Lã Kĥřâñ Μÿæ 3 Art And Entertainment

Lã Kĥřâñ Μÿæ 3 Art And Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lã Kĥřâñ Μÿæ 3 Art And Entertainment, News & Media Website, အောင်ဇံဝေလမ်း, Kyauktaw.

စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ၍ ရခိုင်မှ လူမှုကူညီရေးအဖွဲ့များ လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲဖြစ်နေ လခြမ်းမြီ အောက်တို...
05/10/2023

စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ၍ ရခိုင်မှ လူမှုကူညီရေးအဖွဲ့များ လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲဖြစ်နေ

လခြမ်းမြီ အောက်တိုဘာ ၅/၂၀၂၃

ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးများသည် ယခုနောက်ပိုင်း သိသိသာသာ မြင့်တက်လာနေသည့် အတွက် လူမှုကူညီရေးအဖွဲ့များတွင် အကြွေးများဖြင့် ပတ်လည်ဝိုင်းနေပြီး လုပ်ငန်းများ ဖော်ဆောင်ရန် အခက်အခဲဖြစ်နေရသည်ဟု သတင်းရရှိသည်။

စက်သုံးဆီစျေးနှုန်းများ တရိပ်ရိပ်တက်လာနေခြင်းကြောင့် စက်သုံးဆီ အသုံးပြု၍ လူမှုကူညီရေးများ အခမဲ့ဆောင်ရွက်နေရသည့် ရခိုင်မှ လူမှုအဖွဲ့များတွင် စက်သုံးဆီဖိုးကုန်ကျငွေများအတွက် အဖွဲ့၏ ဘတ်ဂျက်ငွေဖြင့် မဖူလုံဖြစ်နေကြရပြီး အကြွေးများပင် တင်နေပြီဟု စစ်တွေမှ ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမင်းထည်ဝါက နိရဥ္စရာကို ပြောသည်။

"ကျွန်တော်တို့က ဘယ်ကပဲခေါ်ခေါ်သွားတာဖြစ်တဲ့အတွက် အခက်အခဲကအများကြီးပါ။ အဓိကတော့ ဆီဖိုးပေါ့။ လူနာရှင်တွေက အလှူငွေပေးရင်လည်း လက်မခံဘူး။ သက်သက်အပြင်က စေတနာရှင်တွေက ထည့်မှသာ လက်ခံတာပါ။ လူနာလမ်းကြောင်း အကုန်လုံးကို ပိုက်ဆံမယူဘူး။ အခု လက်ရှိဆီဈေးမြင့်နေတော့ ငွေကြေးက လိုက်မမီနိုင်ဘူး" ဟု ပြောသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအနေဖြင့် လူနာလမ်းကြောင်းပြေးဆွဲရာတွင် ပုံမှန်အားဖြင့် တစ်လတွင် စက်သုံးဆီဖိုး ကျပ်သိန်း ၅၀ ကျော်ခန့် ကုန်ကျနေသည်ဟု ဆိုသည်။

အလားတူ စစ်တွေရှိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းတွင်လည်း စက်သုံးဆီအတွက် ကုန်ကျငွေ ပို၍များပြားနေသည့်အတွက် လူမှုကူညီရေးလုပ်ဆောင်ရန် အခက်အခဲဖြစ်လာနေရသည်ဟု အဆိုပါဖောင်ဒေးရှင်း၏ ဒုဥက္ကဋ္ဌဖြစ်သူ ကိုသားချေက နိရဥ္စရာကိုပြောသည်။

"ကျွန်တော်တို့ လူနာပို့ဆောင်ရေးတွေမှာဆိုရင် သူတို့ရဲ့အခက်အခဲတွေလည်း ပိုများတဲ့အခါကျတော့ ကျွန်တော်တို့ ဘတ်ဂျက်ငွေနဲ့ပဲ အကုန်စိုက်ပေးပါတယ်။ သွားရင်းသွားရင်းနဲ့ လမ်းမှာဆီပြတ်မလို ဖြစ်တာမျိုးတွေ။ ဟိုက်ဝေးလမ်းတွေမှာ ဆီက အလွန်တရာသုံးရတယ်" ဟုပြောသည်။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်အနေဖြင့် လူနာလမ်းကြောင်းပြေးဆွဲရာတွင် ပုံမှန်အားဖြင့် တစ်လတွင် စက်သုံးဆီဖိုး ကျပ်သိန်း ၂၀ ခန့် ကုန်ကျနေသည်ဟု ဆိုသည်။

ထိုကုန်ကျငွေများကို အလှူရှင်များ၏ ငွေကြေးဖြင့် သုံးစွဲနေကြသော်လည်း လက်ရှိတွင် စက်သုံးဆီ စျေးမြင့်တက်နေသည့်အတွက် လောက်ငမှုမရှိတော့၍ ငွေချေးငှားပြီး ဖြေရှင်းနေရသလို မိမိအိတ်မှ စိုက်ထုတ်ရသည့်အခြေအနေမျိုး ဖြစ်နေရသည်ဟု ကိုသားချေက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း

စစ်တွေကမ်းခြေရှိ စားသောက်ဆိုင်များကို စစ်ကောင်စီက ယနေ့ နံနက်အစော ၄ နာရီခန့်မှစတင်ကာ အင်အားအလုံးအရင်းဖြင့် လာရောက်ဖြိုဖျက...
05/10/2023

