Arakan Memories

Arakan Memories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arakan Memories, Digital creator, Kyaukpyu.

ရခိုင်လူထု ထမင်းငတ်ခဲ့ရတဲ့ သမိုင်းဆိုးကြီးတစ်ခုကို အမှတ်ရကြရဲ့လား…။-စပါးကျီလို့ တင်စားခံခဲ့ရတဲ့ ရခိုင်ဒေသမှာ ရခိုင်ပြည်သ...
13/08/2026

ရခိုင်လူထု ထမင်းငတ်ခဲ့ရတဲ့ သမိုင်းဆိုးကြီးတစ်ခုကို အမှတ်ရကြရဲ့လား…။

-စပါးကျီလို့ တင်စားခံခဲ့ရတဲ့ ရခိုင်ဒေသမှာ ရခိုင်ပြည်သူတွေ ထမင်းငတ်လို့ လမ်းပေါ်ထွက် တောင်းဆိုခဲ့ရတဲ့ သမိုင်းဝင် သွေးစွန်းသောနေ့တစ်နေ့ ရှိခဲ့ဖူးပါတယ်။

၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်…။

စပါးဧက သန်းပေါင်းများစွာ ထွက်ရှိရာ မြေပေါ်မှာ
မဆလ အစိုးရရဲ့ စားနပ်ရိက္ခာ မူဝါဒ အမှားတွေကြောင့် စစ်တွေမြို့မှာ ဆန်ပြတ်လပ်ပြီး အငတ်ဘေးဆိုက်ခဲ့ရပါတယ်။ မိမိတို့မြေမှ ထွက်သည့် ဆန်ကို မိမိတို့ ပြန်လည် ဝယ်ယူစားသုံးခွင့်ရရှိရေးအတွက် စစ်တွေမြို့ခံ သောင်းနှင့်ချီသော ပြည်သူများက ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြတာပါ။

"ဆန်ပြုတ်မစား ရခိုင်သား၊ ဆန်ကွဲမစား ရခိုင်သား"

ဒီကြွေးကြော်သံနဲ့အတူ လမ်းပေါ်ထွက်ခဲ့ကြတဲ့ အပြစ်မဲ့ ရခိုင်ပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ရာ လူပေါင်း ၂၀၀ ကျော် သွေးမြေကျ ကျဆုံးခဲ့ရပါတယ်။

ထမင်းငတ်လို့ ဆန်တောင်းတဲ့ ပြည်သူကို ရက်စက်စွာကျည်ဆံနဲ့ ပစ်ခတ်နှိမ်နင်းခဲ့တဲ့ "စစ်တွေ ဆန်ပြဿနာနေ့" ဟာ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေသင်္ကေတတစ်ခုအဖြစ် ရခိုင်ပြည်သူတို့ရဲ့ နှလုံးသားမှာ နာကြည်းဖွယ်ရာ တင်
ကျန်ရစ်ခဲ့ပါတယ်။

Arakan Memories အနေဖြင့်
၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် စစ်တွေ ဆန်ပြဿနာအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအား ဝမ်းနည်းစွာ အောက်မေ့ပါသည်။

မြောက်ဦး၊ Sh*te-thaung Temple ရှစ်သောင်းဘုရားထဲက နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်ဆစ်ရုပ်ထုတစ်ခု ကို ဖော်ပြ ပေးလိုက...
12/08/2026

မြောက်ဦး၊ Sh*te-thaung Temple ရှစ်သောင်းဘုရားထဲက နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်ဆစ်ရုပ်ထုတစ်ခု ကို ဖော်ပြ ပေးလိုက်ပါတယ်၊၊

-ရုပ်ထုကို ဖော်ညွန်းထားတဲ့ ရခိုင်သမိုင်းသုတေသနပညာရှင် Pamela ရဲ့ Burma’s Lost Kingdoms: Splendours of Arakan စာအုပ်ထဲက-မူရင်း စာသား photo-scan ကိုပါ တွဲတင်ပေးထားပါသည်။

