Betting Corner

Betting Corner ဘောလုံးဝါသနာရှင်တို့အတွက် ဘောလုံးသတင်းများ Highlightများ ကိုတင်ဆက်ပေးနေပါတယ်

အိမ်ကွင်းမှာ ဝါဒါဘရီမင်ကို ရှုံးနိမ့်တာ ထိုက်တန်ပါတယ်လို့ ဝန်ခံခဲ့တဲ့ တူဟယ်လ်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဂျာမန်ဘွန်...
22/01/2024

အိမ်ကွင်းမှာ ဝါဒါဘရီမင်ကို ရှုံးနိမ့်တာ ထိုက်တန်ပါတယ်လို့ ဝန်ခံခဲ့တဲ့ တူဟယ်လ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂျာမန်ဘွန်ဒက်လီဂါ ထိပ်သီးအသင်း ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ဖြစ်သူ သောမတ် တူဟယ်လ် က မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် 0 - 1 ဝါဒါဘရီမင် ပွဲစဉ်အပြီးမှာ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းဟာ အတော်လေးဆိုးရွာခဲ့တာကြောင့် ရှုံးပွဲနဲ့ ထိုက်တန်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

တူဟယ်လ် က "ကျနော်တို့ ကောင်းကောင်းလေ့ကျင့်ခဲ့ပါတယ်လို့ မပြောချင်ပါဘူး၊ ဘာကြောင့်ဆိုတော့ လူတွေက ကျနော်တို့ကို မယုံတော့လို့လေ၊ ကျနော်တို့က ကစားသမားတွေကို ဘယ်လိုဖြစ်သွားလဲလို့ မေးဖို့လိုနေပါပြီ။ ကျနော်တို့ ဘိုင်ယန်မြူးနစ်အသင်း အဆင့်အတန်းနဲ့ မကိုက်ညီတဲ့ ကစားပုံမျိုးနဲ့ ကစားခဲ့ကြတယ်၊ ဒါကြောင့် ဒီပွဲက ထိုက်တန်တဲ့ ရှုံးပွဲပါ" လို့ ထုတ်ဖော်ပြောကြားသွားခဲ့တာပါ။

အဆိုပါ ရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်က ပွဲကျန် 1 ပွဲသာ ကစားဖို့ ကျန်နေချိန်မှာ အမှတ်ပေးဇယား ဦးဆောင်သူ လေဗာကူဆင်နဲ့ 7မှတ်ထိ ပြတ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ယခင်က ‌နိင်ငံအသင်းမှာ ခြေစွမ်းမဆိုးတဲ့ မက်ဂွဲယား အခုအခါမှာတော့ မန်ယူမှာ ကစားတဲ့ ပုံစံတွေ ပြသနေပါပြီ 😁 တမင်တကာများ လုပ်နေ...
10/09/2023

ယခင်က ‌နိင်ငံအသင်းမှာ ခြေစွမ်းမဆိုးတဲ့ မက်ဂွဲယား အခုအခါမှာတော့ မန်ယူမှာ ကစားတဲ့ ပုံစံတွေ ပြသနေပါပြီ 😁
တမင်တကာများ လုပ်နေသလားတောင် ထင်မှတ်နေရတယ် ခေါင်းကြီးရာ

 #အာဆင်နယ် အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့ ဒေးဗစ်ရာယာဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာဟာ အာဆင်နယ်အသင်းထံ...
02/08/2023

#အာဆင်နယ် အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့ ဒေးဗစ်ရာယာ

ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူခဲ့ပြီဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပေါင်သန်း၄၀တန် ဂိုးသမားအတွက် အရှိန်မြင့်လှုပ်ရှားလာပြီဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ရာယာကလည်း အာဆင်နယ်ထံ ပြောင်းရွှေ့လိုကြောင်း ဘရန့်ဖို့ဒ်ကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ရိုမာနိုက အဆိုပါတယ်။