စစ်တွေကမ်းခြေရှိ စားသောက်ဆိုင်များကို စစ်ကောင်စီက ယနေ့ နံနက်အစော ၄ နာရီခန့်မှစတင်ကာ အင်အားအလုံးအရင်းဖြင့် လာရောက်ဖြိုဖျက်နေ

(ပြင်ပနှင့်အဆက်အသွယ်မလုပ်စေရန် ဆိုင်ပိုင်ရှင်များ၏ ဖုန်းများလည်း သိမ်းဆည်းခံထားရ)

လခြမ်းမြီ အောက်တိုဘာ ၅/ ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေဟိုတယ်ကမ်းခြေရှိ စားသောက်ဆိုင်များကို စစ်ကောင်စီက ယနေ့ နံနက်အစော ၄ နာရီခန့်မှစတင်ကာ အင်အားအလုံးအရင်းဖြင့် လာရောက်ဖြိုဖျက်နေကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။

ယနေ့ အောက်တိုဘာ ၅ ရက်၊ နံနက် ၄ နာရီမှစတင်ကာ စစ်တွေခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများစသည့် အင်အား ၁ဝဝ ကျော်ခန့်သည် အဆိုပါဆိုင်ခန်းများသို့ ကားများဖြင့်လာရောက်ကာ ရုတ်တရက်ဝင်ရောက်ဖြိုဖျက်နေကြခြင်းဖြစ်သည်ဟု ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“သူတို့ရောက်တာနဲ့ ဆိုင်တွေရှေ့မှာ ပီနံတစ်လုံးနှစ်လုံးချတယ်။ ပြီးတော့ ကျနော်တို့ကို ပစ္စည်းတွေသိမ်းတော့တဲ့။ အဲလို ပြောပါတယ်။ အခု ကျနော်ပြောလို့ တစ်ခုလည်း မရဘူး။ ကျနော့်ကိုတောင် ဖမ်းဖို့လိုက်နေကြတယ်။ သူတို့ဖြိုတဲ့ပုံတွေကိုလည်း ရိုက်လို့မရဘူး။ ဖုန်းတွေကို အားလုံးသိမ်းထားပါတယ်။ ကျနော့်ဖုန်းတစ်လုံး ကျန်နေခဲ့တာ။ လာကတည်းကနေ အားလုံးနှိုးပြီး ဖုန်းတွေကို သိမ်းထားပါတယ်”ဟု ပြောသည်။

ယနေ့နံနက် ၇ နာရီကျော်အထိ သူတို့ ဖြိုဖျက်နေဆဲဟု ပြောသည်။

ဆိုင်ရှင်များအနေဖြင့် ဆိုင်အတွင်းရှိ ပစ္စည်းများကိုလည်း ယူဆောင်ချိန်မရလိုက်ဘဲ ဆိုင်အတွင်းနှင့် ဖြိုဖျက်နေသည့်ဧရိယာသို့ဝင်ရောက်ခွင့်ကိုလည်း ရဲတပ်ဖွဲ့ဝင်များက တားမြစ်ပိတ်ပင်ထားသည်ဟု ဆိုင်ရှင်များက ပြောသည်။

ယခုဖြိုဖျက်ခံနေရသည့်ဆိုင်ခန်းများသည် စစ်တွေဟိုတယ်ကမ်းခြေပတ်လမ်းရှိ စားသောက်ဆိုင် ၁၆ ခုဖြစ်ပြီး များသောအားဖြင့် စားသောက်ဆိုင်များပါဝင်ကာ လက်ဘက်ရည်ဆိုင်နှင့် အအေးဆိုင်များဖြစ်ကြသည်။

စစ်တွေကမ်းနားလမ်းကို တိုးချဲ့ရန်အတွက်ဟုဆိုကာ စည်ပင်က ပြီးခဲ့သည့်သြဂုတ်လ ၁၂ ရက်တွင် ဆိုင်ပိုင်ရှင်များကိုခေါ်ယူပြီး ဆိုင်များအား နှစ်ပတ်အတွင်းဖြိုချဖျက်သိမ်းခိုင်းထားသည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါဆိုင်ခန်းများအား ဖယ်ရှားပါက ဆိုင်ခန်းပိုင်ရှင်များ၏မိသားစုများနှင့် ဝန်ထမ်းများ၏မိသားစုဘဝများကို ငဲ့ညှာသနားသောအားဖြင့် ဆိုင်ခန်းနေရာ အစားထိုးချပေးနိုင်ရန် အသနားခံစာတစ်စောင်ကိုလည်း သြဂုတ်လအတွင်းက မြို့နယ်စည်ပ

အမ်းတွင် ဓားထိုးခံရသည့် အထက်တန်းပြဆရာမ ဒဏ်ရာမှာနှလုံးသို့ထိ ထိခိုက်နေသဖြင့် အမ်းဆေးရုံမှ ရွှေ့ပြောင်းပြီး အဆင့်မြင့် ဆေး...
04/10/2023

အမ်းတွင် ဓားထိုးခံရသည့် အထက်တန်းပြဆရာမ ဒဏ်ရာမှာနှလုံးသို့ထိ ထိခိုက်နေသဖြင့် အမ်းဆေးရုံမှ ရွှေ့ပြောင်းပြီး အဆင့်မြင့် ဆေးရုံများတွင် ကုသရန်လိုအပ်နေ

