SweeTy Activities

SweeTy Activities Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SweeTy Activities, Digital creator, Kyaikto.

24/09/2025

Thrift ( ​ဘေထုပ်အထည်​လေး​တွေ ၀တ်ကြမယ် ) .Try On Haul Vlog

08/09/2025

မွေး​နေ့ရှင်က​ 🎁လက်​ဆောင်ပြန်​ပေး​​သော ​Birthday Vlog ( Sweet Spot ) #​မွေး​နေ့အမှတ်တရ

27/08/2025

မင်းသား Khun Thar Cho - ခွန်သာချို နဲ့ ပထမဆုံး ကျိုက်ထီးရိုးခရီးစဥ် အမှတ်တရ vlog ​လေး ။ ခရီးသွားခဲ့တာက​တော့ 2024 . 11 လပိုင်းက ဖြစ်ပါတယ်ရှင့် ❤️💖🧡 #ကျိုက်ထီးရိုး

24/08/2025

Swee Ty ‐ Vlog 1စိုးပြည့်သဇင်နဲ့ တူတယ့်ညီမ​လေးအတွက် စီးပွား​ရေးတက္ကသိုလ်မှာ အလုပ်​လေး တစ်ဖြတ်
MUA ‐ Nyein lay

 ဆောင်းအကုန်နွေဦးအငွေ့အသက်များ နှင့် အမိုက်စားရှုခင်းတွေ ခံစားဖို့အတွက်အကောင်းဆုံး ဒဂုံတက္ကသိုလ် ခရီးစဉ် review ............
17/02/2020


ဆောင်းအကုန်နွေဦးအငွေ့အသက်များ နှင့် အမိုက်စားရှုခင်းတွေ ခံစားဖို့အတွက်အကောင်းဆုံး ဒဂုံတက္ကသိုလ် ခရီးစဉ် review ...........

အားလုံးပဲမင်္ဂလာပါ ။ #ပြည်တွင်းပြည်ပကမီးရထားအကြောင်းသိကောင်းစရာ page မှနေပြန်လည် ကြိုဆိုလိုက်ပါတယ် ။ ကျွန်တော် လတ်တလော review လေးတွေ လုပ်နေလို့ page ကို update မလုပ်တာကြာပြီဖြစ်တဲ့ အတွက် fans တွေစောင့်ရကျိုးနပ်ရအောင် ဒီ ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကိုအရင် review လေးရေးလိုက်ပါတယ် ။ ကျွန်တော်က
ဒဂုံတက္ကသိုလ်ကို အမြဲရထားစီးဖြစ်လို့ ကျွန်တော့်လိုပဲ ဒဂုံတက္ကသိုလ် ကို အမြဲရထားစီးဖြစ်တယ့် fri တွေကိုလည်း review လေးအဆုံးထိ လိုက်ဖတ်ပေးပြီး ဝေဖန်အကြံပြုပေးဖို့ကိုလည်း ဖိတ်ခေါ်ချင်ပါတယ် ။ အရင်ဆုံး ရထားခရီးစဉ် အချိန်ကို ပြောပေးပါ့မယ် ။ ကျွန်တော်တို့ နေ့တာတိုတောင်းသည့် ဆောင်းရာသီမှာတော့ ဓာတ်ပုံရိုက်ဖို့နဲ့ နေဝင်ချိန်တွေကိုကြည့်ဖို့အတွက် အပျော်တမ်းရထားစီးမယ်ဆိုရင် ညနေခင်းအချိန်က အသင့်တော်ဆုံးအချိန်လေး ပဲဖြစ်ပါတယ် ။ ဒါကြောင့် ရန်ကုန်ဘူတာကြီးမှ ဒဂုံတက္ကသိုလ်သို့ နောက်ဆုံးရထားစဉ်အဖြစ် ညနေ ၄ : ၁၀ မိနစ်မှာထွက်သော ရထားကို စီးရမှာပဲဖြစ်ပါတယ် ။ ရန်ကုန်ဘူတာကြီးကို ရောက်တာနဲ့ အရင်ဆုံးဘူတာ၏ အရှေ့ဘက်ပလတ်ဖောင်း နံပါတ် ၆/ ၇ လတ်မှတ်ရုံမှာ လတ်မှတ်ဝယ် ပြီးရင် ရထားစောင့်ရမယ်။ ရထားလာပြီဆိုရင်လည်း အခုမှ #ရထားစစီးလို့ ပဲဖြစ်ဖြစ် ရထားစီးနေကျဖြစ်နေသော်လည်း ရထားမှားစီးနိုင်သည့်အတွက် ရထားပေါ်အရင်မတက်ပဲ လတ်မှတ်ရောင်းသည့် ရထားဝန်ထမ်းအား
ရထားဘူတာသို့ ဝင်လာသည်နှင့်အတူ သေချာအောင်ပြန်မေးပြီး သေချာမှတက်စီး ပါ။

