Myeik Wa TV

Myeik Wa  TV သာလီစွပါ

11/07/2025

မိုးကုတ်ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၍ ကလေး ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရ

DMG ၊ ဇူလိုင် ၁၀

မိုးကုတ်မြို့၊ ပန်မထိပ်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲခဲ့သဖြင့် ကလေး နှစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၈ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု တအာင်းတပ် (TNLA) က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ ၊ ည ၈ နာရီကျော်တွင် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲသွားခြင်းဖြစ်ပြီး ထိုဖြစ်စဉ်အတွင်း ကလေးငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ကလေးငယ် (၂) ဦး၊ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၄) ဦးတို့ ဒဏ်ရာရရှိသွားခြင်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

TNLA ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်ကလည်း မိုးကုတ်မြို့နှင့် ကျောက်မဲမြို့နယ်တို့ကို စစ်ကောင်စီက တစ်ပြိုင်နက်တည်း ဗုံးကြဲမှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိသွားသည်။

စစ်ကောင်စီက TNLA နယ်မြေအတွင်း စစ်အင်အားဖြည့်ခြင်း၊ ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းပြုလုပ်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေထိုင်များကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေကြောင်း TNLA က ပြောဆိုထားသည်။

ပုံစာ - မိုးကုတ်မြို့နယ်၊ ပန်မထိပ်ရွာကို စစ်ကောင်စီဗုံးကြဲမှုမြင်ကွင်း။ ဓာတ်ပုံ - TNLA

#မိုးကုတ် #စစ်ကောင်စီ #ဗုံးကြဲ #အရပ်သားထိခိုက်မှု

~~~~~~~~~~~~~~~~~~~~~~
● လွတ်လပ်သော သတင်းရေးသားမှုအတွက် အားဖြည့်ကူညီပါ
https://www.dmgburmese.com/donate/

~~~~~~~~~~~~~~~~~~~~~~
DMG သတင်းများကို ကြည့်ရှုရန် >>>
Facebook - https://www.facebook.com/dmgnewsagency/
Website - www.dmgburmese.com/
Youtube - https://www.youtube.com/
Telegram - t.me/dmgarakannews
Soundcloud - https://soundcloud.com/dmgonlineradio
X(twitter) - https://x.com/DMGNewsAgency

11/07/2025

ရေကြီးနေသည့် ရခိုင်ပြည်နယ် ဒေသတချို့ ရေပြန်ကျ၊ စားနပ်ရိက္ခာ အကူအညီလိုအပ်

ရောင်နီ

မဇ္ဈိမ။ ။မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများဖြစ်နေသည့် ရခိုင်ပြည်နယ်ဒေသတချို့တွင် ယနေ့(ဇူလိုင် ၁၀ ရက်) ရေအနည်းငယ်ပြန်ကျနေပြီး ရေဘေးသင့်ဒေသများတွင် စားရပ်ရိက္ခာ အရေးပေါ်အကူအညီလိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရခိုင်ပြည်နယ်အနှံ့အပြားတွင် ဇွန်လ ၃၀ ရက်နေ့ကစ၍ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ အနိမ့်ပိုင်းနေရာများတွင် ဇူလိုင်လ ၈ ရက်နေ့မှစ၍ ရေကြီးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ ရခိုင်မှာရေကြီးနေတာက မိုးရွာသွန်းမှုကြောင့် ဖြစ်တာ။ မိုးရွာတာ ဆယ်ရက်ကျော်ပြီ၊ ဒီနေ့တော့ ကျောက်တော်မြို့ မဟာမုနိဘက် ပတ်ဝန်းကျင်မှာတော့ ရေနည်းနည်းပြန်ကျသွားပြီလို့ သိရတယ်။” ဟု ပရဟိတလုပ်ငန်းများဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