လခြမ်းမြီ/ အောက်တိုဘာ ၄/၂၀၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရူးစံပြကျေးရွာတွင် အမျိုးသားဖြစ်သူ၏ ဓားဖြင့်ထိုးခြင်းခံခဲ့ရသည့် အထက်တန်းပြဆရာမ ဒေါ်သန်းသန်းဌေး(၄၁)နှစ်၏ ဓားဒဏ်ရာမှာ နှလုံးသို့ထိ ထိခိုက်နေသဖြင့် အဆင်မြင့် ဆေးရုံများသို့ ရွှေ့ပြောင်းကုသမှုခံယူရန် လိုအပ်နေကြောင်း သိရသည်။

အမ်းမြို့နယ်၊ ရူးစံပြကျေးရွာ၊ ရူးအထကကျောင်းမှ အထက်တန်းပြဆရာမ ဆရာမ ဒေါ်သန်းသန်းဌေးသည် လက်ရှိ အမ်းမြို့ရှိ စစ်တပ်ဆေးရုံ (တိုင်းဆေးရုံ)တွင် တက်ရောက် ကုသနေသော်လည်း ဓားဒဏ်ရာမှာ နှလုံးကို ထိခိုက်နေသဖြင့် စိုးရိမ်စရာရှိနေသေးသည်ဟု ဆရာမ၏ ဆွေမျိုးတစ်ဦးက ပြောသည်။

"လက်ရှိမှာတော့ ဆရာမက သတိတော့ ရပါတယ်။ စကားအများကြီး မပြောနိုင်သေးဘူး။ နှလုံးမှာလည်း ဓားဒဏ်ရာရထားတယ်။ နှလုံးကာဗာကို ထိထားတယ်လို့ ပြောတယ်။ ရန်ကုန်တို့၊ နေပြည်တော်တို့ဘက်ကို ဆေးကုဖို့ သွားရမယ်။ အခုအခြေအနေနဲ့က ကားလည်းကောင်းကောင်း မစီးနိုင်သေးတော့ ပို့လို့မရသေးဘူး" ဟု ပြောသည်။

ဆရာမသည် အမ်းမြို့နယ်၊ သဗြုချိန်ကျွန်း၊ ချက်ပုံမကျေးရွာဇာတိဖြစ်ပြီး ရူးအထကတွင် တာဝန်ကျနေသူဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက ကျောင်းသို့ စာပြရန် စက်ဘီးဖြင့်သွားစဉ် ကွာရှင်းရန် စီစဉ်ထားသည့် အမျိုးသားဖြစ်သူ ဦးညီညီဝင်း(၆၀)နှစ်က ဆရာမ၏စက်ဘီးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ရူးကျေးရွာထဲတွင် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဆရာမဒေါ်သန်းသန်းဌေးတွင် ရင်အုံအောက်ဘက်၊ ဆီးခုံအထက်ဘက်၊ ပေါင်၊ ဝမ်းဗိုက်၊ ခြေထောက်တို့၌ ဓားဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ဆရာမသည် ဓားထိုးမခံရင်ခင်ရက်ပိုင်းက အမျိုးသားဖြစ်သူနှင့် ကွာရှင်း ပြတ်စဲရန် ကျေးရွာတာဝန်ရှိသူများရှေ့ နှုတ်အားဖြင့် သဘောတူညီမှု ယူထားခဲ့ပြီးနောက် ယခုဓားထိုးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးညီညီဝင်းသည် အရက်မူးကာ ဇနီးဖြစ်သူကို အမြဲရိုက်နှက် ဆက်ဆံတတ်သည့် အတွက် ကွာရှင်းရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကျေးရွာသားများက ပြောသည်။

လက်ရှိတွင် ဦးညီညီဝင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/ AA)က ဖမ်းဆီး စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်ကလည်း ရသေ့တောင်မြို့နယ်တွင် အသက် ၃ဝ ကျော်အရွယ် အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်သည်

ဘန်ကောက်မြို့ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသည့် မြန်မာနှင့် တရုတ်အမျိုးသမီးတို့အတွက် ထိုင်းဝန်ကြီးချုပ် ဝမ်းနည်းကြောင်းစကားဆ...
04/10/2023

ဘန်ကောက်မြို့ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသည့် မြန်မာနှင့် တရုတ်အမျိုးသမီးတို့အတွက် ထိုင်းဝန်ကြီးချုပ် ဝမ်းနည်းကြောင်းစကားဆို
"သေနတ်သမားလူငယ်တက်ရောက်နေသည့်ကျောင်းကလည်း ဝမ်းနည်းတောင်းပန်ကြောင်းပြောကြား"

လခြမ်းမြီ ၊ အောက်တိုဘာ ၄/၂၀၂

အောက်တိုဘာ ၃ ရက်နေ့ ညနေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ လူစည်ကားသော ဆီရမ်ပါရာဂွန်မောလ် စျေးဝယ်စင်တာ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီးတစ်ဦးနှင့် တရုတ်အမျိုးသမီးတစ်ဦးတို့ အတွက် ထိုင်းဝန်ကြီးချုပ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ ထိုင်းဝန်ကြီးချုပ် ဆရက်ထာ လာရောက် ကြည့်ရှုခဲ့သလို ဆေးရုံရှိ ဒဏ်ရာရသူများကိုလည်း နှစ်သိမ့်အားပေးခဲ့သည်။ ၎င်းပြင် သေဆုံးသူ၏ မိသားစုဝင်များအား ဝမ်းနည်းစကားပြောကြားခဲ့ပြီး အခြေအနေကို အနီကပ် စောင့်ကြည့်နေသည်ဟုလည်း ပြောကြားခဲ့သည်။

