Ace City

Ace City Nothing else matter

Covid - 19 ထောက်ပံ့ကြေး ရလို့ပျော်နေတဲ့ အပြုံးလေးတွေပါ ...၀မ်းသာမိပါတယ် ....အခုတော့ မဟုတ်ပါဘူး 2020 ကပါ ...အခုလဲပေးပါမယ်...
29/08/2024

Covid - 19 ထောက်ပံ့ကြေး ရလို့
ပျော်နေတဲ့ အပြုံးလေးတွေပါ ...
၀မ်းသာမိပါတယ် ....
အခုတော့ မဟုတ်ပါဘူး 2020 ကပါ ...
အခုလဲပေးပါမယ်တဲ့ ...

သောကတွေ .... 🙂

မိုးပေါ်က တစ်ရွှီး ရွှီးနားထောင်ကောင်းပေမဲ့အဲ့လိုပေးဆပ်ခဲ့ရတယ်အိမ်တစ်လုံး ဖြစ်ဖို့ ဘဝနဲ့ရင်းထားရတာရှိတယ်မိသားစုတွေ သေကွဲ...
13/07/2024

မိုးပေါ်က တစ်ရွှီး ရွှီး
နားထောင်ကောင်းပေမဲ့
အဲ့လိုပေးဆပ်ခဲ့ရတယ်
အိမ်တစ်လုံး ဖြစ်ဖို့ ဘဝနဲ့ရင်းထားရတာရှိတယ်
မိသားစုတွေ သေကွဲကွဲရတာက
ဖော်မပြနိူင်အောင် နာကျင်တယ်
ကံစမ်းမဲလို
ငါ့အိမ်ဘက်လား ငါ့အိမ်ဘက်လားဆိုတဲ့
စိုးရိမ်စိတ်က
သေချာတွေးကြည့်
ဘယ်လောက်ပူလောင်လဲလို့

Photo crd to Lasho

၁၁၃ ဇူလိုင် ၂၀၂၄

တောင်ကြီးရောက် စစ်ဘေးရှောင်များအတွက်ပါသျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ကို ရောက်ရှိလာတဲ့ သျှမ်းမြောက်စစ်ရှောင်ပြည်သူ...
10/07/2024

တောင်ကြီးရောက် စစ်ဘေးရှောင်များအတွက်ပါ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ကို ရောက်ရှိလာတဲ့ သျှမ်းမြောက်စစ်ရှောင်ပြည်သူများအနေနဲ့ ခေတ္တစစ်ရှောင်ဖို့ နေရာထိုင်ခင်းနှင့် စားသောက်ရေးအတွက် အခက်အခဲများရှိပါက အောက်ပါဖုန်းနံပါတ်များ ဆက်သွယ်နိုင်ပါတယ်။
ဆက်သွယ်ရန်ဖုန်းနံပါတ်များ
၁။ တောင်ကြီးမြို့ဝေဠုဝန်ကျောင်းတိုက်ဆရာတော်
095214770
၂။ ဦးစိုင်းဇော်ဇော် (တောင်ကြီး၊ နမ့်ခုံးရှမ်းများပရဟိတအသင်း)
095213894
၃။ နန်းနွန်းမို (ရှမ်းစာ/ယဉ်၊ တောင်ကြီး)
09425466665
၄။ နန်းယိင်းနောင့် (TYO၊ တောင်ကြီး)
09788984810
၅။ စိုင်းခမ်း (ပိဋကတ်ကျောင်းတိုက်၊ တောင်ကြီး)
09455585133

27/05/2024

အရေးကြီးတယ်နော်
(Driving lessons for Myanmar)
ကားမောင်းသင်မယ်ဆို
ပထမဆုံးအနေနဲ့ မဖြစ်မနေ
လိုက်နာဖို့ လိုတာလေးတွေကို
သေသေချာချာ ရှင်းပြထားပါတယ့်....

Crd_TTVideo

သင်သေသွားသော်............................."ငါသေရင် မြန်မာနိုင်ငံသားပါလို့ ရင်ဘတ်မှာရေးပေးလိုက်ပါ..ဒါမှ ဘုရားသခင်နဲ့တွေ့ရ...
23/05/2024

သင်သေသွားသော်.............................