ယနေ့ မွန်းလွဲပိုင်းအထိ ရခိုင်ပြည်နယ်တွင် မိုးရွာသွန်းမှုရှိနေဆဲဖြစ်သော်လည်း မိုးနည်းလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ရေကြီးရေလျှံမှု ကြုံတွေ့နေသည့်နေရာများမှာ မင်းပြားမြို့နယ်မှ ကျေးရွာ ၁၄ ရွာ ၊ ကျောက်တော်မြို့နယ်မှ ကျေးရွာ ၁၀ ရွာနှင့် မောင်တောမြို့နယ်မှ ကျေးရွာ ၁၀ ရွာတို့ ဖြစ်သည်။

မိုးတွင်းကာလရောက်တိုင်း ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်လေ့ရှိသော်လည်း ယခုနှစ်တွင် မောင်တောမြို့၌ပါ ရေကြီးမှုကြုံတွေ့လာရကြောင်း ဒေသခံများက ပြောသည်။

ရေကြီးနေသည့် ဒေသများရှိ ပြည်သူများသည် သွားရေးလာရေး အခက်အခဲနှင့် ကြုံတွေ့နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“ မောင်တောဘက်မှာဆို ရေကြီးလို့ သွားရေးလာရေး ပြတ်တောက်ပြီး စားဝတ်နေရေးအခက်အခဲရှိနေတယ်။ ကူညီကယ်ဆယ်ရေးကို စောင့်ကြည့်နေတယ်၊ ဒီဘက်မှာ စစ်ဘေးရှောင်တွေနဲ့ လုံးနေတော့ အခုဖြစ်တာက စစ်ဘေးရှောင်တွေထက် ဒေသခံတွေများတော့ ကူညီကယ်ဆယ်ရေးမှာ လုပ်ရကိုင်ရ နည်းနည်းခက်တော့ အခြေအနေကို စောင့်ကြည့်နေပါတယ်” ဟု ကိုဝေဟင်အောင်က ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေမှုကြောင့် မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှုများရှိနိုင်ပြီး ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ငါးခုတွင် နောက်နှစ်ရက်အတွင်း မိုးပိုနိုင်ကြောင်း စစ်ကောင်စီမိုးဇလဌာနက ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းနေမှုသည် ဆယ်စုနှစ်တခုအတွင်း စံချိန်တင်ရွာသွန်းမှုဖြစ်ကြောင်း ဒေသအခြေစိုက် သတင်းဌာနများက ဖော်ပြကြပြီး မိုးကြီးမှုနောက်ဆက်တွဲ မြစ်ရေမြင့်တက်မှုများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာတွင် ဇူလိုင်လ ၈ ရက်နေ့တွင်ရေကြီးမှုဖြစ်ပွားနေစဉ်။ ရခိုင်ပြည်နယ်အနှံ့အပြားတွင် ဇွန်လ ၃၀ ရက်နေ့ကစ၍ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ အနိမ့်ပိုင်းနေရာများတွင် ဇူလိုင်လ ၈ ရက်နေ့မှစ၍ ရေကြီးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ (Zahid Husson)

#စစ်ကောင်စီ
#မိုးဇလဌာန
#ရခိုင်ပြည်နယ်
#ရေကြီးမှု

#မဇ္ဈိမသတင်းဌာန

11/07/2025

“ AA ခေါင်းဆောင်တွေဟာ မျိုးဆက်သစ်တွေဖြစ်သလို၊ ကျန်လူငယ်လက်နက်ကိုင်အဖွဲ့တွေကို သင်တန်းပေး၊ လက်နက်ပေး၊ စံနမူနာပေး စည်းရုံးအားယူနိုင်စွမ်းရှိတဲ့ အစ်ကိုကြီး-ညီလေးဆက်ဆံရေးနဲ့ ‘အပြောနည်းနည်း၊ အလုပ်များများ’ လက်နက်ကိုင် မဟာမိတ်ကွန်ရက်အကြီးဆုံး တည်ဆောက်ထားနိုင်တဲ့ တခုတည်းသော EAO လည်း ဖြစ်ပါတယ် ” ဟု ISP Myanmar ၏ အစီရင်ခံစာက ဆိုသည်။

