ကန့်ဘလူ သတင်းစုံ

ကန့်ဘလူ သတင်းစုံ သတင်းနှင့်ဖွံ့ဖြိုးရေးဦးစားပေးခြ?

လျှပ်စစ်ဓါတ်အားခများ ပြင်ဆင်သတ်မှက်
30/08/2024

လျှပ်စစ်ဓါတ်အားခများ ပြင်ဆင်သတ်မှက်

19/08/2024

Hi everyone! 🌟 You can support me by sending Stars – they help me earn money to keep making content that you love.

Whenever you see the Stars icon, you can send me Stars.

19/08/2024

အာဂအမျိုးသမီး

22/05/2024

၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် ထုတ်ပြန်သည့် လေဖိအားနည်းရပ်ဝန်းအခြေအနေ
========================================
(က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
======================
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ၂၄-၅-၂၀၂၄ ရက်နေ့၌ မုန်တိုင်းငယ် (Depression)အဖြစ် သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမို အားကောင်းလာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) သတိပေးနှိုးဆော်ချက်
=================
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ၂၃-၅-၂၀၂၄ ရက်နေ့မှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ် နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်

၂။ သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင် ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။

၂၂.၅.၂၀၂၄ကဆုန်လပြည့် (မြတ်ဗုဒ္ဓ အခါတော်နေ့)မင်္ဂလာနံနက်ခင်းလေးပါ ခင်ဗျား 🙏🌹🙏မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာကြပါစေ ချမ...
22/05/2024

၂၂.၅.၂၀၂၄
ကဆုန်လပြည့် (မြတ်ဗုဒ္ဓ အခါတော်နေ့)

မင်္ဂလာနံနက်ခင်းလေးပါ ခင်ဗျား 🙏🌹🙏

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ ကပ်ဘေးမှ ကင်းဝေးကြပါစေ🙏🌹🙏🌹🙏🌹

စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ 🙏🌹🙏🌹🙏🌹
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ🙏🌹🙏🌹🙏🌹
ကပ်ရောဂါဘေးမှ ကင်းဝေးနိုင်ကြပါစေ 🙏🌹🙏🌹🙏🌹
မြန်မာပြည် ကြီးလည်း အမြန်ဆုံး အေးချမ်းပါစေ 🙏🌹🙏🌹🙏🌹

မင်္ဂလာပါ---၁၆-၅-၂၀၂၄ ရက်နေ့=================အောက်မှာဖော်ပြထားတာကတော့ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြ...
16/05/2024

မင်္ဂလာပါ---
၁၆-၅-၂၀၂၄ ရက်နေ့
=================
အောက်မှာဖော်ပြထားတာကတော့ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်တို့ပဲဖြစ်ပါတယ်-------

၂၀၂၄ မြန်မာလိဂ်ဖလားပြိုင်ပွဲတွင် (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးခဲ့တဲ့ ဖိုးချစ် (ခ) ချစ်မျိုးထိုက် ⚽⚽🎯မနေ့က မြန်မာလိဂ်ဖလား...
16/05/2024

၂၀၂၄ မြန်မာလိဂ်ဖလားပြိုင်ပွဲတွင် (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးပေးခဲ့တဲ့ ဖိုးချစ် (ခ) ချစ်မျိုးထိုက် ⚽⚽🎯

မနေ့က မြန်မာလိဂ်ဖလားပြိုင်ပွဲတွင် မဟာယူနိုက်တက်အသင်း နှင့် ရွှေပြည်သာယူနိုက်တက်အသင်း တို့ယှဥ်ပြိုင်ကစားခဲ့ရာတွင် ပွဲပြီးဆုံးချိန်မှာတော့ မဟာယူနိုက်တက်အသင်း က (၅-၀)ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဒီပွဲစဥ်တွင် အသင်းအတွက် ပရိတ်သတ်အချစ်တော် ဇာတ်မင်းသား ဖိုးချစ် က ပါဝင်ကစားခဲ့ပြီး နှစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဒေါ်မာနီ ဇီးကုန်း ဆိုသူ၏ မှတ်ပုံတင် ကောက်ရထားပါသည် အောက်ဆုံးဖော်ပြပါ အကောင့်ပိုင်ရှင်ထံ ဆက်သွယ်ပြီး ပြန်လည်ယူနိုင်ပါသည်🤳...
14/05/2024