ရထားဘယ်လိုစီးမလဲ...? သိပြီဆိုတော့..... #ဘူတာဘယ်နှဘူတာစီးရမယ်! #ဘာတွေယူသွားသင့်လဲ ! #ဘယ်လိုviewတွေ ရှာသင့်သလဲ ! ဆိုတာကို ထပ်ပြောပေးဖို့အတွက် review လေးကို အဆုံးထိ ဖတ်ပေးကြပါအုံး ။
OK ခရီးစဉ်အစ ကနေ အဆုံးထိ ဘူတာ { ရန်ကုန်ဘူတာကြီး မှ #ပုဇွန်တောင် မှ #မလွှကုန်း မှ #နှင်းဆီကုန်း မှ #သင်္ဃန်းကျွန်း မှ #ငမိုးရိပ် မှ #တိုးကြောင်ကလေး မှ #ဒဂုံတက္ကသိုလ် } ၇ ဘူတာရှိပါတယ် ။
မိသားစု/ချစ်သူ/သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲဖြစ်ဖြစ် ယူသွားသင့်တာက.... ရထားပေါ်မယ် အရင်လို စားသောက်စရာတွေ ရောင်းတယ့်ဈေးသည်များ မရှိသလောက်ကို နည်းသောကြောင့် ဗိုက်စာ/ရေစာတတ်သော
သူအတွက် ကိုယ်စားချင်တာလေးတွေကိုလဲ တစ်ပါတည်းဝယ်လာတာ ပိုအဆင်ပြေပါလိမ့်မယ် ။ နောက်တစ်ချက်က ဓာတ်ပုံတွေရိုက်ဖို့အတွက် စီးမယ်ဆိုရင်တော့ ( phone battery ကိုအားခံစေဖို့အတွက် ) powerbank တစ်လုံး နှင့် နားငြီးတာ
မကြိုက်သူတွေအတွက် နားကြပ်လေးတော့
မပါမဖြစ် ထည့်ယူလာပေးတာက ပိုအဆင်ပြေပါလိမ့်တယ် ။