ဘာသာပြန်အဓိပ္ပါယ်။
(ကျောက်ဆစ်အမှတ် ၆၆)၊ ရှစ်သောင်းဘုရား၏ အပြင်ဘက်လမ်းလျှောက်စင်္ကြံ (outer corridor) ၏ အရှေ့တောင်ထောင့် တွင်ရှိသော ကျောက်ဆစ်ရုပ်ကြွသည် ရှေးခေတ် သစ်သား နန်းတော် တည်ဆောင်ကို ပုံပေါ် မြင်ယောင်နိုင်စေသည်။
-အောက်ဘက်တွင်မူ နတ်တို့၏အရှင် သိကြားမင်း (Indra) ကို ဖော်ပြထားသည်။ သိကြားမင်းသည် မိုးကြိုးလက်နက်ဖြစ်သော ဝဇ္ဇရ (vajra) ကို ကိုင်
ဆောင်ထားပြီး၊ ၎င်း၏ယာဉ် ခေါင်းသုံးလုံးရှိသောဆင်ဧရာဝဏ်( Airavata )ဆင်ပေါ်တွင် ထိုင်နေသည်။
-အိန္ဒိယနှင့် အရှေ့တောင်အာရှရှိ ဘုရင်များ(အယူအဆ)ကဲ့သို့ပင် ရခိုင်ဘုရင်များကိုလည်း နိုင်ငံ၏ သုခချမ်းသာ တည်တံ့ရေးအတွက် မိုးလေဝသကို အစိုးရနိုင်စွမ်းရှိသည့် နတ်ပြည်မှ သိကြားမင်းနှင့် တင်စား၊ နှိုင်းယှဉ် ချိတ်ဆက်ခဲ့ကြသည်။)

Photo scan ရည်ညွန်း။ ။ Page-82, Burma’s Lost Kingdoms: Splendours of Arakan by Pamela Gutman, Orchid Press, 2001

########################
အကယ်၍ မိတ်ဆွေ
နောက်တစ်ကြိမ်-
မြောက်ဦးမြို့ဟောင်းကို ရောက်တဲ့အခါ
ရှစ်သောင်းဘုရားကို ရှေးဟောင်း “ဘုရားပုထိုးကြီးတစ်ဆူ” အဖြစ်ပဲ မကြည့်ပါနဲ့။

-အဲဒီကျောက်နံရံတွေ၊
အမှောင်ထဲက လှိုဏ်ဂူတွေ၊
ကျောက်ဆစ်ရုပ်ပုံတွေကို သေချာကြည့်မယ်ဆိုရင်—
လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာနီးပါးက
မြောက်ဦးခေတ် ရခိုင်ဘုရင်တစ်ပါးရဲ့
အာဏာ၊ ဘာသာရေးနဲ့ မင်းအယူအဆတွေကို
ကျောက်တုံးတွေထဲမှာ ဖတ်ရှုနိုင်ပါတယ်။

-ဒီကျောက်ဆစ်ရုပ်ထုမှာ သိကြားမင်း (Indra) + ဝဇ္ဇရ + ဧရဝဏ်ဆင်+ နန်းတော်ပုံကို ထည့်သွင်းဖော်ပြထားခြင်းဟာ အလှဆင်ရုံသက်သက်လို့ မမြင်သင့်ပါဘူး။ ပိုလေးနက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပါဝင်နေပါတယ်၊၊

-ဒီ ကျောက်ဆစ် ရုပ်ထုကို မင်းဗာ/မင်းဘင် (Min Ba/Min Bin, AD 1531–1553) ခေတ်ရဲ့ နိုင်ငံရေး–ဘာသာရေးအယူအဆနဲ့ ဆက်စပ်ပြီးလေ့လာမယ်ဆိုရင် အလွန်
စိတ်ဝင်စားစရာကောင်းပါတယ်။
-အောင်ပွဲ၊
-မင်းအာဏာ၊
-ဗုဒ္ဓဘာသာ၊ဟိန္ဒူ/အိန္ဒိယစကြဝဠာအယူအဆ
နဲ့ စကြဝတေးမင်းအယူအဆတို့ကို
ကျောက်တုံးတွေပေါ်မှာ ရေးထိုးထားတဲ့
မြောက်ဦးခေတ်ရဲ့ နိုင်ငံရေး-ဘာသာရေး အမွေအနှစ်တစ်ခု ဆိုရင် မမှားပါဘူး။