ဒေါ်မာနီ ဇီးကုန်း ဆိုသူ၏ မှတ်ပုံတင် ကောက်ရထားပါသည် အောက်ဆုံးဖော်ပြပါ အကောင့်ပိုင်ရှင်ထံ ဆက်သွယ်ပြီး ပြန်လည်ယူနိုင်ပါသည်
🤳ကီးမာ
09254122434
ရန်ကုန်
https://www.facebook.com/profile.php?id=61553306342573&mibextid=ZbWKwL

11/05/2024

ရှုပ်ထွေးပွေလီ_ရှမ်းတို့ပြည်_အပိုင်း၁

သီပေါမှာ ခုံမှိုင်းကြီး(ခွန်မိန်းလုံ) နန်းတက်။
အင်းဝမင်းကို စစ်ကူခဏခဏပေး။
ခုံမှိုင်းကြီးနတ်ရွာစံတော့
သီပေါမှာ ခုံမှိုင်းငယ်(ခွန်မိန်းနွိုင့်)နန်းတက်။
အင်းဝမင်းကို စစ်ကူခဏခဏပေး။

အင်းဝကို စစ်ကူခဏခဏပေးသဖြင့်
မိုးညှင်းစော်ဘွား မကြေနပ်၍ သီပေါစော်ဘွားပိုင်
ဗန်းမော်နယ်ကို စစ်ဆင်ရေးပြု။

ဗန်းမော်နယ်ရောက် မိုးညှင်းစော်ဘွားတပ် ပြန်ဆုတ်စေရန်
မိုးညှင်း-အင်းဝနယ်စပ်ရှိ မိုးညှင်းစော်ဘွားပိုင် မြေဒူးမြို့ကို
တိုက်ခိုက်ရန် အင်းဝမင်းထံ သီပေါစော်ဘွားက အကြောင်းကြား။

အင်းဝမင်း မြေဒူးကို တိုက်ခိုက်။ မြို့စောင့် မိုးညှင်းတပ်က
သေနတ်အများနှင့်ပစ်၍ အဝေးက ဝိုင်းထား။ မိုးသည်းညတွင် မိုးညှင်းစော်ဘွားလက်အောက်ခံ ကလေးစော်ဘွား
မင်းကင်းမြို့စား တောင်တွင်းချောင်မြို့စားတို့ ဝိုင်းတိုက်သဖြင့် အင်းဝမင်း တပ်ပျက်ပြီး ပြန်ပြေးရ။

မိုးညှင်းစော်ဘွား ကနီ ဗဒုံ အမြင့် စသည့်မြို့များကို သိမ်းပြီးစစ်ကိုင်းအထိ ဆင်းသိမ်း။
မိုးညှင်းစော်ဘွား ပုခန်းကြီးမြို့ကိုသိမ်းပြီး သရက်မြို့အထိ ဆင်းတိုက်။ စကု စလင်း ဘောင်းလင်း လယ်ကိုင်း စသည့်မြို့စားများ အင်းဝဆင်းပြေးကြ။

ပြည်မြို့စား မိုးညှင်းစော်ဘွားထံ သစ္စာခံ။ ပြည်မြို့စားနှင့်ပေါင်း၍ မိုးညှင်းစော်ဘွား အင်းဝကိုသိမ်း။ အင်းဝမင်းထံ
သီပေါစော်ဘွားခုံမှိုင်းငယ် စစ်ကူဆင်း။ အင်းဝမြို့အသိမ်းခံရ၍ အင်းဝမင်းနှင့် သီပေါစော်ဘွားခုံမှိုင်းငယ်
ဆင်ခေါင်းဝက်ဝင်(ပြင်ဦးလွင်အနီး)အထိ ထွက်ပြေးရ။

