DEAM PET SHOP

DEAM PET SHOP Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DEAM PET SHOP, เว็บไซต์ข่าวและสื่อ, Kyaikto.

ရေစကြိုမြို့ပေါ်တွင် စစ်တပ်က ဆိုင်ကယ် ၂ ယောက်စီးသူများကို လိုက်လံ ပစ်ခတ်ရာမှ အသက် ၃၂ အရွယ် ကိုဖြိုး ကျည်ထိမှန် ပွဲချင်းပ...
03/10/2025

ရေစကြိုမြို့ပေါ်တွင် စစ်တပ်က ဆိုင်ကယ် ၂ ယောက်စီးသူများကို လိုက်လံ ပစ်ခတ်ရာမှ အသက် ၃၂ အရွယ် ကိုဖြိုး ကျည်ထိမှန် ပွဲချင်းပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် ၂ ယောက်စီးသူများကို လိုက်လံ ပစ်ခတ်ရာ အသက် ၃၂ အရွယ် ကိုဖြိုး ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရေစကြိုမြို့နယ်ရှိ ရုံးပေါင်းစုံအတွင်းမှ Alphard ကား ၁ စီးဖြင့် ကင်းလှည့်ရန် ထွက်လာသော စစ်သားများသည် အမှတ် ၈ အောင်မဂ်လာရပ်ကွက်တွင် ဆိုင်ကယ် ၂ ယောက်စီးလာသည့် ပြည်သူများကို လိုက်လံ ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်စီးပြင်နေသည့် အသက် ၃၂ အရွယ် ကိုဖြိုးကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကိုဖြိုး၏ ရုပ်အလောင်းကို Alphard ကားပေါ်တင်၍ ယူဆောင်သွားကြောင်း၊ မိသားစုဝင်များက ရုပ်အလောင်း ပြန်လည်ရရှိရန် သွားရောက် ထုတ်ယူခဲ့သော်လည်း စစ်တပ်က ချက်ချင်းပေးဆောင်ခြင်းမရှိဘဲ "ဆိုင်ကယ်သုံးယောက်ပူးစီး၍ ပစ်ရသည်မှာ မှန်ကန်ကြောင်း" လက်မှတ်ထိုးခိုင်းပြီးမှ ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရေစကြိုဆေးရုံ ရင်ခွဲရုံမှ အလောင်းထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေက ခရီးသည် လာခေါ်တဲ့ ဆိုင်ကယ်စီး ပြည်သူတွေဖြစ်မှန်း သိလျက်နှင့် အတွဲလိုက် ပစ်ခတ်ခဲ့တာပါ။ ဆိုင်ကယ်သမားမမှန်ဘဲ ကိုဖြိုး ကို ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတာ" ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူက ပြောဆိုသည်။

သေဆုံးသွားသော ကိုဖြိုးသည် ရေစကြိုမြို့ အမှတ် ၁ ထင်းတန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မိန်းမဖြစ်သူနှင့် လူမမယ် သားသမီး၂ ဦးကျန်ရစ်ခဲ့ကြောင်း၊ ကိုဖြိုး၏ ရုပ်အလောင်းကို ယနေ့တွင် ၎င်း၏ဇနီးဖြစ်သူနေထိုင်သော ရွှေချောင်းကျေးရွာတွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ရေစကြိုမြို့ အမှတ် ၇ ရပ်ကွက်တွင် ကင်းလှည့်လာသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ် ဦးထုပ်မဆောင်းသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ရာ နေအိမ်တွင် အဝတ်လှမ်းနေသည့် အသက် ၃၉ နှစ်အရွယ် ကိုဇော်ဇော်ဝင်း လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် သေနတ် ၂ ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညပိုင်း ပြည်သူ့ဆိုင်ကယ်များကို ဖမ်းဆီးသိမ်းနေသော အကြမ်းဖက် စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

ရွှေဘို ချီပါရွာ၌ လက်နက်ကြီးကြောင့် သာမဏေ ၃ ပါး ပျံလွန်တော်မူဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၅စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ...
03/10/2025

ရွှေဘို ချီပါရွာ၌ လက်နက်ကြီးကြောင့် သာမဏေ ၃ ပါး ပျံလွန်တော်မူ

ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ချီပါ(တောင်)ကျေးရွာတွင် ရွှေဘိုမြို့ပေါ်ရှိ စစ်တပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းမှ သက်တော် ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ရှင်သာမဏေ ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ၁၁ ပါး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သော ရှင်သာမဏေများမှာ ရှင်ဉာဏိက၊ ရှင်ဥတ္တမ၊ ရှင်ဝိမလတို့ဖြစ်ပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် ဥသျှစ်ကန် သုသာန်သို့ ပို့ဆောင်သဂြိုလ်မည်ဟု သိရသည်။

“စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေက ရှော့တိုက်ဒုံးနဲ့ ပစ်တာဆိုပြီး စွပ်စွဲထားတာမျိုးပေါ့ဗျာ၊ အမှန်က သူတို့ ပစ်တဲ့ လက်နက်ကြီး ကျကွဲလို့ပါ၊ မနေ့က တဂဏန်းရွာဘက်မှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တဲ့အချိန် လက်နက်ကြီး ပစ်ကူပေးတာကနေ အောင်မြေချမ်းမြေ့ကျောင်းဝန်းထဲ ကျပြီး ကွဲတာကြောင့် ဖြစ်သွားမျိုးဗျ၊ လူနေရပ်ကွက်တွေနဲ့ မြို့ပေါ်ကို ကျော်ပြီး ရမ်းသမ်း ပစ်ကြတာလေ၊ ပျံလွန်တော်မူသွားတဲ့ ကိုရင်လေးတွေနဲ့ ဒဏ်ရာရတာတွေ ရှိတဲ့အတွက်တော့ စိတ်မကောင်းပါဘူး”ဟု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက‌ ပြောသည်။

အဆိုပါဖြစ်စဉ်အပေါ် စစ်ကော်မရှင်က အောင်မြေဘုန်းတော်ကြီးကျောင်းဝင်းရှိ ချမ်းမြေ့ကျောင်းတိုက်အတွင်းသို့ အကြမ်းဖက် အဖွဲ့မှ အောက်တိုဘာ ၂ ရက် ညနေပိုင်းက လက်လုပ်ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သက်တော် ၁၂ နှစ်နှင့် ၁၃ နှစ် အရွယ် ကိုရင် ၃ ပါး ထိခိုက်ဒဏ်ရာရ၍ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကာ ကိုရင် ၈ ပါး လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပေးပို့



စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

သာယာဝတီအကျဉ်းထောင်တွင် လွတ်ရက်စေ့ နိုင်ငံ ရေးအကျဉ်းသား ၅ဦး ထောင်ဗူးဝတွင် ပြန်အဖမ်းခံရAAMIJ/ အောက်တိုဘာ ၂သာယာဝတီအကျဉ်းထော...
02/10/2025

သာယာဝတီအကျဉ်းထောင်တွင် လွတ်ရက်စေ့ နိုင်ငံ ရေးအကျဉ်းသား ၅ဦး ထောင်ဗူးဝတွင် ပြန်အဖမ်းခံရ

AAMIJ/ အောက်တိုဘာ ၂

သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ဦးကို စစ်တပ်က နောက်အမှုများကပ်ကာ ထောင်ဗူးဝမှာ ပြည်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁ရက်နေ့က သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၆ဦးနဲ့ အခြားအကျဉ်းသား ၁၄ဦး စုစုပေါင်း ၃၀ဦးဟာ လွတ်ရက်စေ့တာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၆ဦးထဲကမှ ၆ဦးကို ထောင်ဗူးဝမှာဘစစ်တပ်လက်အောက်ခံ ပြည်ထဲရေးဌာနမှ ရဲကားနဲ့ သာယာဝတီရဲစခန်းကို ပြန်လည်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၆ဦးအနက် နိုင်ငံရေးအကျဉ်းသား ၁ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသား ၅ဦးမှာ နောက်အမှုများနဲ့ ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

နောက်အမှုများနဲ့ ပြန်လည်ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား၅ဦးထဲကမှ ၄ဦးဖြစ်တဲ့ ကိုစိုင်းအောင်ငင်း၊ ကိုဂျယ်ရီကောင်းထိုက်၊ ကိုတင်စိုး(ခ)နတ်ဆိုးနဲ့ မမေမြတ်သူတို့ အမည်စာရင်းကို PPNMမှ အတည်ပြုထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနိုင်ငံရေးအကျဉ်းသားများဟာ သာယာဝတီအကျဉ်းထောင်အတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) များနဲ့ ထောင်ဒဏ်များကျခံပြီးနောက် လွတ်ရက်စေ့နဲ့ လွတ်မြောက်လာခဲ့ပြီး အခုလက်ရှိမှာ အကြမ်းဖက်ပုဒ်မ ၅၂နဲ့ ထပ်မံတရားစွဲဆိုဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကို မဟုတ်မမှန် စွပ်စွဲမှုများနဲ့ အကြမ်းဖက်ပုဒ်မများတပ်ကာ ပြန်လည်ဖမ်းဆီးခြင်းဟာ အပြစ်မဲ့သူများရဲ့ လူ့အခွင့်အရေးကို ထိခိုက်စေတဲ့အတွက် PPNMအနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