ရခိုင် သမိုင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့၊ဩစတြေးလျ နိုင်ငံသူ Pamela Gutman ရဲ့ “Burma’s Lost Kingdoms: Splendours ...
10/08/2026

ရခိုင် သမိုင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့၊ဩစတြေးလျ နိုင်ငံသူ Pamela Gutman ရဲ့
“Burma’s Lost Kingdoms: Splendours of Arakan” စာအုပ်ထဲမှာ ပါရှိတဲ့ ၊ မြောက်ဦး ရှစ်သောင်းဘုရားလှိုဏ်ဂူရှိ မင်းဗာ/မင်းဘင် ဘုရင် ကျောက်ဆစ်ရုပ်ထုကို ဖော်ပြ
တဲ့ Pamela Gutman ရဲ့ မူရင်းစာသား ဖြစ်ပါတယ်။
စာအုပ် photo-scan ဖြစ်ပါသည်။

105 Sh*t-thaung. King Min Bin, depicted as a god, with his Indianand Arakanese wives stands on Ganesa, the elephant-headed godwho is the remover of obstacles.
( ဘာသာပြန်။ “၁၀၅။ ရှစ်သောင်းဘုရား။ နတ်ဘုရားအသွင်ဖြင့် ဖော်ပြထားသော ဘုရင်မင်းဗာသည် အိန္ဒိယမိဖုရား၊ ရခိုင်မိဖုရားတို့နှင့်အတူ အတားအဆီးများကို ဖယ်ရှားပေးသူဖြစ်သော ဆင်ခေါင်းနှင့် လူကိုယ်ရှိ နတ်
ဘုရား ဂဏေသျှ(Ganesha) ၏ အပေါ်တွင် ရပ်နေသည်။”)

Photo scan ရည်ညွန်း။ ။ Page-105: Burma’s Lost Kingdoms: Splendours of Arakan by Pamela Gutman, Orchid Press, 2001

( ရှစ်သောင်းဘုရားက ပြောသည့် ဘုရင်မင်းဗာကြီးနှင့် စကြဝတေမင်း အယူအဆ post နှင့် ဆက်စပ် အတွေးချဲ့ နိုင်ရန်ဖြစ်ပါသည်)

(Arakan/Rakhine ) ၏ ရှေးဟောင်းသမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် လူမှုအသိုက်အဝန်းတို့အကြောင်းကို နိုင်ငံတကာ တက္ကလိုလ်မ...
09/08/2026

(Arakan/Rakhine ) ၏ ရှေးဟောင်းသမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် လူမှုအသိုက်အဝန်းတို့အကြောင်းကို နိုင်ငံတကာ တက္ကလိုလ်များတွင် လေ့လာပြုစုထားသော Ph.D နှင့် MA ဘွဲ့ယူ ကျမ်းစာတမ်းအချို့ကို စိတ်ဝင်စားသူများ အလွယ်တကူ ရှာဖွေ နိုင်အောင် စုစည်းထားပါသည်။

(1) ကျမ်းနာမည်။ Ancient Arakan with Special Reference to its Cultural History Between the 5th and 11th Centuries

* အမျိုးအစား။ ပါရဂူ ဘွဲ့ယူကျမ်း-Ph.D Thesis
* ပြုစုသူ: Pamela Gutman
* တက္ကသိုလ်: The Australian National University, ဩစတြေးလျနိုင်ငံ၊ 1976

* အနှစ်ချုပ်: ၅ ရာစုမှ ၁၁ ရာစုထိကာလ၊ရခိုင်ဒေသ၏ ရှေးဦးမြို့ပြတည်ဆောက်မှု၊ ကျောက်စာများနှင့် ဒင်္ဂါးများကို အခြေခံ၍ ရှေးဟောင်းရခိုင်သမိုင်းကို သုတေသနပြုထားသည့် အထင်ကရစာတမ်း တစ်ခုဖြစ်သည်။
*
* (2)ကျမ်းနာမည်။ Arakan and Bengal :The rise and decline of the Mrauk U kingdom (Burma) from the fifteenth to the seventeenth century AD)
*
* အမျိုးအစား။ ပါရဂူဘွဲ့ယူကျမ်း-Ph.D Thesis
* ပြုစုသူ: Stephan Van Galen
* တက္ကသိုလ်: Leiden University, နေသာလန်နိုင်ငံ၊( 2008)

