19/02/2025
Content Monetisation Beta Tool ☑️
2024 နှစ်ဝက်ကျော် ထဲက Meta Company က စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ ယခု 2025 ခုနှစ်ထဲမှာ
Invite ပုံစံ အသွင် နှင့် Creator တွေကြား ပိုမို ပျံနှံ့ လူသိများလာခဲ့သည့် In-Stream Ads နေရာကို အစားထိုးလာနိုင်သည်ဟု ကြော်ငြာ ဖော်ပြထားသည်။
Content Monetisation Beta Tool သည်
Facebook အသုံးပြုကာ Monetisation အတွက်
လုပ်ဆောင်နေကြသော Creator များကို ယခင်
In-stream Ads Tool ကဲ့သို့ Criteria ဟု ခေါ်သည့်
အရည်အချင်း သတ်မှတ်ချက်များကို ဖော်ပြပေးထားခြင်း
မရှိသေးပါ။
Content Monetisation Beta Tool သည်
Professional Mode On ထားသော အကောင့်များ နှင့်
Page များကို Support ပေးမှာဖြစ်ပါသည်။
Content Monetisation Beta Tool သည်
Ads on Reel , In-stream Ads , Performance Bonus
စသည့်တိုကို ပေါင်းစည်းခြင်းအားဖြင့် Tool အသစ်တစ်ခု
အသွင် ပြောင်းလဲမှာဖြစ်ကာ ၊ မိမိတို့ တင်လိုက်သော
Text , Photo , Long Video , Short Video များကို
လူစိတ်ဝင်စားမှုအပေါ် မူတည်၍ ဖန်တီးသည့်
Creator များကို Invite (ငွေရှာဖို့ ဖိတ်ကြား) မှာ
ဖြစ်ပါသည်။
ထို့ကြောင့် CM Tool ဖိတ်ကြားခြင်း ခံရ၍
လျှောက်ထားပြီး အောင်မြင်သူများသည်
Text , Photo , Long Video , Short video များအတွက်
Revenue (ဝင်ငွေ) များ ရရှိမည်ဖြစ်သော်လည်း
အချို့နိုင်ငံများတွင်တော့ အသုံးပြု၍ မရနိုင်သေးပါ။
_____________________________________________
CM Tool ရရန် ဘာတွေ ပြည့်စုံနေရမလဲ ☑️
- Eligible Country နိုင်ငံမှ အသုံးပြုရန် နှင့်
Eligible Country Facebook Account များနှင့်
အသုံးပြုပါ။
- မိမိ၏ Page (or) Pro Mode On Acc တွင်
အနည်းဆုံး Follower 5000 ကျော် ရှိထားဖို့
လိုအပ်မည်ဖြစ်ပြီး ၊ Follower 10000 ကျော်
ရှိထားပါက ပိုမို ကောင်းမွန်တာ တွေ့ရသည်။
- Facebook မှ ချမှတ်ထားသော Monetisation
Terms and Policies များကို လိုက်နာရမည် ဖြစ်ကာ
CMP , PMP များကို သိရှိရန် ၊ လိုက်နာ အသုံးပြုရန်
လိုအပ်ပါသည်။
- မိမိတို့ အသုံးပြုသော Page ( or ) Pro Mode On Acc
သည် အသစ် ဖွင့်ပြီးချိန်မှ စတင်၍ လည်းကောင်း ၊
Monetisation အတွက် စတင် ဆောင်ရွက်သည့် အချိန်
မှ စတင်၍ လည်းကောင်း ရက်ပေါင်း 30 ကျော်
အသုံး ပြု လည်ပတ်ထားဖို့ လိုအပ်ပါသည်။
- မိမိ၏ Page ( or ) Pro Mode On Acc တွင်
စတင်အသုံးပြုသည့်အချိန်မှ စ၍ ရေတွက်ကာ
ရက်ပေါင်း 30 ကျော် ကြာမြင့်သည့်အထိ
3 Minutes ကျော်သည့် Criteria ဖြစ်သည့်
Video ( 5 ) ပုဒ် ရှိထားသင့်မည် ဖြစ်ကာ
60s (or) 90s အတွင်း ရှိသည့် Reel Video
များလည်း ရှိထားဖို့ လိုအပ်သည်။
( Text , Photo များလည်း တင်ပေးပါ )
- Reel Video ဖန်တီးရာ၌ အနည်းဆုံး
15 Second အနည်းဆုံး ဖန်တီးရမည်
ဆိုထားသော်လည်း 30 Second လောက် အနည်းဆုံး
ထား ဖန်တီးပါ။