" ဒီအချိန်မှာ ကျွန်တော် အဓိကထားတာက နိုင်ငံသားတိုင်းရဲ့ ဘေးကင်း လုံခြုံရေးပါ။ ခုချိန်ကစပြီး ထိုင်းအစိုးရက ကမ္ဘာလှည့်ခရီးသည်အားလုံးရဲ့ လုံခြုံရေးအတွက် အမြင့်ဆုံးလုံခြုံရေးအစီအမံတွေကို အကောင်အထည် ဖော်ပါတော့မယ်" ဟု ဝန်ကြီးချုပ်က X စာမျက်နှာတွင် ရေးသားခဲ့သည်။

ဆီရမ်ပါရာဂွန် နှင့် မလှမ်းမကမ်းတွင်ရှိသော The Essence ကိုယ်ပိုင် ကျောင်းကလည်း သေနတ်နှင့် ပစ်ခတ်သူ တရားခံမှာ ၎င်းတို့၏ ကျောင်းသားတစ်ဦးဖြစ်သည်ဟု အတည်ပြုခဲ့ပြီး သေဆုံးသွားသူများ အတွက် ဝမ်းနည်းတောင်းပန်စကား ပြောကြားခဲ့သည်။

အနက်ရောင် ရှပ်အင်္ကျီ ဝတ်ဆင်ထားပြီး အမေရိကန်အလံတံဆိပ်ပါ ဦးထုပ်ဆောင်းလျှက် မျက်မှန်တပ်ထားသော ဆံပင်ရှည်ရှည်နှင့် လူငယ်ကို ရဲများက ဖမ်းဆီးသွားပုံကို ဗီဒီယိုသတင်းများတွင် မြင်တွေ့ကြရသည်။

ဆိုရှယ်မီဒီယာများတွင် ဖြန့်ဝေနေကြသည့် လုံခြုံရေးကင်မရာ ဗီဒီယိုပုံများအရ တရားခံလူငယ်သည် ပိတ်ဆို့ထားသည့် အခန်းတစ်ခုထဲတွင် ဒူးထောက်ပြီး အညံ့ခံနေသည်ကို တွေ့မြင်ရသည်။ အဆိုပါနေရာမှာပင် လူငယ်ထံမှ သေနတ်ကိုလည်း ရဲများက သိမ်းဆည်းခဲ့သည်။

အောက်တိုဘာ ၃ ရက် ညနေ ၄:၃၀ အချိန်တွင် ၎င်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဈေးဝယ်လာသော မြန်မာအမျိုးသမီးတစ်ဦး နှင့် တရုတ် အမျိုးသမီးတစ်ဦးတို့ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် တော်ဆက် ဆွတ်ဗီမိုလ်၏ ပြောကြားချက် အရ သေနတ်ဖြင့် ပစ်ခတ်သူ အသက်(၁၄) နှစ်အရွယ် တရားခံ လူငယ်ကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါလူငယ်မှာ ရာဇဝ

ကျပ်သိန်း ၁၉၀၀ ဖိုးရှိ ရွှေထည်များခိုးယူမှုနှင့် စွပ်စွဲဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသမီးတစ်ဦးအား ရှေ့နေနှင့် ရခိုင်အဖွဲ့...
03/10/2023

ကျပ်သိန်း ၁၉၀၀ ဖိုးရှိ ရွှေထည်များခိုးယူမှုနှင့် စွပ်စွဲဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသမီးတစ်ဦးအား ရှေ့နေနှင့် ရခိုင်အဖွဲ့အစည်းများကို မခေါ်ယူရန်၊ မီဒီယာများကို မပြောရန်ခြိမ်းခြောက်ခံနေရ

လခြမ်းမြီ/အောက်တိုဘာ ၃/၂၀၂၃

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ 29 ရွှေဆိုင်မှ ကျပ်သိန်း ၁၉၀၀ ဖိုးရှိ ရွှေများ ခိုးယူမှုနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသော ရခိုင်အမျိုးသမီးတစ်ဦးအား ရှေ့နေနှင့် ရခိုင်အဖွဲ့အစည်းများကို မခေါ်ယူရန်၊ မီဒီယာများကို မပြောရန် ရဲက ခြိမ်းခြောက်ထားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသူမှာ မြေပုံမြို့နယ် သရက်တောင်ကျေးရွာက မစိုးစံသူ အသက် (၂၇) ဖြစ်သည်။

သူမသည် တာမွေမြို့နယ် ဦးချစ်မောင်လမ်းရှိ 29 ရွှေဆိုင်၌ ပစ္စည်းလက်ခံရေးဌာနတွင် အလုပ်လုပ်နေသည်မှာ ၄ လခန့်သာရှိသေးပြီး ကာလတန်ဖိုး သိန်း ၁၉၀၀ ခန့်ရှိသည့် ရွှေထည်ပစ္စည်းများ ခိုးယူမှုဖြင့် စွပ်စွဲဖမ်းဆီးခံနေရကာ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် တရားစွဲခံနေရသည်ဟု သိရသည်။ (NN-9)

