Yuri Clothing

Yuri Clothing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yuri Clothing, Digital creator, No(49) , Nilar Street, Kamayut.

25/06/2024

ပထမဆုံး လေယာဉ်စစီးမယ့်သူတွေသိထားသင့်တဲ့အချက် 10ချက် ✈️✈️

✅လေယာဉ်လက်မှတ်ကိုဘယ်အချိန်ဝယ်ရမလဲ??

ပထမဆုံးပြောချင်တာကတော့ ခရီးသွားတော့မယ်ဆိုရင် ကိုယ်ဖာသာဘယ်နေ့သွားမှာသေချာပြီလဲလို့ပြန်မေးပါ။

သွားမှာသေချာတဲ့ရက်က တစ်လလောက်လိုသေးရင် လေယာဉ်လက်မှတ်ကိုကြိုဝယ်ထားပါ။

Air Ticket တွေက ရက်နီးဈေးတွေကတစ်ရိပ်ရိပ်လေပါ။

တစ်ရက်နဲ့တစ်ရက်လည်း ဈေးမတူပါဘူး။

တစ်ချို့ကရက်နီးမှဝယ်မယ်ဆိုပြီး အေးအေးဆေးဆေးနေတတ်ပါတယ်။

ရက်နီးလေ Air Ticket ဈေးတွေကတက်လေပါပဲ။

✅Airticket ဝယ်ရင် ဘယ်ရက်တွေကိုရှောင်ရမလဲ??

Airticket ဝယ်တဲ့အခါ Sat Sanလိုရက်တွေကိုရှောင်ပါ။ အဲ့လိုရက်တွေဟာ ခရီးသွားတွေလည်းများတတ်တာမို့ လေယာဉ်လက်မှတ်ဈေးတွေဟာ လည်း ပုံမှန်ရက်တွေထက်ပိုတတ်ပါတယ်။

ခရီးသွားတွေများတဲ့နေ့တွေမှာ Airticket ဈေးတွေပိုများတတ်ပါတယ်။

ခရီးသွားမယ်လို့ Plan ချပြီးပါက Airticket ကိုတစ်လလောက်ကြိုဝယ်ပါ။

✅Air Ticket ဝယ်တဲ့အခါ Seat တစ်ခါတည်းရတာလား??

တစ်ခါတည်းရွေးဝယ်လို့ရပါတယ်။ တစ်ချို့လေကြောင်းလိုင်းတွေကတော့ Seat ရွေးမယ်ဆိုရင်တော့ fees ထပ်ပေးရတာရှိသလို တစ်ချို့လေကြောင်းလိုင်းတွေကတော့ ထပ်ပေးစရာမလိုပါဘူး။

လေယာဉ်လက်မှတ်မှာ Seat မပါရင်ဘယ်လိုလုပ်မလဲ??

တစ်ကယ်က လေယာဉ်လက်မှတ်နဲ့ boarding pass နဲ့ကမတူပါဘူး။ Air Ticket က လေကြာင်းလိုင်းကနေဝယ်ဝယ်ပြီးချင်းရတဲ့ဟာပါ။

Boarding Pass ကတော့ Check In Counter ရောက်မှ ရတာပါ။

ဘာကွာတာလည်းဆိုတော့ Boarding Pass မှာSeat တွေတစ်ခါတည်းရေးပေးလိုက်ပါတယ်။

Gate No ဘယ်လောက်မှာစီးရမယ် ဆိုတာတွေပါပါတယ် လက်မှတ်လိုပါပဲ။ Checkin Counter ရောက်မှပေးတာပါ။

✅လေဆိပ်ကိုအိမ်ကနေဘယ်အချိန်လောက်ဆင်းရမလဲ??

လေယာဉ်Check In Counter တွေဟာ လေယာဉ်မထွက်ခင်နာရီဝက် တစ်နာရီလောက် စောပြီးတော့ပိတ်တတ်ပါတယ်။ ခရီးသွားတွေများတဲ့ လတွေအချိန်တွေဆို CheckIn ကောင်တာမှာ တန်းစီစောင့်ရတာနဲ့အချိန်ကြာတတ်ပါတယ်။

Airline Check In Counter ပိတ်ချိန်တွေဟာမတူတတ်တာမို့ လမ်းမှာကားပိတ်မှာနဲ့ဘာနဲ့အချိန်ကိုတွက်ပြီး အိမ်ကနေ နှစ်နာရီ သို့မဟုတ် သုံးနာရီလောက်ကြိုပြီးစောထွက်ပါ။

✅Boarding Pass ဆိုတာဘာလဲ??