မကြာခင်မှာ နှစ်သင်းကြား ဆွေးနွေးမှုတွေ အရှိန်မြင့်လာမှာ ဖြစ်ပြီး သဘောတူညီမှုရနိုင်ဖွယ် ရှိနေပါတယ်။ အာဆင်နယ် အသင်းဟာ နံပါတစ်ဂိုးသမား ရမ်းစ်ဒေးနဲ့ အပြိုင်ဆိုင်ဖြစ်စေဖို့ ရာယာကို ခေါ်ယူရန် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ရာယာကို ဘိုင်ယန်မြူးနစ်က ချိတ်ဆက်ခဲ့ပေမယ့် သဘောတူညီမှုမရခဲ့တဲ့နောက် အာဆင်နယ်က ကြားဖြတ်ခေါ်ယူရန် ကြိုးပမ်းလာတာလို့ သိရပါတယ်။ စပိန်သားဟာ ရမ်းစ်ဒေးရဲ့ နံပါတ်တစ်ဂိုးသမား နေရာကို ရရှိဦးမှာမဟုတ်ဘဲ ရှုံးထွက်ဖလားပွဲစဉ်တွေမှာသာ စတင်ပွဲထွက်ခွင့်ရဖို့ ရှိနေပါတယ်။

အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်ထံ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ နံပါတ်နှစ်ဂိုးသမား မတ်တာနာရဲ့ နေရာအတွက် ရာယာကို ခေါ်ယူလိုနေခြင်းလည်း ဖြစ်ပါတယ်။

ဆီနီဂေါ တိုက်စစ် ကစားသမားကြီး ဆာဒီယို မာနေးကတော့ အယ်လ် နာဆာအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေ အောင်မြင်သွားခဲ့ပြ...
01/08/2023

ဆီနီဂေါ တိုက်စစ် ကစားသမားကြီး ဆာဒီယို မာနေးကတော့ အယ်လ် နာဆာအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေ အောင်မြင်သွားခဲ့ပြီ ဖြစ်ပြီး ဒီကနေ့မှာပဲ အသင်းနဲ့ လက်မှတ်ရေးထိုးသွားတော့မှာပဲ ဖြစ်ပါတယ်။

မာနေးကို ခေါ်ယူနိုင်ခဲ့တဲ့ အယ်လ် နာဆာအသင်း ဟာ မနေ့က အာရပ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဥ် (၂)ကို ဆက်လက် ယှဥ်ပြိုင် ကစားခဲ့ရာ တူနီးရှားကလပ် Monastir အသင်းကို (1-4) နဲ့ အနိုင်ရခဲ့ပြီး ရော်နယ်လ်ဒိုက တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

 #ပရီးမီးယားလိဂ်ကအမြဲဦးဆောင်နေဆဲ လက်ရှိနွေရာသီအပြောင်းအရွေ့ ငွေသုံးအများဆုံးလိဂ်များ 💰စပိန်လာလီဂါရဲ့အသင်းအများစုဟာ ဘဏ္ဍာ...
31/07/2023

#ပရီးမီးယားလိဂ်ကအမြဲဦးဆောင်နေဆဲ လက်ရှိနွေရာသီအပြောင်းအရွေ့ ငွေသုံးအများဆုံးလိဂ်များ 💰

စပိန်လာလီဂါရဲ့အသင်းအများစုဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် အောက်ဆုံးရောက်နေပြီး ရီးရဲလ်မက်ဒရစ်တစ်သင်းလောက်သာ ငွေကိုလုံလုံလောက်လောက် အသုံးပြုနိုင်နေတာ ဖြစ်ပါတယ်။

လာလီဂါအသုံးစရိတ်ရဲ့ ထက်ဝက်နီးပါးဟာလည်း
ရီးရဲလ်က အသုံးပြုထားတာ ဖြစ်ပါတယ်။

(Transfer Markt)

အချိန်ဆွဲတာတွေကို ရပ်တန့်ဖို့ နောက်ရာသီကစပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေဟာ ဖရီးကစ်၊ ပင်နယ်တီ၊ ဒဏ်ရာရပြီးလှဲနေချိန်နဲ့ ...
29/07/2023

အချိန်ဆွဲတာတွေကို ရပ်တန့်ဖို့ နောက်ရာသီကစပြီး
ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေဟာ ဖရီးကစ်၊ ပင်နယ်တီ၊ ဒဏ်ရာရပြီးလှဲနေချိန်နဲ့ အောင်ပွဲခံတာတွေမှာ ပုပ်သွားတဲ့အချိန်တွေကို သေချာတွက်ယူထားတော့မှာဖြစ်ပါတယ်။ ⏱️