ပြည်မြို့စားကို အင်းဝတွင်နန်းတင်ပြီး မိုးညှင်းစော်ဘွားပြန်။
မိုးညှင်းစော်ဘွားပြန်သည်နှင့် ပြည်မြို့စားလည်း အင်းဝမှ ပြည်သို့ပြန်။

အင်းဝမင်းနှင့် သီပေါစော်ဘွားခုံမှိုင်းငယ်တို့ အင်းဝပြန်ဝင်။
ခုံမှိုင်းငယ် အင်းဝမှ သီပေါပြန်။

ကလေးစော်ဘွားက မိုးညှင်းစော်ဘွားကို ပုန်ကန်၍ အင်းဝမင်းထံ သစ္စာခံ။ ကလေးစော်ဘွားပိုင် ပန်းချီ(ဗန့်ချီ)၁၀ရွာ
(မုံရွာမြို့ အနောက်ဘက်ကမ်း) ကို အင်းဝမင်း စတင်ပိုင်ဆိုင်။ အင်းဝမင်းက ကလေးစော်ဘွားကို အမြင့်မြို့စားအရာပေး။

မိုးညှင်းစော်ဘွား ဒုတိယအကြိမ် အင်းဝကိုဆင်းတိုက်။
သားသိုဟန်ဘွားနှင့် တူတော်တို့ပါခေါ်လာ။ အင်းဝကို တိုက်ခိုက်။

မိုးညှင်းစော်ဘွား၏ တပ်များက ကလေးမြို့ မင်းကင်းမြို့
ဗဒုံမြို့ ကနီမြို့ အမြင့်မြို့တို့ကို ပြန်သိမ်း။ မိုးညှင်းစော်ဘွား စစ်ကိုင်းမှ အင်းဝသို့ ကူးပြီးတိုက်။

အင်းဝမြို့ပေါက်ချိန် ဆင်စီး၍ ထွက်ပြေးသော အင်းဝမင်းအမြောက်ဆံမှန်ပြီး နတ်ရွာစံ။
မိုးညှင်းစော်ဘွားသား သိုဟန်ဘွား အင်းဝမှာ နန်းတက်။
အင်းဝကိုကူရန်ဆင်းလာသော သီပေါစော်ဘွားခုံမှိုင်းငယ် အင်းဝပျက်ကြောင်းသိလျှင် ဆင်းမလာဝံ့၍ လှည့်ပြန်။

မိုးညှင်းပြန်သော မိုးညှင်းစော်ဘွား မြေဒူးတွင် လုပ်ကြံခံရ။
မိုးညှင်းကို သားတော်အငယ် သိုဟန်ဘွား၏ညီတော်က ဆက်အုပ်ချုပ်။

သိုဟန်ဘွားကို မင်းကြီးရန်နောင်က လုပ်ကြံ။
အင်းဝကိုအုပ်ချုပ်ရန် သီပေါစော်ဘွား ခုံမှိုင်းငယ်ကိုပင့်။

ခုံမှိုင်းငယ်က ညီစဝ်ဖပေါ် ကိုသီပေါစော်ဘွားအရာအပ်။ သားကို မိုးဗြဲစော်ဘွားအရာအပ်၍ အင်းဝသို့ဆင်း၍ မင်းလုပ်။ သားတော်ငယ်ကို စဉ့်ကူးမြို့စားအရာပေးထား။

ခုံမှိုင်းငယ် အင်းဝတွင်နတ်ရွာစံ။ သားတော် မိုးဗြဲစော်ဘွား
အင်းဝသို့ဆင်း၍ နန်းတက်။ ရှမ်းစော်ဘွားများကို အဆက်အဆံမလုပ်။

