
26/07/2025
ကြုံရဆုံရ Boost Service သမားဘဝ
ဒီနေ့ Boost လုပ်ပေးနေကြ DJ သင်တန်း က ဖုန်းဆက်လာတယ်။
အကိုရယ် ၊ ကူပါဦး ကယ်ပါဦး။သင်တန်းက စတော့မယ် လူလုံးဝ မဝင်ဖူး သုံးတဲ့အမောင့်က တော်တော်များနေပြီဆိုပြီး။
အဲမှာ ကျွန်တော်ဆီ အပ်ထားတာ မရှိဖူးဆိုမှ ဟုတ်တယ်အကို ပြောင်းအပ်လိုက်တာတဲ့၊
သူလုပ်ငန်းက DJ သင်တန်း Batch -1 Page အစ like -0 ကနေ ကိုယ်တိုင်စလုပ်ပေးလာတာ၊။Batch -3 ခုတိတိ လူအမြဲပြည့်။သုံးခိုင်းတဲ့ Budget ထပ် ဘယ်တော့မှ ပိုသုံးစရာမလိုအောင် ကွက်တိ၊။
ဒါပေမယ့် ဘာကြောင့် သူများဆီ ပြောင်းအပ်လိုက်လဲ မသိပေမယ့် ဈေးကြောင့် ထင်တယ်၊ ကျွန်တော်က Service Fees များတယ်။တခြားနဲ့ ယှဉ်ရင် နည်းနည်းများနေတော့ ကိုယ်လုပ်ခိုင်းတဲ့ နည်းအတိုင်း တခြားဆီမှာ အပ်လိုက်ပေမယ့် အဆင်မပြေဖူးလို့ ပြန်ပြောလာတယ်။
တကယ်တော့ Boost လုပ်တယ်ဆိုတာ ပုံသေမရှိဖူး၊လိုအပ်တဲ့အချိန် မှာ လိုအပ်တဲ့ Object တွေကို လိုက်ဖြည့်ရတာ။ကွက်လပ်ဖြည့်တဲ့ဂိမ်းနဲ့ပိုတူတယ်။
ကျွန်တော်ဆီလာအပ်တဲ့အများစုဆို ပိုသိတယ်၊ ဒီပိုစ့်ကို ပို့ရင် ဒီပိုစ့်ကို လုပ်ထည့်လိုက်တာမဟုတ်ဖူး။
Page ကိုဝင်စစ်တယ်၊။ Content , Design အပြင် လိုအပ်တာတွေကို ပြင်ခိုင်းတယ်။ စိတ်တိုင်းကျပြီးဆိုမှ စကြုံးတာ၊အလုပ်လုပ်ရရင်ပြီးရောဆိုတာထက် လုပ်တဲ့သူလည်း သုံးရတန်အောင် ကျွန်တော်လည်း အဆင်ပြေအောင်လုပ်တယ်။ လုပ်ငန်းအသစ် Page like -0 ပေါင်းများစွာလည်း Media Buying Strategy ပေါင်းများစွာ နဲ့ တစ်ဆင့်ချင်း ဆွဲခေါ်လုပ်တယ်။
ချက်ချင်း အခုအပ် အခုရောင်းရ အခုချမ်းသာအောင် လုပ်ပေးနိုင်မယ့် ဉုံဖွ Service သမားတော့ မဟုတ်ဖူး၊တစ်ဆင့်ချင်းအလိုက် ကုန်ကျစရိတ် ရမယ့်အကျိုးအမြတ် နဲ့ ရေရှည်စရိတ်ကို ရှင်းပြတယ်။အဆင်ပြေမှ လုပ်စေတယ်။ အဆင်တော့ပြေပေမယ့် Page က အဆင်သင့်မဖြစ်သေးရင် မလုပ်ပေးသေးပဲ လိုအပ်တာတွေကို လုပ်ခိုင်းတယ်။
ဒါကြောင့် Service Fees ဈေးများတယ်။ကုန်ကျစရိတ် အစမှာ များနိုင်တယ်၊ရေရှည်မှာတော့ Boost တစ်ခုပဲ အားကိုးရတဲ့ လုပ်ငန်းအမျိုးအစား မဟုတ်တော့ဖူးဖြစ်မယ်၊အဲတော့ ရေရှည်မှာ ကိုယ်လုပ်ငန်း က Boost လုပ်မှ ရောင်းရတာမျိုး မဖြစ်ဖို့ဆိုရင် အစထဲက သေချာစဖို့လိုတယ်၊အခုလို Boost Result မကောင်းတဲ့အခါမျိုးမှာ Boost အားကိုးနေရတဲ့ လုပ်ငန်းရှင်တွေ အထိနာလာတာမို့ အချိန်မလွန်ခင် ပြင်နိုင်ဖို့လိုပါတယ်။
ကျွန်တော်တို့နိုင်ငံလို ဒေါ်လာဈေးအတက်အကျကြမ်းတတ်တဲ့ လုပ်ငန်းရှင်တွေအနေဖြင့် ဒီစာကိုဖတ်ပြီးချိန် မှာ မိမိအပ်နေကြ Service ဆရာတွေနဲ့ သေချာတိုင်ပင်ပြီး ရေရှည်အတွက် ပြင်သင့်ပါပြီ၊မိုးတွင်းအရောင်းအေးတဲ့ပြဿနာကို စနစ်တကျ အခုထဲက ပြင်ဆင်ထားနိုင်ရင် စာမဝင်လို့ မရောင်းရလို့ဆိုပြီး Service သမားတွေ ခဏခဏပြောင်းအပ်နေရတဲ့ ဒုက္ခက အေးစေမှာ အမှန်ပါပဲ။