* အနှစ်ချုပ်: 15 ရာစုမှ 17 ရာစုနှစ်ထိကြားကာလ၊ ရခိုင်နှင့် ဘင်္ဂလားဒေသကြား ဆက်ဆံရေးနှင့် မြောက်ဦးဘုရင်နိုင်ငံတော်ကြီး ဖြစ်ပေါ်တိုးတက် ပျက်သုဉ်းပုံကို လေ့လာထားသည်။

* (3) ကျမ်းနာမည်။ Where Jambudipa and Islamdom Converged: Religious Change and the Emergence of Buddhist Communalism in Early Modern Arakan, 15th–19th Centuries”
* အမျိုးအစား၊ ပါရဂူဘွဲ့ယူကျမ်း-Ph.D Thesis

* ပြုစုသူ။ Michael W. Charney
တက္ကသိုလ်။ University of Michigan, အမေရိကနိုင်ငံ၊ 1999

အနှစ်ချူပ်။ ၁၅ ရာစုမှ ၁၉ ရာစုအထိ ရခိုင်ဒေသတွင် ဘာသာရေးပြောင်းလဲမှုများနှင့် ဗုဒ္ဓဘာသာလူမျိုးစုအသွင်သဏ္ဌာန် (Communalism) ပေါ်ပေါက်လာပုံကို ခွဲခြမ်းစိတ်ဖြာထားသည်။ ဇမ္ဗူဒီပ (မြန်မာ) နှင့် အစ္စလာမ်ကမ္ဘာ (ဘင်္ဂလား) ကြားခံနယ်မြေဖြစ်သော ရခိုင်တွင် နန်းတွင်းဗုဒ္ဓဘာသာပြုပြင်ပြောင်းလဲမှုများနှင့် ပြင်ပဖိအားများကြောင့် ရခိုင်တို့၏ ဘာသာရေးအမှတ်အသား ပုံဖော်တည်ဆောက်ပုံကို တင်ပြထားသည်။

(4) ကျမ်းနာမည်။ POLITICAL CONDITIONS OF RAKHINE KINGDOM IN THE MRAUK-U PERIOD (1531-1638)

-အမျိုးအစား။ အမျိုးအစား၊ ပါရဂူဘွဲ့ယူကျမ်း-Ph.D (DISSERTATION)
-ပြုစုသူ။ MYINT THEIN
-တက္ကလိုလ်။ DEPARTMENT OF HISTORY
UNIVERSITY OF YANGON, မြန်မာနိုင်ငံ, 2010

-အနှစ်ချူပ်။ ဤကျမ်းသည် အေဒီ ၁၅၃၁ မှ ၁၆၃၈ ခုနှစ်အထိ မြောက်ဦးခေတ် (Mrauk-U Period) ၏ နိုင်ငံရေးအခြေအနေများကို လေ့လာထားပြီး၊ ဤကာလအတွင်း ရခိုင်ပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပုံ၊ ဘင်္ဂလားပြည်တွင်းစစ်နှင့် ပေါ်တူဂီ-ရခိုင် ဆက်ဆံရေးများအကြောင်းကို ဖော်ပြထားသည်။

(5.) ကျမ်းနာမည်။ DYNASTIC HISTORY OF RAKHINE

အမျိုးအစား၊ ပါရဂူဘွဲ့ယူကျမ်း-Ph.D (DISSERTATION)

-ပြုစုသူ။ Tun Min
-တက္ကလိုလ်။ DEPARTMENT OF HISTORY
UNIVERSITY OF YANGON, မြန်မာနိုင်ငံ, 2012

