေတ်မှာ လက်ထဲငွေမရှိတာကို စိတ်ပူနေတာထက်စာရင် ရှိနေတဲ့ငွေကို ဘယ်လိုအသုံးချမလဲ၊ စီးပွားရေးလုပ်ရင်ရော ဘယ်လိုလုပ်ရမလဲဆိုတ...
20/06/2025

အခုခေတ်မှာ လက်ထဲငွေမရှိတာကို စိတ်ပူနေတာထက်စာရင် ရှိနေတဲ့ငွေကို ဘယ်လိုအသုံးချမလဲ၊ စီးပွားရေးလုပ်ရင်ရော ဘယ်လိုလုပ်ရမလဲဆိုတာ စာမဖတ်ရင် မသိနိုင်ပါဘူး💡

ဒါကြောင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလောကထဲမှာ စာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေကိုပါ ဝေမျှပေးထားတဲ့ လူကြိုက်အများဆုံး "မိနစ်ပိုင်းစာ စီးပွားပညာ" အစီအစဥ်ထဲက အကြောင်းအရာတွေကို SarPhat မှာလည်း "အခမဲ့" ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

✍️စာရေးသူ Kaung Hein Soe (Strategic) ရဲ့ "မိနစ်ပိုင်းစာ စီးပွားပညာ" ကို အခုဆိုရင် Panora Publishing House မှ စာအုပ်အနေနဲ့လည်း ထုတ်ဝေထားပြီး ဒီစာအုပ်ထဲက အဖိုးတန်ပညာရပ်တွေကို အောက်ပါ Link ကို ဝင်ရောက်ပြီး 𝗦𝗮𝗿𝗣𝗵𝗮𝘁 မှာ "အခမဲ့" ဖတ်ရှုလိုက်ပါ👇

📲https://www.sarphat.com/authors/43489

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#မိနစ်ပိုင်းစာစီးပွားရေးပညာ #ကောင်းဟိန်းစိုး #စီးပွားရေး

ပါဝင်ယှဥ်ပြိုင် ရေးသားကြတဲ့ SarPhat ပရိသတ်အားလုံးအတွက် ကျေးဇူးတင်လွှာ၂၀၂၅ ဧပြီလအတွင်း ဖိတ်ခေါ်ခဲ့တဲ့ "အမှတ်တရများနှင့် သ...
02/06/2025

ပါဝင်ယှဥ်ပြိုင် ရေးသားကြတဲ့ SarPhat ပရိသတ်အားလုံးအတွက် ကျေးဇူးတင်လွှာ

၂၀၂၅ ဧပြီလအတွင်း ဖိတ်ခေါ်ခဲ့တဲ့ "အမှတ်တရများနှင့် သင်္ကြန်" စာပေလက်ရာစုံ ပြိုင်ပွဲမှာ အနယ်နယ်အရပ်ရပ်မှ ပါဝင်ရေးသားပေးပို့သူများစွာကို ကျေးဇူးအထူးတင်ပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။

မြန်မာ့အမွေအနှစ်၊ အထိမ်းအမှတ်တွေကို ပြန်လည်ဖော်ထုတ်လိုတဲ့ SarPhat ရဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပဖြစ်တဲ့ ယခု ပထမဆုံး Campaign မှာ ရိုးရာသင်္ကြန်ပွဲတော်အကြောင်း၊ သင်္ကြန်ပွဲ၏ တန်ဖိုးထားအပ်သော မပျောက်ပျက်သင့်တဲ့ ဓလေ့များအကြောင်း စိတ်ဝင်စားစွာ ရေးသားပေးပို့လာကြသည်ကိုလည်း ဝမ်းမြောက်စွာ ဖတ်ရှုခွင့်ရခဲ့ပါတယ်။

စာမူအားလုံးလိုလို လေ့လာအားထုတ်ရေးသားကြသူတွေဖြစ်တာကြောင့် ဖတ်ရှုရွေးချယ်သူများအတွက် ဆုံးဖြတ်ရခက်သည်အထိ ဖြစ်ခဲ့ကြောင်းလည်း ဂုဏ်ယူစွာတင်ပြလိုပါတယ်။