အပြည့်အစုံဖတ်ရန် > https://www.dmgburmese.com/သတင်း/ttakk.html

#နွေဉီးတော်လှန်ရေး #လက်နက်ကိုင်တပ်ဖွဲ့ #စစ်ရေးအကူညီ

~~~~~~~~~~~~~~~~~~~~~~
● လွတ်လပ်သော သတင်းရေးသားမှုအတွက် အားဖြည့်ကူညီပါ
https://www.dmgburmese.com/donate/

~~~~~~~~~~~~~~~~~~~~~~
DMG သတင်းများကို ကြည့်ရှုရန် >>>
Facebook - https://www.facebook.com/dmgnewsagency/
Website - www.dmgburmese.com/
Youtube - https://www.youtube.com/
Telegram - t.me/dmgarakannews
Soundcloud - https://soundcloud.com/dmgonlineradio
X(twitter) - https://x.com/DMGNewsAgency

ချင်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲပြင်းထန်ခလို့ဒေသခံတိ အိန္ဒိယနိုင်ငံဖက် ထွက်ပြီးလားချင်းပြည်နယ်ရိခေါ်ဒါရ်မြို့မာ ချင်းလက...
09/07/2025

ချင်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲပြင်းထန်ခလို့ဒေသခံတိ အိန္ဒိယနိုင်ငံဖက် ထွက်ပြီးလား

ချင်းပြည်နယ်ရိခေါ်ဒါရ်မြို့မာ ချင်းလက်နက်ကိုင်နှစ်ဖွဲ့ က တိုက်ပွဲပြင်းထန်‌ရေအတွက် ဒေသခံတိ အိန္ဒိယနိုင်ငံဖက် ထွက်ပြီးနိန်ရရေလို့ ဒေသခံ စစ်ရီးသတင်း အရင်းအမြစ်ကသိရပါရေ။

ချင်းကာကွယ်ရေးတပ် (CDF Hualngo) နဲ့ CNO/CNDF တို့အကြား တိုက်ပွဲပြင်းထန်ခလို့ ရာနဲ့ချီသခံတိ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ထွက်ပြီးထွက်ပြီးလာစာလို့ အိန္ဒိယသတင်းတစ်ချို့ကလည်းဖော်ပြကပ်ပါရေ။

28/03/2025
လူတိလည်း ကောင်းယုတ်ကပ်ယာဂုတလော
27/01/2025

လူတိလည်း ကောင်းယုတ်ကပ်ယာဂုတလော

■ မြောက်ဦးတွင် HIV ပိုးရှိသည်ဟုဆိုကာ သားမိ ၂ ဦး ရွာပြင်ထုတ်ခံရ

Western News| ဇန်နဝါရီ ၂၅

ရခိုင်ပြည် မြောက်ဦးမြို့နယ်က သားမိနှစ်ဦးကို HIV ပိုးရှိသည်ဟုဆိုကာ ကျေးရွာသားများက ကျေးရွာအတွင်း နေထိုင်းခြင်း လုံးဝခွင့်မပြုဘဲ ကျေးရွာသားများမှ ရွာပြင်ထုတ်ထားကြောင်း Western News မှ စုံစမ်း သိရှိရသည်။

HIV ပိုး ကူးစက်ခံထားရသည်ဟုဆိုကာ ရွာအပြင်ထုတ်ခံထားရသည့် သားမိနှစ်ဦးကို Western News သတင်းဌာနက မေးမြန်းခွင့် ရရှိခဲ့ပြီး သားမိနှစ်ဦး၏ ကျန်းမာရေးအခြေအနေကိုလည်း သိရှိခွင့် ရရှိခဲ့သည်။

သားမိနှစ်ဦးစလုံးမှာ ရွာပြင်သို့ နှင်ထုတ်ခံထားရသည်မှာ သီတင်းတစ်ပတ်ခန့်ကြာ ရှိပြီဖြစ်ပြီး ရွာသားများက HIV ပိုးကူးခံရမည်စိုး၍ နှင်ထုတ်ထားကြခြင်းဖြစ်သည်ဟု ရွာအပြင်သို့ ထုတ်ခံရသူ ကာယကံရှင် အမျိုးသမီးက ပြောသည်။