"ငါသေရင် မြန်မာနိုင်ငံသားပါလို့ ရင်ဘတ်မှာရေးပေးလိုက်ပါ..
ဒါမှ ဘုရားသခင်နဲ့တွေ့ရင်..ငါဟာငရဲကျပြီးသားလူတစ်ယောက်ဆိုတာ..သူသိမှာ"

သူကွယ်လွန်ပြီးနောက်..ဘုရားသခင်ရှေ့မှောက်။
ဘုရားသခင်မြင်ရစေရန်....သူ့ရင်ဘတ်ကို ကော့ပြလိုက်သည်။

"အော်...မင်းက မြန်မာနိုင်ငံသားကိုး...အေး..အေး..ဒီမှာတော့...ကွမ်းတံတွေးတွေလျှောက်မထွေးနဲ့..ပါးရိုက်ခံရမယ်"

ဗြိတိသျှကိုကိုမောင်

😁😁😁

Hot Weather 🔥🔥🔥🔥၂၀၂၄ ဧပြီလ ၂၇ရက်နေ့ ၂၈ရက်နေ့တွေမှာမြင်းခြံခရိုင် ညောင်ဦးခရိုင် ချောက်ခရိုင် မင်းဘူးခရိုင် မကွေးခရိုင် ဒ...
26/04/2024

Hot Weather 🔥🔥🔥🔥
၂၀၂၄ ဧပြီလ ၂၇ရက်နေ့ ၂၈ရက်နေ့တွေမှာ
မြင်းခြံခရိုင် ညောင်ဦးခရိုင် ချောက်ခရိုင် မင်းဘူးခရိုင် မကွေးခရိုင် ဒေသတွေမှာ အပူချိန်များမြင့်မားနိုင်ပါသဖြင့် အထူးသတိပြုကြပါ

ISSUED TIME
26/04/2024 6:14am(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚

13/04/2024

ဘားအံမြို့ရဲ့ သံလွင်မြစ်ဘေး၊ ကမ်းနားလမ်းပေါ်က
ညနေ ၄နာရီဆို စတင်အသက်ဝင်လာတဲ့
ညစျေးလေးမှာ ဘာတွေရောင်းကြသလဲဆိုတာ...

'' သင်္ကြန်ရေသတိပြုကြပါ၂၀၂၄ ဧပြီလ ၁၂ရက်နေ့မှ ၁၉ရက်နေ့အတွင်းမြန်မာနိုင်ငံမှာ အပူချိန်လွန်ကဲနိုင်သဖြင့် သင်္ကြန်ကာလအတွင်း ...
10/04/2024

'' သင်္ကြန်ရေသတိပြုကြပါ

၂၀၂၄ ဧပြီလ ၁၂ရက်နေ့မှ ၁၉ရက်နေ့အတွင်း
မြန်မာနိုင်ငံမှာ အပူချိန်လွန်ကဲနိုင်သဖြင့် သင်္ကြန်ကာလအတွင်း မနက် ၁၀နာရီမှ ညနေ ၅နာရီခွဲအတွင်း ရေပက်ရေလောင်းခြင်းများကိုရှောင်ကျဥ်သင့်ပါတယ် ''
ဟုမိုးလေဝသပညာရှင် စုစုစံ(မင်းဂွတ်သီး)မှ သတိပေးထားပါသည်။
အဆိုပါအပူလွန်ကဲချိန်များတွင် အရက်သေစာသောက်သုံးသူများသည်လဲ ကျန်းမာရေးအသိနှင့်သောက်သုံးစေလိုပါသည်။
မော်တော်ကားယာဥ်မောင်းများသည်လည်း အပူသက်သာစေရန် လည်ပင်းတွင်အဝတ်စိုကပ်ထားခြင်း၊ ရေခဲဝတ်ကပ်ခြင်းဖြင့် ရုတ်တရက် ဦးဏှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ဆင်ခြင်ကြစေလိုပါသည်။


မိန်းမတွေ ဘဲနဲ့ ပြတ်သွားရင်ကိုယ့်ဘက်က မှားခဲ့တဲ့ အပိုင်းတွေကို နောင်တရနေမယ်များ မထင်နဲ့။ 😎တွဲခဲ့သမျှလည်း ကိုယ့်ဘက်က မှား...
07/04/2024

