12/06/2022
ချင်းလူမျိုး
ချင်းဟူသော အမည်နာမကို အစဦးကတည်းက ချင်းတို့ကိုယ်တိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
အများစု နေထိုင်သည့် နေရာ
၂ သန်းကျော် (မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ)၊
၅၀,၀၀၀+ အမေရိကန်ပြည်ထောင်စု၊
၇၀,၀၀၀+ မလေးရှားနိုင်ငံ၊
၁၅,၀၀၀+ ဩစတြေးလျ၊ ဥရောပနှင့် အာရှ
ဘာသာစကား
ချင်း
အနည်းစု: အရှိုချင်း၊ ကူကီး၊ လိုင်၊ မြို
ကိုးကွယ်မှု
အများစု: ခရစ်ယာန်ဘာသာ
အနည်းစု: ရိုးရာကိုးကွယ်မှုနှင့် ဗုဒ္ဓဘာသာ
အစပြုခြင်း
ချင်းလူမျိုးတို့၏ ချင်းလူမျိုးဆိုင်ရာ နှုတ်ရာဇဝင်တွင် ချင်း
နှင့် ကချင်သည် မွေးချင်းညီအကိုများဖြစ်ကြပြီး တရုတ်ပြည်မှ တဆင့် ဟူးကောင်းနောင်ကြားမှသည် ဝင်ရောက်လာခဲ့စဥ်က ညီဖြစ်သူ ကချင်သည် အလေးသွားနေခိုက် အကိုဖြစ်သူ ချင်းသည် ညီကိုမစောင့်ပဲ ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင် ပင်ကိုခုတ်ဖြတ်ခဲ့သည်။
ညီဖြစ်သူက အကို ဖြတ်ခဲ့သော ငှက်ပျောအူတိုင် အတော် အတန် ထွက်လာသည်ကို ကြည့်ပြီး အကို့ကို မှီနိုင်တော့မှာ မ ဟုတ်ဟုဆိုကာ ကချင်ပြည်တွင်နေရစ်ခဲ့သည်။ အကိုဖြစ်သူ၏ ခြေရာကိုကြည့်ပြီး Khang (ခြေရာ) ဟုခေါ်ဆိုခဲ့သည်။ ကချင် တို့သည် အိမ်ဆောက်လျှင် အိမ်ရှေ့ခန်းတွင် အခန်းတစ်ခု သီးသန့်ဖွဲ့စည်း ခဲ့ကြသည်။ အဓိပ္ပါယ်မှာ အကိုဖြစ်သူ ပြန်လာလျှင် နေထိုင်ရန်အတွက်ဖြစ်သည်။
စာရေးဆရာ G H Luce က ဗမာနှင့်သက်၊ ရှမ်းစသည်တို့ စစ်ဖြစ်စဥ် ချင်းလူမျိုးများနှင့် ဆက်ဆံခဲ့ဘွယ် ရှိခဲ့သည်။ ထို့ ကြောင့် ချင်းဆိုသည်မှာ ကျနော်တို့ဗမာနှင့် အချင်းချင်း၊ သူငယ်ချင်း ဖြစ်သည်ဟုဆိုရာမှ ချင်းဖြစ်လာသည်ဟုဆိုပါသည်။ ၁၅၅၄ ခုနှစ် မဏိပူရ်မှတ်တမ်းတွင် ချင်းတို့ကို ကူကီဟု ရေးသားထားသည်ကို တွေ့ရသည်။
Carry & Tuck မှတ်တမ်းအရ ချင်းအမည်နာမသည် ဘာသာ စကား "လူ" ဟုအဓိပ္ပါယ်ရသည့် Jim or Jen ကို ဗမာလူမျိုး များက "ချင်း" ဟု အသံထွက်ခေါ်ဆိုကြခြင်းဖြစ်သည်။ ချင်းတွင်းမြစ်သည် ချင်းတို့နေထိုင်ရာ ဒေသဖြစ်သည့်အတွက်
ချင်းတွင်းဟုခေါ်ဆိုချင်းဖြစ်သည်။ ၁၁ ရာစုမတိုင်မှီ ဗမာ့ကျောက်စာများတွင် ချင်းအမည်နာမကို ရှင်းလင်းစွာ အသုံး ပြုခဲ့သည့် အထောက်အထား ခိုင်မာစွာတွေ့ရှိနိုင်သည်။
၁၈၉၆ ခုနှစ် ဗြိတိသျှက သိမ်းပိုက်အုပ်ချုပ်ခြင်းမပြုမှီ Chin-Kuki Linguitic People ဘာသာစကားလေ့လာသော သုသေတီများက Chin သတ်ပုံအပြောင်းအလဲကို Khyeng, Khang, Khlang, Khyang, Khyan, Kiayn, Chaing, Chi-en, Chien ဟူ၍ ဆိုကြသည်။ AD ၁၇၈၃ - ၁၇၉၆ အတွင်း ဗမာပြည်တွင် ကာသိုလိပ်မစ်ရှင် အဖြစ်ရောက်ရှိလာ သော Father Sangermomo က ချင်းကို Chien ဟုပေါင်း ပြီး Chinn Hill ကို Chien Mountain ဟု မှတ်တမ်းတင်ထား
သည်ကိုတွေ့ရသည်။
