ခရမ္းမီဒီယာ-public

ခရမ္းမီဒီယာ-public လွတ်လပ်၍ တရားမျှတသော မီဒီယာ

19/10/2025

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)မှာ
တော်လှန်ရေးတာဝန်ထမ်းဆောင်ရန် နွေးထွေးစွာကြိုဆိုပါတယ်။

🚩 ယခု Linkကနေ သေချာဖတ်ရှု့ပြီး လျှောက်လွှာတင်နိုင်ပါပြီ
https://www.facebook.com/share/p/1CPMqw7ZUH/

#ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရန်ကုန်ပကဖ
#ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၁

25/09/2025

ဗိုလ်ချုပ်ထွန်းမြတ်နိုင် – ရက္ခိတလမ်းစဉ်မှသည် စစ်အာဏာရှင်တော်လှန်ရေးဆီသို့ ………….၂၀၀၉ ခုနှစ်တွင် အသစ်ပေါ်.....

25/09/2025

နတ်ရေကန်စခန်းအနီးတိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က လေကြောင်းမှ ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချ၍ ခုခံတိုက်ခိုက်နေ

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာအနီးတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်​ေတာ် (AA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကော်မရှင်သည် စက်တင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီမှစ၍ တိုက်လေယာဉ်၊ Y -12 လေယာဉ်တို့ဖြင့် ဗုံးအလုံးရေ ၃၀ နီးပါးကို ကြဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

"အမ်း-ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲတွေ စလာကတည်း က အဲဒီနားကကျေးရွာတွေ စစ်ဘေးရှောင်နေကြတယ်။ မနေ့က ကော်ဖီခြံတွေဘက်ကိုပါ ဗုံးကြဲသွားလို့ ပျက်စီးထိခိုက်မှုတော့ရှိမှာပါ။ အသေးစိတ်တော့ မသိနိုင်သေးပါဘူး"ဟု မကွေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က နတ်ရေကန်အနီးရှိ မြိုင်၊ လှိုင်စသည့် ကျေးရွာများဘက်သို့ ဗုံးအလုံးရေ ၃၀ နီးပါးကို ဆက် တိုက်ကြဲချခဲ့ခြင်းဖြစ်သည်။

နတ်ရေကန် တောင်ကြောတစ်ဝိုက်နှင့် လှိုင်ကျေးရွာဘက်တွင် စစ်ကော်မရှင်၏ တပ်မ (၉၉) မှ လက်ကျန်တပ်ဖွဲ့ဝင် ၃၀၀ ခန့် တပ်ဖြန့်ထားရှိပြီး AA တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း နတ်ရေကန်ရှိ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၆၀ နီးပါး သေဆုံးပြီး စကခ ၁၇ လက်အောက်ခံ တပ်ရင်း ၄ ခုထက်မနည်းမှ တပ်ဖွဲ့ဝင် ၄၀ ကျော်ကိုလည်း ပျောက်ဆုံးစာရင်းသွင်းထားရကြောင်း သတင်းရင်း မြစ်ထံမှ သိရသည်။

နတ်ရေကန်ဗျူဟာစခန်းကို စစ်ကော်မရှင်က အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅ မှနေ၍ စစ်သုံးကားကြီးများဖြင့် အင်အားဖြည့်တင်းမှုကို နေ့စဉ်နီးပါးပြုလုပ်လျက်ရှိသည့်အပြင် အနီးတစ်ဝိုက်ရှိ ကာကင်းစခန်းများကိုလည်း ကင်းထောက်လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ပထမပတ်အတွင်းကလည်း နတ်ရေကန်အနီး စွန်တက်ကျေးရွာဘက်သို့ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ ၅၇၄၊ ခမရ ၅၆၉၊ ခမရ ၅၇၅၊ ခမရ ၅၇၇၊ ခမရ ၅၂၀၊ ခလရ ၂၉၅ တပ်ရင်းများက စုပေါင်းကာ စစ်ကြောင်းထိုးလျက်ရှိကြောင်း AA ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)
#မကွေး #ငဖဲ #နတ်ရေကန် #တိုက်ပွဲပြင်းထန် #စစ်ကော်မရှင် #လေကြောင်းဗုံးကြဲ