ဒါကြောင့် SarPhat အယ်ဒီတာအဖွဲ့ကနေ အကောင်းဆုံးပြိုင်ပွဲဝင်စာပေလက်ရာရှင်တွေကို ရွေးချယ်ထုတ်ပြန်ခဲ့ပြီဖြစ်ပြီး ဆက်လက်၍ စာရေးစာဖတ်အလေ့အထကောင်းများ စွဲမြဲစွာဖြင့် မြန်မာစာပေကို ရေးသားဖန်တီးနိုင်ကြပါစေကြောင်းလည်း SarPhat မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#သင်္ကြန် #ပျောက်ကွယ်မသွားအမွေအနှစ်များ #အမွေအနှစ် #ဆုလက်ဆောင် #ပြိုင်ပွဲ

ပြိုင်ပွဲဝင်ပြီး အဖြေစောင့်နေရတဲ့ SarPhat ရဲ့ ပရိသတ်တို့အတွက် "အမှတ်တရများနှင့် သင်္ကြန်" အစီအစဥ်မှာ လက်စွမ်းထက်စွာနဲ့ ဆ...
29/05/2025

ပြိုင်ပွဲဝင်ပြီး အဖြေစောင့်နေရတဲ့ SarPhat ရဲ့ ပရိသတ်တို့အတွက် "အမှတ်တရများနှင့် သင်္ကြန်" အစီအစဥ်မှာ လက်စွမ်းထက်စွာနဲ့ ဆုရရှိသူတွေ ထွက်ပေါ်လာပါပြီ🤩

ပါဝင်ယှဥ်ပြိုင်သူတွေရဲ့ ✍️အရေးအသား၊ စာလုံးပေါင်းမှန်ကန်မှု၊ SarPhat ရဲ့ Feature တွေကို အသုံးပြုမှု အစရှိတဲ့ စံနှုန်းတွေကို SarPhat Advisory Team က စစ်ဆေးအမှတ်ပေးပြီး ရွေးချယ်ပေးရတာဖြစ်လို့ အချိန်တစ်ခု စောင့်ဆိုင်းပေးခဲ့ကြတဲ့ SarPhat ပရိသတ်အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်နော်😇

🏆ဆုလက်ဆောင်ရရှိသူတွေက SarPhat ရဲ့ Message Box မှာ လာရောက်အကြောင်းကြားပေးပြီး ဆုလက်ဆောင်တွေကိုတော့ နောက်တစ်ပတ်ထဲ စတင်ပေးအပ်သွားမှာပါ။

SarPhat ကနေ ပြိုင်ပွဲတွေကျင်းပတိုင်း အားတက်သရော ပါဝင်ယှဥ်ပြိုင်ပေးကြတဲ့ SarPhat ရဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပြီး နောက်ထပ်လာမဲ့ အစီအစဥ်တွေမှာလည်း ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#သင်္ကြန် #ပျောက်ကွယ်မသွားအမွေအနှစ်များ #အမွေအနှစ် #ဆုလက်ဆောင် #ပြိုင်ပွဲ #မြန်မာ့သင်္ကြန်

ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာဆိုရင် ဂေါတမအမည်နဲ့ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့် ဒိတ်ခံယူခဲ့တဲ့နေ့၊ သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူ...
11/05/2025

ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာဆိုရင် ဂေါတမအမည်နဲ့ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့် ဒိတ်ခံယူခဲ့တဲ့နေ့၊ သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့တဲ့နေ့၊ ဂေါတမဘုရားအလောင်းတော် သဗ္ဗညုတဉာဏ်တော် ရရှိခဲ့တဲ့နေ့ဖြစ်သလို ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

ဒီလို ထူးခြားချက်တွေနဲ့ ကဆုန်လပြည့်နေ့ကိုအစွဲပြုပြီး ညောင်ရေသွန်းလောင်းကြသလို ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်လေ့ရှိကြပါတယ်။

"ကဆုန်လပြည့် ဗုဒ္ဓနေ့" မှာ SarPhat ရဲ့ ပရိသတ်များအားလုံး ကျန်းမာရွှင်လန်းကာ ကောင်းမှုကုသိုလ်များလည်း ပြုလုပ်နိုင်ကြပါစေကြောင်း တောင်းဆုမေတ္တာပို့သလိုက်ပါတယ်🙏

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ်
#ကဆုန်လပြည့်နေ့

Address

Kamayut

Alerts

Be the first to know and let us send you an email when SarPhat - စာဖတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category