◼️နမ္မတူနဲ့ မန်တုံမြို့ကို စစ်ကောင်စီဗုံးကြဲသဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ကလေးငယ်အပါ ၅ ဦးဒဏ်ရာရ၂ အောက်တိုဘာ ||| နွေဦးအသံ ...
02/10/2025

◼️နမ္မတူနဲ့ မန်တုံမြို့ကို စစ်ကောင်စီဗုံးကြဲသဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ကလေးငယ်အပါ ၅ ဦးဒဏ်ရာရ

၂ အောက်တိုဘာ ||| နွေဦးအသံ |||

တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ မန်တုံမြို့တွေကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂ ရက်၊ မနက် ၇ နာရီ ၂၀ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြည်သူလူထုတွေရှိရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ နမ္မတူမြို့ကို ၁ လုံး၊ မန်တုံမြို့ကို ၄ လုံး ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နမ္မတူမြို့ရှိ အမျိုးသား တဦး၊ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၈ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာကိုလည်း စစ်ကောင်စီက အောက်တိုဘာ ၁ ရက်မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့လိုအပ်သလို လေကြောင်းအန္တရာယ်မှ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်း တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring




✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

02/10/2025

သေနတ် ၈ချက်တည်းနဲ့ ကန့်ဘလူနယ်က
ပျူစောထီးကင်းစခန်းကို သိမ်း

▪️သေနတ် ၇လက်ရပြီး စစ်သုံ့ပန်း ၆ဦးဖမ်းမိဟု ဗိုလ်ပိုင်ချဲပြော

အောက်တိုဘာ-၂ ၊ ၂၀၂၅။မိုမို /People's Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အုန်းတော ပျူစောထီးရွာ ကာကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်ခုနစ်လက်နဲ့ စစ်သုံ့ပန်း ၆ဦးဖမ်းမိတယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက ပြောပါတယ်။

မနေ့က(အောက်တိုဘာ ၁ ရက်)ည ၁၀နာရီဝန်းကျင်မှာ ထန်းကုန်းနဲ့ ဒန်းပင်ကျေးရွာကြားက အုန်းတောပျူစောထီးရွာ ကင်းစခန်းကို ကန့်ဘလူခရိုင် ပကဖလှုပ်ရှားရေးတပ်ရင်း၊ကန့်ဘလူခရိုင် အမှတ်၃(PDF)တပ်ရင်းနဲ့ နယ်မြေခံ ပကဖတွေ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

G3 သုံးလက်၊ ကာဘိုင်နှစ်လက်၊ ပြောင်းချောနှစ် လက် သိမ်းရပြီး စစ်အုပ်စုအဖွဲ့ဝင် နှစ်ဦးသေပြီး ၆ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။

"အုန်းတောက ပျူရွာတွေရဲ့အလယ်ခေါင်ဝန်းထဲမှာရှိနေတာ။ကျွန်တော်တို့က တိတ်တဆိတ်ဝင်ရောက်စီးနင်းတဲ့အချိန်မှာ ဒီကောင်တွေဂိတ်မှာရှိတဲ့ ရှစ်ယောက်စလုံးကို တစ်ယောက်မှမလှုပ်နဲ့လက်မြှောက်ဆိုပြီး အသာတကြည်ကောက်သိမ်းခဲ့တာ"လို့ ဗိုလ်ပိုင်ချဲက တိုက်ပွဲ ဖြစ်စဥ်ကို ရှင်းပြပါတယ်။

စီးနင်းမှုမှာ သေနတ်ရှစ်ချက်ပဲဖောက်ခဲ့ရပြီး ရဲဘော်တွေအားလုံး အထိခိုက်မရှ်ိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လ ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ်ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင်ပကဖက ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ စက်တင်ဘာလ ၁၇ ရက် ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါ အဝင် ၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

(ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း ​တွေ၊လက်နက်ခဲယမ်း​တွေ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ -ကန့်ဘလူခရိုင် ပကဖ )