သတင်းအပြည့်အစုံ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုပါ >>>>>

https://burmese.narinjara.com/news/detail/651bce083e8079d4d7b4c41d

-----

အာဆာအဖွဲ့ခေါင်းဆောင်အာတာအူလ္လာ၏ သက်တော်စောင့်နှင့် ဘဏ္ဍာရေးမှူးဖြစ်သူကို ဘင်္ဂလာဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့ဖမ်းဆီးလခြမ်းမြီ...
03/10/2023

အာဆာအဖွဲ့ခေါင်းဆောင်အာတာအူလ္လာ၏ သက်တော်စောင့်နှင့် ဘဏ္ဍာရေးမှူးဖြစ်သူကို ဘင်္ဂလာဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့ဖမ်းဆီး

လခြမ်းမြီ/အောက်တိုဘာ ၃/၂၀၂၃

အာဆာ ( ARSA) အဖွဲ့ခေါင်းဆောင်အာတာအူလ္လာ၏ သက်တော် စောင့်လည်းဖြစ် ဘဏ္ဍာရေးမှူးလည်း ဖြစ်သူ မူဟာမတ်အေချာနိုမန်ချော်ဒူရီ (၂၇)နှစ် (ဘ) ချာဘိအာရ်မတ်ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ မှ ယမန်နေ့က ဖမ်းဆီးရမိကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။

RAB ( Rapid Action Battalion) အမှတ် (၁၅) ဘင်္ဂလာဒေ့ချ်နိုင်ငံ အကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့က ၎င်းကို အောက်တိုဘာလ ၂ ရက်နေ့ ညဉ့် ၁ နာရီ ၃၀ မိနစ်ခန့် အချိန်တွင် ကောစ်ဘာဇားခရိုင်၊ အိုခီးယားမြို့ နယ် ကောတော့ပလောင် ဒုက္ခသည်စခန်းအနီးတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အိုကီးယား နယူးတွင် ဖော်ပြထားသည်။

၎င်းသည် ဘင်ဒရာဘင်ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ်၊ ခေါင်းတုန်း၊ တောင်ပြိုမြို့နယ်ခွဲတွင် နေထိုင်သည့် ချာဘိအာရ်မတ်သားဖြစ်သည်ဟု အာဏာပိုင်များကပြောဆိုကြောင်း သတင်းတွင်များတွင် ဖော်ပြထား သည်။

ယခု ဖမ်းဆီးခံရသူမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပြို စျေးအနီး ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့ (DGFI) အရာရှိတစ်ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အလိုရှိနေသူ တစ်ဦး ဖြစ်ကြောင်း Dhaka tribune သတင်းကလည်း ရေးသား ဖော်ပြထားသည်။

လက်ရှိ အချိန်ထိ အဆိုပါ ထောက်လှမ်းရေး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အာဆာအဖွဲ့ဝင် ၇ ဦးကိုလည်း ဖမ်းဆီးထားပြီဟု ဆိုသည်။

အဖမ်းခံရသည် အေရှာနိုမန်ချော်ဒူရီသည် အာဆာအဖွဲ့အတွက် နိုင်ငံတကာမှ တရားမဝင် လမ်းကြောင်းမှ ထောက်ပံ့သည့် ငွေကြေးများကို လက်ခံစီမံနေသူ ဖြစ်ကြောင်းလည်း ရေးသားဖော်ပြကြသည်။ (NN-14)
Photo- Dhaka tribune

ယခုသတင်းအား အောက်ပါလင့်တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်>>>>

https://burmese.narinjara.com/news/detail/651bf8593e8079d4d7b51662

-----

ပြည်သူများသွားလာရေးခက်ခဲ၍ ကျောက်ဖြူ- အောင်လှပြင်-မာန်အောင် ရေကြောင်းခရီးစဉ်ကို ယခုနှစ်ပွင့်လင်းရာသီတွင် စစ်ကောင်စီ၏ ကတိအ...
03/10/2023

ပြည်သူများသွားလာရေးခက်ခဲ၍ ကျောက်ဖြူ- အောင်လှပြင်-မာန်အောင် ရေကြောင်းခရီးစဉ်ကို ယခုနှစ်ပွင့်လင်းရာသီတွင် စစ်ကောင်စီ၏ ကတိအတိုင်း အကောင်အထည်ဖော်ပေးရန် ဒေသခံပြည်သူများလိုလား

လခြမ်းမြီ/အောက်တိုဘာ ၃/၂၀၂၃

ဒေသခံပြည်သူများ သွားလာရေးခက်ခဲနေ၍ ရခိုင်ပြည်နယ်စစ်ကောင်စီက အသစ်ပြေးဆွဲပေးမည်ဟု ကတိပြုထားသည့် ကျောက်ဖြူ-အောင်လှပြင်-မာန်အောင် ရေကြောင်းခရီးစဉ်မှာ ယခုနှစ် ပွင့်လင်းရာသီတွင် အကောင်အတည်ဖော်ပေးရန် ဒေသခံပြည်သူများက လိုလားနေကြောင်း သတင်းရရှိသည်။

