17/04/2024
#ဒေါနပန်း
pallens Wall. ex DC.
Family:
Common names: dhavanam from the
Sanskrit name (damanaka),
Tamil: , , Marathi: )
Collected by Kothet Naing Oo
Location Mandalay
စျေးထဲမှာ ဒေါနပန်းလေးတွေတွေ့ရတယ် ၊ ၂ စည်း ၅၀၀ ကျပ်တဲ့ ၊ အမြစ်လေးတွေလည်းပါတယ်၊ ဘယ်ကလာရောင်းတာလည်းဆိုတော့ မုံရွာဖက်ကတဲ့၊ ၆ နှစ်လောက်နေခဲ့ရတဲ့မြို့က ပန်း၊ ပန်းသည်မလေးက မလွယ်ပါဘူး ဦးလေးရာ ခက်ခက်ခဲခဲလာရတာတဲ့၊ ဒီပန်းက ရှားတယ်၊ တကူးတက စိုက်ရောင်းတာတောင် သိပ်မရှိတော့၊ ထူးခြားလှတဲ့ရနံ့ ၊ တပင်လုံးကို မွှေးနေတာ၊ အစိုတင်မကဘူး ခြောက်သွားသည်အထိမွှေးတဲ့ပန်း၊ သိပ်ရင့်ရင် အပွင့်လေးတွေပါ ပါတတ်တယ်၊ ပန်းခြောက်လေးတွေကို အုန်းဆီပုလင်းထဲထည့် ပြီး လိမ်းတတ်ကြတယ်၊ သူ့ရနံ့က လူနာတွေတောင်သက်သာစေတယ်၊ နတ်ပန်းအဖြစ် လည်းဆက်သကြတယ်၊ အလှူ မင်္ဂလာဆောင်တွေဖိတ်ရင် ဒီပန်းလေးနဲ့ ဖိတ်ကြတယ်၊ ဇော်မွှား ဘိတ်သိတ်ပန်းလေးတွေနဲ့တွဲပြီး အပ်ချည်ကြိုးလေးနဲ့သီပြီးဖိတ်တယ်။
ဒေါနပန်းဆိုသည်နှင့် လှပသောပန်းတပွင့်လို့မထင်လိုက်ပါနှင့် အရွက်များသာဖြစ်ပါတယ်၊ ဒီလိုပါဘဲ သပြေပန်းဆိုတာကလည်း သပြေ အရွက်များသာဖြစ်ပါတယ် ၊ သာမန်အရွက်များတော့မဟုတ်ပါ သင်းပျံ့သောရနံ့ရှိသောအရွက်များဖြစ်သည်၊ အခြားအခြားသော အရွက်တွေလို့တော့ မဟုတ် ငွေ ဖြူရောင် အမွှေးလေးများဖုံးနေသော အရွက်များသာဖြစ်တယ်၊ ဒါ့ကြောင့် ဒေါနအရွက်လေးတွေက မီးခိုးရောင် သို့မဟုတ် အဖြူရောင် သန်းနေကြခြင်းဖြစ်တယ်၊ မျိုးရင်းက နေကြာမျိုးရင်း ထဲကဖြစ်တယ်၊
အများစုက ရနံ့ရှိသော ပင်ပြော့ aromatic herb သာဖြစ်တယ်၊ ဒီအပင်လေးတွေက ရေနဲခံပင် အမျိုးအစား xerophytic In nature ဖြစ်တယ်၊ ပန်းခိုင်တွေက ရေစီမိုစ် ပန်းခိုင်ပေါင်း racemose panicles ဖြစ်ပြီး အလွန်သေးငယ်သော small yellow flower အဝါရောင်ပန်းလေးပေါင်းများစွာဟာ heads or capitula ဦခေါင်းငယ် ပန်းခိုင်ထဲမှာ ရှိနေကြတယ်၊ ကျနော်တို့က Artemisia မျိုးစိတ် ဝင်သော အပင်များကို အလှအပနှင့် ဘုရားပန်းတင်တာလောက်ဘဲ အသုံးဝင်တာလောက် ထင်ရင်မှားပါလိမ့်မည်၊
Artemisia အနွယ် ဒေါနရွှေဝါအပင် Artemisia annua ဆိုသည့်အပင်ကို sweet wormwood ဟုခေါ်ပြီး အစွမ်းထက်လှသော ငှက်ဖျားဖြတ်ဆေးကို ထို အပင်ကနေထုတ်ယူပါတယ်၊ တရုတ်လို quing haosu ကျင်ဟောင်လို့ခေါ်ပြီး ယနေ့ ဆရာဝန်အများစုသုံးနေသော အာတီမီတာ အတီစနိတ် စသော ငှက်ဖျားဖြတ်ဆေးသည် ထို ဘယဆေးပင်မှ ထုတ်ယူထားခြင်းဖြစ်တယ်၊ ဘယဆေးပင်၏ အစွမ်းထက် ပုံ အသုံးဝင်ပုံကို ဒီအပင်မှာတွေ့နိုင်ပါတယ်။ ရှမ်းပြည်ဖက် နှင့် ချင်းတောင်တန်းက #မဲတီဒုတ် ခေါ်အပင်ကလည်း Artemisia spp တပင်သာဖြစ်သည်၊