02/10/2025

သေနတ်8ချက်ဖောက်ပြီးပျူစောထီးစခန်းအားသိမ်းပိုက်

မြ၀တီရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဌေး ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ညစာစားပွဲတက်အပြီး  KTV ဟိုင်းခန်းတွင် မူးယစ်ဆေးအလွန်အ...
02/10/2025

မြ၀တီရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဌေး ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ညစာစားပွဲတက်အပြီး KTV ဟိုင်းခန်းတွင် မူးယစ်ဆေးအလွန်အကျွံ့သုံးစွဲ​ သေဆုံး၊ ဦးနှောက်သွေးကြောပေါက်သည်ဟု ကြေးနန်းတင်ပြပြီး သတင်းလိမ်လည်ဖြန့်

ရန်ကုန်၊ အောက်တိုဘာ ၂

ကရင်ပြည်နယ်၊ မြ၀တီရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဌေးသည် ယမန်နေ့ ကျရောက်သည့် ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ညစာစားပွဲတက်အပြီး KTVသို့ သွားရောက်ကာ ဟိုင်းခန်းတွင် အပျော်လွန် မူးယစ်ဆေးအလွန်အကျွံ့သုံးစွဲ​၍ သေဆုံးသွားကြောင်း မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့သည် ၆၁ နှစ်မြောက်ရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး ယင်းနေ့တွင် နေ့ခင်းပိုင်းတွင် မြ၀တီခရိုင်တွင် အထိမ်း အမှတ်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း၊ ညပိုင်းတွင် ညစာစားပွဲ ပြုလုပ်ခဲ့ပြီးနောက် မြ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဌေးမှာ အခြားရဲအရာရှိတချို့နှင့်အတူ KTV ဟိုင်းခန်းသို့ သွားရောက် သောက်စားမူးယစ်ပျော်ပါးခဲ့ကြကြောင်း၊ ယင်းနောက် KTV တွင်ပင် မူးယစ်ဆေးဝါး အလွန်အကျွံ့သုံးစွဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံးခဲ့သော်လည်း မြ၀တီမြို့နယ်ရဲတပ်ဖွဲ့က သက်ဆိုင်ရာရဲရုံးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ကြေးနန်း အစီရင်ခံစာတင်ပြရာတွင် ဦးနှောက်သွေးကြော ပြတ်၍ သေဆုံးသွားသည်ဟု လိမ်လည်တင်ပြထားကြောင်း သိရှိရသည်။

လိမ်လည်တင်ပြထားသော ကြေးနန်းစာတွင် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၀၀ နာရီ ၅၀ မိနစ်အချိန် မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးသည် နေအိမ်တွင် သတိလစ် မူးလဲနေသည်ကို တာဝန်ကျ ဒုရဲအုပ် ဝင်းကိုကိုက တွေ့ရှိသဖြင့် အခြားရဲတပ်ဖွဲ့ဝင်များနှင့်အတူ မြ၀တီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း၊ ယင်းသို့ တင်ပို့စဉ် မြ၀တီဆေးရုံမှ တာဝန်ကျ ဆရာဝန် ဒေါက်တာအောင်ကောင်းမြတ်က လက်ခံ၍ အရေးပေါ် လူနာဆောင်တွင် တင်ထားပြီး ဆေးကုသပေးခဲ့ကြောင်း၊ ဆေးကုသမှု ခံယူနေစဉ် ရဲမှူး အောင်နိုင်ဦးသည် နံနက် ၀၀ နာရီ ၅၅ မိနစ်အချိန် ဦးနှောက်သွေးကြောပေါက်ရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ရဲမှူး အောင်နိုင်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ၎င်း၏ မိသားစုထံသို့ ဆက်သွယ် အကြောင်းကြားထားရှိပါကြောင်း၊ သဂြိုလ်ဆောင်ရွက်မှုအား အချိန်နှင့်တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်ဟု လိမ်လည်ရေးသားထားသည်။

"၆၁ နှစ်ပြည့် နှစ်ပတ်လည် ရဲတပ်ဖွဲ့ ဒင်နာအပြီးမှာ KTV ကို ဆက်သွားကဲကြတာ။ ဒင်နာမှာကတည်းက အရက်က အတော်သောက်ထားပြီးသား။ KTV ဟိုင်းခန်းမှာပါ E တွေ ၊ K တွေ (Ecstasy နှင့်Ketamine)တွေ ထပ်သုံးတော့ နှစ်ပင်လိမ်ကုန်တာ။ KTV ကနေပဲ အကုန်၀ိုင်းပြီး ဆေးရုံပို့ကြတာ။ မြ၀တီက အတော်များများ သိကြတယ်။ မနေ့ညက ဖြစ်သွားတာကို " ဟု မြ၀တီအခြေစိုက် သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါ်တင်တင်ကိုဖွင့်လာတဲ့Spaအမည်ခံပြည့်တန်ဆာအခန်းများရန်ကုန်းမြိုအလယ်ခေါင်မှာ စစ်အာဏာသိမ...
02/10/2025

