Su Htat

Su Htat Actress/Streamer
Business Contact - 09761112710
(2)

Miss me? 🤍
05/06/2026

Miss me? 🤍

The Next Big Influencer Show ရဲ့ ချစ်စရာ အကောင်းဆုံး Coach သေးသေးလေး ဒီညလွှင့်မယ့်အပိုင်းမှာ ရေတွေ ဘယ်လိုနစ်မလဲဆိုတာလေး ...
24/05/2026

The Next Big Influencer Show ရဲ့ ချစ်စရာ အကောင်းဆုံး Coach သေးသေးလေး ဒီညလွှင့်မယ့်အပိုင်းမှာ ရေတွေ ဘယ်လိုနစ်မလဲဆိုတာလေး စောင့်မကြည့်ချင်ဘူးလား သိက္ခာတွေ ပေးဆပ်ထားတယ်နော် 😩
📷- K H Thura

ငွေဆောင်မှာ ❤️ ဒီပုံတွေရဖို့ ၂ နာရီ နီးပါးလောက် ကြာတယ် လှတယ်တော့ ပြောပေး 🥹Makeup - Tg MuanpyStylist - Nu War #မိသားစုသစ်...
21/05/2026

ငွေဆောင်မှာ ❤️ ဒီပုံတွေရဖို့ ၂ နာရီ နီးပါးလောက် ကြာတယ် လှတယ်တော့ ပြောပေး 🥹
Makeup - Tg Muanpy
Stylist - Nu War
#မိသားစုသစ်ပင်

11/05/2026

ကျနော် အခုတလော ဘာတွေ လုပ်နေလဲဆိုတော့….။ နွယ်ပေမယ့် မရစ်တွယ်တဲ့… ဒါလေးတွေကတော့ BTS လေးတွေပေါ့ဗျာ 🎥 ယဉ်နွယ်ဆိုတဲ့ ကောင်မလေး နေရာက ကြိုးစားထားပါတယ်ခင်ဗျ။ 🤍

ကျနော့်ရဲ့အလောင်အမြိုက် ဒရမ်မာတွေကြားထဲက ထူးထူးခြားခြားလေးဖြစ်တဲ့ “ယောကျာ်းကောင်း” ဆိုတဲ့ ပျော်စရာဟာသကားလေး ဒီနေ့ ၈ရက်နေ...
08/05/2026

ကျနော့်ရဲ့အလောင်အမြိုက် ဒရမ်မာတွေကြားထဲက ထူးထူးခြားခြားလေးဖြစ်တဲ့ “ယောကျာ်းကောင်း” ဆိုတဲ့ ပျော်စရာဟာသကားလေး ဒီနေ့ ၈ရက်နေ့ကစပြီး ရုံတင်ပြသနေပြီနော် 😍 ကျနော့်နာမည်လေးက “ကြင်ကြင်မာ” တဲ့ 🤩

April 29 ရက်နေ့က ကိုးထပ်ကြီးဘုရားမှာ ကြာဇံကြော်စတုဒီသာ အလှူပြုလုပ်ခဲ့တဲ့ ယောက်ျားကောင်း ရုပ်ရှင်အဖွဲ့သားများ 🤍Stylist လေ...
02/05/2026

April 29 ရက်နေ့က ကိုးထပ်ကြီးဘုရားမှာ ကြာဇံကြော်စတုဒီသာ အလှူပြုလုပ်ခဲ့တဲ့ ယောက်ျားကောင်း ရုပ်ရှင်အဖွဲ့သားများ 🤍
Stylist လေး ကြင်ကြင်မာ အဖြစ်ပါဝင်ထားတဲ့ ယောကျာ်းကောင်း ရုပ်ရှင်ကားကြီးက မေလ ၈ရက်နေ့ဆို ရုံတင်တော့မှာနော် 😍

ကျနော်နှင့် ၁၀ နှစ်တာခရီး လွန်ခဲ့တဲ့ ၁၀ နှစ် ဒီလိုနေ့လေးက စပြီး ဖြစ်ချင်တာဖြစ်ဟာ ငါ ဒီအနုပညာအလုပ်ပဲ လုပ်ချင်တယ်ဆို ဆုံးဖ...
01/05/2026