အဆိုပါခရီးစဉ်ကို ၂၀၂၁ ခုနှစ်၊ ပွင့်လင်းရာသီအတွင်းပြေးဆွဲမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီက ၂ဝ၂၁ ခုနှစ်၊ အစောပိုင်းတွင် ထုတ်ဖော် ပြောဆိုထားသော်လည်း ယနေ့ အချိန်ထိ ပြေးဆွဲပေးခြင်း မရှိသေးကြောင်း၊ ၂ နှစ်ကျော် ကြာလာသည် အထိ အဆိုပါခရီးစဉ်နှင့် ပတ်သက်သည့် အရိပ်အယောင်တောင်မျှ မတွေ့ရသေးဟု ကျောက်ဖြူမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“အခုချိန်ထိ ဒီရေလမ်းကြောင်း ပြေးဆွဲမယ်လို့ပြောသံတောင်မကြားဘူး။ အခုက ပြည်သူတွေအနေနဲ့ မာန်အောင်နဲ့ ကျောက်ဖြူကိုသွားမယ်ဆိုရင် ခရီးက နှစ်ဆင့်၊ သုံးဆင့်သွားရတယ်။ ပိုက်ဆံပိုကုန်တယ်။ အချိန်ပိုကုန်တယ်။ တကယ်လို့ တိုက်ရိုက်သာသွားနိုင်ရင် အချိန်ကုန်သက်သာပြီး လူပင်ပန်းလည်း သက်သာမယ်”ဟု ပြောသည်။

အဆိုပါခရီးစဉ်ကို ပြေးဆွဲနိုင်ရန် ရခိုင်ပြည်နယ်စစ်ကောင်စီက ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းကို ကျောက်ဖြူ - အောင်လှပြင် - မာန်အောင်ပြေးဆွဲမည့်ရေကြောင်းခရီးစဉ်အား ကွင်းဆင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီးပြီဟုလည်း ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သေးသည်။

ယခုလို တရားဝင်ထုတ်ဖော်ပြောကြားထားပြီး လက်ရှိအချိန်ထိ အကောင်အထည်မဖော်သေးသဖြင့် လက်ရှိ စစ်ကောင်စီအပေါ် ပြည်သူများက ပို၍ အယုံအကြည်ကျဆင်းစေကြောင်း၊ အခက်အခဲ ရှိပါကလည်း မည်သို့ အခက်အခဲရှိနေသည်ကို အများပြည်သူသိရှိနိုင်အောင်တရားဝင် ချပြသင့်ကြောင့်၊ အရှုံးပေါ်မည်စိုးသောကြောင့် မပြေးဆွဲဖြစ်ဆိုပါကလည်း ပြည်သူများကို အသိပေးသင့်ကြောင်း မာန်အောင်ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ကျနော်အမြင်တော့ စစ်ကောင်စီက အရှုံးပေါ်မှာကြောက်လို့နဲ့တူတယ်။ ဘာပဲဖြစ်ဖြစ် ကတိခံထားပြီးမှ မလုပ်ဖြစ်တော့ဘူးဆိုရင် တရားဝင် ထုတ်ဖော်ပြောသင့်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါခရီးစဉ်သစ် ပြေးဆွဲမည်ဆိုပါက ကျောက်ဖြူမြို့မှ ရမ်းဗြဲမြို့နယ်၊ အောင်လှပြင်ရွာသို့ ပင်လယ်ပြင်အတိုင်းသွားရမည်ဖြစ်ပြီး အောင

မြေပုံတွင် စစ်တပ်က တစ်နေ့တစ်စီးကျစီ ကားများကိုချောဆွဲနေ လခြမ်းမြီ အောက်တိုဘာ ၃/၂၀၂၃ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် စစ်ကော...
03/10/2023

မြေပုံတွင် စစ်တပ်က တစ်နေ့တစ်စီးကျစီ ကားများကိုချောဆွဲနေ

လခြမ်းမြီ အောက်တိုဘာ ၃/၂၀၂၃

ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် စစ်ကောင်စီတပ်က ကားသမားများကို အနိုင်ကျင့်ကာ တစ်နေ့တစ်စီးကျစီ ချောဆွဲနေကြောင်း သတင်းရရှိသည်။

“ကားသမားတွေကို တစ်ရက်မှာ တစ်စီးကျစီ သင်္ဘောဆိပ်နားက ဂိတ်မှာ အလှည့်ကျ ချောဆွဲထားပါတယ်။ သူတို့ အဲ့ဒီကားနဲ့ သွားဖြစ်ဖြစ်၊ မသွားဖြစ်ဖြစ် ထားကိုထားရမယ်ပြောပါတယ်။ ကားသမားတွေလည်း ကြောက်ပြီးထားပေးရပါတယ်”ဟု ပြောသည်။

တစ်ရက်ကို ကားတစ်စီးစီ အဆင်သင့်ထားပေးရမည်ဟု မြေပုံမြို့ရှိ လိုင်းကားပြေးဆွဲနေသည့် ကားသမားများကို ပြီးခဲ့သည့် စက်တင်ဘာ လလယ်ခန့်မှစတင်ကာ ပြောဆိုထားကြောင်း ကားသမားတစ်ဦးက ပြောသည်။

ကားသမားများမှာ စစ်ကောင်စီတပ်၏ အမိန့်ကို မလွန်ဆန်နိုင်၍ လိုင်းဆွဲနေသည့်ကားများကို သင်္ဘောဆိပ် ကားဂိတ်တွင် အလှည့်ကျဖြင့် တစ်ရက်လျှင် ကားတစ်စီးထားပေးနေရသည်ဟု အမည်မဖော်လိုသည့် နောက်ထပ်ကားသမားတစ်ဦးက ပြောသည်။

