KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ်

  • Home
  • Myanmar
  • Kawkareik
  • KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ်

KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ် Kawkareik Open News (Ko News) was established on March 24, 2021 and is an independent local news outlet.

Human rights abuses continue on a daily basis in the wake of Myanmar's unjust military coup.

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲဖြစ်စဉ်တွင် ပူးပေါင်းအဖွဲ့များနှင့်အတူပါဝင်ခဲ့သော ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့...
15/11/2023

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲဖြစ်စဉ်တွင် ပူးပေါင်းအဖွဲ့များနှင့်အတူပါဝင်ခဲ့သော ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့မှရဲဘော်များ .....

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွတိုက်ပွဲအတွင်း ကော့ကရိတ် PDFတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့***********(၁၄-၁၁...
14/11/2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွတိုက်ပွဲအတွင်း ကော့ကရိတ် PDFတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့
***********
(၁၄-၁၁-၂၀၂၃)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ရှိစစ်ရေးအရအချက်အခြာကျသော ချောင်းနှစ်ခွတံတားကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကော့ကရိတ် PDF၊ Triple-Kတပ်ဖွဲ့ ရဲဘော်များမှ အတူတကွပူးပေါင်းပါဝင်တိုက်ခိုက်နိုင်ခဲ့ခြင်းအပေါ် များစွာဂုဏ်ယူမိပါကြောင်း KO Newsမှ မှတ်တမ်းတင် ရေးသားဖော်ပြအပ်ပါသည်။



#တာလပေါ့

27/10/2023

ကော့ကရိတ် အခြေအနေလေးတွေကို Messenger မှာ အားမနာတမ်း ပို့ပေးလို့ရပါပြီးနော်...

လူထုများအမြင်ဝေဝါးစေရန်ရည်ရွယ်၍ စကစ Telegram Channelများမှ တော်လှန်ရေးအင်အားစုများကို ပုံဖျက်တိုက်ခိုက်‌နေ*************(...
17/10/2023

လူထုများအမြင်ဝေဝါးစေရန်ရည်ရွယ်၍ စကစ Telegram Channelများမှ တော်လှန်ရေးအင်အားစုများကို ပုံဖျက်တိုက်ခိုက်‌နေ
*************
(17-11-2023)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

(၁၃-၁၁-၂၀၂၃)ရက်နေ့ နေ့လည် (၁၂:၀၀)အချိန် ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိ အ.ထ.က(ခွဲ) ဝင်းကြီးကျောင်းမှ ကျောင်းသူ (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများမှ Droneဖြင့်တိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖက်စစ်အုပ်စု Telegram Channelများတွင် သတင်းအမှားဖြန့်ဝေ ဝါဒဖြန့်နေခြင်းအား KO Newsမှ စုံစမ်းသိရှိရသမျှကို ပြည်သူလူထုများသိရှိစေရန် တင်ပြလိုက်သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားသောနေ့ရက်တွင် စကစတပ်သည် ကော့ကရိတ်မြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့များဝင်‌လာသည်ဟုဆိုကာ ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်နှင့် လှိုင်ဝအမြှောက်ကုန်းတို့မှ နှစ်ဖက်ညှပ်ကာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် ကျောင်းသူလေးများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုတပ်မှ စွပ်စွဲ‌ရေးသားချက်များမှာ မြေပြင်စုံစမ်းသိရှိရမှုနှင့် လုံးဝကွာခြားနေပြီး KKOတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်စုံစမ်းခဲ့ရာ "အဲ့ဒီ‌နေ့က ကျွန်‌တော်တို့အဖွဲ့ ဘာMissionမှမရှိဘူး။ သူတို့က လက်နက်ကြီးနဲ့ပစ်လို့သာ မြို့ထဲကျပြီးအခုလိုဖြစ်တာ။ အဲ့ဒီလိုဖြစ်ပြီးတော့‌‌ ဖြစ်တဲ့နေရာကို သူတို့တွေရောက်လာပြီး ပြည်သူတွေ‌‌ကိုတောင်းပန်ခဲ့တာ‌တောင် ကျွန်‌တော်တို့သတင်းပြန်ကြားခဲ့‌‌ရသေးတယ်။"ဟု KO Newsသို့ ဖြေကြားခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားရာ‌နေရာနှင့်နီးစပ်သူ မြို့ခံတစ်ဦးထံ စုံစမ်းခဲ့ရာ "အဲ့ဒီ‌နေ့ နေ့လည်မှာ ကျောင်းသူ‌တွေထိသွားလို့ အနီးအနားကလူ‌တွေက ကလေး‌တွေကို ကားနဲ့တင်ပြီး‌ဆေးရုံပို့ဖို့လုပ်တာ သူတို့(စကစ)တွေရောက်လာပြီးတော့ သေနတ်နဲ့ပစ်ပြီး ကားကိုတားတယ်။ ပြီးတော့ အဲ့ဒီလက်နက်ကြီးကျတဲ့နေရာတွေက ပေါက်ကွဲတဲ့အစ‌တွေကို လိုက်သိမ်းတယ်။ သဲလွန်စဖျောက်တဲ့သဘောထင်တယ်။"ဟု ပြောကြားခဲ့သည်။