ကျနော်နှင့် ၁၀ နှစ်တာခရီး
လွန်ခဲ့တဲ့ ၁၀ နှစ် ဒီလိုနေ့လေးက စပြီး ဖြစ်ချင်တာဖြစ်ဟာ ငါ ဒီအနုပညာအလုပ်ပဲ လုပ်ချင်တယ်ဆို ဆုံးဖြတ်ပြီး တီချယ်တင်မိုးလွင်ရဲ့ မော်ဒယ်သင်တန်း စတက်ခဲ့တဲ့ရက် ၁ရက်နေ့ ၅လပိုင်း၊၂၀၁၆ ။ သရုပ်ဆောင်မင်းသမီးဖြစ်ချင်တာဆိုတော့ ဘာဆက်လုပ်ရမယ်မသိ လမ်းပြပေးမယ့်သူလည်းမရှိ တွေ့သမျှ Audition တွေပြိုင် ဂျင်းတွေမမိအောင် အမျိုးမျိုးရှောင်ရင်းတိမ်းရင်းနဲ့ စိတ်ဓာတ်တွေ ကျခဲ့ရတာလည်း အများကြီးပေါ့။ ၁၀ နှစ်ဆိုတာ အရမ်းမရှည်သေးပေမယ့် အရမ်းတော့လည်း မတိုခဲ့ပါဘူး အဲ့ ၁၀ နှစ်လုံးမှာ သရုပ်ဆောင်ဆိုတဲ့ ဦးတည်ရာအလုပ်အပြင် အခြားဝါသနာပါတာတွေ လျှောက်လုပ်နေခဲ့ပေမယ့် ကျနော့်ကြောင့် ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေခဲ့ဘူး ကိုယ်ကျင့်တရားမပျက်ခဲ့ဘူး ခုချိန်မှာ ရောက်ချင်တဲ့နေရာ ရောက်ဖို့အဝေးကြီးလိုသေးပေမယ့် ၂၀၁၆ ကနဲ့ယှဉ်ရင် ခုဆို လုပ်ချင်တဲ့ အလုပ်လေးတွေ လုပ်ခွင့်ရနေပြီ ကျနော့်ကို ချစ်တဲ့ပရိသတ်အနည်းငယ်ရှိနေပြီ မှတ်တိုင်သေးသေးလေးတွေ ရလာခဲ့ပြီ အဲ့အတွက် ကျနော် ကျေနပ်ပါတယ်။
လမ်းအချိုးအကွေ့တိုင်းမှာ အခက်အခဲတွေရှိခဲ့ပေမယ့် ကူညီခဲ့တဲ့သူတွေကိုရော စိတ်ဓာတ်ကျစရာတွေ မျိုးစုံ ကြုံခဲ့ပေမယ့် လက်မလျှော့ခဲ့ပဲ ခုထိ ဆက်ကြိုးစားနေတဲ့ ကိုယ့်ကိုယ်ကိုယ်ရော ချစ်ပေးအားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ အင်တာဗျူးတွေမှာ ခဏခဏဖြေသလိုကျနော့်မှာ အချို့မင်းသမီးတွေလို ချောမောလှပနေတဲ့ရုပ်ရည်မရှိဘူး နုဖတ်ဖြူဥနေတဲ့အသားအရည်မရှိဘူး အားသာတယ်ထင်ရတာဆိုလို့ ဒီသရုပ်ဆောင်အလုပ်အပေါ်မှာ ထားတဲ့ Passion တစ်ခုပဲရှိတယ် အဲ့ဒါလည်း ကျနော့်ဇာတ်ကားတွေကြည့်ဖူးတဲ့ ပရိသတ်တွေနဲ့ အလုပ်တွဲလုပ်ဖူးတဲ့လူတွေ သိကြမှာပါ ကျနော် ဒီအလုပ်အပေါ်ဘယ်လောက် serious ဖြစ်လဲဆိုတာကိုလေ။ အဲ့ဒါကလွဲလို့ ဘာမှပိုင်တာလည်းမရှိတဲ့အတွက် ပရိသတ်အားနဲ့ပဲရှေ့ဆက်ရမှာမို့ ဆက်ပြီးချစ်ပေးကြပါဦးလို့ တောင်းဆိုပါတယ်ခင်ဗျာ ကျနော်ကိုယ်တိုင်လည်း တကယ်ကြီး ဆက်ကြိုးစားနေဦးမှာပါ
ဒီနေ့ဒီပိုစ့်လေးက မှတ်တိုင်တစ်ခုအနေနဲ့ တင်တာသက်သက်ပါ ကျနော့်ခရီးရှည်ကြီးကတော့ မပြီးသေးပါဘူး ကြိုးစားပါဦးမယ်ခင်ဗျာ 🤩

ပါဝါရိန်းဂျား အနီကောင် ချောချောလေး K & K Gaming And Electronic ဖွင့်ပွဲ တက်ရောက်ခဲ့ပုံများ ❤️KEV Enterprise ကနေ Quality ...
30/04/2026

ပါဝါရိန်းဂျား အနီကောင် ချောချောလေး K & K Gaming And Electronic ဖွင့်ပွဲ တက်ရောက်ခဲ့ပုံများ ❤️

KEV Enterprise ကနေ Quality ကောင်းမွန်တဲ့ Phone & Gaming Accessories အစုံအလင်ကို ဝယ်ယူနိုင်တဲ့ K & K Gadgets ဆိုင်လေးရယ် Eaindra Family Spa ရယ် Virel ကော်ဖီဆိုင်လေးရယ်ဆိုပြီး 3 in 1 တစ်နေရာတည်းမှာ ဖွင့်လှစ်ထားတာမို့ သူငယ်ချင်းတွေစုပြီး Hang out လုပ်လို့ရတဲ့ Spot လေး တစ်ခုတိုးလာတာပေါ့ 🤩😍

30/04/2026

ယောကျာ်းကောင်း 🤩 မေလထဲမှာ ရုံတင်တော့မယ်ကွာ
စတိုင်လစ်ကလေး ကြင်ကြင်မာအဖြစ်… 🙂‍↔️

အပြာရောင်လေးက ဘယ်သူလဲ 💙 ၂၆ရက်နေ့ ညနေ ၄ နာရီ K & K Gaming And Electronic ဖွင့်ပွဲလေးမှာ ကျနော်တို့တွေ ရှိမယ်ဗျို့ 🤩
24/04/2026

အပြာရောင်လေးက ဘယ်သူလဲ 💙 ၂၆ရက်နေ့ ညနေ ၄ နာရီ K & K Gaming And Electronic ဖွင့်ပွဲလေးမှာ ကျနော်တို့တွေ ရှိမယ်ဗျို့ 🤩

Address

Kamayut

Alerts

Be the first to know and let us send you an email when Su Htat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share