Boarding Passဆိုတာကတော့ Checkin Counter မှာထုတ်ပေးလိုက်တဲ့ လေယာဉ်ပေါ်တက်ရင်ပြရတဲ့လက်မှတ်လေးကိုပြောတာပါ။

အဲ့လက်မှတ်ထဲမှာ ခုံနံပါတ်တွေ။ ဘယ် Gate မှာသွားစီးရမလဲဆိုတာတွေပါပါတယ်။ လေယာဉ်နံပါတ်တွေ။
အဲ့လက်မှတ်ထဲမှာရေးထားတဲ့ Gate Noကိုရောက်အောင်သွားပြီး လေယာဉ်စီးရမှာပါ။

✅လေယာဉ်လက်မှတ်ရရင် Print ထုတ်ထားသင့်သလား??

Print ထုတ်ထားစရာမလိုပါဘူး။ ဖုန်းထဲမှာသိမ်းထားတဲ့ လက်မှတ်ကို Checkin Counter ရောက်မှပြလိုက်ရင် Boarding Passထုတ်ပေးပါတယ်။

ထုတ်ထားရင်တော့ ပိုရှင်းပါတယ်။ အဲ့Air ticket ပရင့်ထုတ်ထားတဲ့စာရွက်ကိုပေးလိုက်ရင် Bording Passထုတ်ပေးမှာပါ။

✅Terminal1ကိုသွားရမှာပါ။

✅လေဆိပ်ထဲကိုဘယ်လိုဝင်ရလဲ??

လေဆိပ်ထဲက စဝင်တဲ့အခါ မြန်မာလေဆိပ်မှာ အဝင်ကို တစ်ခါစစ်ပါတယ်။

Luggage အိတ်တွေ လူတွေကိုစစ်ပါတယ်။
ပြီးရင်တော့ လေဆိပ်ထဲကိုရောက်ပါပြီ။

လေဆိပ်ထဲရောက်တဲ့ အခါ Check In လုပ်လို့ရမရ Departure Board မှာကြည့်လို့ရပါတယ်။

ကိုယ့် အဲ့လိုင်းနံပါတ် ကဉပမာ UB307ဆိုရင် board မှာ အချိနဲ့ Airline No တွေနဲ့ပြနေပါတယ်။ Check In Counter ဖွင့်နေရင် ကိုယ့်အဲ့လိုင်းနံပါတ်ကို

Board မှာပါတာတွေကတော့

Time Destination Flight Gate Status ပါ။

Time ကတော့ ကိုယ့်Air Line ကဘယ်အချိန်ထွက်မှာလည်းဆိုတာကိုပြနေတာပါ။ Air Ticket မှာပါတဲ့အချိန်ပါ။

Destination ကတော့ သွားမယ့်နိုင်ငံပါ။

Thailand ဆို Thailand လို့ပြနေမှာပါ။

Flight ကတော့ ကိုယ့် Air Ticket မှာပါတဲ့ Flight Noပါ။

လေယာဉ်နံပါတ်ဘယ်လောက်ဆိုပြီးပြနေတာပါ။ ကိုယ်စီးရမယ့်လေယာဉ်နံပါတ်ပါ။

Gate ကတော့ ကိုယ်လေယာဉ်သွားစီးရမယ့်Gate ပါ။

Status မှာတော့ Boardingဆို လေယာဉ်ထွက်ခွာပြီလို့ပြောတာပါ။

Gate Close ဆိုGate ပိတ်ပြီ

Gate Openဆို Gate ဖွင့်နေပြီ။

Check In ဆို Check In ကောင်တာဝင်လို့ရပြီလို့ပြောတာပါ။

တစ်ခုရှိတာက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတာမို့ ပုံစံချင်းကတော့အတူတူပါပဲ။