သိုဟန်ဘွား၏ညီတော် မိုးညှင်းစော်ဘွားက ခုံမှိုင်းငယ်ကို
မကြေနပ်ရင်းစွဲရှိ။ စလင်းမြို့စား စည်သူကျော်ထင်ကို လက်နက်လူသူထောက်ပံ့၍ စစ်ကိုင်းတွင် မင်းပြိုင်အုပ်ချုပ်ခိုင်း။ နောက် မိုးညှင်းစော်ဘွားကူ၍ အင်းဝကိုတိုက်ခိုက်။

ရှမ်းစော်ဘွားများ စစ်ကူမလာသောကြောင့် အင်းဝမင်းဖြစ်သောမိုးဗြဲစော်ဘွား ဘုရင့်နောင်ထံ ပြေးဝင်ခိုလှုံ။ အင်းဝကို စည်သူကျော်ထင် အုပ်ချုပ်။

ဘုရင့်နောင်နှင့် သားတော်ညီတော်များတိုက်၍ အင်းဝပျက်။
အင်းဝမင်း စည်သူကျော်ထင် ဟံသာဝတီသို့ပါတော်မူ။

အင်းဝမင်းထံ စစ်ကူဆင်းလာသော မိုးညှင်းစော်ဘွား မိုးကောင်းစော်ဘွား ကလေးစော်ဘွားတို့ကို ဘုရင့်နောင်၏တပ်က မြေဒူးမြို့တွင် တိုက်ခိုက်။
စော်ဘွားတို့ တပ်ဆုတ်၍ ပြန်။

မိုးညှင်းစော်ဘွားယောက်ဖ မြေဒူးမြို့စားမှာ ဘုရင့်နောင်ထံ သစ္စာခံ။ ဘုရင့်နောင်က ပုခန်းကြီးမြို့စားအရာပေး။

မိုးညှင်းစော်ဘွား၏တူ စည်ပုတ္တရာမြို့စား ဘုရင့်နောင်ထံ သစ္စာခံ။ ဘုရင့်နောင်က အမြင့်မြို့စား အရာပေး။

စဉ့်ကူးမြို့ အသိမ်းခံရသဖြင့် အင်းဝမင်းဟောင်းခုံမှိုင်းငယ်၏သား စဉ့်ကူးမြို့စား သီပေါပြန်ပြေး။

စဉ့်ကူးမြို့စားကို ဦလေးဖြစ်သူ သီပေါစော်ဘွား စဝ်ဖပေါ်
(အင်းဝမင်းဟောင်း ခုံမှိုင်းငယ်၏ ညီတော်)က မိုးနဲနယ်တွင် စော်ဘွားဆက်ပြတ်စဉ် မိုးနဲနယ်ကို စော်ဘွားအရာဖြင့် အုပ်ချုပ်ခိုင်း။

သီပေါတွင် စဝ်ဖပေါ် နတ်ရွာစံ။ ညီတော်စဝ်ဆိုင်လုံက သီပေါတွင်နန်းတက်။ မိုးနဲတွင်စော်ဘွားအဖြစ်အုပ်ချုပ်နေသော စဉ့်ကူးမြို့စားဟောင်းက မကြေနပ်သဖြင့် သီပေါကိုဝင်တိုက်။

သီပေါမြို့အသိမ်းခံရ၍ သီပေါစော်ဘွား စဝ်ဆိုင်လုံ နတ်ရွာစံ။ မိုးနဲစော်ဘွားဖြစ်သည့် စဉ့်ကူးမြိုစားဟောင်းက
သီပေါတွင် နန်းတက်။

စဝ်ဆိုင်လုံသား မိုင်းလုံမြို့စား မကြေနပ်။ ဘုရင့်နောင် အင်းဝသို့ ချီတက်သိမ်းပိုက်ချိန် အင်းဝသို့ဆင်း၍ ဘုရင့်နောင်ထံ သစ္စာခံ။