"ကျမ ယောင်္ကျားမှာက HIV ရှိတယ်။ သူ့မှာ ဒီပိုးရှိတာ သူသေမှ ကျမသိတာ။ သူသေတော့ ရွာကလူတွေက ကျမတို့မှာလည်းရှိမှာပဲဆိုပြီး သူတို့ ကူးစက်ခံရမှာကြောက်တယ်ဆိုပြီး ရွာပြင်ထုတ်လိုက်ကြတာပါ။ ရွာပြင်မှာ ညဆို ကြောက်ကြောက်လန့်လန့်နဲ့နေနေရတယ်။ တစ်နေ့မှ အိပ်မပျော်ဘူး" ဟု ပြောသည်။

HIV ပိုးရှိသည်ဟုဆိုကာ ရွာပြင်ထုတ်ခံထားရသူ အဆိုပါအမျိုးသမီးမှာ မြောက်ဦးမြို့နယ် ရွာသစ်ကေ ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက် ၃၃ နှစ်ရှိပြီဖြစ်ကာ လက်ရှိ ၈ နှစ်အရွယ် သားဖြစ်သူနှင့်အတူ ရွာပြင် နှင်ထုတ်ခံထားရခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ ပြီးခဲ့သည့် နှစ်ပတ်ခန့်တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီး တစ်ပတ်အကြာတွင် သားဖြစ်သူနှင့် အတူ ရွာပြင် နှင်ထုတ်ခံထားရခြင်းဖြစ်ကြောင်း ယင်းအမျိုးသမီးက ပြောသည်။

ထို့အပြင် မိခင်နှင့်အတူ ရွာပြင်နှင်ထုတ်ခံထားရသည့် အသက် ၈ နှစ်အရွယ် ကလေးငယ်မှာလည်း ရွာထဲ မဝင်ရ၍ စာလည်းမသင်ကြားနိုင်ဘဲ ညညတွင် ကြောက်ကြောက်လန့်လန့်ဖြင့် အိပ်နေကြရကြောင်း သားဖြစ်သူက ပြောသည်။

အဆိုပါကျေးရွာသားများမှ HIV ပိုးမှာ လေမှတစ်ဆင့်ကူးစက်ခြင်း အတူထိုင်လျှင်ကူးစက်နိုင်ခြင်း ပိုးရှိသူအနီးနားတွင်ရှိလျှင် ကူးစက်ခြင်း စသည့် ထင်မြင်ချက်များရှိနေသည်ဟုဆိုကာ အဆိုပါ သားအမိအား ရွာပြင်ထုတ်ထားခြင်းဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

ရွာပြင်ထုတ်ခံရသူ သားအမိနှစ်ဦးအပြင် ၎င်းတို့ လင်မယားနှင့် ဆွေမျိုးတော်သူစပ်သည့် မိသားစုဝင်များကိုလည်း ရွာသားများက အဆက်ဆံမလုပ်ခြင်း၊ အိမ်ထဲသို့ ပေးမဝင်ခြင်းတို့လည်း ရှိနေသည်ဟု ရွာပြင်နှင်ထုတ်ခံထားရသည့် သားမိ၏ မိသားစုဝင်များက ပြောသည်။

မိသားစုဝင်တစ်ဦးက "ကျမတို့ကိုလည်း ရွာသားတွေက ရွာထဲကိုမဝင်နဲ့လို့ပြောကြတယ်။ သူတို့အိမ်တွေကိုလည်းမဝင်ရဘူး။ ဆိုင်မှာ တစ်ခုခုသွားဝယ်ရင်လည်း အဝေးကပဲနေဆိုပြီး ဝယ်ထဲက ပစ္စည်းကို ပစ်ပြီးပေးတယ်။ ကျန်းမာရေးအရ ဆေးခန်းသွားပြမယ်ဆိုရင်လည်း ကယ်ရီငှားလို့ ဘယ်သူမှ မလိုက်ကြဘူး" ဟု ဆိုသည်။