တစ်ချို့ကလည်း Check In လို့တန်းရေးထားတတ်ကြပါ။ ဝင်လို့ရရင် Open လို့ရေးထားတတ်ကြပါတယ်၊

မြန်မာမှာတော့ လေဆိပ်ကကျဉ်းကျဉ်းလေးမို့ ကြည့်မနေပါနဲ့ Check In ကောင်တာဖွင့်မဖွင့်ကို လေဆိပ်ထဲက ဝန်ထမ်းတစ်ယောက်ယောက်ကိုသာ ကိုယ်စီးမယ့်လေကြောင်းလိုင်းနာမည်ပြောပြီး Check In ကောင်တာဘယ်မှာလဲလို့သာမေးလိုက်ပါ။ ဝင်လို့ရရင် လူတွေတန်းစီနေတာတွေ့ရပါလိမ့်မယ်။

✅Check In ဘယ်လိုဝင်မလဲ??

Check In ဝင်တယ်ဆိုတာကတော့ ကိုယ် ဝယ်ထားတဲ့ လေယာဉ်လက်မှတ်ကို Boarding Passပြောင်းပြီး Show Money ပါမပါတို့။ စာရွက်စာတမ်းတွေစစ်တဲ့နေရာပါ။ Passport ကနာမည်နဲ့ Airticket ကနာမည်တွေတူမတူတိုက်စစ်ပါတယ်။ Visa နဲ့လားရိုးရိုးလားတွေတိုက်စစ်တဲ့နေရာပါ။ အဲ့မှာ ကိုယ့်ရဲ့ Luggage အိတ်ရဲ့ အလေးချိန်တွေစစ်ပါတယ်။

လေကြောင်းလိုင်းတစ်ချို့ကLuggage အိတ်ကို 30Kg ထိ လေယာဉ်အိတ်ထဲကိုထည့်လို့ရပြီး ။ 7Kg လောက်ထိ Hand Curry သယ်လို့ပါတယ်။

Kgပိုနေရင်တော့ ပိုက်ဆံထပ်ပေးရပါတယ်။ မြန်မာငွေမလိုတော့ဘူးဆိုပြီးတော့မှမယူလာတာမျိုးတွေမလုပ်ပါနဲ့။ အပိုအလိုထည့်လာပါ။

✅Kg ပိုမပို ဘယ်လိုချိန်မလဲ??

Kg ပိုမပိုဘယ်လိုချိန်မလဲဆိုရင်တော့ အိမ်မှာပေါင်ချိန်စက်ရှိရင် အဲ့အပေါမှာအိတ်ကိုတင်လိုက်ပါ။ lbဖြစ်နေရင် kgကိုပြောင်းလိုက်ပါ။ အနီးစပ်ဆုံးပြပါတယ်။ သာမာန် Luggage အိတ်တစ်လုံးဟာ 30KGထက်မပိုပါဘူး။ အဲ့တာကြောင့် သိပ်တော့မစိုးရိမ်ပါနဲ့။

✅Check In ဝင်ပြီးရင်ဘယ်ကိုသွားရမလဲ??

Check In ဝင်ပြီးရင် သွားရမှာက Immigration ပါ။ Immigrationဖြတ်တဲ့အခါ Visa Type တွေဘာတွေ စစ်ပါမှာ။ Sacanဖတ်ပါမယ်။ ပြီးရင်တော့ ဘယ်နေ့ကနေစပြီးထွက်ခွာပါတယ်လို့တုံးထုပေးလိုက်မှာပါ။

Immigration Counter ကိုဖြတ်ပြီးရင်တော့ hang carry တွေကိုစစ်ပါမယ်။ ဖိနပ် ဖုန်း အိတ်အကုန်စစ်ပါမယ်။ အဲ့တာကိုဖြတ်ပြီးရင် တော့ Gate ကိုသွားလို့ရပါပြီ။

Bording Pass မှာပါတဲ့ Gate Noကိုသွားပါ။

Bording Gateကို လေယာဉ်ထွက်ခွာမယ့် အချိန်ထက် 45မိနှစ်လောက်ကြိုရောက်အောင်သွားပါ။

လေကြောင်းကြောင်းက Flight Noကိုအော်ပါလိမ့်မယ်။ လေယာဉ်ပေါ်တက်ဖို့အသင့်ဖြစ်ပါပြီဆိုရင်တက်လိုက်လာရုံပါပဲ။