-အနှစ်ချူပ်။ ဤဘွဲ့ယူကျမ်းသည် ပထမထောင်စုနှစ် မတိုင်မီ အလွန်စောစီးသော အစဦးကာလများမှသည်၊ ၁၇၈၅ ခုနှစ် အမရပူရ (ကုန်းဘောင်ခေတ်) က နောက်ဆုံးရခိုင်မင်းဆက်ဖြစ်သော မြောက်ဦးကို သိမ်းပိုက်ခဲ့သည့် အဆုံးသတ်ကာလအထိ ထွန်းကားခဲ့သော ရခိုင်မင်းဆက်များ အကြောင်းကို လေ့လာတင်ပြထားသည်။

*
* (6) ကျမ်းနာမည်။ Arakan, Min Yazagyi, and the Portuguese: The Relationship Between the Growth of Arakanese Imperial Power and Portuguese Mercenaries on the Fringe of Mainland Southeast Asia 1517-1617

* ပြုစုသူ။ Michael W. Charney
* အမျိုးအစား၊ မဟာဝိဇ္ဇာ ဘွဲ့ယူကျမ်း-MA Thesis
* တက္ကသိုလ်။ Ohio University, အမေရိကနိုင်ငံ (1993).

-အနှစ်ချူပ်။ ၁၅၁၇-၁၆૧၇ ကာလအတွင်း ရခိုင်ဘုရင် မင်းရာဇာကြီးလက်ထက်၌ ပေါ်တူဂီကြေးစားစစ်သားများ၏ စစ်ရေးအကူအညီဖြင့် အင်ပါယာတည်ဆောက်မှုနှင့် ယင်းဆက်ဆံရေး ပျက်ပြားလာပုံကို ဆန်းစစ်ထားသည်။ ဤလေ့လာမှုသည် ရခိုင်-ပေါ်တူဂီတို့အကြား ဖြစ်တည်ခဲ့သော ရှုပ်ထွေးသည့် နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ် ဖြစ်စဉ်များကို အဓိကမီးမောင်းထိုးပြထားသည်။

* (7.)ကျမ်းနာမည်။ မြောက်ဦးခေတ် နှောင်းပိုင်း ရခိုင် သမိုင်း ( အေဒီ ၁၆၃၈-၁၇၈၄

* အမျိုးအစား: မဟာဝဇ္ဇာဘွဲ့ (MA Thesis)
* ပြုစုသူ: ကျော်ဝင်းဦး (Kyaw Win Oo)
* တက္ကသိုလ်: ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန၊ မြန်မာနိုင်ငံ၊ ၁၉၉၆
* အနှစ်ချုပ်: မြောက်ဦးခေတ်နှောင်းပိုင်း ကာလ (အေဒီ ၁၆၃၈ မှ ၁၇၈၄ ခုနှစ်အထိ) ရခိုင်သမိုင်းအကြောင်းကို ရေးသားထားသည်။
*
* Note မှတ်ချက်။ အခြား Ph.D , MA, ဘွဲ့ယူကျမ်းစာတမ်းများ ကျန် ရှိ နေသေးရင်၊ comment ပေးဖြည့်စွက် ရေးသားပေးကြပါ။

ကျေးဇူးတင်ပါသည်
Memories

ရှစ်သောင်းဘုရားက ပြောသည့် ဘုရင်မင်းဗာကြီး၏ စကြဝတေး(Cakkavatti)မင်း အယူအဆMrauk U-မြောက်ဦးမြို့ရှိ ရှစ်သောင်းဘုရား ကို လူအ...
07/08/2026

ရှစ်သောင်းဘုရားက ပြောသည့် ဘုရင်မင်းဗာကြီး၏ စကြဝတေး(Cakkavatti)မင်း အယူအဆ

Mrauk U-မြောက်ဦးမြို့ရှိ ရှစ်သောင်းဘုရား ကို လူအများက ဘုရားစေတီ၊ ဗိသုကာလက်ရာကြီးတစ်ခုအဖြစ်သာ သိရှိကြပါသည်။