ဒေါနပင်တို့၏ အရွက်တွေကိုကြည့်လျှင် ရွက်ပေါင်း compound leaves လို့ထင်စရာပါ၊ တကယ်တော့ ဒေါနအရွက်လေးတွေက ရွက်ထီး simple leaves လေးများသာဖြစ်တယ်၊ ရွက်ပြားဟိုက်ရာမှာ ရွက်လယ်ကြောအနားထိ ဟိုက်သွားလို့ ရွက်မွှာလေးတွေလိုဖြစ်နေတာဖြစ်တယ်၊ ဒီလို ရွက်ပြားဟိုက်ခြင်းကို pinnasect / palmatisect ခေါ်ပြီး ရွက်ပြားတဝက်ကြော်ဟိုက်ခြင်းလို့ခေါ်တယ်၊
ဒေါအရွက်တွေဘာ့ကြောင့်မွှေးရသလည်း ဆိုတော့ နံ့ထွက်ဆီတမျိုး ဖြစ်သည့် davana oil က အဓိက ပါဝင်ပစ္စည်း အဖြစ်ပါနေလို့ဖြစ်တယ်၊ davana oil ထဲမှာ Davanone, davan ether, davana furan and linalool တွေနဲ့ပါဝင်ဖွဲ့စည်းထားတယ်၊ ထို့ပြင် Methyl cinnamate, ethyl cinnamate, bicyclogermacrene, 2-hydroxyisodavanone, farnesol, geranyl acetate, sesquiterpene lactones, and germacranolides ကိုလည်း တွေ့နိုင်ပါတယ်၊
အရွက်တွေ အပွင့်တွေက ထုတ်ပေးသော နံ့ထွက်ဆီ essential oil ကို oil of Davana.လို့လည်းခေါ်ပါတယ်၊ ဒေါနအနွယ် Artemisia အများစုမှာ နံ့ထွက်ဆီပါကြတယ် ၊ ဒါပေမည့် မပါသော မျိုးစိတ်တွေလည်းရှိပါသေးတယ်၊ အများစုကို anthelmintic chemical santonin သံချဆေး၏ အရင်းအမြစ်အဖြစ် အသုံးပြုခဲ့ကြတယ်၊ ဒေါနပန်းများပွင့်ချိန်မှာ ကို အန္ဒိယ နတ်ဘုရားတပါးဖြစ်သည့် ရှိဘ နတ်ဘုရားကို သစ္စာ တရားဖြင့် ပေးအပ်ပူဇော်ကြသည်၊ ထိုပန်းများဖြင့် အလှဆင်ခဲ့သည်၊ ဒေါနပန်းဟာ lord of Shiba ရှိဘ နတ်ဘုရား၏ အနှစ်သက်ဆုံး ပန်းတမျိုးလည်းဖြစ်တယ်၊ ဒေါနပန်းကို ပန်းစည်းများ ပန်းကုံးမျာ ပြုလုပ်ရာမှာ ပန်းအခြောက်မျာ အစိုများဖြင့် ရောကာ အသုံးပြုကာ အလှဆင်ကြတယ်၊
ဒေါန အပင်က စစ်ထုတ်ယူထားသော #ဒေါနဆီ ဟာ တန်ဖိုးကြီးမားပြီး အလွန်အသုံးဝင်ပါတယ်၊ အဆီကို သင်းပျံ့ပြီး ချိုမြသည့် သစ်သီးရနံ့ရစေသော ရေမွှေးပြုလုပ်ရာမှာ အသုံးပြုတယ်၊ ဒေါအဆီကို အရေပြားမှာ လိမ်းရင် ရလာသော ရနံ့က မတူကွဲပြား ပြီး အများနှင့်ကွဲပြားသော လူတဦးအဖြစ်သိသာစေပါတယ်၊ ထူးခြားသော ဂုဏ်သတ္တိ သည် တန်ဖိုး မြင့်မားပြီး အဆင့်မြင့်သော ရေမွှေးတခု ၏ ရနံ့တခုကိုဖန်တီးနိုင်ပါသည်၊ ဒေါန ဆီ aniviral ဟာ ဂုဏ်သတ္တိထူးရှိသည်၊ အအေးမိခြင်းကို သက်သာစေတယ်၊ သွေးဖိအားကိုလည်းကျစေတယ်၊ သူ့ရနံ့က အိပ်မပျော်သော လူများကို နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်၊ အင်းဆက် အကောင် ကိုက်သောနေရာမှာ ဒေါနဆီ တစက်သာ ချလိုက်ရင် အရေပြားယားယံခြင်း မဖြစ်တော့သလို အမြန်သက်သာလာစေတယ်၊
စျေးထဲမှာ ဒေါနပန်းလေးတွေ မတွေ့ရတာတောင် အတော်ကြာပါဘီ၊ lily ပန်းခိုင်တွေ ဂန္ဓာပန်းတွေ၊ သစ္စာပန်းတွေ ဝါဆိုပန်းတွေအကြားမှာ တသီးတသန့်နေရှာသော ဖြူပြာပြာ ဒေါနပန်းလေးတွေကိုဖြင့် အထင်သေးလို့မရပါဘူး၊ အခြားပန်းတွေမှာမရှိသော ဂုဏ်သတင်း ကို သူက ပိုင်လို့နေတယ်လေ...ကဲ မိတ်ဆွေများရော ဒေါနပန်းရနံ့ကို နှစ်သက်ပါရဲ့လား
သက်နိုင်ဦး
မုံရှာတက်ကသိုလျ
ကိုးကား
Wikipedia
All photos from Google.com
ကျနော့် page link ပါ
https://www.facebook.com/Flowers-From-Myanmar-360042720833435/