“လူတိုင်းက စားဝတ်နေရေးအတွက် လုပ်နေကြတာ။ အခုလို တစ်ရက်မဆွဲရရင် တစ်ရက်နစ်နာတယ်။ တချို့ဆို ကားငှားပြီး ဆွဲကြတာလည်း ရှိတယ်လေ။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ။ ပြန်ပြောလို့မှမရတာ။ သူတို့က အဲ့ဒီကားတွေကို လိုအပ်ရင်လည်း သုံးတယ်။ မလိုအပ်ရင်လည်း မသုံးဘူး။ ဒါပေမယ့် ကားသမားတွေကတော့ နေ့တိုင်း ထားပေးရတာပေါ့” ဟု ဆိုသည်။

ကားအတွက် လိုအပ်သည့် ဆီအနည်းကိုထည့်ထားခဲ့ပြီး ကားတစ်ခုတည်းကို သွားထားရသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သားများသည် အဆိုပါကားဖြင့် သူတို့ကိုယ်တိုင်မောင်းပြီး မြို့ကို လှည့်လည်မှုများလည်းရှိကြောင်း၊ တချို့ရက်များတွင် ကားကို ယူသုံးမှုမရှိကြောင်း ပြောသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ၎င်းတို့ကိုယ်ကျိုးအတွက် ပြည်သူလူထုကို အသုံးမချသင့်သလို ယခုကိစ္စကို သက်ဆိုင်ရာလူကြီးများအနေနှင့်လည်း သေချာစိစစ်ပြီး အရေးယူပေးစေလိုသည်ဟုလည်း ကားသမားများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို နိရဥ္စရာကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။ (NN-7)

ယခုသတင်းအား အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်>>>>

https://burmese.narinjara.com/news/detail/651bebe73e8079d4d7b4fd1b

------

ပလက်ဝတွင် ဘာသာရေးအဆောက်အအုံများဆောက်လုပ်ခြင်းနှင့်တိုးချဲ့ပြင်ဆင်မှုကို စစ်ကောင်စီက ကန့်သတ်မှုများပြုလုပ်လာ လခြမ်းမြီ/အေ...
03/10/2023

ပလက်ဝတွင် ဘာသာရေးအဆောက်အအုံများဆောက်လုပ်ခြင်းနှင့်တိုးချဲ့ပြင်ဆင်မှုကို စစ်ကောင်စီက ကန့်သတ်မှုများပြုလုပ်လာ

လခြမ်းမြီ/အောက်တိုဘာ ၃/၂၀၂၃
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဘာသာရေးအဆောက်အအုံများဆောက်လုပ်ခြင်းနှင့် တိုးချဲ့ပြင်ဆင်မှုများကို စစ်ကောင်စီက ကန့်သတ်ထားသည်ဟု သိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု/ရပ်ကွက်ကျေးရွာများအတွင်း ခွင့်ပြုချက်မဲ့ ဘာသာရေး အဆောက်အအုံဆောက်လုပ်မှု၊ တိုးချဲ့ပြင်ဆင်မှုများ မရှိစေရန်နှင့် စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်နှင့်တပြေးညီတင်ပြသွားရမည်ဟု ပလက်ဝမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအားလုံးသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းဦးက သြဂုတ်လအတွင်း ညွှန်ကြားစာပေးပို့ထားသည်။

ပလက်ဝမြို့ပေါ်နှင့်ကျေးရွာများတွင် ဘာသာရေးအဆောက်အအုံများကို စစ်ကောင်စီထံမှ ခွင့်ပြုချက်မပါဘဲ ဆောက်လုပ်ခွင့်မရသည်မှာ ဘာသာရေးလွတ်လပ်ခြင်းကို ထိန်းချုပ်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်မှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက နိရဥ္စရာကိုပြောသည်။

“နိုင်ငံတိုင်းမှာဆိုရင် ဘာသာရေးလွတ်လပ်ခွင့်ဆိုတာရှိရမယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာ ဝတ်ပြုခွင့်ရှိရမယ်။ ဝတ်ပြုတဲ့နေရာမှာ အဆောက်အအုံတွေလိုလာမယ်၊ ဘာသာရေးအစုအဖွဲ့တွေ စုဝေးပြီးမှ တစ်နေရာတည်းမှာ ဝတ်ပြုလို့ရတဲ့နေရာအတွက် ကျနော်တို့ကဆောက်ဖို့အရေးကြီးတယ်။ ဒီအရာတွေပေါ်မှာ ကန့်သတ်ပိတ်ပင်မှုတွေအများကြီးရှိတဲ့အခါကျရင် ဘာသာရေးလွတ်လပ်ခွင့်ကို အကန့်အသတ်နဲ့ပဲရရှိတယ်လို့ပဲမြင်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်အတွင်း ကျေးရွာအုပ်စု၊ ရပ်ကွက်ကျေးရွာများတွင် ခွင့်ပြုချက်မဲ့ ဘာသာရေး အဆောက်အအုံဆောက်လုပ်မှု၊ တိုးချဲ့ပြင်ဆင်မှုများများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားသည်ကို စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေများအရ လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ညွှန်ကြားစာထဲတွင် ဖော်ပြထားသည်။