မိတ်ဆွေ ရှစ်သောင်းဘုရားကို ရောက်ဖူးရင် မြင်တွေ့ရမှာပါ…

-ရှစ်သောင်းပုထိုးတော်ကြီး၏ လှိုဏ်ဂူ၊ နံရံများပေါ်တွင် ဗုဒ္ဓရုပ်ပွားတော် ထောင်ပေါင်းများစွာ၊ ဇာတ်တော်များ၊ နတ်၊ ဗြဟ္မာနှင့် လူ့လောကဆိုင်ရာ ကျောက်ဆစလက်ရာများ၊ဘုရင်၊ နတ်၊ ဗြဟ္မာ စသည့် ရုပ်တုပုံများကိုဗိသုကာလက်ရာ ပြောင်မြောက်စွာ စနစ်တကျ ထွင်းထုထားသည်ကို မြင်တွေ့ရမှာပါ။

-အထူးသဖြင့် ပုထိုးတော်၏ လှိုဏ်ဂူအတွင်း၌ တွေ့ရသော မင်းဗာမင်း၏ ကျောက်ဆစ်ရုပ်တု သည် သာမန် ဘုရားတည် ဒကာအဖြစ် မှတ်တမ်းတင်ထားခြင်းထက် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်ကို ဖော်ဆောင်ထားသည်ဟု သုတေသီများက သုံးသပ်ကြသည်။

-ရခိုင်သမိုင်းကို နှစ်ပေါင်းမျာစွာ လေ့လာခဲ့တဲ့ သမိုင်းပညာရှင် (Pamela Gutman) ၏ လေ့လာချက်အရ၊
မင်းဗာဘုရင်သည် ရှစ်သောင်းဘုရားကို တည်ဆောက်
ရာတွင် မင်းဗာဘုရင်သည် မိမိကိုယ်ကို “စကြဝတေးမင်း (Cakkavatti)” အဖြစ် ထင်ဟပ်စေလိုခဲ့သည်ဟု သုံးသပ်ထားခဲ့ပါသည်။

A massive Buddhist statement of a Buddhist king who saw himself as a cakravartin world conqueror who had triumphed over the forces of Islam, it incorporates elements from Burmese Buddhism and the late Buddhism of north-west India in its iconography, illustrating the power of the king and his religion.

Page. 94-95
Burma's Lost Kingdoms: Splendours of Arakan by Pamela Gutman,2001

မူရင်းဘာသာပြန်။
အစ္စလာမ်အင်အား(ဘင်္ဂလာ စစ်တကောင်းဒေသ)ကို အောင်မြင်စွာ အနိုင်ယူခဲ့ပြီး၊ မိမိကိုယ်ကို စကြဝတေးမင်း (Cakravartin)၊ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ အောင်နိုင်သူအဖြစ် မြင်ယူခဲ့သော ဗုဒ္ဓဘာသာဝင် ဘုရင်တစ်ပါး၏ ကြီးမားခမ်းနားသော ဗုဒ္ဓဘာသာဆိုင်ရာ နိုင်ငံရေးနှင့် ဘာသာရေး ကြေညာချက် (Buddhist statement) တစ်ရပ် ဖြစ်သည်။”

”၎င်း၏ ရုပ်ပုံပန်းပုနှင့် သင်္ကေတဖော်ပြမှုများ (iconography) တွင် မြန်မာဗုဒ္ဓဘာသာ အစဉ်အလာနှင့် အနောက်မြောက်အိန္ဒိယဒေသ၏ နောက်ပိုင်းဗုဒ္ဓဘာသာ အနုပညာလက္ခဏာများကို ပေါင်းစပ်ထားပြီး၊ ဘုရင်၏ အာဏာနှင့် သူ၏ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို ထင်ဟပ်ဖော်ပြထားသည်။”

ဤနေရာတွင် စာရေးသူ၏ ဆိုလိုရင်းမှာ—

* မင်းဗာဘုရင်သည် ဘင်္ဂလာ စစ်တကောင်းဒေကို စစ်နိုင်ပြီး တည်ထားခဲ့သည့် ရှစ်သောင်းဘုရား သည် သာမန် ဘာသာရေး အဆောက်အအုံတစ်ခုသာ မဟုတ်ဘဲ၊

