Myeik Wa TV

Myeik Wa  TV သာလီစွပါ

"မြေအောက် ပေ ၅၀၀ အနက်က အီရန်ရဲ့ လျှို့ဝှက်မြို့တော် - Mizar City"ဒီနေရာဟာ အီရန်နိုင်ငံက သူတို့ရဲ့ လက်နက်တွေကို ဖျက်ဆီးမှ...
18/03/2026

"မြေအောက် ပေ ၅၀၀ အနက်က အီရန်ရဲ့ လျှို့ဝှက်မြို့တော် - Mizar City"

ဒီနေရာဟာ အီရန်နိုင်ငံက သူတို့ရဲ့ လက်နက်တွေကို ဖျက်ဆီးမှုကနေ ကာကွယ်ပြီး သိမ်းဆည်းထားရန်အတွက် တည်ဆောက်ထားတဲ့ ကျယ်ပြန့်လှတဲ့ မြေအောက် ဘန်ကာကွန်ယက်ကြီးတစ်ခု ဖြစ်ပါတယ်။
ဒီဘန်ကာတွေကို ဆောက်လုပ်ဖို့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး တောင်တန်းများအောက်တွင် အလွန်နက်ရှိုင်းတဲ့ tunnel network များအဖြစ် တည်ဆောက်ထားပါတယ်။ သို့သော် ယခုအချိန်တွင် ဒီတည်ဆောက်မှုဟာ အီရန်အစိုးရအတွက် မမျှော်လင့်ထားတဲ့ အားနည်းချက်တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းချက်များ ထွက်ပေါ်နေပါတယ်။
အမေရိကန်နှင့် အစ္စရေးတို့၏ စစ်လေယာဉ်များနှင့် လက်နက်တပ်ထားသော ဒရုန်းများက ဒီမြေအောက်စခန်းများ၏ ဝင်ပေါက်များကို အမြဲတမ်း စောင့်ကြည့်နေကြပြီး မစ္စိုင်ပစ်ခတ်ရန် launcher များ အပြင်ထွက်လာသည့်အချိန်တိုင်း တိုက်ခိုက်နေကြသည်ဟု ဆိုကြသည်။
ထို့အပြင် ဗုံးကြဲလေယာဉ်အုပ်စုများကလည်း စခန်းဝင်ပေါက်များကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး အချို့နေရာများတွင် ဝင်ပေါက်များ ပြိုကျသွားခြင်းကြောင့် လက်နက်များ မြေအောက်ထဲတွင် ပိတ်မိနေပြီး အသုံးမပြုနိုင်တော့သော အခြေအနေများ ဖြစ်ပေါ်နေသည်ဟု သုံးသပ်သူများက ပြောကြသည်။
Satellite ပုံများအရ အီရန်နိုင်ငံ မြောက်အနောက်ဘက်တွင်ရှိသော Tabriz မစ္စိုင်စခန်းတွင် tunnel ဝင်ပေါက်များ အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီးနောက် ပြိုကျသွားသည့် အထင်အရှားများ တွေ့ရှိရသည်။
ထို့အပြင် U.S. Central Command ကလည်း စစ်ပွဲအစပိုင်းရက်များနှင့် နှိုင်းယှဉ်ပါက အီရန်ဘက်မှ ပြန်လည်ပစ်ခတ်မှု သိသိသာသာ လျော့နည်းလာကြောင်း ထုတ်ပြန်ထားသည်။
“Mizar City” ဟုခေါ်သော မြေအောက်စနစ်များကို အများအားဖြင့် Islamic Revolutionary Guard Corps (IRGC) က ထိန်းချုပ်ပြီး မစ္စိုင်များကို လုံခြုံစွာ သိမ်းဆည်းရန်နှင့် လေကြောင်းတိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။
ဒီလို “Missile City” များတွင် မစ္စိုင်သိုလှောင်ခန်းများ၊ transporter-erector-launcher (TEL) ယာဉ်များ၊ လောင်စာသိုလှောင်နေရာများ၊ command & control အခန်းများ၊ လေဝင်လေထွက်စနစ်များနှင့် ဝင်ပေါက်များစွာ ပါဝင်တတ်သည်။
စစ်ရေးဗျူဟာအရ မြေအောက်ဘန်ကာများကို တိုက်ခိုက်ရာတွင် အတွင်းပိုင်းကို တိုက်ခိုက်ရန် ခက်ခဲသောကြောင့် ဝင်ပေါက်များကို ပစ်မှတ်ထားတတ်ကြသည်။ ဝင်ပေါက်များ ပြိုကျသွားပါက မစ္စိုင် launcher များ အပြင်ထွက်မရတော့ဘဲ လက်နက်များ မြေအောက်ထဲတွင် ပိတ်မိနေတတ်သည်။ ဒီနည်းဗျူဟာကို စစ်ရေးတွင် “deny access” tactic ဟု ခေါ်ကြသည်။

#အီရန်မြေအောက်ဘန်ကာ
#လျှို့ဝှက်မြို့တော်
#ဗဟုသုတ
#စစ်ရေးသတင်း
#ကမ္ဘာ့ထူးဆန်းဖွယ်ရာများ

ကျောက်ဖြူမှာ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ပြိုကွဲရုံသာမက အထိုင်ကုန်းစခန်းတစ်ခုပါ အသိမ်း...
18/03/2026

ကျောက်ဖြူမှာ AA ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ပြိုကွဲရုံသာမက အထိုင်ကုန်းစခန်းတစ်ခုပါ အသိမ်းခံရ

ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်း တစ်ခုဟာ ထပ်မံ အထိနာခဲ့ရတဲ့အပြင် သူတို့ရဲ့ အထိုင်စခန်းတစ်ခုပါ ထပ်မံဆုံးရှုံးလိုက်ရတယ်လို့ သတင်းရရှိပါတယ်။

ဒီလ ၁၆ ရက်နေ့က အင်အား ၇၀ ခန့်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်း တစ်ခုဟာ မင်းပြင်နဲ့ သိုင်းချောင်းကြားကနေ အာရက္ခတပ်တော်ထိန်းချုပ်တဲ့နေရာတစ်ခုကို ထိုးစစ်ဆင်လာခဲ့တယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောပါတယ်။

ဒီစစ်ကြောင်းကို အာရက္ခစစ်သည်တော်တွေက လက်ဦးမှုရယူကာ ချေမူန်းတိုက်ခိုက်လိုက်တဲ့အတွက် သေဆုံးသူတွေ၊ ဖမ်းဆီးခံရသူတွေနဲ့ စစ်ကြောင်း ပြိုကွဲကာ နောက်ဆုတ်သွားခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

" ဒီလ ၁၆ ရက် ညနေဖက် ထိုးစစ်ဆင်လာတာပါ။ အင်အား ၇၀ ဝန်းကျင်လောက်ပါတယ်လို့ ခန့်မှန်းရတယ်။ တပ်တော်က သေချာ နေရာယူပြီး လက်ဦးမှုယူ တိုက်ခိုက်တော့ အဲဒီစစ်ကြောင်း အကျဆုံးများပြီး ပြိုကွဲထွက်ပြေးသွားကြတယ်။ တချို့လည်း အဖမ်းခံထိတယ်"လို့ နိရဉ္စရာကို ပြောပါတယ်။

ဒီပြိုကွဲသွားတဲ့ စစ်ကြောင်းကို လိုက်လံရှင်းလင်းရင်းနဲ့ စစ်ကော်မရှင် ခြေကုတ်ယူထားတဲ့ အထိုင်စခန်းတစ်ခုကိုပါ ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီစစ်ကြောင်း ကျသွားပြီး အနီးအနားမှာ ခြေကုတ်ယူထားတဲ့ ကာကင်းကုန်း စခန်းတစ်ခုပါ တချိန်တည်း ထပ်မံသိမ်းဆည်းရမိပါတယ်။ ဒီပွဲကတော့ တပ်တော်အတွက် ထိထိမိမိ အသာစီးရတဲ့ ပွဲပါ။ ပွဲက တော်တော်လှပါတယ်"လို့ သူက ပြောဆိုပါတယ်။

အခု ပြိုကွဲပျက်စီးသွားတဲ့ စစ်ကြောင်းဟာ တပ်မ (၁၁ )ကို အပြောင်းရွှေ့လုပ်ပြီး အဲဒီနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ စစ်ရှုံး တောင်ကုတ် စကခ( ၅) က ကျန်ရစ်တဲ့ စစ်သားတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံးပွဲဦးထွက် တိုက်ပွဲမှာ AA ဆီမှာ ချေမှုန်းခံလိုက်ရပြီး မရှုမလှ တပ်ပျက်ကာ ထွက်ပြေး နောက်ဆုတ် သွားခဲ့ရတယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

ရှမ်းမြောက် နမ့်ဖတ်ကာမြို့ အဝင်အထွက် ပြည်ထောင်စုလမ်းမပေါ်ရှိ KIA ဂိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ MNDAA ဖိအားပေးလာတာရှိတယ်...
18/03/2026

ရှမ်းမြောက် နမ့်ဖတ်ကာမြို့ အဝင်အထွက် ပြည်ထောင်စုလမ်းမပေါ်ရှိ KIA ဂိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ MNDAA ဖိအားပေးလာတာရှိတယ်လို့ KIA နဲ့နီးစပ်သူတွေက ပြောဆိုပါတယ်။

မတ်လ ၁၆ ရက်နေ့ နေ့လည်လောက်ကစပြီး KIO ထိန်းချူပ်ထားတဲ့ နမ့်ဖတ်ကာမြို့ လမ်းမတစ်ကြောရှိ ဂိတ်စခန်းတွေကို ဖယ်ပေးဖို့ ကိုးကန့်တပ် MNDAA က ဖိအားပေးလာတာလို့ သိရပါတယ်။

“ကိုးကန့်နဲ့စစ်တပ်တွေ့ဆုံပြီးနောက်မနေ့က KIA ဂိတ်တွေ ရုပ်သိမ်းဖို့ MNDAA က ခြိမ်းခြောက် သတိပေးလာတာရှိတယ်။ စစ်တပ်နဲ့ တရုတ်အစိုးရ နှစ်ဖက်လုံးက ကိုးကန့် MNDAA ကို အသုံးချနေပြီ။ ပြည်ထောင်စုလမ်းမမှာရှိတဲ့ TNLA နဲ့ KIA ကို ဖိအားပေး ဖယ်ရှားခိုင်းနေတာ တရုတ်အစိုးရနဲ့ စစ်ကောင်စီတပ်ပဲဖြစ်တယ်” လို့ ရှမ်းမြောက်ဒေသခံ KIA နဲ့ နီးစပ်သူက ပြောဆိုပါတယ်။

သာယာလှပ စိမ်းမြမြ 😍
18/03/2026

သာယာလှပ စိမ်းမြမြ 😍

Address

Kyauktaw
RAKHINESTATE

Telephone

+959441639156

Website

Alerts

Be the first to know and let us send you an email when Myeik Wa TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myeik Wa TV:

Shortcuts

Share