ကော့ကရိတ်မြို့၏ စစ်ရေးအခြေအနေကို စောင့်ကြည့်လေ့လာ‌နေသူတစ်ဦးထံမှ "ဖြစ်တဲ့‌နေ့က (၁၃)ရက်နေ့မှာဖြစ်တယ်။ (၁၄)ရက်နေ့မှာ စကစအဖွဲ့တွေက ကော့ကရိတ်ဈေးကြီးမှာ ပါဆယ်ဗုံး‌တွေ့တယ်၊ KKOနဲ့ PDFအဖွဲ့တွေ ဗုံးလာချတယ်ဆိုပြီး သတင်းလွှင့်‌တယ်။ ဒါကိုကြည့်လိုက်ရင် စကစအဖွဲ့က‌နေပြီး ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းပုံဖျက်နေတာလို့ ယူဆလို့ရတယ်။"ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် လက်နက်ကြီးများပစ်ခတ်‌နေသော်လည်း တည်နေရာလွှဲချော်မှုများ မကြာခဏဖြစ်နေခြင်းအပေါ် ၎င်းတို့တပ်တွင်း၌ လက်နက်ကြီးကျွမ်းကျင်သူများမရှိတော့‌ဘဲ အရံတပ်ဖွဲ့များနှင့် ရဲမေများဖြင့်သာ အသုံးပြုပစ်ခတ်နေရတော့သည့်အခြေအနေဖြစ်နေသည်မှာ ရာခိုင်နှုန်းအားဖြင့် များစွာသေချာ‌နေပြီဖြစ်‌ကြောင်းနှင့် စကစတပ်မှ KKOတပ်ဖွဲ့နှင့် PDFတပ်ဖွဲ့အပေါ် စစ်ရေး၊ နိုင်ငံ‌ရေးအရ တစ်စုံတစ်ရာ အမြတ်ထုတ်ထိုးစစ်ဆင်လို၍ ယခုကဲ့သို့ ကြံစည်ဝါဒဖြန့်ခြင်းသာဖြစ်‌ကြောင်းအဆိုပါ ကော့ကရိတ်မြို့စစ်ရေးအ‌ခြေအနေ စောင့်ကြည့်သုံးသပ်‌နေသူထံမှ ထပ်မံသိရှိခဲ့ရသည်။


ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့အတွက် ရန်ပုံငွေ Online Showပွဲ ကျင်းပပြုလုပ်မည်************(3-10-2023)ရက်နေ့ ကော့ကရိတ်ပွင့်...
02/10/2023

ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့အတွက် ရန်ပုံငွေ Online Showပွဲ ကျင်းပပြုလုပ်မည်
************
(3-10-2023)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့ရန်ပုံ‌ငွေပွဲကို ယခုလ အောက်တာဘာ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်‌သည်။

အဆိုပါပွဲတွင် "မူးလာ၊ တိုးကြီး၊ နွေလင်းဟန်၊ သစ်နောင်နောင်၊ ကိတ်၊ သင့်သူ၊ Dr.ကိုကိုဦး၊ ရဲလင်း၊ စိုင်းခမ်းလုံ" အစရှိသော အနုပညာရှင်များ၊ ဝါသနာရှင်များပါဝင်ကြမည်ဖြစ်ပြီး The Cruz Bandမှတီးခတ်၍ Onlineမှတစ်ဆင့် တိုက်ရိုက်တင်ဆက်‌ဖျော်ဖြေသွားမည်ဖြစ်ရာ လက်မှတ်တစ်‌စောင်လျှင် မြန်မာငွေ (၂၀၀၀၀)ကျပ်၊ ထိုင်းငွေ (၂၅၀)ဘတ်၊ စင်္ကာပူငွေ (၁၅)SDG၊ USD (၁၀)ဒေါ်လာဖြင့် တာလပေါ့ Pageတွင် ဝယ်ယူအား‌ပေးနိုင်ပါသည်။