ဘုရင့်နောင်က မိုင်းလုံမြို့စားကို တပ်ဦးကချီတက်စေ၍ မိုးမိတ်မြို့ကိုသိမ်း။ မိုးမိတ်စော်ဘွားကို အရာကချ၍ မိုင်းလုံမြို့စားကို မိုးမိတ်စော်ဘွားအရာခန့်။

မိုးညှင်းစော်ဘွားနှင့် တူတော်ဝန်းသိုမြို့စားကို
ကိုယ်တိုင်ဖမ်းပေးမည်ဟု ဘုရင့်နောင်ထံ သစ္စာခံကြသော
မိုးညှင်းစော်ဘွား၏ယောက်ဖ ပုခန်းကြီးမြို့စားနှင့်
မိုးညှင်းစော်ဘွား၏ တူတော်အမြင့်မြို့စားတို့က
ဘုရင့်နောင်ထံ အာမခံ။
ဘုရင့်နောင်ခွင့်ပြုသဖြင့် ၄င်းတို့၂ဦး မိုးညှင်းသို့ စစ်ချီ။ .......................................................................

အခြေအနေက အခုခေတ်အတိုင်းပဲ။ အခုခေတ်လည်း တပ်ကိုယ်စီ လက်နက်ကိုယ်စီသာ ပေးလိုက်လို့ကတော့ အဲလိုပဲနေမှာ။ လက်နက်ကိုင်သူများကလည်း ကောင်းကောင်းမကိုင်တတ်တော့ တွေးတွေးပြီး လန့်မိတယ်။

အဲသည်ခေတ်က အထက်ပိုင်းရှမ်းပြည်မှာ မိုးညှင်းနဲ့ ကလေးက ရန်ထထဖြစ်တယ်။ အရှေ့ဘက်ရှမ်းပြည်ကျတော့ သီပေါနဲ့ မိုးနဲက ထထတွယ်နေကြတယ်။

သမိုင်းဆိုတာ ချကြွားဖို့ထက် သင်ခန်းစာယူတတ်ဖို့ပါ။ မယူတတ်ကြလျှင်လည်း သဘောအတိုင်းပါပဲ။ အနိစ္စဆိုတာမျိုးက ကိုယ်နဲ့အနီးဆုံးမှာ မဟုတ်ပါလား။

- အာယု ဝဏ္ဏော ဆုခံ ဖလံ -

✍️Credit-ဆေခမ်းဖ

📚လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊
မူရင်းရေးသူကိုခရက်ဒစ်ပေးပြီး၊ ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်...😇
All rights and credits go to rightful owner.

ကန့်ဘလူမြို့နယ်မှ ဉ္ပဇင်း တစ်ပါးသည် မန္တလေးဆေးရုံကြီးတွင် 4ရက်ခန့် မေ့မျှောနေပါသည် ထို့ကြောင့်နီးစပ်ရာဆွေမျိုး မိတ်ဆွေမျ...
26/12/2023

ကန့်ဘလူမြို့နယ်မှ ဉ္ပဇင်း တစ်ပါးသည် မန္တလေးဆေးရုံကြီးတွင် 4ရက်ခန့် မေ့မျှောနေပါသည် ထို့ကြောင့်နီးစပ်ရာဆွေမျိုး မိတ်ဆွေများရှိပါက ကူညီဆက်သွယ်ပေးလိုပါသည်
ဖြစ်စဉ်ဖြစ်ရာ 9ထပ်ဆောင် ဖျားနာဆောင်1ဒုတိယထပ် တွင်တည်ရှိပါသည်
ဆက်သွယ်ရန်
09/456151555မနှင်းခိုင်
09/682221413မပုံ့ပုံ့

10/12/2023

Address

Kanbalu

Website

Alerts

Be the first to know and let us send you an email when ကန့်ဘလူ သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share