ကဲ...........ဘယ်လိုစီးမလဲ ဆိုတာကို ထပ်ပြောပေးပါ့မယ် ။ ကျွန်တော်က ရထားစီးရင် ရထားရဲ့နောက်ဆုံးတွဲကိုပဲ အမြဲရွေးစီးတာများပါတယ် ။ ဘာလို့လဲဆိုရင် ရဲသားတွေနဲ့ ရထားထိန်း ပါတယ့်အတွက်
safe လဲဖြစ်သလို view တွေကိုမလွတ်တမ်း ရိုက်မယ်ဆိုရင်လည်း နောက်ဆုံးအတွဲ တွေကပိုအဆင်ပြေလို့ပဲ ဖြစ်ပါတယ် ။
view ကိုဘယ်လိုရှာမလဲ ဘယ်လိုသိနိုင်မလဲ ဆိုတာကို ဆက်ပြောပေးပါ့မယ် ။ ရှာရတာ သိပ်မခက်ပါဘူး ဘာလို့လဲဆိုတော့ #ငမိုးရိပ်ဘူတာကျော်တာနှင့်စပြီး view တွေကို စရှာလို့ရနိုင်ပြီး #တိုးကြောင်ကလေးဘူတာ ကျော်ပြီဆိုရင်တော့ ဂိတ်ဆုံးထိလိုက်တယ့်
လူလည်းနည်းတော့ ဘယ်ညာ ၂ဖက်စလုံးမှ မြင်၍မဆုံးသော view တွေကို camera အယူအဆ ကောင်းရင် ကောင်းသလို မှတ်တမ်းတင်လို့ရပါပြီ ။(မျက်လုံး ကျန်းမာရေးလည်းကောင်းလာလိမ့်မယ်နော် ဘာလို့လဲဆိုတော့ ရထား ဖြတ်သန်းသွားတယ့် ပတ်ဝန်းကျင်မှာက မြင်ကွင်းကျယ်ကြီးတွေ မြင်ကွင်းတစ်ဆုံးကြီးတွေ ဖြစ်လို့ phone အမြဲကြည့်တယ့်သူတွေအတွက်လည်း ဟိုးအဝေးကြီးကိုကြည့်ပြီး မျက်စိကိုပါ relax လုပ်ချင်ရင် လုပ်လို့ရပါသေးတယ် ။ )အော် ....ဒါနဲ့ စက်မှုဇုန်ကို ဖြတ်ပြီးသွားသည့်လမ်းမို့
တကယ်လို့ sunset view ကိုသာသီးသန့် ကြည့်ချင်သူတွေ အတွက်ကတော့ ရထား၏ ဘယ်ဘက်ခြမ်းမှာသာ ထိုင်ပြီး view ကောင်းတွေ မှတ်တမ်းတင်လို့ရပါတယ် ။
၅ : ၂၀ မိနစ်လောက်ဆိုရင် ဒဂုံတက္ကသိုလ်ကို ရောက်သွားပါပီ ။ ရထားခေါင်းလှည့်တာနဲ့ လူစောင့်တာနဲ့ ၅ : ၃၈ မိနစ်လောက်မှ ရထားပြန်ထွက်တာဖြစ်လို့ ၁၅မိနစ် ကျော်လောက်တော့ ဘူတာအနီးနားမှာ ဓာတ်ပုံလိုက်ရိုက်တာပဲဖြစ်ဖြစ် / လေ့လာတာပဲဖြစ်ဖြစ် relax လုပ်လို့ရပါတယ် ။ ရန်ကုန်အပြန်မှာတော့ နည်းနည်းလေး ဆွေးဖို့ကောင်းတယ့် အငွေ့
အသက်လေးကို ခံစားရမှာပဲဖြစ်ပါတယ် ။
၆ : ၄၀ မိနစ်ဆိုရင် ရန်ကုန်သို့ပြန်ရောက်ပြီပဲ ဖြစ်ပါတယ် ။

သုံးသပ်ချက်အနေနဲ့ ရထားလမ်းသည် နည်းနည်းလေး မကောင်းသဖြင့် သံ နှင့် သံချင်းရိုက်သည့် အသံများဟိန်းသောကြောင့် နားအူတတ်နိုင်ပါသည် ။ ရထားအမြဲစီးနေသူ တွေအတွက်ကတော့ ဒါက အေးဆေးပါ ဆိုပေမယ့် စီးနေကျမဟုတ်သူတွေအတွက် နားကြပ်လေးတပ် သီချင်းလေးနားထောင်ပြီး စီးနင်းပါ ။ သဘာဝရှုခင်းတွေ view တွေကို ခံစားတယ့်အခါမှာ အမြင်ခြင်း ခံစားချက်ခြင်းတွေက လူတစ်ယောက် နဲ့ တစ်ယောက် မတူညီနိုင်သည့်အတွက် ယခု review လေးကို ဖတ်ပြီးရင်လည်း အရင်မိမိ သွားခဲ့ဖူးပါက မှာပဲဖြစ်ဖြစ် page ရဲ့ မှာပဲဖြစ်ဖြစ် ဝေဖန်အကြံ
ပေးလို့ရပါတယ် ။ review အားအဆုံးထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါတယ် ။