လက်ရှိ HIV ပိုးရှိသည်ဟု ယူဆခံထားရသည့် အဆိုပါသားအမိနှစ်ဦးမှာ ရောဂါပိုး ရှိ၊ မရှိ ဆိုသည်ကိုလည်း စစ်ဆေးနိုင်ခြင်းလည်း မရှိသေးကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါ သားမိနှစ်ဦးမှာလည်း ကျန်းမာရေး ဆိုးရွားသည့် လက္ခဏာပေါ်ပေါက်ခြင်းမရှိဘဲ အနည်းငယ်သာ ကျန်းမာရေးချို့တဲ့မှုနှင့် အာဟာရချို့တဲ့မှုသာ ရှိနိုင်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက Western News ကို မှတ်ချက်ပေးသည်။

HIV ပိုးက လက်ခံသူ လူ့ခန္ဓာကိုယ်ပြင်ပတွင် ကြာကြာအသက်မရှင်နိုင်ခြင်း မပွားများနိုင်ခြင်းကြောင့် ၎င်းကို လေ၊ ရေ၊ ခြင်၊ အင်းဆက်များမှတစ်ဆင့် ကူးစက်ရရှိနိုင်ခြင်း မဟုတ်သလို လက်ဆွဲနှုတ်ဆက်ခြင်း၊ ပါးပြင်ကိုနမ်းခြင်း၊ ခွက်တစ်ခွက်တည်းအတူသောက်ခြင်း မကူးစက်နိုင်ကြောင်း သိရသည်။

HIV ပိုးရှိသူနှင့် အတူ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်း၊ မူးယစ်ဆေးထိုးသွင်းရာမှာသုံးသော ပစ္စည်းများအတူသုံး ခြင်းတို့ကနေလည်း HIV ကူးစက်ရရှိနိုင်နိုင်ပြီး HIV ပိုးက ပတ်ဝန်းကျင်အနေအထားကိုမူတည်ပြီး ဆေးထိုးအပ်ထဲတွင် ၄၂ ရက်အထိ အသက်ရှင်နေနိုင်ကြောင်း သိရသည်။

အများအားဖြင့် HIV ပိုးရှိသူတစ်ဦးနှင့် ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံသူများ မှာ HIV ကူးစက်ခံရပြီး စအိုမှ လိင်ဆက်ဆံခြင်းနှင့် လိင်အင်္ဂါမှ လိင်ဆက်ဆံခြင်းတို့သည် အန္တရာယ်အများဆုံးလိင်မှုရေးရာ လှုပ်ရှားဆက်ဆံမှုဟု ယူဆရကြောင်း သိရသည်။

ပုံစာ - HIV ရောဂါပိုးရှိသည်ဟု သံသယဖြင့် ရွာပြင်သို့ နှင်ထုတ်ခံထားရသော သားမိနှစ်ဦးအား ရွာပြင်ရှိလယ်ကွင်းတဲတစ်ခု၌ တွေ့ရစဉ်။

#မြောက်ဦး #ရွာသစ်ကေ #သားမိနှစ်ဦး #ရွာပြင်နှင်ထုတ်ခံရ

YouTube: https://youtu.be/okvirJRfyPE
Website: https://westernnewsmm.com/news/9083/
YouTube Post: https://pse.is/63n2hc
TikTok: https://www.tiktok.com/
Instagram: https://www.instagram.com/thewestern_news/
X: https://x.com/Western__News

27/01/2025

စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ စစ်ကောင်စီကို အကြံပြုခဲ့တာမရှိဘူးလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ငြင်းဆိုလိုက်ပါတယ်။

“အခုကိစ္စဟာ ကျနော်တို့ သဘောတူညီခဲ့တဲ့ ၄၃ ချက်ထဲမှာလည်းမပါဘူး။ နောက်တခုက အလုပ်အဖွဲ့ကိုယ်စားပြုပြီးတော့ ပြောဆိုခဲ့ခြင်းလည်းမရှိပါဘူး။”
#စစ်မှုထမ်းအရေအတွက် #ဦးကိုကိုကြီး #ပြည်သူ့ပါတီ #စစ်ကောင်စီ
အပြည့်အစုံ ကွန်မန့်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မင်းတပ်နှင့်ကန်ပက်လက်မြို့ကို AA ၏ မဟာမိတ်ချင်းညီနောင်အဖွဲ့ ထိန်းချုပ်--------------------------ပလက်ဝမြို့မှ အပ ချင်းပြည...
23/12/2024