ပွဲအမည်အား "NEXT SHOW"ဟု အမည်ပေးထားကာ မြန်မာစံတော်ချိန် ညနေ (၅:၃၀)နာရီတိတိတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကော့ကရိတ်ဒေသခံများအပြင် တော်လှန်‌ရေးတွင်ပါဝင်ကြ‌သော ပြည်တွင်းပြည်ပမှ တော်လှန်ရေးအင်အားစုများမှလည်း တစ်တပ်တစ်အား အား‌ပေးကူညီ‌ကြပါရန် KO Nwesဝိုင်း‌ တော်သားများအ‌‌နေဖြင့် တိုက်တွန်းလိုက်ရပါသည်။

စာကြွင်း။ အသေးစိတ်သိရှိလိုသည်များရှိပါက တာလပေါ့Pageတွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


#တာလပေါ့

https://m.facebook.com/story.php?story_fbid=154604167722121&id=100095176154392&mibextid=Nif5oz
01/10/2023

https://m.facebook.com/story.php?story_fbid=154604167722121&id=100095176154392&mibextid=Nif5oz

ရှိုးပွဲတွေအတိုင်း ခံစားမှူအပြည့်ပေးမယ် NEXT SHOW

လုံးဝကို အမှန်ကန်ဖြုတ်ကြမှာ…

မူးလာ၊ တိုးကြီး၊ နွေလင်းဟန်၊ ကိတ်၊ သစ်နောင်နောင်၊ ဒေါက်တာကိုကိုဦး၊ ရဲလင်းနဲ့ စိုင်းခမ်းလုံတို့ သီဆိုဖျော်ဖြေပေးကြမယ်အပြင် ကဗျာဆရာ သင့်သူကလည်း ကဗျာတွေရွတ်ပြဦးမှာ…

Music ပိုင်းမှာဆိုလည်း The Cruz Band က တာဝန်ယူတီးခတ်ပေးမှာဖြစ်လို့ လုံးဝပြောစရာမလိုတဲ့ပွဲ…

(1.10.2023) ကနေ (7.10.2023)နေ့လည် ၁၂နာရီအထိ လက်မှတ်ရောင်းသွားပေးမှာဖြစ်ပြီး (7.10.22023 )ညနေမှာ group ကနေ တိုက်ရိုက်လွင့်မှာပါ…

အိမ်မှာအေးဆေးကွေးပြီး ဖုန်းထဲကနေ ထိုင်ကြည့်နေရုံပဲ…

ကွန်မန့်မှာအသေးစိတ် ထပ်ရှင်းပြမယ်နော်….


#တာလပေါ့

ကော့ကရိတ်-မြဝတီလမ်းဟောင်း လတ်တလောတွင် ကားလမ်းပိတ်ဆို့မှုဖြစ်ပွားနေ****************(၁၈-၈-၂၀၂၃)ရက်နေ့ကော့ကရိတ်ပွင့်လင်းသတင...
18/08/2023

ကော့ကရိတ်-မြဝတီလမ်းဟောင်း လတ်တလောတွင် ကားလမ်းပိတ်ဆို့မှုဖြစ်ပွားနေ
****************
(၁၈-၈-၂၀၂၃)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ်တွင် အံစာတုံးကာတစ်စီး လမ်းဘေးချောက်အတွင်းသို့ထိုးကျခဲ့ပြီး ကျန်တစ်စီးတိမ်းမှောက်မှုကြောင့် ယနေ့တွင် လမ်းပိတ်ဆို့နေကြောင်းသိရှိရသည်။