#ပြည်တွင်းပြည်ပကမီးရထားအကြောင်းသိကောင်းစရာ

Post by : ပြည်တွင်းပြည်ပက မီးရထားအကြောင်းသိကောင်းစရာ

 #ဂျပန်ရထားဆိုပြီးတစ်ချိန်ကရထားစီးသူတွေကို ဆွဲဆောင်နိုင်ခဲ့သော   ရထားများRBE ရထားတွဲတွေကို 2005 ခုနှစ်ကမှရထားစီးသူတွေ  ရ...
06/09/2019

#ဂျပန်ရထားဆိုပြီးတစ်ချိန်ကရထားစီးသူတွေကို ဆွဲဆောင်နိုင်ခဲ့သော ရထားများ

RBE ရထားတွဲတွေကို 2005 ခုနှစ်ကမှရထား
စီးသူတွေ ရင်းရင်းနှီးနှီးစသိခဲ့ပြီး ယခုဆိုရင် ၁၄နှစ် ဝန်းကျင်လောက်ရှိနေပါပြီ။ တွဲများအား စတင်ပြေးဆွဲခဲ့သည့် ပထမလမ်းကြောင်းကတော့ ရန်ကုန်-တိုးကြောင်ကလေး လမ်းပိုင်းတွင်စတင် ပြေးဆွဲခဲ့ပြီး ယခင်မြို့ပတ်လမ်းမှာတော့ ခရီးစဉ်ထည့်သွင်းပြေးဆွဲခြင်း မရှိသလောက် နည်းခဲ့ပါတယ်။ အယ့်ဒီ့အချိန်ား
များကို အရပ်အခေါ် အနီကောင်ဂျပန်ရထား
ဟုခေါ်ကြပြီး စက်ခေါင်းနှင့်ရထားကိုတော့
လော်ကယ်ရထားဆိုပြီး ခေါ်နေကြတာလည်း ယခုချိန်ထိပါပဲ ။ ရန်ကုန်-တိုးကြောင်ကလေး လမ်းပိုင်းမှာဆိုရင် RBE ရထားများပြေးဆွဲပြီး မကြာမီအချိန်မှာတော့ ( #ဒဂုံတက္ကသိုလ်/ #စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)/ #အရှေ့ပိုင်းတက္ကသိုလ် ) စသဖြင့်ခရီးစဉ်သစ် ၂ခု လည်းထပ်တိုးလာခဲ့ပါတယ်။ နောက်ပိုင်း
ရထားပို့ဆောင်ရေး ကောင်းမွန်စေဖို့အတွက် မျိုးစုံသော အဆင့်မြှင့်ွဲများလည်း
(ရထားတွဲတိုင်းတွင် အထက်တန်းတွဲများလို
ဆိုဖာခုံများ နှင့် ပန်ကာများဖွင့်ပေးထားသော ) ဝင်ရောက်ပြေးဆွဲခဲ့ပါသေးတယ်။ ထိုအချိန် ရထားကို ပုံမှန်သွားရေးလာရေးအတွက် ရထားစီးသူတွေအပြင် အခြားသောအလုပ်/ကျောင်းပိတ်ရက်လို အားလပ်ရက်တွေမှာ
လည်း မိသားစုလိုက် အပျော်ရထားပတ်စီးကြတာ မျိုးတွေအထိ တစ်ချိန်က ဂျပန်ရထားများဟာအတော်လေး
ခေတ်စားခဲ့ပါတယ် ။ဒါပေမဲ့ သိပ်မကြာပါဘူး ရထားစီးသူမျာအတွက် ရထားဟာ ယုံကြည်မှု
မရခဲ့ပါဘူး။ အဓိက အကြောင်းကတော့ ......