မင်းတပ်နှင့်ကန်ပက်လက်မြို့ကို AA ၏ မဟာမိတ်ချင်းညီနောင်အဖွဲ့ ထိန်းချုပ်
--------------------------
ပလက်ဝမြို့မှ အပ ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို စစ်ကောင်စီတပ် လက်လွှတ်လိုက်ရသဖြင့် ဒေသတွင်းတော်လှန်ရေး အင်အားစုက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

ချင်းတောင်ဘက်အစွန်ဆုံး ပလက်ဝကိုမူ AA က ထိန်းချုပ်ထားပြီး ပလက်ဝအထက်ပိုင်း ချင်းတောင်ပိုင်း မြို့များဖြစ်သော ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စသော ၄ မြို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားသည်။

ပလက်ဝ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆၀ ကျော်ကို အရှင်ဖမ်းမိခဲ့သည်၊ တိုက်ပွဲအပြီး နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ သည်ဟု သိရသည်။

ကန်ပက်လက်မြို့မှာမူ မြို့သိမ်းတိုက်ပွဲကြေညာအပြီး ထိတွေ့မှုအနည်းငယ် ဖြစ်ကာ စစ်သားနှင့်ရဲ ၁၀၀ နီးပါးက ကပ်လျက် မကွေးတိုင်းထဲ ဆုတ်ခွာသွားသဖြင့် ၂၄ နာရီမပြည့်မီ မြို့ကိုသိမ်းနိုင်ခဲ့သည်။

ချင်းပြည်နယ်တော်လှန်ရေးတွင် AA ၏ မဟာမိတ်များ ဖြစ်သော ချင်းညီနောင်အဖွဲ့ တော်လှန်ရေးအင်အား စုများနှင့် CNF/CNA ဦးဆောင်သော တော်လှန်ရေးအင်အားစုများ ဦးဆောင်လှုပ်ရှားနေကြသည်။

ဂွမြို့ ခမရ-၅၆၂ တပ်ရင်း အတွင်းပိုင်းအထိ AA ဝင်တိုက်~~~■ ရခိုင်ပြည်နယ်၊ တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်မှာ နောက်ဆုံးကျန်နေတဲ...
23/12/2024