မိန်းမတွေ ဘဲနဲ့ ပြတ်သွားရင်
ကိုယ့်ဘက်က မှားခဲ့တဲ့ အပိုင်းတွေကို
နောင်တရနေမယ်များ မထင်နဲ့။ 😎
တွဲခဲ့သမျှလည်း ကိုယ့်ဘက်က
မှားခဲ့တယ်လို့ကို မထင်တာ။
မှားရင်တောင် ကိုယ်မှားခဲ့တာက
စေတနာအမှားတို့ ဘာတို့ ပြောကြတာ မယုံမရှိနဲ့။ 😁😁😁

အောင်မယ်...
မိန်းမတွေက အချဉ်တော့ မဟုတ်ဖူးနော်။
လမ်းခွဲကြပြီ ဆိုတာနဲ့
ငါ့မေတ္တာတွေ မစူးပါစေနဲ့ ဘာညာ ဆိုတာမျိုးလည်း
ဒရာမာတွေ ချိုးလွှတ်လိုက်ကြသေးတာ။
တကယ်က စူးစရာလည်း ဘာမှ မကျန်တော့ဘူး။
ကိုယ့်ထက် အကြီး အကြီးမှန်းမသိ
ဆဲဆိုရိုက်ပုတ်တာတွေက လုပ်လိုက်ကြသေးတာ။ 🤣🤣🤣

ဘဲတစ်ယောက်နဲ့ ပြတ်ပြီဆိုရင်
အရင် Relationship က ချို့ယွင်းချက်တွေကို
သင်ခန်းစာယူ ပြုပြင်ပြီး နောက်ထပ်တွဲမယ့်ဘဲကို
ပြသနာ ထပ်မရှာတော့ဘူးလို့ ဘယ်သူမှ မတွေးဘူး။
😌😌😌
ရစ်တဲ့နေရာမှာ Basic Level ကနေ
Advanced Level ရောက်သွားတာပဲ ရှိတာ။
ဘဲပဲပြောင်းသွားတယ်။
သောက်ကျင့်ကတော့ မပြောင်းဘူးရယ်။

ဘဲမရခင်တော့ ပြောပါလိမ့်မယ်။
“ရည်းစားထပ်မထားတော့ဘူး....
အချစ်ကို ကြောက်သွားပြီ” 😁😁😁

ဘဲရသွားရင်တော့ ဒီလိုပြောမယ်။
“ဘယ်သူ့ကိုမှ ထပ်မချစ်တော့ဘူးလို့
ဆုံးဖြတ်ထားတဲ့ကြားက စွန့်စားပြီး ချစ်လိုက်တာ..
ကျမကို စိတ်ထိခိုက်အောင်တော့ ထပ်မလုပ်ပါနဲ့” 😁😁😁

ဘဲကလည်း “ကိုယ်က တခြားယောက်ျားတွေနဲ့
မတူပါဘူး” ဘာညာ လွှတ်မယ်။
(မတူဘူးလေ... မျိုးဗီဇကွဲပြီး ပိုဆိုးလာကြတာ 😂)

မိန်းမတွေကလည်း ဖန်တစ်ရာတေ ကြားဖူးနေတဲ့
ဒီစကားကို ဘယ်သူပြောပြော
ဘယ်နှစ်ထပ်ရှိရှိ မမှတ်မိဘဲ အဟုတ်ထင်ပြန်ရော။

ကြိုက်ပြီးတာနဲ့ မကြာဘူး။
မိန်းမတွေ မျက်ရည်မျက်ခွက် ဖြစ်လာပြီ။
မဖြစ် ခံနိုင်မလား။
မိန်းမဆိုတဲ့အမျိုးက ဒီလို။
ကိုယ့်ကို သူ့အချစ် ၉၉% ပေးအပ်ထားတယ်ပြောကြည့်။
ဘယ်သူမှ မကျေနပ်ဘူး။
ကျန်တဲ့ ၁%က ဘယ် မသာမ ဆီမှာလဲဆိုပြီး
စောင်ပြသနာ ထရှာတဲ့အမျိုး။

ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်နေဆဲ ယောက်ျားတိုင်းရော
နောက်ထပ် မွေးလာလတ္တံ့သော ယောက်ျားတိုင်းရောက
နားညည်းတာ ပြသနာရှာတာကို မခံနိုင်ကြဘူး။
ကမ္ဘာမီးလောင်နေရင်တောင် ဆေးလိပ်တစ်လိပ်လောက်
အရင် မီးညှိသောက်လိုက်ချင်သေးတာ။
အေးအေးဆေးဆေးဖြစ်မှ ပြသနာကို အဖြေရှာချင်တဲ့အမျိုး။

မိန်းမတွေကျတော့ တစ်ခုခု မသိရမချင်း
သိအောင် အမြဲတစေ စုံစမ်းနေကြတယ်။
ဘာမှမသိရရင် ဖုံးကွယ်ခံနေရပြီ ထင်တယ်။
သိလာရပြီဆိုရင်လည်း မပြီးမစီးနိုင် ပြသနာရှာတယ်။
ကံကောင်းလို့ ပြသနာပြီးပြီဆိုရင်တောင်
ကြုံရင် ထပ်ဆွချင်ကြသေးတယ်။ 😁😁😁

ဒါပေမယ့်နော်။
မိန်းမတွေမှာ နောင်တ မရှိဘူး။
RS တစ်ခု ပျက်စီးသွားရင်
ကိုယ့်အမှားများ ပါနေမလား တစ်ခါမှ မတွေးဘူး။
ကိုယ် ဘာမှ မမှားခဲ့ဘူးပဲ ထင်ကြတာ။

ငါ ဒီလောက် နားလည်ပေးရဲ့သားနဲ့ ....
ငါ ဒီလောက် ဖြည့်ဆည်းပေးရဲ့သားနဲ့ ...
ငါ ဒီလောက် ချစ်ခဲ့ရဲ့သားနဲ့ ....
အဲ့လိုတွေပဲ တွေးကြတယ်။

နောက်ဘဲကို မရစ်တော့ဘူးလို့
ဆုံးဖြတ်ကောင်း ဆုံးဖြတ်ထားလိမ့်မယ်။
အဲ့ဒါကလည်း ကိုယ့်ဘဲ ကိုယ့်ကို သဲသဲလှုပ်နေတဲ့ အချိန်ပဲ။ 😌😌😌
နောက် ကလင်ဒါကျအတိုင်း ဒင်းတို့တွေ
သုံးလလောက်နေလို့ စဖောက်လာတဲ့အခါ
ကိုယ်ကလည်း ငုပ်လျှိုးဗီဇလေးတွေ ပြန်ပေါ်လာပြီး
ထသတ်ကြ။ ပြသနာတက်ကြ။
အသဲကြွေကျ ပဲရေပွ ဖြစ်ကြပါလေရော။

RS တစ်ခု ပျက်စီးသွားတဲ့အခါ ယောက်ျားတွေကတော့
တခါတလေ နောင်တရတတ်ကြတယ်။
မိန်းမတွေကတော့ နောင်တရဖို့ နေနေသာသာ
အသဲကွဲ ဟက်တက်ကွဲတာတောင်
ပိုလှပြီး ရင့်ကျက်လာတယ်လို့
ကိုယ့်ဘာသာ ထင်နေကြတာ။ 😌😌😌

ကြားဖူးတယ် မလား။
မိန်းမတွေ ဘယ်တော့မှ မမှားဘူး။
ငါတို့မှားတာက မှန်တယ်။ 😌😌😌

Crd_SMMH
PhotoCrd

ဘီကြီးစီးပေမယ့်လဲစကူပီလေးကိုတောင် မကျော်နိုင်တဲ့ဘဝ 😭😭😭
06/04/2024

ဘီကြီးစီးပေမယ့်လဲ
စကူပီလေးကိုတောင်
မကျော်နိုင်တဲ့ဘဝ
😭😭😭

04/04/2024

ပွင့်လင်းရိုးသားသူများ လှပတဲ့ သဘာဝတရားများ ရှိရာ ဘားအံမြေသို့ လာမယ်ဆိုရင်...

Cdt_Video

Address

Kyaukpadaung

Telephone

+959777477049

Website

Alerts

Be the first to know and let us send you an email when Ace City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share