အနီးစပ်ဆုံးအနေနဲ့ နောက်ရာသီပရီးမီးယားလိဂ်မှာ
ကာတာကမ္ဘာ့ဖလားတုန်းကလို အချိန်ပို ၁၀ မိနစ် အနေအထားတွေမြင်တွေ့ရနိုင်ပါတယ်။

(Guardian Sport)

အသင်းဟောင်း ဘိုင်ယန်မြူးနစ်ထံ သွားရောက်လည်ပတ်ခဲ့တဲ့ အာဂျန်ရော်ဘင် ⚽️🏆
20/05/2023

အသင်းဟောင်း ဘိုင်ယန်မြူးနစ်ထံ သွားရောက်လည်ပတ်ခဲ့တဲ့ အာဂျန်ရော်ဘင် ⚽️🏆

" စံချိန်သစ်‌တွေ ထပ်တင်ခဲ့တဲ့ CR7 "" ကျွန်တော်က မှတ်တမ်းတွေနောက် မလိုက်ပါဘူး ၊ မှတ်တမ်းတွေကပဲ ကျွန်တော့်နောက် လိုက်တာပါ ...
24/03/2023

" စံချိန်သစ်‌တွေ ထပ်တင်ခဲ့တဲ့ CR7 "

" ကျွန်တော်က မှတ်တမ်းတွေနောက် မလိုက်ပါဘူး ၊ မှတ်တမ်းတွေကပဲ ကျွန်တော့်နောက် လိုက်တာပါ " ဆိုတဲ့ ရော်နယ်လ်ဒိုက‌ တော့ လက်ချင်စတိန်းကို (၄-၀)နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မှတ်တမ်းသစ်တွေ ထပ်မံရေးထိုးနိုင်ခဲ့ပါပြီ ။

ဒီပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ပေါ်တူဂီကပ္ပတိန်ဟာ အသင်းအတွက် အနိုင်ဂိုးတွေကို ပင်နယ်တီ နဲ့ ဖရီးကစ်တွေကနေ သွင်းယူပေးခဲ့ပါတယ် ။ ဒါ့ကြောင့် ရော်နယ်လ်ဒိုရဲ့ နိုင်ငံတကာပြိုင်ပွဲ သွင်းဂိုးအရေအတွက်ဟာ ဂိုး၁၂၀ ပြည့်မြောက်ခဲ့ဖြစ်ပြီး သမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအရေအတွက် အများဆုံးကစားသမားအနေနဲ့ ရပ်တည်နေဆဲပါပဲ။

ဒါ့အပြင် ရော်နယ်လ်ဒိုအတွက် ဒီပွဲစဉ်ဟာ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘ၀ ၁၉၇ပွဲမြောက်ပွဲစဉ်လည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် ‌GOAT ကြီးဟာ သမိုင်းတစ်လျှောက် နိုင်ငံတကာပွဲစဉ်အများဆုံး ကစားထားသူအဖြစ်ပါ စံချိန်မှတ်တမ်းသစ်တင်နိုင်ခဲ့ပါပြီ ။

မကြာခင်မှာတော့ ကမ္ဘာ့သမိုင်းတစ်လျှေက် နိုင်ငံတကာပွဲစဉ်အရေအတွက် ၂၀၀ ပြည့်မြောက်ခဲ့တဲ့ ကစားသမားဆိုတဲ့ ဂုဏ်ယူစရာမှတ်တမ်းကိုပါ ရော်နယ်လ်ဒိုဟာ ပိုင်ဆိုင်ခွင့်ရဖို့ ရှိနေပါတယ် ။

အမ်ဘာပေ🗣️"ကျွန်တော် ကွင်းထဲရောက်တာနဲ့ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ထားလိုက်ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ...
24/03/2023

အမ်ဘာပေ🗣️
"ကျွန်တော် ကွင်းထဲရောက်တာနဲ့ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ထားလိုက်ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ မက်ဆီနဲ့ ရော်နယ်ဒို ရှိနေချိန်တော့ မပါဘူးပေါ့။ သူတို့က ကျွန်တော့်ထက် ပိုကောင်းတဲ့ ကစားသမားတွေဖြစ်သလို ကျွန်တော့်ထက် ဘီလီယံပေါင်းများစွာ ပိုလုပ်ပြနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးလို့ပဲ အမြဲသတ်မှတ်ထားပါတယ်"