၁၈၂၆ ခုနှစ်တွင် ရှိတ်စပီးယားကမူ ချင်းကို Kiayn ဟူ၍ လည်းကောင်း၊ ၁၈၂၄ - ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာ စစ်အတွင်း History of Burma ပြုစုသည့် စာရေးဆရာ Phayer က ချင်းတွင်းကို Khyendweng ဟူ၍လည်း ကောင်း၊ ၁၈၉၁ တွင် Major Hughues က ၎င်း၏ စစ်ရေး အစီရင်ခံစာတွင် Chin ဟူသောစကားလုံးကို ပထမဦးဆုံး အသုံးပြုခဲ့သည်။ ထို့နောက် A. G. E New Land ကလည်း ၎င်း၏ စာအုပ်တွင် "ချင်း" ဟူ၍ ရေးသားခဲ့သည်။
ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး (Ciimnuai) ဒေသတွင် နေထိုင်ကြသောသူများကို ဇိုချင်း၊ Locom ဒေသတွင်နေထိုင် ကြသောသူများကို Lusei၊ Lailun ဒေသတွင်နေထိုင်ကြသော သူများကို Lai မျိုးနွယ်များ ဖြစ်လာကြသည်ဟုရေးသားခဲ့သည်။
လက်ရှိချင်းလူမျိုးများအတွင်း ဇိုမီး၊ လိုင်မီး၊ အရှို၊ ချို စသည့် အမည်နာမများ မပေါ်သေးမှီ ချင်း အမည်သည် အမျိုးသား အမည်အဖြစ်ရပ်တည်ပြီးဖြစ်ကြောင်း Religion and Politics among the Chin People စာအုပ်တွင် အခိုင် အမာ ရေးသားခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့်
DPI/1316-03025 November 1992-9m အရ ချင်းလူ မျိုးသည် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရ်ှ့နိုင်ငံများ တွင် ပြန့်နှံ့နေထိုင်ကြပြီး ကမ္ဘာ့လူမျိုးများအလယ်တွင် လူမျိုး တစ်မျိုးအဖြစ် အသိအမှတ်ပြု ရပ်တည် နိုင်ခဲ့ပြီးဖြစ်သည်။
ထို့အပြင် ၂၀၀၁ ခုနှစ် Unrepresented Nations and People Organization (UNPO) တွင်လည်း အဖွဲ့ဝင်ဖြစ် လာသည်။
သမိုင်းအကြောင်း
ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့ကြသော လူမျိုးအုပ်အစုကြီး (၃) စုဖြစ်သည့် မွန်ခမာအနွယ်၊
တိဗက် မြန်မာအနွယ်နှင့် ထိုင်းတရုတ်အနွယ်တို့အနက်မှ
တိဗက်မြန်မာအုပ်စုဝင်ဖြစ်သည့် အခြေခံအားဖြင့် ချင်းလူမျိုး တို့ လည်း မေထေးချင်း ရိုးရိုးဟုခွဲခြားထားသော်လည်း နေထိုင်ရာအရပ်ဒေသကိုခွဲ၍ လည်းကောင်း၊ ဒေသ အမည်
ဖြင့်ခွဲခြားခေါ် ဝေါ်နေကြခြင်းလည်းရှိသည်။ ဤနည်းဖြင့်
တီးတိန်ချင်း (သဲဒင်မ်)၊ ဖလမ်းချင်း၊ ဟားခါးချင်း၊ မင်းတပ် ချင်း၊ မတူပီးချင်း၊ ကန်ပက်လက်ချင်း၊ ပလက်ဝချင်းနှင့် ဝချင်း နှင့်မြေပြန့်ချင်း ဟူ၍ အမည်အမျိုးမျိုးရှိနေပါသည်။
ချင်းပြည်နယ်မှ လူမျိုးအုပ်စုများစွာ ကွဲပြားခြားနားနေကြ သော်လည်း စကားအုပ်စုအနေဖြင့်မူ အနည်းငယ်သာ ခြားနား မှုရှိသည်။ ပင်မစကားကြီးများရှိပြီး ဒေသန္တရဆိုင်ရာအသုံး
အနုံးများ ဝေါ်ဟာရများ နှင့် လေယူလေသိမ်း အသံထွက် အလေးအပေါ့ များသာကွဲပြားခြားနားကြသည်။
ယနေ့ ဇိုမီး၊ လိုင်မီး၊ ကူကီး၊ ထာဒို၊ ခေါင်ဆိုင်၊ ချိုး၊ အရှို၊ ခူမီး၊ မတူ၊ မရာ စသည်ဖြင့်ခေါ်ဝေါ်ကြသော မျိုးနွယ်စုများ၏ ပင်ရင်းအမည်သည် (ချင်း) ပင်ဖြစ်ပါသည်။ မီး (mi) ဟူသည်
ဗမာလို "လူမျိုး" ဟုအဓိပ္ပါယ်ရသည်။
ယခုအခါ ဒေသအတွင်း၌သာမက အပြညပြည်ဆိုင်ရာလူ့့ အတိုင်းအဝိုင်း၌ အမျိးသားအမည်နာမ တစ်ခုတည်းအဖြစ် ရပ်တည်နေသော "ချင်း" ဟူသောအမည်နာမသည် ပို၍ လူသိများ လာပြီးဖြစ်သည်။
Source:- Wikipidia