25/09/2025

“ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-တောင်ပိုင်းခရိုင်ဇုံ-၂ ဆိုတာ ”
________________________________________________________

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - တောင်ပိုင်းခရိုင်ဇုံ-၂ ဆိုတာ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကျောက်တန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပါဝင်သော ခရိုင်တခုဖြစ်ပါသည်။

ယခုအခါ မြို့သိမ်း၊စခန်းသိမ်း တိုက်ပွဲများတွင် ညီနောင်မဟာမိတ် တပ်ရင်း/တပ်ဖွဲ့များနှင့်အတူ အထူးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်တွင် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)၊ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၄)​တို့သည်လည်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -တောင်ပိုင်းခရိုင်ဇုံ -၂ ခရိုင်ကွပ်ကဲမှုတပ်ဖွဲ့များအဖြစ် ပါဝင်လျက်ရှိပါသည်။

တော်လှန်ရေးတာဝန်များကို အမျိုးသားညီညွှတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စစ်ပုံကျစွာ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်သည်။

#ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ
#တောင်ပိုင်းခရိုင်ဇုန်၂

25/09/2025
25/09/2025
25/09/2025
24/09/2025
24/09/2025
24/09/2025

အဲဒီလိုမျိုး အမျိုးသမီးတယောက်ကို ၂ ရက် ၃ ရက် ခေါ်ထားပြီး မေးမြန်းနေတာက အဆင်မပြေဘူးလေ။ သူတို့အနေနဲ့ အစိုးရလို့သတ်မှတ်ရင် သူတို့အုပ်ချုပ်နယ်မြေမှာရှိတဲ့ သတင်းထောက်တွေ အကုန်လုံးကို တန်းတူအခွင့်အရေး ပေးပြီးတော့ ကာကွယ်စောင့်ရှောက်ရမယ်။ တန်းတူ သတင်းယူခွင့် သွားလာခွင့်တွေ ပေးရမှာပေါ့။ သူတို့ကောင်းတာပဲ ရေးနေတဲ့ သတင်းထောက်တွေကိုပဲ ခေါ်မယ်၊ သူတို့ရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြဝေဖန်တဲ့ သတင်းထောက်တွေကို ဖမ်းဆီးမယ် ဆိုတာဟာ အစိုးရရဲ့ လုပ်ရပ်မဟုတ်ဘဲ အကြမ်းဖက်ဆန်နေမှာပေါ့။”
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#ရခိုင်အမျိုးသမီးသတင်းထောက်

24/09/2025

"ဒီသတင်းထောက်အမျိုးသမီးဟာ စစ်ပွဲကာလ လိုက်နာရမယ့်စည်းဘောင်တွေ ကျော်ပြီးတော့ အများ ပြည်သူလုံခြုံရေးကို ထိခိုက်စေတဲ့ အပြောအဆို၊ အလုပ်အကိုင်တွေ လုပ်တဲ့အတွက်ကြောင့် သူ့ကို ကျနော်တို့ စောင့် ကြည့်နေတာကြာပါပြီ။ အခုအချိန်မှာ အများပြည်သူလုံခြုံရေးအတွက် ခေါ်ယူ စိစစ်ဖို့လိုအပ်တဲ့အတွက် ကျနော်တို့ လုံခြုံရေးတာဝန်ရှိဌာနအနေနဲ့ ခေါ်ယူ စိစစ်နေတာသာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးထားတာမျိုး မဟုတ်ပါဘူး

Website တွင် ဖတ်ရန် https://bit.ly/3VyayIZ

---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Address

Kayan

Website

Alerts

Be the first to know and let us send you an email when ခရမ်းမီဒီယာ-public posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ခရမ်းမီဒီယာ-public:

Share