24/3/2023 သောကြာညပွဲစဉ်များ ပေါက်ကြေး🌀𝐢𝐛𝐞𝐭𝟕𝟖𝟗/𝟓𝟓𝟓𝐦𝐢𝐱/𝐦𝐢𝐱𝟐𝟒𝟕/𝐆𝐨𝐚𝐥𝐌𝟏𝟎 အကောင့်သစ်ဖွင့် 𝟏𝟎% 𝐛𝐨𝐧𝐮𝐬🌀အကောင့်အသစ်ဖွင့်ယူနစ်ဖြည့်...
24/03/2023

24/3/2023 သောကြာညပွဲစဉ်များ ပေါက်ကြေး

🌀𝐢𝐛𝐞𝐭𝟕𝟖𝟗/𝟓𝟓𝟓𝐦𝐢𝐱/𝐦𝐢𝐱𝟐𝟒𝟕/𝐆𝐨𝐚𝐥𝐌𝟏𝟎 အကောင့်သစ်ဖွင့် 𝟏𝟎% 𝐛𝐨𝐧𝐮𝐬

🌀အကောင့်အသစ်ဖွင့်ယူနစ်ဖြည့် ၅၀၀၀ကျပ်မှ စတင်ဆောင်ရွက်ပေးပါတယ်။

🌀ငွေကြေးပိုင်းစိတ်ချယုံကြည်စွာကစားနိင်ပြီး၊နေ့စဉ်ငွေထုတ်/သွင်းပြုလုပ်နိင်ပါတယ်။

🌀ယူဆာအသစ်များအား နွေးထွေးစွာ ကြိုဆိုလျက်

📢𝐀𝐠𝐞𝐧𝐭 လုပ်ချင်သူများလည်း ဆက်သွယ်နိင်ပါတယ်။

𝐏𝐡𝐨𝐞 𝐂𝐡𝐚𝐧(𝐌𝐚𝐬𝐭𝐞𝐫 𝐀𝐠𝐞𝐧𝐭)
𝐕𝐢𝐛𝐞𝐫 𝟎𝟗𝟗𝟖𝟖𝟖𝟓𝟖𝟓𝟖𝟑
𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှလည်း ဆက်သွယ်နိင်ပါတယ်

Official!!!     ရီးရဲလ်မက်ဒရစ် ၊ အာဆင်နယ်နဲ့ ဂျာမဏီတို့ရဲ့ အဓိက ကစားသမားဟောင်း ဖြစ်သူ မီဆွတ် အိုဇေးလ်က ပရော်ဖက်ရှင်နယ် ဘ...
23/03/2023

Official!!!

ရီးရဲလ်မက်ဒရစ် ၊ အာဆင်နယ်နဲ့ ဂျာမဏီတို့ရဲ့ အဓိက ကစားသမားဟောင်း ဖြစ်သူ မီဆွတ် အိုဇေးလ်က ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ အနားယူကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အိုဇေးလ်ရဲ့ အောင်မြင်မှုများ

ကမ္ဘာ့ဖလား - ၁ကြိမ်
လာလီဂါ - ၁ကြိမ်
ဂျာမန်ဖလား - ၁ကြိမ်
ကိုပါဒယ်ရေးဖလား - ၁ကြိမ်
စပိန်စူပါဖလား - ၁ကြိမ်
အက်ဖ်အေဖလား - ၄ကြိမ်
ကွန်မြူနတီဒိုင်း ​- ၂ကြိမ်
ဥရောပ ယူ-၂၁ဖလား - ၁ကြိမ်

ပရီးမီးယားလိဂ်မှာကစားပြီး တစ်ရာသီအတွင်းပြိုင်ပွဲစုံဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ဖို့ နောက်ထပ် သုံးဂ...
21/03/2023

ပရီးမီးယားလိဂ်မှာကစားပြီး တစ်ရာသီအတွင်းပြိုင်ပွဲစုံဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ဖို့ နောက်ထပ် သုံးဂိုးသာလိုအပ်တော့တဲ့
အာလင်းဟာလန်း👏

Photo-BR

Address

Lashio

Telephone

09988858583

Website

Alerts

Be the first to know and let us send you an email when Betting Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share