ယာဉ်တစ်စီးမှတစ်စီးကျော်တက်မှုကြောင့် ယခုကဲ့သို့ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် လမ်းဟောင်းတောင်ပေါ်လမ်းသည် လမ်းကျဉ်းမြောင်းကာ အကွေ့အကောက်များခြင်းကြောင့် ယာဉ်မောင်းများအနေဖြင့် ဆင်ခြင်မောင်းနှင်သွားလာကြရန်၊ အလျင်စလိုမောင်းနှင်မှုများမပြုကြရန် ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ Social Mediaပေါ်တွင် ဖော်ပြရေးသားနှိုးဆော်ထားသည်။

ကော့ကရိတ်-မြဝတီလမ်းဟောင်းကို ယာဉ်သွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် ကော့ကရိတ်မှ မြဝတီသို့ အတက်နေ့ (၁)ရက် မြဝတီမှ ကော့ကရိတ်သို့ အဆင်း နေ့ (၁)ရက်ဟု သတ်မှတ်ထားကြရာ ယနေ့ ဩဂုတ်လ (၁၈)ရက်နေ့သည် အတက်နေ့ဖြစ်ကြောင်း သိရှိရသည်။


Photo-CJ

"တာလပေါ့ကမ်ပိန်း" (၃၁)ရာခိုင်နှုန်း‌အောင်မြင်ထား*****************(15-8-2023)ရက်နေ့ကော့ကရိတ်ပွင့်လင်းသတင်းစဉ်ကော့ကရိတ်PDF...
15/08/2023

"တာလပေါ့ကမ်ပိန်း" (၃၁)ရာခိုင်နှုန်း‌အောင်မြင်ထား
*****************
(15-8-2023)ရက်နေ့
ကော့ကရိတ်ပွင့်လင်းသတင်းစဉ်

ကော့ကရိတ်PDF၊ Triple-Kတပ်ဖွဲ့ လက်နက်ခဲယမ်းများဝယ်ယူဖြည့်တင်းရန်အတွက် "တာလ‌ပေါ့ကမ်ပိန်း"ကို ဩဂုတ်လ (၁၀)ရက်နေ့မှ စတင်ရောင်းချပြီး ယနေ့ ဩဂုတ်လ (၁၅)ရက်နေ့အထိ (၃၁)ရာခိုင်နှုန်း အောင်မြင်ထားပြီးဖြစ်‌ကြောင်းနှင့် ကမ်ပိန်းTragetအဖြစ် မြန်မာ‌ငွေကျပ်သိန်းငါးရာဖြစ်ပြီး အားစိုက်ကူညီပေးကြရန် ကမ်ပိန်းတာဝန်ခံက ပြည်သူလူထုအား တောင်းဆိုသည်။

"ကမ်ပိန်းက (၃၁%)အောင်မြင်နေပါပြီ။ ဩဂုတ်လ (၁၀)ရက်နေ့ကစပြီး ကမ်ပိန်းကာလက (၃)ပတ်ဆိုတော့ ဩဂုတ်လကုန်ထိမဲလက်မှတ်များ ရောင်းချသွားမှာဖြစ်လို့ အမြန်ဆုံးပြည့်သွားအောင်လည်း ပြည်သူတွေက ဝိုင်းပြီးပံ့ပို့ပေးဖို့လိုအပ်နေတယ်"လို့ ကမ်ပိန်းတာဝန်ခံမှ KO Newsသို့ ပြောကြားခဲ့ပါသည်။

ယခု ကမ်ပိန်းမှရရှိသည့် ဘဏ္ဍာငွေဖြင့် ကော့ကရိတ်PDF(Triple-K)တပ်ဖွဲ့အတွက် လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းသွားမှာဖြစ်လို့ နိုင်ငံတကာအသီးသီး‌‌မှာရောက်ရှိနေကြတဲ့ မြန်မာများအားလုံး အင်တိုက်အားတိုက် ပါဝင်ကူညီ‌ပေးကြဖို့ ကမ်ပိန်းတာဝန်ခံမှ ထပ်မံမေတ္တာရပ်ခံထားပြီး ငွေပေးချေမှုနည်းလမ်းအတွက် တာလ‌ပေါ့ page Messengerတွင် လာရောက် ဝယ်ယူအားပေးနိုင်‌ကြောင်း သိရှိရသည်။

#တာလပေါ့


စာကြွင်း။ တာလပေါ့ pageအား First Commentတွင် ဖော်ပြပေးထားပါသည်။

Address

Kawkareik
13061

Website

Alerts

Be the first to know and let us send you an email when KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ်:

Share