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါ်တင်တင်ကိုဖွင့်လာတဲ့Spaအမည်ခံပြည့်တန်ဆာအခန်းများ

ရန်ကုန်းမြိုအလယ်ခေါင်မှာ စစ်အာဏာသိမ်းပြီးမှပေါ်တင်ဖွင့်လာတဲ့နေရာတစ်ခုဖြစ်ပါတယ်။9spaအမည်ဖြင့်ဖွင့်ထားပြီး Tiktokအကောင့်ကနေဖောက်သည်ရှာသည့်အနေနဲ့အမျိုးသမီးငယ်တွေက်ုVideoရိုက်ပြီးလူမှု့ကွန်ရက်ပေါ်တင်၍ကြော်ငြာနေတာကို မိမိတို့Rainbow Channel မှသိရှိရခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်န...
01/10/2025

နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ စက်တင်ဘာ ၂၅ ရက်ကစလို့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါကြောင့် မန္တလေးဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ရင်ခေါင်းနဲ့ အူလမ်းကြောင်းရောဂါနဲ့ပါ။ စစ်ဆေးပြီးပါပြီ။ အူလမ်းကြောင်းမှာ အဖုတွေ့တယ်လို့ ကြားတယ်။ ဒါပေမဲ့ အခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး။ နှလုံးကို စက်ထည့်ထားတာ ၁၁ နှစ် ကျော်လာပြီ ဖြစ်တဲ့အတွက် နည်းနည်းမောလာတယ်လို့တော့ သိရပါတယ်”
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#နိုင်ငံရေးအကျဉ်းသား #စစ်ကိုင်းတိုင်းဝန်ကြီးချုပ် #ဒေါက်တာမြင့်နိုင် #မန္တလေးဆေးရုံ

တိုကျိုမြို့မှာ ဒေါင်းရဲ့ Daung’s Japan Tour 2025 တော်လှန်ရေး ရန်ပုံငွေပွဲကို ပွဲဦးထွက် အောင်မြင်စွာ ကျင်းပဂျပန်နိုင်ငံ၊...
30/09/2025

တိုကျိုမြို့မှာ ဒေါင်းရဲ့ Daung’s Japan Tour 2025 တော်လှန်ရေး ရန်ပုံငွေပွဲကို ပွဲဦးထွက် အောင်မြင်စွာ ကျင်းပ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ Daung’s Japan Tour 2025 တော်လှန်ရေး ရန်ပုံငွေပွဲကို စက်တင်ဘာ ၂၈ ရက်က တိုကျိုမြို့မှာ ပွဲဦးထွက် အောင်မြင်စွာ ကျင်းပခဲ့ပြီး ပွဲဟာ ထင်မှတ်ထားတာထက် ကျော်လွန်အောင်မြင်ခဲ့သလို တော်လှန်ပရိသတ်တွေ တခဲနက် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

"အရမ်းကို ပျော်စရာကောင်းပြီး စိတ်အပန်းတွေပြေခဲ့တဲ့နေ့၊ အမှန်တရားအတွက် ရှေ့ဆက်ဖို့ အားအင်သစ်တွေ ရရှိခဲ့တဲ့နေ့လေး တစ်နေ့ပါပဲ" လို့ Daung's Japan Tour 2025 ဖေ့စ်ဘွတ်စာမျက်နှာမှာ အသိပေးထားပါတယ်။

တော်လှန်အနုပညာရှင် ဒေါင်းရဲ့ Daung's Japan Tour 2025 တော်လှန်ရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၁၂ ရက်မှာ OSAKA မြို့နဲ့ အောက်တိုဘာ ၁၉ ရက်မှာ KYUSHU မြို့တွေမှာ ဆက်လက် ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ပြင်ဦးလွင် ၈ ထပ်ရေတံခွန်တွင် ပျောက်ဆုံးနေသူ ၂ ဦးအနက်  အမေရိကန်သူတစ်ဦး သေဆုံးလျက် ထပ်မံ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၃ ဦးရှိလာ...
30/09/2025