လေယာဉ်ပေါ်ရောက်ရင် စကားအကျယ်ကြီးမပြောပါနဲ့။ ပြောလို့မရလို့မဟုတ်ပါဘူး။ ရပါတယ်။ တိုးတိုးတိတ်တိတ်နေတာဟာ ပတ်ဝန်းကျင်ကိုအနှောင့်ယှက်မပေးရာရောက်ပါတယ်။

လေယာဉ်ပေါ်ရောက်တဲ့အခါ Airplane Mode ကိုOn ထားပါ။

လေယာဉ်ဆိုက်တဲ့အခါ ပြန် ပိတ်ထားပါ။

ဘန်ကောက်ကိုရောက်တဲ့အခါ တယ်လီနောကဒ်ကိုသုံးလို့ရပါတယ်။

တယ်လီနောကဒ် ကို Roaming Data ကိုOn ထားပါ။
အဲ့တာဆိုအင်တာနက်ကောသုံးလို့ရသလို။ ဖုန်းလည်းဆက်လို့ရပါတယ်။

တစ်ဖက်နိုင်ငံလေဆိပ်ကို ကိုရောက်တဲ့အခါဘယ်လိုလုပ်ရမှာလဲ။

Immigration ဆိုတဲ့ Sign ကိုမတွေ့မချင်းလျှောက်ပါ။

Immigrationဆိုတဲ့ Sign ကိုတွေ့တဲ့အခါကွေ့ပြီး တန်းစီပါ။

Immigration Counter မှာ လေယာဉ်လက်မှတ်ရယ်။ Passport ရယ်၊ Hotel Booking၊ Show Money တို့ပြရပါတယ်။

Hotel Booking နဲ့ Show Moneyကလိုအပ်တဲ့အခါမှသာတောင်းကြည့်တတ်ပါတယ်။ ဒါပေမယ့် ပြည့်စုံအောင်ပြင်ဆင်လာပါ။

Passport ကိုတုံးထုပေးလိုက်ရင် နိုင်ငံထဲကိုဝင်လို့ရပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ။
Credit to Original Uploader

#ပထမဆုံးလေယာဉ်စီးမယ့်သူတွေသိထားသင့်သည့်အချက်များ
#လေယာဉ်ဘယ်လိုစီးရlm

Me after getting got married with my favourite person😋
21/06/2024

Me after getting got married with my favourite person😋

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ မင်းကိုပဲ အရင်ဆုံး သတိရတယ်...။အသိပေးချင်တယ်...မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲမင်းရှိနေရင် ပင...
20/06/2024

ပင်ပန်းစရာတွေ ပိုလာတဲ့အခါ
မင်းကိုပဲ အရင်ဆုံး သတိရတယ်...။

အသိပေးချင်တယ်...
မျှဝေခံစားပေးစေချင်တာမျိုးမဟုတ်ဘဲ
မင်းရှိနေရင် ပင်ပန်းစရာ‌တွေ မေ့ထားလို့ရတယ်...
ပြေပျောက်ရတယ် ၊ နွေးထွေးရတယ် ။

အဲဒီခံစားချက်လေးကို ကိုယ်လည်း သိသလို
မင်းလည်း သိမယ် ထင်ပါတယ် ။ ။

#ခက်နှောင်

‘’မင်းအနားမှာ သစ္စာရှိရှိ ချစ်ပေးတဲ့သူကို တန်ဖိုးထားပါ''
20/06/2024

‘’မင်းအနားမှာ သစ္စာရှိရှိ ချစ်ပေးတဲ့သူကို တန်ဖိုးထားပါ''

ပြီးရင်ပြတ်တာပဲ
20/06/2024

ပြီးရင်ပြတ်တာပဲ

''အမြဲတမ်းပဲ မင်း နေရာယူထားလို့....''
20/06/2024

''အမြဲတမ်းပဲ မင်း နေရာယူထားလို့....''

Address

No(49) , Nilar Street
Kamayut
11041

Website

Alerts

Be the first to know and let us send you an email when Yuri Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share