* ဘင်္ဂလားဒေသကို တိုက်ခိုက် အောင်မြင်ပြီးနောက် မိမိကိုယ်ကို စကြဝတေးမင်း (Cakravartin) ဟု ခံယူထားသည့် နိုင်ငံရေးအယူအဆကို ဗုဒ္ဓဘာသာ သင်္ကေတများဖြင့် ဖော်ပြထားသော အာဏာရေးဝါဒဆိုင်ရာ အထိမ်းအမှတ် အဆောက်အအုံ ဖြစ်ကြောင်း သုံးသပ်ထားခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ရှစ်သောင်းဘုရားကို မင်းဗာမင်း၏ စကြဝတေးမင်း အယူအဆကို ကျောက်စာ၊ ရုပ်တု၊ ဗိသုကာနှင့် ပန်းပုများဖြင့် ဖော်ပြထားသည့် နိုင်ငံရေး-ဘာသာရေး ကြေညာစာတမ်း (political-religious statement) အဖြစ် သမိုင်းပညာရှင် စာရေးသူက ရှုမြင်သုံးသပ်ထားပါသည်။

-Photos မှတ်ချက်။ ။ ရှစ်သောင်းဘုရားတွင် တွေ့ရသော ကျောက်ဆစ်လက်ရာ ရုပ်ထုအချိူ့

“မနှင်းနှင်းဝေအား မုဒိမ်းကျင့်လူသတ်မှုကျူးလွန်သူ မောင်တင်ဝင်းကို အာရက္ခပြည်သူ့အစိုးရ တရားရုံးက သေဒဏ်အမိန့် ချမှတ်လိုက်ပြ...
06/08/2026

“မနှင်းနှင်းဝေအား မုဒိမ်းကျင့်လူသတ်မှုကျူးလွန်
သူ မောင်တင်ဝင်းကို အာရက္ခပြည်သူ့အစိုးရ တရားရုံးက သေဒဏ်အမိန့် ချမှတ်လိုက်ပြီ။”

ပြစ်ဒဏ် ချမှတ်မှု အခြေအနေ-

* အဓိက တရားခံ မောင်တင်ဝင်းသည်– အသက် ၂၃ နှစ်အရွယ် မနှင်းနှင်းဝေအား ကြိုတင်ကြံရွယ်၍ မုဒိမ်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အလောင်းဖျောက်ဖျက်ခြင်းတို့ကြောင့် သေဒဏ် ချမှတ်ခံရသည်။
* ကြံရာပါ ၂ ဦး – အလောင်းဖျောက်ရာတွင် ကူညီပေးခဲ့သည့်အတွက် ထောင်ဒဏ် နှစ် (၂၀) စီ အသီးသီး ချမှတ်ခံရသည်။

ဖြစ်စဉ်အကျဉ်း

* ကျူးလွန်သည့်ရက် – ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
* ဖမ်းဆီးရမိမှု – အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (ဒီလပ်ရဲတပ်ဖွဲ့) က တရားခံ ၃ ဦးလုံးကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
* စီရင်ချက်ချသည့်ရက် – တရားခံများကို စစ်ဆေးအပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် အပြီးသတ် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံ ကြည့်ရန်-

Arakan Princess Media: သတင်း
https://www.facebook.com/share/p/19Xmye5FQb/?mibextid=wwXIfr

နိရဉ္စရာ သတင်း ( Narinjara New Media):
https://share.google/6m7nMU72JK2wTiwpu

“Burma’s Lost Kingdoms: Splendours of Arakan” စာအုပ်သည် ရခိုင်သမိုင်းကို နိုင်ငံတကာ စာဖတ်ပရိသတ်အတွက် အလွယ်တကူ နားလည်နိုင...
06/08/2026

“Burma’s Lost Kingdoms: Splendours of Arakan”

စာအုပ်သည် ရခိုင်သမိုင်းကို နိုင်ငံတကာ စာဖတ်ပရိသတ်အတွက် အလွယ်တကူ နားလည်နိုင်အောင် ရေးသားထားပြီး၊
မြောက်ဦးခေတ်၏ ဗိသုကာလက်ရာများ၊ ရှေးဟောင်းသုတေသနအထောက်အထားများ၊
ဗုဒ္ဓဘာသာအနုပညာနှင့် ရခိုင်ယဉ်ကျေးမှု၏ ထူးခြားချက်များကို အရည်အသွေးမြင့် ဓာတ်ပုံများဖြင့် တင်ပြထားပါသည်။