ပလက်မြို့နယ်တွင် ဗုဒ္ဓဘာသာကိုးကွယ်သူများနှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူများ အဓိက နေထိုင်ကြသည့်မြို့နယ် တစ်ခုဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီက ပလက်ဝမြို့နယ်သို့ ကျောက်တော်မှတဆင့် ရေကြောင်းဖြင့် ဆန်အပါအဝင် အိမ်ဆောက်ပစ္စည်းသယ်ယူခွင့်ကိုလည်း တားမြစ်ထားဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်သည် ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ အဓိက တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသတစ်ခုဖြစ်ပြီး စစ်ဘေးဒုက္ခကို အများဆု

အာရက္ခပြည်သူ့အစိုးရ၏ တရားရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ULA/AA က လျှောက်လွှာခေါ်ယူနေနိရဥ္စရာ၊ အောက်တိုဘာ ၂/၂၀၂၃အာရက္ခပြည်သ...
02/10/2023

အာရက္ခပြည်သူ့အစိုးရ၏ တရားရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ULA/AA က လျှောက်လွှာခေါ်ယူနေ

နိရဥ္စရာ၊ အောက်တိုဘာ ၂/၂၀၂၃

အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေရေးရာဌာနလက်အောက်ရှိ တရားရုံးနှင့် ဥပဒေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် ဥပဒေရေးရာ လေ့ကျင့်ရေး ကျောင်းဝင်ခွင့် လျှောက်လွှာကို ရက္ခိုင့်အမျိုသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က ယမန်နေ့ အောက်တိုဘာ ၁ ရက်မှ စတင်ခေါ်ယူနေပြီဟု သိရသည်။

လျှောက်ထားမည့်သူများသည် အာရက္ခနိုင်ငံတော်နှင့် အာရက္ခပြည်သူ့အစိုးရအား သစ္စာခံသူဖြစ်ရမည်ဖြစ်ကာ အာရက္ခပြည်သူ့အစိုးရ၏ ဌာနတစ်ခုခုတွင် လက်ရှိတာဝန်ထမ်းရွက်နေသူဖြစ်ပါက အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ပြင်ပလျှောက်ထားသူများသည် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်ဟု ULA/AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်တွင် အဓိကလိုအပ်နေသည့် တရားစီရင်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ယခုကဲ့သို့ ULA/AA ကပြင်ဆင်လာမှုအပေါ် ဝမ်းသာကြိုဆိုကြောင်း အမည်မဖော်လိုသည့် နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

"ပြည်သူ့ အစိုးရတစ်ရပ်ပေါ်ပေါက်ဖို့အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် မဏ္ဍိုင်ကြီး (၃)ရပ်မှာ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း အလွန်အရေးကြီးတဲ့ ကဏ္ဍကပါဝင်နေတယ်။ ကျနော်တို့ ရခိုင်မှာလည်း တရားစီရင်ရေးမဏ္ဍိုင် ကောင်းကောင်းမွန်မွန် ဖြစ်ဖို့အတွက် လိုတယ်။ ဘာလို့ဆို မကြာသေးခင်က ရသေ့တောင်မြို့နယ်မှာ ကျောင်းဆရာမ တစ်ယောက်မတော်မတရား သတ်ဖြတ်ခြင်းခံရတယ်။ ဒီလိုပဲ ဒေသအသီးသီးမှာလည်း ဒီလိုအမှုကြီးတွေမပေါ်ပေါက်တောင်မှ လိမ်လည်မှုတွေ၊ အမျိုးမျိုးအနိုင်ကျင့်မှုတွေ တော်တော်များများ တွေ့ရတယ်။ ဒါကြောင့် တရားရေးမဏ္ဍိုင် အားကောင်းဖို့ တရားရေးဝန်ထမ်းတွေခေါ်တယ်ဆိုတာ ဝမ်းမြောက်ဖွယ်ရာပါပဲ" ဟု ဆိုသည်။

အဆိုပါ သင်တန်းအတွက် လျှောက်လွှာများကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း လျှောက်ထားနိုင်ပြီး လျှောက်ထားသူသည် အသက်(၂၀) မှ (၃၂) နှစ်အတွင်း ရှိသူဖြစ်ပြီး နေရာဒေသမရွေး တာဝန်ထမ်းနိုင်ဆောင်နိုင်သူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ဥပဒေရေးရာလေ့ကျင့်ရေးကျောင်းတွင် (၇)လကြာသင်တန်းကို ပြီးမြောက်အောင် တက်ရောက်နိုင်သူ ဖြစ်ပြီး တရားရေးဌာနတွင် အနည်းဆုံး (၅) နှစ် တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု ဆိုသည်။

လျှောက်လွှာများကို အာရက္ခပြည်သူ့အစိုးရ၏ ဥပဒေရုံး၊ တရားရုံး၊ နီးစပ်ရာ စစ်ဒေသ ကွပ်ကဲရေးရုံး၊ နိုင်ငံရေးဌာန၊ အုပ်ချု

02/10/2023

သာလီစွပါအမျိုးရို့ ဒေpage ကို Like and
Followလုပ်ပီးကတ်ပါနန်း

Address

အောင်ဇံဝေလမ်း
Kyauktaw

Telephone

+959268795418

Website

Alerts

Be the first to know and let us send you an email when Lã Kĥřâñ Μÿæ 3 Art And Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lã Kĥřâñ Μÿæ 3 Art And Entertainment:

Share