ဂွမြို့ ခမရ-၅၆၂ တပ်ရင်း အတွင်းပိုင်းအထိ AA ဝင်တိုက်
~~~
■ ရခိုင်ပြည်နယ်၊ တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခမရ-၅၆၂ တပ်ရင်းအတွင်းပိုင်းထိ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။


“နေဗီ (ရေတပ်) နဲ့ လေကြောင်းကတော့ အပြင်းအထန်ပစ်နေတာ၊ သင်္ဘောတွေက နေရာအတည်တကျမဟုတ်ဘူး၊ ပစ်လိုက် မောင်းပြေးလိုက် အဲ့ဒီလိုပဲ။ ကမ်းခြေအနား မကပ်နိုင်ဘူး”

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကတော့ ဂွမြို့နယ်ထဲမှာရှိတဲ့ ရခိုင်ရိုးမတောင်ပေါ်ကို တဖြည်းဖြည်း ဆုတ်ခွာနေပြီး အင်အားပြန်စုနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ဝတိမ်မှာ အဲဒီမှာလည်း တိုက်ပွဲဖြစ်နေတယ်။ ဝတိမ်က ကြားစခန်း ၅၆၂ နဲ့ ဒေါင့်ချောင်းကြားမှာ ရှိတယ်”

ဂွမြို့ပေါ်က နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့တာတွေရှိနေပြီး ရခိုင်ရိုးမပေါ်ကနေ ဧရာ၀တီတိုင်းဘက်ကို တစ်ဆင့်ချင်း ဆုတ်ခွာနေတဲ့ စစ်ကောင်စီတပ်ကို လိုက်လံတိုက်ခိုက်နေတယ်လို့ AA က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဓါတ်ပုံများ AA ထုတ်ပြန်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က သိမ်းပိုက်ရရှိ...
22/12/2024

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဓါတ်ပုံများ AA ထုတ်ပြန်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က သိမ်းပိုက်ရရှိခဲ့သော တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်းမှ ဓါတ်ပုံများအား အာရက္ခတပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်လာသည်။

တောင်ကုတ်မြို့ထဲက အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Myeik Wa TV
22/12/2024

စစ်တွေက စစ်ကောင်စီမိသားစု ၉၀ စုရေကြောင်းမှထွက်ခွာမဇ္ဈိမ။ ။   ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင် အိမ်ထောင်...
21/12/2024

စစ်တွေက စစ်ကောင်စီမိသားစု ၉၀ စုရေကြောင်းမှထွက်ခွာ

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင် အိမ်ထောင်စု ၉၀ စုမှ လူဦးရေ ၃၀၀ ဝန်းကျင်မှာ ရွှေမင်းဂံရေတပ်ဆိပ်ကမ်းမှတဆင့် ဇက်သင်္ဘောများဖြင့် ယမန်နေ့(ဒီဇင်ဘာလ ၂၀ ရက်) ညပိုင်းက ပြောင်းရွှေ့သွားကြောင်း စစ်တွေဒေသခံထံက သိရသည်။

"စစ်သားတွေတော့မပါဘူး သူတို့တပ်မိသားစုတွေ ဇက်သင်္ဘောနဲ့ချပြီး ကျောက်ဖြူဘက်ကို သွားတယ်။ မနေ့ညက နောက်ဆုံးပြောင်းတာ။သူတို့ဆင်းသွားတာမြင်နေရတာပေါ့။ သူတို့ကတော့ တိတ်တဆိတ် ပြောင်းနေကြတာပေါ့"ဟု စစ်တွေမြို့သတင်းရင်းမြစ်ကမဇ္စျိမကိုပြောသည်။

ယခုလ ဒီဇင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်အရာရှိ၊ လက်အောက်ငယ်တပ်သားများ၏ မိသားစုဝင်များမှာ စစ်လေယာဥ်၊ဇက်သင်္ဘောများနှင့်ကျောက်ဖြူမြို့သို့ တရွေ့ရွေ့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

စစ်တွေမြို့တွင် တပ်မိသားစုဝင် အနည်းငယ်သာကျန်ခဲ့ပြီး အများစုမှာမြို့မှ စွန့်ခွာရွှေ့ပြောင်းသွားခြင်းဖြစ်ပြီး မြို့ပေါ်သို့ စစ်အင်အားရာချီထပ်မံတိုးချဲ့ထားကြောင်း သိရသည်။

စစ်တွေမြို့တွင် နပခတိုင်းမှူး ကျော်စွာဦးမှာလည်း ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ထပ်မံတိမ်းရှောင်သွားခြင်းကြောင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးသာကျန်ရှိကြောင်း စစ်တွေမြို့သတင်းရင်းမြစ်က ပြောသည်။

တပ်မိသားစုဝင်များ ရွှေ့ပြောင်းသွားခြင်းကြောင့် စစ်ရိပ်သမ်းနေသည့် စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားသောအခါ စစ်ကောင်စီမှမြို့ကိုဖျက်ဆီးမည်ကိုစိုးရိမ်နေကြကြောင်း ဒေသခံများကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က စစ်တွေမြို့ အခြေစိုက်ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) ရုံးအနီးတွင် လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ထို့ကြောင့်စစ်တွေမြို့ပေါ် AA ထိုးစစ်အချိန်မရွေးရောက်လာနိုင်ကြောင်း ဒေသခံများက တွက်ဆထားကြသည်။