-နိုင်ငံခြားသားတစ်ဦးအတွက် ရခိုင်သမိုင်း၊ အနုပညာ၊ ဗုဒ္ဓဘာသာနှင့် မြောက်ဦးယဉ်ကျေးမှုကို စတင်မိတ်ဆက်ပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်စာအုပ်များထဲမှ တစ်အုပ်ဟု ဆိုနိုင်
ပါသည်။

-စာရေသူသည် ဩစတြေးလျားနိုင်ငံသူဖြစ်ပြီး၊ ရခိုင်ရှေးဟောင်းသုတေသန၊ ယဉ်ကျေးမှုနဲ့ မြောက်ဦးနိုင်ငံအကြောင်း၊ ရခိုင်သမိုင်းကို နိုင်ငံတကာနှင့် မိတ်
ဆက်ပေးခဲ့သော နိုင်ငံခြားသား ရခိုင်သမိုင်းသုတေသနပညာရှင်အဖြစ် လေးစားသတ်မှတ်ခံရသူ ဖြစ်သည်။

-၁၉၇၆ ခုနှစ်မှာ Australian National University မှ
“Ancient Arakan with Special Reference to its Cultural History Between the 5th and 11th Centuries” သုတေသနကျမ်းဖြင့် Ph.D. ပါရဂူဘွဲ့ ရရှိခဲ့သည်။

-* (ရှေးဟောင်းအာရကန်-အေဒီ ၅ ရာစုမှ ၁၁ ရာစုအတွင်း ရခိုင်၏ ယဉ်ကျေးမှု) ပါရဂူဘွဲ့ သုတေသနကျမ်းသည် ရှေးဟောင်းရခိုင်ယဉ်ကျေးမှုကို အထူးပြုလေ့လာထားတဲ့ အရေးပါဆုံး သုတေသနကျမ်းများထဲမှ တစ်ခုအဖြစ် ယနေ့တိုင် အသိအမှတ်ပြုခံထားရပါတယ်။

-ထို့နောက် “Burma’s Lost Kingdoms: Splendours of Arakan” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီးရခိုင်သမိုင်း၊ အနုပညာနဲ့ ယဉ်ကျေးမှုကို နိုင်ငံတကာ စာဖတ်ပရိသတ်ထံ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။

-Pamela Gutman သည် ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် ကွယ်လွန်ခဲ့ပါသည်။

-သူမ၏ သုတေသနလက်ရာများသည် ရခိုင်သမိုင်းကို
လေ့လာသူများအတွက် ယနေ့တိုင်
တန်ဖိုးရှိသော အမွေအနှစ်များ အဖြစ် ဆက်လက်
တည်ရှိနေဆဲ ဖြစ်ပါသည်။

05/08/2026

မြောက်ဦး ရှေးဟောင်း သျှစ်သောင်းပုထိုးထဲက မင်းဗာဘုရင်ကျောက်ဆစ်ရုပ်တု ၏ လျှို့ဝှက်ချက်

ကြားပြီး ပြီလား မနေ့က(3/8/26) ဖြစ်သွားတာ🥰-အဲငှက်တွေ များများမွေးပြီး စစ်တပ်လေယဉ်ကွင်း နားတွေမှာ လွှတ်ထားရင် ကောင်းမယ်။😁😁...
04/08/2026

ကြားပြီး ပြီလား မနေ့က(3/8/26) ဖြစ်သွားတာ🥰
-အဲငှက်တွေ များများမွေးပြီး စစ်တပ်လေယဉ်ကွင်း
နားတွေမှာ လွှတ်ထားရင် ကောင်းမယ်။😁😁😁

ကျေးဇူးပါ ကိုရွှေငှက်……💖💖💖

Address

Kyaukpyu

Website

Alerts

Be the first to know and let us send you an email when Arakan Memories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share