အကြောင်းအမျိုးမျိုးကြောင့် ရထားအမြဲ (delay/late) နောက်ကျပြီး ရထားစီးသူများအတွက် အချိန်တွေများစွာ ပေးရလို့ပါ ။ထိုအချိန် ရန်ကုန်မြို့ကြီးမှာ traffic jam ဆိုတာလည်း မရှိသေးတော့ ရထားစီးတာထက် လိုင်းကားတိုးစီးလိုက်တာ
မျိုးက အချိန်ကုန် ပိုသက်သာစေခဲ့ပါတယ် ။ ဒါပေမယ့် ဆင်ခြေဖုန်းရပ်ကွက်မှာ နေထိုင်သူ တွေအဖို့ ကားဂိတ်ကိုသွားရသည်မှာ မသက်သာပါ ။ (ကိုယ်တွေ့ပါ ) ဘူတာကိုလမ်းလျှောက်လို့ ၅မိနစ်လောက်သာ ကြာပေမယ့် ကားဂိတ်ကိုသွားမယ်ဆို မိနစ်၂၀ လောက်အချိန်ပေး လမ်းလျှောက်ရပါတယ်။ လမ်းမလျှောက်ချင်ရင် ရွေးချယ်စရာဆိုလို့
ဆိုက်ကားဌားစီး လို့ပဲရပါတယ်။၄၅မိနစ်/ ၁နာရီသာသာ အမြဲနောက်ကျတယ့် ရထားကို ထိုင်စောင့်ပြီး အချိန်ကုန်တာထက်စာရင်တော့ ပိုအဆင်ပြေသွားတာပေါ့ဗျာ။ 2005ခုနှစ်တုန်း က #အထူးယာဉ်လိုင်းကလည်း ရထားနှင့်
ယှဉ်လိုက်ရင် လိုရာခရီးအမြန်ရောက် တာက
လည်းတစ်ကြောင်း ရထားက ပန်ကာဖွင့်ရင် သူက အဲကွန်းဖွင့်ပေးနိုင်တာဆိုတော့ ပိုလက်သာ သွားတာပေါ့ ။
၎င်းအချိန်က ( #၁၀တန် ရထားလတ်မှတ်က ပေးတယ့် service နဲ့ #၁၀၀/ #၂၀၀တန် ပေးရတယ့် bus service နဲ့တော့ ဘယ်တူပါ့
မလဲ ) ဒါပေမဲ့ ၂၀၁၀ခုနှစ် နောက်ပိုင်း နေရာတိုင်းမှာ ယာဉ်ကြောကျပ်တည်းတာတွေ များလာတယ့်နောက်ပိုင်းမှာ #၁၀၀တန် ရထားလတ်မှတ်က ၂၀၀တန် ကားတွေထက်
တော့ အချိန်ကုန် ပိုသက်သာစေပါတယ်လို့ ပြောရင်း blog ကနေနှုတ်ဆတ်လိုက်ပါတယ်။

ဝါသနာကို အရင်းခံ၍ လူရော/အချိန်ပါ အကုန်ခံရေးသားခြင်းဖြစ်လို့ အမှာများပါခဲ့ရင် နားလည်ပေးကြပါ🙏။ Post copy လုပ်သူများ အနေနဲ့ copy ယူပြီးရင် #ပြည်တွင်းပြည်ပက မီးရထားအကြောင်း သိကောင်းစရာ page လေးကို👉 👈 👌 ပေးကြဖို့ကိုလည်း မမေ့ကြပါနဲ့လို့ တောင်းဆိုချင်ပါတယ် ။

👇👇👇

Address

Kyaikto

Website

Alerts

Be the first to know and let us send you an email when SweeTy Activities posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share