ပြင်ဦးလွင် ၈ ထပ်ရေတံခွန်တွင် ပျောက်ဆုံးနေသူ ၂ ဦးအနက် အမေရိကန်သူတစ်ဦး သေဆုံးလျက် ထပ်မံ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၃ ဦးရှိလာ

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲ‌ရေအရှေ့ကျေးရွာရှိ ရှစ်ထပ် ရေတံခွန်‌တောင်မှ ပြုတ်ကျ၍ ပျောက်ဆုံးသူ နှစ်ဦးထဲမှ အမေရိကန်သူတစ်ဦးကို သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့ပြီး ကျန်တစ်ဦးကိုရှာဖွေနေကြောင်း မန္တလေးမြို့ရှိမီးသတ်တပ်ဖွဲ့ဝင်ထံမှ သိရသည်။

မန္တလေးမီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းတွင် ပျောက်ဆုံး နေသူများကို ဆက်လက်ရှာဖွေရာ အမေရိကန်အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိ၍ ရေတံခွန်မှပြုတ်ကျသေဆုံးသူ အမျိုးသမီး သုံးဦး ရှိလာပြီဖြစ်သည်။

အဆိုပါ ရှစ် ထပ်ရေတံခွန်တွင် ယမန်နေ့ စက်တင်ဘာ ၂၉ ရက်က ရေကစားနေသည့် လူ ၁၄ ဦးအနက်မှ ငါး ဦးသည် အဆင့် သုံး ထပ်သို့ပြုတ်ကျ၍ ရုရှားနိုင်ငံသား အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသမီး နှစ် ဦး သေဆုံးကာ နှစ်ဦး ပျောက်ဆုံနေကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန် ထားသည်။

ထို့ကြောင့် ယနေ့တွေ့ရှိသူ အမေရိကန်အမျိုးသမီး အပါအဝင် သေဆုံးသူ သုံးဦး၊ ဒဏ်ရာရသူ ရှရှားနိုင်ငံသား တစ်ဦးနှင့် ပျောက်ဆုံးသူ အမျိုးသမီး တစ်ဦး ကျန်ရှိပြီး ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း မန္တလေးမြို့ရှိ မီးသတ်တပ်ဖွဲ့တစ်ဦးထံမှ သိရသည်။

အဆိုပါ ၁၄ ဦးအဖွဲ့တွင် ကိုယ်ပိုင်ကျောင်းတစ်ခုမှ နိုင်ငံခြားသား ဆရာ/ဆရာမများ ပါဝင်ကြောင်း စေတနာမွန်လူမှုကူညီရေး (အုန်းချော) အဖွဲ့က အတည်ပြု ပြောကြားထားသည်။

ထို့ပြင် အမျိုးသားတစ်ဦးသည် အပေါ်ဆုံးအဆင့်တွင်ခြေကျိုးဒဏ်ရာရရှိထားပြီး မြေပြင်သို့ရောက်ရှိရန် ခက်ခက်ခဲခဲသယ် ယူရကြောင်းသိရသည်။ အဆိုပါ ၈ ရေတံခွန်‌တောင်အောက်ဘက်တွင် ဒုဠဝတီမြစ်ရှိကာ ၇ မိုင်ကမ်းခြေ၊ ၃ မိုင်ကမ်းခြေများရှိပြီး နွေရာသီတွင် လူအများအပြား သွားရောက် လည်ပတ်ရာနေရာဖြစ်သည်။

ဓာတ်ပုံ - Than Htay ၊ လူမှုကွန်ရက်

#ပြင်ဦးလွင်‌၈ထပ်ရေတံခွန် #‌ရေအစီးအရှိန်ပြုတ်ကျသူ #၃ဦးသေဆုံး #အမေရိကန်နိုင်ငံသူ

နတ်ရေကန် ဗျူဟာအနီးရှိ ဂုတ်ကြီးစခန်းကို AA နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်DVBမကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခ...
30/09/2025

နတ်ရေကန် ဗျူဟာအနီးရှိ ဂုတ်ကြီးစခန်းကို AA နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်
DVB
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်းရဲ့ ကာကင်းဖြစ်တဲ့ ဂုတ်ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂုတ်ကြီးစခန်းကို AA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၆ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
#ဂုတ်ကြီးစခန်း
https://www.dvb.no/post/726667

Address

Kyaikto
84320

Telephone

+66931582410

Website

Alerts

Be the first to know and let us send you an email when DEAM PET SHOP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DEAM PET SHOP:

Share