ယခင်လပေါင်းများစွာကတည်းက စစ်တွေမြို့ခံအများစုမှာ ရန်ကုန်မြို့သို့ လေယာဥ်ဖြင့် စစ်ဘေးတိမ်းရှောင်သွားကြသော်လည်း မြို့၏သုံးပုံနှစ်ပုံသောအရပ်သားများမှာ ငွေကြေးမတတ်နိုင်သူများဖြစ်ကြသောကြောင့် ကျန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် စစ်တွေမြို့နယ်၊ ကျေးရွာ ပေါင်း ၁၄ ရွာရှိ ရွာခံများကို စစ်ကောင်စီက ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစကာ စစ်တွေမြို့ပေါ်သို့ပြောင်းရွှေ့ခိုင်းထားခြင်းကြောင့် လူသားဒိုင်းလုပ်မည်ကိုလည်း အရပ်သားပြည်သူများမှာ စိုးရိမ်နေကြသည်။

"တိုက်ပွဲမဖြစ်သေးတာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်လှည့်ပစ်နေတယ်။ ပစ်တာက သုံး၊ လေးရက်လောက်ရှိပြီ ။ စစ်တွေမြို့ပေါ်ကနေ တခြားနေရာတွေကို ပစ်တာ။ ညဆိုပစ်ပြီ၊ နားတွေဆူတာ နေ့လယ်ကနေ ညအထိပစ်တယ်။ နှစ်နာရီခြား သုံးနာရီခြား တခါပစ်တယ်"ဟုစစ်တွေမြို့ဒေသခံက ပြောသည်။

မောင်တော နခခ-၅ ကျပြီး နောက်ပိုင်းစစ်တွေတွင် စစ်ကောင်စီ အကြီးအကဲပိုင်းများ မြို့ပေါ်ရပ်ကွက်တိုင်း ဘုန်းကြီးကျောင်း၊ ကယ်ဆယ်ရေးစခန်းများပါမကျန် အိမ်စေ့ဝင်ရောက်စစ်ဆေးမှုများကို လက်ရှိအချိန်ထိ ခပ်စိပ်စိပ်ပြုလုပ်နေသည်။

စစ်ကောင်စီသည် စစ်တွေမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့ (၂၀)ခုအထိုင်ချထားပြီး စစ်ကူအင်အားများလည်းတိုးချဲ့ထားသည်။

တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့ ၁၄ မြို့ကိုသိမ်းထားနိုင်သည့် အာရက္ခတပ်တော်(AA) အနေဖြင့် လက်ရှိတွင်ဂွမြို့ရှိ ခမရ(၅၆၃)ကိုထိုးစစ်အရှိန်မြင့်တင်ထားခြင်းကြောင့်တိုက်ပွဲများပြင်းထန်နေသည်။

ပုံအညွှန်း-မေယုကမ်းရှိစစ်ရေယာဥ်တစီး(ဓါတ်ပုံ-စစ်ကောင်စီ)

Myeikwa
21/12/2024

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရရှိသော ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှ...
20/12/2024

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရရှိသော ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့၏ ဓာတ်ပုံများ AA က ထုတ်ပြန်

ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရရှိသော ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့၏ ဓာတ်ပုံများကို AA က ယနေ့ ထုတ်ပြန်လိုက်သည်။

အာရက္ခဒေသ အမ်းမြိုနယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံး ဒီဇင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုကြောင့် အမ်းမြိုနယ်တစ်ခုလုံးကို ယနေ့တွင် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သောကြောင့် အမ်းမြို့သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်သော (၁၄) မြိုမြောက် မြိုဖြစ်လာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ယခင်သိမ်းပိုက်ထားသော ၁၃ မြို့မှာ ပလက်ဝမြို့ ၊ ပေါက်တောမြို့ ၊ မင်းပြားမြို့ ၊ မြောက်ဦးမြို့ ၊ ကျောက်တော်မြို့ ၊ မြေပုံမြို့ ၊ ပုဏ္ဏားကျွန်းမြို့ ၊ ရမ်းဗြဲမြို့ ၊ ရသေ့တောင်မြို့ ၊ ဘူးသီးတောင်မြို့ ၊ သံတွဲမြို့ ၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ဖြစ်ကြောင်း သိရှိရသည်။

Myeikwa
21 /12 /2024

Address

Kyauktaw
RAKHINESTATE

Telephone

+959441639156

Website

Alerts

Be the first to know and let us send you an email when Myeik Wa TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myeik Wa TV:

Share