- CM Tool တွင် ISA , Reel Video များပါ
ထောက်ပံ့ ပေးထားသည့် အတွက် ရက်ပေါင်း 60
အတွင်း ISA အတွက် Video မိနစ် 60000 လိုအပ်မည်
ဖြစ်ကာ ၊ Reel Play အတွက် ကြည့်ရှုသူ အနည်းဆုံး
100000 ရှိထားရမည် ဖြစ်သည်။
- Fake Like , Follower, View , Comment, Share
များ မလုပ်ထားဖို့ လိုအပ်သလို Boost လုပ်ခြင်းဖြင့်
Engagement မြှင့်တင်ခြင်းများကိုလည်း
မပြုလုပ်ရပါ။ Authentic (စစ်မှန်သော အရေအတွက်)
များကိုသာ ထည့်သွင်း တွက်ချက်မှာ ဖြစ်ပါသည်။
- ပြင်ပ ကြော်ငြာရှင်များမှ ကြော်ငြာခ ယူကာ
လည်ပတ်နေသည့် Creator များကိုလည်း
ထည့်သွင်း Invite မည် မဟုတ်ပါ။
- မည်မျှ Reach , Engagement, View ရှိပါစေ
စည်းကမ်းများနှင့် မကိုက်ညီသော Post များအတွက်
ထည့်သွင်း စဉ်စားမည် မဟုတ်သလို ၊ ဖျက်လိုက်သော
Post များကိုလည်း Revenue ပေးမှာမဟုတ်ပါ။
- Content Monetization Tool ကို ပိတ်ပင်ထားသော
Creator များအတွက်လည်း CM Tool ထောက်ပံ့ခြင်း
မရရှိနိုင်ပါ။
( အခြားရရှိထားသော Tool များမှ Revenue ဆက်လက် ရရှိတက်ပါသည် )
- သူတစ်ပါး Content များကို ယူသုံးစွဲခြင်း မရှိရပဲ
မိမိ ကိုယ်တိုင် ဖန်တီး ထားသော Original Content
များ ဖြစ်နေဖို့ အလွန် အရေးကြီးပါသည်။
- အရည်အသွေး ကောင်းမွန်သော ၊ ကြည့်ရှုသူတို့
အတွက် Entertainment တစ်ခုခု ကို ရရှိစေနိုင်သည့်
Hight Quality များကို ဖန်တီး ပေးပါ။
- Audience များနှင့် ရင်းနှီမှု ပုံစံ Comment များတွင်
အပြန်အလှန် ဆွေးနွေး မှတ်ချက်ပေးမှုတို့ကိုလည်း
လုပ်ဆောင်ပေးပါ။
- Live Stream လွှင့်ခြင်းဖြင့် မိမိ Audience တို့နှင့်
ရင်းနှီးမှု ရယူပါ။
အဓိက အရေးကြီးသည်မှာ Facebook Monetisation
Tool များသည် Invitation ပုံစံနှင့် သွားရောက်နေသည်
ဖြစ်၍
- Eligible Country Acc များကို အသုံးပြုပါ။
- Facebook Monetisation Terms & Policies
လိုက်နာပါ။
- Hight Quality Original Content များသာ
ဖန်တီးပါ။
- Fake like , Follower, View, Comment, Share
များ လုံးဝ မပြုလုပ်ပဲ Authentic များသာ
ဖြစ်ပါစေ။
__________________________________________
ကျနော်လည်း မအားလပ်တဲ့ကြား ရေးသားရသည်ဖြစ်၍
လိုအပ်ချက်များ ရှိပါက သည်းခံပေးပါ။
သိချင်တဲ့ အပိုင်းတွေ ၊ မရှင်းလင်းသည့် အပိုင်းတွေ
ရှိပါက Comment တွင် ရေးသားထားနိုင်သလို
Messenger မှ မေးမြန်းနိုင်ပါသည်။
အချို့အကြောင်းအရာတွေသည် ရှင်းပြရသည်မှာ
စာအရှည်ကြီး ရေး ရှင်းပြရသည့်အတွက်
Messenger တွင် မေးမြန်းခြင်းသည် ပိုမို
သင့်တော်ပါသည်။
အားလုံး အဆင်ပြေကြပါစေ။
Satt Khaung
Satt Khaung Official
13 Feb, 2025
ယခုဖော်ပြသော အကြောင်းအရာသည်
Facebook Monetisation နှင့် ပတ်သတ်သော
အကြောင်းအရာများကို ဗဟုသုတ ဖြစ်စေရန်
ရေးသား ဖော်ပြခြင်းသာ ဖြစ်ပါသည်။
မူရင်း Post အား ပြန်လည် မျှဝေ Share ခွင့်ပြုသည်။
စာသားများအား ကူးယူ ဖော်ပြခြင်း ခွင့်မပြုပါ။